← Chapters

အခန်း (၂၃၇-၂၃၈)

Vol. 24 Ch. 237-238

အခန်း (၂၃၇-၂၃၈)

Vol. 24 Ch. 237-238

အခန်း (၂၃၇) ယွမ်ယန်မပျက်သေးသူများအပေါ် အထူးတိုက်ခိုက်မှု

အချိန်အတန်ကြာ စောင့်ဆိုင်းပြီးနောက်၌ပင် ယန်ရှန်းခံတပ်ထက်တွင် အနောက်ပိုင်း နတ်ဆိုးနယ်မြေမှ စစ်သည်တော်များ၏ အရိပ်အယောင်ကိုမျှ မတွေ့ရပေ။ ဘုရင်ခွေနျိုသည် လှောင်ပြောင်ကာ ဆက်လက်ဟစ်အော်ရန် ဟန်ပြင်လိုက်သော်လည်း ရုတ်တရက် လေထုထဲမှ သာယာငြိမ့်ညောင်းသော စောင်းသံတစ်သံ လွင့်ပျံလာသည်ကို ကြားလိုက်ရ၏။

သူ အပေါ်သို့ မော့ကြည့်လိုက်ရာ မီတာရာပေါင်းများစွာ မြင့်မားသော ယန်ရှန်းခံတပ် မျှော်စင်၏ ခေါင်မိုးပေါ်တွင် လှပကျော့ရှင်းသော မိန်းမပျိုလေးတစ်ဦးသည် စောင်းတစ်လက်ကို ရင်ခွင်ထဲ၌ တင်ထားပြီး ဖြည်းညှင်းစွာ တီးခတ်နေသည်ကို မြင်မိသည်။

ထိုမိန်းမပျိုလေးသည် နှင်းပွင့်များအလား ဆွတ်ဆွတ်ဖြူနေသော အဝတ်အစားကို ဆင်မြန်းထားပြီး မျက်နှာကို ပိုးပဝါဖြူပါးလေးဖြင့် ကွယ်ထား၏။ သို့တိုင်အောင် သူမသည် အံ့မခန်း ဆွဲဆောင်မှုရှိနေဆဲပင်။ သူမ၏ သိမ်မွေ့သော လှုပ်ရှားမှုတိုင်း၊ မျက်မှောင်ကြုတ်ခြင်းနှင့် အပြုံးတိုင်းက လူတိုင်း၏ အာရုံကြောများကို လှုပ်ခတ်လွှမ်းမိုးထားနိုင်၏။ ဘုရင်ခွေနျိုပင်လျှင် သူ၏စိတ်များ အနည်းငယ် ယိမ်းယိုင်တုန်လှုပ်သွားသည်ကို ခံစားလိုက်ရရာ သူ့လက်အောက်ရှိ သာမန် နွားရိုင်းစစ်သည်တော်များအဖို့ဆိုလျှင် ဆိုဖွယ်ရာပင် မရှိတော့ပေ။ သူတို့သည် တစ်ယောက်ပြီးတစ်ယောက် ခေါင်းမော့ကာ မျှော်စင်ပေါ်ရှိ နတ်သမီးလေးအလား ပုံရိပ်ကို ငေးမောကြည့်ရင်း နက်ရှိုင်းသော စွဲလမ်းမူးယစ်မှုထဲသို့ နစ်မွန်းကျဆင်းသွားကြတော့သည်။

ထိုစောင်းသံသည် မြင့်မားသော တောင်တန်းများနှင့် အဆက်မပြတ် စီးဆင်းနေသော ရေတံခွန်များကဲ့သို့ လူတို့ကို သာယာလှပသော ထင်ယောင်ထင်မှားကမ္ဘာတစ်ခုထဲသို့ ခေါ်ဆောင်သွားသကဲ့သို့ပင်။ ကောင်းကင်ယံမှ ကြည်လင်အေးမြသော လှိုင်းလုံးများ ဆင်းသက်လာကာ မိုးရေစက်များအဖြစ် ပြောင်းလဲသွားပြီး မြေပြင်ပေါ်သို့ တစ်ဖွဲဖွဲ ကျဆင်းလာ၏။ နေပါဦး... မှားနေပြီ...

သူ့မျက်နှာပေါ်သို့ ကျဆင်းလာသော မိုးရေပေါက်များ၏ အေးစက်စက် အထိအတွေ့က ဘုရင်ခွေနျိုကို လက်တွေ့ကမ္ဘာသို့ ရုတ်တရက် သတိပြန်ဝင်လာစေခဲ့သည်။ သူ ကောင်းကင်သို့ မော့ကြည့်လိုက်၏။

ဘယ်အချိန်ကမှန်းမသိ သူတို့ ခေါင်းပေါ်တွင် မှိုင်းညို့နေသော တိမ်မည်းကြီးတစ်အုပ် အုံ့ဆိုင်းဖုံးလွှမ်းနေသည်။ တိမ်တိုက်များထဲမှ သိပ်သည်းသော မိုးရေပေါက်များ သည်းထန်စွာ ကျဆင်းလာပြီး မြေပြင်ချိုင့်ဝှမ်းအတွင်း ရေအိုင်များ လျင်မြန်စွာ ဖြစ်ပေါ်လာ၏။ ထိုသည်မှာ သည်းထန်စွာ ရွာသွန်းနေသော မိုးသက်မုန်တိုင်းကြီးပင်။

"သောက်ကျိုးနည်း... သူမက အနောက်ပိုင်း နတ်ဆိုးနယ်မြေက မိကျောင်းနဲ့ မြွေစစ်တပ်တွေအတွက် ရွှံနွံမြေပြင် ဖန်တီးပေးချင်နေတာပဲ"

"အားလုံး သတိထားကြစမ်း"

အချိန်မီ တုံ့ပြန်နိုင်ခဲ့သော ဘုရင် ခွေနျိုသည် မြေပြင်ကို ပြင်းထန်စွာ ဆောင့်နင်းလိုက်သည်။ သူ၏ ကြမ်းတမ်းလှသော ခွန်အားသက်သက်ဖြင့် မြေပြင်ကို အက်ကွဲစေကာ လူလုပ် မြေငလျင်တစ်ခုကို ဖန်တီးလိုက်ရာ လှုပ်ခတ်သွားသော မြေကြီးကြောင့် ရှေ့ပြေးတပ်မှ နွားရိုင်းစစ်သည်တော်များ ခဏတာမျှ သတိပြန်ဝင်လာ၏။

ထို့နောက် သူသည် လက်ကိုမြှောက်ကာ မျှော်စင်ပေါ်ရှိ စုရှန်ရွှယ်ထံသို့ အစွမ်းကုန် လက်သီးဖြင့် ထိုးချသည်။

"ယန်နတ်ဆိုးစွမ်းအင်စက်ကွင်း"

သူ အသွင်ပြောင်းသွားပြီးနောက် သန့်စင်သော ယန်နတ်ဆိုးစွမ်းအင်များကို အလွန်စင်ကြယ်လာစေရန် လေ့ကျင့်ထားပြီးဖြစ်ရာ ထိုစွမ်းအင်များသည် မျက်စိကျိန်းမတတ် တောက်ပသော ဧရာမ မီးတောက်လက်သီးကြီးအဖြစ် ပြောင်းလဲသွားပြီး မြို့ရိုးပေါ်ရှိ စုရှန်ရွှယ်ထံသို့ လျှပ်စီးအဟုန်ဖြင့် ပစ်လွှတ်လိုက်လေသည်။

အလွန်ကြောက်မက်ဖွယ်ကောင်းသော ဤတိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင် ကာမသုတြာဂိုဏ်း၏ ဂိုဏ်းချုပ်မလေးမှာမူ အေးဆေးတည်ငြိမ်စွာ ပြုံးရုံသာ ပြုံးလိုက်ပြီး စောင်းကြိုးတစ်ချောင်းကို ခပ်ပြင်းပြင်း တီးခတ်ရန် သူမ လက်သွယ်သွယ်လေးကို ဖြည်းညှင်းစွာ မြှောက်လာတော့၏။

စုရှန်ရွှယ်၏ လက်ဖျားမှ တီးခတ်လိုက်သော စောင်းကြိုးများထံမှ လွတ်လိုက်သော အလင်းတန်းတစ်ခု ရုတ်ခြည်း ပေါက်ကွဲထွက်ပေါ်လာ၏။ ဘုရင် ခွေနျို ထိုးချလိုက်သော ပြင်းထန်လှသည့် မီးတောက်လက်သီးချက်ကြီးမှာ ထိုအဖြူရောင်အလင်းတန်းနှင့် ထိပ်တိုက်ရင်ဆိုင်မိချိန်တွင် ထက်ခြမ်းကွဲကာ ပျက်စီးသွားတော့သည်။

မီးတောက်လက်သီးကို ဖြိုခွင်းပြီးနောက်တွင်လည်း ထိုအဖြူရောင်အလင်းတန်းသည်လျော့ကျသွားခြင်းမရှိဘဲ ဘုရင်ခွေနျိုထံသို့ တည့်မတ်စွာ ပျံသန်းလာ၏။ ဘုရင် ခွေနျိုသည် အလွန်တုန်လှုပ်သွားကာ ညာဘက်သို့

လျှပ်တစ်ပြက် ရှောင်တိမ်းလိုက်ရသည်။

အဖြူရောင်အလင်းတန်းသည် သူရပ်နေခဲ့သော နေရာကို ပိုင်းဖြတ်သွားရာ မြေပြင်မှာ တို့ဟူးတုံးတစ်တုံးအလား အလွယ်တကူ ပြတ်တောက်သွားပြီး ကံဆိုးသော နွားနတ်ဆိုးစစ်သည်တော် အနည်းငယ်မှာလည်း ထိုအလင်းတန်း၏ သားကောင်ဖြစ်ကာ နှစ်ခြမ်းကွဲသွားကြတော့သည်။

"ဓားချီစွမ်းအင်ပဲ။"

ထိုအဖြူရောင်အလင်းတန်းကို ကြည့်ရင်း ဘုရင်ခွေနျို၏ မျက်နှာတွင် ထိတ်လန့်မှုနှင့် ဒေါသမီးတို့ တစ်ပြိုင်နက်တည်း ထင်ဟပ်လာ၏။

အခန်း (၂၃၈) ယွမ်ယန်မပျက်သေးသူများအပေါ် အထူးတိုက်ခိုက်မှု [၁]

ဤအရာသည် သာမန် ဓားဆန္ဒမဟုတ်ကြောင်း သိသာထင်ရှားလှသည်။ ၎င်းမှာ အဆင့်မြင့်ဆုံး ဓားပညာရပ်တစ်ခုမှ ခွဲထွက်လာသော စွမ်းအင်တစ်ခုသာ ဖြစ်၏။ သတင်းပေးများ၏ အချက်အလက်များအရ စုရှန်ရွှယ်သည် ဓားပညာကို ကျွမ်းကျင်သူ လုံးဝမဟုတ်ပေ။ စောင်းသံထဲတွင် ဓားကွက်များကို ပေါင်းစပ်ထည့်သွင်းရန်ဆိုသည်မှာ သူမအတွက် ပို၍ပင် မဖြစ်နိုင်သေးပေ။ ထိုသို့ဆိုလျှင် ဤတိုက်ကွက်ကို သူမအား မည်သူက သင်ပေးခဲ့သနည်း။ အဖြေမှာ နေမင်းအလား ရှင်းလင်းနေ၏။

"မင်းတို့ ခွေးကောင်စုံတွဲကများ အရှက်မရှိ အပြစ်ကင်းစင်ပါတယ်လို့ ပြောရဲသေးတယ်ပေါ့လေ။"

သူတို့နှစ်ဦး အပြန်အလှန် တိုက်ခိုက်နေကြချိန်တွင် စုရှန်ရွှယ်၏ လက်ဖျားမှ စောင်းသံများမှာ တစ်ခဏမျှ ပြတ်တောက်သွားခြင်း မရှိပေ။ သူမ တီးခတ်နေသော မြင့်မားသော တောင်တန်းများနှင့် စီးဆင်းနေသော ရေတံခွန်သံစဉ်၏ ထိန်းချုပ်မှုအောက်တွင် ကောင်းကင်ယံမှ မိုးရေများသည် ရေတံခွန်ကြီးတစ်ခု ပြိုကျလာသကဲ့သို့ သည်းထန်ရူးသွပ်စွာ ရွာသွန်းနေ၏။

ယန်ရှန်းခံတပ်အရှေ့ဘက်ရှိ မူလက ခြောက်သွေ့နေခဲ့သော မြေပြင်မှာ ယခုအခါ ဒူးခေါင်းအောက်နားအထိ ရေများဖုံးလွှမ်းနေပြီ ဖြစ်သည်။ ယန်ရှန်းခံတပ်အောက်ရှိ လျှို့ဝှက်တံခါးငယ်အချို့ ပွင့်ဟသွားပြီးနောက်၊ အနက်ရောင် အကြေးခွံများ ဖုံးလွှမ်းနေသော သတ္တဝါကြီးများသည် ထိုတံခါးများထဲမှ ကူးခတ်ထွက်ပေါ်လာကြလေသည်။ ၎င်းတို့မှာ မိကျောင်းဖြူဘုရင်၏ အမိန့်အောက်တွင် အထူးမွေးမြူထားသော ဧရာမ မိကျောင်းကြီးများ ဖြစ်ကြသော်လည်း၊ အသိဉာဏ်ပွင့်လင်းလာရန်နှင့် လူအဖြစ် အသွင်ပြောင်းရန်ကား ကျရှုံးခဲ့ကြသော သားရဲများ ဖြစ်လေသည်။

ဤဧရာမ မိကျောင်းကြီးများ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အထူးသဖြင့် ရွှံနွံမြေပြင်များတွင် အတော်လေးကို ကြောက်မက်ဖွယ်ကောင်းလှ၏။ နွားနတ်ဆိုးစစ်သည်တော်များ အားလုံးသည် ဤအန္တရာယ်ကို စတင်သတိထားမိလာကြပြီး အချို့သော နွားနတ်ဆိုးများက ကောင်းကင်ယံဆီသို့ အကြည့်ပို့ကာ ထွက်ပေါက်ရှာကြ၏။

"ငါတို့ ပျံသန်းနိုင်တယ်ဟေ့။"

သူတို့က အော်ဟစ်လိုက်ကြပြီး ကိုယ်တွင်းရှိ နတ်ဆိုးစွမ်းအင်များကို လှည့်ပတ်ကာ မြေပြင်ပေါ်မှ ခြေစုံခွာ၍ လေထဲသို့ ပျံတက်ကြသည်။

"အရူးတွေ။ အောက်ဆင်းခဲ့ကြစမ်း။"

ဘုရင်ခွေနျိုက အထိတ်တလန့် အော်ဟစ်လိုက်သော်လည်း အချိန်နှောင်းသွားခဲ့ပြီ ဖြစ်သည်။ နွားနတ်ဆိုးစစ်သည်တော်များ ကောင်းကင်ယံသို့ သုံးမီတာခန့်မျှသာ ပျံတက်ရသေးချိန်တွင် ကောင်းကင်ပေါ်ရှိ တိမ်မည်းကြီးများထဲမှ လျှပ်စီးကြောင်းတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာပြီး ထိုနွားနတ်ဆိုးစစ်သည်တော်များကို ချက်ချင်းပင် ပြာကျသွားသည်အထိ ရိုက်ခွဲပစ်လိုက်တော့သည်။

"ကောင်းကင်ကပ်ဘေးမိုးကြိုးပဲ..."

ဘုရင်ခွေနျို၏ မျက်ခွံများ တုန်လှုပ်သွားပြီး စုရှန်ရွှယ်ကို အမုန်းတရားဖြင့် လှမ်းကြည့်လေ၏။

"သောက်ကျိုးနည်း... လူသားမျိုးနွယ်တွေက ကောင်းကင်ကပ်ဘေးမိုးကြိုးကို ဆင့်ခေါ်နိုင်တဲ့ အစီအရင်တွေကိုတောင် ကျွမ်းကျင်နေကြပြီလား။"

စုရှန်ရွှယ်အား အခြေအနေကို သူမစိတ်ကြိုက် ဆက်လက်ထိန်းချုပ်ခွင့်ပြုရန် မဝံ့ရဲတော့သဖြင့် သူသည် လက်မောင်းများကို မြှောက်ကာ ကောင်းကင်ယံသို့ လက်သီးအရိပ်များကို ဆက်တိုက် ပစ်လွှတ်လိုက်သည်။ ရေတွက်၍မရနိုင်သော လက်သီးစွမ်းအင်လှိုင်းများသည် သည်းထန်စွာ ရွာသွန်းနေသော မိုးရေများကဲ့သို့ တသီတတန်းကြီး ထွက်ပေါ်လာသည်။ ကောင်းကင်ယံမှ ရွာကျနေသော မိုးရေစက်များသည် ထိုပြင်းထန်ပူပြင်းသော လက်သီးစွမ်းအင်များနှင့် ထိတွေ့လိုက်သောအခါ ချက်ချင်းပင် ရေနွေးငွေ့တိမ်တိုက်အဖြစ်သို့ အငွေ့ပျံသွားကာ လက်သီးစွမ်းအင်များ၏ လမ်းကြောင်းတစ်လျှောက်တွင် လဟာပြင်အစက်အပြောက်များအဖြစ် ကျန်ရစ်နေခဲ့သည်။

စုရှန်ရွှယ်မှာမူ သူမလက်ဖျားမှ ဓားစွမ်းအင်မိုးစက်များကို ဖြန်းပက်လိုက်ပြီးနောက် ပထမဆုံး လက်သီးလှိုင်းများကို အလွယ်တကူ ခုခံကာကွယ်လေသည်။ ထို့နောက် စောင်းတီးနေသော လက်များကို ရပ်တန့်လိုက်ကာ မျက်နှာဖုံးပဝါပါးလေးကို ညင်သာစွာ ဖယ်ရှားလိုက်လေ၏။

သူမမျက်နှာကို မြင်လိုက်ရသည့်အချိန်တွင် ဘုရင်ခွေနျိုကဲ့သို့ ယောင်္ကျားများကိုသာ သဘောကျသူပင် ဖြစ်စေကာမူ သူ့ပါးစပ်မှာ အလိုအလျောက် ခြောက်သွေ့သွားခဲ့ရသည်။ သူသည် ယိမ်းယိုင်သွားသော စိတ်ကို တည်ငြိမ်အောင် အစွမ်းကုန် ကြိုးစားပြီး စုရှန်ရွှယ်ကို ဆက်လက်တိုက်ခိုက်ရန် ပြင်လိုက်သော်လည်း မျှော်စင်ပေါ်ရှိ အလှမယ်လေးက ကျက်သရေရှိစွာ ပြုံးလာ၏။

"ဘုရင်ခွေနျို... ရှန်ရွှယ် ကြားထားတာကတော့ အရှင်က ယောက်ျားချင်း သဘောကျပြီး မိန်းမတွေကို မနှစ်သက်ဘူးဆို။ ဒီအချက်ကြောင့် ဝက်ဝံဖြူဘုရင်က အရှင့်ကို ရှေ့တန်းစစ်တိုက်ဖို့ စေလွှတ်ခဲ့တာနေမှာ။ ဒါပေမဲ့ အရှင်က စုရှန်ရွှယ်အကြောင်းကို သေချာ မသိသေးတာတော့ တကယ့်ကို နှမြောစရာပဲ။"

သူမက ပန်းသွေးရောင် နှုတ်ခမ်းလေးများကို ဖွင့်ဟလိုက်ပြီး ထိုနှုတ်ခမ်းဖျားမှ ထွက်ပေါ်လာသော ကြည်လင်ပြတ်သားသည့် စကားသံများက ဘုရင်ခွေနျို၏ တိုက်ခိုက်မှုအရှိန်ကို အလိုအလျောက် နှေးကွေးသွားစေခဲ့သည်။

သူမဆီ ပြင်းထန်စွာ ဝင်ရောက်လာသော လက်သီးချက်ကို ဖြိုခွင်းရန် လက်ကို နောက်တစ်ကြိမ် မြှောက်လိုက်ရင်း စုရှန်ရွှယ်က စောင်းကြိုးများကို လက်နှစ်ဖက်ဖြင့် ညင်သာစွာ ပွတ်သပ်ကာ ပြုံး၏။

"အတော်ပဲ။ ဒီနေ့ ဘုရင်ခွေနျိုလို သန့်စင်တဲ့ ယွမ်ယန်ခန္ဓာကိုယ်ပိုင်ရှင်တွေအတွက် ရှန်ရွှယ် အထူးပြင်ဆင်ထားတဲ့ သံစဉ်တစ်ခုကို မြည်းစမ်းကြည့်ခိုင်းရတာပေါ့။ ဟွမ်ချိုးဖုန်းဆိုတဲ့သံစဉ်လေးကို နားဆင်ကြည့်လှည့်ပါ။"

ကာမသုတြာဂိုဏ်း ယခင်ဂိုဏ်းချုပ်၏ တံခါးပိတ်တပည့်တစ်ဦးအနေဖြင့် စုရှန်ရွှယ်၏ ပါရမီအရည်အသွေးမှာ သဘာဝအားဖြင့် သူမတပည့်ဖြစ်သူ ယိုမေ့ချောင်အောက်တွင် လုံးဝမရှိပေ။ သို့သော်ငြား နှစ်ရာပေါင်းများစွာ ကြာသည့်တိုင်အောင် လူတို့ရှေ့တွင် ပြသခဲ့ဖူးသော စုရှန်ရွှယ်၏ သဘာဝလွန်စွမ်းအင်များမှာ ပိုင်ချူးရန်းထံမှ ရရှိထားခြင်းသာဖြစ်၏။

သူမ ကျင့်ကြံထားသော ကျင့်စဉ်များမှာ ပိုင်ချူးရန်းက နတ်ဆိုးအင်ပါယာ၏ ကျင့်စဉ်နှင့် ကာမသုတြာဂိုဏ်း ကျင့်စဉ်တို့ကို ပေါင်းစပ်ကာ သူမ အသွင်ပြောင်းနိုင်ရန် အထူးဖန်တီးပေးထားခြင်းပင်။ သူမ ကျင့်ကြံထားသည့် မှော်စွမ်းအင်များကိုလည်း ပိုင်ချူးရန်းကပင် ရွေးချယ်ပေးခဲ့ခြင်းဖြစ်သည်။ ရှန်းချန်ယွီလုံမှ လဲ့ရှန်းက အဆိုပါစွမ်းအင်များကို သင်ယူခဲ့ပြီး သူမထံသို့ လက်ဆင့်ကမ်း သင်ကြားပေးခဲ့၏။

ထို့ကြောင့် ဤနှစ်ရာပေါင်းများစွာအတွင်း ကာမသုတြာဂိုဏ်းကို စီမံအုပ်ချုပ်ခြင်းနှင့် ဤမှော်စွမ်းအင်များကို ကျင့်ကြံခြင်းအပြင် စုရှန်ရွှယ်သည် အခြားမည်သည့်အရာများကို လုပ်ဆောင်ခဲ့သနည်း။

အဖြေမှာ ယွမ်ယန်စွမ်းအင်ကို ပိုင်ဆိုင်ထားသော ခန္ဓာကိုယ်များအပေါ် ဖန်တုံဖန်းကျန်း ပုံရိပ်ယောင်ကျင့်စဉ်၏ ညို့ယူဖမ်းစားမှုအာနိသင်ကို မည်သို့ အမြင့်မားဆုံးဖြစ်အောင် လုပ်ဆောင်ရမည်နည်းဆိုသည်ကို သုတေသနပြုရာတွင် သူမ၏ အချိန်နှင့် ခွန်အားအားလုံးကို မြှုပ်နှံထားခဲ့ခြင်းပင် ဖြစ်သည်။

All Chapters