← Chapters

အခန်း (၈၉-၉၀)

Vol. 9 Ch. 89-90

အခန်း (၈၉-၉၀)

Vol. 9 Ch. 89-90

အခန်း (၈၉)

ယုံကြည်ချက်

"ဝူး...ဝူး...ဝူး..."

အနက်ရောင်ကား တစ်ဒါဇင်ကျော်သည် မှောင်မိုက်သော ညကောင်းကင်ယံကို ဖြတ်သန်းကာ အရှိန် ပြင်းစွာ မောင်းနှင်လာကြလေသည်။

အရှေ့ဆုံးမှ မေဘက်ခ်ကားကြီး၏ ပြတင်းပေါက် ပွင့်လာပြီးနောက်...၊

ဝတ်စုံပြည့် ဝတ်ဆင်ထားကာ ထိပ်ပြောင်ပြောင်နှင့် လူတစ်ဦးသည် ကားပြတင်းပေါက်မှ ကိုယ်ကို ထွက်လိုက်သည်။ သူသည် သူ၏ ခေါင်းပေါ်သို့ ကျရောက်နေသော မိုးရေများကို ဂရုမစိုက်ဘဲ လက်ကိုင် အသံချဲ့စက်ဖြင့် အော်ဟစ်လိုက်လေသည်။

"ဘယ်သူကများ ငါ့လူကို လက်ဖျားနဲ့ ထိရဲလဲဆိုတာ ကြည့်ကြသေးတာပေါ့...။"

ထိုအော်ဟစ်သံကို ကြားလိုက်ရသည်နှင့် လျန်ထျန်းကို တိုက်ခိုက်ရန် ပြင်နေကြသော ဝတ်စုံနက်ဝတ် လူများအားလုံး ချက်ချင်းပင် ရပ်တန့်သွားခဲ့ကြလေသည်။

စောစောက အလွန်အမင်း မောက်မာနေသော လေဟု ပင်လျှင် ထိတ်လန့်သွားရပြီး ပါးစပ်မှ စီးကရက် မှာ မြေပြင်ပေါ်သို့ပင် ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့လေ၏။

"ဘာ... ဘာဖြစ်တာလဲ...၊ မစ္စတာရှောင်က ဘာလို့ ဒီကို ရောက်လာတာလဲ...။"

လေဟု ၏ တုန်ရီနေသော အသံကို ကြားလိုက်ရသောအခါ အမျိုးသမီးသည် တစ်စုံတစ်ခုကို ရိပ်မိ သွားပုံရပြီး သူမသည်လည်း စကားများ ထစ်အကုန်တော့သည်။

"မောင်ရေ... ခုနက အစားအသောက် ပို့တဲ့ကောင်လေ...၊ ကျွန်မ မောင့်ဆီ ဖုန်းဆက်ပြီးသွားတော့ သူလည်း ဖုန်းတစ်ကော ဆက်သေးတယ်...။ သူက လုံကျန်းဘဏ်ရဲ့ အထွေထွေမန်နေဂျာလား ဘာလားလို့ ပြောနေတာ...။"

"ဒါပေမဲ့... ဒါပေမဲ့ ကျွန်မက သူ ဟန်ဆောင်နေတာလို့ ထင်ပြီး အလေးအနက် မထားခဲ့မိဘူး...။ ဒါဆိုရင် သူက...။"

"ဖျန်း...။"

အမျိုးသမီး စကားမဆုံးမီမှာပင် လေဟု သည် ဒေါသတကြီးဖြင့် သူမ၏ ပါးကို ရိုက်လိုက်ပြီး ငေါက်ငမ်း လိုက်လေသည်။

"ဘာလို့ အဲ့ဒါကို စောစောက မပြောရတာလဲ...၊ တောက်...။"

အရိုက်ခံလိုက်ရသော အမျိုးသမီးသည် ရွှံ့ဗွက်အိုင်ထဲသို့ ထပ်မံ လဲကျသွားပြန်ကာ သူမ၏ ပါးကို အုပ်လျက် မကျေမနပ် ညည်းတွားနေလေတော့သည်။

"ဒီလို နံစော်နေတဲ့ အစားအသောက် ပို့တဲ့ကောင်က တကယ်ကြီး လုံကျန်းဘဏ်ရဲ့ အထွေထွေ မန်နေဂျာနဲ့ သိလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ...။"

လေဟု ၏ မျက်နှာမှာ ဒေါသကြောင့် တဆတ်ဆတ် တုန်နေသော်လည်း နောင်တရရန်မှာ အချိန်နှောင်း သွားခဲ့ပြီ ဖြစ်လေသည်။ သူသည် လျန်ထျန်းကို ဝေခွဲမရသော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး တဖြည်းဖြည်း နီးကပ်လာသော မစ္စတာရှောင်ကို ကြည့်ကာ မိမိဘာသာ ရေရွတ်လိုက်လေ၏။

"ဒီကောင်လေးက မစ္စတာရှောင်နဲ့ ဘယ်လို ပတ်သက်နေတာလဲ မသိဘူး...။ မစ္စတာရှောင်က အထွေ ထွေမန်နေဂျာ တင်မကဘူး၊ အုပ်စုရဲ့ ရှယ်ယာရှင် တစ်ယောက်လည်း ဖြစ်တယ်...။"

"သူတို့က သာမန် ဆွေမျိုးတော်စပ်တာပဲ ဖြစ်ပါစေလို့ပဲ ဆုတောင်းရမှာပဲ...။ ဒါဆိုရင်တော့ ငါ..."

ဤသို့ တွေးမိရင်း လေဟု ၏ ကြောက်မက်ဖွယ် မျက်နှာထားမှာ ချက်ချင်း ပျောက်ကွယ်သွားပြီး ဖားယားသော အပြုံးများဖြင့် လျန်ထျန်းထံသို့ ချဉ်းကပ်လာခဲ့လေသည်။

"လူငယ်လေး... ခုနက နားလည်မှု လွဲသွားတာပါ...။ မင်းက မစ္စတာရှောင်နဲ့ သိနေတာပဲကိုး...၊ ဒါက တကယ်ကို ကိုယ့်လူအချင်းချင်း မမှတ်မိကြတာပဲ၊ မိသားစုဝင်တွေပဲဟာကို...။"

လေဟု ၏ သဘောထားမှာ တစ်ပတ်အတွင်း (၁၈၀) ဒီဂရီ ပြောင်းလဲသွားသည်ကို မြင်ရသော်လည်း လျန်ထျန်းမှာမူ စိတ်မဝင်စားဘဲ အေးစက်စွာ ပြောလိုက်လေသည်။

"ဘယ်သူက မင်းနဲ့ မိသားစုဝင်လဲ...။ ကိုယ့်ကိုယ်ကိုယ် အမွှမ်းတင်မနေနဲ့...၊ မင်းလို အမှိုက်စားမျိုးက လုံကျန်းဘဏ်မှာ နေဖို့ မတန်ဘူး...။"

အေးစက်စွာ အငြင်းခံလိုက်ရသောအခါ လေဟု ၏ အပြုံးမှာ တန့်သွားရလေသည်။

ဖြည်းဖြည်းချင်းပင် သူ၏ အပြုံးများ ပျောက်ကွယ်သွားပြီး ကြောက်မက်ဖွယ် အကြည့်များ ပြန်လည် ပေါ်ပေါက်လာကာ အံကြိတ်၍ ပြောလိုက်လေသည်။

"ဟေ့ကောင်... မင်းက မစ္စတာရှောင်နဲ့ သိနေတယ်၊ သူ့ရဲ့ ဆွေမျိုးလည်း ဖြစ်နိုင်တယ်...။ ဒါပေမဲ့ ငါက လည်း လုံကျန်းဘဏ်ရဲ့ ဒုတိယ အထွေထွေမန်နေဂျာပဲ...။"

"ငါ့ကို လုံကျန်းဘဏ်ကနေ ထွက်သွားခိုင်းဖို့ မင်းမှာ အခွင့်အရေး မရှိဘူး...။ မစ္စတာရှောင်ကလည်း မင်းအတွက်နဲ့ အဲ့ဒီလို လုပ်မှာ မဟုတ်ဘူး...။"

၎င်းတို့ စကားပြောနေစဉ်မှာပင် မစ္စတာရှောင်၏ ကားမှာ ဆိုက်ရောက်လာခဲ့ပြီ ဖြစ်လေသည်။

ကားတံခါး ပွင့်သွားသည်နှင့် မစ္စတာရှောင်သည် သူ့ကို ထီးမိုးပေးရန် ပြင်နေသော အတွင်းရေးမှူးကိုပင် ဂရုမစိုက်ဘဲ မိုးထဲရေထဲ၌ လျန်ထျန်းရှိရာသို့ ပြေးလာခဲ့လေသည်။

မိုးရေများကြားမှ မစ္စတာရှောင်သည် လျန်ထျန်း၏ မျက်နှာကို ဝေဝါးစွာသာ မြင်ရသော်လည်း ထိုမျှနှင့် ပင် လုံလောက်လှပြီ ဖြစ်ပေသည်။

ပြီးခဲ့သည့် အုပ်စု အစည်းအဝေးတွင် ဘဏ်ခွဲများမှ အထွေထွေမန်နေဂျာများနှင့် ရှယ်ယာရှင်များ အားလုံးသည် လျန်ထျန်း၏ ရုပ်သွင်ကို မှတ်မိနေစေရန် မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်ခဲ့ကြသည် မဟုတ်ပါလား။

အမှန်စင်စစ် သူသည် ၎င်းတို့ အုပ်စု၏ ဒုတိယ အကြီးဆုံး ရှယ်ယာရှင် ဖြစ်ရုံသာမက နောင်တစ်နှစ် အတွင်း အုပ်စုထဲသို့ နောက်ထပ် ယွမ် (၅၀,၀၀၀) ထပ်မံ ရင်းနှီးမြှုပ်နှံရန်လည်း ကတိပြုထားသူ ဖြစ် ပေသည်။

ကမ္ဘာ့ကုန်ဈေးနှုန်းများ တစ်သန်းဆ မကျဆင်းမီက ယွမ် (၅၀,၀၀၀) ဆိုသည်မှာ မပြောပလောက် သော်လည်း... ယခုမူ ထိုပမာဏသည် ဘီလီယံ (၅၀) ဟူသော ကြီးမားလှသည့် ပမာဏနှင့် ညီမျှနေပြီ ဖြစ်ချေသည်။

ဤမျှ များပြားလှသော ပိုက်ဆံများရှိလျှင် အုပ်စုနှင့် ၎င်း၏ ဘဏ်ခွဲများစွာတို့မှာ ပိုမို တိုးတက်လာနိုင်ပြီး ဘဏ်ခွဲမန်နေဂျာများနှင့် ရှယ်ယာရှင်များမှာလည်း ပိုမို ချမ်းသာလာကြမည် ဖြစ်ပေသည်။

ထို့ကြောင့် လျန်ထျန်းသည် သူတို့အတွက်တော့ တကယ့် လာဘ်ကောင်ကြီးပင် ဖြစ်ရာ သူ၏ ရုပ်သွင်ကို မည်သို့လျှင် မမှတ်မိဘဲ ရှိနိုင်ပါမည်နည်း။

၎င်းတို့သည် လျန်ထျန်း၏ မျက်တောင်၊ မျက်ခုံးနှင့် ဆံပင် တစ်ပင်ချင်းစီကိုပင် မှတ်မိနေစေရန် ဆန္ဒရှိ ကြလေသည်။

မစ္စတာရှောင်မှာ အလွန် အလျင်စလို ပြေးလာခဲ့ရခြင်းကြောင့် ဖြစ်ပေလိမ့်မည်။ လျန်ထျန်းထံသို့ ရောက်ရှိလာသောအခါ သူသည် လျန်ထျန်းကို မှတ်မိသွားသော်လည်း မောဟိုက်နေသဖြင့် ခေတ္တမျှ စကားမပြောနိုင်သေးပေ။

ထိုအချိန်တွင် လေဟု က ဦးစွာ စကားစလိုက်လေသည်။ သူသည် မစ္စတာရှောင်ကို ရင်ဆိုင်သောအခါ ဖားယားသော အပြုံးများကို ထပ်မံ ပြသလိုက်ပြန်လေသည်။

"မစ္စတာရှောင်... ဘာကိစ္စရှိလို့ ဒီလောက်တောင် အလောတကြီး လာခဲ့ရတာလဲ...။"

"တကယ်တော့ ဘာမှ မဟုတ်ပါဘူး...။ ကျွန်တော်နဲ့ ဒီလူငယ်လေးကြားမှာ အနည်းငယ် နားလည်မှု လွဲသွားတာပါ...။ အခုတော့ ကျွန်တော်တို့ အဆင်ပြေသွားပါပြီ...။"

ပြောရင်းနှင့် လေဟု သည် လျန်ထျန်းကို တစ်ချက် ကြည့်လိုက်သည်။ သူ၏ အကြည့်များမှာ ညှိနှိုင်းလို သော သဘော (၃) ပုံခန့် နှင့် ခြိမ်းခြောက်လိုသော သဘော (၇) ပုံခန့် ပါဝင်နေပြီး ဆက်၍ ပြောလေ သည်။

"ဟုတ်တယ်မလား... လူငယ်လေး...။"

လျန်ထျန်းသည် ထိုစကားများ၏ နောက်ကွယ်မှ ဆိုလိုရင်းကို ကောင်းစွာ နားလည်လိုက်လေသည်။

"ဟေ့ကောင်... မင်း အသိဉာဏ် ရှိမယ်ဆိုရင်တော့ ငါတို့ နှစ်ယောက်စလုံး အလျှော့ပေးပြီး ဒီအတိုင်းပဲ ပြီးလိုက်ကြရအောင်..."

သို့သော် လျန်ထျန်းသည် ခပ်အေးအေးပင် ရယ်မောလိုက်ပြီး လေဟု ကို အနည်းငယ်မျှပင် ဂရုမစိုက် ကြောင်း ပြသလိုက်လေသည်။

"ခင်ဗျားကတော့ အဆင်ပြေသွားပြီလို့ ထင်နေတာပဲ၊ ကျွန်တော်ကတော့ အဲ့ဒီလို မထင်ဘူး...။"

"ခုနကတော့ တကယ်ကို မောက်မာနေခဲ့တာ မဟုတ်လား...။ ဒါကို ယာဉ်မတော်တဆမှု တစ်ခုအဖြစ် ဖန်တီးဖို့တောင် ကြိုးစားခဲ့သေးတယ်၊ ခင်ဗျားရဲ့ အမျိုးသမီးကလည်း ကျွန်တော့်ကို ဒုက္ခပေးမယ်လို့ တကြော်ကြော် အော်နေခဲ့တာလေ...။"

"အခုတော့ မစ္စတာရှောင်ရဲ့ ရှေ့မှာပဲ ခင်ဗျား ကျွန်တော့်ကို ဘယ်လိုမျိုး ဒုက္ခပေးမလဲဆိုတာ သေချာ ကြည့်ချင်ပါသေးတယ်...။"

ဤမျှအထိ အစော်ကားခံလိုက်ရသောအခါ လေဟု ၏ ဒေါသများမှာ ချက်ချင်းပင် ပေါက်ကွဲသွား လေတော့သည်။

"ဟေ့ကောင်...၊ ငါက မင်းကို အေးအေးဆေးဆေး ပြီးသွားအောင် လမ်းဖွင့်ပေးနေတာလေ...။"

"မင်းမှာ မစ္စတာရှောင်နဲ့ ပတ်သက်မှု အစစ်အမှန်သာ မရှိဘူးဆိုရင် ဒီနေ့ မင်း ဒုက္ခအကြီးအကျယ် ရောက်မှာ သေချာတယ်...။"

ချက်ချင်းပင် လေဟု သည် မစ္စတာရှောင်ဘက်သို့ လှည့်ကြည့်လိုက်ပြီး သူ၏ အသံကို အနည်းငယ် နှိမ့်လိုက်သော်လည်း ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်လေသည်။

"မစ္စတာရှောင်...၊ ဒီလူငယ်လေးက လူကြီးမင်းရဲ့ ဆွေမျိုးတစ်ယောက်ယောက်နဲ့ ပတ်သက်နေတာ မဟုတ်လား...။"

"ကျွန်တော်က လူကြီးမင်းရဲ့ မျက်နှာကို ထောက်ပြီး လွှတ်ပေးဖို့ ကြိုးစားပေမဲ့ သူကတော့ ကျွန်တော်တို့ ရဲ့ ပတ်သက်မှုကို အခွင့်ကောင်းယူပြီး ကျွန်တော့်ကို စော်ကားနေတယ်...။ လူကြီးမင်းဘက်ကနေ ကျွန်တော့်ကို ရှင်းပြချက်တစ်ခု ပေးသင့်တယ် မဟုတ်လား...။"

"ဘာပဲဖြစ်ဖြစ် ကျွန်တော်ကလည်း ဒီဟိုတယ်ရဲ့ ဒုတိယ အထွေထွေမန်နေဂျာပဲလေ...။ လူကြီးမင်းက ကိုယ့်အရှိန်အဝါကို သုံးပြီး ဆွေမျိုးတွေကို အလွန်အကျွံ ကာကွယ်ပေးမယ်ဆိုရင် ကျွန်တော် အုပ်စုဆီ ကို တိုင်တန်းရလိမ့်မယ်...။"

အမှန်စင်စစ် လေဟု ၏ ယုံကြည်ချက်မှာ ဤအချက်ကြောင့်ပင် ဖြစ်သည်။ သူသည် ဘဏ်ခွဲတစ်ခု၏ ဒုတိယ အထွေထွေမန်နေဂျာ တစ်ဦး ဖြစ်သဖြင့် ရှယ်ယာရှင် တစ်ဦး မဟုတ်သော်လည်း အာဏာ အတော်အတန် ရှိသူ ဖြစ်လေသည်။

ထိုအာဏာကြောင့်ပင် သူသည် အိတ်ချ်မြို့တော်တွင် ကောင်းစွာ ခြေကုပ်ယူနိုင်ခဲ့ပြီး နှစ်ဖက်စလုံး၌ အဆက်အသွယ်များ ရှိနေခြင်း ဖြစ်ပေသည်။

အထွေထွေမန်နေဂျာ ရှောင် ပင်လျှင် သူ့ကို အမိန့်ပေးရန်အတွက် အကြိမ်ကြိမ် စဉ်းစားရပေလိမ့်မည်။

အကြောင်းမှာ မစ္စတာရှောင် ပိုင်ဆိုင်သော ရှယ်ယာပမာဏသည် နည်းပါးသဖြင့် ဒုတိယ အထွေထွေ မန်နေဂျာ ဖြစ်သော သူ့ကို အလုပ်ထုတ်ရန် တစ်ဦးတည်း ဆုံးဖြတ်နိုင်ခြင်း မရှိသောကြောင့် ဖြစ်သည်။

သို့သော် လေဟု ယုံကြည်ချက်များ ပြည့်ဝနေစဉ်မှာပင်...၊

မစ္စတာရှောင်၏ အတွင်းရေးမှူးသည် ထီးကိုင်လျက် ပြေးလာခဲ့သော်လည်း ထီးသည် မစ္စတာရှောင်၏ ခေါင်းပေါ်သို့ ရောက်သည်နှင့် သူသည် ထီးကို ချက်ချင်း ဆွဲယူလိုက်လေသည်။

ထို့နောက် လူတိုင်းကို အံ့အားသင့်စေသည်မှာ မစ္စတာရှောင်သည် လျန်ထျန်းကို ကိုယ်တိုင် ထီးမိုးပေး လိုက်ပြီး ရိုသေစွာ ပြောလိုက်ခြင်း ဖြစ်ပေသည်။

"ရှယ်ယာရှင် လျန်... ကျွန်တော် နောက်ကျသွားတဲ့အတွက် ခွင့်လွှတ်ပေးပါ...။"

"ဒီလို မျက်စိမပါတဲ့ လေဟု နဲ့ ကျွန်တော်က သိပ်မရင်းနှီးပါဘူး၊ သူ လုပ်ခဲ့တာတွေကိုလည်း ကျွန်တော် ဘာမှ မသိပါဘူး...။"

မစ္စတာရှောင်က လျန်ထျန်းကို ရှယ်ယာရှင်ဟု ခေါ်ဆိုလိုက်ပြီး သူ့ထံမှ အမြန်ဆုံး အဆက်အသွယ် ဖြတ် ရန် ကြိုးစားနေသည်ကို ကြားလိုက်ရသောအခါ လေဟု ၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားရလေသည်။

အကြောင်းမှာ မစ္စတာရှောင်သည် အုပ်စု၏ ရှယ်ယာရှင် တစ်ဦး ဖြစ်သဖြင့် သူ ပိုင်ဆိုင်သော ရှယ်ယာ ပမာဏမှာ များပြားခြင်း မရှိသော်လည်း အမှန်တကယ် ပိုင်ဆိုင်မှု ရှိသူ ဖြစ်သည်။

တစ်စုံတစ်ဦးကို သူကိုယ်တိုင်က ဤမျှအထိ ရိုသေစွာဖြင့် ရှယ်ယာရှင်ဟု ခေါ်ဆိုရသည်ဆိုလျှင် ထိုသူ သည် မစ္စတာရှောင်ထက် အဆပေါင်းများစွာ ပို၍ ရှယ်ယာပိုင်ဆိုင်သူ ဖြစ်ကြောင်း သက်သေပြနေခြင်း ပင် ဖြစ်လေသည်။

ချက်ချင်းပင် မစ္စတာရှောင်၏ စကားသံကို ထပ်မံ ကြားလိုက်ရပြန်လေသည်။

"ဒါပေမဲ့ သူက ဒီနေ့ လူကြီးမင်းကို ပြစ်မှားရဲတယ်ပေါ့...။ အခုလေးတင် ဥက္ကဋ္ဌဝမ်ဆီကနေ ကျွန်တော် ဖုန်းလက်ခံရရှိခဲ့ပါတယ်...။ ယခုအချိန်ကစပြီး သူက လုံကျန်းဘဏ်ရဲ့ ဒုတိယ အထွေထွေမန်နေဂျာ မဟုတ်တော့ပါဘူး..."

အခန်း (၉၀)

ဒီအစားအသောက်ပို့တဲ့သူက ကျွန်တော့်အဖေပဲ

မစ္စတာရှောင်၏ စကားများကို ကြားလိုက်ရသောအခါ လေဟု သည် အကြီးအကျယ် ထိတ်လန့်သွားပြီး လျန်ထျန်းကို မယုံကြည်နိုင်သော အကြည့်များဖြင့် စိုက်ကြည့်နေတော့သည်။

"မဖြစ်နိုင်တာ...။"

"အုပ်စုထဲက ဘယ်ရှယ်ယာရှင်ကများ ဥက္ကဋ္ဌဝမ် ကိုယ်တိုင် အမိန့်ထုတ်ရလောက်တဲ့အထိ အရှိန်အဝါ ရှိနေလို့လဲ... ဒါက အတုဖြစ်ရမယ်၊ လုံးဝ အတုပဲ...။"

လက်ရှိ အခြေအနေမှန်ကို လက်မခံနိုင်ဘဲ ငြင်းဆန်နေသော လေဟု ကို ကြည့်ကာ မစ္စတာရှောင်က အေးစက်စွာ ပြောလိုက်လေသည်။

"လေဟု... မင်းက ဘဏ်ခွဲရဲ့ ဒုတိယ အထွေထွေမန်နေဂျာ အဆင့်ပဲ ရှိတာလေ...။ မင်းမှာ အုပ်စုရဲ့ ရှယ် ယာ တစ်ခုမှ မရှိတာကြောင့် အသစ်ခန့်အပ်လိုက်တဲ့ ရှယ်ယာရှင်အကြောင်း မသိတာက သဘာဝပါပဲ လေ...။"

"မင်းရှေ့မှာ ရှိနေတဲ့သူက အခု ငါတို့ အုပ်စုရဲ့ ဒုတိယ အကြီးဆုံး ရှယ်ယာရှင်ပဲ...။ ရှယ်ယာ ပိုင်ဆိုင်မှု အရဆိုရင် မစ္စတာဝမ် ပြီးရင် သူက အကြီးဆုံးပဲ...။"

ထိုစကားကို ကြားသောအခါ လေဟု သည် တစ်ကိုယ်လုံး တုန်ရီသွားပြီး သူ၏ ခြေထောက်များမှာ သိသိ သာသာ ပျော့ခွေသွားလေတော့သည်။ သို့သော် သူသည် နောက်ဆုံး မျှော်လင့်ချက်ဖြင့် ကြိုးစား၍ ပြော လိုက်ပေသေးသည်။

"မစ္စတာရှောင်... လူကြီးမင်း တစ်ယောက်ယောက်နဲ့ မှားနေတာ ဖြစ်ရမယ်...။"

"သူ့ကို ကြည့်ပါဦး... သူက နံစော်နေတဲ့ အစားအသောက် ပို့တဲ့ကောင် သက်သက်ပဲဟာကို ဘယ်လို လုပ်ပြီး အုပ်စုရဲ့ ရှယ်ယာရှင် ဖြစ်နိုင်မှာလဲ...။"

မစ္စတာရှောင်က ခေါင်းခါလိုက်ပြီး လေးနက်စွာ ပြောလိုက်လေသည်။

"ပြီးခဲ့တဲ့ အုပ်စု ရှယ်ယာရှင်များ အစည်းအဝေးကို ငါ တက်ရောက်တုန်းက ရှယ်ယာရှင် လျန်း နဲ့ တွေ့ဆုံ ခွင့် ရခဲ့တာပဲ...။ အဲ့ဒီတုန်းကလည်း ရှယ်ယာရှင် လျန်း က အစားအသောက် ပို့ဆောင်ရေး ဝတ်စုံကိုပဲ ဝတ်ထားခဲ့တာ...။"

"ဒါ့အပြင် ငါ ရှောင် တစ်ယောက် ဒီနေ့ ဒီနေရာမှာ ထိုင်နိုင်နေတာက လူတစ်ယောက်ကို တစ်ခါမြင်ရုံနဲ့ မှတ်မိနိုင်တဲ့ စွမ်းရည် ရှိလို့ပဲ...။"

"ငါ့အနားမှာ နှစ်ပေါင်းများစွာ ရှိနေခဲ့တဲ့ ဒုတိယ အထွေထွေမန်နေဂျာ တစ်ယောက် အနေနဲ့ ဒါကို မင်း အသိဆုံး ဖြစ်မှာပါ...။ အမှန်တရားကို လက်ခံလိုက်ပါတော့...။"

ဤနေရာတွင် လေဟု သည် မယုံကြည်ဘဲ မနေနိုင်တော့ပေ။ သူ ခေါ်ဆောင်လာခဲ့သော ဝတ်စုံနက်ဝတ် လူများမှာလည်း ဤမြင်ကွင်းကို မြင်သည်နှင့် ချက်ချင်းပင် ဘက်ပြောင်းသွားကြလေတော့သည်။

သူ့ကို ထီးမိုးပေးထားသော လူနှစ်ဦးမှာလည်း ထီးများကို ချက်ချင်း ပြန်ရုပ်သိမ်းလိုက်ကြ၏။ အမှန်စင် စစ် ဤဝတ်စုံနက်ဝတ် လူများမှာ လုံကျန်းဘဏ်၏ အမြဲတမ်း ဝန်ထမ်းများ ဖြစ်ကြသည်။ လေဟု သည် ဒုတိယ အထွေထွေမန်နေဂျာ မဟုတ်တော့သည်နှင့် ၎င်းတို့သည် မိမိတို့ အကျိုးစီးပွားအတွက် "အမှောင် ကို စွန့်၍ အလင်းကို ဆောင်" ကြသည်မှာ သဘာဝပင် ဖြစ်ချေသည်။

ကာကွယ်ပေးမည့် ထီးမရှိတော့သဖြင့် သည်းထန်စွာ ရွာသွန်းနေသော မိုးရေများမှာ လေဟု ၏ ခေါင်း ပေါ်သို့ တိုက်ရိုက် ကျရောက်လာပြီး သူ၏ အဖြူရောင် ဝတ်စုံမှာလည်း ချက်ချင်းပင် ရွှဲရွှဲစိုသွားတော့ လေသည်။

သူ၏ ပါးစပ်မှ စီးကရက်မှာလည်း မိုးရေထဲတွင် မီးငြိမ်းသွားခဲ့ပြီ ဖြစ်သည်။ လေဟု ၏ ယုံကြည်ချက် များမှာလည်း ပျောက်ကွယ်သွားရကာ သူသည် ရွှံ့ဗွက်အိုင်ထဲတွင် လမ်းဘေးခွေး တစ်ကောင်ကဲ့သို့ အားကိုးရာမဲ့စွာ ပုံကျသွားလေတော့သည်။

"အရာအားလုံး ပြီးဆုံးသွားပြီ... အားလုံး ပျက်စီးကုန်ပြီ...။"

လေဟု ၏ မျှော်လင့်ချက် ကင်းမဲ့နေသော ပုံစံကို ကြည့်ကာ လျန်ထျန်းက ဇဝေဇဝါဖြင့် မေးလိုက်လေ သည်။

"ဒုတိယ အထွေထွေမန်နေဂျာ ရာထူး ပြုတ်သွားတာက ထိုးနှက်ချက် ပြင်းထန်တယ် ဆိုပေမဲ့ ဒီလောက် အထိတော့ မဖြစ်သင့်ဘူး မဟုတ်လား...။ သူ ဘာလို့ သေတော့မယ့်အတိုင်း ဖြစ်နေရတာလဲ...။"

ဘေးတွင် ရှိနေသော မစ္စတာရှောင်က ပြုံးလျက် ချက်ချင်းပင် ပြန်လည် ဖြေလိုက်လေသည်။

"ရှယ်ယာရှင် လျန်း...၊ လူကြီးမင်း မသိနိုင်တာ တစ်ခု ရှိပါတယ်...။ လေဟု က လွန်ခဲ့တဲ့ နှစ်အနည်းငယ် အတွင်း ကျွန်တော်တို့ လုံကျန်းဘဏ်ရဲ့ ဒုတိယ အထွေထွေမန်နေဂျာ ရာထူးကို သုံးပြီး အိတ်ချ်မြို့တော် မှာ ကောင်းကောင်း ခြေကုပ်ယူနိုင်ခဲ့တာပါ...။ သူက နှစ်ဖက်စလုံးမှာ အဆက်အသွယ်တွေ အများကြီး ရှိခဲ့တာပေါ့...။"

"ဒါပေမဲ့ အဲ့ဒါကြောင့်ပဲ သူက အရမ်းကို မောက်မာခဲ့တာပါ...။ သူက အပြင်ပန်းမှာ အဆက်အသွယ်တွေ များသလောက် နောက်ကွယ်မှာလည်း ရန်သူတွေ အများကြီး ရှိခဲ့တယ်...။"

"အခု သူ လုံကျန်းဘဏ်ရဲ့ ရာထူး ပြုတ်သွားပြီဆိုတာနဲ့ အဲ့ဒီ အဆက်အသွယ်တွေကလည်း ချက်ချင်း ပျောက်ကွယ်သွားမှာပါ...။"

"ဒါပေမဲ့ သူ့ရဲ့ ရန်သူတွေကတော့ ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး...။ ဆန့်ကျင်ဘက်အနေနဲ့ သူတို့က ဒီအခွင့်အရေးကို သုံးပြီး အရင်က ကိစ္စဟောင်းတွေကို ပြန်ရှင်းကြမှာပါ...။"

"သူက ဒါတွေကို တွေးမိလို့ပဲ အခုလိုမျိုး စိတ်ဓာတ်ကျနေတာ ဖြစ်ရပါမယ်...။"

ထိုစကားကို ကြားသောအခါ လျန်ထျန်းက စဉ်းစားဟန်ဖြင့် ခေါင်းညိတ်လိုက်လေသည်။

"နားလည်ပြီ...၊ ဒါပေမဲ့ သူ ဒီနေ့ ပြုမူခဲ့တဲ့ ပုံစံကို ကြည့်ရင် သူက ပုံမှန်လည်း မောက်မာနေကျ ဖြစ်ရ မယ်...။"

"အခု သူ ကြုံတွေ့နေရတဲ့ အခြေအနေက သူ ကိုယ်တိုင် ပြုခဲ့တဲ့ အကုသိုလ်တွေကြောင့်ပဲ...။"

သို့သော် လျန်ထျန်း စကားမဆုံးမီမှာပင် မြေပြင်ပေါ်တွင် ထိုင်နေသော လေဟု သည် ရုတ်တရက် ထရပ် ကာ လျန်ထျန်းထံသို့ တိုးကပ်လာခဲ့လေသည်။

ဤရုတ်တရက် အခြေအနေကြောင့် လူတိုင်း တင်းမာသွားကြပြီး လေဟု သည် စိတ်ဒဏ်ရာ ပြင်းထန် လွန်း၍ နောက်ဆုံးအဆင့် အနေဖြင့် အသေခံ တိုက်ခိုက်တော့မည်ဟု ထင်မှတ်လိုက်ကြလေသည်။

ထိုစဉ် လွန်ခဲ့သော မိနစ်ပိုင်းက လျန်ထျန်းကို တိုက်ခိုက်ရန် ပြင်ခဲ့ကြသော ဝတ်စုံနက်ဝတ် လူတစ်ဒါဇင် ခန့်သည် ချက်ချင်းပင် လေဟု ကို ပြန်လည် တားဆီးလိုက်ကြလေသည်။ ၎င်းတို့သည် လျန်ထျန်းကို ဝိုင်းရံ ကာကွယ်လိုက်ကြပြီး အချို့က အော်ဟစ်လိုက်ကြလေ၏။

"ရှယ်ယာရှင် လျန်း ကို ကာကွယ်ကြစမ်း...။"

သို့သော် လူတိုင်းကို အံ့အားသင့်စေသည်မှာ လေဟု သည် လျန်ထျန်း၏ အနားသို့ ရောက်သောအခါ ဝုန်း ခနဲ ဒူးထောက် ချလိုက်ခြင်းပင် ဖြစ်သည်။ ထို့နောက် သူသည် လူအုပ်ကြားထဲမှ ဒူးထောက် လျှောက်လာ ပြီး လျန်ထျန်း၏ ခြေထောက်ကို ဖက်ကာ အော်ဟစ် ငိုယိုလေတော့သည်။

"ရှယ်ယာရှင် လျန်း... ကျွန်တော် မှားပါပြီ၊ တကယ်ကို မှားပါပြီ...။ ကျေးဇူးပြုပြီး ကျွန်တော့်ကို လမ်းစ တစ်ခုလောက် ချန်ပေးပါဦး၊ မဟုတ်ရင် ကျွန်တော် တကယ် သေရပါလိမ့်မယ်...။"

"ကျွန်တော့်မှာ လုပ်ကျွေးရမယ့် အသက်ရှစ်ဆယ်အရွယ် မိခင်ကြီးနဲ့ သုံးနှစ်အရွယ် ကလေးလေး ရှိပါ သေးတယ်...။ ဟိုမိန်းမနဲ့ကလည်း ကျွန်တော် အပျော်တွဲခဲ့တာပါ၊ သူ့ကို တကယ် မသိပါဘူး...။"

ဗလတောင့်တောင့် လူကြီးတစ်ယောက်က သူ၏ ခြေထောက်ကို ဖက်ကာ ငိုယိုနေသည်မှာ အလွန်ပင် မြင်မကောင်းလှသဖြင့် လျန်ထျန်းလည်း အနည်းငယ် အံ့အားသင့်သွားရလေသည်။

စောစောက လေဟု ၏ မောက်မာသော ပုံစံကို ကြည့်လျှင် သူသည် တကယ့် လူမိုက်ကြီး တစ်ဦးဟု ထင်ရသော်လည်း လက်တွေ့တွင်မူ သူသည် အပေါ်ယံ ဟန်ပြ သက်သက်သာ ဖြစ်ကြောင်း သိသာလှ ပေသည်။

လေဟု ဤမျှအထိ သနားစဖွယ် ငိုယိုနေသည်ကို မြင်သောအခါ လျန်ထျန်းသည် သူ့ကို လွှတ်ပေးသင့် မပေးသင့် ခေတ္တမျှ စဉ်းစားလိုက်မိလေသည်။

သူ့ကို လုံကျန်းဘဏ်၏ ဒုတိယ အထွေထွေမန်နေဂျာ အဖြစ် ဆက်ထားရန်မှာ မဖြစ်နိုင်သော်လည်း အနည်းဆုံးတော့ အိမ်သာဆေးသူ ကဲ့သို့သော သာမန် ဝန်ထမ်းအဖြစ် ထားရှိပေးနိုင်သည် မဟုတ်ပါ လား။ လုံကျန်းဘဏ်၏ အရိပ်အောက်တွင် ရှိနေသရွေ့တော့ သူသည် ရန်သူဟောင်းများ၏ လက်ချက် ဖြင့် အသက်ဆုံးရှုံးရမည် မဟုတ်ပေ။

သို့သော် လေဟု သည် စကားကို မဆင်မခြင် ပြောလိုက်ခြင်းလော သို့မဟုတ် ရူးသွပ်သွားခြင်းလော မသိရပေ။

သူသည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး လျန်ထျန်း၏ နောက်ကွယ်ရှိ လျန်သရှန်းကို တွေ့သောအခါ ရုတ်တရက် လက်ညှိုးထိုးကာ ပြောလိုက်လေသည်။

"ဒါနဲ့... ဒီကိစ္စတွေ အကုန်လုံးက ဟို နံစော်နေတဲ့ အစားအသောက် ပို့တဲ့ကောင်ကြောင့် စတာ မဟုတ် လား...။"

"တကယ်တော့ ဒါတွေက နားလည်မှု လွဲတာပါ၊ ရှယ်ယာရှင် လျန်း နဲ့ ဘာမှ မဆိုင်ပါဘူး...။ အဲ့ဒီ နံစော်တဲ့ အစားအသောက် ပို့တဲ့ကောင်နဲ့ ဟို မိန်းမယုတ်ကြောင့် ဖြစ်ရတာပါ...။"

"ရှယ်ယာရှင် လျန်း... ဒါက သူတို့ အမှားတွေပါ...။ သူတို့က ကျွန်တော်တို့ကြားမှာ ပြဿနာ ဖြစ်အောင် လုပ်ခဲ့တာ...၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို အခွင့်အရေး တစ်ခု ပေးပါ၊ သူတို့ကို ကျွန်တော် လုံးဝ ခွင့်မလွှတ်ဘူးလို့ ကတိပေးပါတယ်...။"

အကယ်၍ လေဟု သာ ထိုစကားများကို မပြောခဲ့လျှင် သူ အသက်ရှင်ရန် အခွင့်အရေး ရှိကောင်း ရှိနိုင်ပေလိမ့်မည်။ အသက်ဆုံးရှုံးရမည့်အစား အိမ်သာဆေးရသည်မှာ ပို၍ ကောင်းသည် မဟုတ်ပါ လား။

သို့သော် ထိုစကားများကြောင့် လျန်ထျန်း၏ မျက်နှာမှာ ချက်ချင်းပင် အေးစက်သွားတော့သည်။

"ခင်ဗျား ပြောနေတဲ့ အဲ့ဒီ နံစော်နေတဲ့ အစားအသောက် ပို့တဲ့သူက...၊ ကျွန်တော့်အဖေပဲ...။"

ထိုစကားကို ကြားလိုက်ရသည်နှင့် လေဟု မှာ မှင်တက်သွားရပြီး မစ္စတာရှောင်နှင့် ဝတ်စုံနက်ဝတ် လူများမှာလည်း အံ့အားသင့်ကုန်ကြလေသည်။

လျန်သရှန်း ကိုယ်တိုင်လည်း ကြောင်တောင်တောင် ဖြစ်သွားရှာသည်။ သည်းထန်စွာ ရွာသွန်းနေသော မိုးရေများကြားတွင် လူပေါင်းများစွာသည် ထိုအခိုက်အတန့်၌ အလွန်အမင်း တိတ်ဆိတ်သွားကြပြီး မိုးရွာသံကိုသာ ကြားနေရတော့သည်။

အချိန်အတော်ကြာပြီးနောက် လေဟု သည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး တစ်ခုခု ပြောရန် ပြင်လိုက်စဉ်မှာပင်...၊

လျန်ထျန်းက ဦးစွာ စကားစလိုက်လေသည်။

"ဒီနေ့ ဒီနေရာမှာ ယာဉ်မတော်တဆမှု တစ်ခု ဖြစ်ခဲ့တယ်...။ လေဟု ရဲ့ ခြေထောက်တွေကို ကားနဲ့ ကြိတ်လိုက်စမ်း...။ သူ အိတ်ချ်မြို့တော်ကနေ ဘယ်မှ ထွက်သွားလို့ မရတာကို ငါ အလိုရှိတယ်...။"

"ပြီးရင် သူ့ရဲ့ ရန်သူတွေကိုလည်း သူ လုံကျန်းဘဏ်ရဲ့ ဒုတိယ အထွေထွေမန်နေဂျာ မဟုတ်တော့ဘူး ဆိုတဲ့ သတင်းကို ဖြန့်လိုက်...။ ကျန်တာကိုတော့ ခင်ဗျားတို့ သဘောပဲ၊ တစ်ယောက်ယောက်ကတော့ ဒါကို ကိုင်တွယ်လိမ့်မယ်...။"

ပြောပြီးနောက် လျန်ထျန်းသည် သူ၏ ခြေထောက်ကို ဖက်ထားသော လေဟု ၏ လက်ကို ခါထုတ်လိုက် ပြီး ကြောင်အမ်းအမ်း ဖြစ်နေဆဲဖြစ်သော လျန်သရှန်းကို တွဲကာ မစ္စတာရှောင်၏ ကားထဲသို့ ခေါ်ဆောင် သွားလေတော့သည်။

မစ္စတာရှောင်က လက်ဝေ့ယမ်းပြလိုက်သည်နှင့် ဝတ်စုံနက်ဝတ် လူများမှာ ဘာလုပ်ရမည်ကို နားလည် သွားခဲ့ကြသည်။ ၎င်းတို့အနက်မှ အချို့က လေဟု ကို မြေပြင်ပေါ်သို့ အတင်းလှဲချလိုက်ကြလေ၏။ ထို့နောက် လူတစ်ယောက်က ကားတစ်စီးကို မောင်းနှင်လာခဲ့ပြီး လေဟု ၏ ခြေထောက်ပေါ်သို့ တက်ကြိတ်လိုက်လေတော့သည်။

ကားအတွင်းမှပင် ရှင်းလင်းစွာ ကြားနိုင်သော စူးရှလှသည့် အော်ဟစ်သံကြီး ထွက်ပေါ်လာခဲ့လေတော့ သည်။

လျန်သရှန်းသည် တစ်ချက် တုန်ရီသွားပြီးမှ အရာအားလုံးကို ရိပ်မိသွားတော့သည်။ သူသည် ဘေးရှိ လျန်ထျန်းကို ကြည့်ကာ စကားများ ထစ်အလျက် မေးလိုက်လေသည်။

"မင်း... မင်းက ငါ့သား...၊ လျန်ထျန်း လား...။"

လျန်ထျန်းသည် ဖခင်ဖြစ်သူကို လှည့်ကြည့်လိုက်သည်။ သို့သော် သူ၏ မျက်လုံးများထဲတွင် မျှော်လင့် ထားသကဲ့သို့ မျက်ရည်များ ရှိမနေဘဲ အေးစက်မှု အချို့သာ ရှိနေခဲ့လေသည်။

"အဖေ... နှစ်တွေ အများကြီး ကြာသွားပြီဆိုတော့ ကျွန်တော့်ကို တကယ်ပဲ မမှတ်မိတော့တာလား...။ ဒါမှမဟုတ် အဖေက ကျွန်တော့်ကိုရော အမေ့ကိုပါ မေ့သွားတာ ကြာပြီလား...။"

All Chapters