← Chapters

အခန်း (၈၇-၈၈)

Vol. 9 Ch. 87-88

အခန်း (၈၇-၈၈)

Vol. 9 Ch. 87-88

အခန်း (၈၇)

မောက်မာလွန်းသော အမျိုးသမီး ယာဉ်မောင်း

ဥက္ကဋ္ဌဝမ် ပေးထားသည့် သတင်းအချက်အလက်များရှိ လိပ်စာအတိုင်း လျန်ထျန်းသည်

အိတ်ချ်မြို့တော်သို့ ရောက်ရှိလာခဲ့လေသည်။

လမ်းတစ်လျှောက်တွင် လျန်ထျန်းသည် ဖခင်ဖြစ်သူကို ချက်ချင်းတွေ့ဆုံကာ သူ၏ စိတ်ထဲရှိ မေးခွန်း များအားလုံးကို မေးမြန်းရန် စိတ်အားထက်သန်နေခဲ့သည်။ သို့သော် လက်တွေ့တွင်မူ သူသည် တွေဝေ နေခဲ့မိလေ၏။ အချိန်အတော်ကြာ စဉ်းစားပြီးနောက် ဖခင်ဖြစ်သူ၏ လက်ရှိဘဝကို ဦးစွာ တိတ်တဆိတ် စောင့်ကြည့်ရန် သူ ဆုံးဖြတ်ခဲ့လိုက်လေသည်။

ဤသို့ ဆုံးဖြတ်ရခြင်း၏ အကြောင်းရင်းမှာ သူ တွေးထင်ထားသကဲ့သို့ ဖြစ်လာမည့် ရလဒ်ကို လက်ခံ နိုင်စွမ်း မရှိမည်ကို စိုးရိမ်သောကြောင့်လည်း ဖြစ်ပေလိမ့်မည်။

အမှန်စင်စစ် လူသားတို့၏ သဘာဝအရ မိမိ ချစ်ခင်ရသူများနှင့် ပတ်သက်သော ဆိုးဝါးသည့် အရာများ ကို ရင်ဆိုင်ရမည်ဆိုလျှင် ထိတ်လန့်ခြင်းနှင့် ရှောင်လွှဲလိုခြင်းတို့ ဖြစ်ပေါ်တတ်သည် မဟုတ်ပါလား။

ဖခင်ဖြစ်သူ လက်ရှိ နေထိုင်ရာ အရပ်မှာ ဟောင်းနွမ်းစုတ်ပြတ်နေသော ရပ်ကွက်တစ်ခု ဖြစ်ပေသည်။ လျန်ထျန်းသည် ဖခင်ဖြစ်သူကို အလွယ်တကူ စောင့်ကြည့်နိုင်ရန် မျက်နှာချင်းဆိုင်ရှိ အဆောက်အဦး တစ်ခုတွင် အခန်းတစ်ခန်း ငှားရမ်းလိုက်ပြီး နေ့စဉ် ရုပ်ဖျက်ကာ ထွက်လေ့ရှိလေသည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် ဖခင်ဖြစ်သူ၏ လက်ရှိအလုပ်မှာလည်း အစားအသောက် ပို့ဆောင်ခြင်းပင် ဖြစ်လေသည်။ လျန်ထျန်းသည်လည်း ဤအလုပ်ကို ကောင်းစွာ နားလည်သူ ဖြစ်သဖြင့် အစားအ သောက် ပို့ဆောင်ရေး ဝတ်စုံကို ဝတ်ဆင်ကာ လျှပ်စစ်စကူတာကို စီးနှင်းပြီး ဖခင်ကို စောင့်ကြည့်ခြင်း လွယ်ကူစေရန် ဦးထုပ်နှင့် နှာခေါင်းစည်းများကိုပါ တပ်ဆင်ထားလိုက်လေသည်။

တစ်ခါတရံတွင် သူသည် အမှာစာ အချို့ကိုပါ လက်ခံ၍ ပို့ဆောင်ပေးလေ့ရှိပေသည်။ ရင်းနှီးမြှုပ်နှံမှု လိုအပ်နေသော ကုမ္ပဏီများစွာ ရှိနေသဖြင့် သူ ရှာနိုင်သမျှ ပိုက်ဆံကို ရှာဖွေနေခြင်းလည်း ဖြစ်သည်။

ရက်အနည်းငယ်ကြာ တိတ်တဆိတ် စောင့်ကြည့်ပြီးနောက် ထိုဆယ်ကျော်သက် မိန်းကလေးမှာ ဖခင် ဖြစ်သူ၏ 'တရားမဝင် သမီး' ဖြစ်လိမ့်မည်ဟု လျန်ထျန်း ပို၍ ယုံကြည်လာသည်။ ဖခင်ဖြစ်သူ၏ ဘဝမှာ အလွန်ပင် ပင်ပန်းဆင်းရဲလှသော်လည်း မည်မျှပင် ခက်ခဲပါစေ ထိုမိန်းကလေးကိုမူ ကောင်းမွန်စွာ ပြုစု စောင့်ရှောက်ထားခဲ့သည် မဟုတ်ပါလား။ ထိုမိန်းကလေးသည် သူ၏ တရားမဝင် သမီး မဟုတ်လျှင် အခြား မည်သူ ဖြစ်နိုင်ပါဦးမည်နည်း။

လျန်ထျန်းသည် ဤအကြောင်းကို တွေးမိတိုင်း ဖခင်ဖြစ်သူအပေါ် မကျေမနပ် ဖြစ်မိပြီး ရှေ့သို့ ပြေး ထွက်ကာ အငြင်းအခုံ လုပ်ချင်စိတ်များ ပေါ်ပေါက်လာတတ်လေသည်။

ဖခင်ဖြစ်သူ၏ ခြေထောက်တစ်ဖက်မှာ ထော့နဲ့ထော့နဲ့ ဖြစ်နေသော်လည်း အချိန်မီစေရန် ထိုခြေထောက် ဖြင့်ပင် ပြေးလွှား၍ အစားအသောက် ပို့ဆောင်နေရသည်ကို မြင်သောအခါ လျန်ထျန်းသည် ရင်ထဲတွင် တစ်စုံတစ်ခုက ညှစ်ထားသကဲ့သို့ ခံစားရပြီး ဖော်ပြမရနိုင်သော နာကျင်မှုကို ခံစားခဲ့ရလေသည်။

နောက်ဆုံးတွင် ဖခင်နှင့် သားဖြစ်သူတို့ ပြန်လည် ဆုံတွေ့စေမည့် အခွင့်အရေး တစ်ခု ပေါ်ပေါက်လာ ခဲ့လေသည်။

ထိုနေ့တွင် မိုးသည်းထန်စွာ ရွာသွန်းနေခဲ့လေသည်။ လျန်သရှန်းသည် မိုးကာအင်္ကျီကို ဝတ်ဆင်ကာ သူ၏ လျှပ်စစ်စကူတာကို ဂရုတစိုက် စီးနင်းနေစဉ် ဘေးဘက်မှ ရုတ်တရက် မောင်းနှင်လာသော ကားတစ်စီးက သူ့ကို တိုက်မိသွားလေတော့သည်။

ကားရပ်သွားပြီးနောက် ထီးတစ်ချောင်းကို ကိုင်ဆောင်ထားသော အမျိုးသမီး တစ်ဦးသည် ကားမောင်း သူ နေရာမှ ဆင်းလာခဲ့လေသည်။ ထိုအမျိုးသမီးသည် ကားကို စက်တပ်ယာဉ် မဟုတ်သော လမ်းကြော အတွင်းသို့ မောင်းနှင်လာခြင်း ဖြစ်သော်လည်း မြေပြင်ပေါ်တွင် လဲကျနေသော လျန်သရှန်းကို ကြည့် ကာ အော်ဟစ် ဆဲဆိုနေတော့သည်။

"နင် မျက်စိ မပါဘူးလား...၊ ငါ့ကားက အသစ်စက်စက်ဟဲ့...။ နင်လို နံစော်နေတဲ့ အစားအသောက် ပို့တဲ့ ကောင်က တိုက်မိရင် လျော်နိုင်လို့လား...။"

လျန်သရှန်းသည် သူ၏ ခြေထောက် ဒဏ်ရာဟောင်းကြောင့် မြေပြင်ပေါ်တွင် လဲကျနေရုံသာမက လဲကျ သွားသော လျှပ်စစ်စကူတာကြီးက သူ၏ ဒဏ်ရာရနေသော ခြေထောက်ပေါ်သို့ ဖိမိနေခဲ့လေသည်။ သူသည် နာကျင်လှသဖြင့် ချက်ချင်း ပြန်မထနိုင်သော်လည်း ထိုအမျိုးသမီးကိုမူ တောင်းပန်စကား ပြောရှာလေသည်။

"တောင်းပန်ပါတယ်... တောင်းပန်ပါတယ်...။ မိုးက အရမ်းသည်းနေတော့ လမ်းကို ကောင်းကောင်း မမြင်ရလို့ပါ...။"

မနီးမဝေးတွင် ရှိနေသော လျန်ထျန်းသည် ထိုမြင်ကွင်း အားလုံးကို မြင်လိုက်ရလေသည်။ အထူးသဖြင့် ဖခင်ဖြစ်သူက ထိုမိန်းမကို တောင်းပန်နေသည်ကို ကြားသောအခါ သူသည် လက်သီးကို ကျစ်ကျစ်ပါ အောင် ဆုပ်လိုက်မိပြီး အံကြိတ်ကာ တွေးလိုက်မိလေသည်။

*အဖေ တကယ်ကို အ တာပဲ...။ ဒါက အဖေ့အမှား လုံးဝ မဟုတ်ပါဘူး...။ ဘာလို့ ဒီလောက်အထိ သူရဲဘောကြောင်ပြီး အရာရာကို ကိုယ့်အမှားလို့ပဲ သတ်မှတ်နေရတာလဲ...။*

ထိုစဉ် အမျိုးသမီးသည် ပို၍ လွန်လာကာ ဒေါက်ဖိနပ်ဖြင့် မြေပြင်ပေါ်တွင် လဲကျနေသော လျန်သရှန်းကို အကြိမ်အနည်းငယ် ကန်ကျောက်ရင်း ဆဲဆိုပြန်လေသည်။

"နင်လို နံစော်တဲ့ အစားအသောက် ပို့တဲ့ကောင်ကို ခုနက တစ်ခါတည်း တိုက်သတ်လိုက်ရမှာ...။"

"ဒါက ငါ့ရည်းစား အခုမှ ဝယ်ပေးထားတဲ့ အသစ်စက်စက် ကားဟဲ့၊ တန်ဖိုးက (၈၀) ပြားတောင် ရှိတာ...၊ နင် တစ်သက်လုံး အစားအသောက် ပို့ရင်တောင် လျော်နိုင်မှာ မဟုတ်ဘူး...။"

ဤနေရာတွင် လျန်ထျန်းသည် ဆက်၍ သည်းမခံနိုင်တော့ပေ။ သူသည် လျှပ်စစ်စကူတာကို အရှိန်မြှင့် ကာ ထိုနေရာသို့ အပြေး မောင်းနှင်လာခဲ့တော့သည်။

အမျိုးသမီးသည် လျန်သရှန်းကို ထပ်မံ ကန်ရန် ပြင်လိုက်စဉ်မှာပင် ဘေးဘက်မှ အသံတစ်ခုကို ကြား လိုက်ရလေသည်။ သူမ လှည့်ကြည့်လိုက်သောအခါ လျှပ်စစ်စကူတာ တစ်စီးသည် သူမရှိရာသို့ တည့်တည့်ကြီး ဦးတည် မောင်းနှင်လာသည်ကို တွေ့လိုက်ရပေသည်။

စကူတာ၏ အရှိန်မှာ ပို၍ မြန်လာပြီး ရပ်တန့်မည့် အရိပ်အယောင်လည်း မရှိသဖြင့် ထိုအမျိုးသမီးမှာ ထိတ်လန့်တကြား အော်ဟစ်ကာ နောက်သို့ ဆုတ်လိုက်ရလေသည်။

မိုးရွာထားသဖြင့် လမ်းက ချောနေခြင်းကြောင့်လော သို့မဟုတ် သူမ၏ ဒေါက်ဖိနပ်က မြင့်လွန်းခြင်း ကြောင့်လော မသိရဘဲ သူမသည် ခြေချော်ကာ ရွှံ့ဗွက်အိုင်ထဲသို့ ဖင်ထိုင်လျက် လဲကျသွားတော့သည်။

ကိုင်ထားသော ထီးမှာလည်း လွင့်ထွက်သွားကာ တစ်ကိုယ်လုံး ရွှဲရွှဲစိုသွားလေတော့သည်။

လျန်ထျန်းသည် လျှပ်စစ်စကူတာကို ရပ်လိုက်ပြီး အမျိုးသမီးကို ငုံ့ကြည့်ကာ အေးစက်စွာ ပြောလိုက် လေသည်။

"ခင်ဗျားက လမ်းမှားမောင်းပြီး လူကို တိုက်မိတာလေ...။ အခုတော့ သူတစ်ပါးကို အပြစ်တင်နေတာ လား...၊ ခင်ဗျားမှာ အရှက်မရှိဘူးလား...။"

ရွှံ့ဗွက်အိုင်ထဲတွင် ဆံပင်ဖရိုဖရဲနှင့် လဲကျနေသော အမျိုးသမီးသည် ခေတ္တမျှ မှင်တက်သွားပြီးမှ သတိ ပြန်ဝင်လာခဲ့လေသည်။ လျန်ထျန်းကို မော့ကြည့်လိုက်သောအခါ သူသည်လည်း အစားအသောက် ပို့ဆောင်ရေး ဝတ်စုံကို ဝတ်ထားသည်ကို မြင်ရသဖြင့် သူမသည် ပို၍ ဒေါသထွက်လာကာ အော်ဟစ် လေတော့သည်။

"နောက်ထပ် အစားအသောက် ပို့တဲ့ကောင် တစ်ယောက်ပါလား...။ မင်းတို့ အစားအသောက် ပို့တဲ့ ကောင်တွေက တကယ်ပဲ သေချင်နေကြတာလား...။ ငါ့ရည်းစားက ဘယ်သူလဲဆိုတာ မင်းတို့ သိရဲ့ လား...။"

လျန်ထျန်းသည် ရူးသွပ်နေသော ထိုမိန်းမကို ဂရုမစိုက်ဘဲ ဖခင်ဖြစ်သူကို ဦးစွာ တွဲထူပေးလိုက်လေ သည်။

မိုးက သည်းထန်စွာ ရွာသွန်းနေခြင်းကြောင့်လော သို့မဟုတ် နှစ်ပေါင်းများစွာ မတွေ့ရခြင်းကြောင့်လော မသိရဘဲ လျန်သရှန်းသည် ရှေ့မှ လူကို သူ၏ သားဖြစ်သူမှန်း ချက်ချင်း မသိရှိခဲ့ပေ။

တွဲထူပေးခြင်း ခံရပြီးနောက် လျန်သရှန်းသည် လျန်ထျန်းကို တိုးတိုးလေး ပြောရှာပေသည်။

"လူငယ်လေး... ကျေးဇူးတင်ပါတယ်...။ ဒါပေမဲ့ ဒီကိစ္စထဲမှာ ဝင်မပါ ပါနဲ့...။ ဒီလို ကားကြီးတွေ စီးနိုင် တဲ့သူတွေကို ငါတို့လိုလူတွေက မစော်ကားနိုင်ပါဘူး...။"

"မင်း အမြန် သွားတော့... ငါပဲ သူ့ကို တောင်းပန်လိုက်ပါ့မယ်...။ သူ ငါ့ကို နောက်ထပ် အကြိမ်အနည်း ငယ်လောက် ရိုက်ပြီးရင် စိတ်ကျေနပ်သွားမှာပါ.... မင်းပါ ဒုက္ခ ရောက်ခံပါနဲ့...။"

ဖခင်ဖြစ်သူ၏ စကားကို ကြားသောအခါ လျန်ထျန်းသည် ရင်ထဲတွင် နာကျင်ရသကဲ့သို့ ဖခင်ဖြစ်သူ၏ စိတ်ဓာတ် ပျော့ညံ့မှုအပေါ်လည်း ဒေါသထွက်မိလေသည်။

"ခင်ဗျားက လမ်းမှန်အတိုင်း မောင်းလာတာပဲ...၊ ဒါက ခင်ဗျားအမှား မဟုတ်ဘူးလေ...။ ဘာလို့ အလျော့ပေးနေရတာလဲ...။"

လျန်သရှန်းသည် သက်ပြင်းချလိုက်လေသည်။

"လူငယ်လေး... ငါ့ခြေထောက်က ဘာလို့ ဒီလိုဖြစ်သွားရလဲဆိုတာ မင်း သိလား...။"

"အရင်တုန်းကတော့ ဒီကမ္ဘာမှာ ကျိုးကြောင်းဆီလျော်မှုဆိုတာ ရှိလိမ့်မယ်လို့ ငါတို့ ထင်ခဲ့ဖူးတယ်...။ ဒါပေမဲ့ နောက်ပိုင်းကျမှ ဒီကမ္ဘာမှာ ကျိုးကြောင်းဆီလျော်မှုဆိုတာ မရှိဘူးဆိုတာ ငါ သိခဲ့ရတာ...။"

"ငါတို့က အမှန်ဘက်ကနေ ရင်ဆိုင်ခဲ့ပေမဲ့ သူတို့က ပိုက်ဆံနဲ့ အဆက်အသွယ်တွေကို သုံးပြီး အမှုကြီးကို အမှုသေးဖြစ်အောင်၊ အမှုသေးကို အမှုပျောက်အောင် လုပ်ခဲ့ကြတယ်...။"

"သူတို့က နောက်ကွယ်ကနေ ငါတို့ကို ဒုက္ခပေးဖို့ လူထပ်လွှတ်နိုင်သေးတယ်...။ ငါတို့လို သာမန်လူတွေ က သူတို့ကို ဘယ်လိုများ ရင်ဆိုင်နိုင်မှာတဲ့လဲ...။"

ထိုစကားများက လျန်ထျန်းကို ပို၍ပင် စိတ်မကောင်း ဖြစ်စေခဲ့လေသည်။

သူသည် ဖခင်ဖြစ်သူက ချမ်းသာကြွယ်ဝသူ တစ်ဦးကို ပြစ်မှားမိခဲ့ပြီး ထိုလူက ယုတ်မာသော နည်းလမ်း ကို သုံးကာ ဖခင်၏ ခြေထောက်ကို ဒုက္ခပေးခဲ့သည်ကို မြင်ယောင်လာခဲ့မိလေသည်။

ထို့ကြောင့်ပင် ဖခင်ဖြစ်သူသည် အခြားသူ၏ အမှားဖြစ်နေလျှင်ပင် ကားကြီးစီးသောသူ ဖြစ်နေသဖြင့် အငြင်းအခုံ မလုပ်ရဲတော့ခြင်း ဖြစ်ချေသည်။ ကျန်ရှိနေသော ခြေထောက်တစ်ဖက်ကိုပါ ထပ်မံ အဆုံးရှုံး မခံနိုင်တော့သည် မဟုတ်ပါလား။

ဤသည်ကို တွေးမိရင်း လျန်ထျန်းသည် အသက်ကို ပြင်းပြင်း ရှူလိုက်မိလေသည်။

တစ်ချိန်တည်းမှာပင် အမျိုးသမီးသည် ရွှံ့ဗွက်အိုင်ထဲမှ ပြန်တက်လာပြီး လျန်ထျန်းကို ဆွဲကိုင်ကာ တစ္ဆေမတစ်ကောင်ကဲ့သို့ အော်ဟစ်ပြန်လေသည်။

"နံစော်နေတဲ့ အစားအသောက် ပို့တဲ့ကောင်...၊ ထွက်ပြေးဖို့ မစဉ်းစားနဲ့...။"

"ငါ ပြောပြမယ်... ငါ့ရည်းစားက လုံကျန်းဘဏ်ရဲ့ ဒုတိယ အထွေထွေမန်နေဂျာဟဲ့၊ သူ့မှာ ပိုက်ဆံတွေ အများကြီး ရှိသလို အဆက်အသွယ်တွေလည်း အများကြီးပဲ...။ မင်းတော့ သေပြီသာမှတ်...။"

လုံကျန်းဘဏ် ဟူသော အမည်ကို ကြားသောအခါ လျန်ထျန်းသည် ခေတ္တမျှ မှင်တက်သွားပြီးမှ သူ၏ နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာခဲ့လေသည်။ သို့သော် သူသည် ခံစားချက်ကို ချက်ချင်း ပြန်ဖုံးကွယ် လိုက်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။

"ခင်ဗျားရဲ့ ရည်းစားက ဘယ်သူပဲဖြစ်ဖြစ်...၊ အခုဖြစ်သွားတဲ့ ကိစ္စမှာ ဘယ်သူမှားလဲ၊ ဘယ်သူမှန်လဲ ဆိုတာ အရင်ဆုံး ရှင်းရမှာ မဟုတ်ဘူးလား...။"

"လမ်းမှားမောင်းပြီး လူကို တိုက်တာက ခင်ဗျားရဲ့ တာဝန်ပဲ...။ ခင်ဗျားက အမျိုးသမီး ယာဉ်မောင်း ဖြစ်နေရုံနဲ့ တစ်ကမ္ဘာလုံးက ခင်ဗျားကို လမ်းဖယ်ပေးရမယ်လို့ မထင်နဲ့လေ...။"

အမျိုးသမီးက ကောက်ကျစ်စွာ ရယ်မောလိုက်လေသည်။

"နင်က ဘာကောင်မို့လို့ ငါ့ကို လာပြီး ဆုံးမနေတာလဲ...။ နံစော်နေတဲ့ အစားအသောက် ပို့တဲ့ကောင်က များ...။"

"ငါ ဘာမှားလို့လဲ... ငါ့ရည်းစားက ငါ့ကို အလိုလိုက်ထားတာဟဲ့...။ နင်က ဘာကောင်မို့လို့လဲ...။"

"အခုပဲ ငါ့ရည်းစားကို ခေါ်ပြီး နင့်ကို ပညာပေးခိုင်းရမယ်...။"

"ဖျန်း…"

သို့သော် ထိုအမျိုးသမီး စကားမဆုံးမီမှာပင် လျန်ထျန်းသည် သူမ၏ ပါးကို ရိုက်လိုက်သဖြင့် သူမမှာ ရွှံ့ဗွက်အိုင်ထဲသို့ ထပ်မံ လဲကျသွားခဲ့ပြန်လေသည်။

ထို့နောက် လျန်ထျန်းက အေးစက်သော အသံဖြင့် ထပ်ပြောလိုက်လေသည်။

"အခုချက်ချင်းပဲ ခင်ဗျားရဲ့ ချစ်သူဆိုတဲ့ လုံကျန်းဘဏ် ဒုတိယ အထွေထွေမန်နေဂျာကို ခေါ်လိုက်ပါ... ။ သူ ကျွန်တော့်ကို ဘယ်လိုမျိုး ဒုက္ခပေးမလဲဆိုတာ ကြည့်ရသေးတာပေါ့...။"

အခန်း (၈၈)

လူခေါ်တာလား... ကျွန်တော်လည်း ခေါ်လို့ရတာပဲ

လျန်ထျန်းက ထိုအမျိုးသမီးအား ပါးရိုက်လိုက်သည်ကို မြင်သောအခါ လျန်သရှန်းမှာ ထိတ်လန့်သွားပြီး လျန်ထျန်းကို အမြန်ဆွဲဖယ်လိုက်လေသည်။

"လူငယ်လေး... မင်းတော့ ဒုက္ခအကြီးအကျယ် ရောက်တော့မှာပဲ...။"

"လုံကျန်းဘဏ်က အရှိန်အဝါ တကယ်ကြီးတာ...။ အဲ့ဒီက ဒုတိယ အထွေထွေမန်နေဂျာဆိုတာက လည်း သာမန်လူ မဟုတ်ဘူး...။"

"မင်း အဲ့ဒီလိုလူကို ပြစ်မှားမိတာ တကယ်ကို မတွေးရဲစရာပဲ...။"

ခေတ္တမျှ ရပ်လိုက်ပြီးနောက် လျန်သရှန်းသည် ခက်ခဲသော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ဟန်ဖြင့် သက်ပြင်းချလိုက်လေသည်။

"ဟူး... ဒါတွေ အကုန်လုံးက ငါ့ကြောင့် ဖြစ်ရတာပါ...။ သူတို့လူတွေ မရောက်ခင် မင်း အမြန်ပြေးတော့ ...။ ဖြစ်သမျှ ကိစ္စအဝဝကို ငါပဲ တာဝန်ယူပါ့မယ်...။"

ပြောပြောဆိုဆိုဖြင့် လျန်သရှန်းသည် လျန်ထျန်းကို လျှပ်စစ်စကူတာပေါ်သို့ တွန်းတင်ကာ အမြန် ထွက်ခွာရန် တိုက်တွန်းလေတော့သည်။

သို့သော် လျန်ထျန်းသည် မည်သို့လျှင်ထွက်သွားနိုင်ပါမည်နည်း။ သူသည် ဖခင်ဖြစ်သူ၏ လက်ကို ပြန်လည် ဆုပ်ကိုင်ထားပြီး ခိုင်မာစွာ ပြောလိုက်လေသည်။

"သူက လုံကျန်းဘဏ်ရဲ့ ဒုတိယ အထွေထွေမန်နေဂျာ အဆင့်လေးပဲ ရှိတာပါ...။ သူ ကျွန်တော့်ကို ဘာလုပ်နိုင်မလဲဆိုတာ ဒီနေ့ ကြည့်ကြသေးတာပေါ့...။"

လျန်သရှန်းမှာ အလွန်စိုးရိမ်သွားပြီး သူ၏ ပေါင်ကိုသာ တဖျန်းဖျန်း ပုတ်နေမိတော့သည်။

"လူငယ်လေးရယ်... ဒီလို အချိန်မှာ စကားကြီးစကားကျယ်တွေ မပြောပါနဲ့တော့...။"

"မင်းကလည်း ငါ့လိုပဲ အစားအသောက် ပို့တဲ့သူ တစ်ယောက်ပဲလေ...။ ငါတို့လို အောက်ခြေလူတန်းစား တွေက လုံကျန်းဘဏ်ရဲ့ ဒုတိယ အထွေထွေမန်နေဂျာကို ဘယ်လိုများ ယှဉ်နိုင်မှာလဲ...။"

"သူတို့ ရောက်လာရင် မင်းလည်း ငါ့ခြေထောက်လို ဖြစ်သွားလိမ့်မယ်...။ မင်းက ငယ်ပါသေးတယ်၊ စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့...။"

ဖခင်ဖြစ်သူက မည်မျှပင် ဖျောင်းဖျစေကာမူ လျန်ထျန်းမှာမူ လုံးဝ တုန်လှုပ်ခြင်း မရှိပေ။

ထိုမြင်ကွင်းကို ကြည့်ကာ ရွှံ့ဗွက်အိုင်ထဲမှ ပြန်တက်လာသော အမျိုးသမီးသည် ရေတွင်းထဲမှ တက်လာ သည့် တစ္ဆေမတစ်ကောင်ကဲ့သို့ ရူးသွပ်စွာ ရယ်မောလိုက်လေသည်။

"ကောင်းပြီ... တကယ်ကို ကောင်းတယ်...။ နင်က သေချင်နေမှတော့ ငါက နင့်ဆန္ဒကို ဖြည့်ဆည်းပေးရ မှာပေါ့...။"

ပြောရင်းနှင့် အမျိုးသမီးသည် ကားဆီသို့ ယိုင်တိုင်တိုင် ပြန်သွားကာ ဖုန်းကို ထုတ်ယူ၍ နံပါတ်တစ်ခုသို့ ခေါ်ဆိုလိုက်လေသည်။ ဖုန်းဝင်သွားသည်နှင့် သူမသည် အော်ဟစ်ငိုယိုကာ တိုင်တောလေတော့သည်။

"မောင်ရေ... ကျွန်မကို ဒီက အစားအသောက် ပို့တဲ့ကောင်က နှိပ်စက်နေတယ်...။ မြန်မြန်လာပြီး ကူညီ ပေးပါဦး၊ သူ့ကို သေသေချာချာ ပညာပေးချင်တယ်...။"

ဖုန်းချပြီးနောက် အမျိုးသမီးသည် ကားထဲမှ ပြန်ထွက်လာကာ လျန်ထျန်းကို လက်ညှိုးငေါက်ငေါက်ထိုး ၍ အော်ဟစ်ပြန်လေသည်။

"နင် သတ္တိရှိရင် ဒီမှာပဲ စောင့်နေလိုက်...၊ ငါ့ရည်းစား ရောက်လာရင် နင့်ကို အသေအလဲ ဖြစ်အောင် လုပ်ခိုင်းမှာ...။"

ထိုခြိမ်းခြောက်မှုကို ရင်ဆိုင်ရသော်လည်း လျန်ထျန်းကမူ ခပ်အေးအေးပင် ရယ်မောလိုက်လေသည်။

"ကောင်းပြီလေ... ဒီမှာပဲ စောင့်နေပါ့မယ်...။ သူ့ကို မြန်မြန်လာခိုင်းလိုက်ပါ၊ ကျွန်တော့်ရဲ့ အချိန်တွေက တန်ဖိုးရှိတယ်...။"

ဖျောင်းဖျ၍ မရသည်ကို မြင်သောအခါ လျန်သရှန်းသည် စိုးရိမ်တကြီးဖြင့် လမ်းလျှောက်နေမိလေ သည်။

"ဒုက္ခပါပဲ... လူငယ်လေးရယ်...၊ ဘာလို့ ငါ့စကားကို နားမထောင်ရတာလဲ... ။သူတို့ ရောက်လာရင် မင်းကို ညှာတာမှာ မဟုတ်ဘူး...။"

လျန်ထျန်းမှာမူ ယုံကြည်ချက် အပြည့်ရှိနေပြီး ပြုံးလျက် ပြောလိုက်လေသည်။

"ဖုန်းဆက်ပြီး လူခေါ်တာက သူတစ်ယောက်တည်း လုပ်တတ်တာ မဟုတ်ပါဘူး...။ ကျွန်တော်လည်း လုပ်တတ်ပါတယ်...။"

ပြောရင်းနှင့် လျန်ထျန်းက ဖုန်းကို ထုတ်ကာ နံပါတ်တစ်ခုသို့ ဆက်သွယ်လိုက်လေသည်။

လျန်သရှန်းမှာမူ နဖူးကို လက်ဖြင့်အုပ်ကာ အားကိုးရာမဲ့စွာ ပြောရှာလေသည်။

"မင်းက ဘယ်လိုလူမျိုးတွေကို ခေါ်နိုင်မှာလဲ...။ သူတို့က ချမ်းသာပြီး အရှိန်အဝါ ရှိတဲ့သူတွေလေ...။ မင်းခေါ်တဲ့လူတွေက သူတို့ကို ယှဉ်နိုင်မှာ မဟုတ်ဘူးဆိုတာ မသိဘူးလား...။"

သို့သော် လျန်သရှန်း စကားမဆုံးမီမှာပင် လျန်ထျန်း၏ ဖုန်းဝင်သွားခဲ့လေသည်။

"ဟယ်လို... မစ္စတာဝမ်...၊ ပြီးခဲ့တဲ့ အစည်းအဝေးတုန်းက ခင်ဗျား ပြောခဲ့တာ ကျွန်တော် မှတ်မိတယ်...။ အိတ်ချ်မြို့တော်က လုံကျန်းဘဏ်ဆိုတာ ကျွန်တော်တို့ အုပ်စုရဲ့ လက်အောက်ခံ ကုမ္ပဏီတစ်ခု မဟုတ် လား...။"

"လုံကျန်းဘဏ်ရဲ့ အထွေထွေမန်နေဂျာကလည်း ပြီးခဲ့တဲ့ အစည်းအဝေးမှာ ရှိနေတယ် မဟုတ်လား...၊ သူ့ကို ကျွန်တော့်ဆီ အခုချက်ချင်း ဖုန်းဆက်ခိုင်းလိုက်ပါ...။"

"ဟုတ်တယ်... အခုချက်ချင်းပဲ...။ ကျွန်တော် အိတ်ချ်မြို့တော်မှာ ပြဿနာ အနည်းနည်း ရှိနေလို့ အထွေထွေမန်နေဂျာကို ကိုယ်တိုင် လာဖြေရှင်းခိုင်းလိုက်ပါ...။"

ဖုန်းချပြီး မကြာမီမှာပင် ဖုန်းတစ်ကော ပြန်ဝင်လာခဲ့လေသည်။ လျန်ထျန်း ဖုန်းကို ကိုင်လိုက်သည်နှင့် တစ်ဖက်မှ ရိုသေလေးစားသော အသံတစ်ခု ထွက်ပေါ်လာခဲ့လေသည်။

"ရှယ်ယာရှင် လျန်း...၊ လူကြီးမင်း အိတ်ချ်မြို့တော်မှာ ရှိနေပြီး ပြဿနာတစ်ခု ကြုံနေရတယ်လို့ ကြားပါတယ်...။ ဒါက ကျွန်တော့်ရဲ့ ပေါ့ဆမှုကြောင့်ပါ၊ ကျွန်တော် တောင်းပန်ပါတယ်...။"

လျန်ထျန်းက စကားကို ဖြတ်ပြောလိုက်လေသည်။

"တောင်းပန်နေစရာ မလိုပါဘူး...။ ကျွန်တော် အိတ်ချ်မြို့တော်ကို လာတာက ကိုယ်ရေးကိုယ်တာ ကိစ္စမို့ ခင်ဗျားကို အကြောင်းမကြားခဲ့တာပါ...။"

"ဒါပေမဲ့ ဒီနေ့မှာတော့ ပြဿနာ အနည်းငယ် ရှိနေလို့ ခင်ဗျား အမြန်ဆုံး လာခဲ့ပေးပါ...။ လူတွေလည်း အများကြီး ခေါ်လာခဲ့ရင် အကောင်းဆုံးပေါ့...။"

"တခြား ဘာမှ ပြောမနေတော့ဘူး...။ တည်နေရာ ပို့လိုက်မယ်၊ မြန်မြန် လာခဲ့ပါ...။"

ထိုဖုန်းနှစ်ကောကို ကြားလိုက်ရသောအခါ လျန်သရှန်းမှာ မှင်တက်သွားရလေသည်။

မျက်နှာချင်းဆိုင်ရှိ အမျိုးသမီးမှာလည်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသော်လည်း ခေတ္တမျှသာ ဖြစ် လေသည်။ သူမသည် ချက်ချင်းပင် ပြန်လည် လှောင်ပြောင်လေတော့သည်။

"နံစော်နေတဲ့ အစားအသောက် ပို့တဲ့ကောင်ကများ သရုပ်ဆောင် ကောင်းလှချည်လား...။"

"နင်သာ လုံကျန်းဘဏ်ရဲ့ အထွေထွေမန်နေဂျာကို သိတယ်ဆိုရင် ဒီမှာ အစားအသောက် ပို့နေဦး မလား...။"

"နင်က မြေခွေးက ကျားအရှိန်အဝါကို ငှားပြီး ခြောက်နေတာပဲ...။ ဒီလို နည်းလမ်းလေးနဲ့ ငါ့ကို ကြောက်အောင် လုပ်လို့ ရမယ် ထင်နေလား...။ ဟင်း... ဝေးသေးတယ်...။"

မကြာမီမှာပင် အနက်ရောင်ကား အများအပြား ဆိုက်ရောက်လာခဲ့လေသည်။

ကားတံခါးများ ပြိုင်တူ ပွင့်သွားပြီး ဝတ်စုံနက် ဝတ်ဆင်ထားကာ ထီးများကို ကိုင်ဆောင်ထားသော လူတစ်ဒါဇင်ခန့်သည် ထိုနေရာကို အမြန် ဝိုင်းရံလိုက်ကြလေသည်။

ထိုလူများထဲတွင် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသော ဗလတောင့်တောင့် လူတစ်ယောက် ပါဝင် ပေသည်။ သူသည် ထီးကို ကိုယ်တိုင် မကိုင်ဘဲ ဘေးတစ်ဖက်တစ်ချက်ရှိ ဝတ်စုံနက်ဝတ် လူနှစ်ဦးက ထီးမိုးပေးထားကြလေသည်။

အဖြူရောင် ဝတ်စုံနှင့် လူသည် ပါးစပ်တွင် စီးကရက်ကြီး တစ်လိပ်ကို ခဲထားပြီး ကြောက်မက်ဖွယ် ကောင်းသော မျက်နှာထားဖြင့် လျှောက်လာခဲ့လေသည်။ သူသည် အမျိုးသမီးကို သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီးနောက် မာန်မဲလိုက်လေသည်။

"ဘယ်ကောင်က သေချင်နေတာလဲ...။ ငါ လေဟု ရဲ့ အမျိုးသမီးကို ဘယ်သူက ထိရဲတာလဲ...။"

လျန်သရှန်းသည် လျန်ထျန်းကို အရှေ့သို့ မသွားစေရန် လက်နှစ်ဖက်ဖြင့် တင်းကြပ်စွာ ဆွဲထားရှာသည်။ သို့သော် လျန်ထျန်းသည် ရှေ့သို့ တစ်လှမ်း တိုးလိုက်ပြီး လေဟု ကို ကြည့်ကာ ပြောလိုက်လေသည်။

"ခင်ဗျားက လုံကျန်းဘဏ်ရဲ့ ဒုတိယ အထွေထွေမန်နေဂျာလား...၊ ခင်ဗျားရဲ့ အမျိုးသမီးက ကားနဲ့ လူကို တိုက်မိတာကို ဘယ်လို ဖြေရှင်းဖို့ စဉ်းစားထားလဲ...။"

လေဟု သည် လျန်ထျန်းကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်လေသည်။ လျန်ထျန်း၏ ဘေးရှိ လျှပ်စစ် စကူတာနှင့် မိုးကာအင်္ကျီအောက်မှ အစားအသောက် ပို့ဆောင်ရေး ဝတ်စုံကို မြင်သောအခါ သူက နှာခေါင်းရှုံ့လိုက်လေသည်။

"ငါက လုံကျန်းဘဏ်ရဲ့ ဒုတိယ အထွေထွေမန်နေဂျာဆိုတာ သိရဲ့သားနဲ့ ငါ့ကို ဒီလို စကားပြောရဲ တယ် ပေါ့...။ ကြည့်ရတာ မင်းက ကိုယ့်ကိုယ်ကိုယ် ဘာကောင်မှန်း မသိတဲ့ မောက်မာတဲ့ အစားအသောက် ပို့တဲ့ကောင်ပဲ...။"

"ငါ ပြောပြမယ်...၊ ငါ့အမျိုးသမီးက လူကို တိုက်မိတာပဲဖြစ်ဖြစ်၊ ကားနဲ့ပဲ တိုက်သတ်လိုက်တာပဲဖြစ် ဖြစ်...၊ ဒါက လျော်ကြေး (၂) ပြား ပေးလိုက်ရင် ပြီးသွားမယ့် ကိစ္စလေးပဲ...။"

"ဒါပေမဲ့ မင်းလို အောက်တန်းစား အစားအသောက် ပို့တဲ့ကောင်က ငါ့အမျိုးသမီးကို ရိုက်ရဲတယ်ပေါ့...။ ဒါက သူ့ကို ရိုက်တာ မဟုတ်ဘူး၊ ငါ့မျက်နှာကို ဖြတ်ရိုက်လိုက်တာပဲ...။"

"အခု ငါ မင်းကို အခွင့်အရေး တစ်ခု ပေးမယ်...။ အခုချက်ချင်း ဒူးထောက်ပြီး ငါ့ကို ဦးချ တောင်းပန် လိုက်...၊ ဒါဆိုရင် ငါ မင်းရဲ့ အသုံးမကျတဲ့ အသက်ကို ချမ်းသာပေးကောင်း ပေးလိမ့်မယ်...။"

"အကယ်၍ မင်းက ကောင်းတာကို မသိဘူးဆိုရင်တော့...၊ ဟင်း... ဒီနေ့ ဒီနေရာမှာ ယာဉ်မတော်တဆမှု တစ်ခု ဖြစ်သွားလိမ့်မယ်...။ သေချာ စဉ်းစားပေါ့...။"

ဤကဲ့သို့ အသက်အန္တရာယ်ကို ဗြောင်ကျကျ ခြိမ်းခြောက်မှုကို ကြားရသောအခါ လျန်ထျန်း၏ မျက်နှာ မှာ မည်းမှောင်သွားရပေသည်။

"လေဟု... ခင်ဗျားက လုံကျန်းဘဏ်ရဲ့ ဒုတိယ အထွေထွေမန်နေဂျာ အဆင့်လေးပဲ ရှိတာပါ...။ ပြီးခဲ့တဲ့ အုပ်စု အစည်းအဝေးကိုတောင် တက်ဖို့ ခင်ဗျားမှာ အရည်အချင်း မရှိခဲ့ဘူး မဟုတ်လား...။"

"ခင်ဗျားလို အဆင့်မရှိတဲ့ လူတစ်ယောက်က လုံကျန်းဘဏ်ရဲ့ နာမည်ကို သုံးပြီး ဒီလောက်အထိ မောက်မာရဲလိမ့်မယ်လို့ ကျွန်တော် တကယ် မထင်ထားခဲ့ဘူး...။"

ထိုစကားကို ကြားသောအခါ လေဟု သည် မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး လျန်ထျန်းကို ထပ်မံ အကဲခတ်လိုက်ပြန်လေသည်။ သို့သော် မည်မျှပင် ကြည့်စေကာမူ လျန်ထျန်းကို မမှတ်မိသဖြင့် သူသည် စီးကရက်ကို ပြင်းပြင်းတစ်ချက် ရှိုက်လိုက်ပြီး မီးခိုးငွေ့များကို မှုတ်ထုတ်လိုက်လေသည်။

"ဟေ့ကောင်... ငါ မင်းကို အခွင့်အရေး ပေးခဲ့ပေမဲ့ မင်းက တန်ဖိုး မထားဘူးပဲ...။"

"ငါ အမုန်းဆုံးက ငါ့ရှေ့မှာ လာပြီး ဆရာကြီး လုပ်တဲ့လူတွေပဲ...။ မင်းရဲ့ နောက်ဘဝကျရင်တော့ အခုထက် ပိုပြီး အသိဉာဏ် ရှိပါစေလို့ပဲ ဆုတောင်းပေးပါတယ်...။"

သူ စကားဆုံးသည်နှင့် ဝတ်စုံနက် ဝတ်ဆင်ထားသော လူတစ်ဒါဇင်ခန့်မှာ လျန်ထျန်းဆီသို့ တိုးကပ် လာကြလေတော့သည်။

လျန်သရှန်းသည် လျန်ထျန်း၏ လက်ကို ဆွဲကိုင်ထားရင်း မျက်ရည်များ ဝဲလာလေတော့သည်။

"လူငယ်လေးရယ်...၊ ဘာလို့ ကိုယ့်ကိုယ်ကိုယ် ဒီလို ဒုက္ခပေးရတာလဲ... ။ငါ ပြောသားပဲ သူတို့ကို မပြစ်မှားပါနဲ့ဆိုတာ...၊ ငါတို့က မယှဉ်နိုင်ပါဘူး...။"

လျန်ထျန်းကမူ တည်ငြိမ်လျက်ရှိပြီး တစ်ဖက်သို့ ကြည့်ကာ သူ၏ နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာ ခဲ့လေသည်။

"သူတို့ ရောက်လာပြီ...။"

လေဟု သည် ရက်စက်သော အပြုံးတစ်ခုကို ပြလိုက်ပြီး အမျိုးသမီးကလည်း ထိုအစားအသောက် ပို့တဲ့ကောင် နှစ်ယောက်ကို သေအောင် ရိုက်သတ်လိုက်ရန် အော်ဟစ်နေစဉ်မှာပင် ဝတ်စုံနက်နှင့် လူများမှာ စတင် လှုပ်ရှားရန် ပြင်လိုက်ကြလေသည်။

"ဘယ်သူကများ ငါ့လူကို လက်ဖျားနဲ့ ထိရဲလဲဆိုတာ ကြည့်ကြသေးတာပေါ့...။"

All Chapters