အခန်း (၉-၁၀)
Vol. 1 Ch. 9-10
အခန်း 9 အစ်မက ထောင့်စေ့လွန်းတယ်ဗျာ
မူရှောင်ဝမ်က ခေါင်းညိတ်ရင်း ပြောလိုက်၏။
"ကျွန်မသိပြီ.."
သူမသည် စိတ်ထဲတွင် လျင်မြန်စွာ တွက်ချက်လိုက် ပြီးနောက် ရန်ကွမ်းကို ကြည့်ကာ ပြောလိုက်သည်။ .
"လက်ရှိ ပေါက်ဈေးအရဆိုရင် ဒီ တောင်သုံးလုံး ဆေးမြစ်တွေရဲ့ တန်ဖိုးက တစ်ကျပ်သားကို ယွမ် ၅ ၀၀ နှုန်းနဲ့ အားလုံးပေါင်း ယွမ် ၁၈,၀၀၀ ကျတယ် ..."
"အဆင်ပြေတယ်. ပြဿနာမရှိဘူး.."
ရန်ကွမ်းက ခေါင်းညိတ်လိုက်ပြီး မျက်လုံးလေး က စားကာ ပြောလိုက်၏။
"ဒါဆိုရင် အရင်ဆုံး ပိုက်ဆံပေးထားလေ.. ဒါမှသာ ကျွန်တော့်ဆီမှာ ဝင်ငွေအဖြစ် ရှိနေမှာ..အဲ့ဒီနောက် မှသာ လောင်းကြေးထဲမှာ ထည့်သွင်းသတ် မှတ်လို့ ရမှာလေ.."
"ဟွန့်. ရှင်ကတော့ မအဘူးပဲ.."
မူရှောင်ဝမ်က နှာခေါင်းရှုံ့လိုက်ပြီးနောက် ပြန်မေး လိုက်သည်။
"ဒါဆိုရင် ပိုက်ဆံအားလုံးကို ဦးလေးချန်ဆီမှာပဲ အ ပ်ထားလိုက်မယ်..သူကတစ်ဆင့် ရှင့်ကို ရှင်းပေးလိ မ့်မယ်..ဘယ်လိုလဲ.."
"ရပါတယ်.."
မကြာမီမှာပင် ယွမ် ၁၈,၀၀၀ လွှဲပြောင်းမှု အောင်မြ င်သွားခဲ့သည်။မူရှောင်ဝမ်က ချန်ကျန့်ကော် ဘက် သို့ လှည့်ကာ ပြေလိုက်သည်။
"ဦးလေးချန် ခုနက ပြောထားတဲ့ လောင်းကြေးအ တိုင်း စာ ရွက်ပေါ်မှာ သေချာမှတ်ထားပေးနော်.."
ချန်ကျန့်ကော်မှာ ဖျောင်းဖျချင်သော်လည်း ဤလူ ငယ်နှစ်ဦးမှာ တစ်ဦးနှင့်တစ်ဦး အလျှော့ပေးမည့်ပုံ မပေါ်ကြောင်း သိလိုက်သဖြင့် အပိုစကားမပြော တော့ဘဲ စာရွက်ပေါ်တွင်သာ ငုံ့၍ မှတ်ပေးလိုက်ရ ၏။
မူကြမ်း ရေးသားပြီးစီးသောအခါ မူရှောင်ဝမ်သည် ပထမဦးဆုံးအဖြစ် လက်မှတ်ရေးထိုးကာ လက်ဗွေ နှိပ်လိုက်သည်။လုပ်ငန်းစဉ်မှာ အတော်လေး တရား ဝင် ဖြစ်နေ၏။
ရန်ကွမ်း၏ လက်မှတ်ကို မြင်ရသောအခါ မူရှောင်ဝ မ်က လှောင်ပြုံးပြုံးရင်း သရော်လိုက်သည်။
"ဟေး... ရှင့်နာမည်က ရန်ကွမ်း (နေရောင်ခြည်) တဲ့လား..မပူပါနဲ့..သိပ်မကြာခင် ရှင့်ဘဝက နေသာတော့မှာ မဟုတ်ဘူး ခစ်ခစ်.."
"..."
ရန်ကွမ်းတစ်ယောက် ပြန်မပြောနိုင်ဘဲ မျက်လုံးသာ လှန်ပြမိလိုက်၏။ခုနလေးတင်ကမှ ဤမိန်းက လေးအား လှသည်ဟူ၍ ထင်မိခဲ့သည်။ယခုကျမှ ဘာလို့ ဒီလောက် စိတ်ပျက်ဖို့ကောင်းမှန်း သိလိုက်ရသနည်းဟု ရန်ကွမ်းတစ်ယောက် စိတ်ထဲမှ တွေးနေမိ၏။
လက်မှတ်ထိုးပြီး ကတိကဝတ်ပြုပြီးနောက် လော င်းကြေးမှာ အတည်ဖြစ်သွားခဲ့ပြီး သတ်မှတ်ကာလမှာ သုံးလဖြစ်သည်။အကယ်၍ ထိုအချိန်အတွင်း ရ န်ကွမ်းဘက်က စိုက်ပျိုးထားသော တောင်သုံးလုံးဆေးမြစ်များကို မထုတ်ပြနိုင်ပါက အရှုံးဟု သတ် မှတ်မည်ဖြစ်၏။
ရန်ကွမ်းအနေဖြင့် တောင်သုံးလုံးဆေးမြစ် စိုက် ပျိုးနည်းပညာကို လုံးဝနားမလည်သေးသော်လ ည်း သူ့တွင်ရှိနေသော 'ရှန်နုန်းကျွယ်' ဆေးပညာကျမ်းဖြင့် မဖြေရှင်းနိုင်သည့် ပြဿနာမရှိဘူးဟူ၍ ယူဆထားသောကြောင့် ထိုမျှ ယုံကြည်ချက်ရှိနေခြ င်းပင်။
လင်ဇီးမှိုနှင့် တောင်သုံးလုံးဆေးမြစ်များကို ထုပ် ပိုးပြီးနောက် ချန်ကျန့်ကော်ကိုယ်တိုင် မူရှောင်ဝမ် ၏ ကားပေါ်သို့ တင်ပေးလိုက်သည်။
ကားပေါ်မတက်မီ မူရှောင်ဝမ်သည် ရန်ကွမ်းကို ကြ ည့်ကာ အံကြိတ်လျက် လက်ဖြင့် လည်ပင်းလှီးပြသ ည့် အမူအရာလုပ်ပြပြီး ခြိမ်းခြောက်လိုက်၏။
"နံစော်နေတဲ့ ကောင်လေး..နောင်တရဖို့သာ ပြင်ထား.. နင့်ဘဝတော့ သွားပြီသာမှတ်.."
ရန်ကွမ်းလည်း အားကျမခံ ပြန်ပြောလိုက်သည်။
"ဟက်...ခဗျားသာ အရှုံးပေးဖို့ ပြင်ထားလိုက်.. ပြီးရင်တော့ ကျွန်တော့်ကို နမ်းရမှာနော် ဟီးဟီး.. "
"ထွီး သွားစမ်းပါ..တောသားရဲ့...."
မူရှောင်ဝမ်သည် မျက်နှာလေး နီမြန်းလျက် ဆဲရေးပြီးနောက် ကားထဲသို့ အမြန်ဝင်သွားပေသည်။ ကားအင်ဂျင်သံမှာမူ ပေါက်ကွဲတော့မတတ် ကျယ်လောင်စွာ မြည်သွားပြီး ဝူးခနဲ အရှိန်ဖြင့် မောင်းထွ က်သွားတော့သည်။
ချန်ကျန့်ကော်က ယန်ကွမ်းအနားသို့ လျှောက်လာရင်း ခါးသီးသော အပြုံးဖြင့် မေးလိုက်၏။
"ညီလေးရာ... မင်း ဒီနေ့ ဆေးများ မှားသောက်လာသလား..မန်နေဂျာမူက မင်း ဆော့လို့ရတဲ့သူ မဟုတ်ဘူးကွ.." .
"ဘယ်သူပဲဖြစ်ဖြစ်ဗျာ သိကြားမင်းပဲ ဆင်းလာလာ ... ကျွန်တော့်ရှေ့မှာတော့ လာပြီး မာနထောင်လွှားလို့ မရဘူး.."
ရန်ကွမ်းက ခပ်ပြတ်ပြတ် ပြောလိုက်ပြီးနောက် မေးလိုက်သည်။
"အစ်ကိုချန်... ကျွန်တော့်ကို ပိုက်ဆံပေးဖို့ အချိန် ရောက်ပြီ မဟုတ်လား"
"အေး.အေး လာ ဆိုင်ထဲဝင်ပြီး စကားပြောရအော င်"
ဆိုင်ထဲသို့ ပြန်ရောက်သောအခါ ချန်ကျန့်ကော်က ရန်ကွမ်းကို ကြည့်ရင်း ပြောလိုက်၏။
"ညီလေး... မင်း ကြားတဲ့အတိုင်းပဲ..လင်ဇီးမိူက ယွမ် ၃၅,၀၀၀ နဲ့ ရောင်းလိုက်ရတယ်.. ဒီနေ့ မင်းယူလာတဲ့ ဆေးမြစ်ဖိုးနဲ့ ပေါင်းရင် မင်းမှာ ယွမ် ၅၃,၀၀၀ တောင် ရှိနေပြီ.. ငါ မင်းအတွက် ယွမ် ၂ ၅,၀၀၀ ထပ်ထုတ်ပေးမယ်"
"မလိုပါဘူး အကိုချန်ရာ..."
ရန်ကွမ်းက ထိုစကားကို ကြားသည်နှင့် အမြန်ပင် တားမြစ်လိုက်သည်။
"ကျွန်တော်တို့ အရင်ကတည်းက ယွမ် ၃၀,၀၀၀ လို့ပဲ.. သဘောတူထားတာလေ.. ပိုတဲ့ငွေက အစ်ကို့အတွက်ပဲ ဖြစ်ရမယ်.. ဒီစည်းကမ်းကိုတော့ ကျွန်တော် အဖျက်မခံနိုင်ဘူးဗျာ..."
"ဒါက ဘယ်လိုလုပ် သင့်တော်ပါ့မလဲ ညီလေးရာ.. ငါ က ဖုန်းနှစ်ခေါက်လောက် ဆက်ပေးရုံတင်ရှိတာ ဘာမှလည်း အထွေအထူး လုပ်ပေးရတာ မဟုတ်ဘူး.. ပြီးတော့ မင်းကလည်း ပိုက်ဆံလိုနေတာ မ ဟုတ်လား ဟဲဟဲ.."
"အဲ့ဒါက တခြားစီလေဗျာ!"
ရန်ကွမ်းက တည်ကြည်သော မျက်နှာထားဖြင့် အ လေးအနက် ပြောလိုက်၏။
"စည်းကမ်းက စည်းကမ်းပဲ.. ကျွန်တော် ဘယ် လောက်ပဲ ပိုက်ဆံလိုလို အစ်ကို့ရဲ့ ရပိုင်ခွင့်ကိုတော့ မယူရက်ပါဘူးဗျာ.. ဒါ့အပြင် ကျွန်တော် မနက်ဖြန် တောင်ပေါ်တက်ရင်လည်း ထပ်ရဦးမှာပဲလေ ဒီငါးထောင်လောက်ကတော့ ဘာအရေးလဲဗျာ.."
"ညီလေး... မင်းကို ငါ တကယ် သဘောကျသွားပြီကွာ.."
ချန်ကျန့်ကော်က လက်မထောင်ပြရင်း ရိုးသားစွာ ချီးကျူးလိုက်သည်။
ဤကောင်လေးမှာ အသက်ငယ်သော်လည်း လူ ကြီးလူကောင်းဆန်ကာ စည်းကမ်းကို သိတတ်လှ ၏။
ယနေ့ခေတ် လူငယ်များထဲတွင် ထိုကဲ့သို့သော စိ တ်ထားမျိုးရှိရန်မှာ အလွန်ပင် ရှားပါးလှပေသည်။ ချန်ကျန့်ကော်က အကြံတစ်ခုပင် ထပ်ပေးလိုက်သေး၏။
"ရှောင်ကွမ်း ဒီယွမ် ၅,၀၀၀ ကို အလကားမယူချင်ရင်တောင် ချေးငွေအဖြစ် ယူသွားပါကွာ.. အခု လောလောဆယ် မင်း လိုအပ်တာကို အရင်ရှင်းပြီး နောက်မှ အကို့ကို ဖြည်းဖြည်းချင်း ပြန်ဆပ်ပေါ့"
သို့သော်လည်း ရန်ကွမ်းက ထိုအကြံကို ငြင်းပယ်လို က်ပြန်သည်။
နောက်ဆုံးတွင်တော့ ချန်ကျန့်ကော်လည်း မတတ်သာတော့ဘဲ ယွမ်၃၀,၀၀၀ ထဲမှ အရင်ပေးထားသော ၂,၀၀၀ ကို နုတ်ပြီးကို ရန်ကွမ်းလက်ထဲသို့ အကုန်ထည့်ပေးလိုက်ရ၏။
ထိုအချိန်မှာပင် ဟယ်ဟွာသည် ဆိုင်ရှေ့သို့ ပြန်ရောက်လာလဲ့သည်။ဆေးမြစ်များရောင်းရခြင်းမှ နောက်ထပ် ယွမ် ၂၀,၀၀၀ ကျော် ယန်ကွမ်း ရသည်ကို သိသောအခါ သူမမှာ အံ့အားသင့်လွန်း၍ ဆွံ့အသွားရ၏။
ဟယ်ဟွာသည် ဆိုင်နောက်ဘက်တွင် ဝမ်းကွဲညီမနှ င့် စကားပြောနေသဖြင့် ရှေ့တွင် ဘာတွေဖြစ်ပျက်ခဲ့သည်ကိုမူ မသိရှိခဲ့ချေ။ယခုအခါ ရန်ကွမ်း၏ အ လုပ်များ ပြီးစီးသွားပြီဖြစ်၍ ဟယ်ဟွာက မေးလို က်သည်။
"အေးဆေးပါ အစ်မရဲ့ အစ်မ လုပ်စရာရှိရင် လုပ်လေ ကျွန်တော် ခဏ စောင့်ပေးပါ့မယ်.."
ဟယ်ဟွာက ပြုံးလျက် ပြန်ပြောလိုက်၏။
"အစ်မလည်း ဘာမှ ထွေထွေထူးထူး မရှိပါဘူးဟ ယ်.. ညီမလေးဆီ လာပြီး စကားစမြည်ပြောရင်း သူ ပြင်ပေးထားတဲ့ အဝတ်အစားလေးတွေ လာယူယုံပါပဲ"
ရန်ကွမ်းသည် တစ်ချက်ကြည့်လိုက်သည်နှင့် ထိုအ ဝတ်အစားများမှာ ကလေးဝတ်များဖြစ်ကြောင်း သိလိုက်ရသည်။၎င်းတို့မှာ ချန်ကျန့်ကော်၏ က လေးများ ဝတ်ဆင်ခဲ့သည့် အဟောင်းများကို ဟေယ်ဟွာ၏ ကလေးများအတွက် လက်ဆောင်ပေး လိုက်ခြင်း ဖြစ်သည်မှာ ထင်ရှားလှ၏။
အမှန်စင်စစ် ဖုကျန့်ဟွာသည် မြို့ပေါ်တွင် အလုပ်အ ကိုင် အဆင်ပြေနေသူဖြစ်ရာ သူ၏ကလေးများမှာ သူတစ်ပါးအိမ်မှ အဝတ်ဟောင်းများကို ဝတ်ဆင်ရမည့် အခြေအနေမျိုး မရှိသင့်ပေ။
ဤအချက်ကို ကြည့်ခြင်းဖြင့် ဖုကျန့်ဟွာသည် မိ သားစုအရေးကို တကယ်ပင် ဂရုမစိုက်သည်မှာ သိသာထင်ရှားနေပေသည်။
ချန်ကျန့်ကော်၏ ရှေ့တွင်မူ ရန်ကွမ်းသည် ဘာမျှမမေးမြန်းတော့ဘဲ ဟယ်ဟွာနှင့်အတူ အပြင်သို့ ထွ က်လာလိုက်၏။သူမ စက်ဘီးပေါ်သို့ တက်ထိုင် သည်နှင့် နှစ်ဦးသား ရွာသို့ ပြန်လာခဲ့ကြသည်။
ဟုန်ချီမြို့နယ်မှ ထွက်လာပြီး ချင်းရှန်းကျေးရွာသို့ ပြန်သည့် တောလမ်းထဲသို့ ရောက်သောအခါ ဟယ်ဟွာက သူ့ ခါးကို ပြန်ဖက်လာသည်အား ယန်ကွမ်းတစ်ယောက် ခံစားလိုက်ရ၏။
သူမ၏ ကိုယ်လုံးလေးမှာ သူ့ကျောပြင်တွင် ကပ်လျက်ရှိနေပြီး ရင်းနှီးနေပြီဖြစ်သော ထိုနွေးထွေးသည့် ခံစားချက်မှာ ပြန်လည်ရောက်ရှိလာသည်။
အစပိုင်းတွင်မူ နှစ်ဦးသား တိတ်ဆိတ်နေကြသော် လည်း ခရီးအတန်ငယ် ပေါက်လာသောအခါ ရန်ကွ မ်းက မနေနိုင်ဘဲ မေးမိလိုက်၏။
"အစ်မ.. အစ်ကိုဟွာက အစ်မတို့ဆီ ပိုက်ဆံတောင် မပို့ဘူးလားဟင်..."
ဟယ်ဟွာသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ လေ သံတိုးတိုးလေး ပြောရှာသည်။
"သူ့အကြောင်း မပြောစမ်းပါနဲ့အေ..အစ်မ အဲ့ဒီ့အကြောင်းတွေကို ပြန် မပြောချင်တော့ဘူး"
"ဟုတ်ကဲ့ပါဗျာ.."
ရန်ကွမ်းလည်း စိတ်ထဲမှ ရေရွတ်လိုက်၏။
"ဒါက သူများမိသားစု အရေးကိစ္စပဲလေ.. ငါက ဒီလောက်အထိ လိုက်မေးနေတာ မသင့်တော်ပါဘူးလေ.."
ထို့ကြောင့် သူသည် ထိုအကြောင်းကို ထပ်မပြောတော့ဘဲ ကျောပြင်မှတစ်ဆင့် ခံစားနေရသော အစ် မဟယ်ဟွာ၏ နူးညံ့နွေးထွေးသော အထိအတွေ့ကို သာယာရင်း တစ်လမ်းလုံး စိတ်လက်ပေါ့ပါးစွာ လျှပ်စစ်စက်ဘီးအား မောင်းလာခဲ့သည်။
ရွာအဝင်သို့ ရောက်ခါနီးအချိန်တွင်မူ ယန်ကွမ်းကို ဖက်ထားသော လက်များကို ဟယ်ဟွာက ရုတ်တ ရ က် လွှတ်လိုက်ပြီး အော်ပြောလိုက်၏။
"ရပ် ရပ်.. ဒီမှာပဲ ရပ်လိုက်.."
ရန်ကွမ်းမှာ လန့်သွားပြီး ဘရိတ်ကို ရုတ်တရက် အု ပ်လိုက်မိရာ ဟယ်ဟွာ၏ ကိုယ်လုံးလေးမှာ သူ့ကျောပြင်အား အရှိန်ဖြင့် ဆောင့်မိသွားပေသည်။
ထိုခံစားချက်ကို မြိန်ရည်ယှက်ရည် ခံစားရန်ပင် အ ချိန်မရလိုက်ဘဲ ရန်ကွမ်းက သူမဘက်သို့ လှည့်ကြ ည့်ကာ မေးလိုက်၏။
"ဘာဖြစ်လို့လဲ အစ်မရဲ့..ဘာလို့ အော်လိုက်တာလဲ.. ကျွန်တော် အတော်လန့်သွားတာပဲဗျာ."
ဟယ်ဟွာက အတော်နေရခက်သည့် ပုံစံ ဖြစ်သွားကာ ခေါင်းကို ငုံ့ရင်း ပြောလိုက်သည်။
"တို့ ဒီနားမှာပဲ လမ်းခွဲကြရအောင်.. ရွာထဲကို အတူ တူ ဝင်သွားတာကို တစ်ယောက်ယောက် မြင်သွားရ င် အတင်းအဖျင်းတွေ ပြောကြလိမ့်မယ်.."
သူမ ရှက်ရွံ့နေသည်ကို မြင်သောအခါ ရန်ကွမ်းလ ည်း ချက်ချင်းဆိုသလိုပင် သဘောပေါက်သွား၏။
ရွာထဲတွင် အမျိုးသမီးတွေက အများစု မဟုတ်ပေလော။သူတို့နှစ်ဦး လျှပ်စစ်စက်ဘီးတစ်စီးတည်းနှ င့် အတူပြန်လာသည်ကို တစ်ယောက်ယောက်က မြင်သွားလျှင် မည်သို့သော ကောလာဟလများ ထွ က်ပေါ်လာမည်ကိုမူ မသိနိုင်ပေ။
ထို့ကြောင့် ရန်ကွမ်းက ပြုံးလျက် ပြန်ပြောလိုကိ၏။
"အစ်မက တကယ်ကို ထောင့်စေ့တာပဲဗျာ.. အင်းပါ.. အစ်မပဲ စက်ဘီးနဲ့ အရင်ပြန်နှင့်..ကျွန်တော်က တော့ ဒီကနေ လမ်းလျှောက်ပြန်ရင် မိနစ်ပိုင်းအ တွင်း အိမ်ရောက်မှာပါ..."
"အေးအေး... ဒါဆို မင်း ခြင်းတောင်းကို ဆေးခန်းရှေ့မှာပဲ အစ်မ တင်ထားခဲ့မယ်နော်.."
ဟယ်ဟွာက ထိုသို့ပြောပြီးနောက် စက်ဘီးပေါ်တ က်ကာ အမြန်ပင် မောင်းထွက်သွားတော့သည်။
သူမ၏ ကျောပြင်လေးကို ကြည့်ရင်း ရန်ကွမ်းမှာ တစ်စုံတစ်ခု လိုအပ်နေသကဲ့သို့ ခံစားလိုက်ရပြီး ခေတ္တမျှ မှိုင်တွေနေမိကာမှ ရွာထဲသို့ ဖြည်းဖြည်းချ င်း လမ်းလျှောက်ပြန်လာခဲ့၏။
ထိုအချိန်တွင် သူသတိမထားမိလိုက်သည်မှာ လမ်းနှင့်မနီးမဝေးရှိ လယ်ကွင်းထဲမှ ချုံပုတ်တစ်ခုကြားတွင် မျက်လုံးတစ်စုံသည် သူတို့ရှိရာဘက်သို့ စိုက်ကြည့်နေခြင်းပင်။
ထိုမျက်လုံးများထဲတွင် ထူးဆန်းသော အကြည့်များရှိနေပြီး ခုနက ယန်ကွမ်းတို့နှစ်ဦး.ဖြစ်ပျက်ခဲ့သမျှကို အစအဆုံး မြင်တွေ့သွားခဲ့သည်မှာ သေ ချာနေပေသည်။
အခန်း 10 လှပသော အတွင်းရေးမှူးမလေး
လယ်ကွင်းထဲတွင် ပုန်းအောင်းနေသူမှာ စွန်းတာဝေ ဖြစ်၏။
သူသည်လည်း ချုံရှန်းရွာသားတစ်ဦးဖြစ်ပြီး ယခုနှစ်တွင်မှ အသက် ၂၀ ပြည့်သွားခဲ့သည်။
ဤစွန်းတာဝေသည် ခန္ဓာကိုယ်ထွားကြိုင်းသော်လ ည်း စိတ်ပိုင်းဆိုင်ရာတွင် အနည်းငယ် ပုံမှန်မဟုတ်ချေ။သူ၏ စရိုက်မှာ အလွန်ပင် ပွင့်လင်းလွန်းပြီး စိတ်အခြေအနေမှာလည်း တစ်ခါတစ်ရံ ကောင်းလိုက်၊ တစ်ခါတစ်ရံ ဖောက်ပြန်လိုက် ဖြစ်နေတတ် သည်။
ဟယ်ဟွာနှင့် ရန်ကွမ်းတို့ လမ်းခွဲသွားသည်ကို မြင်ပြီးနောက် စွန်းတာဝေသည် ပြုံးစိစိဖြင့် သူ့အိမ်သို့ အမြန်ပြန်သွား၏။
ရန်ကွမ်းသည်လည်း အိမ်သို့ပြန်ရောက်သောအခါ ယွမ် ၂၈,၀၀၀ (မူရင်းတွင် ၂၀,၀၀၀ ကျော်ဟု ဆို လိုသည်)ကို ထုတ်ယူလိုက်ပြီး ဝူရှောင်လျန်း၏ လက်ထဲသို့ ဝင့်ကြွားစွာဖြင့် ထည့်ပေးလိုက်သည်။
အသစ်စက်စက် ယွမ်တစ်ရာတန် အထပ်လိုက်ကြီးကို မြင်လိုက်ရသောအခါ ဝူရှောင်လျန်းမှာ ဝမ်းသာအားရ ဖြစ်သွားရ၏။
အကြောင်းစုံကို မေးမြန်းပြီးနောက် သူမက အန ည်းငယ် စိုးရိမ်တကြီး မေးလိုက်သည်။
"ရှောင်ကွမ်း...နင်က မသေချာဘဲနဲ့ သူများနဲ့ သွားလောင်းရတယ်လို့ဟယ်.. တကယ်လို့ ရှုံးသွားရင် ဘယ်လိုလုပ်မလဲ.."
"မစိုးရိမ်ပါနဲ့ မရီးရဲ့..ကျွန်တော်က ဘယ်တော့မှ မရှုံးစေရဘူး..."
ရန်ကွမ်းက ယုံကြည်မှုအပြည့်ဖြင့် ပြုံးလျက် ပြောလိုက်၏။
"ကျွန်တော် စီစဥ်ထားပြီးသားပါ.ယွမ် ၅၀,၀၀၀ ပြ ည့်အောင် ရှာပြီးတာနဲ့ အိမ်မှာ စိုက်ပျိုးရေး လုပ်တော့မယ်.. ကျွန်တော်တို့ ချမ်းသာဖို့က ဒီအလုပ်အပေါ်မှာပဲ မူတည်နေတာ.."
"တကယ်လို့ အဲ့ဒါက အောင်မြင်မယ်ဆိုရင်တော့ သိ ပ်ကောင်းတာပေါ့အေ"
ရန်ကွမ်း၏ မျက်နှာပေါ်မှ တောက်ပသော အပြုံးကို ကြည့်ရင်း ဝူရှောင်လျန်းလည်း လိုက်ပြုံးမိသည်။
ရန်ကွမ်းတို့ နှစ်ဦးသား ပြုံးလျက် တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေစဉ်မှာပင် ဝူရှောင်လျန်းမှာ ရုတ်တရ က် ရှက်သွေးဖြန်းသွားကာ ပြောပြီး ထွက်သွား၏။
"အဲ့ဒါဆိုရင်လည်း... ယာယာလေး နိုးမယ့်အချိန်ရောက်ပြီဆိုတော့ အစ်မ သွားကြည့်လိုက်ဦးမယ်နော်.."
" ဟုတ် မရီး..ကျွန်တော်လည်း ဆေးခန်းခဏ သွားကြည့်လိုက်အုံးမယ်.."
ပြောပြီးသည်နှင့် ရန်ကွမ်းလည်း အိမ်ထဲမှ ထွက်လာခဲ့သည်။
သူ့ဆေးခန်းလေးမှာမူ အရောင်းအဝယ် သိပ်မကောင်းလှပေ။ရွာသူရွာသားများမှာ ငွေကြေးသိပ်မရှိကြသဖြင့် အလွန်ဆုံးလာလျှင် အကိုက်အခဲပျောက်ဆေး သို့မဟုတ် ပိုးသတ်ဆေးလောက်သာ ရံဖန်ရံခါ လာဝယ်ကြသည်။တစ်ခါတရံ တစ်နေကုန် နေမှ လူတစ်ယောက်မှပင် လာမကြည့်သည့် နေ့မျိုးလည်း ရှိတတ်၏။
သို့သော်လည်း ဤအလုပ်မှာ သူကိုယ်တိုင် ရွေးချ ယ်ထားသဖြင့် ရန်ကွမ်းသည်လည်း အသက်မွေး ဝမ်းကျောင်းဆိုင်ရာ ကျင့်ဝတ်ကိုမူ အလေးထားဆဲပင်။
လွန်ခဲ့သော နှစ်ရက်က တောင်ပေါ်တက်ကာ ဆေးမြစ်ရှာနေသဖြင့် ဆေးခန်းကို သူ ပစ်ထားသလို ဖြ စ်နေခဲ့သည်။ထို့ကြောင့် ယခု အားလပ်ချိန်လေးတွင် ဆေးခန်းသို့ သွားကြည့်ရန် စိတ်ကူးလိုက်မိခြင်းဖြစ်၏။
အိမ်တံခါးမှ ထွက်လာပြီးနောက် အရှေ့ဘက်သို့ တည့်တည့်လျှောက်လာရာ မကြာမီ ရွာအစွန်ပိုင်းသို့ ရန်ကွမ်း ရောက်လာခဲ့သည်။
သော့ထုတ်ကာ ဆေးခန်းတံခါးကို ဖွင့်မည်အပြုတွ င် ရွာပြင်မှ မောင်းနှင်လာသော ကားတစ်စီးကို မြင်လိုက်ရသဖြင့် ရန်ကွမ်း၏ ခြေလှမ်းများ တန့်သွားရ၏။
ထိုကဲ့သို့သော ကားမျိုးမှာ ချုံရှန်းကျေးရွာတွင် မြင်ရခဲပေသည်။
သာမာန်အမျိုးသားများအတိုင်းပင် ရန်ကွမ်းသည်လည်း ကားများကို အလွန်ဝါသနာပါသူဖြစ်ရာ ကားတစ်စီး လာသည်ကို မြင်လျှင် သူလည်း အ သေအချာ လိုက်ကြည့်နေမိ၏။
ကားက ပို၍နီးကပ်လာသောအခါ ကားရှေ့မှ တံဆိ ပ်ကို မြင်လိုက်ရသဖြင့် သူ၏မျက်လုံးများ ပြူးကျ ယ်သွားရသည်။
"လခွမ်း. ဒါ အော်ဒီမော်ဒယ်အသစ်ပဲဟဲ.."
ရန်ကွမ်းမှာ အံ့အားသင့်သွားပြီး ဤကားမျိုးမှာ ယွ မ်သိန်းချီ တန်ဖိုးရှိသည်ဟု တွေးကာ စိတ်ထဲမှ သိချင်နေမိ၏။
"ဘယ်သူများ ဒီလောက်တောင် ချမ်းသာတာလဲဟ...."
သူ မှင်သက်နေစဉ်မှာပင် ကားက သူ့ရှေ့တွင် ထိုးရပ်သွားသည်။ထို့နောက် ကားမှန်မှာ ဖြည်းဖြည်းချင်း နိမ့်ဆင်းသွားပြီး လှပသော မိန်းကလေးတစ်ဦးက ပြုံးလျက် မေးလိုက်သည်။
"အားနာပါတယ်ရှင့်... ဒီရွာက ချုံရှန်းကျေးရွာ ဟု တ်ပါသလား..."
တစ်ဖက်လူ၏ ပန်းတစ်ပွင့်ကဲ့သို့ လှပသော အပြုံးကို မြင်လိုက်ရသောအခါ ရန်ကွမ်းမှာ ကြောင်အမ်း အမ်းဖြစ်သွားပြီး ငေးကြည့်ကာ မေးလိုက်မိ၏။
"ကျွန်မ နာမည်က ရွှီလင် ပါ..ဒီရွာရဲ့ ရွာပါတီအတွ င်းရေးမှူးအသစ်အဖြစ် ခန့်အပ်ခံရလို့ ရောက်လာတာပါ.."
"ဗျာ.."
ရန်ကွမ်းမှာ အစက ကြောင်နေသော်လည်း ဤစ ကားကို ကြားလိုက်ရချိန်တွင် ဆတ်ခနဲ လန့်သွားပြီး အမြန်မေးလိုက်၏။
"အတွင်းရေးမှူးအသစ်က အမျိုးသမီးလား.."
ရွှီလင်က အနည်းငယ် ပြုံးလိုက်ပြီးနောက် တောင်းဆိုလိုက်သည်။
" ဒီနေ့မှ ကျွန်မ စရောက်တာဆိုတော့ ရွာမှာရှိတဲ့ ရုံးက ဘယ်နားမှာလဲဆိုတာ မသိသေးလို့လေလိုက် ပို့ပေးလို့ ရမလားရှင့်.."
"အာ..ရတာပေါ့... ရတာပေါ့!"
ရန်ကွမ်းမှာ အံ့အားသင့်နေသည့် စိတ်က မပြေသေးသော်လည်း ကြောင်အမ်းအမ်းနှင့်ပင် ခေါင်း ညိတ်ကာ သဘောတူလိုက်ပေသည်။
ကားမောင်းနေသည့် လူငယ်က ရန်ကွမ်း၏ အူ ကြောင်ကြောင် အမူအရာကို မြင်သောအခါ နှာခေါ င်းရှုံ့လျက် ခနဲ့လိုက်၏။
- "ကဲပါ... ကားပေါ်သာ တက်စမ်းပါ..ဘာတွေ အူကြောင်ကြောင် လုပ်နေတာလဲ.."
"မော့လီ... လျှောက်မပြောနဲ့.."
ရွှီလင်က မျက်မှောင်ကြုတ်ကာ ထိုလူငယ်ကို စိုက်ကြည့်လိုက်ပြီးနောက် ရန်ကွမ်းဘက်သို့ လှည့်ကာ တောင်းပန်စကား ပြောလိုက်သည်။
"အားနာလိုက်တာရှင်.. ကျွန်မသူငယ်ချင်းက တစ်လမ်းလုံး မောင်းလာရတာဆိုတော့ စိတ်မကြည်လို့ပါ"
သူမ၏ တောက်ပသော အပြုံးနှင့် ရင်းနှီးဖော်ရွေမှုတို့ကြောင့် ရန်ကွမ်းလည်း စိတ်ထဲမထားတော့ဘဲ ကား နောက်ခန်းတံခါးကို ဖွင့်ကာ တက်ထိုင်လိုက်သည်။
ထို့နောက်တွင်မူ ရန်ကွမ်းသည် အခြားအရာများကို မေ့လျော့ကာ သားရေထိုင်ခုံများကို လက်ဖြင့် လို က်စမ်းကြည့်ရင်း ကျယ်ဝန်းလှသော ကားအတွင်းခန်းနှင့် သပ်ရပ်လှပသော အပြင်အဆင်များကို ကြ ည့်ကာ အားကျမဆုံး ဖြစ်နေ၏။
ကားလေး ရွာထဲသို့ ဝင်လာသောအခါ ရွာသူရွာသားများ၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိသွားခဲ့သည်။ ၎င်းတို့က ဤမျှ ကောင်းမွန်သော ကားမျိုးကို တစ် ခါမျှ မမြင်ဖူးကြသဖြင့် အိမ်ထဲမှ ထွက်ကြည့်နေကြ ၏။
ကားက ကျေးရွာအုပ်ချုပ်ရေးမှူးရုံး (ရွာရုံး) ဝင်းထဲသို့ ဝင်သွားသည်ကို မြင်သောအခါ အချို့က အ ခြေအနေကို ရိပ်မိသွားပြီး အုပ်ချုပ်ရေးမှူးကို အ ပြေးအလွှား သွားခေါ်လိုက်ကြသည်။
ရွှီလင်သည် ကားပေါ်မှ ဆင်းလာပြီး ရွာရုံးဝင်းကို တစ်ချက်ကြည့်ကာ အဝေးက စိမ်းစိုနေသော တော င်တန်းကြီးများကို ငေးကြည့်ရင်း စိတ်လက်ပေါ့ ပါးစွာဖြင့် ကိုယ်လက်ဆန့်ကာ ရေရွတ်လိုက်၏။
"ဒီနေရာက လေကောင်းလေသန့်ကတော့ ရှယ်ပဲနော်.."
မော့လီကတော့ သူမကဲ့သို့ မပျော်နိုင်ပေ။ သူက ဟောင်းနွမ်းနေသော ရွာအိမ်များကို ကြည့်ကာ မေးလိုက်၏။
"လင်လင်... မင်း နောက်နေတာလား..ဒီလိုနေရာမျိုးမှာ တကယ်ကြီး တစ်နှစ်တောင် နေမလို့လား.."
ရွှီလင်က ခပ်ပြတ်ပြတ်ပင် ခေါင်းညိတ်ပြလိုက်သ ည်။
"နေမှာပေါ့.ကျွန်မက ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် ကျေးလက်ကို ဆင်းလာဖို့ ရွေးချယ်ခဲ့တာဆိုတော့ အလုပ်ကို အကောင်းဆုံးဖြစ်အောင် လုပ်ရမှာပေါ့.."
မော့လီက သူမကို ကြည့်ရင်း စိုးရိမ်စိတ်ဖြင့် ပြောလိုက်၏။
"ဒါပေမဲ့ ပတ်ဝန်းကျင်က အရမ်းဆိုးလွန်းတယ်.. ခုနက ငါ ကြည့်ခဲ့ရသလောက် ရွာက အိမ်တွေကလ ည်း အိုဟောင်းနေတာပဲ..ဒါ ငှက်တောင် ချေးမပါချင်တဲ့ (လူသူမနီးတဲ့ )နေရာကြီးပါကွာ.."
"ဟမ့် ဟိတ်လူ ခင်ဗျား ဘယ်လိုပြောလိုက်တာလဲ.."
ရန်ကွမ်းက ထိုစကားကို ကြားသောအခါ စိတ်တိုသွားပြီး မော့လီကို စိုက်ကြည့်ကာ ပြောလိုက်၏။
"ဘာလို့ ခဗျားက ငှက်တောင် ချေးမပါဘူးလို့ ပြောတာလဲ..ခင်ဗျားကြည့်ချင်ရင် ကျွန်တော် ငှက်ချေးတွေ ရှာပြရမလား..."
ရန်ကွမ်းကို ကြည့်ရင်း မော့လီက ပြောလိုက်ပြန် သည်။
"ထားလိုက်ပါတော့ကွာ..ငါက ဥပမာပေးပြီး ပြောတာပါ.. မင်းတို့ရွာလို ဒီလောက် ဆင်းရဲတဲ့နေရာမျိုး ဒီကမ္ဘာပေါ်မှာ ရှိလိမ့်ဦးမယ်လို့ ငါ မထင်ထားမိဘူး ခွီး.."
"ဟေး... ခင်ဗျား စကားပြောတာကလည်း ဘာလဲဗျ.."
ရန်ကွမ်းမှာ ပို၍ မကျေမနပ် ဖြစ်သွားပြီး အင်္ကျီလ က်ကို ပင့်တင်ကာ မော့လီကို အချေအတင် ပြောရ န် ပြင်လိုက်၏။
ထိုအခါ ရွှီလင်က သူတို့နှစ်ဦးကြားသို့ အမြန်ဝင်တားကာ ပြောလိုက်သည်။
"ကဲ... တော်ကြပါတော့..ရန်မဖြစ်ကြနဲ့ဦး.."
ပြီးနောက် သူမက မော့လီဘက်သို့ လှည့်ကာ ပြောလိုက်၏။
"နင် မကြိုက်ရင် အခုပဲ ပြန်သွားလို့ရတယ်..ဒီမှာ လာပြီး ပြဿနာမရှာနဲ့.."
ရွှီလင် စိတ်ဆိုးသွားသည်ကို မြင်သောအခါ မော့လီလည်း ချက်ချင်း ပါးစပ်ပိတ်သွားပြီး ကားနောက်ဖုံးကို ဖွင့်လိုက်သည်။
ခရီးဆောင်သေတ္တာ နှစ်လုံးနှင့် ဝက်ဝံရုပ်ပုံစံ ကျော ပိုးအိတ်တစ်လုံး.၎င်းတို့မှာ ရွှီလင်၏ ပစ္စည်းများပင် ဖြစ်၏။ရန်ကွမ်းသည် ၎င်းကို မြင်သောအခါ သိလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
- "ဟိုလေ... အတွင်းရေးမှူးရွှီ..အစ်မက ကျွန် တော်တို့ ရွာမှာပဲ နေမှာလား.."
"ဟုတ်တယ်လေ..ဒီရွာကို မလာခင်က စုံစမ်းကြည့်တာတော့ ဒီမှာ နေစရာအိမ် ရှိတယ်လို့ ငါ ကြားခဲ့တယ်"
ရန်ကွမ်းက ပြန်မေးလိုက်သည်။
"အဲ့တာ ဘယ်သူပြောတာလဲဗျ..ကျွန်တော်တို့ ရွာလူ ကြီး ပြောတာတော့ မဟုတ်ပါဘူးနော်.."
ရွှီလင်က ခေါင်းညိတ်ပြလျက် ပြန်ဖြေလိုက်၏။
"ဟုတ်တယ်လေ"
ရန်ကွမ်းမှာ စကားပင် ဆွံ့အသွားရပြီး ခါးသီးသော အပြုံးဖြင့် ပြန်ပြောလိုက်သည်။
"ဒါဆိုရင်တော့ အစ်မ ညာခံလိုက်ရပြီ ဒီမှာ အဆောက်အအုံတွေ ရှိတာတော့ မှန်ပေမဲ့ ကြည့်ပါဦး... ဘယ်အခန်းက လူနေလို့ရမယ့် ပုံစံမျိုး ရှိလို့လဲ.."
"အမ်..ဟုတ်လို့လား.."
ရွှီလင်မှာ အံ့အားသင့်သွားပြီး ရွာရုံးအဆောက် အအုံဆီသို့ အပြေးအလွှား သွားကြည့်လိုက်သည်။
ထိုအဆောက်အအုံတွင် အခန်းငါးခန်း ရှိသော် လည်း တံခါးနှင့် ပြတင်းပေါက်များ ရှိရုံသာ ရှိပြီး အထဲတွင်မူ ရှုပ်ပွနေ၏။အခန်းနှစ်ခန်းမှာ အမိုးပေါက်နေပြီး နံရံနှင့် ကြမ်းပြင်များတွင်လည်း ရေကွက်များ စွန်းနေသည်။
ကျန်သည့် သုံးခန်းမှာလည်း သိပ်မထူးလှပေ။ ဖုန်တောကြီးဖြစ်နေပြီး အလွန်ပင် ညစ်ပတ်လွန်းလှသဖြင့် လူနေရန် လုံးဝမဖြစ်နိုင်သည့် အခြေအနေမျိုးပင် ဖြစ်၏။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ရွှီလင်မှာမူ အံ့သြ မှင်သက်သွားရပေသည်။
ဘေးနားမှ မော့လီက နှခေါင်းရူံ့ကာ ပြောလိုက်၏ ။
"ငါ ပြောသားပဲ..ဒီရွာ ပတ်ဝန်းကျင်က ဆိုးပါတယ်ဆိုတာ... အခုတော့ ယုံပြီလား.."
ထို့နောက် သူက ဆက်ပြောလိုက်၏။
"ကဲပါ..ငါတို့ ပြန်ရအောင် လင်လင်..အန်ကယ်လ်ကို ဒီရွာ အခြေအနေတွေက အရမ်းဆိုးတယ်လို့ ပြန်ပြောပြီး တခြားနေရာ ပြောင်းခိုင်းလိုက်မယ်.."
ရွှီလင်က ဘာမျှပြန်မပြောသော်လည်း ခုနက ကော င်းနေခဲ့သော စိတ်အခြေအနေမှာလည်း ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားရသည်။
ထိုစဉ်မှာပင် ရန်ကွမ်းက စကားဝင်ပြောလိုက်၏။
"အတွင်းရေးမှူးရွှီ... ရွာရုံးမှာ နေလို့မရပေမဲ့ ရွာထဲမှာ တခြားနေရာတွေ ရှိပါသေးတယ်..အစ်မ ကျွန်တော့်အိမ်မှာပဲ လာနေပါလား.."
"ဟမ့်.."
ထိုစကား ကြားလိုက်ရချိန်တွင်မူ ရန်ကွမ်းကို ချက် ချင်းပင် လှည့်ကြည့်ကာ သံသယအပြည့်ဖြင့် မော့လီမေးလိုက်သည်။
"ဟေ့ကောင်... မင်း တစ်ခုခု ကြံစည်နေတာတော့ မဟုတ်ပါဘူးနော်..."