← Chapters

အခန်း (၂၃၇-၂၃၈)

Vol. 24 Ch. 237-238

အခန်း (၂၃၇-၂၃၈)

Vol. 24 Ch. 237-238

အပိုင်း ၂၃၇

၂၁ ရာစုတွင် သတင်းစီးဆင်းမှုနှုန်းမှာ အလင်း၏အလျင်နှင့် မခြားတော့ပေ။ ဖိုရမ်များမှတစ်ဆင့် WeChat ပတ်ဝန်းကျင်နှင့် အခြားသော ဆိုရှယ်မီဒီယာများအထိ ယန်ဒါတက္ကသိုလ်၏ သတင်းမှာ တစ်ခဏအတွင်း တစ်ဟုန်ထိုး ရေပန်းစားသွားခဲ့သည်။

လုံထန်အုပ်စု၏ ဥက္ကဋ္ဌဆိုသည့် ဂုဏ်ပုဒ်တစ်ခုတည်းနှင့်ပင် လူတိုင်း၏ အာရုံစိုက်မှုကို ရရှိရန် လုံလောက်လှသည်။ လုံထန်ဆိုသည်မှာ သာမန်နည်းပညာကုမ္ပဏီတစ်ခု မဟုတ်ဘဲ ကမ္ဘာ့ဇာတ်ခုံပေါ်တွင် တရုတ်နိုင်ငံကိုယ်စားပြု ထိပ်တိုက်ရင်ဆိုင်နိုင်သည့် တစ်ခုတည်းသော စီးပွားရေး ကုမ္ပဏီကြီး ဖြစ်သည်။ ထိုကဲ့သို့သော ကုမ္ပဏီကြီးကို ထိန်းကျောင်းနေသည့် လင်းဖန်သည် ယခင်က မီဒီယာများရှေ့တွင် တစ်ခါမျှ ပေါ်မလာခဲ့ဖူးသော်လည်း ယခုအခါ ယန်ဒါတက္ကသိုလ်တွင် တိုက်ရိုက်ပေါ်ထွက်လာခြင်းမှာ လူအများကို ရူးသွပ်သွားစေလောက်သည့် သတင်းပင် ဖြစ်သည်။

စောစောစီးစီးတွင်ပင် ယန်ကျင်းသတင်းဌာန၏ အထူးသတင်းထောက်ဖြစ်သူ ရွှီရှီလင်သည် အိပ်မောကျနေစဉ် ဖုန်းမြည်သံကြောင့် နိုးလာခဲ့သည်။

"ခင်ဗျား... တစ်ခုခု အရေးကြီးတာ မဟုတ်လို့ကတော့ ကျုပ်ခင်ဗျားကို သတ်ပြီသာမှတ်"

ဆယ်ရက်ဆက်တိုက် အချိန်ပိုဆင်းထားရသဖြင့် စိတ်တိုနေသော ရွှီရှီလင်က ဖုန်းကို ကိုင်ကာ အော်လိုက်သည်။

သို့သော် ဖုန်းတစ်ဖက်မှ အယ်ဒီတာချုပ်၏ တက်ကြွလှသော အသံ ထွက်ပေါ်လာသည်။

"မင်းက ယန်ဒါကျောင်းဆင်း မဟုတ်လား"

"ဟုတ်ကဲ့... ဘာဖြစ်လို့လဲခင်ဗျာ"

"မြန်မြန်ထတော့..လုံထန်အုပ်စုရဲ့ ဥက္ကဋ္ဌ လင်းဖန်က မင်းတို့ ယန်ဒါက ကျောင်းသားပဲ။ သူ အခု ကျောင်းကို ပြန်ရောက်နေပြီ။ အဲ့ဒီသတင်းကို အမြန်ဆုံး သွားယူချေ"

"ဘာ လုံထန်ဥက္ကဋ္ဌက ယန်ဒါကျောင်းသား ဟုတ်လား"

ဖုန်းချသွားသည်နှင့် ရွှီရှီလင်သည် တွေဝေမနေဘဲ အဝတ်အစားများကို ကပျာကယာ လဲကာ ကင်မရာကို ဆွဲပြီး ကျောင်းသို့ အပြေးအလွှား သွားတော့သည်။ သတင်းထောက်လောကတွင် သတင်းဦးရရှိခြင်းမှာ ဝင်ငွေပင် ဖြစ်သည်။

အကယ်၍ ဤသတင်းကြီးကိုသာ သူ ရယူနိုင်ခဲ့လျှင် တစ်နှစ်ပတ်လုံးအတွက် ဝင်ငွေပူစရာ လိုတော့မည်မဟုတ်ပေ။

ရွှီရှီလင် တစ်ယောက်တည်းသာမကဘဲ ပေကျင်းရှိ မီဒီယာသမားအားလုံးမှာလည်း ယန်ဒါတက္ကသိုလ်သို့ ဦးတည်ကာ ပြိုင်တူ ချီတက်နေကြပြီ ဖြစ်သည်။ ကမ္ဘာ့နည်းပညာလောကကို ပြောင်းလဲနိုင်သူ၊ အားနည်းနေသော ဖုန်းကုမ္ပဏီဟောင်းကြီးကို ကမ္ဘာ့ထိပ်တန်းဖြစ်အောင် လုပ်နိုင်ခဲ့သူမှာ လူငယ်ကျောင်းသားတစ်ဦး ဖြစ်နေသည်ဟူသော အချက်မှာ တစ်ကမ္ဘာလုံးကို တုန်လှုပ်စေရန် လုံလောက်လှသည်။

ဇာတ်လိုက်ဖြစ်သူ လင်းဖန် ကမူ အပြင်လောကတွင် မည်မျှ ရုတ်ရုတ်သဲသဲ ဖြစ်နေသည်ကို မသိဘဲ ပါမောက္ခချုပ် လီဟဲနျန်နှင့်အတူ ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုနေသည်။

စင်စစ်တွင် သူသည် ဤကျောင်းဝင်းအတွင်းကို စနစ်တကျ လှည့်ကြည့်ဖူးခြင်းမှာ ယခုက ပထမဆုံးပင်။

"ကျောင်းသား လင်းဖန်... ငါ့မှာ မင်းကို အကူအညီတောင်းချင်တဲ့ ကိစ္စတစ်ခု ရှိတယ်"

ပါမောက္ခချုပ်က ဆိုလာသည်။

"ဆရာကြီး ပြောပါ၊ ကျွန်တော် တတ်နိုင်တဲ့ ကိစ္စဆိုရင် ဘယ်တော့မှ ငြင်းမှာ မဟုတ်ပါဘူး"

လင်းဖန် က တလေးတစား ပြန်ပြောလိုက်သည်။

"အေး... မနက်ဖြန်မှာ ကျောင်းသားသစ်တွေအတွက် မောင်မယ်သစ်လွင် ကြိုဆိုပွဲ ရှိတယ်။ အဲ့ဒီပွဲမှာ မင်း စင်ပေါ်တက်ပြီး မင်းရဲ့ ညီငယ်၊ ညီမငယ်တွေအတွက် လမ်းပြစကားလေး တစ်ခွန်းလောက် ပြောပေးစေချင်တယ်"

လီဟဲနျန်က မျှော်လင့်တကြီး မေးလိုက်သည်။

လင်းဖန် သည် ယခုအခါ ကမ္ဘာ့အဆင့် လုပ်ငန်းရှင်ကြီး ဖြစ်နေသဖြင့် သူ့ကို ဖိတ်ကြားရန်မှာ မလွယ်ကူပေ။ သို့သော် မိခင်တက္ကသိုလ်ဖြစ်သဖြင့် ဤအခွင့်အရေးကိုယန်ဒါက လက်လွတ်မခံချင်ပေ။

"ဟုတ်ကဲ့... ကောင်းပါပြီ"

လင်းဖန် ခေတ္တစဉ်းစားပြီးနောက် ခေါင်းညိတ်သဘောတူလိုက်သည်။ သူ၏ အထောက်အထား ပေါ်သွားပြီဖြစ်ရာ ပို၍ ထင်ပေါ်သွားခြင်းမှာ သူ့အတွက် ပြဿနာ မဟုတ်တော့ပေ။ ယန်ဒါခန်းမဆောင်ကြီးတွင် မိန့်ခွန်းပြောရခြင်းမှာလည်း အလွန်တရာ ဂုဏ်ယူစရာကောင်းသော အလုပ်ပင် ဖြစ်သည်။

"ကောင်းပြီ အဲ့ဒါဆို ငါ ချက်ချင်း စီစဉ်ခိုင်းလိုက်မယ်"

ပါမောက္ခချုပ်က ဝမ်းသာအားရ ဆိုသည်။

ပါမောက္ခချုပ် ပြန်သွားပြီးနောက် မိုရှင်းယာက သူမ၏ ဖုန်းကို လင်းဖန် ရှေ့သို့ ထိုးပေးကာ ပြုံးစိစိဖြင့် ပြောလိုက်သည်။

"သူဌေး... အခုတော့ သူဌေးက တစ်နိုင်ငံလုံးမှာ အကျော်ကြားဆုံးလူ ဖြစ်နေပြီနော်"

ဖုန်းမျက်နှာပြင်ပေါ်တွင် လင်းဖန် နှင့် ပတ်သက်သော သတင်းများမှာ အင်တာနက် စာမျက်နှာတိုင်း၏ ခေါင်းကြီးပိုင်းများကို နေရာယူထားသည်။

"ဒါက ဘာတွေလဲ"

လင်းဖန် က ခေါင်းစဉ်တစ်ခုကို ကြည့်ရင်း အံ့ဩသွားသည်။

《လုံထန်အုပ်စု ဥက္ကဋ္ဌက ကမ္ဘာကြီးကို မုန်တိုင်းဆင်တော့မည်!》

အမှန်ပင် လူမှာ နာမည်ကြီးလျှင် အန္တရာယ်ရှိသကဲ့သို့ ဝက်မှာ ဆူလျှင် သတ်ဖြတ်ခံရတတ်သည်ဟူသော စကားမှာ အမှန်ပင်။ သူ ကျောင်းသို့ ပြန်လာသည်မှာ မကြာသေးသော်လည်း ကျောင်းတွင်းဖိုရမ်သာမက တစ်နိုင်ငံလုံး၏ သတင်းခေါင်းစဉ်များမှာ သူ၏အကြောင်းများဖြင့် ပြည့်နှက်နေသည်။

"သူဌေး... အခု သတင်းထောက်တွေ အများကြီး ယန်ဒါကို ရောက်နေကြပြီ။ မနက်ဖြန် မိန့်ခွန်းပြောတဲ့အခါ ပိုပြီးတော့တောင် ဆူညံသွားဦးမှာပဲ။ ဒီနေ့ကစပြီး သူဌေးက လုံထန်ရဲ့ မျက်နှာစာအဖြစ် ကမ္ဘာရှေ့ကို တရားဝင် ထွက်လာရတော့မှာပါ"

မိုရှင်းယာက လေးနက်စွာ ဆိုလိုက်သည်။

ကျော်ကြားလာခြင်းသည် ဂုဏ်ကျက်သရေကို ခံစားရရုံသာမကဘဲ တစ်ဖက်တွင်လည်း လျှို့ဝှက်ရန်သူများ၏ တိုက်ခိုက်မှုများကို ရင်ဆိုင်ရတော့မည် ဖြစ်ရာ လင်းဖန် အနေဖြင့် နောင်တွင် ပို၍ သတိထားနေထိုင်ရတော့မည် ဖြစ်လေသည်။

.....................................................

အပိုင်း ၂၃၈

"သူဌေး... အရင်ပြန်နားချင်လားဟင် ကျောင်းသားသစ်မောင်မယ်သစ်လွင်ပွဲက ညနေမှ စမှာဆိုတော့"

"မပြန်တော့ပါဘူး၊ ဒီမှာပဲ စောင့်လိုက်တော့မယ်"

လင်းဖန်က ခေါင်းခါရင်း တည်ငြိမ်စွာ ဆိုသည်။

"အခု ငါ့အထောက်အထားက လူသိရှင်ကြား ဖြစ်သွားပြီဆိုတော့ အပြင်ထွက်ပြီးမှ ပြန်ဝင်လာရင် သတင်းထောက်တွေ ဝိုင်းအုံတာ ခံရလိမ့်မယ်။ ကျောင်းထဲမှာပဲ နေတာ အေးဆေးပါတယ်"

"မင်းလည်း ငါ့ဘေးမှာ အဖော်လုပ်မနေပါနဲ့တော့၊ အရင်ပြန်နှင့်တော့"

"ဟုတ်ကဲ့ပါ"

မိုရှင်းယာက ခေါင်းညိတ်ပြပြီး ကျောင်းဝင်းထဲမှ ထွက်ခွာသွားသည်။ စင်စစ်တွင် လင်းဖန်၏ ဘေးပတ်ပတ်လည်၌ သက်တော်စောင့်အဖွဲ့က ၂၄ နာရီပတ်လုံး လုံခြုံရေးယူထားပြီးဖြစ်ရာ သူမအနေဖြင့် စိုးရိမ်စရာ မရှိပေ။

မိုရှင်းယာ ထွက်သွားပြီးနောက် လင်းဖန်သည် သူ၏ အဆောင်ဟောင်းရှိရာသို့ တစ်ဦးတည်း လျှောက်လာခဲ့သည်။

ကျောင်းစတက်ကတည်းက သူ ဤအဆောင်တွင် နေခဲ့သည်မှာ တစ်ရက်ပင် မပြည့်သော်လည်း၊ "သေနတ်အတူတူကိုင်၊ ကျောင်းအတူတူတက်၊ စည်းစိမ်အတူတူခံ" ဆိုသည့်အတိုင်း သူငယ်ချင်းများထံ သွားရောက်နှုတ်ဆက်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

အဆောင်အမှတ် ၁၀၇ အတွင်း၌ ချန်စီအန်း၊ ဖန်ချန်းကျင်း နှင့် ကျန်ချန်းတို့သည် ဆွံ့အလျက် ရှိနေကြသည်။

သူတို့နှင့် တစ်တန်းတည်းသား၊ တစ်ဆောင်တည်းသားဖြစ်သည့် လင်းဖန်မှာ ကမ္ဘာကျော် ကုမ္ပဏီကြီး၏ ပိုင်ရှင်၊ ပိုင်ဆိုင်မှု ယွမ် ထရီလီယံချီရှိသည့် နိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်နေသည်မှာ ယုံနိုင်စရာ မရှိပေ။

"လင်းဖန်က ဒီလောက်ထိ တော်လိမ့်မယ်လို့ တကယ်မထင်ထားဘူး"

ချန်စီအန်းက ပထမဆုံး စကားဆိုသည်။

"မရတော့ဘူး... သူပြန်လာရင်တော့ ဒီသူဌေးကြီးကို အကြီးအကျယ် နှိပ်စက်ပြီး ကျွေးခိုင်းရမယ်"

"ဟုတ်တယ်... အနည်းဆုံးတော့ လမ်းဘေးက အကင်ဆိုင်မှာ ဝအောင် ကျွေးခိုင်းရမယ်"

ဖန်ချန်းကျင်းကလည်း ကြုံးဝါးလိုက်သည်။

"လမ်းဘေးဆိုင်က ဘယ်လောက်တန်မှာမို့လို့လဲ တန်မိသားစု စားသောက်ဆိုင်သွားကြရင်ကော ဘယ်လိုလဲ"

ရုတ်တရက် အခန်းဝမှ ထွက်ပေါ်လာသည့် အသံကြောင့် အားလုံး တုန်လှုပ်သွားကြသည်။

လင်းဖန်သည် ပြုံးလျက် အခန်းထဲသို့ လမ်းလျှောက်ဝင်လာ၏။

"ဟို... လင်းဖန်... မင်းက တကယ်ပဲ လုံန်ရဲ့ ဥက္ကဋ္ဌလား"

ချန်စီအန်းက မဝံ့မရဲ မေးလိုက်သည်။

"အဟမ်း ငါ့ကိုတောင် မမှတ်မိကြတော့ဘူးလား"

လင်းဖန်က ရယ်မောရင်း ဆိုသည်။

"စားချင်တာသာ ပြောကြပါ၊ ဒီနေ့ အမေရိကအထိ သွားစားချင်တယ်ဆိုရင်တောင် ငါ လိုက်ပို့ပေးမယ်"

"ခဏနေဦး နိုင်ငံရဲ့ အချမ်းသာဆုံး သူဌေးကြီးနဲ့ ဓာတ်ပုံအရင်ရိုက်ပြီး WeChat မှာ ကြွားလိုက်ဦးမယ်"

ကျန်ချန်းက အူယားဖားယားဖြင့် ဖုန်းထုတ်ကာ လင်းဖန်ဘေးသို့ ပြေးကပ်ပြီး "V" ပုံစံ လက်ချောင်းလေးထောင်ကာ ဓာတ်ပုံရိုက်တော့သည်။

ဘေးအဆောင်မှ ကျောင်းသားများပါ သတင်းကြား၍ စုပြုံရောက်ရှိလာကြရာ လင်းဖန်မှာ အချိန်အတော်ကြာ ဓာတ်ပုံအရိုက်ခံလိုက်ရလေသည်။

မွန်းတည့်ချိန်တွင် သူတို့သူငယ်ချင်းတစ်စုသည် ယန်ကျင်း၏ အထင်ကရ "တန်မိသားစု စားသောက်ဆိုင်" သို့ သွားရောက်ခဲ့ကြသည်။

လင်းဖန်သည် သူ၏ အဆင့်အတန်းကြောင့် သူငယ်ချင်းများအပေါ် ပြောင်းလဲသွားခြင်း မရှိဘဲ ကျောင်းသားဘဝ အမှတ်တရများကို ပျော်ပျော်ပါးပါး ပြောဆိုရင်း အချိန်ကုန်လွန်စေခဲ့သည်။

ညနေ ၂ နာရီအချိန်တွင် လင်းဖန်သည် ကျောင်းခန်းမဆောင်သို့ ရောက်ရှိလာသည်။ ထိုနေရာတွင် ပါမောက္ခချုပ် လီဟဲနျန်နှင့် ဆရာကြီးများက စောင့်ကြိုနေကြသည်။

"ကျောင်းသား လင်းဖန်... တစ်ခုတော့ တောင်းပန်ရမယ်။ မင်းရဲ့ မိန့်ခွန်းကို နားထောင်ချင်တဲ့ ကျောင်းသားတွေက ကျောင်းသားသစ်တွေတင် မကဘဲ စီနီယာတွေ၊ မဟာတန်းနဲ့ ဒေါက်တာဘွဲ့တက်နေတဲ့သူတွေပါ အကုန်ရောက်နေကြလို့ ခန်းမထဲမှာ ဆံ့မှာမဟုတ်တော့ဘူး။ ဒါကြောင့် ငါတို့ အားကစားကွင်းကြီးထဲကို ပြောင်းလိုက်ရတယ်"

ပါမောက္ခချုပ်က ဆိုသည်။

"ရပါတယ် ဆရာကြီး၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် အတူတူပါပဲ"

သူတို့အဖွဲ့ အားကစားကွင်းထဲသို့ လှမ်းဝင်လိုက်သည်နှင့် ကွင်းတစ်ခုလုံး ပြည့်နှက်နေသည့် ကျောင်းသားထောင်ပေါင်းများစွာက မတ်တပ်ရပ်ကာ တစ်ခဲနက် လက်ခုပ်တီး၍ ကြိုဆိုကြတော့သည်။ အော်ဟစ်အားပေးသံများမှာ ကျောင်းဝန်းတစ်ခုလုံးကို တုန်ဟည်းသွားစေသည်။

သတင်းထောက်များ၏ ကင်မရာများမှာလည်း လင်းဖန်ထံသို့ ဝိုင်းအုံကျရောက်လာသည်။ လုံထန်အုပ်စု၏ အခြားအကြီးအကဲများဖြစ်သည့် ကျန်းဖန်နှင့် ယွီလဲ့တို့မှာ လူသိများပြီးသားဖြစ်သော်လည်း၊ ကုမ္ပဏီ၏ အချုပ်အခြာအာဏာပိုင်ရှင် လင်းဖန် မှာမူ ယနေ့မှသာ ပထမဆုံးအကြိမ် လူအများရှေ့သို့ တရားဝင် ထွက်ပေါ်လာခြင်း ဖြစ်ပေတော့သည်။

...........................................

All Chapters