← Chapters

အခန်း (၈၁-၈၂)

Vol. 9 Ch. 81-82

အခန်း (၈၁-၈၂)

Vol. 9 Ch. 81-82

အခန်း (၈၁)

လှပခြင်းထက် ပို၍ စိတ်ကူးယဉ်နေခြင်း

"ဟားဟားဟား... ဟား... ဟား...။"

ရှီစီသည် အားရပါးရ အချိန်အတော်ကြာအောင် ရယ်မောနေခဲ့သော်လည်း ပတ်ဝန်းကျင်ရှိ ပရိသတ်ထံမှ မည်သည့်တုံ့ပြန်မှုမျှ မရရှိခဲ့ပေ။ သူ၏ ရယ်သံများမှာ တဖြည်းဖြည်း တိုးဝင်သွားကာ လေထုမှာ တစ်စုံ တစ်ရာ ကသိကအောက် ဖြစ်လာခဲ့ရလေသည်။

သုံးစက္ကန့်ခန့် ကြာပြီးနောက်တွင် ရှီစီသည် သူ၏လက်သီးဖြင့် ပါးစပ်ကိုအုပ်ကာ ချောင်းနှစ်ချက်ခန့် ဟန့်လိုက်ပြီး သေတ္တာများအတွင်းမှ ပစ္စည်းများကို ညွှန်ပြလိုက်လေသည်။

"ဟေး... သေချာကြည့်ကြစမ်း...။ ဒါက ယွမ်ဆယ်ဂဏန်းလောက် တန်တဲ့ ရွှေထည်တွေ ထည့်ထားတဲ့ သေတ္တာပဲ...။"

"ပြီးတော့ ဒီသေတ္တာထဲမှာ တစ်ပဲတန် ငွေစက္ကူတွေချည်းပဲ ယွမ်တစ်ရာ အပြည့်ရှိတယ်...။ မင်းတို့ ဘာ လို့ ဘာမှမဖြစ်သလို နေနေကြတာလဲ...။"

အကယ်၍ ဤပစ္စည်းများသည် လွန်ခဲ့သော နာရီအနည်းငယ်ကသာ ပေါ်ထွက်လာခဲ့ပါက ဟယ်မိသားစု မှာ ထိတ်လန့်တုန်လှုပ်သွားကြမည်ဖြစ်ပြီး သူတို့၏ မျက်လုံးများမှာလည်း အရောင်တောက်လာပေလိမ့် မည် ဖြစ်ချေသည်။

သို့သော် လျန်ထျန်း အသာတကြည် ထုတ်ပြခဲ့သည့် ယွမ်ခုနစ်ရာဟူသော များပြားလှသည့် ပမာဏကို မြင်တွေ့ခဲ့ပြီးဖြစ်၍ ဤအရာများကို မြင်တွေ့ရသောအခါ သူတို့အတွက် ထူးခြားဆန်းသစ်မှု မရှိတော့ ပေ။

သို့သော်လည်း ရှီစီမှာမူ ထိုအကြောင်းများကို မသိရှိသဖြင့် သူ၏ သေချာစွာ စီစဉ်ထားသော ခမ်းနား ထည်ဝါသည့် ပွဲထွက်မှုက အဘယ်ကြောင့် သူထင်ထားသလို ဖြစ်မလာရသနည်းဟု နားမလည်နိုင် အောင် ဖြစ်နေခဲ့ရလေသည်။

ရှီစီတစ်ယောက် အကြောင်းရင်းကို ခေါင်းခြောက်အောင် စဉ်းစားနေစဉ်မှာပင် ဟယ်ရှန့်သည် လျန်ထျန်း ၏ လက်မောင်းကို ချိတ်ကာ ရှီစီကို ပြောလိုက်လေသည်။

"ရှီစီ... ငါ့မှာ ရည်းစားရှိပြီးသား...။ နင့်ရဲ့ ပစ္စည်းတွေကို ယူပြီး အခုချက်ချင်း ထွက်သွားလိုက်တော့...။ ငါတို့အိမ်က နင့်ကို ကြိုဆိုမှာ မဟုတ်ဘူး...။"

ထိုစကားကို ကြားသောအခါ ရှီစီမှာ အစပိုင်းတွင် မှင်တက်သွားသော်လည်း နောက်တွင်မူ သူ၏ စူးရှ သော အကြည့်များက လျန်ထျန်းထံသို့ ရောက်ရှိသွားလေတော့သည်။

"မင်းက ရှောင်ရှန့်ရှန့်ရဲ့ ရည်းစားလား...။"

ရှီစီ၏ ရန်လိုသော အကြည့်များဖြင့် စိုက်ကြည့်ခြင်းကို ခံနေရသော်လည်း လျန်ထျန်းမှာမူ တည်ငြိမ်နေ ဆဲပင် ဖြစ်သည်။

"ဟုတ်တယ်... ဘာဖြစ်လို့လဲ...။"

ရှီစီက လှောင်ပြုံးပြုံးလိုက်ရင်း -

"အဲ့ဒါဆိုရင် မင်းကိုယ်မင်း အဆင့်အတန်းရှိအောင် နေဖို့ ငါ အကြံပေးမယ်...။ မင်း စီးပွားရေးလောကထဲ မှာ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အက်စ်မြို့တော်က ရှီမိသားစုအကြောင်းကိုတော့ မင်း ကြားဖူးမှာ ပေါ့...၊ မဟုတ်ဘူးလား...။"

လျန်ထျန်းက ခေါင်းညိတ်ပြကာ အေးဆေးစွာပင် ပြန်ပြောလိုက်လေသည်။

"သိတာပေါ့...၊ အက်စ်မြို့တော်က ရှီမိသားစုရဲ့ ထိန်လုံအုပ်စုက တစ်နိုင်ငံလုံးမှာ နာမည်ကြီးတာပဲလေ...။ ကြားတာတော့ သူတို့ရဲ့ ဈေးကွက်တန်ဖိုးက ယွမ်သုံးသိန်းကို တောင် ကျော်တော့မယ် ဆိုလားပဲ...။"

လျန်ထျန်း၏ အဖြေကို ကြားသောအခါ ရှီစီ၏ လှောင်ပြုံးမှာ ပို၍ပင် ကျယ်ပြန့်လာတော့သည်။

"မင်း သိနေတာ ကောင်းတာပေါ့...။ ငါ့ကို ဆန့်ကျင်ရဲရင် မင်း ဘယ်သူပဲဖြစ်ဖြစ် ငါ့ရှီမိသားစုရဲ့ အရှိန် အဝါနဲ့ မင်းကို ဒုက္ခပေးဖို့က အရမ်းလွယ်တယ်...၊ ဟား ဟား ...။"

ထိုသို့ပြောပြီးနောက် ရှီစီသည် ဟယ်ရှန့်ဘက်သို့ လှည့်ကာ လေသံကို ပြောင်းလဲ၍ ချော့မော့ပြော ပြန်လေသည်။

"ရှောင်ရှန့်ရှန့်...၊ မင်း အခုလုပ်နေတဲ့ စီးပွားရေးက အင်အားကြီးတဲ့ နောက်ခံတစ်ခု လိုအပ်တယ်...။ ငါ့ဆီကို လာခဲ့ပါ...၊ ငါ မင်းကို ကူညီနိုင်ပါတယ်...။"

ဟယ်ရှန့်က ရွံရှာစွာဖြင့်၊

"ထွီ...၊ အပြောတော့ ကောင်းသား...၊ နင်က ငါ့ကုမ္ပဏီကို ဝါးမြိုချင်နေတာ မဟုတ်လား...။ နင် အယ်လ်မြို့တော် ကို ရည်ရွယ်ချက်ကောင်းကောင်းနဲ့ လာတာ မဟုတ်ဘူးဆိုတာ ငါ လောင်းရဲတယ်...။"

ရှီစီသည်လည်း ထပ်မံ ဖုံးကွယ်မနေတော့ဘဲ လက်နှစ်ဖက်ကို ဖြန့်ကာ ပြောလိုက်လေသည်။

"ငါတို့ လုပ်ငန်းမှာက ငွေပင်ငွေရင်းက အဓိကပဲ...။ ငါ မင်းကို အမှန်အတိုင်း ပြောပြမယ်...။ ငါ ဒီကို ယွမ်တစ်သောင်းဆိုတဲ့ ငွေအမြောက်အမြားကို ယူလာခဲ့တာ...။ အယ်လ်မြို့တော်ရဲ့ ဈေးကွက်ကို ငါ သိမ်းပိုက်တော့မှာ...။"

"မင်းသာ လိမ္မာပါးနပ်မယ်ဆိုရင် ငါ့ရဲ့ မိန်းမအဖြစ် အေးအေးဆေးဆေး နေလိုက်ပါ...။ ငါ့ပိုင်ဆိုင်မှုတွေ က မင်းရဲ့ ပိုင်ဆိုင်မှုတွေ ဖြစ်လာလိမ့်မယ်....။ ဒါပေမဲ့ မင်းက နားမလည်ဘူး ဆိုရင်တော့...။"

ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက် ရှီစီ၏ လေသံမှာ ရုတ်တရက် အေးစက်သွားကာ စကားလုံးများကို ပြတ်သားစွာ ပြောလိုက်လေသည်။

"မင်းရဲ့ ကုမ္ပဏီကို ပိုက်ဆံတွေနဲ့ ပစ်ပေါက်ပြီး ပျက်စီးသွားအောင် ငါ လုပ်ပစ်မယ်...။ ပြီးရင် ဟယ်မိသားစု တစ်စုလုံးကိုပါ တစ်ခါတည်း အမြစ်ပြတ်အောင် ရှင်းပစ်မယ်...။"

သူ၏ စကားအဆုံးတွင် လူအုပ်ကြီးမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြတော့သည်။ ဟယ်ရှန့်၏ ဦးလေးများ နှင့် ဒေါ်လေးများမှာ ယခုတစ်ကြိမ်တွင် သိသိသာသာ ပို၍ ပျာယာခတ်လာကြကာ ၊

"ရှီမိသားစုက အက်စ်မြို့တော်လို ပထမတန်းစား မြို့ကြီးမှာ အခြေခိုင်ပြီးသား သူတွေပဲ...။ သူတို့သာ ငါတို့ကို ပစ်မှတ်ထားရင် ဟယ်မိသားစုအတွက်တော့ ကပ်ဘေးကြီး ဆိုက်တာပဲ...။"

"ဟုတ်တယ်... ရှီမိသားစုဆိုတာ ငါတို့လို လူတွေ ခုခံနိုင်တဲ့ အင်အားမျိုး မဟုတ်ဘူး...။ ဟယ်ရှန့်က ဘယ်လိုလုပ်ပြီး ဒီလောက်အထိ ပြဿနာတွေ သယ်လာရတာလဲ...။"

"ဟင်း... အခု အဲ့ဒါတွေ ပြောနေလို့လည်း ဘာထူးမှာလဲ...။ အဖြေတစ်ခုရအောင် မြန်မြန် ကြံကြစမ်းပါ ဦး...။"

ထိုစဉ် ဟယ်ရှန့်၏ အစ်မဝမ်းကွဲဖြစ်သူ ဟယ်ရှို့က မျက်လုံးတစ်ချက် ဝေ့လိုက်ပြီးနောက် ရှီစီ၏ အနားသို့ ကပ်ကာ ကိုယ်ကို ကိုင်းလျက် ပြောလိုက်လေသည်။

"သခင်လေး... ဟယ်ရှန့်မှာက ရည်းစားရှိတယ်လေ...။ ကျွန်မမှာတော့ မရှိသေးဘူး...၊ ကျွန်မကို ကြည့်ပါဦး...။ ရုပ်ရည်ရော ကိုယ်လုံးကိုယ်ပေါက်ရော ဟယ်ရှန့်ထက် ဘယ်နေရာ နိမ့်ကျနေလို့လဲ...၊ အား...။"

ရှီစီသည် ဟယ်ရှို့ကို ရွံရှာဖွယ် အကြည့်ဖြင့် တွန်းဖယ်လိုက်ကာ လက်ကို ပြန်သုတ်ရင်း ပြောလိုက်လေ သည်။

"ဘယ်က ရောက်လာတဲ့ အညတရ မိန်းမလဲ... အယ်လ်မြို့မှာ ငါ အပျော်တွဲခဲ့တဲ့ မိန်းမတွေတောင် မင်းထက် အဆင့်အတန်း မြင့်သေးတယ်...။"

ထို့နောက် ရှီစီက ဟယ်ရှန့်ကို မျက်ခုံးပင့်ပြကာ၊

"ရှောင်ရှန့်ရှန့်... သေချာ စဉ်းစားပါဦး...။ မင်းက လိမ္မာပါးနပ်တဲ့ အမျိုးသမီးတစ်ယောက် ဖြစ်လိမ့်မယ် လို့ ငါ ယုံကြည်ပါတယ်...။"

ဟယ်ရှန့်သည် လျန်ထျန်း၏ လက်မောင်းကို ပို၍ တင်းကျပ်စွာ ဆွဲကိုင်ထားမိလေသည်။ သူမကိုယ်တိုင် လည်း အနည်းငယ် စိုးရိမ်နေသည်မှာ ထင်ရှားလှပေသည်။

အမှန်စင်စစ် အက်စ်မြို့တော်၏ ရှီမိသားစုဟူသည်မှာ နိုင်ငံ၏ စီးပွားရေးလောကတွင် ထိပ်တန်း အင်အားကြီး တစ်ခုဖြစ်၍ ထိပ်ဆုံးမှ လူအနည်းငယ်မှလွဲ၍ မည်သူမျှ မပတ်သက်ချင်ကြပေ။

ယခုတစ်ကြိမ်တွင် ရှီစီသည် ယွမ်တစ်သောင်းဟူသော များပြားလှသည့် ငွေပမာဏကို အယ်လ်မြို့ သို့ ယူဆောင်လာခြင်း ဖြစ်ပေသည်။ အကယ်၍ ၎င်းမှာ အရှိန်အဝါဖြင့် ဖိနှိပ်ခြင်း မဟုတ်လျှင်ပင် အစွမ်း ထက်သော တိုက်ခိုက်မှုတစ်ခု ဖြစ်နေသည်မှာ အမှန်ပင်။

သီအိုရီအရဆိုလျှင် ဟယ်မိသားစုကဲ့သို့သော မိသားစုငယ်လေးကို ဖျက်ဆီးပစ်ရန်မှာ ရှီစီအတွက် အလွန်လွယ်ကူသော ကိစ္စတစ်ခု ဖြစ်ပေလိမ့်မည်။

သို့သော် ထိုအချိန်တွင် လျန်ထျန်းက ရှေ့သို့ တစ်လှမ်း တိုးလာပြန်လေသည်။

"ယွမ်တစ်သောင်းတည်းနဲ့ အယ်လ်မြို့ရဲ့ ဈေးကွက်ကို သိမ်းပိုက်မယ်လို့ တွေးနေတာကတော့...၊ မင်း လှတာထက် ပိုပြီး စိတ်ကူးယဉ်နေတာပဲလို့ ငါ ထင်တယ်...။"

လျန်ထျန်း၏ ကြားဖြတ်စကားကြောင့် ရှီစီမှာ ဒေါသထွက်သွားကာ လက်ညှိုးငေါက်ငေါက်ထိုး၍၊

"ကောင်လေး... ငါ မင်းကို သတိပေးထားတယ်နော်...။"

"နောက်ထပ် တစ်ခွန်းထပ်ပြောရင် မင်း သေတာတောင် မြေမြှုပ်စရာ နေရာရှိမှာ မဟုတ်ဘူးလို့ ငါ အာမခံတယ်...။"

ထိုခြိမ်းခြောက်မှုကို ရင်ဆိုင်ရသော်လည်း လျန်ထျန်းက ပြုံးလျက်ပင်၊

"ဒါဆိုရင် ဘယ်သူက အရင် သေမလဲဆိုတာ ကြည့်ကြတာပေါ့...။"

သူတို့နှစ်ဦး၏ အကြည့်များမှာ လေထုထဲတွင် ဆုံစည်းသွားကြပြီး မမြင်နိုင်သော မီးပွားများ ထွက်ပေါ် နေသကဲ့သို့ ရှိနေခဲ့သည်။

ဤသည်ကို မြင်သောအခါ ဟယ်မိသားစုဝင်များမှာ ယခင်ကကဲ့သို့ တုန်လှုပ်မနေတော့ဘဲ တိုးတိုးတိတ် တိတ် ပြန်လည် ဆွေးနွေးလာကြသည်။

"အော်... ငါတို့ မေ့နေတာပဲ...။ ဟယ်ရှန့်ရဲ့ ရည်းစားကလည်း သာမန်လူ မဟုတ်ဘူးလေ...။ ဒါကြောင့် အက်စ်မြို့တော်က ရှီမိသားစုကို ကြောက်နေစရာ မလိုလောက်ပါဘူး...။"

"ဟုတ်တယ်... ဟယ်ရှန့်ရဲ့ ရည်းစားက မွေးနေ့လက်ဆောင်ကိုတောင် ယွမ်ခုနစ်ရာ အသာလေး ပေးနိုင် တာ...။ ဖုန်းအနည်းငယ် ဆက်လိုက်ရုံနဲ့ အယ်လ်မြို့က စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကို ဖိတ်နိုင်တာကို ကြည့်ရင် သူ့ရဲ့ နောက်ခံကလည်း တကယ်ကို အားကောင်းမှာ သေချာတယ်...။"

"မှန်တယ်... သူက ငါတို့ အယ်လ်မြို့ရဲ့ ထိပ်တန်းပုဂ္ဂိုလ်တွေထဲက တစ်ယောက် ဖြစ်ရမယ်...။ ရှီမိသားစု က အင်အားကြီးတယ် ဆိုပေမဲ့လည်း နယ်ခြားက လက်က နယ်မြေခံ မြွေဟောက်ကို နှိမ်ဖို့ဆိုတာ အမြဲ တမ်း မလွယ်ကူဘူးလေ...။"

ဤသို့ တွေးတောမိကြပြီးနောက် ဟယ်မိသားစုဝင်များမှာ အားကိုးရာကို ရှာတွေ့သွားသကဲ့သို့ ဖြစ်သွား ပြီး လျန်ထျန်းဘက်မှ ရပ်တည်၍ စကားပြောလာကြတော့သည်။

မောက်မာရိုင်းစိုင်းသော ရှီစီကို ရင်ဆိုင်ရာတွင် လျန်ထျန်း၏ ကြောက်ရွံ့ခြင်းမရှိသော အမူအရာကို မြင် တွေ့ရသောအခါ အဘွားအိုမှာလည်း ချက်ချင်းပင် စိတ်အေးသွားရလေသည်။

သူမသည် တောင်ဝှေးကို အားပြုကာ မတ်တပ်ရပ်လိုက်ပြီး ဟယ်မိသားစု၏ အကြီးအကဲပီပီ ရှီစီကို လေးလေးနက်နက်ဖြင့် ပြောလိုက်သည်။

"သခင်လေးရှီ...၊ ကျွန်မတို့ ဟယ်မိသားစုက သေးငယ်ပေမဲ့ အနိုင်ကျင့်လို့ လွယ်တဲ့သူတွေ မဟုတ်ပါ ဘူး...။"

"မင်း ဒီနေ့ ဖိတ်ကြားခြင်း မရှိဘဲ ရောက်လာတာပဲ...။ ဒါပေမဲ့ ဝမ်းနည်းစရာ ကောင်းတာက ကျွန်မတို့ ဟယ်မိသားစုရဲ့ ဘုရားကျောင်းက မင်းလို ပုဂ္ဂိုလ်ကြီးကို လက်ခံဖို့ သေးငယ်လွန်းနေပါတယ်...။ ကျေးဇူး ပြုပြီး ထွက်သွားပေးပါ...။ ဧည့်သည်ကို လမ်းပြလိုက်ကြစမ်း...။"

အခြေအနေများက ဆိုးဝါးလာပြီး လူတိုင်းက သူ့ကို တိုက်ခိုက်လာကြသဖြင့် ရှီစီ၏ မျက်နှာမှာ ဒေါသ ကြောင့် နီမြန်းလာလေတော့သည်။

"မင်းတို့... မင်းတို့အားလုံး...။ ကောင်းပြီ... နောင်တမရကြစေနဲ့...။"

ထိုသို့သော ကြိမ်းဝါးသံများကို ချန်ထားရစ်ခဲ့ပြီးနောက် ရှီစီသည် သူ၏လူများကို ခေါ်ဆောင်ကာ ထွက်ခွာသွားလေတော့သည်။

အားလုံး ပြန်လည် ထိုင်မိကြသောအခါ ဟယ်ရှန့်က လျန်ထျန်းကို စိုးရိမ်တကြီး ပြောလိုက်လေသည်။

"တောင်းပန်ပါတယ်... ငါ့ကြောင့် ပြဿနာတွေ ထပ်ဖြစ်ရပြန်ပြီ... ရှီမိသားစုက အရမ်းအင်အားကြီး တာ...။ ငါ...။"

လျန်ထျန်းက ပြုံးလျက် ခေါင်းခါပြကာ သူမ၏ စကားကို ဖြတ်ပြောလိုက်လေသည်။

"ရပါတယ်... ဒီလုပ်ငန်းမှာ ပြိုင်ဆိုင်မှုဆိုတာ မလွဲမသွေ ရှိတာပဲလေ...။ ရှီမိသားစု မဟုတ်ရင်တောင် တခြား မိသားစုတွေက လာမှာပဲ...။"

"ဒါ့အပြင် သူတို့က ငါတို့ကို အရင်မတိုက်ရင်တောင် တစ်နေ့ကျရင် ငါတို့ဘက်က ပြန်တိုက်ရမှာပဲ...။ သူ အခုလို လာတာကို ငါတို့အတွက် လေ့ကျင့်ခန်းဆင်းပေးတယ်လို့ပဲ သဘောထားလိုက်ပါ...။"

ဘေးတွင် ရပ်နေသော ဟယ်ရှန့်၏ ဖခင် ဟယ်နန်မှာမူ စိုးရိမ်နေဆဲပင် ဖြစ်သည်။

"ဒါပေမဲ့ အဲ့ဒီလူက ယွမ်တစ်သောင်းတောင် ယူလာတယ်လို့ ပြောသွားတာလေ...။ သားမက်လောင်း လေး...၊ သား တကယ်ပဲ ဒါကို ကိုင်တွယ်နိုင်ပါ့မလား...။"

လျန်ထျန်း စကားမပြောရသေးမီမှာပင် ဟယ်ရှန့်က သူမ၏ ဖခင်ကို ချက်ချင်း ဟန့်လိုက်သည်။

"အဖေ... ဘာတွေ လျှောက်ပြောနေတာလဲ...။ သမီးတို့က လက်မထပ်ရသေးဘူးလေ...၊ အဲ့ဒီလို မခေါ်ပါနဲ့ဦး...။"

လျန်ထျန်းက ပြုံးလျက် ကိစ္စမရှိကြောင်း လက်ဟန်ပြလိုက်ပြီးနောက် အလေးအနက် ပြောလိုက်လေ သည်။

"သူက သူ့ရဲ့ အစွမ်းအစကို ထုတ်ပြသွားတာပဲ...။ ဒီလောက် မိုက်မဲတဲ့ ပြိုင်ဘက်မျိုးနဲ့ မတွေ့ရတာ ကြာပြီ...။"

"မစိုးရိမ်ပါနဲ့... ကျွန်တော် အစက ပြောခဲ့သလိုပဲ...။ ယွမ်တစ်သောင်းတည်းနဲ့ အယ်လ်မြို့ရဲ့ ဈေးကွက်ကို သိမ်းပိုက်မယ်လို့ တွေးနေတာကတော့ စိတ်ကူးယဉ်မှု သက်သက်ပါပဲ...။"

အခန်း (၈၂)

အစားအသောက်ပို့ရင်း မင်းကို ထောက်ပံ့ပေးမယ်

ဟယ်ရှန့်၏ အဘွားဖြစ်သူ၏ မွေးနေ့ပွဲ ပြီးဆုံးပြီးနောက် ရက်အနည်းငယ် အကြာတွင် ဖြစ်သည်။

"ရှာတွေ့ပြီလား...။"

အက်စ်မြို့တော်မှ ရှီမိသားစု၏ စတုတ္ထမြောက် သခင်လေး ရှီစီသည် ကြယ်ငါးပွင့်ဟိုတယ်ရှိ ထိပ်တန်း အခန်းတစ်ခု၌ အခြေချနေထိုင်လျက် ရှိလေသည်။ သူ၏ ဝဲယာတွင် လှပသော အမျိုးသမီးနှစ်ဦး ရှိနေပြီး သတင်းလာပို့သည့်သူကို မေးလိုက်ခြင်း ဖြစ်လေသည်။

ဝတ်စုံပြည့် ဝတ်ဆင်ထားသည့် သက်တော်စောင့်က ရိုသေစွာ ပြန်လည် ဖြေလိုက်လေသည်။

"စုံစမ်းသိရှိရပါပြီ... သူ့အမည်က လျန်ထျန်း ပါ...။ သူက အယ်လ် မြို့သားတစ်ဦးဖြစ်ပြီးတော့ ဟယ်ရှန့်ကုမ္ပဏီရဲ့ နောက်ကွယ်မှ ရင်းနှီးမြှုပ်နှံသူနဲ့ အဓိကရှယ်ယာရှင် ဖြစ်ပါတယ်....။ လွန်ခဲ့တဲ့ လအနည်းငယ်အတွင်း ဟယ်ရှန့်ကုမ္ပဏီမှာ ယွမ်တစ်ထောင်ကျော်အထိ ရင်းနှီးမြှုပ်နှံထားတယ်...။"

ထိုစကားကို ကြားသောအခါ ရှီစီက ပြုံးလိုက်လေသည်။

"ဒါကြောင့်လည်း ဟယ်ရှန့်က ငါ့ကို ငြင်းပယ်ရဲတာကိုး...။ ဒါပေမဲ့ နောက်ဆုံးတော့ သူက မြို့ငယ်လေး တစ်ခုက နယ်မြေခံ လူမိုက်တစ်ယောက်ပဲ မဟုတ်လား...။"

"ငါကတော့ ဒီတစ်ခါမှာ အယ်လ်မြို့က နယ်မြေခံတွေကို နှိမ်ဖို့ ငွေအမြောက်အမြား ယူလာခဲ့တာ...။"

"ဟယ်ရှန့်ဆိုတဲ့ မိန်းမက ငါအပျော်ကစားချင်တဲ့ အရုပ်တစ်ခုပါပဲ...။ အဲ့ဒီကောင်က သူမကုမ္ပဏီရဲ့ နောက်ကွယ်က အဓိကရှယ်ယာရှင် ဆိုမှတော့ သူ့ကိုပါ တစ်ခါတည်း ရှင်းပစ်တာပေါ့... ဟဲဟဲ...။"

မကြာမီပင် အယ်လ်မြို့တွင် ကုမ္ပဏီအသစ်တစ်ခု တည်ထောင်လိုက်ပြီး ဟယ်ရှန့်၏ ကုမ္ပဏီကို တိုက် ရိုက် ယှဉ်ပြိုင်လေတော့သည်။ ဈေးကွက်ကို လုယူရန်အတွက် နှစ်ဖက်စလုံးက ငွေကြေးများကို အလဟဿ အကုန်အကျခံကာ တိုက်ခိုက်သည့် ငွေကုန်ကြေးကျများသော စစ်ပွဲကို ဆင်နွှဲခဲ့ကြလေ သည်။

ဤသည်မှာ စီးပွားရေးလောကတွင် ရှောင်လွှဲ၍မရသော တိုက်ရိုက်ရင်ဆိုင်မှုပင် ဖြစ်ပေသည်။

အထူးသဖြင့် ၎င်းတို့လုပ်ကိုင်နေသော လုပ်ငန်းမှာ မကြာသေးမီ နှစ်များအတွင်းမှ ထွက်ပေါ်လာသော လုပ်ငန်းအသစ်များ ဖြစ်သဖြင့် ဈေးကွက်အတွင်း ဝင်ရောက်ရန် ခက်ခဲသော်လည်း အရင်းအနှီး များသူ ကသာ နောက်ဆုံးတွင် အောင်နိုင်မည်သာ ဖြစ်လေသည်။

ရှီစီသည် မိမိလက်ထဲတွင် ယွမ်တစ်သောင်း ရှိနေသဖြင့် အလွန်ယုံကြည်ချက် ရှိနေပေသည်။ သူသည် လက်တစ်ချက် လှုပ်လိုက်ရုံဖြင့် ယွမ်သုံးထောင်ခန့်ကို အသုံးပြုကာ အယ်လ်မြို့၏ ဈေးကွက်ဝေစု ထက်ဝက်ကျော်ကို ချက်ချင်း သိမ်းပိုက်လိုက်လေသည်။

အခြားတစ်ဖက်တွင်မူ ဟယ်ရှန့်ကုမ္ပဏီ၏ အထွေထွေမန်နေဂျာရုံးခန်းအတွင်း၌ ဟယ်ရှန့်မှာ အနည်း ငယ် စိုးရိမ်နေသော်လည်း ခေတ္တအကြာတွင် လျန်ထျန်းထံမှ ငွေလွှဲမှုနှင့် ဖုန်းခေါ်ဆိုမှုတစ်ခု ရောက်ရှိ လာခဲ့လေသည်။

"မစိုးရိမ်ပါနဲ့... မင်းရဲ့ ကုမ္ပဏီကို ငါ အစားအသောက် လိုက်ပို့ရင်းနဲ့ ထောက်ပံ့ပေးမယ်...။ ဒါက လွန်ခဲ့တဲ့ ရက်အနည်းငယ်က ငါစုထားတဲ့ ပိုက်ဆံတွေပဲ...။ အစီအစဉ်အတိုင်းပဲ ဆက်သွားပါ...။ အခြေခံ အဆောက်အအုံတွေကိုပဲ အဓိကထားလိုက်...။"

"တခြားဘာကိုမှ မပူနဲ့...၊ ငါ မင်းဆီကို ပိုက်ဆံတွေ တဖြည်းဖြည်း လွှဲပေးမယ်...။ သူက ယွမ်တစ်သောင်း ယူလာတာ မဟုတ်လား...။ အဲ့ဒီလောက်က ငါနဲ့ တစ်လလောက် ကစားဖို့တောင် မလောက်ပါဘူး...။"

ဟယ်ရှန့်သည် ပြုံးလိုက်မိလေသည်။ လျန်ထျန်းက အစားအသောက်ပို့ရင်း သူမကို ထောက်ပံ့မည်ဟု ပြောသည်ကို နောက်ပြောင်နေသည်ဟုသာ သူမ အမြဲထင်ခဲ့သည်။ သို့သော် သူမသည် လျန်ထျန်းကို အကြွင်းမဲ့ ယုံကြည်ရန် ဆုံးဖြတ်ထားပြီး တစ်လအတွင်း ယွမ်တစ်သောင်းထက်မနည်းသော ငွေပမာဏ ကို သူ ရှာဖွေပေးနိုင်မည်ဟု ယုံကြည်ထားခဲ့လေသည်။

လဝက်ခန့် ကြာသောအခါ နှစ်ဖက်စလုံးမှာ ယွမ်ငါးထောင်ခန့် အကုန်အကျခံပြီး ဖြစ်ပေသည်။ ရှီစီသည် ဟယ်ရှန့်ထံသို့ ချဉ်းကပ်လာပြန်လေသည်။

"ရှောင်ရှန့်ရှန့်... မင်း အခုဆိုရင် အကန့်အသတ်ကို ရောက်နေပြီ မဟုတ်လား...။ ငါ့ရဲ့ အကြံပေးချက်ကို ပြန်စဉ်းစားပြီး ငါ့ရင်ခွင်ထဲကို မြန်မြန် လာခဲ့ပါလား...။"

"ငါတို့က အနှေးနဲ့အမြန် မိသားစုတွေ ဖြစ်လာမှာပဲလေ...။ ဘာလို့ ဒီလောက်အထိ အသေအလဲ တိုက် နေမှာလဲ...။ ငါ့ပိုက်ဆံတွေ ကုန်တာက မင်းရဲ့ ပိုက်ဆံတွေ ကုန်တာနဲ့ အတူတူပဲလေ...၊ ဟဲဟဲ...။"

သို့သော်လည်း ဟယ်ရှန့်က သူ့ကို မျက်စောင်းတစ်ချက် ထိုးလိုက်ပြီးနောက် လျန်ထျန်း၏ နံပါတ်ကို ခေါ်ဆိုလိုက်လေသည်။ ဖုန်းထဲတွင် လျန်ထျန်းသည် တစ်စုံတစ်ခုကို ဝါးနေရင်း ရှီစီကို ပြင်းပြင်းထန်ထန် ပြောလိုက်လေသည်။

"ရှီစီ... မင်းကို ငါပြောလိုက်မယ်...၊ ငါ မင်းကို တကယ်ပဲ အသေအလဲ တိုက်မှာ...။"

"အခုက မင်းကို တိုက်ရုံတင် မဟုတ်ဘူး...။ ဟယ်ရှန့်ရဲ့ ကုမ္ပဏီကို အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းပြီး အက်စ် မြို့ကိုသွားပြီးတော့ ရှီမိသားစုတစ်ခုလုံးကိုပါ ငါ အမြစ်ပြတ်အောင် တိုက်မှာ...။"

"မင်းမှာရှိတဲ့ ယွမ်တစ်သောင်းက ငါနဲ့ တစ်လတောင် ကစားဖို့ မလောက်ဘူး...။ မိသားစုဆီကနေ ပိုက်ဆံ ထပ်တောင်းထားလိုက်ဦး...။ မဟုတ်ရင် နောက်လဝက်လောက်ဆိုရင် ငါ ကစားဖော် မရှိဘဲ ဖြစ်သွား လိမ့်မယ်...။"

လျန်ထျန်း၏ စကားများကြောင့် ရှီစီမှာ အကြီးအကျယ် ဒေါသထွက်သွားခဲ့လေသည်။ သို့သော်လည်း ရှီစီက ဒေါသကို ထိန်းကာ လှောင်ရယ်လိုက်ပြီး၊

"ဟန်ဆောင်နေလိုက်စမ်းပါ...။ ဒီမြို့ငယ်လေးထဲမှာ ယွမ်တစ်သောင်းထက်ပိုပြီး ငါ့ကို ယှဉ်တိုက်နိုင်တဲ့ သူ ရှိမယ်လို့ ငါ လုံးဝမယုံဘူး...။"

ကြိမ်းဝါးပြီးနောက် ရှီစီသည် ငွေကြေးတိုက်ပွဲကို ပိုမို ပြင်းထန်အောင် ပြုလုပ်ရန် ထွက်ခွာသွားခဲ့လေ တော့သည်။ ဟယ်ရှန့်က လျန်ထျန်းကို စိုးရိမ်တကြီး မေးလိုက်လေသည်။

"သူ့ကို အဲ့ဒီလောက်အထိ ဒေါသထွက်အောင် လုပ်ဖို့ လိုလို့လား...။"

ဖုန်း၏ အခြားတစ်ဖက်တွင်မူ လျန်ထျန်းသည် သူ၏ လျှပ်စစ်စကူတာတွင် ဖုန်းကို ချိတ်ထားရင်း လမ်းဘေးဆိုင် တစ်ဆိုင်၌ ကြက်ဥထမင်းကြော်ကို အားရပါးရ စားနေလေသည်။

"ဘာကို ကြောက်နေတာလဲ...၊ တစ်လပြည့်ရင် သိရမှာပေါ့...။ ငါ နောက်နေတာ မဟုတ်ဘူး...။ မင်း လည်း ငါ့ကို မယုံဘူးလား...။"

ဟယ်ရှန့်က ခေါင်းခါလိုက်ပြီး ၊

"ယုံတာပေါ့...၊ ဒါပေမဲ့ ပိုက်ဆံရှာဖို့အတွက် ရှင် အရမ်း ပင်ပန်းနေမှာကို စိုးရိမ်လို့ပါ...။"

"ဘယ်လောက်ပဲ အစွမ်းထက်ပါစေ တစ်လအတွင်းမှာ ဒီလောက် ပိုက်ဆံအများကြီး ရှာဖို့က မလွယ် ဘူးလေ...။"

"ရှင် ကျွန်မဆီကို ပိုက်ဆံလွှဲပေးတဲ့ အကြိမ်တိုင်းမှာ ရှင့်မှာလည်း အခက်အခဲတွေ ရှိနေမှာပဲလို့ ကျွန်မ ခံစားရတယ်...။"

ထိုသို့သော စာနာစကားများကို ကြားသောအခါ လျန်ထျန်းက ချက်ချင်းပင် စကားဖြတ်လိုက်လေသည်။

"ကဲ... ကဲ... တော်ပြီ...၊ အဲ့ဒီလောက်အထိ ပြောမနေနဲ့တော့...။ စိတ်ကူးယဉ်စရာတွေ ဖြစ်ကုန်တော့ မယ်...။"

"လူကြီးတွေပဲ...၊ အသက်မွေးဝမ်းကျောင်း ပြုလုပ်တာ ဘယ်သူက လွယ်ကူတယ်လို့ ပြောလို့လဲ...။"

"ဘာပဲဖြစ်ဖြစ် ငါ့အတွက် မပူပါနဲ့...၊ မင်းရဲ့ အလုပ်ကိုပဲ အာရုံစိုက်ထား...။ ငါတို့ လုပ်ငန်းက သူများ နောက် မကျစေနဲ့...။"

"ဟေး... အမှာစာအသစ် ရောက်လာပြီ...၊ ငါ အလုပ်သွားရတော့မယ်...။ ဒါပဲနော်...။"

လျန်ထျန်းသည် ဖုန်းချလိုက်ပြီး အမှာစာအသစ်ကို လက်ခံကာ ထမင်းဘူးကို ချ၍ အမှာစာသွားယူရန် အမြန် မောင်းနှင်ထွက်ခွါသွားတော့သည်။

ရုံးခန်းအတွင်း၌မူ ဟယ်ရှန့်သည် ဖုန်းကို ကိုင်ထားဆဲဖြစ်ပြီး ပါးပြင်လေးများ နီမြန်းလျက် နှုတ်ခမ်းကို ကိုက်ကာ တိုးတိုးလေး ရေရွတ်နေခဲ့လေသည်။

"သူ အခုပဲ... ငါတို့ လုပ်ငန်းလို့ ပြောသွားတာလား...။"

"အို... ဒါဆိုရင် နောက်တစ်ခါကျရင် ငါတို့ မိသားစုအကြောင်းကိုပါ ပြောတော့မှာလား မသိဘူး...။"

ထိုသို့ဖြင့် နောက်ထပ် ဆယ်ရက်ခန့် ကုန်ဆုံးသွားခဲ့လေသည်။

ရှီစီသည် သူ၏လက်ထဲရှိ ယွမ်တစ်သောင်းအနက် ရှစ်ထောင်၊ ကိုးထောင်ခန့်အထိ အကုန်အကျခံပြီး ဖြစ်နေသည်။ လွန်ခဲ့သော ရက်ပေါင်းနှစ်ဆယ်ကကဲ့သို့ မောက်မာမှုများ မရှိတော့ဘဲ ဇဝေဇဝါ ဖြစ်နေရ လေသည်။

"မဖြစ်နိုင်ဘူး... လုံးဝ မဖြစ်နိုင်တာ...။"

"သူတို့လည်း ဒီလောက် ပိုက်ဆံတွေ အကုန်အကျခံထားတာပဲ...။ ဘယ်လိုလုပ် ပိုက်ဆံတွေ ကျန်နေ သေးတာလဲ...။"

ဘေးရှိ သက်တော်စောင့်နှင့် လက်ထောက်က ပြောလိုက်လေသည်။

"သခင်လေး...၊ ဒီနေ့ညရော လာဖီတီ (၈၂) ဝိုင်နဲ့ အေဖိုက် အဆင့် အမဲသားကင်ကိုပဲ မှာပေးရမလား...။"

ပုံမှန်ဆိုလျှင် ရှီစီသည် ခေါင်းညိတ်ကာ စီစဉ်ခိုင်းမည် ဖြစ်သော်လည်း ယခုတစ်ကြိမ်တွင်မူ ဒေါသတကြီး အော်ဟစ်လိုက်လေသည်။

"စား... စား...၊ စားဖို့ပဲ သိနေကြတာလား...။ အခုက ဘယ်လိုအချိန် ရောက်နေပြီလဲ...။"

"ငါ အယ်လ်မြို့ကို အရင်းအနှီး အမြောက်အမြား ယူလာပြီး ကတိတွေ အကြီးအကျယ် ပေးခဲ့တာ...။ ဒီက ဈေးကွက်ကို မသိမ်းပိုက်နိုင်ရင် ငါ့ရဲ့ မိသားစုအတွင်း အဆင့်အတန်းက ပျက်စီးသွားမှာ...။"

"ငါ့ရဲ့ ညီအစ်ကို သုံးယောက်လုံးက တခြားမြို့တွေမှာ အောင်မြင်မှုတွေ ရနေကြပြီ...။"

"ကျန်တဲ့ ပိုက်ဆံတွေကို စနစ်တကျ သုံးရမယ်...။ တစ်ပြားတောင် အလဟဿ အဖြစ်မခံနိုင်ဘူး...။ ငါ့အစ်ကိုတွေကို ရှုံးနိမ့်လို့ မဖြစ်ဘူး...။"

သခင်လေး ဒေါသထွက်နေသည်ကို မြင်သဖြင့် လက်ထောက်က ထွက်သွားရန် ပြင်စဉ် ရှီစီက ပြန်ခေါ် လိုက်လေသည်။

"ငါ အဲ့ဒီ အကောင်းစားတွေကို မစားတော့ဘူး...။ ဒါပေမဲ့ ငါ့ကို ဗိုက်ဆာအောင်တော့ မထားနဲ့...၊ အပြင် က အစားအသောက် တစ်ခုခု မှာလိုက်တော့...။"

နာရီဝက်ခန့် ကြာသောအခါ...၊

"ဟလို... အစားအသောက် လာပို့တာပါ...။"

တံခါးခေါက်သံ ကြားသဖြင့် ရှီစီ တံခါးဖွင့်လိုက်သောအခါ အပြင်၌ ရပ်နေသော အစားအသောက် ပို့ဆောင်သူကို မြင်ပြီး မှင်တက်သွားရလေသည်။ အစားအသောက် ပို့ဆောင်သူမှာလည်း သူ့ကိုမြင်ကာ အံ့အားသင့်သွားသော်လည်း ပစ္စည်းကို ကမ်းပေးကာ ပြန်လှည့်ရန် ပြင်လိုက်လေသည်။

သို့သော် ရှီစီက ထွက်၍ တားလိုက်ပြီး သေချာ စိုက်ကြည့်လိုက်လေသည်။ ထို့နောက်တွင်မူ ရှီစီသည် အားရပါးရ ရယ်မောလေတော့သည်။

"ဟေး... ဒါ ဟယ်ရှန့်ကုမ္ပဏီရဲ့ နောက်ကွယ်က ရင်းနှီးမြှုပ်နှံသူကြီး မဟုတ်လား...။"

"ဘာလဲ... လွန်ခဲ့တဲ့ ရက်အနည်းငယ်က ငါ့ကို အသေအလဲ တိုက်မယ်လို့ ခြိမ်းခြောက်ခဲ့ပြီးတော့ အခု တော့ အစားအသောက် ပို့တဲ့ ပိုက်ဆံနဲ့ ငါ့ကို ယှဉ်တိုက်မယ်လို့ တကယ်ပဲ စဉ်းစားနေတာလား...။ တကယ်ကို ရယ်ရတယ်ကွာ...။"

လျန်ထျန်းသည် တစ်စုံတစ်ရာကို ဖုံးကွယ်ထားလိုသဖြင့် စကားပြန်မပြောဘဲ အခွင့်အရေးရသည်နှင့် အမြန် ထွက်ပြေးသွားခဲ့တော့သည်။

ရှီစီသည်လည်း ထပ်မံ၍ အကျပ်မကိုင်တော့ပေ။ လျန်ထျန်း ပြေးသွားသည်ကို ကြည့်ကာ နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာခဲ့လေသည်။

"ငါ့ရဲ့ စိုးရိမ်မှုတွေက အပိုတွေပဲ...။ သူကတော့ အစွမ်းကုန် သုံးပြီးသွားလို့ အခုဆိုရင် အသက်မွေးဖို့ အတွက် အစားအသောက် လိုက်ပို့နေရပြီပဲ...။"

ရှီစီသည် သူ၏လက်ထဲရှိ အစားအသောက်များကို ကြည့်ကာ ရွံရှာစွာဖြင့် အမှိုက်ပုံးထဲသို့ ပစ်ထည့် လိုက်ပြီး လက်ထောက်ကို ဖုန်းဆက်လိုက်လေသည်။

"ငါ့အတွက် လာဖီတီ (၈၂) ဝိုင်နဲ့ အေဖိုက် အမဲသားကင် ယူလာခဲ့...။ ပြီးတော့ လှလှပပ အမျိုးသမီးတွေ ကိုလည်း ခေါ်ခဲ့ဖို့ မမေ့နဲ့ဦး...၊ ဟားဟားဟား...။"

All Chapters