← Chapters

အခန်း (၇-၈)

Vol. 1 Ch. 7-8

အခန်း (၇-၈)

Vol. 1 Ch. 7-8

အခန်း 7 ဟယ်ဟွာ၏ မကျေနပ်ချက်

အစ်မဟယ်ဟွာကိုမူ ချန်ရှန်းကျေးရွာ၏ ပထမတန်း စား အလှပဂေးတစ်ဦးဟု ဆိုထိုက်ပေသည်။

​သူမသည် အသက်သုံးဆယ်ကျော် အရွယ်သို့ ရော က်ရှိနေပြီ ဖြစ်သော်ငြားလည်း နုနယ်ချောမွေ့သော အသားအရေနှင့် သွယ်လျပြေပြစ်သော မျက်နှာအ မူအရာတို့ကြောင့် အသက် ၂၅ နှစ်အရွယ် အပျိုဖြန် း မိန်းကလေးတစ်ဦးကဲ့သို့ပင် ထင်မှတ်ရ၏။

​ထို့အပြင် ဟယ်ဟွာ၏ အရည်အချင်းမှာ အဒေါ် ကြီးနွားတို့ကဲ့သို့သော ကျေးလက်အမျိုးသမီးများနှ င့် ကွာခြားလှသည်။သူမသည် အတန်းပညာကို နှစ် အတော်ကြာ သင်ကြားခဲ့ဖူးပြီး အထက်တန်းအဆင့် အထိ ရောက်ရှိခဲ့သည်ဟု သတင်းစကားများ ရှိလေ ရာ သူမ၏ အပြုံးအရယ်နှင့် မျက်မှောင်ကြုတ်လို က်တိုင်းတွင် ယဉ်ကျေးသိမ်မွေ့သော အငွေ့အသက် များ အမြဲတစေ ကိန်းအောင်းလျက် ရှိ၏။

​ယခုအခါ ရန်ကွမ်းသည် လျှပ်စစ်စက်ဘီးကို မောင်း နှင်နေရင်း မိမိ၏ ကျောဘက်တွင် ကပ်လျက်လိုက် ပါလာသော ဟယ်ဟွာ၏ နီးကပ်မှုကို ခံစားနေရသ ည်။ခန္ဓာကိုယ်ချင်း တိုက်ရိုက်မထိတွေ့သော်ငြား အ စ်မဟယ်ဟွာ၏ ကိုယ်ငွေ့နွေးနွေးကို ခံစားနေရသကဲ့ သို့ ရှိရာ ရန်ကွမ်းမှာ တံတွေးတစ်ချက်ကို ခက်ခက် ခဲခဲ မျိုချလိုက်ရင်းမှပင် မေးမြန်းလိုက်၏။

"ဟိုလေ..အစ်မ.. အစ်ကိုဟွာက ခုတစ်လော ပြန်မ လာဘူးလား"

​ယန်ကွမ်းသည် ဟယ်ဟွာ၏ ခင်ပွန်းဖြစ်သူ ဖုကျန့် ဟွာ ၏ အကြောင်းကို မေးမြန်းလိုက်ခြင်း ဖြစ်သည် ။

​ထိုလူမှာ ကျောက်မီးသွေးတွင်း၌ အလုပ်လုပ်ကိုင်သူ မ ဟုတ်သဖြင့် မိုင်းတွင်းမတော်တဆမှုနှင့် လွဲချော် ခဲ့သူဖြစ်ပြီး ရွာတွင် ကျန်နေသော အမျိုးသား အန ည်းငယ်ထဲမှ တစ်ဦးလည်း ဖြစ်ပေသည်။

​"သူ့အကြောင်းကိုတော့ မပြောပါနဲ့တော့ဟယ်.. ဒီလူ က နှစ်သစ်ကူးပြီးကတည်းက အိမ်ကို နှစ်ခေါက်ပဲ ရောက်လာတယ်.အိမ်မှာ တစ်ည ပဲအိပ်ပြီး မြို့ပေါ် ကို သုတ်ခြေတင် ပြန်ပြေးတာပဲအေ"

အစ်မ​ဟယ်ဟွာ၏ လေသံထဲတွင် အားမလိုအားမ ရဖြစ်မှုနှင့် နာကျည်းမှုများ ရောယှက်နေပြီး ခပ်ဆ တ်ဆတ်ပင် ပြန်လည်ဖြေကြားလိုက်သည်။

​ရန်ကွမ်းကမူ ပြုံးလျက်ပင် နှစ်သိမ့်ပေးလိုက်၏။

"အော်... အစ်ကိုဟွာက အလုပ်တွေများနေလို့ နေ မှာပါ၊ ယောက်ျားဆိုတာကလည်း မိသားစုကို လုပ် ကျွေးဖို့အတွက် ငွေရှာရတာဆိုတော့ ခက်သားပဲ မ ဟုတ်လား"

ဟယ်ဟွာက ဒေါသတကြီး ပြန်ပြောလိုက်သည်။

"ကျိန်းသေတာပေါ့အေ...အစ်မ သတိထားမိနေတာ ကြာပြီ.. ဖုကျန့်ဟွာက အပြင်မှာ တစ်ယောက်ယော က်ရှိနေတာ မ ဟုတ်ရင် ဒီလောက်အချိန်အကြာကြီး အိမ်ကို တစ်ခါမှ ပြန်မလာဘဲ မနေဘူး.. အစ်မကို ဖု န်းတောင် တစ်ချက်မဆက်ဘူးလေ..."

​ဟယ်ဟွာ၏ ရင်ဖွင့်စကားကို ကြားရသောအခါ ရန် ကွမ်းမှာလည်း အံ့အားသင့်သွားပြီး ဘာပြန်ပြောရမှ န်း မသိတော့သဖြင့် နှုတ်ဆိတ်နေလိုက်ရုံသာ တတ် နိုင်ခဲ့၏။

​ချန်ရှန်းကျေးရွာမှ ဟုန်ချီမြို့နယ်သို့ သွားရာလမ်းမှာ လွ န်ခဲ့သောနှစ်အတော်ကြာကတည်းက ခင်းထား သည့် ကွန်ကရစ်လမ်း ဖြစ်သော်လည်း ယခုအခါတွ င်မူ ကာလကြာ ရှည် ပြုပြင်ထိန်းသိမ်းမှု မရှိသဖြင့် အချို့နေရာများတွင် ချိုင့်ခွက်များ ဖြစ်ပေါ်နေကာ အသစ်ခင်းစဉ်ကကဲ့သို့ သွားလာရ မလွယ်ကူတော့ ပေ။

​ထို့ကြောင့် လျှပ်စစ်စက်ဘီးမှာ မောင်းနှင်နေရင်း ရံ ဖန်ရံခါ ဆောင့်ခနဲ၊တုန်ခနဲ ဖြစ်သွားတတ်ရာ ဟယ် ဟွာသည် ရန်ကွမ်း၏ ခါးအား ဖက်မိလိုက်၏။

​ရန်ကွမ်းမှာ ထိုကဲ့သို့သော ခံစားမှုကို တစ်ခါမျှ မ ကြုံဖူးချေ။သူသည် အလွန်အမင်း စိတ်လှုပ်ရှားသွာ း ပြီး စက်ဘီးကို လမ်းဘေးမြောင်းထဲပင် ထိုးကျ

မိတော့မတတ် ဖြစ်သွားရသည်။

​အစ်မဟယ်ဟွာက သူ့ကို တင်းတင်းကြပ်ကြပ် ဖက် ထားသဖြင့် ကျောပြင်မှတစ်ဆင့် သူမ၏ ရင်ညွန့် အထိအတွေ့ကို ယန်ကွမ်းတစ်ယောက် ထင်ထင်ရှား ရှား ခံစားနေရသည်။ စက်ဘီးက တုန်ခါသွားသည့် အခါတိုင်း သူမ၏ ကိုယ်လုံးလေးကလည်း လိုက်ပါ တုန်ခါနေကာ ထိုခံစားမှုမှာ အလွန်ပင် ထူးခြားဆန်း ပြားနေ၏။

​သူမက တမင်သက်သက် လုပ်ခြင်းလား၊သို့မဟုတ် စက် ဘီးပေါ်မှ မကျသွားအောင် သတိလက်လွတ် ဖမ်းကိုင်လိုက်ခြင်းလား ဆိုသည်ကို ရန်ကွမ်း မဝေ ခွဲနိုင်ပေ။

​မိန်းမသားတစ်ဦးကပင် မရှက်မကြောက် နေနိုင်သေ းသည်ပဲ သူက ဘာများ ပြောနေစရာ လိုဦးမည်န ည်း။

​ထို့ကြောင့် ယန်ကွမ်းလည်း ဘာမျှမပြောဘဲ ကျော ပြင်မှ ထူးကဲသော အထိအတွေ့ကို သာယာရင်း မြို့ သို့ ဖြည်းညှင်းစွာ မောင်းနှင်လာခဲ့သည်။​ခရီးမှာ ဝေး သော်လည်း နေ့လယ် နှစ်နာရီ မထိုးမီမှာပင် သူတို့ သည် လျှပ်စစ်စက်ဘီးလေးဖြင့် ဟုန်ချီမြို့နယ်သို့ ရောက်လာခဲ့၏။

​ထိုမြို့နယ်မှာ အလွန်အမင်း မကြီးမားသော်လည်း မြို့နယ်အစိုးရရုံး၊ မူလတန်းကျောင်းနှင့် ဈေးတို့ဖြင့် စည်ကားလျက် ရှိနေပေသည်။

ပင်မလမ်းမကြီး၏ ဝဲယာတစ်ဖက်တစ်ချက်တွင်လ ည်း ဆန်နှင့်ဆီအရောင်းဆိုင်များ၊တိရစ္ဆာန်အစာဆို င်များ၊ကုန်စုံဆိုင်မျိုးစုံနှင့် စားသောက်ဆိုင်ပေါင်း ဆယ်ဆိုင်မက ရှိနေပြီး အလွန်ပင် စည်ကား တတ် ကြွနေ၏။​ရန်ကွမ်းသည် ချန်ကျန့်ကော်၏ ဆေးဆို င်ရှေ့တွင် လျှပ်စစ်စက်ဘီးကို ရပ်လိုက်ပြီး အစ်မ ဟယ်ဟွာ ဆင်းသွားသည်အထိ စောင့်ဆိုင်းကာ စက် ဘီးကို နေရာတကျ ရပ်နားလိုက်သည်။

​နီမြန်းနေသော သူမ၏ မျက်နှာလေးကို ကြည့်ရင်း ရန်ကွမ်းက ပြုံးလျက် မေးလိုက်၏။

"အစ်မဟယ် လမ်းမှာ နေပူမိသွားလို့လား"

​ဟယ်ဟွာကလည်း ပြုံးကာ ပြန်ဖြေလိုက်သည်။

"အေးပေါ့အေ... ဒီအဆဲခံရမယ့် နေပူရှိန်ကတော့ လူကို သတ်နေတာပဲဟေ့..”

​ရန်ကွမ်းက ရယ်မောရင်း ဆေးမြစ်များထည့်ထားသ ည့် ခြင်းတောင်းကို မကာ ဆေးဆိုင်အတွင်းသို့ ဝင် လာခဲ့သည်။​ဆိုင်အတွင်းတွင်မူ မည်သူမျှ မရှိချေ။

ချန်ကျန့်ကော်သည် လူဝင်လာသံကြားသဖြင့် မော့ ကြည့်လိုက်ရာ ရန်ကွမ်းတို့အား မြင်ပြီး နူတ်ဆက် လိုက်၏။

"ဟေး... ရန်ကွမ်း..မင်း ဒီကို ရောက်လာတာ မြန်လှ ချေလားဟ"

​"လာရမှာပေါ့ဗျာ...ကျွန်တော် ပိုက်ဆံလိုနေတာကိုး."

​ရန်ကွမ်းက ပြုံးလျက် ခြင်းတောင်းကို ကောင်တာ ပေါ်သို့ တင်ပြီး မေးလိုက်၏။

"အစ်ကိုချန်... တခြားသူတွေ မသိရင်တောင် အစ် ကိုကတော့ ဒါကို သိမှာပါနော်..."

​"နေဦး... ငါ ခဏ ကြည့်ပါရစေဦး"

​ချန်ကျန့်ကော်က ခြင်းတောင်းထဲသို့ ငုံ့ကြည့်လိုက် သည်နှင့် မျက်လုံးများ ပြူးကျယ်သွားသည်။

"ဝိူး...ဘုရားရေ...ဒါ . ဒါက..."

​"ဟုတ်ပါတယ်..အစ်ကို သိတယ်ဆိုတော့လည်း စ ကား ပြောရတာ လွယ်သွားတာပေါ့ဗျာ..."

​

ရန်ကွမ်းက ဆက်လက်၍ ပြောလိုက်၏။

"အစ်ကိုချန်..ကျွန်တော် ဒါကို အခြောက်ခံဖို့ မစော င့်နိုင်တော့လို့လေ..အစ်ကို့အနေနဲ့ ခန့်မှန်းဈေးလေး တစ်ချက်လောက် တွက်ပေးလို့ရမလား"

​ချန်ကျန့်ကော်က ယန်ကွမ်းအား အံ့အားသင့်သလို ကြည့်ရင်း မေးလိုက်သည်။

"ဒီ တောင်သုံးလုံးဆေးမြစ်တွေကို မင်း ဘယ်က ရ လာတာလဲ"

​"တောင်ပေါ်က ရတာပေါ့ဗျာ...တောထဲကရတဲ့ အ စစ်တွေပါ.. ကျွန်တော် ကိုယ်တိုင် စိုက်ထားတာ မဟု တ်တာတော့ သေချာတယ်.."

​

"ထူးဆန်းလိုက်တာ ငါတို့ တောင်တွေပေါ်မှာ ဒီလို အပင်မျိုး ရှိနေတာလား..ငါ တစ်ခါမှ မကြားဖူးပါ ဘူး..."

​ချန်ကျန့်ကော်က တိုးတိုးလေး ရေရွတ်လိုက်ပြီးနော က် ပြောလိုက်၏။

"ဒါတွေကို ဈေးဖြတ်ပေးဖို့ ငါ့အတွက်တော့ နည်း နည်း ခက်တယ်ဟေ့..ဒါပေမဲ့ မစိုးရိမ်ပါနဲ့၊ခဏနေ ရင် လူတစ်ယောက် ရောက်လာလိမ့်မယ်...သူက မ င်းအတွက် သင့်တော်တဲ့ ဈေးတစ်ခု ပေးပါလိမ့်မယ် "

​ရန်ကွမ်းက ကြောင်သွားပြီး မေးမြန်းလိုက်သည်။

"အာ ..ဘယ်သူလဲဗျ"

​"သူဌေးမတစ်ယောက်လေ...မင်း မနေ့က လာပို့ ထားတဲ့ 'လင်ဇီးမှိုကို လာယူမှာလေ..."

​"တကယ်လား အဲ့သူဌေးမက လင်ဇီးမှိုကို ယွမ် သုံးသောင်း ပေးပြီး တကယ် ဝယ်ချင်တာလား"

​ချန်ကျန့်ကော်က ပြုံးလျက် ခေါင်းညိတ်ပြကာ ပြ န်ဖြေလိုက်၏။

"​အေး ကံကောင်းတယ်လို့ မနေ့ကမှ မင်း လာပို့တ ယ် ...ဒီနေ့ပဲ ဝယ်မယ့်သူ ရောက်လာတယ်လေ"

ရန်ကွမ်းက ဝမ်းသာအားရ ပြောလိုက်တော့သည်။

​"အဲ့ဒါဆိုရင်တော့ အတော်ပဲဗျာ.. ကျွန်တော့်ရဲ့ တေ ာင်သုံးလုံးဆေးမြစ်တွေကိုပါ သူ့ကို တစ်ခါတည်း ရောင်းလိုက်လို့ ရတာပေါ့..."

ထိုအချိန်မှာပင် ဟယ်ဟွာသည် ဆိုင်ထဲသို့ ဝင်လာ ပြီး ချန်ကျန့်ကော်ကို နှုတ်ဆက်ကာ သူမ၏ ဝမ်းကွဲ ညီမအား ရှာဖွေရန် ဆိုင်နောက်ဘက်သို့ ဝင်သွားသ ည်။သို့သော်လည်း အတွင်းခန်းတံခါးဝသို့ မရောက် မီ နောက်သို့ လှည့်ကြည့်ကာ မှာလိုက်၏။

"ဟဲ့ ရန်ကွမ်း နင်ကိစ္စပြီးရင်လည်း အလောတကြီး မပြန်နဲ့ဦးနော် အစ်မကို စောင့်ဦး... အတူတူ ပြန် ကြတာပေါ့"

ရန်ကွမ်းမှာလည်း ထိုသို့ဖြစ်ရန် အလိုရှိနေသူပီပီ လျ င် မြန်စွာပင် ခေါင်းညိတ်ကာ သဘောတူလိုက်၏။

​

"ဟုတ်ကဲ့ပါအစ်မ... ကျွန်တော် စောင့်နေပါ့မယ်"

​

​ချန်ကျန့်ကော်မှာမူ ထိုကိစ္စကို ဘာမှန်းမသိသဖြင့် အရေးတယူ မထားဘဲ ခြင်းတောင်းထဲရှိ ဆေးမြစ် များကိုသာ ကြည့်ရင်း ရန်ကွမ်းအား မေးလိုက်သ ည်။

"မင်းကတော့ အ​တော်ကို ဟုတ်နေပြီပဲ..ဒီ နှစ်ရက် အတွ င်းမှာတင် မင်း လိုချင်တဲ့ ပမာဏနား နီးစပ် သွားပြီ မဟုတ်လား"

ရန်ကွမ်းက ရယ်မောရင်း ပြန်ပြောလိုက်၏။

​"ဟဲဟဲ...မကြာခင် ပြည့်တော့မှာပါဗျာ. ..ဘာပဲဖြစ် ဖြစ် ငါးရက်တောင် အချိန်ရှိတာပဲ...အခုမှ ဒုတိယ မြောက်နေ့ပဲ ရှိသေးတာလေ..."

ချန်ကျန့်ကော်လည်း မှတ်ချက်ပေးလိုက်သည်။

​"အေးလေ... ဒါက မင်းမို့လို့ပေါ့... တခြားသူသာ ဆို ရင် ယွမ် ၅၀၀၀၀ ရအောင် ရှာဖို့ဆိုတာ တကယ်ကို မလွယ်ကူတဲ့ ကိစ္စပဲ"

​"ကျွန်တော်လည်း မတတ်နိုင်လို့ပါဗျာ.. ကျွန်တော့် မ ရီးကို မီးတွင်းထဲ ခုန်ဆင်းသွားမှာကိုတော့ ဒီအတိုင်း ထိုင်မကြည့်နိုင်ဘူး... သူကလည်း ကျွန်တော့်ရဲ့ ရန် မိသားစုဝင်ပဲဟာ.."

​ချန်ကျန့်ကော်က ရန်ကွမ်းကို သေချာကြည့်ကာ ခေါ င်းညိ တ်လိုက်ရင်း ချီးကျူးလိုက်၏။

"မင်းကို အရင်က ကလေးတစ်ယောက်လို့ပဲ ငါ ထင် ခဲ့တာ..အခုမှ မင်းက တာဝန်ယူစိတ် ရှိသူမှန်း ငါ သိ တော့တယ်ကွာ.."

​"အစ်ကိုချန်ကလည်း... ကျွန်တော့်ကို အရမ်းမမြှော က်ပင့်ပါနဲ့ဗျာ..ကျွန်တော် ကိုယ့်ကိုယ်ကိုယ် အဟုတ် ကြီး ထင်သွားပါဦးမယ်...ဟားဟားဟား..."

​သူတို့နှစ်ဦး ရယ်မောကာ စကားလက်ဆုံ ကျနေစဉ် နာရီဝက်ခန့်အကြာတွင် ဆိုင်ရှေ့သို့ အနက်ရောင် S UV ကားတစ်စီး လာရောက်ရပ်တန့်လိုက်သည်။ထို့ နောက် သာမာန်ပေါ့ပေါ့ပါးပါး အဝတ်အစားများ ဝ တ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး ကားပေါ်မှ ဆ င်းလာ၏။

ထိုအမျိုးသမီး ကားပေါ်မှ ဆင်းလာသည်မှ ဆေး ဆိုင်တံခါးကို တွန်းဖွင့်၍ ဝင်လာသည်အထိ ရန်ကွ မ်း၏ မျက်လုံးများမှာ သူမဆီမှ မခွာနိုင်အောင် ဖြစ် သွားရသည်။

​ထိုအမျိုးသမီးမှာ လေထဲတွင် ဝေ့ဝဲနေသော ဆံနွယ် ရှည်များ၊ နီမြန်းသော နှုတ်ခမ်းအစုံ၊ဖြူဖွေးသော သွားလေးများနှင့် ပန်းချီကားတစ်ချပ်ကဲ့သို့ လှပ သော မျက်ခုံးအစုံတို့ကိုလည်း ပိုင်ဆိုင်ထား၏။ ရုပ်မြင်သံကြားထဲမှ နာမည်ကျော် မင်းသမီးတစ် ယောက်ကဲ့သို့ပင် သူမက လှပလွန်းလှသည်။

သို့သော်လည်း သူမ၏ ဝိုင်းစက်သော မျက်ဝန်းကြီး များထဲတွင်မူ တခြားလူများ အနားမကပ်ရဲအောင် ဟန့်တားထားသည့် အေးစက်စက် အမူအရာနှင့် မာ နရိပ်များဖြင့် ပြည့်နှက်နေ၏။

​အမျိုးသမီးသည် ရန်ကွမ်းကို တစ်ချက်ကလေးမျှ လှည့်မကြည့်ဘဲ ဆိုင်ထဲသို့ ဝင်လာကာ ချန်ကျန့် ကော်ထံသို့ တိုက်ရိုက်သွားပြီး မေးလိုက်၏။

"ဦးလေးချန်... ပစ္စည်း အဆင်သင့် ဖြစ်ပြီလား.."

ချန်ကျန့်ကော်က ပြုံးရွှင်စွာ ဖိတ်ခေါ်လိုက်သည်။

​"အဆင်သင့် ဖြစ်ပါပြီဗျာ..မမလေးမူ... အတွင်းခန်း ထဲကို အရင် ကြွပါဦးလား.."

မူရှောင်ဝမ်က မျက်မှောင်ကြုတ်လိုက်ရင်း ပြန်ပြော လိုက်၏။

"မသွားတော့ဘူး..ကျွန်မ အလုပ်တွေ အရမ်းများနေ တာ ဒီမှာ အချိန်မဖြုန်းချင်ဘူး..ပစ္စည်းပဲ မြန်မြန် ထုတ်ပေးလိုက်ပါ..."

​သူမ၏ အမူအရာမှာ အတော်ပင် စိတ်မရှည် ဖြစ်နေ သည့်ပုံစံမျိုးပင်။

​ချန်ကျန့်ကော်လည်း စကားရှည်ရှည် မပြောတော့ဘဲ ကောင်တာအောက်မှ သေတ္တာတစ်လုံးကို အမြန်ထု တ်ကာ အဖုံးဖွင့်ပြီး ကောင်တာပေါ်သို့ တင်ပေးလို က်သည်။ထိုအရာမှာ သူမနေ့ကမှ လာပို့သည့်' လင် ဇီးမှိုဖြစ်ကြောင်း ရန်ကွမ်း မြင်လိုက်ရ၏။

​မူရှောင်ဝမ်မှာမူ မိူကို အသေးစိတ် သေသေချာချာ စတင်စစ်ဆေးတော့သည်။ မှိုပေါ်ရှိ အစက်အပြော က်လေး တစ်ပွင့်ချင်းစီကိုပင် မြင်ရအောင် ကြည့်နေ သည့်အလားပင်။

​တစ်ဆိုင်လုံး တိတ်ဆိတ်သွားပြီး အချိန်အတော်ကြာ သည်အထိ မည်သူမျှ စကားမဆိုကြချေ။ရန်ကွမ်း မှာမူ စိတ်မရှည်ဖြစ်လာကာ ဒေါသတကြီးဖြင့်ပင် လှမ်းမေးလိုက်၏။

"ဟေး... အစ်မကြီး..ကြည့်လို့ မပြီးသေးဘူးလားဗျ”

အခန်း 8 လောင်းကြေး

​မူရှောင်ဝမ်က အချိန်အတော်ကြာအောင် စစ်ဆေး နေသဖြင့် ရန်ကွမ်းတစ်ယောက် စိတ်ပျက်လာခြင်း ဖြစ်၏။လင်ဇီးမှိုတစ်ပွင့်တည်းကိုပင် လေးငါးမိနစ် လောက်ကြာအောင် ကြည့်နေသည်မှာ မပြီးနိုင်အော င် ဖြစ်နေသည် မဟုတ်ပေလော။

​ရန်ကွမ်း၏ စကားကို ကြားလိုက်ရသောအခါ မူရှော င်ဝမ်က အံ့အားသင့်သွားသည့် ပုံစံဖြင့် လှမ်းကြည့် ကာ မေးလိုက်၏။

"ရှင်က ဘယ်သူလဲ..."

ရန်ကွမ်းက ပြန်မေးလိုက်၏။

​"ဒီလင်ဇီးမှိုကို ကျွန်တော်ကိုယ်တိုင် ရှာလာတာ အစ် မကြီးက...အတုများ ထင်နေလို့ ကြည့် မဝနိုင်အော င် ဖြစ်နေတာလား"

​"ကျွန်မ အလုပ်လုပ်တဲ့အပေါ်မှာ ရှင့်ရဲ့ အကြံဉာဏ် တွေ လိုအပ်နေလို့လား..."

​မူရှောင်ဝမ်က မျက်မှောင်ကြုတ်ကာ ရန်ကွမ်းကို မျ က်စောင်းတစ်ချက် ခပ်လှလှလေး ထိုးလိုက်သည်။

ထို့နောက် ချန်ကျန့်ကော်ဘက်သို့ လှည့်ကာ ပြောလို က်၏။

"ပစ္စည်းက အစစ်ပဲ..ကျွန်မ ဦးလေးအကောင့်ထဲကို ပိုက်ဆံ လွှဲလိုက်မယ်နော်..."

​"ရပါတယ်ဗျာ...အေးဆေးလုပ်ပါ.."

​ချန်ကျန့်ကော်က အေးဆေးလုပ်ပါဟု ဆိုသော်လည် း သူ့ မျက်လုံးများမှာမူ ဝင်းလက်တောက်ပ နေပေ သည်။

“ တင် “

​"အွန်လိုင်းငွေပေးချေမှုစနစ်မှ ငွေလက်ခံရရှိပါသည် .. ပမာဏ သုံးသောင်းငါးထောင်ယွမ်..."

ဖုန်းထဲမှ အမျိုးသီးတစ်ဦး၏ ကြည်လင်သော အသံ ထွက်ပေါ်လာချိန်တွင် ရန်ကွမ်း တစ်ခဏမျှ ဆွံ့ အ သွားရသည်။လင်ဇီးမှိုအား ယွမ် ၃၀၀၀ တည်းနှင့် ရောင်းလိုက်ရခြင်း မဟုတ်ဘဲ နောက်ထပ် သုညတ စ်လုံး ပိုနေသည် မဟုတ်ပေလော။

​ဦးလေးချန် ထိုမျှလောက် စိတ်လှုပ်ရှားနေသည်မှာ မဆန်းပေ။သူလည်း ဒီနေ့တော့ အမြတ်အစွန်းလေး အတော်ရလိုက်ပုံပင်။

​တစ်ချိန်တည်းမှာပင် မူရှောင်ဝမ်၏ တွန့်ဆုတ်မှု မရှိ ဘဲ ငွေပေးချေလိုက်သည့် အမူအရာကို ကြည့်ကာ ရန်ကွမ်းသည် သူမအား အကဲခတ်သလို ကြည့်ရင်း စကားစလိုက်၏။

"ဟိုလေ... အစ်မကြီး....."

မူရှောင်ဝမ်က ခဏမျှ စိတ်တိုသွားပြီး ရန်ကွမ်းကို စူးစိုက်ကြည့်ကာ ငေါက်လိုက်သည်။

“ပါးစပ်ပိတ်ထား..”

​ရန်ကွမ်းမှာ လန့်သွားပြီး ဆက်ပြောဖို့ပြင်လိုက်၏။

"ဒါဆိုရင်လည်း... အစ်မကြီး..."

မူရှောင်ဝမ်က ရန်ကွမ်း၏ စကားကို နောက် တစ်ကြိ မ် ဖြတ်ပြောလိုက်ပြန်သည်။

​"ပါးစပ်ပိတ်ထားစမ်း..ဘယ်သူက ရှင့်အစ်မကြီးလဲ. .ကျွန်မကို 'မန်နေဂျာမူလို့ပဲ ခေါ်.."

​ရန်ကွမ်းခဗျာ မတတ်သာတော့ဘဲ စိတ်ထဲမှသာ မျ က်လုံးအကြိမ်ပေါင်းများစွာ လှန်ပြမိသော်လည်း အ ပြင်ပန်းတွင်မူ ပြုံးလျက် မေးမြန်းလိုက်သည်။

"မန်နေဂျာမူ... ကျွန်တော်က ဒီနေ့ ဆေးမြစ်တွေ လာ ပို့တာပါဗျာ..တောထဲကရတဲ့ ဒီ ဆေးမြစ်တွေကိုရော စိတ်ဝင်စားပါသလား"

​"အမ်..."

​ရန်ကွမ်းအား မယဉ်ကျေးဘဲ စိတ်အနှောင့်အယှက် ပေးသူဟု မူရှောင်ဝမ် ထင်ထားသော်လည်း "တော င်သုံးလုံးဆေးမြစ်" ဆိုသည့် စကားကို ကြားလိုက်ရ ချိန်တွင် ခုနက မကျေနပ်မှုများမှာ ချက်ချင်းဆိုသ လိုပင် မေ့ပျောက်သွားသည်။

ယန်ကွမ်း၏ခြင်းတောင်းကို ကြည့်ကာ မူရှောင်ဝမ် မေးလိုက်၏။

"ဒါတွေလား"

​"ဟုတ်ပါတယ်.."

​ရန်ကွမ်းက ခြင်းတောင်းကို ရှေ့သို့ တွန်းပေးကာ ရှ င်းပြလိုက်၏။

"ဒီမနက်ကမှ ကျွန်တော် တောင်ပေါ်က တူးလာ တာပါ.. လတ်လတ်စက်စက်တွေပဲဗျ.."

​မူရှောင်ဝမ် : "..."

​မူရှောင်ဝမ်က ဘာမျှမပြောဘဲ တောင်သုံးဆေးမြစ် တစ်ခုကို ကောက်ကိုင်ကာ နှာခေါင်းနားကပ်၍ အ နံ့ခံကြည့်လိုက်၏။ထို့နောက် အသွင်အပြင်ကို စစ် ဆေးပြီး အလေးချိန်ကို ခန့်မှန်းကြည့်ပြန်သည်။

​ပြီးမှ ရန်ကွမ်းကို ကြည့်ကာ တွေဝေစွာ မေးလိုက် ၏။

"နင် ဒါတွေကို တောင်ပေါ်မှာ တူးလာတာ တကယ်ပဲ လား.."

​"ဟုတ်ပါတယ်.. မန်နေဂျာမူ ဝယ်ဖို့ စိတ်ဝင်စားလို့ လား.."

​ယန်ကွမ်းကို အရေးမလုပ်ဘဲ ချန်ကျန့်ကော်ဘက်သို့ လှည့်ကာ မူရှောင်ဝမ်မေးလိုက်သည်။.

"ရှင်တို့ဆီက တောင်တွေပေါ်မှာ ဒီတောရိုင်းဆေးမြ စ်တွေ ပေါက်သေးတာလား"

​ချန်ကျန့်ကော်မှာ အနည်းငယ် နေရခက်သွား၏။

"ကျွန်တော်လည်း ဒီနေ့မှ ဒါကို ကြားဖူးတာပါ..."

​သို့သော်လည်း ရန်ကွမ်းမှာမူ မူရှောင်ဝမ်၏ လေသံ ကို ကြားရသည်မှာ မိမိတို့ ဇာတိမြေရှိ တောင်တန်း များကို အထင်သေးနေသကဲ့သို့ ခံစားရသဖြင့် လေ သံမာမာပြောလိုက်၏။

"မန်နေဂျာမူ... အဲ့ဒီလိုတော့ မပြောပါနဲ့..ကျွန်တော် တို့ ရွာဘက်က တောတောင်ရေမြေတွေက ဘယ် လောက် တန်ဖိုးကြီးတဲ့ ဆေးမြစ်ဖြစ်ဖြစ် အကုန် ထွက်တယ်ဗျ.."

​"ဟုတ်လို့လားဟယ်.."

​မူရှောင်ဝမ်က ယန်ကွမ်းကို ပြန်ကြည့်ကာ ပြောလို က်ပေသည်။

"ဒါဆိုရင် ရှင် ဒီဆေးမြစ်တွေ နောက်ထပ် ရအောင် ရှာပေးနိုင်မလား.တကယ်သာ ထပ်ရှာပေးနိုင်ရင် ကျွ န်မ ရေရှည်ဝယ်မယ်..ဈေးနှုန်းအတွက်တော့ မစိုးရိ မ်နဲ့..ဈေးကွက်မှာ ပေါက်တဲ့ အမြင့်ဆုံးဈေး ပေးပါ့ မယ်.."

ရန်ကွမ်း၏ မျက်လုံးများ ဝင်းလက်သွားကာ ချက် ချင်းဆိုသလိုပင် ပြန်ပြောလိုက်၏။

"တောရိုင်းအစစ်ကိုတော့ ကျွန်တော် အာမမခံနိုင် ဘူး.. ဒါပေမဲ့ ကိုယ်တိုင်စိုက်ပျိုးတာဆိုရင်တော့ စ မ်းကြည့်လို့ရတယ်..သူ့ရဲ့ဆေးဖက်ဝင်အာနိသင်ကလည်း ဒီတောရိုင်းဆေးမြစ်ထက် မနိမ့်စေရဘူး.."

"ခစ်.. ခစ်..ခစ်.. "

​ယန်ကွမ်းက ယုံကြည်ချက်အပြည့်ဖြင့် ကတိပေး လိုက်သော်လည်း မူရှောင်ဝမ်ကမူ ဟက်ဟက်ပက် ပက် ရယ်မောလိုက်သည်။သူမ ရယ်နေသောပုံစံမှာ ရန်ကွမ်းအား အကြည့်မခွာနိုင်အောင် ဆွဲဆောင်နေ သကဲ့သို့ပင်။

သို့သော်လည်း မူရှောင်ဝမ်က ရန်ကွမ်းအား တစ်ချ က် စောင်းကြည့်ကာ အထင်သေးသော လေသံဖြင့် မေးလိုက်၏။

"ရှင်က ဘာလုပ်တဲ့လူလည်း .. ဘာမှလည်း နားမလ ည်ဘဲနဲ့ လျှောက်ပြောရဲတယ်ပေါ့လေ.."

ရန်ကွမ်းက စိတ်ထဲတွင် မကျေမနပ် ဖြစ်သွားကာ ​မျ က်လုံးအဝိုင်းသားဖြင့် ပြန်မေးလိုက်သည်။

​"ဘာလို့ လျှောက်ပြောရမှာလဲ.. ကျွန်တော် အစက တည်းက ဒီတောင်သုံးဆေးမြစ်တွေကို စိုက်ပျိုးဖို့ စီ စဉ်ထားတာ..မန်နေဂျာမူ မယုံရင်လည်း နေပေါ့ .. ဘာလို့ လူကို လာရယ်နေတာလဲ.."

​မူရှောင်ဝမ်က ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်၏။

​"ရှင်က ဒီဆေးမြစ် စိုက်ပျိုးတဲ့ နည်းပညာကို နားလ ည်.. နားမလည်ဆိုတာကို ထားလိုက်ပါဦး.. စိုက်ပျိုး ထားတဲ့ ဆေးမြစ်ရဲ့ ဆေးဖက်ဝင်မှုက တောရိုင်းမှာ ပေါက်တာနဲ့ အတူတူပဲလို့ ပြောတာကတော့ ရှင် လေလုံးထွားနေတာပဲဆိုတာ ကျွန်မ သိတာပေါ့.."

​မူရှောင်ဝမ် ထိုသို့ပြောလိုက်သည်ကို ကြားသော အ ခါ ရန်ကွမ်း၏ စိတ်ထဲတွင် ရုတ်တရက် အရှုံးမပေး လိုသော စိတ်များ ထကြွလာသည်။သူက အင်္ကျီလ က်ကို ပင့်တင်ကာ မေးလိုက်၏။

"တကယ်လား.. ကျွန်တော်သာ တကယ် စိုက်ပျိုး နိုင် ခဲ့ရင်ရော..မန်နေဂျာမူ ကျွန်တော်နဲ့ လောင်းရဲသလား ..."

​မူရှောင်ဝမ်က မျက်မှောင်ကြုတ်ကာ အထင်သေးသ လို ကြည့်ရင်း ပြန်မေးလိုက်သည်။

"ဟမ့်..ရှင်က ဘယ်လို လောင်းမှာလဲ.."

​ "တကယ်လို ကျွန်တော်က ဒီတောင်သုံးဆေးမြစ် စိုက်ပျိုးတာ အောင်မြင်ခဲ့ပြီး..ဆေးဖက်ဝင်အာနိသ င်ကလည်း တောရိုင်းမှာပေါက်တာနဲ့ အတူတူပဲဆို ရင် ကျွန်တော် နိုင်ပြီပေါ့.."

မူရှောင်ဝမ်က သဘောတူက မေးလိုက်သည်။

​"ကောင်းပြီလေ...ရှင့် လောင်းကြေးက ဘာလဲ.."

​သူမ၏ စူတူတူဖြစ်နေသော နှုတ်ခမ်းလေးကို ကြည့် ရင်း ရန်ကွမ်းမှာ တံတွေးတစ်ချက် မျိုချကာ ရုတ်တ ရက် စိတ်လိုက်မာန်ပါဖြင့် ပြောလိုက်မိသည်။

"မန်နေဂျာမူ ရှုံးရင် ကျွန်တော့်ကို တစ်ခါ နမ်းရမယ် ..ကျွန်တော် ရှုံးရင်တော့ ဒီနေ့ရတဲ့ လင်ဇီးမိူနဲ့ တောင် သုံးလုံး ဆေးမြစ်ဖိုး ပိုက်ဆံအကုန်လုံး မန်နေဂျာမူ ကို ပြန်ပေးမယ်.."

​ချန်ကျန့်ကော် : "..မြတ်စွာဘုရား."

ခေတ္တမျှ မှင်သက်သွားပြီးနောက် မူရှောင်ဝမ်၏ လှ ပသောမျက်နှာလေးမှာ ရုတ်ချည်းပင် နီမြန်းလာကာ ဒေါသတကြီး မျက်လုံးအဝိုင်းသားဖြင့် အော်ပြောလို က်၏။

"ရှင် ဘယ်ရွာက တောသားလဲ ကျွန်မကို ပြောင်ချော် ချော် လုပ်ရဲတယ်ပေါ့လေ.. အရိုက်ခံချင်နေတာလား .."

​

စကားပင် မဆုံးသေးမီမှာပင် မူရှောင်ဝမ်သည် ခြေ ထောက်ကို မြှောက်လိုက်ရာ သူမ၏ ဖြူလွလွ ဖိနပ် ကလေးမှာ ရန်ကွမ်း၏ ရင်ဘတ်ဆီသို့ တည့်တည့် မတ်မတ် ဦးတည်လာခဲ့သည်။

​အကယ်၍သာ ယခင်ကဆိုလျှင်မူ ထိုကန်ချက်အား ရန်ကွမ်း ရှောင်နိုင်မည် မဟုတ်ပေ။

သို့သော် ယခု ရန်ကွမ်းမှာ ယခင်ကနှင့် မတူတော့ ပေ။သူသည် ဘေးသို့ အနည်းငယ် တိမ်းရှောင်လိုက် ပြီး ပြုံးလျက် ရန်စလိုက်၏။

"ကြည့်ရတာ မန်နေဂျာမူ ကိုယ့်ကိုယ်ကိုယ် ယုံကြည် ချက် မရှိဘူးနဲ့ တူတယ်နော်.. ရှုံးတော့မယ်ဆိုတာ ကြိုသိနေလို့ မလောင်းရဲတာ မဟုတ်လား"

​မူရှောင်ဝမ်သည် ဒေါသအလိပ်လိုက် ထွက်လာကာ ယန်ကွမ်းကို တံတွေးနှင့် ထွေးရင်း ပြန်ပြောလိုက်သ ည်။

"ဒါက ရှုံးမှာ ကြောက်တာနဲ့ မဆိုင်ဘူး.. ရှင့်အမူအ ရာက အရမ်းရိုင်းလွန်းလို့..အရင်က ကျွန်မကို လာ နောက်ယှက်တဲ့လူတွေ အကုန်လုံး အခု ဆေးရုံမှာ ရောက်နေပြီဆိုတာ ရှင်သိလား.ဟမ့်"

​"အမငီး....."

​

ထိုစကားကို ကြားသောအခါ ယန်ကွမ်းခဗျာ ကြောင် အသွားပြီး စိတ်ထဲမှ ရေရွတ်မိလိုက်၏။

"လခွမ်း ဒီအစ်မလှလှက ဒီလောက်တောင် ကြမ်းတ ာလားဟ..ငါ မပတ်သက်တာပဲ ကောင်းမယ် ထင် တယ်..

​ယန်ကွမ်းက စိတ်ထဲတွင် ဝေခွဲမရဖြစ်နေပြီး" ထား လိုက်ပါတော့" ဟု ပြောရန် ပြင်လိုက်စဉ်မှာပင် မူရှေ ာင်ဝမ်က နှာခေါင်းရှုံ့လျက် ပြောလိုက်သည်။

"ရှင့်မှာ ဒီလောက် သတ္တိရှိနေမှတော့... ကောင်းပြီ လေ ကျွန်မ လောင်းမယ်.."

​"ဗျာ.."

​ရန်ကွမ်းမှာ ခဏမျှ ကြောင်အသွားရပြန်သည်။

မူရှောင်ဝမ်က ထိုသို့ စိတ်ပြောင်းသွားလိမ့်မည်ဟု သူ မထင်ထားမိပေ။

မူရှောင်ဝမ်က အေးစက်စက် ပြုံးကာ ပြောလိုက်၏ ။

​"ရှင် အခု နောင်တရမယ်ဆိုရင်လည်း အပိုပဲ.. ဦး လေးချန်... ကျွန်မကို ကလောင်နဲ့ စက္ကူ ပေးပါ. .ဒီ ကောင်လေးနဲ့ ကတိစာချုပ် ရေးထိုးမလို့..ဦးလေးက သက်သေအဖြစ် လုပ်ပေးရမယ်.."

​"ဟိုဟာ..ဒါ ဒါကတော့..."

​ချန်ကျန့်ကော်မှာလည်း ရုတ်တရက် အူကြောင်ကြေ ာင် ဖြစ်သွားရသည်။

"မင်းတို့ လူငယ်ချင်း ကိစ္စကို ငါ့ကို ဘာလို့ လာဆွဲထ ည့်တာလဲ" ဟူ၍ စိတ်ထဲမှ တွေးနေမိ၏။မူရှောင်ဝမ် ၏ အဆင့်အတန်းကို သူ အသိဆုံး ဖြစ်သည်။သူမ မှာ လုပ်ငန်းရှင်ကြီးမူဖန်း၏ သမီးဖြစ်သူပင် မဟု တ်ပေလော။

ထို့ကြောင့် ချန်ကျန့်ကော်မှာ ရန်ကွမ်းတစ်ယောက် မူရှောင်ဝမ်နှင့် လောင်းကစားလုပ်နေသည်မှာ အ ဆော့လွန်နေပြီဟု ခံစားနေရသည်။အကယ်၍ ရန် ကွမ်းသာ ရှုံးသွားခဲ့လျှင် ယခုရမည့် ယွမ်သောင်းချီ သော ငွေများကို ရမည်မဟုတ်သည့်အပြင် သူတစ် ပါးလက်ထဲသို့ သက်သက်မဲ့ ထိုးအပ်လိုက်သလိုသာ ဖြစ်ပေလိမ့်မည်။

​အကယ်၍သာ နိုင်ခဲ့လျှင်လည်း မူရှောင်ဝမ် ကဲ့သို့ သော မာနခဲမလေး၏ စရိုက်အရ ရန်ကွမ်းကို အနမ်း ပေးရန်မှာ လုံးဝမဖြစ်နိုင်သည့်အပြင် ကတိဖျက်ရန် အကြောင်းပြချက်တစ်ခုခုကို မဖြစ်မနေ ရှာ ကြံပေ ဦးမည်။ထို့အပြင် မည်သူ့ကိုမှ အပြစ်မလုပ်ဘဲနှင့် ဤကဲ့သို့သော ကတိစာချုပ်တွင် သက်သေအဖြစ် ပါဝင်ရသည်မှာလည်း လွယ်ကူသောကိစ္စတော့ မ ဟုတ်ပေ။

​

ချန်ကျန့်ကော်၏ ရှုပ်ထွေးနေသော စိတ်အခြေအနေ ကို မသိဘဲ မူရှောင်ဝမ်က ကတိစာချုပ်ရေးရန် ပြော သည်ကို ကြားသည်နှင့် ရန်ကွမ်းကလည်း ချက်ချင်း ဆိုသလိုပင် ခေါင်းညိတ်ကာ ပြောလိုက်သည်။

"ကောင်းပြီလေ... အစ်ကိုချန်..မြန်မြန် စက္ကူနဲ့ က လောင်သွားယူလိုက်ပါဗျာ.."

​

"ဆေးမြစ် စိုက်ပျိုးဖို့ကိစ္စကတော့ သေချာပေါက် အောင်မြင်မှာပဲ..ဟဲဟဲ..အဲ့ဒီတော့မှ ဒီမာနကြီးတဲ့ ကောင်မလေးက သူ့နှုတ်ခမ်းလေးကို ငါ့ဆီ လာဆ က်သရတော့မယ်..ဟီးဟီး. "

​ထိုကဲ့သို့ လှပသည့် မိန်းကလေးတစ်ယောက်၏ အ နမ်းကို ခံရသည်မှာ ဘယ်လိုခံစားချက်မျိုး ဖြစ်မလဲ ဆိုသည်အား တွေးရင်း ရန်ကွမ်းတစ်ယောက် စိတ် ထဲမှ ခိုးပြုံးနေမိသည်။

​ချန်ကျန့်ကော်က အခြေအနေကို ပြေလည်အောင် ညှိနှိုင်းပေးချင်သော်လည်း မူရှောင်ဝမ်က ဇွတ်အ တင်း တောင်းဆိုနေသဖြင့် ကလောင်နှင့် စက္ကူကိုသ ာ ယူလိုက်ရ၏။လောင်းကြေးအား စာရွက်ပေါ်တွင် ရေးရန် ပြင်ဆင်နေစဥ်မှာပင် ​ရန်ကွမ်းက ဖြတ်ပြော လိုက်သည်။

"နေဦး... အရင်ဆုံး တန်ဖိုးကို အရင်တွက်ရအောင်.. ဒီလင်ဇီးမှိုက ယွမ် ၃၅,၀၀၀ တန်တယ် မဟုတ်လား ... ဒါဆိုရင် ဒီ တောင်သုံးလုံးဆေးမြစ်တွေကရော ဘယ်လောက်တန်လဲဆိုတာ ကျွန်တော့်ကို မပြောရ သေးဘူးလေ.."

​"အော်..ဒါက ဘာ ခက်တာမှတ်လို့."

​မူရှောင်ဝမ်က နှာခေါင်းရှုံ့လိုက်ပြီး ချန်ကျန့်ကော်ဘ က်သို့ လှည့်ပြောလိုက်သည်။

"ဦးလေးချန်.. ဒီ ဆေးမြစ်တွေကို ချိန်ကြည့်လိုက်ပါ ဦး..အလေးချိန် ဘယ်လောက် ရှိလဲဆိုတာ သိရအေ ာင် .."

​"ကောင်းပါပြီဗျာ.."

​

ချန်ကျန့်ကော်မှာ ဘာမှမပြောနိုင်တော့ဘဲ မူရှောင်ဝ မ် ခိုင်းသည့်အတိုင်း ဆေးပစ္စည်းချိန်သည့် လျှပ်စစ် ချိန်စက်ကိုထုတ်ယူလိုက်ရသည်။

​မကြာမီမှာပင် ချန်ကျန့်ကော်က မော့ကြည့်ကာ ပြော လိုက်၏။

"မမလေးမူ... ဒီဆေးမြစ်တွေ အကုန်လုံး၃၆ ကျပ် သား ရှိပါတယ်..."

All Chapters