အခန်း (၅-၆)
Vol. 1 Ch. 5-6
အခန်း 5 လည်ပင်းနီမြွေ
အမှတ်မထင် စိတ်လွတ်သွားသောအချိန်တွင် ယန် ကွမ်းသည် မရီးဖြစ်သူအား ရုတ်တရက် ဖက်မိသွား ၏။
ဝူရှောင်လျန်းသည်လည်း သူမ စိတ်ကို ထိန်းချုပ်မ ရ ဖြ စ်သွားမှန်း သတိပြုမိသွားသဖြင့် အမြန်ပင် ရုန် းထွက်ကာ ယန်ကွမ်း ပါးစပ်ထဲမှ သူမလက်အား ပြ န်ရုပ်လိုက်ရသည်။
မျက်နှာတစ်ခုလုံး ထူပူသွားသလို ခံစားလိုက်ရသော ဝူရှောင်လျန်းသည် ယန်ကွမ်းကို မကြည့်ရဲတော့ဘဲ အောက်သို့ ထိုင်ချလိုက်ကာ မီးဖိုထဲသို့ ထင်းများ ဆ က်ထည့်နေ၏။ယန်ကွမ်းလည်း အနည်းငယ် တုန်လှု ပ်သွားရသည်။မရီးဖြစ်သူ၏ နူးညံ့သော ခန္ဓာကိုယ် ကို ဖက်ထားလိုက်ရသည့် ခံစားချက်က အလွန်ပင် ကောင်းမွန်လှ၏။
သို့သော်လည်း မရီးဖြစ်သူမှာ ရှက်ရွံ့နေမှန်း သူသိ လိုက်သဖြင့် စကားလွဲကာ ပြောလိုက်သည်။
“မရီး..ညစာစားပြီးရင် လင်ဇီးမိူကို အကိုချန်ဆီ ကျွ န်တော် သွားပို့လိုက်ဦးမယ်.. ကြာသွားရင် မရီးစိတ် ပူမှာစိုးလို့ပါ...”
“အင်း..အင်း နင် သွားတဲ့အခါ သတိလည်း ထားသွာ းအုံးနော်.."
ဝူရှောင်လျန်းသည် နားရွက်ဘေးမှ ဆံပင်စများကို သပ်တင်လိုက်ပြီးနောက် ဆက်ပြောလိုက်၏။
“ဒါနဲ့... မနက်ဖြန်ကျရင် ငါလည်း နင်နဲ့အတူ တောင်
ပေါ်လိုက်ခဲ့မယ်လေ အတူတူသွားကြတာပေါ့”
ယန်ကွမ်းက အံအားသင့်ကာ အမြန်မေးလိုက်သည်။
“ဟင်..ဘာဖြစ်လို့လဲ...”
ဝူရှောင်လျန်းက ရှင်းပြလိုက်၏။
“ဒါတွေအားလုံးက ကျွန်မကြောင့် ဖြစ်ရတာလေ .. နင်တစ်ယောက်တည်း တောင်ပေါ်မှာ အန္တရာယ်ခံပြီး သွားနေတာကို ကျွန်မ မကြည့်ရက်ဘူး..ကျွန်မလည် း တစ်ထောင့်တစ်နေရာက ကူညီပေးသင့်တာပေါ့”
“မလိုပါဘူး မရီးရာ.. ကျွန်တော်တို့က မိသားစုတွေ ပဲဟာကို . .."
ယန်ကွမ်း ပြုံးကာ ဆက်ပြောလိုက်၏။
“ပြီးတော့ မရီး လိုက်လာရင် ကလေးကို ဘယ်သူ ကြည့်မှာလဲဗျ..”
“ကိစ္စမရှိပါဘူး.. ယာယာက ဗိုက်ဝရင် မငိုပါဘူး.. ဘေးအိမ်က အဒေါ်ဝူကို ခဏကြည့်ပေးဖို့ ပြောထား လိုက်မယ်.."
မရီးဖြစ်သူ၏ မျက်လုံးများထဲတွင် ခိုင်မာသော ဆုံး ဖြတ်ချက်များ ရှိနေသဖြင့် ယန်ကွမ်းလည်း ငြင်းဆ န် မရတော့ဘဲ သဘောတူလိုက်ရသည်။
နေ့လယ်ပိုင်းတွင် ယန်ကွမ်းသည် လင်ဇီးမိူကို ယူ၍ ၅ ကီလိုမီတာဝေးသော ချီရှန်းမြို့ပေါ်သို့ သွားရော က်ခဲ့ပြီး ညနေပိုင်းတွင် ယွမ် သုံးသောင်း ကိုင်ဆော င်ကာ ရွာသို့ ပျော်ရွှင်စွာ ပြန်ရောက်လာ၏။
ညတစ်ညတာတွင် ထူးခြားသည်ဟု ဆိုစရာမရှိဘဲ ဖြတ်သန်းခဲ့ကြပြီး နောက်တစ်ရက် မနက်ခင်းတွင်မူ နေရောင်ခြည် အနည်းငယ် ပေါ်ထွက်လာသည်နှင့် နှစ်ဦးသား ရွာမှ ထွက်ခွာကာ တောင်ပေါ်သို့ ထပ်မံ၍ တက်လာခဲ့ကြသည်။
ယန်ကွမ်းတစ်ယောက် အဖိုးတန် လင်ဇီးမိူကို ရှာ တွေ့ပြီး ယွမ် သုံးသောင်း ရရှိသွားသည့် သတင်းသ ည် ရွာတစ်ရွာလုံးသို့ ပျံ့နှံ့သွား၏။ယနေ့တွင်လည်း သူတို့ နှစ်ဦး တောင်ပေါ်သို့ အတူတူ တက်သွားသည် ကို မြင်လိုက်ရသောအခါ ရွာသူရွာသားများမှာ သူ တို့အကြောင်းအား နောက်ကွယ်မှ ကဲ့ရဲ့ပြောဆိုနေ ကြသည်။
ရွာသားအများစုက ယန်ကွမ်းသည် မနေ့က ကံကော င်းသွားရုံသာဖြစ်ပြီး ယနေ့တွင်လည်း ထိုသို့ ကံကေ ာင်းနိုင်စရာမရှိဟု တွေးထင်ကာ သူတို့၏ အရှက် ကွဲမှုကို စောင့်ကြည့်ရန် ပြင်ဆင်နေကြ၏။
ဝူရှောင်လျန်းကိုယ်တိုင်ပင် ယုံကြည်မှု အနည်းငယ် သာ ရှိသဖြင့် လမ်းလျှောက်နေရင်းဖြင့် စိတ်ထဲတွင် သူမလည်း ယန်ကွမ်းလိုမျိုး ကံကောင်းပြီး လင်ဇီး ကဲ့သို့သော အရာမျိုး ရှာတွေ့ကာ ငွေကြေးပြဿနာ ကို ဖြေရှင်းနိုင်ပါစေဟုသာ ဆုတောင်းနေမိသည်။
နှစ်ဦးသား ဘေးချင်းယှဉ်၍ လျှောက်လာစဉ် ယန် ကွမ်းကမူ အိမ်သို့ အမြန်ပြန်ချင်နေ၏။အကြောင်း ရင်းမှာ ယာယာတစ်ယောက် သူ့အမေကို လွမ်းပြီး ငိုနေမည်ကို စိုးရိမ်နေမိသောကြောင့်ဖြစ်သည်။
ထိုအကြောင်းကို တွေးမိတိုင်း သူ့စိတ်ထဲတွင် မချိမ ဆံ့ ဖြစ်နေမိ၏။
ထို့ကြောင့် သူသည် အဖိုးတန်ဆေးမြစ်များ ရှိနိုင်သ ည့် နေရာများကို မျက်စိတစ်ဆုံး လိုက်လံရှာဖွေရင်း တန်ဖိုးရှိသည့် ဆေးပင်အချို့အား အမြန်ဆုံး တွေ့ ရှိနိုင်ဖို့ကိုသာ မျှော်လင့်နေမိသည်။
ထိုသို့ တွေးတောနေစဉ်မှာပင် မလှမ်းမကမ်း၌ သ စ်ပင်ကြီး အချို့ကို ယန်ကွမ်း ရုတ်တရက် မြင်လိုက် ရ၏။ထိုသစ်ပင်တို့၏ အကိုင်းအခက်များမှာ တိမ် တိုက်များကဲ့သို့ သိပ်သည်းလွန်းသဖြင့် နေရောင်ခြ ည်ကိုပင် ဖုံးကွယ်ထားသလို ဖြစ်နေသည်။
သစ်ပင်အောက်တွင်မူ အရိပ်ကြိုက်သည့် ဆေးပင် များ ပေါက်ရောက်နိုင်မည်ဟု ယန်ကွမ်း တွေးမိလို က်ပြီး ထိုနေရာဆီသို့ လျှောက်လာလိုက်၏။နီးကပ် သွားသောအခါ သူသည် အမှန်တကယ်ပင် အဝါဖျေ ာ့ရောင်ရှိသည့် ပါးလွှာသော အကိုင်းအခက် အချို့ အား တွေ့လိုက်ရသည်။
ဝူရှောင်လျန်းက နောက်မှ လိုက်လာရင်း စပ်စုစွာ မေ းလိုက်၏။
“ရှောင်ကွမ်း ဒါက ဘာလဲဟင်..”
ယန်ကွမ်း၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ပြ ည့်နေကာ သူမကို လှည့်ကြည့်ရင်း ပြန်ဖြေလိုက်သ ည်။
“မရီး ဒါက ဂတ်စ်ထရိုဒီးယား အီလာတာလို့ ခေါ်တဲ့ ကန့်ချုပ်နီဆေးမြစ်လေ... ဒီနေရာမှာ ဒီလိုအပင်မျိုး ရှိနေမယ်လို့ ကျွန်တော် လုံးဝ မထင်ထားမိဘူး...”
တောရိုင်း ကန့်ချုပ်နီဆေးမြစ်မှာ အလွန်ရှားပါးပြီး စျေးကွက်ထဲတွင် ဝယ်ယူရန်ပင် မဖြစ်နိုင်လောက် ပေ။တောင်ပေါ်သို့ တောထွက်ပစ္စည်းများ ရှာဖွေသူ များထဲတွင်လည်း ထိုအပင်မျိုးကို မြင်ဖူးသူ မရှိသ လောက်ဖြစ်ပြီး လူအများစုမှာလည်း ၎င်းအား သေ ချာ မသိကြပေ။
သို့သော်လည်း ယန်ကွမ်းကမူ 'ရှန်နုန်းကျွယ်' ဆေး ပညာစာအုပ်ထဲတွင် တွေ့ခဲ့ဖူးသောကြောင့် တစ်ချ က်ကြည့်လိုက်သည်နှင့် သူက ချက်ချင်း မှတ်မိသွား ခြင်းဖြစ်သည်။
ကန့်ချုပ်နီဆေးမြစ်ပင် တစ်ပိဿာကို ရာဂဏန်းအ ထိ ရောင်းရတတ်ပြီး တောရိုင်းမျိုးမှာမူ ဈေး ပိုကြီး လောက်၏။ထို့ကြောင့် ယန်ကွမ်းက အလွန်စိတ်လှုပ် ရှားသွားပြီး ထိုနေရာသို့ အမြန်ပြေးသွားလိုက်သည် ။
"အား.."
ထိုသို့ သူက အလျင်စလို ပြေးသွားမှုကြောင့် မြက် ခင်းထဲရှိ အရာများကို လှုပ်မိသလို ဖြစ်သွားခဲ့၏။ ယန်ကွမ်းက သစ်ပင်အောက်သို့ ရောက်သည်နှင့် နေ ာက်ကျောဘက်မှ ဝူရှောင်လျန်း၏ အော်သံကို ကြ ားလိုက်ရသည်။
ယန်ကွမ်းက ခေါင်းလှည့်ကြည့်လိုက်သောအခါ ဝူ ရှောင်လျန်း၏ လှပသောမျက်နှာလေးမှာ ဖြူဖျော့ နေသည်ကို သူ မြင်လိုက်ရ၏။ယန်ကွမ်းလည်း ထိ တ်လန့်ကာ အမြန်ပင် မေးမြန်းလိုက်သည်။
“မရီး... ဘာဖြစ်တာလဲ...”
ဝူရှောင်လျန်းက တုန်ယင်စွာ ပြန်ပြောလိုက်၏။
“အစ် အစ်မကို...မြွေ... မြွေကိုက်သွားတယ်”
ယန်ကွမ်းတစ်ယောက် တုန်လှုပ်ချောက်ချားသွားပြီး အမြန်ပြန်ပြေးလာကာ ကြည့်လိုက်သောအခါ သူမ ၏ ခြေ ထောက်တွင် သွေးများ စီးကျနေပြီး သွေးနီ ရောင် အစက်နှစ်စက် စွန်းထင်းနေသည်ကိုလည်း တွေ့လိုက်ရသည်။
မရီးဖြစ်သူ၏ အခြေအနေက ဆိုးရွားနေပြီဖြစ်ကြေ ာင်း သိလိုက်ရသဖြင့် ယန်ကွမ်းလည်း ခေါင်းလှည့် ပြီး ပတ် ဝန်းကျင်ကို ကြည့်လိုက်ရာ သူမကို ကိုက် သွားသည့် မြွေအား တွေ့လိုက်ရ၏။၎င်းမှာ ဒေသအ ခေါ် 'လည်ပင်းနီမြွေအမျိုးအစား ဖြစ်နေသည်။
ထို့ကြောင့် ယန်ကွမ်းလည်း ကိုင်ထားသည့် ပုဆိန်ဖြ င့် မြွေခေါင်းကို ချက်ချင်း ခုတ်လိုက်ပြီးနောက် တစ် ဖက်သို့ လှည့်ကာ အော်ပြောလိုက်၏။
“မရီး... ဘောင်းဘီ မြန်မြန်ချွတ်လိုက်. .မြန်မြန် ..ဒီ မြွေက အဆိပ် အရမ်းပြင်းတယ်ဗျ..”
“ဘာ...”
ထိုစကားကို ကြားသောအခါ ဝူရှောင်လျန်းသည်လ ည်း ပို၍ပင် ထိတ်လန့်သွားပြီး တွေဝေနေရင်းမှ ခါး စည်းကြိုးကို ချက်ခြင်း ဖြုတ်လိုက်၏။
သူမသည် အပြင်ဘောင်းဘီကို ချွတ်လိုက်ရာ အတွ င်းခံဘောင်းဘီတိုလေး ပေါ်လာပြီး အချိုးအစားကျ လှသော ဖြူဖွေးသည့် ပေါင်တံများမှာ အပြင်ဘက် သို့ ပေါ်ထွက်လာပေသည်။
မရီးဖြစ်သူကို ထိုပုံစံမျိုးဖြင့် တစ်ခါမျှ မမြင်ဖူးသ ည့် ယန်ကွမ်းမှာ ချက်ချင်းပင် ငေးကြည့်မိ၏။
သို့သော်လည်း သူမ မြွေကိုက်ခံထားရသည်ကို သ တိရလိုက်သဖြင့် ယန်ကွမ်းမှာ ဆက်ကြည့်မနေရဲ တော့ဘဲ အမြန်ပင် ထိုင်ချလိုက်ကာ ဒဏ်ရာကို စစ် ဆေးကြည့်လိုက်သည်။
မရီးဖြစ်သူ၏ ပေါင်အတွင်းဘက်ရှိ အပေါက်ငယ် နှစ်ပေါက်မှ အနက်ရောင်သွေးများ အဆက်မပြတ် စီးကျနေ၏။ယန်ကွမ်းတစ်ယောက် ရုတ်တရက် စိုး ရိမ်စိတ်များ ဝင်လာကာ ပြောလိုက်သည်။
."မရီး.. မြက်ခင်းပေါ်မှာ လှဲပေးပါလား..ကျွန်တော် အ ဆိပ်တွေကို စုပ်ထုတ်ပေးရမှာ..မဟုတ်ရင် အခြေ အနေ ပိုဆိုးသွားလိမ့်မယ်ဗျ..”
ဝူရှောင်လျန်းတစ်ယောက် တွေဝေနေသည်ကို မြင် သောအခါ ယန်ကွမ်းက သူမကို အမြန်ဆွဲကာ မြက် ခင်းပေါ်သို့ လှဲချလိုက်သည်။
ဝူရှောင်လျန်းမှာ နှုတ်ခမ်းကို ကိုက်ထားရင်း စိတ်ထဲ တွင် ရှုပ်ထွေးနေ၏။သူမ၏ စိတ်ထဲတွင် တစ်ဖက် က ကြောက်လန့်နေသလိုတစ်ဖက်မှာလည်း အလွန် ရှက်ရွံ့နေသ ဖြင့် ဘာလုပ်ရမှန်း မသိတော့ပေ။
ထိုအချိန်တွင် ယန်ကွမ်းက ဒဏ်ရာနေရာကို ငုံ့၍ ပါး စပ်ဖြင့် စတင်စုပ်ထုတ်လိုက်သည်။
“အား..ကျွတ် ကျွတ်...”
ဝူရှောင်လျန်းမှာ နူးညံ့စွာ အော်လိုက်မိပြီး သူမ၏ ပူထူနေသော မျက်နှာအား လက်ဖြင့် အုပ်လိုက်၏။
အချိန်အတော်ကြာသည်အထိ ယန်ကွမ်းသည် အဆိ ပ်ပါ့သည့် သွေးများကို စုပ်ထုတ်လိုက်သည်။ဒဏ်ရာ မှ သွေးထွက်ခြင်း ရပ်တန့်သွားသည်ကို မြင်သောအ ခါမှသာ သူ၏ အင်္ကျီစကို ဆွဲဖြဲလိုက်ပြီး ဒဏ်ရာကို ဂရုတစိုက် စည်းပေးလိုက်၏။
ထိုသို့ ပြုလုပ်နေစဉ် သူ့ လက်ချောင်းများက မရီးဖြ စ်သူ ၏ ချောမွေ့သော အရေပြားနှင့် ထိမိနေသဖြင့် ယန်ကွမ်းမှာ ထူးခြားသော ခံစားချက်များကြောင့် လည်ချောင်းပင် ခြောက်ကပ်လာသည်။
ဝူရှောင်လျန်းမှာ မြေပြင်ပေါ်တွင် ဘေးတစောင်း လှဲ နေသဖြင့် သူမ၏ ကားစွင့်သော တင်ပါးနှင့် ပေါင်တံ များမှာ ထင်ရှားစွာ ပေါ်နေ၏။သူ၏ နှလုံးမှာ ရင်ဘ တ်ထဲမှ ပြုတ်ကျတော့မည်ဟူ၍ ယန်ကွမ်း ခံစားလို က်ရသည်။
ဒဏ်ရာကို စည်းပေးပြီးနောက် ယန်ကွမ်းက သက် ပြင်းချကာ ပြောလိုက်၏။
“မရီး... မကြောက်ပါနဲ့တော့..အဆင်ပြေသွားပါပြီ”
" အွန်း.."
ဝူရှောင်လျန်းသည် ညည်းညူသံလေး ထွက်လာပြီး မျ က်နှာတစ်ပြင်လုံး ရဲတွတ်နေလျက် ထထိုင်လိုက် သည်။သူမသည် အင်္ကျီအောက်စဖြင့် အတွင်းခံကို လုံအောင် ဖုံးလိုက်ပြီး ခေါင်းငုံ့ကာ ပြောလိုက်၏။
“ဒါတွေအားလုံးက အစ်မ သတိမထားမိလို့ပါ ရှောင် ကွမ်းရယ်...”
“မပြောပါနဲ့တော့မရီးရာ..ဒါက ကျွန်တော် သေချာ မကြည့်မိလို့ပါ...”
ယန်ကွမ်း ပြုံးကာ ဆက်ပြောလိုက်၏။
"ခဏလောက် ထိုင်ပြီး နားနေအုံး မရီး..ကျွန်တော် ကန့်ချုပ်နီတွေကို တူးလိုက်ဦးမယ်..ကျန်တဲ့ငွေကြေး ပြဿနာတွေကို ဒီအပင်နဲ့ပဲ ဖြေရှင်းကြတာပေါ့ဗျာ”
စကားပြောပြီးနောက် သူသည် လှည့်ထွက်သွားကာ သစ်ပင်အောက်ရှိ မြေကြီးများကို ပုဆိန်ဖြင့် တူးဆွ လိုက်သည်။
ဝူရှောင်လျန်းသည်လည်း ရှက်ရွံ့မှုများမှ တဖြည်း ဖြည်း ပြန်လည်သက်သာလာ၏။မြေကြီးထဲမှ အာ လူးကဲ့သို့ လုံးဝန်းသည့် အရာများကို ယန်ကွမ်း တူး ထုတ်နေသည်ကို မြင်သောအခါ စပ်စုစွာဖြင့် မေးမြ န်းလိုက်သည်။
“ရှောင်ကွမ်း..ဒါက ကန့်ချုပ်နီဆေးမြစ်တွေလား ..."
ယန်ကွမ်းက ခေါင်းညိတ်ကာ ရှင်းပြလိုက်၏။
“ဟုတ်တယ်..မရီးရ.. ဒီဟာကို နေလှမ်းပြီး အခြော က်ခံလိုက်ရင် တစ်ပိဿာကို ယွမ်တစ်သောင်းလော က် ရတယ်ဗျ..”
“အယ်..ဈေးကြီးလိုက်တာနော်.."
ဝူရှောင်လျန်းတစ်ယောက် အံ့အားသင့်သွားပြီး မျက် လုံးအဝိုင်းသား ဖြစ်သွားပေသည်။
ယန်ကွမ်းက တူးရွှင်းဖြင့် တူးကာ ခေါင်းညိတ်ပြီး ပြ န်ပြောလိုက်၏။
“ဟုတ်တယ် မရီးရ..ကျွန်တော်တို့အိမ်နားမှာ ကန့်ချု ပ်နီဆေးမြစ်တွေ ဒီလောက်ရှိနေမယ်လို့တောင် မထ င်ထားဘူး.. နောက်ဆိုရင် အိမ်မှာ စိုက်ထားပြီး ပိုက် ဆံ ပိုရှာလို့ရပြီလေ..”
ထိုစကားကို ကြားသောအခါ ဝူရှောင်လျန်းမှာ ဝမ်း သာအားရ ဖြစ်ကာ ပြောလိုက်သည်။
“တကယ်လား.. ဒါဆိုရင်တော့ တော်တော်ကောင်း တာပဲဟယ်..”
“ဟုတ်တယ် မရီး..ဘာမှ စိတ်မပူပါနဲ့ မရီးနဲ့ ယာယာ ကို မကြာခင်မှာပဲ သက်သောင့်သက်သာနေနိုင်အော င် ကျွန်တော် ထားပေးနိုင်မှာပါ...”
ယန်ကွမ်းတစ်ယောက် ပျော်ရွှင်နေရင်း ရည်မှန်းချ က်များဖြင့် ပြည့်နှက်နေပေသည်။
အခန်း 6 အတူတူ သွားကြမယ်လေ
ရန်ကွမ်းတစ်ယောက် စိတ်လှုပ်ရှားမှုကြောင့် ရင်ခုန် သံ တွေ မြန်နေခဲ့သည်။
မြေကြီးထဲကနေ တစ်ဥပြီးတစ်ဥ ထွက်လာသည့် ကျိန့်ကန်းနီ ခေါ် တောင်သုံးလုံးဥတွေဟာ သူ့အတွ က်မူ ငွေ စက္ကူတွေ တန်းစီထွက်လာသလိုပင်။
ရန်ကွမ်းက ရောင့်ရဲတတ်သူတစ်ယောက်ပင်။ တစ်နေ့ကို 1 ယွမ်လောက် ရရင်တောင်မှ ရည်မှန်း ချ က်ပန်းတိုင်ဖြစ်တဲ့ ယွမ် ငါးသောင်းဆီသို့ ခြေတစ် လှမ်း ပို၍ နီးကပ်လာပြီဟူ၍ မှတ်ယူထားသူလည်း ဖြစ်၏။
ပျော်ရွှင်နေသောကြောင့် အလုပ်လုပ်ရသည်မှာ မ မောနိုင်ဘဲ နာရီဝက်အတွင်းမှာတင် တောင်သုံးလုံးဥ တော် တော်များများကို ယန်ကွမ်း တူးဖော် ပြီးသွား ခဲ့သည်။ထိုဥများသည် သူယူလာသည့် ခြင်းတောင်း လေးထဲတွင်လ ည်း ပြည့်လုနီးပါး ဖြစ်နေ၏။
အလုပ်လုပ်ရင်း နောက်လှည့်ကြည့်လိုက်တော့ သူ့ ကို စိုက်ကြည့်နေသည့် မရီးဖြစ်သူအား တွေ့ လိုက် ရသောကြောင့် ရန်ကွမ်းက ပြုံးကာ မေးလိုက်သည်။
"မရီး... ဘာဖြစ်လို့လဲဗျ..ကျွန်တော့်မျက်နှာမှာ တ စ်ခုခု ပေနေလို့လား.."
"အာ..မဟုတ်.. မဟုတ်ပါဘူး..ဘာမှမပေပါဘူး"
ဝူရှောင်လျန်းက ခေါင်းလေးငုံ့သွားရင်း ထိတ်လန့် တကြား ဖြစ်သွားရသည်။သူမ၏ ရင်ထဲတွင်မူ တစ် မျိုးလေး ခံစားလိုက်ရသောကြောင့် စိတ်ကို အမြန် ပြန်ထိန်းလိုက်ရ၏။
ရန်ကွမ်းလည်း ဆက်မမေးတော့ဘဲ ခြင်းတောင်းကို မပြီး အလေးချိန် ခန့်မှန်းကြည့်လိုက်သည်။
"ဒါတွေက ပေါင် ၃၀၊ ၄၀ လောက် ရှိမယ်.. အခုနေ နေလှန်းဖို့ဆိုရင်တော့ မမီတော့ဘူး..ဒီနေ့ နေ့လယ် ကျရင် မြို့ထဲကို ဒီအတိုင်း အစိုလိုက်ပဲ ယူ သွားပြီး ရောင်းကြည့်ရမယ်..."
ဘေးနားမှ ဝူရှောင်လျန်းက စပ်စုချင်စိတ်ဖြင့် မေး လိုက်၏။
"ရှောင်ကွမ်း..ဒါတွေ ရောင်းရင် ဘယ်လောက်လော က် ရနိုင်မလဲဟင်..."
ရန်ကွမ်းက ယုံကြည်မှုအပြည့်နဲ့ ပြုံးကာ ရှင်းပြလို က်သည်။
"ယွမ် တော်တော်များများတော့ သေချာပေါက် ရ မှာပါ မရီးရ.."
"အမလေး... အများကြီးပဲလား.."
ဝူရှောင်လျန်းခဗျာ မျက်လုံးလေးတွေ ဝိုင်းသွားပြီး အံအားသင့်ကာ ငေးကြည့်နေမိသည်။
"ရှောင်ကွမ်း... နင်က တော်တော်စွမ်းတာပဲ.. နှစ်ရ က်အတွင်းမှာတင် ဒီလောက်ငွေတွေ အများကြီး ရှာ နိုင်မယ်လို့ အစ်မ မထင်ထားမိဘူး.."
ရန်ကွမ်းမှာမူ "ရှန်နုန်းကျွယ်" ဆေးပညာရပ်ကို ရ ထားကြောင်းကို မရီးဖြစ်သူအား မသိစေချင်သော ကြောင့် ရယ်ကျဲကျဲဖြင့်သာ ပြန်ပြောလိုက်သည်။
"ဟဲ...ကျွန်တော်တို့ ဘဝက ကံဆိုးလွန်းနေလို့ ဘုရ ားသခင်က သနားသွားတယ် ထင်ပါရဲ့ဗျာ... ဒါ ကြောင့် ကံကောင်းခြင်းတွေ ပေးတာနေမှာပေါ့..."
မူလကတော့ ရန်ကွမ်းတစ်ယောက် စနောက်ဖို့ ကြံ ရွယ်ထားခဲ့သည်။သို့ပေမဲ့ ဝူရှောင်လျန်း၏ မျက်နှာ လေး ညှိုးငယ်သွားတာကို မြင်လိုက်ရတော့ သူ ဆ က်မနောက်ရဲတော့ပေ။
ဝူရှောင်လျန်းကလည်း သက်ပြင်းချရင်း ပြောလိုက် ၏။
"အင်းလေ... နောင်ကျရင်တော့ ဘုရားသခင်က ငါ တို့ကို ကောင်းကောင်း စောင့်ရှောက်ပါစေလို့ပဲ ဆု တောင်းရမှာပဲ...ဒီလို ပင်ပန်းဆင်းရဲတဲ့ ဘဝမျိုးကို နောက်ထပ် မဖြတ်သန်းချင်တော့ဘူးဟာ "
သူမရဲ့ ဝမ်းနည်းရိပ်သန်းနေတဲ့ ပုံရိပ်ကို ကြည့်ပြီး ရ န်ကွမ်းက စိတ်မကောင်းဖြစ်သွားကာ အားပေးစကာ း အမြန်ပြောလိုက်သည်။
"မရီးရယ်.... စိတ်မကောင်းမဖြစ်ပါနဲ့..ကျွန်တော့်ကို ယုံကြည်စမ်းပါ..ရှေ့လျှောက် ကျွန် တော်တို့ဘဝ တွေ ဒီထက်မက အများကြီး ပို ကောင်းလာမှာပါဗျာ .."
"အွန်း.. အွန်းပါ.."
ဝူရှောင်လျန်းက ခေါင်းညိတ်ပြရင်း အားယူကာ ထ ရပ်လိုက်၏။
"ရှောင်ကွမ်း တော်တော်လည်း နောက်ကျနေပြီ ..ငါ တို့ အိမ်ပြန်ကြရအောင်လေ.."
"ဟုတ်ကဲ့မရီး.."
ရန်ကွမ်းက ဆေးခြင်းတောင်းကို ကျောမှာ လွယ်လို က်ပြီး သူမအနားသို့ တိုးကာ မေးလိုက်သည်။
"မရီး. ဘယ်လိုနေသေးလဲ..လမ်းလျှောက်လို့ရော အ ဆင်ပြေပါ့မလား..."
"ရပါတယ်... ခြေထောက်က နည်းနည်းတော့ နာ နေ သေးပေမဲ့ ဖြစ်ပါတယ်.. စိတ်မပူပါနဲ့.."
ပေါင်ပေါ်မှ ဒဏ်ရာက နည်းနည်းတော့ ကျဉ်နေသေး ပေမဲ့ ဝူရှောင်လျန်း ပြုံးပြရင်း အားတင်းကာ ဖြေလို က်၏။
မရီး လမ်းလျှောက်နိုင်သည်ကို မြင်မှ ရန်ကွမ်း စိတ် အေးသွားခဲ့သည်။ဝူရှောင်လျန်း၏ နောက်ကနေ လို က်ရင်း ယန်ကွမ်း ပြောလိုက်၏။
"ဒီနေ့တော့ ဒီတောင်သုံးလုံးဥတွေ ရပြီပေါ့မနက် ဖြန် ကျရင်လည်း တောထဲမှာ တခြားဆေးမြစ်တွေ ထပ် ရှာဦးမယ်..ငွေကိစ္စကတော့ သိပ်မကြာခင် ကျွန်တေ ာ်တို့ ပြေလည်သွားမှာပါဗျာ ..."
ဝူရှောင်လျန်းက မေးလိုက်သည်။
"ဒါတွေက မင်းကြောင့်ပါပဲ ရှောင်ကွမ်းရယ်... တက ယ်တော့ အိမ်မှာလည်း စုထားတဲ့ ငွေ ၂,၀၀၀ ကျော် ရှိပါသေးတယ်..အဲဒါကိုပါ ထုတ်သုံးကြမလား.."
ရန်ကွမ်းက အံ့သြသွားပြီး ခေါင်းကို အမြန်ခါကာ ပြောလိုက်၏။
"မလုပ်ပါနဲ့... အဲဒီငွေကို မရီးပဲ သိမ်းထားလိုက် နော က်ဆိုရင် အိမ်အတွက် လိုသမျှ အသုံးစရိတ်တွေကို ကျွန်တော်ပဲ တာဝန်ယူပါ့မယ်ဗျာ.."
ထိုစကားကြောင့် ဝူရှောင်လျန်း ခဏတာ ကြောင်အ သွားပြီးမှ နွေးထွေးစွာ ပြုံးလိုက်မိသည်။
"ရှောင်ကွမ်း... နင်က တကယ်ကို လူကြီးဖြစ်နေပြီပဲ နော်"
ရန်ကွမ်းက ရယ်မောရင်း ပြန်ပြောလိုက်၏။
"မရီးကလည်း ကျွန်တော်က ဒီအိမ်ရဲ့ တစ်ဦးတည်း သော ယောက်ျားလေးပဲဟာ...တာဝန်တွေကို ကျွန် တော့် . ပုခုံးပေါ်ထမ်းရမယ်ပဲလေဗျာ..ဟဲဟဲ.."
နှစ်ယောက်သား စကားတပြောပြောနဲ့ လျှောက်လာ ရင်း တောစပ်ကနေ ရွာထဲသို့ သိပ်မကြာခင်မှာပင် ပြန်ရောက်လာခဲ့သည်။
နေမွန်းမတည့်သေးခင် အချိန်မို့ ရွာထဲမှ အမျိုးသမီး တွေဟာ သစ်ပင်ကြီးအောက်မှာ အုပ်စုဖွဲ့ ပြီး အပန်း ဖြေနေကြတုန်းပင်။
ယန်ကွမ်းတို့နှစ်ဥွီး ပြန်လာသည်ကို မြင်လိုက်သည့် အခါ ဆူညံနေသော စကားဝိုင်းလေးသည် ရုတ်တ ရက် တိတ်ဆိတ်သွားပြီး အားလုံးရဲ့ အကြည့်တွေက ယန်ကွမ်းတို့ဆီသို့ ကျရောက်လာ၏။
ရန်ကွမ်းတို့ အနားသို့ ရောက်လာသည်နှင့် အဒေါ် နွားက လှမ်းမေးလိုက်သည်။
"ဟေး ရန်ကွမ်း... နင် ဒီနေ့လည်း လင်ဇီးမှိုတွေ ထပ် ရလာပြန်ပြီလား"
ရန်ကွမ်းက ပြုံးရွှင်စွာဖြင့် ပြန်ဖြေလိုက်၏။
"မဟုတ်ပါဘူး...ဒါပေမဲ့ ဒီနေ့ရတဲ့ အရာကလည်း အ ဖိုး တန်လှပါတယ်ဗျာ.."
ယန်ကွမ်း၏ ကျောပိုးခြင်းထဲတွင် ပစ္စည်းများ အပြ ည့်ဖြစ်နေသည်ကို တွေ့ရသဖြင့် အဒေါ် နွားက စပ်စု လိုစိတ် ပြင်းပြလာကာ အနားသို့ ကပ်ကြည့်ရင်း မေ းလိုက်၏။
"ပြစမ်းပါဦးဟယ် .နင်.. ဒီနေ့ ဘာတွေများ ရ လာခဲ့ သလဲ .."
သူမ အနီးကပ် ကြည့်သောအခါ ကျောပိုးခြင်း ထဲ တွင် အာလူးနှင့် ဆင်တူသော အဖြူရောင် အလုံးဝို င်းဝိုင်းလေးများကို တွေ့လိုက်ရသဖြင့် အဒေါ်နွားမှာ ခေတ္တမျှ မှင်တက်သွားပြီးနောက် ရယ်မောကာ လှေ ာင်ပြောင်လိုက်၏။
"ဟဲ့..ရန်ကွမ်း. နင် ရူးများ ရူးသွားပြီလား ..ဒါ တွေ က အာလူးတွေလေ..ဒါကို ပိုက်ဆံအများ ကြီးရမယ် လို့ နင်က ထင်နေတာလား ဟီးဟီးဟီး"
အဒေါ်နွား၏ စကားသံကြောင့် အနီးအနားရှိ အမျိုး သမီးများအားလုံး စပ်စုလိုစိတ်ဖြင့် ဝိုင်းအုံ လာကြ ပြီး ရန်ကွမ်း၏ ကျောပိုးခြင်းထဲမှ အရာများကို ကြ ည့်ကာ ဇဝေဇဝါ ဖြစ်ကုန်ကြသည်။
ဤအရာကို မည်သူမျှ မသိကြသည်ကို ရန်ကွမ်း သိ သော်လည်း သူက ဂရုမစိုက်ဘဲ ပြုံးလျက် ယုံကြည် စွာ ပြန်ပြောလိုက်၏။
"အာလူးကတော့ အာလူးပါပဲ..ဒါပေမဲ့ ဒီဟာက တ ကယ်ကို အဖိုးထိုက်တန်တဲ့အရာပါဗျာ.."
အဒေါ်နွားက နှုတ်ခမ်းမဲ့လျက် ပြောလိုက်သည်။
"ကြွားလိုက်တာလည်း လွန်ပါဘိဟယ်..နင့်စကားကို ဘယ်သူကမှ ယုံမှာမဟုတ်ဘူး"
အဒေါ်နွားကို ကြည့်ကာ ဝူရှောင်လျန်းနှင့်အတူ အိ မ်သို့ ပြန်ရန် ယန်ကွမ်း ထွက်လာခဲ့လိုက်၏။
"မယုံရင်လည်း နေပေါ့ဗျာ.. ကျွန်တော် ပိုက်ဆံ ရ လာတဲ့အခါကျမှ အဒေါ်တို့ ယုံလိမ့်မယ်.."
ထွက်ခွာသွားသော ယန်ကွမ်းတို့နှစ်ဦး၏ ကျောပြင် ကို ကြည့်ရင်း အဒေါ်နွားမှာ ဝေခွဲမရဖြစ်ကာ ဟယ် ဟွာဘက်သို့ လှည့်၍ မေးမြန်းလိုက်သည်။
"ဟဲ့..အဲဒါ တကယ်ပဲ အာလူးလား"
ဟယ်ဟွာက ခေါင်းခါရင်း ပြန်ပြောလိုက်သည်။
"ကြည့်ရတာတော့ အာလူးနဲ့ တူသား.. ဒါပေမဲ့ ဆေး နံ့လို လို သင်းနေတယ်..ဘာမှန်းတော့ ကျွန်မလည်း မဝေခွဲတတ်ဘူး"
အဒေါ်နွားမှာ အံ့အားသင့်ကာ ရေရွတ်လိုက်၏။
"ဒီကလေးကတော့... မနေ့က လင်ဇီးမှို ရလာခဲ့ သ လို ဒီနေ့လည်း ထူးဆန်းတဲ့အရာတွေ ရလာပြန်ပြီ.. တောင်ပေါ်မှာ တကယ်ပဲ အဖိုးတန် ဆေးဘက်ဝင်အ ပင်တွေ ထွက်နေတာလား မသိဘူးနော်.."
အဒေါ်နွားက ပါးနပ်ပီပီ ခေတ္တမျှ စဉ်းစားပြီးနောက်
လူစုဘက်သို့ လှည့်၍ အကြံပေးလိုက်သည်။
"ဟဲ့..ငါတို့လည်း ဒီနေ့မွန်းလွဲပိုင်းကျရင် တောင်ပေါ် တက်ကြည့်ရင် မကောင်းဘူးလား ..တော်ကြာ လင် ဇီးမှိုတွေ ဘာတွေ ရရင် ရလောက်မှာဟ.."
"ဟုတ်သားပဲ..ကျွန်မတို့ သွားကြည့်ကျမယ်လေ "
အမျိုးသမီးများမှာ ထိုစကားကို ကြားသည်နှင့် စိတ် အားထက်သန်စွာဖြင့် ခေါင်းညိတ်၍ ထောက်ခံလို က်ကြ၏။
ဟယ်ဟွာတစ်ဦးသာ ခေါင်းခါယမ်းလျက် ငြင်းဆ န်လိုက်သည်။
"ကျွန်မတော့ မလိုက်တော့ဘူး.. မွန်းလွဲပိုင်းကျရင် ...မြို့သွားပြီး ဈေးဝယ်သွားစရာရှိသေးလို့"
အဒေါ်နွားကလည်း အတင်းအကျပ် မတိုက် တွန်း တော့ဘဲ ပြန်ပြောလိုက်၏။
"မလိုက်ချင်လည်း နေပေါ့အေ..ငါတို့ဘာသာ ငါတို့ သွားမယ်.. နောက်မှ ငါတို့ လင်ဇီးမှိုတွေ ရ လာရင် တော့ ညည်း မနာလိုမဖြစ်နဲ့ဦးနော်.."
ဟယ်ဟွာက ပြူံးလျက် ပြန်ပြောလိုက်၏။
"မဖြစ်ပါဘူးရှင်"
............
မွန်းလွဲပိုင်းသို့ ရောက်သောအခါ ရွာထဲရှိ အမျိုးသ မီးများသည် နေ့လယ်စာစားပြီးနောက် တောင်ပေါ် သို့ စုကာ ထွက်ခွာလာကြသည်။ ထိုအချိန်တွင် ရန် ကွမ်းသည်လည်း ကျောပိုးခြင်းကို လွယ်၍ အိမ်မှ ထွက်လာခဲ့၏။
ပိဿာချိန်အနည်းငယ်မျှ လေးလံသော ကျိန့်ကန်းနီ (တောင်သုံးလုံးဥ)များကို သယ်ဆောင် လာရသော် လည်း သူသည် လုံးဝ မမောပန်းဘဲ အားအင်အပြည့် ဖြင့် လျင် မြန်စွာ လျှောက်နေမိသည်။တောင်ပံများ သာ ရှိပါက မြို့ပေါ်သို့ အမြန်ဆုံး ပျံသန်းသွားချင်မိ သည်အထိ ယန်ကွမ်း စိတ်လောနေ၏။
ရွာနှင့် မလှမ်းမကမ်းသို့ ရောက်သောအခါ နောက် ဘက်မှ တစ်ခုခု မောင်းလာသည့် အသံကို ကြားရ သဖြင့် ယန်ကွမ်း လှည့်ကြည့်လိုက်ရာ ဟယ်ဟွာဖြ စ်နေသည်အား တွေ့လိုက်ရသည်။
ရန်ကွမ်းက ပြုံးရွှင်စွာဖြင့် လှမ်းမေးလိုက်၏။
"အစ်မဟယ်ဟွာ... ဘယ်သွားမလို့လဲဗျ.."
"မြို့ပေါ်က ဝမ်းကွဲမောင်နှမအိမ်ကို သွားမလို့လေ. .နင်လည်း မြို့ကို သွားမလို့လား..."
ရန်ကွမ်းက ရယ်ရင်း ပြောလိုက်သည်။
"တိုက်ဆိုင်လိုက်တာဗျာ.. ကျွန်တော်လည်း အစ်ကို ချန်ဆီ သွားမလို့..ဆေးဘက်ဝင်ပစ္စည်းလေးတွေ န ည်းနည်း ပါးပါး ထပ်ရလာလို့လေ.. ဟီး"
ဟယ်ဟွာက ယန်ကွမ်း၏ကျောပိုးခြင်းကို စပ်စုသေ ာမျက်လုံးဖြင့် ကြည့်ကာ မေးမြန်းလိုက်၏။
"ဒါနဲ့ ရှောင်ကွမ်း..ဒါတွေက တကယ်ပဲ ဘာတွေလဲ ဟင်"
ရန်ကွမ်းက ရယ်ရင်း ပြောလိုက်သည်။
"ဒါကို ကျိန့်ကန်းနီလို့ ခေါ်တယ်ဗျ.. အရမ်းတန်ဖိုးရှိ တဲ့ ဆေးဖက်ဝင်အပင်လေ..အဒေါ်နွားက ဒါကို မသိ ဘဲ အာလူးလို့ ရမ်းပြောနေတာ ..ကျွန်တော်လည်း သူနဲ့ ပြန် ငြင်းမနေချင်တော့လို့ပါ ဟီးဟီး.."
ဟယ်ဟွာက အံ့ဩတကြီး ရေရွတ်လိုက်ပြီးနောက် လျှပ်စစ်စက်ဘီးနောက်ခုံကို ပုတ်ပြလျက် ခေါ်လိုက် ၏။
"ခရီးက အတော်ဝေးတာ..နင် ငါနဲ့ပဲ တစ်ခါတည်း လိုက်ခဲ့ပါလား.. အတူတူ သွားကြတာပေါ့"
"အဲဒါဆိုရင်တော့ သိပ်ကောင်းတာပေါ့ဗျာ.."
ရန်ကွမ်းမှာမူ အလွန်ဝမ်းသာသွားသော်လည်း နော က်ထိုင်ခုံလေးမှာ သေးငယ်လွန်းနေသည်ကို မြင် သောအခါ တွန့်ဆုတ်သွားပြီး စိုးရိမ်တကြီး ပြောလို က်၏။
"ဒါပေမဲ့ ဒီခုံလေးက နည်းနည်းသေးနေသလားလို့
..ကျွန်တော် ထိုင်လို့ ဆံ့ပါ့မလား မသိဘူးဗျာ. ."
ရန်ကွမ်းအား မျက်စောင်းတစ်ချက် ထိုးလိုက်ပြီး ဟယ်ဟွာက ပြောလိုက်၏။
"ငတုံးလေး..နင့် ခန္ဓာကိုယ်က ကြီးနေတော့ နောက် ခုံမှာ ထိုင်လို့ ဘယ်အဆင်ပြေပါ့မလဲ.. ငါက နောက် ကပဲ ထိုင်လိုက်မယ်..နင်ပဲ ရှေ့က မောင်းလေဟာ.."
ရန်ကွမ်းက ဆက် မေးမြန်းလိုက်ပြန်သည်။
"ဟုတ်သားပဲ..ဒါပေမဲ့ ဒီကျောပိုးခြင်းကြီးကရော ဘယ်လိုလုပ်မလဲ"
"ငါပဲ လွယ်ထားလိုက်ပါ့မယ်ဟယ်..ပေးပေး.."
ဟယ်ဟွာက ပြောပြောဆိုဆိုဖြင့်ပင် ကျောပိုးခြင်း ကို လှ မ်းယူကာ နောက်ကျော၌ လျင်မြန်စွာ လွယ် လိုက်သည်။
ထိုအခြင်းအရာကို မြင်သော် ရန်ကွမ်းမှာ ရယ်မော လျက် ကတိပေးလိုက်၏။
"ဒါဆိုရင်တော့ ကျေးဇူးတင်ပါတယ် အစ်မရယ်.. မြို့ရောက်ရင် အစ်မဟယ်ဟွာစားချင်တာ ကျွန်တော် ဝယ်ကျွေးပါ့မယ်..ဟီး.."
ထို့နောက် ရန်ကွမ်းသည် လျှပ်စစ်စက်ဘီးပေါ်သို့ ခွထိုင်လိုက်ပြီး ဟယ်ဟွာ နောက်ခုံတွင် နေရာတကျ ရှိမရှိကို စောင့်ဆိုင်းကာ စက်နှိုး၍ ဖြည်းဖြည်းချင်း မောင်းလာခဲ့ပေသည်။
"ဝူး..ဝူးး.."
ကိုက်အနည်းငယ်မျှ မောင်းနှင်ပြီးနောက် သူ၏ ခါး ဘေးရှိ အင်္ကျီစကို လက်ဖဝါးနုနုလေးတစ်စုံက လှမ် း၍ ဆုပ်ကိုင်လိုက်သည်အား ယန်ကွမ်း ခံစားလိုက် ရ၏။
ထိုအခိုက်အတန့်တွင် ရန်ကွမ်း၏ ရင်ခုန်သံများမှာ ခုန်ပေါက်နေပြီး စိတ်အာရုံများမှာလည်း ထိန်းမနိုင် သိမ်းမရ ပြန့်လွင့်နေပေသည်။