အခန်း (၁-၂)
Vol. 1 Ch. 1-2
ပြိုင်ဘက်ကင်းတဲ့ ဆေးပညာရှင်လေး
……….
Mc - ယန်ကွမ်း
Complete. - 2115
မူရင်း Author - 六道经书
Author - Kha Yaung
စာစဥ်မိတ်ဆက်
..........................
ပြိုင်ဘက်ကင်းတဲ့ ဆေးပညာရှင်လေး
........
"ချုံရှန်းရွာလေးမှ ဆရာဝန်လေးယန်ကွမ်းဟာ ' ဘိုး ဘေးတို့၏ ဆေးပညာ အမွေအနှစ်ကို မမျှော်လင့်ဘဲ ပိုင်ဆိုင်သွားသည့်အခါ သူက တခြားတစ်ယောက် လို လုံးဝပြောင်းလဲသွားပေသည်။
ထိုအခါ ယန်ကွမ်းက ဆေးပင်တွေကို စိတ်ကြိုက် ပုံ သွင်းကာ ထိန်းချုပ်နိုင်သည့် စွမ်းအင်နှင့်အတူ လူအ များ အံ့အားသင့်ရမည့် မှော်ဆန်သော ဆေးကုသမှု ပညာရပ်တွေကိုလည်း သူက ပိုင်ဆိုင်လာခဲ့၏။
ချုံရှန်းရွာလေးကနေ စတင်မယ့် ယန်ကွမ်း ဆိုသော လူငယ်လေးတစ်ယောက်၏ ထူးခြားဆန်းပြားသည့် ဘဝခရီးလမ်းလေးကို ဒီစာစဥ်လေးမှာ ခံစားရအော င် ခဗျာ..."
အခန်း 1 မရီး
...............
နေပူရှိန်ပြင်းလွန်းလှသည့် နွေရာသီ၏ နေ့လယ်ပိုင်း ချုံရှန်းရွာတစ်ရွာလုံးမှာ ရှိနေသည့် ပုဇဥ်းရင်ကွဲ ကောင်လေးများ၏ အော်သံများပင် တိတ်ဆိတ်လျ က် ရှိပေသည်။
ဆေးခန်းဝင်ပေါက်ရှိ သစ်ပင်အရိပ်အောက်တွင် ထို င်ရင်း ယန်ကွမ်းတစ်ယောက် အိပ်ငိုက်နေ၏။
သူသည် ချုံရှန်းရွာဆေးခန်းမှ ဆရာဝန်တစ်ဦးဖြစ်ပြီ း မိ သားစုလက်ဆင့်ကမ်းလာသည့် ဆေးပညာကို အမွေဆက်ခံထားသူလည်း ဖြစ်၏။ယန်ကွမ်းက ရွာ သူ ရွာ သားများနှင့် ပတ်ဝန်းကျင်ရွာများမှ လူနာမျာ းကို ကုသပေးရင်း ရသမျှဝင်ငွေဖြင့် အနိုင်နိုင်ရပ် တည်နေရသူလည်း ဖြစ်ပေသည်။
ချုံရှန်းရွာသည် တောင်တန်းကြီးများကြားတွင် တ ည်ရှိပြီး တစ်အိမ်ထောင်ချင်းစီအတွက် စိုက်ပျိုးမြေ မှာ နည်းပါးလှ၏။ရွာရှိ လူငယ်နှင့် လူလတ်ပိုင်း အ များစုမှာ ဝင်ငွေရရန်အတွက် ရွာနှင့် ဆယ်မိုင်အကွာ မှာရှိသည့် ကျောက်မီးသွေးတွင်း၌ အလုပ်သွားလုပ် ကြရသည်။
သို့သော်လည်း လွန်ခဲ့သည့် တစ်နှစ်ခန့်က ဖြစ်ပွားခဲ့ သော မတော်တဆမြေပြိုမှုတစ်ခုကြောင့် ချုံရှန်းရွာ လေးသည် "မုဆိုးမရွာ" ဟူ၍ နာမည် ကျော်ကြားသွ ားခဲ့ရသည်။
ဆရာဝန်လေးယန်ကွမ်းတစ်ယောက် အိပ်ပျော်လုနီး ပါးဖြစ်နေချိန်တွင် အမျိုးသမီးတစ်ဦး၏ အသံအား ကြားလိုက်ရသည်။
"ဟေး ရှောင်... ရှောင်ကွမ်း..."
ယန်ကွမ်း မျက်လုံးဖွင့်ကြည့်လိုက်ရာ သူ့ရှေ့တွင် ရောက်နေသူမှာ မရီးဖြစ်သူ ဝူရှောင်လျန်း ဖြစ်နေ၏ ။ယန်ကွမ်းက တစ်ဖက်သို့ လှိမ့်ကာ ထထိုင်လိုက်ပြီး မေးမြန်းလိုက်သည်။
"မရီး... ဒီကို ဘာကိစ္စနဲ့ ရောက်လာတာလဲ"
ဝူရှောင်လျန်းသည် ယန်ကွမ်း၏ အစ်ကိုဖြစ်သူ ယန် လျန်၏ ဇနီးဖြစ်သည်။သို့သော်လည်း ယန်လျန်မှာမူ ထိုကျောက်မီးသွေးတွင်း မတော်တဆမြေပြိုမှုတွင် သေဆုံးခဲ့ရ၏။
အစ်ကိုဖြစ်သူ ဆုံးပါးသွားသလို ယန်ကွမ်း၏ မိဘ များမှာလည်း လွန်ခဲ့သောနှစ်အနည်းငယ်က ဖြစ်ပွား ခဲ့သည့် မတော်တဆမှုတစ်ခုကြောင့် ကွယ်လွန်သွား ခဲ့ကြသည်။ယခုအခါတွင်မူ ယန်ကွမ်းတွင် အကို၏ မိန်းမဖြစ်သူနှင့် သူမ၏ အသက်တစ်နှစ်သာ ရှိသေး သည့် သမီးငယ်လေး ယာယာသာ ကျန်ရစ်ခဲ့၏။
ဝူရှောင်လျန်၏ မျက်နှာမှာ ရဲတွတ်နေသည်ကို မြင် လိုက်ရသဖြင့် အိမ်တွင် တစ်စုံတစ်ရာ ဖြစ်ပျက် နေ ပြီလားဟု တွေးမိကာ ယန်ကွမ်းတစ်ယောက် ရုတ်တ ရက် စိုး ရိမ်စိတ်ဝင်လာခဲ့သည်။
ဝူရှောင်လျန်းက ခေါင်းငုံ့လျက် ပြန်ပြောလိုက်၏။
"ဘာမှ မဖြစ်ပါဘူး..ငါ.. နင့်ဆီ တမင်လာခဲ့တာပါ"
"အော်... ဟုတ်လား.. ဒါဆိုရင် အထဲကို မြန်မြန်ဝင်ခဲ့ လေ.."
ယန်ကွမ်းက ထိုသို့ပြောလိုက်ပြီး အခန်းထဲဝင်ရင်း မေးလိုက်သည်။
"ဒါနဲ့ ယာယာရော... ဘာလို့ သူ့ကို ခေါ်မလာတာလဲ.. "
ယာယာဆိုသည်မှာ ယန်ကွမ်း၏ တူမလေးဖြစ်ပြီး အသက်တစ်နှစ်ကျော်သာ ရှိသေး၏။ကလေးမလေ း စကား ပြောတတ်စ အရွယ်ကတည်းက ယန်ကွမ် းက သူမကို သမီးအရင်းလေးလို ချစ်မြတ်နိုးသူ လည်း ဖြစ်သည်။
"ယာယာကို အိမ်နားက အဒေါ်ဝမ်ကို ခဏကြည့်ခို င်းပြီး...ငါ နင့်ဆီကို အမြန်လာခဲ့တာ..."
ဝူရှောင်လျန်းသည် ယန်ကွမ်းနောက်မှ လိုက်ဝင်လာ ပြီး ဆေးကုခန်းထဲသို့ ရောက်သောအခါ ရုတ်တရ က် ခေါင်းကို အနည်းငယ် ငုံ့လိုက်ကာ သူ့အဝတ်စ ကို လက်ဖြင့် ဆုပ်ကိုင်ပြီး ချေနေမိသည်။
ဝူရှောင်လျန်းသည် ရှက်တတ်သူဖြစ်ကြောင်း ယန် ကွမ်း သိပြီးသားဖြစ်၍ ပြုံးလျက် မေးလိုက်၏။
"ဘာဖြစ်လို့လဲ မရီးရဲ့.. ဘာများ အခက်အခဲ ရှိလို့လဲ .."
"ဟို..ဟိုဟာ..ငါ..ငါလေ..."
ဝူရှောင်လျန်းတစ်ယောက် လမ်းတစ်လျှောက်လုံးတွ င် ပြောမည့်စကားများကို စိတ်ထဲတွင် အကြိမ်ကြိမ် ရေရွ တ်လာခဲ့သဖြင့် ပြောနိုင်လိမ့်မည်ဟု ထင်ထား ခဲ့သည်။သို့သော်လည်း ယန်ကွမ်းနှင့် မျက်နှာချင်း ဆိုင်လိုက်သောအခါ ပြောရမည့် စကားလုံးများမှာ သူမ၏ လည်ချောင်းဝတွင် တစ်စို့နေ၏။
သူမ၏ မျက်နှာမှာ ရဲတွတ်နေပြီး ခေါင်းငုံ့ကာ ရှက် ရွံ့နေသည့်ပုံကို မြင်လိုက်ရသောအခါ ယန်ကွမ်း၏ ရင်ထဲတွင် တဒိတ်ဒိတ် ခုန်သွားရသည်။
ဝူရှောင်လျန်းသည် ရွာဆယ်ရွာရှိသည့်အနက် ရှစ်ရွာ အတွင်း နာမည်ကျော်လှပသည့် အမျိုးသမီးတစ်ဦး ဖြစ် ကြောင်း သိထားကြသူများပင် ဖြစ်၏။သူ့ အ စ်ကိုဖြစ်သူနှင့် လက်ထပ်စဉ်ကလည်း ရွာရှိ အမျိုး သားများစွာမှာ အားကျကာ မနာလိုဖြစ်ခဲ့ရ၏။
ယခုအခါ ကလေးတစ်ယောက် မိခင်ဖြစ်နေသော်လ ည်း သူမ၏ ခန္ဓာကိုယ်မှာ လှပနေဆဲပင် ဖြစ်၏။
ဝူရှောင်လျန်း၏ ရှက်ရွံ့နေသည့် မျက်နှာလေးကို မြ င်လိုက်ရသောအခါ ယန်ကွမ်းမှာ အနည်းငယ် ထူး ဆန်းသလို ခံစားလိုက်ရသဖြင့် ပြုံးလျက် ပြောလို က်သည်။
"မရီး.ဘာဖြစ်နေတာလဲ.. စိတ်ထဲရှိတာ ပွင့်ပွင့်လင်း လင်းသာပြောပါဗျာ ..ကျွန်တော်က တစ်ခြားလူမှ မ ဟုတ်တာ . .."
ထိုစကားကို ကြားလိုက်ရပြီးနောက် ဝူရှောင်လျန်းသ ည် သတ္တိကို မွေးလိုက်ပြီး ခေါင်းကို မော့ကာ ပြော လိုက်သည်။
"ဒီရက်ပိုင်းအတွင်းမှာ ငါ နည်းနည်းဖျားသလို ဖြစ် နေတယ်.. ဒီနေရာလေးက နည်းနည်း ရောင်နေသလို ပဲ.. ပြီးတော့... နို့ကလည်း သိပ်မထွက်တော့ဘူးဟ.”
မရီးဖြစ်သူ၏ နောက်ဆုံးစကားလုံးများမှာ ခြင်အော် သံလောက်ပင် တိုးနေသဖြင့် ယန်ကွမ်းက ကောင်း ကောင်း မကြားလိုက်ရပေ။
ကံကောင်းစွာဖြင့် သူက လိမ္မာပါးနပ်သူဖြစ်ရာ မရီး ၏ ကိုယ်ဟန်အမူအရာတို့ကို ပေါင်းစပ်တွေးဆလို က်ပြီးနောက် ဖြစ်ပျက်နေသည်အား ချက်ချင်းဆိုသ လိုပင် နားလည်သွား၏။
ထို့ကြောင့် ယန်ကွမ်းက အမြန်မေးလိုက်သည်။
"အမ်..နို့မထွက်တော့ရင် ယာယာက ဘာစားမလည် း .."
ဝူရှောင်လျန်းကလည်း စိတ်သောကရောက်နေသ ည့် မျက်နှာဖြင့် ပြောပြလိုက်၏။
"ဒီကလေးမလေးကလည်း ခက်တယ်.. ဒီအရွယ်ဆို နို့ဖြတ်လို့ရနေပြီ..ဒီမနက်တောင် သူ့အတွက် ဆန်ပြု တ်ပျစ်ပျစ်လေး ချက်တိုက်ကြည့်တာ တစ်လုပ်သေ ာက်ပြီး ပြန်အန်ထုတ်ပစ်လိုက်တယ် ..သူက နို့ပဲ အ တင်းတောင်းပြီး ငိုနေတာဟာ.."
ယန်ကွမ်းက ထိုစကားကို ကြားသောအခါ ပြန်ပြော လိုက်၏။
“ကလေးက နို့သောက်ချင်ရင်လည်း တိုက်လိုက်ပေါ့ ကလေးကို အငတ်ထားလို့ ဘယ်ဖြစ်မလဲ မရီးရဲ့.."
ခဏမျှ စဥ်းစားပြီးနောက် ယန်ကွမ်းက ဆက်ပြော က်လိုက်သည်။
"မရီး.. ဒီရက်ပိုင်း ရာသီဥတုက အရမ်းပူတော့ မရီး ရဲ့ ခန္ဓာကိုယ်ထဲမှာ အပူကန်ပြီး နို့လမ်းကြောင်းပိတ် နေတာ ဖြစ်နိုင်တယ်ဗျ..."
ဝူရှောင်လျန်းက အလျင်စလို ပြန်မေးလိုက်၏။
"အဲ့ဒါဆို နင် ကုလို့ရမလား..ငါက နို့တိုက်နေရတာ ဆိုတော့ ဆေးသောက်လို့ မဖြစ်ဘူးလေ.. ဘယ် ဘ ယ်လိုလုပ်ရမလည်းဟာ..."
သူမ ပြသနေသည့် စိတ်သောကမှာ အမှန်စင်စစ် ယ ာယာကို သူမကိုယ်တိုင်ထက်ပို၍ ချစ်မြတ်နိုးခြင်း ကြောင့်ပင် ဖြစ်သည်။မဟုတ်လျှင်မူ သူမသည် ယန် ကွမ်းထံသို့ အမြန်လာရောက်၍ ပြဿနာကို ဖြေရှင်း မည် မဟုတ်ပေ။
မရီး၏ မျှော်လင့်ချက်အပြည့်ရှိသော မျက်နှာကို မြ င်လိုက်ရသဖြင့် ခဏမျှ စဉ်းစားလိုက်ပြီးနောက် ယ န်ကွမ်း ပြန်ပြောလိုက်၏။
"နည်းလမ်းတော့ ရှိပါတယ်မရီးရဲ့..ဒါပေမဲ့ မရီး တ စ်မျိုးထင်သွားမှာ ကျွန်တော် စိုးရိမ်မိတယ်.."
ဝူရှောင်လျန်းမှာ တုန်လှုပ်သွားပြီး ယန်ကွမ်း၏ အ ကြည့်များမှာ သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ရောက်နေ သည်ကို သတိပြုမိသွားကာ ဖြစ်ပျက်နေသည်အား ချက်ချင်းပင် သူမ နားလည်သွား၏။
ချက်ချင်းဆိုသလိုပင် ဝူရှောင်လျန်း၏ မျက်နှာမှာ နီ ရဲတွတ်သွားပြီး ခေါင်းကို အောက်သို့ ချက်ချင်း ငုံ့ချ လိုက်ပေသည်။
အခန်း 2 မင်း မရီးကို အဖိုးကြီးနဲ့ ပေးစားမလို့တဲ့
...........
ဗိုက်ဆာလွန်း၍ စောင့်နေသည့် သမီးလေး အကြော င်းကို တွေးမိလိုက်သောအခါ ဝူရှောင်လျန်းက ခေါင် းကို ရုတ် တရက် ပြန်မော့ကာ ပြောလိုက်၏။
"ငါ အများကြီး မတွေးတော့ဘူး..ရှောင်ကွမ်းရယ်..
ယာယာလေး ဆာမနေရအောင် နင် မြန်မြန်သာ ကု ပေးပါတော့ "
"ဟုတ်.. ကျွန်တော်လည်း အဲဒီလိုပဲ တွေးထားတာပါ ”
ယန်ကွမ်းက ထိုသို့ပြောပြီးနောက် နံရံဘက်က တ စ်ယောက်အိပ်ကုတင်ကို ညွှန်ပြလိုက်သည်။
"မရီး ဟိုဘက်မှာ သွားလှဲနေပါ.. ကျွန်တော် ကုပေး ပါ့မယ်..."
"အိုး..မဟုတ်သေးပါဘူး."
ဝူရှောင်လျန်းက မဟုတ်ပါဘူးဟူ၍ ပြောနေသော် လည်း သူမ၏ နှလုံးမှာမူ အဆမတန် အခုန်မြန်နေ ၏။
တစ်ကိုယ်တည်းနေသည့် မုဆိုးမတစ်ယောက်က ထို့သို့အရေးကြီးတဲ့နေရာအား ယောကျာ်းပျိုလေး တစ်ယောက်နှင့် ကုသရသည်မှာ အမှန်တကယ်ပင် ရှက်ဖို့ကောင်းလွန်းနေသည်။ရွာကလူတွေကလည်း ဖရဲခင်းထဲက ကိစ္စနဲ့ပတ်သက်၍ သူမအကြောင်းအာ း အတင်း ပြောခဲ့ဖူး၏။
ယခုချိန်မှာသာ တစ်စုံတစ်ယောက် သိသွားခဲ့လျှင် ထိုလူတွေ ဘာတွေပြောကြမလဲဆိုတာ မတွေးရဲစရ ာပင်။
စိတ်ထဲမှာ ဒွိဟဖြစ်နေရင်းနှင့်ပင် ဝူရှောင်လျန်းက ကုတင်ပေါ်မှာ ထိုင်ကာ ယန်ကွမ်းအား မော့ကြည့်လို က်သည်။ယန်ကွမ်းမှာမူ အရက်ပြန်ဂွမ်းနဲ့ လက်ကို သန့်စင်နေတာကြောင့် သူမ၏ အမူအရာအား မမြင် လိုက်ရပေ။
နှုတ်ခမ်းကို ဖိကိုက်ရင်း ဝူရှောင်လျန်းက သက်ပြင်း တစ်ချက်ချကာ ကုတင်ပေါ်မှာ လှဲလိုက်သည်။
ယန်ကွမ်း သူမနားကို ကပ်လာသည့်အခါ မရီးဖြစ်သူ ဝူရှောင်လျန်းက မျက်လုံးကို တင်းတင်းစေ့ထားကာ ပါးပြင်တွေ နီရဲနေသည်အား တွေ့လိုက်ရ၏။ယန်ကွ မ်းက တိုးတိုးလေး ပြောလိုက်သည်။
"မရီး အင်္ကျီဝတ်ထားရင် ကုရတာ အဆင်မပြေဘူး ဗျ"
"အို..."
ဝူရှောင်လျန်းက မျက်လုံးဖွင့်ဖို့တောင် မဝံ့ရဲဘဲ နှုတ် ခမ်းကို တင်းတင်းကိုက်ရင်း အင်္ကျီမှ ကြယ်သီးတွေ အား အသာအယာ ဖြုတ်လိုက်၏။
ယန်ကွမ်း၏ စိတ်အခြေအနေမှာလည်း သူမထက် မ ပိုခဲ့ပေ။မရီး၏ ကိုယ်ပေါ်တွင် အတွင်းခံအင်္ကျီလေး ရှိနေသော်လည်း ထိုမြင်ကွင်းမှာမူ သူ့အတွက် အလွ န်ပင် ရင်ခုန်စရာကောင်းနေသည်။
ယန်ကွမ်းက တိတ်တိတ်လေး သက်ပြင်းနှစ်ချက် လောက် ချလိုက်ပြီးမှ တိုးတိုးလေး ပြောလိုက်၏။
"မရီး..ဘာမှ စိတ်မပူပါနဲ့..ကျွန်တော် စကုတော့မယ် နော်.."
"..."
ဝူရှောင်လျန်းခဗျာ ဘာပြောရမှန်းမသိတော့ဘဲ ရှက် ရွံ့နေသည်။ဤအခြေအနေထိ ရောက်နေပြီဆိုတော့ လည်း သူမက မြန်မြန်ကုပြီး မြန်မြန်ပြီး စေချင်နေ မိသည်။
ဝူရှောင်လျန်းတစ်ယောက် စိတ်တင်းထားပြီး ဘာမျှ မတွေး မိအောင် ကြိုးစားကာ ကိုယ့်ကိုယ်ကိုယ် ထိ မ်းချုပ်နေရ၏။
"ဒါက ဖျားနာတာကို ကုတာပဲ ..ငါ့ သမီးလေးအတွ က်ပဲ.နင် .အားတင်းထားစမ်း ရှောင်လျန်း.."
ယန်ကွမ်းမှာလည်း ထိုနည်းတူပင် ဖြစ်ကာ ကိုယ့်ကို ယ်ကို ထိန်းချုပ်နေရသည်။
အခန်းထဲမှာမူ အလွန်တိတ်ဆိတ်နေပြီး နှစ်ယောက် စလုံး၏ ရင်ခုန်ခုန်သံတွေသာ ထွက်ပေါ်နေ၏။
အချိန်အတော်ကြာပြီးနောက် အတွင်းခံအင်္ကျီလေး စိုစွတ်လာတာကို ခံစားမိတဲ့အခါ ဝူရှောင်လျန်းက မျ က်လုံးဖွင့်ပြီး အံ့ဩတကြီး ပြောလိုက်သည်။
"ဟင် နို့တွေ ထွက်လာပြီ..."
ယန်ကွမ်းလည်း ခေါင်းညိတ်ကာ ပြန်ဖြေလိုက်၏။
"ဟုတ်တယ် မရီး.. ပိတ်နေတဲ့နေရာ ပွင့်သွားပြီဆို တော့ နို့တွေ ထွက်လာတော့မှာပါ..."
"ကျေးဇူးတင်ပါတယ် ရှောင်ကွမ်းရေ..ငါ အိမ်ပြန်ပြီး ယာယာလေးကို နို့တိုက်လိုက်ဦးမယ်ဟာ.."
ဝူရှောင်လျန်းက ရှက်ရွံ့စွာ ထိုင်လိုက်ပြီး အင်္ကျီကြ ယ်သီးတွေကို ပြန်တပ်ကာ အလျင်အမြန် ပြေးထွ က်သွားပေသည်။
မရီး၏ ကျောပြင်ကို ကြည့်ရင်း ယန်ကွမ်းတစ်ယော က် ခဏလောက် စိတ်လွတ်နေ၏။ခုနလေးတင်က ဖြစ်ပျက်ခဲ့သော လှပသည့် မြင်ကွင်းထဲမှာပင် သူ က နစ်မွန်းနေသယောင် ဖြစ်နေမိသည်။
"အား... ..ဝုန်း..ဝုန်း.."
စိတ်လွင့်နေသည့် အခါမျိုးမှာ မတော်တဆမှုတွေက ဖြစ်လွယ်၏။ယန်ကွမ်းတစ်ယောက် ခြေရင်းမှ ခုံကို သတိမထားမိဘဲ ခြေချော်ပြီး လဲကျသွားပေသည်။
ဘေးနားမှာ ရှိသည့် ဆေးဘီရိုအား ခေါင်းနဲ့ဆောင့် မိပြီး မြေပြင်ပေါ်သို့ ယန်ကွမ်း လဲကျသွား၏။ထူး ဆန်းစွာပင် ဘီရိုပေါ်က သံလိုက်ရုပ်တုအချို့ထဲမှ တစ်ရုပ်က ပြုတ်ကျလာပြီး ယန်ကွမ်း၏ နောက်စေ့ ကို ထိမှန်သွားသည်။
"ဒုန်း" ဆိုသည့် အသံနှင့်အတူ ယန်ကွမ်းတစ်ယော က် မျက်လုံးတွေ မှောင်ကျသွားပြီး မြေပြင်ပေါ်လဲ ကျသွား၏။မူးဝေဝေဖြစ်နေစဉ်မှာပင် ယန်ကွမ်း၏ ဦးခေါင်းထဲမှာ ကြယ်တွေ လင်းလက်လာသလို ခံ စားလိုက်ရပြီး "ဒုန်း" ဆိုတဲ့ အသံတစ်သံထပ်ကြားရ ကာ တောက်ပနေတဲ့ ကြယ်တွေစုစည်းသွားပြီး သူ့ ရှေ့တွင် စာအုပ်အဖြူရောင်လေးတစ်အုပ် ပေါ်လာ သည်။
"ဆေးပညာ လျို့ဝှက်ကျမ်း...အမ် ဘာလဲဟ..."
တောက်ပလွန်းသည့် အလင်းရောင်ကြောင့် ယန်ကွမ် းတစ်ယောက်ဘာဖြစ်မှန်း မသိလိုက်ခင်မှာပင် ပြင် းထန်သည့် နာကျင်မူကြောင့် သတိလစ်သွား၏။
အချိန်အတော်ကြာပြီးနောက် ယန်ကွမ်း သတိပြန်ဝ င်လာပြီး ခေါင်းကို ပွတ်နေမိသည်။ထိုစာအုပ်မှာ သူ့ စိတ်ထဲမှာပဲ ရှိနေဆဲဖြစ်ပြီး သူတွေးလိုက်သည်နှင့် အလင်းရောင်တွေချက်ချင်း ပျောက်ကွယ်သွားကာ ရှုပ်ထွေးတဲ့ စာလုံးသုံးလုံး ပေါ်လာ၏။
ထိုစာလုံးတွေ၏ အဓိပ္ပာယ်ကို ယန်ကွမ်းမသိသော် လည်း "ရှန်းနုန်းကျွယ်"လို့ ခေါ်သည့် ရှေးဟောင်းတ ရုတ်စာလုံးတွေဖြစ်ကြောင်း သူ့စိတ်ထဲတွင် အလိုလို သိနေခဲ့သည်။
"ဘုရားရေ ..ဘာဖြစ်တာလဲ.. ငါ ငါက.. ထူးခြားတဲ့ စွမ်းရည်တစ်ခု ရသွားတာလားဟ..."
ယန်ကွမ်းက သူ့ ခေါင်းသူကုတ်ရင်း မြေပြင်ပေါ်မှာ ကွဲနေသည့် သံလိုက်ရုပ်တုအပိုင်းအစတွေကို ကြ ည့်လိုက်၏။
ကျေးလက်ဒေသမှ လူတိုင်းသည် ဘုရားဝတ်ပြုတဲ့ အလေ့အထရှိကြပြီး ယန်ကွမ်းအိမ်မှာလည်း ထိုအ တိုင်းပင်။ဘီရိုပေါ်မှာ ရုပ်တုအချို့ကို ပူဇော်ထား သော်လည်း ဘာရုပ်တုတွေလဲဆိုသည်အား သူ သေ ချာမသိပေ။ယခုမူ ထိုအထဲမှ တစ်ရုပ်က ပြုတ်ကျ ပြီး ကွဲကြေသွား၏။
"အမ်..ငါက ဒီရုပ်တုဆီကနေ တစ်ခုခုကို အမွေရလို က်တာလားဟ..."
ထိုအချက်အား တွေးမိလိုက်သည်နှင့် ယန်ကွမ်းက မျက်လုံးကို မြန်မြန်မှိတ်လိုက်ပြီး သူ့စိတ်ထဲမှာ ရှိ နေသည့် စာအုပ်အား ဖွင့်ကြည့်လိုက်သည်။
အသိဉာဏ်ပွင့်ခြင်း - ဆေးဖက်ဝင်အပင်ကျမ်း
အခန် 1 -ခန္ဓာကိုယ်လေ့ကျင့်ခန်းဖော်မြူလာ
အခန်း 2 - စိတ်နှလုံးကို ငြိမ်းအေးစေသောကျမ်း
အခန်း 3 - နတ်ဘုရားဖြစ်ဖို့အတွက် လျှို့ဝှက်ချက်
စာအုပ်ထဲမှာပါသည့် အကြောင်းအရာတွေကို မြင် လိုက်သည့်အခါ ယန်ကွမ်း၏ မျက်လုံးတွေ ပြူးကျ ယ်သွား၏။
"အလို ဘုရားရေ.. ဒီ ရှန်းနုန်းကျွယ်ကို လေ့ကျင့်ရင် ငါတကယ်ပဲ နတ်ဘုရား ဖြစ်နိုင်တာလားဗျာ ဟီးဟီး တကယ်ကြီးလားဗျာ.."
ခဏတာမျှ အံ့အားသင့်ပြီးနောက် ယန်ကွမ်းက"ခန္ဓာ ကိုယ်လေ့ကျင့်ခန်းဖော်မြူလာ"အခန်းအား ချက်ချ င်းဖွင့်ကြည့်လိုက်သည်။
ထိုအခါတွင်မူ ယခင်က သူ မဖတ်တတ်သည့် စာလုံး တွေသည် နားလည်နိုင်ပြီး ရိုးရှင်းတဲ့ တရုတ်စာလုံး တွေအဖြစ် ပြောင်းလဲသွားကာ ယန်ကွမ်း၏ မျက် လုံးထဲတွင် ပေါ်လာခဲ့၏။
"လောကမှာရှိတဲ့ အရာအားလုံးဟာ မီး၊မြေ၊ရေ၊ရွှေ ၊သစ် ဆိုတဲ့ ဒြပ်ကြီးငါးပါးထဲကနေ ဆင်းသက်လာ တယ် ဆိုပါ့လား...."
“ရှန်းနုန်းကျွယ်”ဆေးပညာ စာအုပ်ထဲမှ အသိ ပညာ တွေကို စုပ်ယူလိုက်သောအခါ ယန်ကွမ်းတစ်ယော က် အရာရာကို မေ့ လျော့သွားပြီး ထိုပညာရပ်ထဲမှာ ပင် နစ်မြုပ်သွားပေသည်။
ယန်ကွမ်းက "အသိဉာဏ်ပွင့်ခြင်း"အခန်းကို ဖတ် ပြီး"ခန္ဓာကိုယ်လေ့ကျင့်ခန်းဖော်မြူလာ" ကို ဆက် ဖတ်ကြည့်လိုက်သည့်အခါတွင်မူ အချိန်က မနက် စောစောတောင် ရောက်နေပြီဆိုသည်အား သူ သတိ ထားမိလိုက်၏။
၁၂ နာရီကျော်ကြာမြင့်ခဲ့သော်လည်း ယန်ကွမ်းမှာ လုံးဝပင်ပန်းနွမ်းနယ်ခြင်းမရှိဘဲ ခန္ဓာကိုယ်တစ်ခုလုံး စွမ်းအားများပြည့်ဝကာ အလွန်တက်ကြွနေပေသည် ။
ရိုးရှင်းလှသည်ဟု ထင်ရသော "အသိဉာဏ်ပွင့်ခြင်း "ကျမ်းတွင် ကမ္ဘာပေါ်ရှိ ဆေးဖက်ဝင်အပင်မျိုးစုံ၏ ဂုဏ်သတ္တိများနှင့် ကြီးထွားမှုပုံစံများလည်း ပါဝင် နေ၏။
ခန္ဓာကိုယ်လေ့ကျင့်ခန်းဖော်မြူလာနှင့် ပတ်သက်၍ လည်း တစ်ကြိမ်ဖတ်လိုက်ရုံဖြင့် ခန္ဓာကိုယ်အတွင်း ထူးခြားသောစွမ်းအင်တစ်ခု စီးဆင်းနေသည်အား ယန်ကွမ်း ခံစားမိလိုက်သည်။အဆိုပါစွမ်းအင်မှာ မှော်ဆန်သောစွမ်းအားတစ်ခုနှယ် သူ့ သွေးကြောမျာ း မ ဖြည်းညှင်းစွာ စီးဆင်းနေ၏။
ယန်ကွမ်းတစ်ယောက် လောဘတက်လာပြီး ဒုတိယ အခန်းကို ဆက်ကြည့်ရန် ကြိုးစားသော်လည်း စာမျ က်နှာအား ဖွင့်မရပေ။ပထမအဆင့်ဖြစ်သော ခန္ဓာ ကိုယ်လေ့ကျင့်ခန်းကို သတ်မှတ်ချက်တစ်ခုအထိ ကျွမ်းကျင်အောင် လေ့ကျင့်ပြီးမှသာ နောက်တစ်ဆ င့်ကို ဖွင့်နိုင်လိမ့်မည်ဟု ယန်ကွမ်း ကောက်ချက်ချ လိုက်သည်။
စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ယန်ကွမ်းတစ်ယောက် ချ က်ချင်းပင် ပက်လက်အနေအထားမှ ထထိုင်ကာ လေ့ကျင့်ခန်းကို စတင်လုပ်ဆောင်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်း၌ပင် နောက်ထပ် ၈ နာရီ ထ ပ်မံကုန်ဆုံးသွားခဲ့ပြန်၏။
မြေပြင်မှ ခုန်ထလိုက်ပြီးနောက် ယန်ကွမ်းသည် လေ ထဲသို့ လက်သီးတစ်ချက် ထိုးလိုက်ရာ စွမ်းအင်များ ပြည့်ဝနေသည်အား သူ ခံစားလိုက်ရသည်။ယန်ကွမ် းက စိတ်လှုပ်ရှားမူများဖြင့် ဆေးခန်းရှေ့မှာ ရှိနေ သည့် ဝါးပင်ကြီးဆီသို့ ပြေးသွားလိုက်သည်။
အသက်ကို ပြင်းပြင်းရှူသွင်းပြီးနောက် ဝါးပင်၏ ပ င်စည်အား လက်သီးဖြင့် သူ အားအကုန် ထိုးချ လို က်သည်။
"ဒုန်း..."
အသံတိုးတိုးနှင့်အတူ ခြောက်သွေ့နေသော အပင်မှ ကြေမွသွားပြီး ပင်စည်ပေါ်တွင် လက်သီးရာ ချိုင့်ခွ က်တစ်ခု ပေါ်လာခဲ့။။
"ဝိုး..တကယ် မိုက်တာပဲကွာ.."
သူ့ လက်သီးမှာ နာကျင်ခြင်းမရှိသည့်အပြင် အပင် အား ထိုသို့ ဖြစ်အောင်လုပ်နိုင်သဖြင့် ယန်ကွမ်း၏ မျက်လုံးများမှာမူ ပြူးကျယ်နေပေသည်။
ယန်ကွမ်း၏ စိတ်ထဲတွင် တစ်စုံတစ်ခုကို ရိပ်မိလိုက် သဖြင့် မျက်လုံးများထဲတွင် ဖုံးကွယ်၍မရသော စိ တ်လှုပ်ရှားမှုများ ဖြစ်ပေါ်လာ၏။ထိုကဲ့သို့ အံ့သြစရ ာကောင်းသည့် စွမ်းရည်မျိုးရရှိထားပြီးနောက်တွင် ယခုချိန်မှစပြီး သူ့ ဘဝမှာ အထွတ်အထိပ်သို့ ရော က်နိုင်တော့မည် မဟုတ်ပေလော။
သို့သော်လည်း ယန်ကွမ်းတစ်ယောက် စိတ်လှုပ်ရှား နေစဉ်မှာပင် ရွာထဲမှ ဆူညံသံများအား ကြားလိုက်ရ သည်။အဆိုပါအသံများမှာ သူ့အိမ်တည်ရှိရာ ရွာအ လယ်ဘက်မှ ထွက်ပေါ်လာခြင်းဖြစ်၏။ဆေးခန်း လေးမှာ ရွာအပြင်ဘက်တွင်ဖြစ်ပြီး ယန်ကွမ်းအိမ် မှာ ရွာထဲတွင်ရှိနေသည်။
ယန်ကွမ်းက အချိန်ကိုမှန်းကြည့်လိုက်ရာ နံနက် ၁၀ နာရီကျော်နေ၏။
"ဘာလည်းဟ.. ရွာမှာ တစ်ခုခုဖြစ်နေတာလား.."
သူ့အိမ်မှာပဲ တစ်ခုခုဖြစ်နေတာလား မသိနိုင်သဖြင့် ယန်ကွမ်းက ဆေးခန်းတံခါးကို အမြန်ပိတ်ကာ ရွာ ထဲသို့ ပြေးလာလိုက်သည်။
ရွာထဲသို့ သူ ရောက်သောအခါ အော်ဟစ်ဆဲဆိုသံမျ ားအား ပိုမိုရှင်းလင်းစွာ ယန်ကွမ်း ကြားလိုက်ရ၏ ။
ထိုအခါ ခြံစည်းရိုးများပေါ်နှင့် အိမ်ခေါင်မိုးပေါ်တွင် ရ ပ်ကြည့်နေသော လူအုပ်ကြီးအား ယန်ကွမ်းမြင်လို က်ရပြီး ထိုလူတွေ၏ အကြည့်များမှာ သူ့ အိမ်လေး ဘက်သို့ ဦးတည်နေသဖြင့် ယန်ကွမ်းက အမြန်လျေ ာက်လိုက်သည်။
"ဒီနေ့တော့ ငါ့စကားကို မင်း နားထောင်ရမယ် ..မ ထောင်ချင်လည်း ထောင်ရမယ်...မင်း ငါ့နောက်ကို လိုက်ခဲ့ရမယ်…ကြားလား...."
အဝေးမှ အမျိုးသားတစ်ဦး၏ အသံကို ကြားလိုက် ရသဖြင့် ယန်ကွမ်း တုန်လှုပ်သွားခဲ့သည်။ချက်ချင်း ဆို သလိုပင် မရီးဖြစ်သူ ဝူရှောင်လျန်း၏ အသံကို လည်း သူ ကြားလိုက်ရ၏။
"လွတ် ကျွန်မကို လွှတ်ပေးပါ..ကျွန်မ မလိုက်ချင် ဘူး..."
"ဝူးဝူး..မေ့မေ့ကို လွှတ်ပေး..လူဆိုးကြီး.ဝူးဝူး.."
သူမ၏ အော်သံနှင့်အတူ ယာယာလေး၏ ငိုသံပါ ပူး တွဲကြားလိုက်ရသဖြင့် ယန်ကွမ်းက စိုးရိမ်စိတ်များ ဝင်လာခဲ့သည်။သူသည် လူအုပ်ကို တိုးဝှေ့ပြီး ခြံဝ င်းထဲသို့ တဟုန်ထိုး ပြေးဝင်လာခဲ့၏။
သူ့ ခြံထဲတွင်မူ လူသုံးဦး ရှိနေသည်။
ထိုလူများမှာ အသက် ၅၀ အရွယ် အမျိုးသမီးတစ် ဦးနှင့် အရပ်ရှည်သည့် အမျိုးသားတစ်ဦး ဖြစ်ပေသ ည်။ ထိုအမျိုးသားက ဝူရှောင်လျန်း၏ လက်ကော က်ဝတ်ကို ကိုင်ထားပြီး အဓမ္မဆွဲခေါ်သွားရန် ကြိုးစ ားနေ၏။ယာယာလေးမှာမူ ဝူရှောင်လျန်း၏ ရင်ခွင် ထဲတွင် ကြောက်လန့် တကြားဖြင့် ငိုယိုနေပြီး အသံ များပင် ဝင်နေပေသည်။
" ဝူးဝူးဝူး.."
ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ယန်ကွမ်း၏ မျက်လုံးအိမ်တွေ ကျဉ်းမြောင်းလာပြီး ဒေါသတကြီ း အော်ဟစ်ကာ ရှေ့ကို တဟုန်ထိုး ပြေးလာလိုက် ၏။
"ဖုန်း..အွတ်..."
ထိုလူမှာ ဝူရှောင်လျန်းကိုသာ အာရုံစိုက်နေသော ကြောင့် ယန်ကွမ်းက သူ့တင်ပါးကို ကန်လိုက်သည် အား သတိမထားလိုက်မိဘဲ ရွှံ့ထဲသို့ ချက်ချင်း လဲ ကျသွားခဲ့သည်။
"ဒါ ဘာလုပ်တာလည်း မင်း..."
သူ့သား လဲကျသွားသည်ကို မြင်လိုက်သည့် အဘွား ကြီးက အော်ဟစ်လိုက်ပြီး ယန်ကွမ်းအား လက်ညှိုး ထိုးကာ ဆဲဆိုလိုက်၏။
"ဟဲ့ ကောင်စုတ်..ဘာလို့ ငါ့သားကို ကန်ရတာလဲ.."
ယန်ကွမ်းက ထိုအဖွားကြီး၏ မျက်နှာကို သေချာ ကြည့်လိုက်မှ သူ့အစ်ကို အိမ်ထောင်ပြုတုန်းက မြင် ဖူးခဲ့သည်အား သတိရလာခဲ့သည်။ထိုအဖွားကြီးက ဝူရှောင်လျန်း၏ မိခင်ဖြစ်သူပင်။
သူမဘေးမှာ လဲကျနေတဲ့လူကိုလည်း ယန်ကွမ်းမှတ် မိသွား၏။ထိုလူမှာ ဝူရှောင်လျန်း၏ အစ်ကိုဖြစ်သူ ဝူဒေါင်ပင် ဖြစ်သည်။
"ဩော်...ခဗျားတို့ကိုး.. ဘာလို့ ဒီမှာ အော်ကြီးဟစ် ကျယ် လုပ်နေရတာလည်းဗျာ.."
ဆွေမျိုးအရင်းအချာမို့လို့ ယန်ကွမ်းက ဒေါသကို ထိ န်းချုပ်ကာ မေးလိုက်၏။
ဝူရှောင်လျန်း၏ မိခင် ဆွန်ဟွေ့ဟွာက ခါးကိုထော က်ကာ စုန်းမတစ်ယောက်လို မျက်နှာပေးနှင့် ယန်ကွ မ်းအား လက်ညှိုးထိုးကာ အော်ပြောလိုက်သည်။
"ငါ့သားကို မင်း ကန်လိုက်တာ ငါ မင်းကို လုံးဝ မ ကျေနပ်ဘူး...
တစ်ဖက်လူ၏ ရိုင်းစိုင်းတဲ့ စကားတွေကို ကြားရသ ည့်အခါ ယန်ကွမ်းက လက်သီး ဆုပ်လိုက်ပြီး မြေပြ င်ကနေ သွားဖြဲရင်း ထလာသော ဝူဒေါင်ကို ကြည့် ကာ အေးစက်စက် မေးလိုက်သည်။
"အကိုကြီး..ခဗျား..ထိခိုက်သွားသေးလား.."
"ဟေ့ကောင် ယန်ကွမ်း..ဒီကန်ချက်ကိုတော့ ငါ ထား လိုက်မယ်.. ငါတို့ ဝူမိသားစုကိစ္စထဲကို မင်း ဝင်မရှု ပ်နဲ့ အခုချက်ချင်း ဒီနေရာက ထွက်သွားစမ်း.."
ဝူဒေါင်က သူ့တင်ပါးကို ပွတ်ရင်း ယန်ကွမ်းကို စိုက် ကြည့်ကာ ဝူရှောင်လျန်းရဲ့ လက်ကောက်ဝတ်အား ဆုတ်ကိုင်လိုက်၏။
"လာခဲ့ နင် ငါ့နောက်ကို လိုက်ခဲ့..."
"ကျုပ် ရှိနေတာကိုတောင် ခဗျားတို့က မမြင်တာလ ား.."
ယန်ကွမ်းက စိတ်မရှည်တော့ဘဲ ရှေ့ကို တိုးသွားကာ ဝူဒေါင်၏ လက်ကောက်ဝတ်အား အားဖြင့် ကိုင်လို က်သည်။
"ဒါက ယန်မိသားစုရဲ့ အိမ်..ခဗျားတို့ ဒီမှာ လာရမ်း ကားနေလို့ မရဘူး..."
"အားယိုး.. ..မင်းလွှတ်..လွှတ်ပေးစမ်း..နာလိုက်တာ ကွာ..ငလူးတည်းမှ..."
ဝူဒေါင်က ယန်ကွမ်းကို အရင်ဆုံး ဆဲဆိုချင်ပေမဲ့ သူ့ လက်ကို ညှပ်ကြီးဖြင့် ညှပ်ထားသလို ခံစားလိုက်ရ သည့်အတွက် နာကျင်မှုကြောင့် မျက်နှာပျက်သွား ပြီး ချက်ချင်းပင် တောင်းပန်လိုက်ရ၏။
ယန်ကွမ်းက ဝူဒေါင်၏ လက်ကို ခါချလိုက်ပြီး ဝူရှေ ာင်လျန်းဘက်သို့ လှည့်ကြည့်ကာ မေးလိုက်၏။
"မရီး ဘာမှ မကြောက်ပါနဲ့.ဒီနေရာမှာ မရီးကို အနိုင် ကျင့်ခွင့် မပေးဘူး.."
ဆွန်ဟွေဟွားက ကျယ်လောင်စွာ အော်ပြောလိုက်သ ည်။
"ဟဲ့ ယန်မျိုးရိုးကောင် .ဒါ ငါတို့ မိသားစုကိစ္စ. .နင်နဲ့ ဘာမှမဆိုင်ဘူး.."
"ခဗျားတို့က ဘာဖြစ်နေတာလဲ ... မရီးကို ဘယ်ခေါ် သွားမလို့လည်း ခဗျားတို့က .."
ယန်ကွမ်း တစ်ယောက် ဝေခွဲမရ ဖြစ်နေ၏။သူ့ မရီး ၏ မိခင်နဲ့ အစ်ကိုဖြစ်သူက ဤနေရာသို့ ရောက်လ ာကာ သူမကို အတင်းအဓမ္မ ခေါ်သွားပြီး ဘာလုပ် ဖို့ ကြိုးစားနေကြလဲဆိုသည်ကိုမူ သူ မနားလည်နိုင် ဖြစ်နေခဲ့သည်။
ထိုအချိန်မှာပင် ဘေးမှ ကြည့်ရှုနေသည့် ရွာသား တွေထဲမှ တစ်ယောက်က အော်ပြောလိုက်၏။
"ယန်ကွမ်း..သူတို့က မင်းမရီးကို တခြားလူဆီ ရော င်းစားဖို့ လုပ်နေတာ..အဖိုးကြီးတစ်ယောက်နဲ့ အတ င်းလက်ထပ်ပေးဖို့လေ..."
"ဘာ..ဒါ တကယ်ပဲလား.."
ထိုစကားကို ကြားသည့်အခါ ယန်ကွမ်းတစ်ယောက် လက်သီးအား တင်းတင်းဆုပ်လိုက်မိပေသည်။