အခန်း (၃-၄)
Vol. 1 Ch. 3-4
အခန်း 3 ယွမ် ငါးသောင်းပေး
.........
ရွာသူရွာသားများ ဝိုင်းအုံကြည့်ရှုနေကြစဉ်တွင် ရန် ကွမ်း၏ အေးစက်စက်အသံက ထွက်ပေါ်လာ၏။ သူသည် ဆန်းဟွေ့ဟွားကို စိုက်ကြည့်ရင်း မေးလို က်သည်။
"အဖွားကြီး..ခဗျားက. တကယ်ပဲ မရီးကို ရောင်းလို က်တာလား"
ဆန်းဟွေ့ဟွားက မျက်လုံးကို ကလယ်ကလယ်လု ပ်ကာ တံတွေးစက်များပင် ထွက်လာသည်အထိ အော်ပြောလိုက်၏။
"ဘာရောင်းတာလဲ...စကားကို ကြည့်ပြော ငါက သူ ကောင်းစားစေချင်လို့ လုပ်ပေးတာဟဲ့...သူက ငယ် ငယ်ရွယ်ရွယ်နဲ့ မုဆိုးမဖြစ်နေတာမို့လို့ ..နောက် အိ မ်ထောင်ပြုပေးတာလေ...."
ရန်ကွမ်းက လှောင်ပြုံး ပြုံးလိုက်ပြီးနောက် ဝူရှောင် လျန်းဘက်သို့ လှည့်ကာ တည်ကြည်သော အသံဖြင့် ပြောလိုက်သည်။
"မရီး.. ဒီကိစ္စကို မရီးသဘောမတူရင် ဘယ်သူမှ မ ရီးကို အတင်းအကျပ် လုပ်ခွင့်မရှိဘူး.."
ဘာဆက်လုပ်ရမှန်းမသိဘဲ အားကိုးရာမဲ့နေခဲ့သော ဝူရှောင်လျန်းမှာမူ ရန်ကွမ်း၏ စကားကြောင့် ရုတ် တရက် စိတ်အေးသွားရသည်။သူမသည် ခေါင်းကို အနည်းငယ် ညိမ့်ပြရင်း ပြန်ဖြေလိုက်၏။
"အင်းပါ...ရှောင်ကွမ်းရယ်..."
ထိုအချိန်တွင် ရွာသားများကြားမှ ခုနက ဝင်ပြောလို က်သည့် ဦးလေးဆန်းဘက်သို့ ရန်ကွမ်းက ချက်ချင် းပင် လှည့်မေးလိုက်သည်။
"ဦးလေးဆန်းက.. ဒီသတင်းကို ဘယ်လိုလုပ်သိတာ လဲ..."
"ဟိုဘက်ရွာက သိုးကျောင်းသား လောင်ဟန်ဆီက ငါ ကြားလာတာကွ...သူတို့ ပေးစားမဲ့ အဖိုးကြီးက ဘယ်သူမှတ်လဲ... လိုင်လာစီပဲဟေ့.."
"ဘာ.."
"လိုင်လာစီ ဟုတ်လား..."
ထိုနာမည်ကို ကြားလိုက်ရသည်နှင့် ရွာသားများကြာ းတွင် ဗုံးပေါက်သကဲ့သို့ ဆူညံသွားသည်။
လိုင်လာစီဆိုသည်မှာ ချီရှန်းနယ်တစ်ခွင်တွင် နာမည် ကြီးသော လူမိုက်တစ်ဦးလည်း ဖြစ်၏။သူသည် င ယ်စဉ်ကတည်းက အရက်သောက်ခြင်း၊လောင်းက စားခြင်းနှင့် မိန်းမကိစ္စများကြောင့် နာမည်ပျက်ရှိနေ သူလည်း ဖြစ်ပေသည်။
ထိုလူက အရက်မူးလာပြီးလျှင်လည်း လူကို ရိုက်နှ က်ပြီး ပစ္စည်းများ ဖျက်ဆီးတတ်သူဆိုသည်အား လူတိုင်းသိကြ၏။
ထိုကဲ့သို့သော လူဆိုးလက်ထဲသို့ ဝူရှောင်လျန်းကို ထည့်ပေးလိုက်ခြင်းသည် မီးပုံထဲသို့ ကိုယ်တိုင်ခုန်ချ ခိုင်းသည်နှင့် အတူတူပင် မဟုတ်ပေလော။
"ရှောင်လျန်းရဲ့ ဘဝက အခုမှပဲ နည်းနည်းလေး အေ းချမ်းတော့မလို ဖြစ်နေတာ...မိခင်အရင်းဖြစ်လျ က်နဲ့ ခဗျားတို့က ဒီလောက်တောင် ရက်စက်ရသလာ း “
"ဟုတ်တယ်..မိခင်အရင်းရော ဟုတ်ရဲ့လား.. ကိုယ့် သမီးကို ဒီလောက်ထိတောင် ငရဲခန်းပို့ချင်နေတာ လား.."
"အခုချက်ချင်း ရွာက ထွက်သွားစမ်း..ချုံရှန်းရွာမှာ ခဗျားတို့လို လူ့အသိုင်းအဝိုင်းပျက်ဆီးစေသူတွေကို လက်မခံဘူး..."
အဖြစ်အပျက်ကို သဘောပေါက်သွားသော ရွာသား များက ဒေါသတကြီးဖြင့် ဝိုင်းအော်လိုက်ကြသည်။ ဆန်းဟွေ့ဟွားမှာမူ တစ်ရွာလုံး၏ ဝိုင်းဝန်းမောင်းထု တ်ခြင်းကို ခံလိုက်ရသဖြင့် မျက်နှာပေါ်တွင် အနီ၊ အ ဖြူ၊ အပြာ လှည့် ပတ်ကာ မခံမရပ်နိုင်အောင် ဖြစ် နေ၏။
သူမသည် လူများစွာ ဒေါသကို ရှောင်လွှဲရန်အတွက် မျက်လုံးကို ကလယ်ကလယ်လုပ်ကာ အော်ပြောလို က်သည်။
"ဒါ ကျုပ်တို့ မိသားစုကိစ္စပဲ.. ရှင်တို့နဲ့ ဘာဆိုင်လို့လဲ .. ဝင်မပါကြနဲ့..."
ထိုသို့ပြောပြီးနောက် ရန်ကွမ်းကို စိုက်ကြည့်ကာ မေ ာက် မာစွာ စိန်ခေါ်လိုက်သည်။
"ရှောင်လျန်းကို ထည့်မပေးနိုင်ဘူးဆိုရင် နင် ငါ့ကို ယွမ် ၅၀၀၀ဝ ပေး..အဲ့ဒါဆို ဒီကိစ္စပြီးပြီ..."
"ဘာ.. ယွမ် ငါးသောင်းတောင်လား.. "
ရွာသားများအားလုံး ဆွံ့အကုန်၏။ယွမ် ငါးသောင်း ဆိုသည်မှာ ထိုခေတ်ကာလတွင် မနည်းလှသော ငွေ ပမာဏပင် ဖြစ်၏။သို့သော်လည်း ရန်ကွမ်း၏ တုံ့ပြ န်မှုက လူတိုင်းအား ပို၍ တုန်လှုပ်သွားစေပြန်သည်။
"ကောင်းပြီ..ကျွန်တော်. ပိုက်ဆံပေးမယ်.. ဒါပေမဲ့ ခ ဗျားတို့က မရီးကို ထပ် မနှောက်ယှက်ရဘူး.."
ဆန်းဟွေ့ဟွာ လှောင်ရယ်လိုက်၏။
"မင်းက လေကြီးလေကျယ် ပြောရဲလိုက်တာ.. ယွ မ် ငါးသောင်းရော ..မင်းမှာ အဲ့လောက်တောင် ရှိလို့ လား ဟီးဟီး..."
ရန်ကွမ်းသည် ဒေါသကြောင့် မျက်လုံးများ နီရဲလာ သော်လည်း စိတ်ကို တင်းထားကာ ဆန်းဟွေ့ ဟွာကို စူးစိုက်ကြည့်ရင်း ပြောလိုက်သည်။
"အခုတော့ ကျွန်တော့် လက်ထဲမှာ မရှိသေးဘူး… .ဒါပေမဲ့ ကျွန်တော့်ကို ကို ၅ ရက် အချိန်ပေး...၅ ရ က်ပြည့်ရင် ခဗျားတို့ ပိုက်ဆံလာယူလိုက်..."
ယန်ကွမ်း၏ စကားသံဆုံးသည်နှင့် နေရာတစ်ခုလုံး တိတ်ဆိတ်သွား၏။ရန်ကွမ်းတစ်ယောက် ရူးသွား ပြီဟုပင် ရွာသားများက ထင်မှတ်လိုက်ကြသည်။ဝူ ရှောင်လျန်းမှာလည်း စိုးရိမ်တကြီးဖြင့် ရန်ကွမ်း၏ လက်ကို ကိုင်ကာ တိုးတိုးလေး ပြောလိုက်၏။
"ရှောင်ကွမ်း...နင့် ဆီမှာ ဘယ်လိုလုပ်ပြီး အဲ့လောက် များတဲ့ ပိုက်ဆံ ရှိမှာလဲဟဲ့..အဟင့်ဟင့်"
ရန်ကွမ်းသည် မရီးဖြစ်သူအား နှစ်သိမ့်ပေးလိုက်သ ည်။
"စိတ်မပူပါနဲ့ မရီး..ကျွန်တော်က ပြောပြီးပြီဆိုရင် မဖြစ်ဖြစ်အောင် လုပ်မှာပါ..."
ရန်ကွမ်းသည် ဆန်းဟွေ့ဟွာဘက်သို့ လှည့်ကာ မေး လိုက်၏။
"ကျွန်တော် ပြောတာ ဘယ်လိုသဘောရလဲ. ..ခဗျား တို့က ပိုက်ဆံလည်း ရမယ်..နှစ်ဦးနှစ်ဖက် အဆင် ပြေတဲ့ နည်းလမ်းပဲလေ.."
ဆန်းဟွေ့ဟွာသည် ခဏတာမျှ စဉ်းစားကာ ပြန်မေး လိုက်သည်။
"ငါက မင်းကို ဘာလို့ယုံရမှာလဲ.."
ရန်ကွမ်းက ကျယ်လောင်စွာ ကြေညာလိုက်၏။
"ကျွန်တော် ရန်ကွမ်း ၅ ရက်အတွင်း ပိုက်ဆံမပေးနို င်ခဲ့ရင် ခဗျားတို့ မရီးကို ခေါ်သွားတာကို မတားတေ ာ့ဘူး.. ချုံရှန်းရွာသားအားလုံးကို သက်သေထားပြီ း ကျိန်ဆိုပါတယ်..."
ထိုအချိန်တွင်မူ ဆန်းဝမ်ရှန်းက အားပေးလိုက်သ ည်။
"ကောင်းတယ်ကွာ..မင်းအတွက် ငါ သက်သေလိုက် ပေးမယ်"
ရွာသားများကလည်း တစ်ယောက်ပြီးတစ်ယောက် အော် ဟစ်လိုက်ကြ၏။
"ဟုတ်တယ်..ငါတို့လည်း သက်သေလိုက်ပေးမယ်"
ရွာသားများ၏ ထောက်ခံသံကြောင့် ရန်ကွမ်းသည် ဆန်းဟွေ့ဟွာကို နောက်တစ်ကြိမ် ပြန်မေးလိုက်၏။
"အခု ခဗျား..ဘာပြောချင်သေးလဲ..."
ဆန်းဟွေ့ဟွာသည် မျက်နှာကို ရှုံ့မဲ့ကာ ပြောလိုက် ၏။
"အေးလေ...နင့်ကို တစ်ခါလောက်တော့ ယုံကြည့်လို က်မယ်.နောက်.၅ ရက်နေလို့ ပိုက်ဆံမရရင် ငါ့ကို ဘ ယ်သူမှ တားလို့မရတော့ဘူးဆိုတာ မှတ်ထားပါ .."
ဆန်းဟွေ့ဟွာ ထွက်သွားပြီးနောက် ဝူရှောင်လျန်းမှာ စိုးရိမ်ပူပန်မှုများဖြင့် ကျန်ရစ်ခဲ့၏။သူမသည် ရန်ကွ မ်းကို ကြည့်ကာ မေးလိုက်သည်။
"ရှောင်ကွမ်း... ၅ ရက်အတွင်း အဲ့လောက်များတဲ့ ပို က်ဆံကို နင် ဘယ်လိုနည်းနဲ့ ရှာမှာလဲဟယ်.."
ရန်ကွမ်းက သူမကို ကြည့်ပြီး နွေးထွေးစွာ ပြုံးကာ ပြန်ဖြေလိုက်၏။
"စိတ်မပူပါနဲ့ မရီးရ..အရင်ကဆိုရင်တော့ ခက်ခဲမှာ ပါ.. ဒါပေမဲ့ အခုတော့ ကျွန်တော့်အတွက် ပိုက်ဆံရှာ ဖို့ဆိုတာက အရမ်းလွယ်ကူသွားပါပြီ.."
ပြောပြီးသည်နှင့် ရန်ကွမ်းက အိမ်ထဲသို့ ဝင်သွားက ာ ခဏအကြာတွင်မူ တံစဉ်တစ်လက်နှင့် ကျောပိုး အိတ်တစ်လုံးကို လွယ်ကာ ပြန်ထွက်လာသည်။ဝူရှေ ာ င်လျန်းက အံ့အားသင့်စွာ မေးလိုက်သည်။
"ဒါ.ဒါ...နင်..ဘာလုပ်မလို့လဲ"
"တောင်ပေါ် ခဏတက်ပြီး တစ်ပတ်လောက် ပတ် ကြည့်မလို့.. ကံကောင်းရင် ဒီနေ့ပဲ ကျွန်တော် ပိုက် ဆံရနိုင်မှာ..မရီးရ..."
ရန်ကွမ်းသည် ကျောပိုးအိတ်ကိုလွယ်ကာ တောင် ခြေသို့ လျှောက်လာလိုက်၏။ အနီးအနားတွင် ကျန် နေသေးသော ရွာသားအချို့မှာ သူ့ကိုကြည့်ပြီး ခေါ င်းခါကာ ရေရွတ်လိုက်ကြသည်။
"လခွမ်း..ဒီကောင်တော့ ဒေါသကြီးလွန်းလို့ ရူးသွား ပြီ ထင်တယ်ဟ..."
သူတို့၏ အမြင်တွင်မူ ယွမ် ငါးသောင်း ဆိုသည့် ပ မာဏမှာ လုံးဝမဖြစ်နိုင်သော ကိန်းဂဏန်းပင် ဖြစ် ၏။တောင်ပေါ်မှ ရှာ၍ရသော တောထွက် ပစ္စည်းမျ ားထဲ၌ အဖိုးတန်ဆုံးဖြစ်သည့် မှိုအမျိုးအစားပင် လျှင် တစ်ကီလိုလျှင် ၅၀ ကျပ်သာ ပေါက်ဈေးရှိသ ည်။
ယွမ် ငါးသောင်း ရဖို့ဆိုလျှင်မူ တန်ချိန်ပေါင်းများစွာ လိုအပ်မည်ဖြစ်ရာ ရွာတွင် ရှာဖွေတာ အတော်ဆုံး သူပင် တစ်နေ့လျှင် ၂ ကီလိုလောက်သာ ရှာနိုင်၏။
သို့သော်လည်း ရန်ကွမ်းကမူ ရွာသားများ၏ ဝေဖန် သံများကို ဂရုမစိုက်ပေ။သူသည် တောင်ဘက်သို့ ဦး တည်ကာ တောနက်ထဲသို့ ဝင်လာခဲ့သည်။သူသည် ငယ်စဉ်ကတည်းက တောထဲတွင် ကျင်လည်ခဲ့သူဖြ စ်သဖြင့် တောင်တန်းများကို လက်ဖဝါးလို သိသူလ ည်း ဖြစ်၏။
သို့သော်လည်း ယခုတစ်ခေါက်တွင်မူ သူသည် ယခ င်ကနှင့် မတူတော့ပေ။
သူ့လက်ထဲတွင် "ရှန်နုန်းကျွယ်" ဟုခေါ်သော လျှို့ဝှ က်ပညာရပ် ရှိနေသည်။ထိုပညာရပ်ကြောင့် သူသည် တောထဲတွင်ရှိသော ရှားပါး ဆေးဖက်ဝင်အပင်များ ကို ရှာဖွေရသည်မှာ ယခင်ကထက်များစွာ လွယ်ကူ နေသည် မဟုတ်ပေလော။
တောနက်ထဲသို့ ရောက်လာသည်နှင့် ရန်ကွမ်း၏ အ ာရုံ ခံစားမှုမှာ ပိုမိုထက်မြက်လာ၏။သူ့ပတ်ဝန်းကျ င်ရှိ အပင်များဆီမှ စွမ်းအင်များကို သူ ခံစားမိနေသ ည်။ရှန်နုန်းကျွယ်၏ စွမ်းအားဖြင့် ရန်ကွမ်းသည် သ ာမန်မျက်စိဖြင့် မမြင်နိုင်သော နေရာမှ အဖိုးတန် ဆေးမြစ်များကို ရှာတွေ့နိုင်တော့မည်မှာ သေချာလှ ၏။
ယခင်ကဆိုလျှင်မူ အသက်နှင့်ရင်းပြီးမှသာ တက် ရောက်နိုင်မည့် အန္တရာယ်များသော ကျောက်ဆောင် များအား ယခုအခါတွင်မူ သူသည် တောင်ဆိတ်တစ် ကောင်ကဲ့သို့ ပေါ့ပါးစွာ တက်နိုင်ခဲ့သည်။
ဤသည်မှာလည်း ယန်ကွမ်း၏ ယုံကြည်မှုကြော င့်ပင်။
နေ့လယ်ချိန်သို့ ရောက်လာသည်နှင့်အမျှ တောင်ပေါ် လေပြေများ ရှိနေသော်လည်း ရန်ကွမ်း၏ ကိုယ်ပေါ် တွင်မူ ချွေးများ စီးကျနေ၏။
ယခု ယန်ကွမ်း ရောက်နေသောနေရာမှာ မတ်စော က်လှသည့် တောင်နှစ်လုံး ဆုံရာကြားဖြစ်နေ၏။ သူ၏ ဘေးနှစ်ဖက်စလုံးတွင် ကိုးဆယ်ဒီဂရီနီးပါး မတ်စောက်သည့် ချောက်ကမ်းပါးကြီးရှိနေသည်။
ရန်ကွမ်းသည် အပေါ်သို့ မော့ကြည့်လိုက်၏။
ထိုအခါ လေထဲတွင် တွဲလွဲခိုနေသော ကျောက်ကြား တစ်ခုဆီသို့ သူ့အကြည့်များ ရောက်သွားပြီးနောက် ခွန်အားအ ပြည့်ဖြင့် စတင်တက်လိုက်သည်။
ရှန်နုန်းကျွယ်လျို့ဝှက် စာအုပ်ထဲတွင်မူ လူသူ အ ရောက်အပေါက်နည်းပြီး သားရဲများပင် မတက်ရော က်နိုင်သော ထိုကဲ့သို့သော နေရာမျိုးသည် အဖိုးတန် ဆေးမြစ်များ၏ ပုန်းခိုရာနေရာ ဖြစ်နေသည် မဟုတ် ပေလော။
မည်သူမျှ မရောက်နိုင်သည့်အတွက် ဤနေရာရှိ ဆေးဖက်ဝင်အပင်များသည် နှစ်ပေါင်းများစွာ ရှိနေ လောက်ပြီး အလွန်အဖိုးတန်သည့် ဆေးစွမ်းထက် မြက်မှုကို ပိုင်ဆိုင်ထားမည်မှာ အသေအချာပင်။
ကျောက်ဆောင်မှာ မတ်စောက်လွန်းလှသဖြင့် သူ တက်ရသည်မှာ အလွန်ပင်ပန်းလှ၏။ရန်ကွမ်းသည် အသက်ကို ဝအောင်ရှူကာ ခွန်အားအကုန်သုံးပြီး အ ပေါ်သို့ ဆက်တက်လိုက်သည်။နောက်ဆုံးတွင်မူ ကျောက်ကြားထဲသို့ သူ့ လက်အား ထိုးသွင်းလိုက် သောအခါ သူ့မျက်လုံးထဲ၌ အနီရောင် အရာတစ်ခု ကို မြင်လိုက်ရ၏။
"ဘုရားရေ...ဒါ... ဒါက.."
ရန်ကွမ်း၏ နှလုံးမှာ ရုတ်တရက် အဆမတန် ခုန် ပေါက်လာခဲ့၏။ကျောက်ကြားထဲတွင် ပေါက်နေသ ည်မှာ အလွန်ရှားပါးလှသော ဆေးမြစ်တစ်ခု ဖြစ် နေသည်အား သူ တွေ့လိုက်ရပေသည်။
အခန်း 4 လင်ဇီးမိူ တွေ့ခြင်း
ရန်ကွမ်းတစ်ယောက် အနီးကပ် သေချာကြည့်လိုက် သည့်အ ခါ ထိုအနီရောင် အရာမှာ သစ်မြစ် အဆွေး ထဲမှာ မြုပ်နေကာ လက်ဝါးအရွယ်အစားခန့် ရှိသည့် ထီးပုံ သဏ္ဌာန် ဖြစ်နေသသည်အား တွေ့လိုက်ရ၏။
"ဘုရားရေ ဒါ ဆေးဖက်ဝင်မှိုပဲ...."
ရန်ကွမ်းမှာ အလွန်အမင်း ဝမ်းသာသွားပြီး "ရှန်းနုန်း ကျွယ်"ဆေးပညာရပ်စာအုပ်ထဲမှ အချက်အလက် တွေက ဆေးဖက်ဝင် ပစ္စည်းကောင်းတွေကို ရှာတွေ့ အောင် သူ့အား တကယ်ပင် ကူညီပေးနိုင်တာပဲဟူ၍ စိတ်ထဲတွင် တွေးလိုက်မိသည်။
ထိုအချိန်မှာပင် ယန်ကွမ်းသည် အန္တရာယ်ကို ဂရုမ စိုက်တော့ဘဲ ဘယ်ဘက်လက်နဲ့ ကျောက်တုံးကို မြဲ မြဲဆုပ်ကိုင်ကာ နောက်တစ်ဖက်နဲ့ ကျောက်ကြားထဲ လက်လျှိုပြီး ထိုလင်ဇီး(မိူ)ကို ဆွဲနုတ်လိုက်၏။
ထိုသို့ ပြုလုပ်လိုက်သည့်အတွက် သူခန္ဓာကိုယ်မှာ အထိန်းအကွပ် လွတ်သွားခဲ့ရသည်။ရန်ကွမ်းလည်း ဘာမှ ထပ်မတွေးနေတော့ဘဲ လင်ဇီးကို ပါးစပ်ထဲ အမြန်ထည့်လိုက်ပြီးမှ ကျောက်တုံးကို အမြန် ပြန်ဖ မ်းဆုပ်လိုက်သည်။
"ဟူး တော်ပါသေးရဲ့ ငါ ပြုတ်ကျတော့မလို့..."
သက်ပြင်းရှည် တစ်ချက်ချလိုက်ပြီးနောက် ယန်ကွမ် းက တောင်အောက်သို့ ဖြည်းဖြည်းချင်း ပြန်ဆင်း လာ၏။
ဤနေရာက ဆယ်မီတာလောက် မြင့်သည့်အတွက် သူသာ ပြုတ်ကျခဲ့လျှင် အရိုးများ ကျိုးကြေ သွားမ ည်မှာ သေချာသလောက်ရှိသည်။ထို့ကြောင့် ရန်ကွမ် း ၏ နှလုံးမှာ ခုန်ပေါက်နေပြီး စိတ်လှုပ်ရှားလွန်း၍ သူ့အဝတ်အ စားတွေတောင် ချွေးများ ရွှဲနစ်သွားခဲ့ရ သည်။
မြေပြင်ပေါ် ပြန်ရောက်သည့်အခါ ယန်ကွမ်းက မော ပန်းသွားသောကြောင့် မြေကြီးပေါ်သို့ အားရ ပါးရ ထိုင်ချလိုက်၏။အသက်ရှူနှုန်းကို သူ ပြန်ထိန်းလိုက် ပြီး စိတ်တည်ညိမ်အောင် လုပ်ကာ သူ ရလာသည့် ဆေးပင်ကို အမြန်ထုတ်ကြည့်လိုက်သည်။
ရှန်းနုန်းကျွယ်ထဲမှာ မှတ်တမ်းတင်ထားသည့် အချ က် အလက်တွေနဲ့ အပေါ်မှ အရစ်တွေကို ပေါင်းစပ် တွက် ချက်ပြီးနောက် ယန်ကွမ်း အော်ပြောလိုက်မိ ၏။
"ဘုရားရေ.. ဒါ အနီရောင် လင်ဇီးပဲ သူ့သက်တမ်းက နှစ် ၆၀ ကျော်တောင် ရှိနေပြီဟ...."
ရန်ကွမ်းက တောရွာမှ ဆေးဆရာတစ်ယောက် ဖြစ် သည့်အလျောက် ဆေးဖက်ဝင် အပင်တွေနှင့် ပတ် သတ်လျှင် အခြေခံဗဟုသုတတော့ ရှိသူတစ်ဦးလ ည်း ဖြစ်ပေသည်။ယခုလို သက်တမ်းရင့် လင်ဇီးမှို မျိုးဆိုသည်မှာ အလွန်ရှားပါးသောကြောင့် စျေးကေ ာင်းကောင်း ရမည်မှာ အသေအချာပင်။
သို့သော်လည်း ၎င်းမှိုအတွက် သူမျှော်မှန်းထားသည့် ၅ ယွမ်ရ၊ မရကိုတော့ သူလည်း အတည်တကျ မ ပြောတတ်ပေ။မည်သို့ပင် ဖြစ်စေ ရန်ကွမ်းတစ်ယော က် စိတ်ကျေနပ်မှုအပြည့် ရှိနေ၏။အချိန်ကလည်း ကျန်သေးသည်မို့ သူ အလျင်စလို မဖြစ်တော့ပေ။ အစပျိုးခြင်းကတင် အောင်မြင်နေပြီ မဟုတ်ပေလေ ာ။
ယန်ကွမ်းက လင်ဇီးမှိုကို သေချာ ဂရုတစိုက် သိမ်း ဆည်းလိုက်ပြီး ပျော်ရွှင်စွာဖြင့် ရွာဘက်သို့ လျှောက် လာခဲသည် ။
ရွာထိပ်က အရိပ်ကောင်းသောနေရာတွင် ရွာသူအ မျိုးသမီးတစ်စု စုထိုင်နေကြပြီး ရန်ကွမ်းကို မြင်သေ ာအခါ စူးစ မ်းသလို ကြည့်လိုက်ကြသည်။ထိုအထဲ မှ အသက် ၄၀ ကျော်အရွယ် အဒေါ်ကြီးနွားက ရန် ကွမ်းအား လှမ်း၍ နောက်ပြောင်လိုက်၏။
"ဟေး ရှောင်ကွမ်း..မင်းကတော့ သိပ်ကို ပျော်နေပါ လား ၅ ယွမ်ရဖို့ နည်းလမ်း ရှာတွေ့သွားပြီလား .."
ရန်ကွမ်းက ရယ်မောရင်း ပြန်ဖြေလိုက်၏။
"အေးဆေးပါ အဒေါ်နွားရ အခုလေးတင် ရလာခဲ့ပြီ လေ ဟဲဟဲ...
ထိုအခါ အမျိုးသမီးများအားလုံး အံ့အားသင့်သွား ပြီး တဟားဟားနှင့် ရယ်မောလိုက်ကြသည်။အဒေါ် နွားဆိုလျှင် ရယ်ရလွန်း၍ ခါးတောင် မဖြောင့်နိုင် တော့ဘဲ လှောင် ပြောင်သလိုလိုနှင့် မေးလိုက်၏။
"ဒီကလေးကတော့ တကယ် လေလုံးကြီးတာပဲ... တောင်ပေါ်တက်တာမှ ဘယ်လောက်ကြာသေးလို့ လဲ..ပိုက်ဆံရပြီတဲ့..ဘာဖြစ်လဲ..ရွှေတုံးကြီးများ ကောက်ရခဲ့လို့လား..."
"ရွှေတုံးတော့ မဟုတ်ပါဘူး အဒေါ်နွားရာ ဒါပေမဲ့ တန်ဖိုးရှိတဲ့အရာပါပဲ..."
ရန်ကွမ်းက ပြုံးစိစိဖြင့်ပင် အိမ်ကို ချက်ချင်းမပြန် တော့ဘဲ သူတို့ရှိရာဆီ လျှောက်သွားလိုက်သည်။ ထိုအမျိုးသမီးများအကြားမှ အသက် ၃၀ ကျော် အ ရွယ် အမျိုးသမီးတစ်ဦးကို ကြည့်ပြီး အကူအညီ တောင်းလိုက်သည်။
"အစ်မတော်ဟယ်ဟွာ အစ်မရဲ့ မောင်လေးက ဆေး ဆိုင်ဖွင့်ထားတာဆိုတော့ ဒီအရာရဲ့ တန်ဖိုးကို တစ် ချက်လောက် စုံစမ်းပေးလို့ ရမလားဗျ...
စကားပြောရင်းနှင့်ပင် ရန်ကွမ်း အနီရောင် လင်ဇီးမှို ကို အိတ်ထဲမှ ထုတ်ပြလိုက်၏။
ဟယ်ဟွာက အံ့အားသင့်စွာ မေးလိုက်မိသည်။
"အိုး... ဒါ ဘာမှိုကြီးလဲ အရောင်က လှလိုက်တာဟ ယ်..."
အဒေါ်နွားမှာ လင်ဇီးမိူကို တစ်ခါမျှ မမြင်ဖူးသည့် အတွက် ထိုအရာကို မြင်လိုက်ရချိန်တွင်မူ အံ့အား သင့်သွားပြီး စကားပင်မပြောနိုင်တော့ပေ။
ဟယ်ဟွာကမူ ဆေးဖက်ဝင်ပစ္စည်းများနှင့် ပတ်သ က်၍ အနည်းငယ် သိရှိသူဖြစ်သည်။ လင်ဇီးမှိုကို မြ င်လိုက်ရသောအခါ ခဏတာ အံ့ဩသွားပြီးနောက် မျက်လုံးများ ပြူးကျယ်သွားကာ မေးလိုက်၏။
"အိုးဘုရားရေ.... ရှောင်ကွမ်း နင်က တော်တာပဲ.. ဒီ လိုအရာမျိုးတွေကိုတောင် ရှာတွေ့နိုင်တာလား"
ရန်ကွမ်းက ရယ်မောရင်း ပြောလိုက်သည်။
"ကံကောင်းလို့ပါ အစ်မရယ်..ကျွန်တော် ပိုက်ဆံလို နေလို့ပါ.. ကျေးဇူးပြုပြီး စုံစမ်းပေးပါဦး"
"ကောင်းပြီလေ..ငါ ဓာတ်ပုံရိုက်ပြီး ပို့ပေးလိုက်မယ် ..."
ဟယ်ဟွာက အိတ်ထဲမှ လက်ကိုင်ဖုန်းကို ထုတ်ယူလို က် ၏။လင်ဇီးမှိုပုံကို ပေးပို့လိုက်ပြီးနောက် သူမ၏ ဝမ်းကွဲမောင်လေးထံ ဖုန်းခေါ်ဆို၍ သေချာကြည့် ပေးရန် မှာလိုက်သည်။
ခုနက ဆူညံနေသည့် အမျိုးသမီးများလည်း ရုန်တရ က် တိတ်ဆိတ်ကုန်၏။အားလုံးက ရန်ကွမ်း၏ လင် ဇီးမိူမှာ စျေး မည်မျှရမည်ဆိုသည်ကိုသာ စိတ်ဝင် တစား စောင့်ကြည့်နေကြသည်။
"မောင့် အရိုင်းပန်း...မောင့် အရိုင်းပန်း.."
ခဏအကြာတွင်မူ ဟယ်ဟွာ၏ ဖုန်းမှ အသံမြည်လ ာ၏။သူမက စပီကာကို ဖွင့်လိုက်သောအခါ ဝမ်း ကွဲမောင်လေး ချန်ကျန်းကော့၏ အသံ ထွက်ပေါ် လာသည်။
"အစ်မ ဒီလင်ဇီးက အခြေအနေကောင်းတယ်.. သ က်တမ်းလည်း ရင့်ပုံရတယ်..အဲ့ဒီ ရှောင်ကွမ်းကို ဒီမှို ဘယ်လောက်နဲ့ ရောင်းဖို့ စိတ်ကူးထားလဲဆိုတာ မေ းကြည့်လိုက်ဦး.."
ရန်ကွမ်းသည် ချန်ကျန်းကော့နှင့် အကြိမ်အနည်းင ယ် တွေ့ဖူးပြီး ဆေးဖက်ဝင် ပစ္စည်းအချို့ကိုလည်း ဝယ်ဖူးသည်။ထိုစကားကို ကြားသောအခါ သူ ခါး သီးစွာ ပြုံးလိုက်ပြီး ဝင်ပြောလိုက်၏။
"အစ်ကိုချန်ရယ်..နောက်မနေပါနဲ့ဗျာ..ကျွန်တော်က ဈေးမသိလို့ အစ်ကို့ဆီ မေးနေရတာ..အစ်ကို့ဖာသာ အမှန်အတိုင်း ပြောလိုက်ပါဗျာ..ဒါက ဘယ်လောက် လောက် ရနိုင်မလဲ"
ချန်ကျန်းကော့က ရှင်းပြလိုက်သည်။
"ညီလေးရေ..မင်းကံက တကယ်ကောင်းတာပဲကွာ ..ဒီလင်ဇီးမှိုက ရှားပါးတာတော့ ဟုတ်တယ်.. ဒါပေ မဲ့ ငါခန့်မှန်းရရင် အများဆုံး ယွမ် သုံးသောင်းလော က်ပဲ တန်မယ်..ဒါတောင် ဒီပစ္စည်းရဲ့ တန်ဖိုးကို နား လည်တဲ့ ဝယ်သူနဲ့ တွေ့မှ ရမှာကွ..."
"အော်..."
ရန်ကွမ်းက စိတ်ပျက်မိသော်လည်း ခေါင်းညိတ်လို က်ပြီး အကူအညီတောင်းလိုက်၏။
"နားလည်ပါပြီ အစ်ကိုချန်.. ကျွန်တော် ပိုက်ဆံ အ ရေးတ ကြီး လိုနေလို့ပါဗျာ..အစ်ကိုကပဲ ဝယ်သူ တ စ်ယောက်လောက် ရှာပေးလို့ ရမလား"
ချန်ကျန်းကော့၏ စရိုက်ကို သူ ယုံကြည်ပေသည်။ လင်ဇီးမိူသည် ဆေးဖက်ဝင်ကောင်းသော်လည်း လူ သေကို ပြန်ရှင်စေသည့် မှော်ဆေးမျိုး မဟုတ်သည့် အတွက် မည်သူမျှ ဈေးကြီးကြီး ပေးဝယ်မည် မဟု တ်ပေ။ယွမ် သုံးသောင်း ရလျှင်ပင် အလွန်ကောင်းမွ န်လှပြီ ဖြစ်သည်။
ချန်ကျန်းကော့က ရန်ကွမ်း ဘာကြောင့် ပိုက်ဆံလို နေ မှန်း မသိသော်လည်း သဘောတူလိုက်၏။
"အေးပါ.. ငါ ရှာကြည့်ပေးပါ့မယ်..မင်း တကယ် ပို က်ဆံ အရေးတကြီး လိုနေရင် မြို့ကို လာခဲ့လိုက် လေ ..လင်ဇီးမှိုကို ငါ့ဆီ အပ်ထားခဲ့. ငါ မင်းကို အ ခုချက်ချင်း ယွမ် တစ်သောင်း ကြိုပေးထားမယ်.."
"ကျေးဇူးတင်လိုက်တာ အစ်ကိုချန်ရာ.."
ရန်ကွမ်းမှာ ဝမ်းသာအားရ ဖြစ်သွားပြီး လင်ဇီးမှိုကို ပြန် လည်သိမ်းဆည်းလိုက်သည်။သူ့ကို ပါးစပ် အ ဟောင်းသားဖြင့် ငေးကြည့်နေသော အမျိုးသမီးမျာ းကို အထူးသဖြင့် အဒေါ်နွားကို ကြည့်ပြီး ယန်ကွမ် းက စနောက် လိုက်၏။
"ဘယ်လိုလဲ.. အခုတော့ ကျွန်တော့်စကားကို ယုံပြီ လား..."
အဒေါ်နွားက အံ့အားသင့်ကာ ပြန်ပြောလိုက်သည်။
"အေးဟယ် ..နင်က တကယ်တော်တာပဲ..ဒါပေမဲ့ လ င်ဇီးမိူဆိုတာ နေရာတိုင်းမှာ ရှိနေတာမှ မဟုတ်တာ န င် နောက်ထပ် ယွမ် နှစ်သောင်း လိုသေးတယ်လေ "
"ကိစ္စမရှိပါဘူး..မနက်ဖြန် တောင်ပေါ်ထပ်တက်ရင် ထပ်ရနိုင်မှာပါဗျာ ..ဟဲဟဲ...
ရန်ကွမ်းက ရယ်မောရင်း အိမ်ဘက်သို့ လှည့်ထွက် လာခဲ့သည်။အမျိုးသမီးများမှာ သူ့ကျောပြင်ကိုသာ ငေးကြည့်ရင်း စကားမပြောနိုင်ဘဲ ဆွံ့အ နေကြသ ည်။
ယခင်က ရန်ကွမ်း၏ လုပ်ရပ်ကို ဟာသလို ထင်ခဲ့ သော်လည်း အမှန်တကယ် တန်ဖိုးရှိသည့်အရာကို ရှာတွေ့သွားလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။ ဤယန်ကွမ်းဆိုသည့် ကောင်လေးက တကယ်ကို ကံကောင်းလွန်းတာပဲဟု သူတို့ တွေးမိလိုက်ကြသ ည်။
ယန်ကွမ်း အိမ်သို့ ပြန်ရောက်သောအခါ မရီးဖြစ်သူ ဝူရှောင်လျန်းက ရန်ကွမ်း၏ ကံကောင်းမှုအပေါ် အံ့ ဩမဆုံး ဖြစ်နေ၏။သို့သော်လည်း သူမ အတွက် တောင်ပေါ်တက်ပြီး ဆေးဖက်ဝင် အပင်များ ရှာပေး သည်ကို သိလိုက်ရသဖြင့် ဝူရှောင်လျန်းမှာ ကျေးဇူး တင်ကာ မေးလိုက်သည်။
"ကျေးဇူးတင်ပါတယ် ရှောင်ကွမ်းရယ်..နင် ဒီလင်ဇီ းမှိုကို ရှာရတာ အရမ်းပင်ပန်းခဲ့မှာပဲ.. ဟုတ်တယ်မ လား.."
ကျောက်ဆောင်ပေါ်ကနေ သူ ပြုတ်ကျမလို ဖြစ်ခဲ့ သည်ကို ပြန်တွေးမိသော်လည်း ရန်ကွမ်းက ပြုံး၍ ပြန်ဖြေလိုက်၏။
"မပင်ပန်းပါဘူး မရီးရ တောင်ပေါ်မှာ ရှာရတာ လွ ယ်ပါတယ်..အချိန်ခဏလေးပဲ ပေးရတာပါဗျာ.."
စကားပြောအပြီး ဝူရှောင်လျန်း၏ ရွှန်းလဲ့နေသော မျက်ဝန်းများကို ကြည့်ကာ ယန်ကွမ်း ဆက်ပြောလို က်၏။
"စိတ်မပူပါနဲ့ မရီးရ ဒီမှိုက ယွမ် သုံးသောင်းလော က် တန်ပါတယ်ကျန်တဲ့ ယွမ် နှစ်သောင်းကိုလည်း မနက်ဖြန် ဒါမှမဟုတ် နောက်နေ့တွေမှာ ကျွန်တော် ရအောင် ရှာမှာပါ မရီးတို့သားအမိ ကျွန်တော့် အိမ် ကနေ ထွက်သွားစရာ မလိုတော့ပါဘူးဗျာ.."
"အွန်း...."
ဝူရှောင်လျန်းမှာ စိတ်လှုပ်ရှားသွားပြီး ခေါင်းကို ငုံ့ချ လိုက်သည်။သူမ၏ ရှက်နေသော အမူအရာကို မြင် သဖြင့် ရန်ကွမ်းက သက်ပြင်းချရင်း ပြောလိုက်၏။
"ဟူး ဒါပေမဲ့လည်း မရီးက ကျွန်တော့်အိမ်မှာ တစ် သက်လုံး နေလို့ မဖြစ်ဘူးလေ. ယာယာ နည်းနည်း ကြီးလာရင်တော့ မရီးလည်း နောက်အိမ်ထောင်ပြု သင့်ပါတယ်..."
ယန်ကွမ်း၏ စကားမှာ လူ့သဘာဝအတိုင်းပင်။
ငယ်ရွယ်သော အမျိုးသမီးတစ်ယောက်အနေဖြင့် မု ဆိုးမအဖြစ် တစ်သက်လုံး နေ၍ မဖြစ်နိုင်ပေ။နော က်ဆုံးတော့ ဒီခြေလှမ်းကို လှမ်းရမည်မှာ အမှန်ပင် မဟုတ်ပေလော။
ဝူရှောင်လျန်းက ထိုစကားကို ကြားသောအခါ ခေါင် းကို ငုံ့ကာ ပြန်ဖြေလိုက်၏။
"အစ်မ ယူမဲ့ လူက ယာယာ့အပေါ် ဆက်ဆံရေး မ ကောင်းမှာ စိုးရိမ်တယ်..အခုတော့ အဲဒီအကြောင်း မပြောပါရစေနဲ့ဦး..နောက်မှပဲ ပြောကြတာပေါ့.."
ထို့နောက် စကားလမ်းကြောင်း လွှဲလိုက်ပြီး ဝူရှောင် လျန်းက မီးဖိုချောင်ဘက်သို့ လှည့်ထွက်လာခဲ့သည် ။
"အော်..မင်း နေ့လယ်စာ မစားရသေးဘူးမလား.. အ စ်မ ဟင်းတွေ ပြန်နွေးလိုက်အူံးမယ်.."
သူမ၏ ကျောပြင်ကို ကြည့်ရင်း ရန်ကွမ်း၏ စိတ်ထဲ တွင်မူ အတွေးများ ရှုပ်ထွေးနေခဲ့၏။
"အား.."
ခဏအကြာတွင်မူ မီးဖိုချောင်ထဲမှ ဝူရှောင်လျန်း၏ အော်သံ ထွက်ပေါ်လာသဖြင့် ရန်ကွမ်းမှာ ချက်ချင်း ပင် ပြေးဝင်လိုက်သည်။မရီး၏ လက်ချောင်းများမှ သွေးများ စီးကျနေသည်ကို မြင်လိုက်ရသောအခါ ရ န်ကွမ်းတစ်ယောက် ဘာမျှ မတွေးတော့ဘဲ သူမ လ က်ကို ဆွဲယူကာ ထိုလက်ချောင်းအား သူ၏ ပါးစပ် ထဲသို့ ချက်ချင်း ငုံစုပ်လိုက်၏။
ဝူရှောင်လျန်းမှာ ရှက်လွန်းသဖြင့် မျက်နှာ တစ်ပြင် လုံး ရဲတွတ်နေပေသည်။