← Chapters

အခန်း (၈၆-၈၈)

Vol. 8 Ch. 86-88

အခန်း (၈၆-၈၈)

Vol. 8 Ch. 86-88

အခန်း ၈၆ ဦးလေး

လဲ့ကျစ် အပျော်လွန်သွားပြီးနောက် ဟော်တူ၏ ကျောပြင်ကျယ်ကို မှီကာ မှေးခနဲ အိပ်ပျော်သွားသည်။ သူမ၏ နူးညံ့သော ပါးပြင်လေးများက သူ့လည်ပင်းကို ထိကပ်နေပြီး ပူနွေးသော အသက်ရှုသံများက အရေပြားပေါ်သို့ ပွတ်တိုက်နေခြင်းကြောင့် ဟော်တူ၏ ခန္ဓာကိုယ်က တစ်ချက်တစ်ချက် တောင့်တင်းသွားသည်။

သူမ၏ ဖြူစင်ဝင်းပသော လက်ခုံလေးများက သူ၏မျက်စိရှေ့တွင် တွဲလောင်းကျနေသောကြောင့် ဟော်တူက ခေါင်းကို အနည်းငယ်ငုံ့ကာ ထိုလက်ချောင်းလေးများကို အမြတ်တနိုး နမ်းလိုက်မိသည်။ ယခုန ကျီစယ်မှုများကြောင့် ဟော်တူ၏ အေးမြနေကျ နှုတ်ခမ်းလွှာများတွင် အပူချိန် အနည်းငယ် မြင့်တက်နေသည်။

နွေးထွေးသော အထိအတွေ့ကြောင့် အိပ်ပျော်နေသည့် လဲ့ကျစ်က မသိစိတ်ဖြင့် တစ်ချက် တုန်လှုပ်သွားကာ တိုးတိုးလေး ညည်းညူလိုက်သည်။ သို့သော် သူမ ရင်းနှီးနေကျဖြစ်သော သူ၏ ကိုယ်သင်းနံ့ ဝန်းရံထားသဖြင့် သူမ နိုးလာမည့်အစား သူ့ကို ပို၍ တင်းတင်းကျပ်ကျပ် ဖက်တွယ်လိုက်သည်။

ဟော်တူ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း သူ့ကျောပေါ်မှ မိန်းကလေးက အနည်းငယ် ယိမ်းနွဲ့သွားရာ သူမ၏ နှုတ်ခမ်းလွှာလေးများက သူ၏လည်ပင်းကို အသာအယာ လာရောက်ထိတွေ့နေသည်။

လရောင်က ယစ်မူးစေလောက်အောင် လှပနေသလို ဇီးပန်းရနံ့များကလည်း လေထဲတွင် မွှေးပျံ့နေသည်။ ဟော်တူ၏ မက်မွန်ပွင့်ပုံ မျက်ဝန်းများထဲတွင် နူးညံ့မှုများနှင့်အတူ ပူလောင်သော ခံစားချက်တို့ ကိန်းအောင်းနေသည်။ ရှည်လျားပြီး ချိုမြိန်သော အသက်ရှုသံများက သူ၏နားရွက်နားသို့ ကပ်ပါလာပြန်သဖြင့် သူ အနည်းငယ် စောင်းငဲ့ကြည့်လိုက်ရာ မျက်ဝန်းအိမ်တစ်ခုလုံး နူးညံ့မှုများဖြင့် လင်းလက်သွားသည်။

'မြေခွေးမလေးကတော့ တကယ်ကို အိပ်မောကျနေတာပဲ...'

'ကောင်းပြီလေ... အခု အဝအောင်အိပ်ထားပေါ့။ အဲ့ဒါဆိုရင် မင်း ဒီည တစ်ညလုံး ထပ်အိပ်စရာ မလိုတော့ဘူး'

........။.........။...........

သူက သူမကို အိပ်ခန်းဆီသို့ တိုက်ရိုက်ခေါ်ဆောင်သွားရန် စီစဉ်ထားသော်လည်း ခြံတံခါးဝသို့ ရောက်သောအခါ အထဲမှ ကလေးငိုသံတစ်သံကို မထင်မှတ်ဘဲ ကြားလိုက်ရသည်။ ဟော်တူက မျက်မှောင်ကြုတ်လိုက်ပြီး သူမ၏နားကို လက်ဖြင့် ပိတ်ပေးရန် ကြိုးစားလိုက်သော်လည်း ကျောပေါ်မှလူက နိုးသွားပြီ ဖြစ်သည်။

“...အဲဒါ ယုအာ”

လဲ့ကျစ်၏ နှလုံးခုန်သံက ရုတ်တရက် မြန်ဆန်လာသည်။ သူမ ဟော်တူ၏ ကျောပေါ်မှ အမြန်ခုန်ဆင်းကာ အိမ်ထဲသို့ ပြေးဝင်သွားသည်။ သို့သော် သူမ အိပ်ချင်မူးတူးဖြစ်နေသဖြင့် မျက်လုံးများ မှုန်ဝါးနေပြီး ခြေလှမ်းကို ဂရုမစိုက်မိဘဲ တံခါးခုံကို ခလုတ်တိုက်ကာ ဟန်ချက်ပျက်ပြီး အတွင်းဘက်သို့ ပြုတ်ကျသွားရသည်။

ကံကောင်းထောက်မစွာဖြင့် သန်မာသော လက်တစ်စုံက သူမ၏ခါးကို အနောက်မှနေ၍ လျင်မြန်စွာ ဖမ်းထိန်းပေးလိုက်သည်။

“သတိထားဦးလေ”

ဟော်တူ၏ အသံက အနည်းငယ် လေးလံနေသော်လည်း သူ့ရှေ့တွင် မျက်နှာလေး ရှုံ့မဲ့နေသော လဲ့ကျစ်ကို မြင်လိုက်ရသောကြောင့် စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ သူက သူမ၏လက်ကို မြဲမြဲဆုပ်ကိုင်ကာ အထဲသို့ မှန်မှန်လေး တွဲခေါ်သွားလိုက်သည်။

အိမ်ရှေ့ခန်းမအတွင်းတွင်တော့ ပရမ်းပတာ ဖြစ်နေလေသည်။ လဲ့ယု၏ ငိုသံကြောင့် လူတိုင်း ဘာလုပ်ရမှန်းမသိ ပျာယာခတ်နေကြရသည်။ လဲ့ကျင်းရော လင်းယွဲ့ပါ ကလေးထိန်းသည့်နေရာတွင် အတွေ့အကြုံ မရှိကြသလို ကျန်သည့် အမျိုးသားများကလည်း ဘာလုပ်ရမှန်းမသိဘဲ ကြောင်ကြည့်နေကြသည်။

သူတို့အားလုံး အရည်အချင်း မပြည့်ဝကြသော်လည်း ကလေးကို တစ်ယောက်တစ်လှည့်စီ ချော့မြှူနေကြသည့်တိုင် မအောင်မြင်ခဲ့ချေ။ လဲ့ယု၏ ငိုသံက ပို၍ ကျယ်လောင်လာတော့သည်။

“ဘာဖြစ်လို့လဲ... ဘာမှားနေလို့လဲ”

လဲ့ကျစ်က စိုးရိမ်တကြီးဖြင့် သူမ၏ စကတ်စကို မကာ အိမ်ထဲသို့ အပြေးဝင်လာခဲ့သည်။ သူမ၏ မျက်နှာတွင် ပူပန်မှုများ အထိုင်းသားရှိနေလေသည်။

“ကျစ်ကျစ်.... နောက်ဆုံးတော့ မင်းပြန်လာပြီ”

လဲ့ကျင်းက ကယ်တင်ရှင်ကို တွေ့လိုက်ရသလို လဲ့ကျစ်၏ အနားသို့ အပြေးရောက်လာသည်။ ထို့နောက် သူမက အသံတိုးတိုးဖြင့် ပြောလိုက်သည်။

“ယောင်းမက... စာတစ်စောင် ချန်ထားပြီး ထွက်သွားပြီ”

'ထွက်သွားတာလား...'

ထိုစကားက လဲ့ကျစ်ကို မျက်မှောင်ကြုတ်သွားမိစေသည်။ သူမ လဲ့ကျင်းထံမှ စာကို ယူပြီး အမြန်ဖွင့်ဖတ်လိုက်ရာ ဖတ်နေရင်းနှင့်ပင် သူမ၏ မျက်နှာက ပိုသုန်မှုန်လာသည်။

'ယောင်းမ... ရှင်က ယုအာကို တကယ်ပဲ မလိုချင်တော့ဘူးလား'

လဲ့ယု၏ ငိုသံကလည်း ပိုကျယ်လောင်လာသည်။ ကလေးငယ်က သူ၏အမေကို တမ်းတကာ “မေမေ... မေမေ” ဟု အဆက်မပြတ် ခေါ်နေရှာသည်။ အကြာကြီး ငိုထားရသဖြင့် သူ၏အသံလေးမှာပင် အက်ရှနေပြီ ဖြစ်သည်။ ထိုအသံလေးကို ကြားလိုက်ရချိန် လဲ့ကျစ်၏ နှလုံးသားလည်း မွန်းကြပ်လာပြီး အလွန်နာကျင်သွားရသည်။

သူမက လဲ့ယုထံသို့ လျှောက်သွားကာ ထိုင်ချလိုက်ပြီး လက်ကိုင်ပုဝါလေးဖြင့် ကလေး၏ မျက်နှာပေါ်ရှိ မျက်ရည်စများကို သုတ်ပေးလိုက်သည်။ သူမတူလေး၏ မျက်လုံးလေးများ နီရဲနေသည်ကို မြင်ရချိန်တွင် သူမ၏ မျက်ဝန်းများတွင်လည်း မျက်ရည်များ ဝဲတက်လာသည်။

“မငိုပါနဲ့... မငိုနဲ့တော့နော်၊ ယုအာက ယောက်ျားကောင်း တစ်ယောက်ပဲဟာ။ ဒီမှာ ဒေါ်လေးငယ် ရှိတယ်လေ... နော်”

“ဝူး... ဒေါ်လေးငယ်... ဝူး...”

လဲ့ယုက ငယ်သော်လည်း ဉာဏ်ထက်မြက်သူ ဖြစ်သည်။ သူက အခြေအနေအားလုံးကို အသေးစိတ် မသိသော်လည်း သူ့အမေက သူ့ကို မလိုချင်တော့ဘဲ ထားပစ်ခဲ့ပြီဆိုသည်ကိုတော့ သူ သဘောပေါက်နေရှာသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းက ဖခင်ဖြစ်သူ ပျောက်ကွယ်သွားပြီးနောက် အမေနှင့်အတူ ပုန်းအောင်းနေခဲ့ရသမျှ ယခု မိခင်ပါ ထပ်မံပျောက်ဆုံးသွားသောကြောင့် ကလေးငယ်၏ စိတ်ထဲတွင် အဆုံးမရှိသော အကြောက်တရားများ ဖုံးလွှမ်းသွားခဲ့ရသည်။

ထို့ကြောင့် သူ ငိုကြွေးခြင်းကို မရပ်တန့်နိုင်တော့ခြင်း ဖြစ်သည်။

လဲ့ကျစ်က ယုအာကို မည်သို့ချော့ရမှန်း မစဉ်းစားနိုင်တော့ဘဲ သူမ၏နှလုံးသားလည်း နာကျင်လာကာ အတူတူ ငိုကြွေးနေမိသည်။ သူမက ကလေး၏ မျက်ရည်များကို သုတ်ပေးရင်း တိုးတိုးလေး နှစ်သိမ့်နေသေးသည်။

ထိုစဉ်မှာပင် သူမ၏ ဘေးနားသို့ ရင်းနှီးသော ရုပ်သွင်တစ်ခု ရောက်ရှိလာသည်။ ဟော်တူက ယုအာ၏ ကိုယ်လေးကို သူ့ဘက်သို့ လှည့်လိုက်ပြီး မေးလိုက်သည်ကို လူတိုင်း ကြားလိုက်ရသည်။

“မင်း... ဆက်ငိုချင်သေးတာလား”

လဲ့ယုက မျက်ရည်များ ဝိုင်းနေသော မျက်လုံးလေးများဖြင့် ဤမရင်းနှီးသေးသော မျက်နှာချောချောကို စိုက်ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။

ထိုအခါ ဟော်တူက ကလေးကို ကောက်ပွေ့လိုက်ပြီး နူးညံ့သော ထိုင်ခုံတစ်ခုတွင် ဝင်ထိုင်လိုက်သည်။ ထို့နောက် ကလေးကို သူ၏ပေါင်ပေါ်တွင် တင်ထားရင်း ထပ်ပြောလိုက်သည်။

“ဒါဆိုရင်လည်း ဆက်ငို”

ဘေးနားတွင် လင်းယွဲ့၏ အကူအညီဖြင့် ရပ်နေသော လဲ့ကျစ်နှင့် ခန်းမထဲရှိ လူအားလုံး အံ့အားသင့်သွားကြသည်။ ယုအာလေးကလည်း ခေတ္တမျှ ထိတ်လန့်သွားပြီး ခေါင်းလေးငုံ့ကာ တိုးတိုးလေး ထပ်ငိုလိုက်သေးသည်။ သို့သော် ခဏအကြာတွင်မူ သူ ဆက်မငိုတော့ပေ။ သူက ခေါင်းလေးငုံ့ကာ စိတ်ထဲတွင် ဇဝေဇဝါ ဖြစ်နေပုံရသည်။

‘အခုလေးတင်ပဲ.... ဒေါ်လေးတွေက သူ့ကို အသံတိုးတိုးနဲ့ နှစ်သိမ့်ပေးနေပေမယ့် သူက စိတ်မသက်မသာဖြစ်နေပြီး ငိုချင်တာကို မရပ်နိုင်ခဲ့ဘူး၊ ဒါပေမယ့် ရုပ်ချောတဲ့ ဦးလေးကတော့ သူ့ကို ငိုခွင့်ပေးခဲ့တယ်။ ဒါပေမယ့် သူ မငိုချင်တော့ဘူး”

“ငိုလို့ ပြီးပြီလား”

လဲ့ယုက မဝံ့မရဲဖြင့် “အင့်” ဟု အသံပြုကာ သူ၏ လက်ဖဝါးသေးသေးလေးများဖြင့် သူ့မျက်နှာကို သုတ်လိုက်သည်။ သို့သော် သူ့မျက်နှာပေါ်တွင် မျက်ရည်များနှင့် နှပ်ချေးများ ရောထွေးနေသဖြင့် သုတ်ရသည်မှာ ခက်ခဲနေသည်။ ရုတ်တရက် သူ၏ရှေ့တွင် အင်္ကျီလက်ဝကျယ်တစ်ခု ပေါ်လာသည်။ သူ မော့ကြည့်လိုက်ရာ ကြည့်ကောင်းသော ထိုဦးလေးကြီး၏ အင်္ကျီလက်ဝကျယ် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

လဲ့ယုက ဟော်တူ၏ အင်္ကျီလက်ဝကျယ်ကို အားကိုးတကြီး ဆွဲယူလိုက်ပြီး သူ့မျက်နှာလေးကို အသာအယာ ပွတ်သုတ်လိုက်သည်။

“ဗိုက်ဆာနေပြီလား”

ဟော်တူက သူ၏လက်ဖဝါးကို ကလေးငယ်၏ခေါင်းပေါ်သို့ တင်လိုက်ရင်း နူးညံ့စွာ မေးလိုက်သည်။ လဲ့ယုက မျက်တောင်လေးများ တဖျတ်ဖျတ်ခတ်ကာ ပြန်ဖြေရှာသည်။

“ဟင့်အင်း... သား ဗိုက်မဆာဘူး”

“ဒါဆိုရင် အခန်းထဲပြန်ပြီး ခဏအိပ်လိုက်နော်”

ဟော်တူက မတ်တပ်ထရပ်လိုက်ပြီး ကလေးကို လင်းယွဲ့၏လက်ထဲသို့ လွှဲပြောင်းပေးလိုက်သည်။ ဤမြင်ကွင်းကို ကြည့်နေကြသူအားလုံး အံ့ဩတကြီး ဖြစ်နေကြရသည်။ ယုအာလေးက လင်းယွဲ့၏ရင်ခွင်ထဲသို့ အေးအေးဆေးဆေး ရောက်သွားသော်လည်း သူ၏မျက်လုံးလေးများကတော့ ဟော်တူကိုသာ စိုက်ကြည့်နေဆဲပင်။

“ဘယ်သူလဲဟင်... ဦးဦးက ဘယ်သူလဲ”

ကလေးများက ကလေးသဘာဝအရ စိတ်ထဲ၌ ရှိသည်ကို ဖုံးကွယ်မထားတတ်သဖြင့် သူ သိလိုသည်ကို တိုက်ရိုက် မေးလိုက်သည်။ ဟော်တူက လဲ့ကျစ်ကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှ ပြန်မဖြေခဲ့ချေ။

ထိုနေရာရှိ လူအားလုံးလည်း တိတ်ဆိတ်သွားကြသည်။ ဤမေးခွန်းက ဖြေရအလွန်ခက်ခဲလွန်းလှသည်။ တာ့လီတိုင်းပြည်နှင့် တာ့ချီတိုင်းပြည်ကြား၊ လဲ့မိသားစုနှင့် ဟော်မိသားစုကြားမှ နာကြည်းမှုနှင့် ရန်ငြိုးများက ရှင်းပြရန် အလွန်ပင် ရှုပ်ထွေးနေသည်။ ကလေးတစ်ယောက်အနေဖြင့် ဤအကြောင်းရင်းများကို မသိနိုင်သလို၊ သူ နားလည်အောင် မည်သို့ရှင်းပြရမည်ကိုလည်း ဘယ်သူမှ မသိကြချေ။

ဟော်တူက ထိုအခက်အခဲကို သိသော်လည်း သူ အလေးထားသည်က လဲ့ကျစ်၏ သဘောထားသာ ဖြစ်သည်။ ထို့ကြောင့် သူက သူကိုယ်တိုင်မဖြေဘဲ လဲ့ကျစ်ပြောမည့်စကားကိုသာ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေခဲ့သည်။ သို့သော် သူမကတော့ အချိန်အတော်ကြာသည်အထိ နှုတ်ဆိတ်နေဆဲပင်။

ဟော်တူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာပြီး လင်းယွဲ့ကို လှည့်ပြောလိုက်သည်။

“သူ့ကို အရင်ခေါ်သွားလိုက်ပါ”

‘အရေးမကြီးပါဘူးလေ.... သူက သူမကို ဘယ်တုန်းကမှ အတင်းအကြပ် မလုပ်ချင်ခဲ့ဘူး။’

“ခဏစောင့်ဦး”

လဲ့ကျစ်က ရုတ်တရက် အသံထွက်လာပြီး လင်းယွဲ့ကို တားလိုက်သည်။ သူမက လဲ့ယု၏ အနားသို့ လျှောက်သွားကာ ကလေး၏ ခေါင်းလေးကို ပွတ်သပ်ပေးရင်း ပြတ်သားစွာ ပြောပြလိုက်သည်။

“ယုအာ... သူက မင်းရဲ့ ‘ဦးလေး’ ပဲ”

'ဦးလေး...'

လဲ့ယုက ဆွေမျိုးတော်စပ်ပုံများကို အပြည့်အဝ နားမလည်သေးသော်လည်း 'ဒေါ်လေး' နှင့် 'ဦးလေး'က တစ်လုံးတည်းသာ ခြားနားသဖြင့် သူ၏ဒေါ်လေးများကဲ့သို့ ရင်းနှီးရမည့်သူဟု တွေးလိုက်ပုံရသည်။ ထို့ကြောင့် သူက ခေါင်းလေးကို စောင်းကာ ဟော်တူကို မျက်တောင်လေးများ ခတ်ရင်း ကလေးဆန်သောအသံဖြင့် ခေါ်လိုက်သည်။

“ဦးလေး...”

ထိုအသံကို ကြားလိုက်ရချိန်တွင် တစ်ခါမှ မခံစားဖူးသည့် ခံစားချက်တစ်ခုကြောင့် ဟော်တူ၏ နှလုံးသား လင်းလက်သွားရသည်။ သူက သူ့ရင်ထဲမှ စိတ်လှုပ်ရှားမှုကို မျိုသိပ်ကာ ရှေ့သို့ တိုးသွားလိုက်သည်။ ထို့နောက် လဲ့ကျစ် လုပ်ခဲ့သလို လဲ့ယု၏ ခေါင်းလေးကို ဖြည်းညှင်းစွာ ပွတ်သပ်ပေးရင်း ပြန်ထူးလိုက်လေသည်။

“အင်း...”

ညဥ့်နက်လာပြီဖြစ်ရာ အားလုံး မောပန်းနွမ်းနယ်နေကြပြီ ဖြစ်သောကြောင့် လဲ့ယု၏ကိစ္စကို မနက်ဖြန်ကျမှသာ အေးအေးဆေးဆေး ဆွေးနွေးရန် ဆုံးဖြတ်လိုက်ကြသည်။ လဲ့ကျစ်ကလည်း နုံးခွေနေပြီး ခွန်အားလုံးဝ မရှိတော့သဖြင့် ဟော်တူက သူမကို ပွေ့ချီကာ ရေချိုးခန်းသို့ ခေါ်သွားပေးသည်။ သူမ၏ ကိုယ်လုံးလေးကို ရေသုတ်ပေးပြီး ညဝတ်အင်္ကျီများကိုလည်း သူကိုယ်တိုင် ဝတ်ဆင်ပေးခဲ့သည်။

ထို့နောက်တွင် လဲ့ကျစ်က နူးညံ့လှသော ထိုင်ခုံပေါ်တွင် ထိုင်နေရင်း သူတို့အတူ ပြန်ယူလာခဲ့သည့် အနီရောင် ဇီးပန်းခက်လေးကို ငေးကြည့်ကာ အတွေးများထဲ၌ နစ်မျောနေလေတော့သည်။

ပျော်ရွှင်မှုဆိုသည်မှာ ဆုပ်ကိုင်ထားရန် အလွန်ခက်ခဲလှကြောင်း လဲ့ကျစ် နားလည်လာခဲ့သည်။

ခဏအကြာတွင် ဟော်တူက ရေချိုးခန်းထဲမှ ထွက်လာပြီး လဲ့ကျစ်၏နံဘေးသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာသည်။ သူက သူမ၏ပခုံးနှင့် ဒူးအောက်မှ နေပြီး သူမကို ပေါ့ပေါ့ပါးပါး ကောက်ပွေ့ကာ ပွေ့ချီလိုက်သည်။ ထို့နောက် ကုတင်ပေါ်မှ ပျော့ပျောင်းသော ခေါင်းအုံးကို မှီလျက် နှစ်ယောက်သား လဲလျောင်းလိုက်ကြကာ လဲ့ကျစ်ကို သူ၏ရင်ခွင်ကျယ်ထဲတွင် မှီတွယ်စေလိုက်သည်။

လဲ့ကျစ်၏ မျက်ဝန်းအိမ်လေးများ နီရဲနေသော်လည်း သူမက သူမ၏ဝမ်းနည်းမှုကို အတတ်နိုင်ဆုံး ကြိတ်မှိတ်သည်းခံနေဆဲပင်။ သူမ မငိုချင်သလို၊ အမှန်တကယ်လည်း မငိုနိုင်တော့ချေ။ လူတော်တော်များများက သူမကို မှီခိုနေကြရသဖြင့် သူမ မယိမ်းမယိုင် သန်မာနေဖို့ လိုအပ်နေသေးသည်။ ဤကဲ့သို့ တာဝန်များ ပိုများလာလေလေ၊ သူမအတွက် ငိုကြွေးဖို့ရန်ပင် ခက်ခဲလာလေလေ ဖြစ်နေရသည်။

“အဒေါ်က ဘာလို့ တူလေးလောက်တောင် မတော်ရတာလဲ”

သူမ၏ခေါင်းပေါ်မှ ထွက်ပေါ်လာသော စကားသံကြောင့် လဲ့ကျစ် ခေါင်းမော့ကြည့်လိုက်သည်။ သူမ စိတ်ရှုပ်ထွေးနေသဖြင့် သူ့စကား၏အဓိပ္ပာယ်ကို ချက်ချင်း သဘောမပေါက်နိုင်သေးပေ။

“ဝမ်းနည်းတဲ့အခါ ငိုရမယ်ဆိုတာကို ကလေးတွေတောင် သိကြတယ်။ မင်းကရော... ဘာကို စောင့်နေတာလဲ”

ထိုအချိန်မှသာ ဟော်တူက သူမ၏ ခံစားချက်ကို အကဲခတ်မိနေမှန်း လဲ့ကျစ် သိလိုက်ရသည်။ ယခုအချိန်တွင် သူမ၏မျက်နှာက ရုပ်ဆိုးနေမည်ဟု သူမ ထင်မိသော်လည်း သူကတော့ သူမ၏ စိတ်အခြေအနေကို အလွယ်တကူ မြင်နိုင်စွမ်းရှိနေသည်။ ထိုသို့မဟုတ်လျှင်လည်း သူမကိုယ်တိုင်က သူ့ရှေ့တွင် ဖုံးကွယ်ထားရန် မရည်ရွယ်ဘဲ သူမ၏ အားနည်းချက်များကို အမှန်အတိုင်း ပြသနေခြင်းလည်း ဖြစ်နိုင်သည်။

သို့သော် သူမက ခက်ခက်ခဲခဲ ထိန်းချုပ်ထားဆဲဖြစ်ပြီး အသံတိုးတိုးလေးဖြင့် ပြန်ပြောလိုက်သည်။

“ဒါပေမယ့်... ကျွန်မက ကလေးမှ မဟုတ်တော့တာ”

“ဟုတ်တယ်... မင်းက ကလေးမဟုတ်တော့ဘူး”

ဟော်တူက သူမကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ကာ ပျော့ပျောင်းလှသော ဆံပင်လေးများကို လက်ဖဝါးဖြင့် နူးညံ့စွာ ပွတ်သပ်ပေးရင်း ရှင်းရှင်းလင်းလင်း ပြောလိုက်သည်။

“ဒါပေမဲ့ မင်းက ကိုယ့်အတွက်တော့ ကလေးလေးတစ်ယောက်ပဲ”

ခေတ္တမျှ ငြိမ်သက်သွားပြီးနောက် သူက ထပ်ပြောလာပြန်သည်။

“ဒါကြောင့်... မင်းလည်း ကိုယ့်ရင်ခွင်ထဲမှာ စိတ်လွတ်ကိုယ်လွတ် ငိုနိုင်တယ်”

လဲ့ကျစ်၏ မျက်ဝန်းများထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ပြည့်လျှံသွားကာ နှလုံးသားကလည်း တုန်လှုပ်ခြောက်ခြားသွားသည်။ ဤအမျိုးသားက သူမ၏ မျက်ရည်များကို ဆွဲထုတ်နိုင်မည့် နည်းလမ်းများကို အမြဲ သိနေနိုင်သူ ဖြစ်သည်။

နောက်ဆုံးတွင် လဲ့ကျစ်က သူ၏ရင်ဘတ်ကို မှီတွယ်ကာ ယခုန တင်းကျပ်စွာ ထိန်းထားခဲ့သမျှ မျက်ရည်များကို အတိုးချသွန်ချလိုက်သည်။ အချိန်အတော်ကြာအောင် ငိုကြွေးလိုက်ရမှ သူမ၏ရင်ဘတ်ထဲတွင် စို့တက်နေသော နာကျင်မှုများ မျက်ရည်များနှင့်အတူ ပါသွားကာ တစ်စထက်တစ်စ လျော့နည်းသွားသည်။

ငယ်ငယ်ရွယ်ရွယ်နှင့် မိဘများကို ဆုံးရှုံးခဲ့ရသည့် ယုအာအတွက် သူမ အလွန် စိတ်မကောင်းဖြစ်နေရသည်။

“ယုအာလေးက... သူက အရမ်းငယ်သေးတယ်လေ...” ဟု

မက ညည်းညူနေမိသော်လည်း ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။

မည်မျှပင် ချစ်ခင်သော ဒေါ်လေးဖြစ်ပါနေစေ... မိခင်တစ်ဦး၏နေရာကို အစားထိုးရန်ကတော့ မလွယ်ကူလှပေ။

“ဒါက ဘာများ ခက်ခဲနေလို့လဲ... သူ့ကို ပြန်ခေါ်ဖို့ လူတစ်ယောက်လောက် လွှတ်လိုက်မယ်လေ”

“ဟင့်အင်း... မရဘူး”

လဲ့ကျစ်က သူ့ကို ကမန်းကတမ်း မော့ကြည့်လိုက်ပြီး ခေါင်းကို အပြင်းအထန် ခါလိုက်သည်။

“ယောင်းမ... ယောင်းမလည်း ခံစားခဲ့ရတာတွေ အများကြီး ရှိနေပြီမို့လို့ပါ...”

လဲ့ကျစ်က သူမ၏ အစ်ကိုတော်နှင့် ယောင်းမတော်တို့ကြားရှိ ရှုပ်ထွေးလှသော အတိတ်ဇာတ်လမ်းအား ဟော်တူကို အသေးစိတ် ပြောပြလိုက်သည်။

‘အမှားကို ပထမဆုံးလုပ်ခဲ့တဲ့သူက သူမတို့ရဲ့ အစ်ကိုတော်ပါ။ ယောင်းမရဲ့ ဆုံးဖြတ်ချက်ကို သူမ နားလည်ပေးနိုင်ပြီး ယုအာကို ပြုစုစောင့်‌‌ရှောက်ဖို့ သူမရဲ့ယောင်းမကို အတင်းအကြပ် ဖိအားမပေးချင်ဘူး။

သူမရဲ့ယောင်းမမှာလည်း သူမရဲ့ကိုယ်ပိုင်ဘဝကို ရွေးချယ်ပိုင်ခွင့်ရှိပြီး ယောင်းမဖြစ်သူရဲ့ရှေ့ရေးကို မနှောင့်နှေးစေချင်တော့ဘူး။’

သို့သော်လည်း အပြစ်ကင်းစင်လှသော တူလေးယုအာကို တွေးမိချိန်တွင် လဲ့ကျစ်၏ ရင်ထဲတွင် မချိမဆန့် ခံစားနေရပြန်သည်။

“မင်းကိုယ်တိုင်ပဲ ပြောခဲ့တယ်မလား... သူ့မှာ ဒီဒေါ်လေးငယ် ရှိသေးတယ်လို့”

ဟော်တူက သူမ၏ အနားသို့ အနည်းငယ် တိုးကပ်ကာ ဆံပင်လေးများကို နူးညံ့စွာ နမ်းလိုက်ရင်း ပြောလာပြန်သည်။

“အခုဆိုရင် သူ့မှာ နောက်ထပ် ဦးလေးတစ်ယောက်တောင် ရှိနေပြီပဲကို”

လဲ့ကျစ်က မျက်ရည်ဝဲနေသော မျက်ဝန်းများဖြင့် သူ့ကို လေးလေးနက်နက် မော့ကြည့်လိုက်သည်။ ဟော်တူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးဖျော့ဖျော့လေး တစ်ခု ပေါ်လာပြီး သူမ၏ မျက်လုံးထောင့်မှ ကျန်နေသော မျက်ရည်စများကို လက်ညှိုးလေးဖြင့် အသာအယာ သုတ်ပေးနေသည်။

“စိတ်မပူပါနဲ့...”

သူက တည်ငြိမ်စွာ ပြောလာပြန်သည်။

'စိတ်မပူပါနဲ့...

မကြောက်ပါနဲ့...

ကိုယ် မင်းအနားမှာ ရှိနေတယ်'

ထိုစကားကြောင့် လဲ့ကျစ်က ချက်ချင်း အငိုရပ်သွားပြီး ရှုပ်ထွေးနေသော သူမ၏နှလုံးသားလည်း တဖြည်းဖြည်း ငြိမ်သက်သွားရသည်။ သူမက မသိမသာလေး အပေါ်သို့ တိုးကပ်လိုက်ကာ သူ၏ နှုတ်ခမ်းထောင့်လေးကို ညင်သာစွာ နမ်းလိုက်ပြီးမှ နောက်သို့ ပြန်ဆုတ်လိုက်သည်။

လဲ့ကျစ် စိတ်သက်သာရာ ရသွားသည်ကို မြင်တော့ရမှ ဟော်တူက သူမကို ကုတင်ပေါ်တွင် ပြန်လှဲစေပြီး ဘရိုကိတ်စောင်လေးကို သေသေချာချာ ခြုံပေးလိုက်သည်။ သူက သူမ၏ မျက်နှာလေးကို ကိုင်ကာ နဖူးကို တစ်ချက် နမ်းလိုက်ပြီး ကုတင်ကန့်လန့်ကာကို ချလိုက်သည်။ ထို့နောက် သူမကို သူ့ရင်ခွင်ထဲသို့ ထည့်ကာ ပွေ့ဖက်ထားရင်း တိုးတိုးလေး ချော့ပြောနေသည်။

“အိပ်တော့နော်”

မှိန်ဖျော့ဖျော့ အိပ်ခန်းလေးထဲတွင် ဖယောင်းတိုင်မီး၏ အရိပ်ကလေးက ကန့်လန့်ကာကြားမှတစ်ဆင့် ဖြတ်ဝင်နေသည်။

“ဦးငယ်လေးက ဒီည ကျွန်မကို အနိုင်မကျင့်တော့ဘူးပေါ့”

နူးညံ့တိုးညှင်းသော အသံလေးက သူ့နားထဲသို့ ရောက်လာချိန်တွင် ဟော်တူတစ်ယောက် အမှောင်ထဲ၌ လှောင်ရယ်လိုက်ရုံမှတစ်ပါး ဘာမှမတတ်နိုင်တော့ပေ။

‘သူ့ရဲ့ မြေခွေးလေးက တကယ်ကို မိုက်မဲလွန်းတယ်၊ သူမက တစ်ခါတလေမှာ တကယ်ကို မိုက်မဲလွန်းတယ်။’

‘ဒီနေ့ ဒီလိုအခြေအနေမျိုးမှာ သူ သူမကို ထပ်ပြီး အနိုင်ကျင့်မိရင် သူအရမ်း အဆင်အခြင်မဲ့တဲ့သူ ဖြစ်သွားမှာ မဟုတ်ဘူးလား။’

“အနိုင်ကျင့်စရာ မလိုတော့ပါဘူး”

သူက နှုတ်ခမ်းကို တွန့်ကွေးလိုက်ပြီး စနောက်လိုက်သည်။

“ကျေးဇူးအရင် ဆပ်ရမှာလေ”

လဲ့ကျစ်ဘက်မှ ပြန်မဖြေတော့သဖြင့် သူမ အိပ်ပျော်သွားပြီဟု ဟော်တူ ထင်သွားပြီး သူလည်း မျက်လုံးမှိတ်လိုက်သည်။

သို့သော်လည်း...

“ဒါပေမဲ့... ကျွန်မက ရှင့်ကို အနိုင်ကျင့်ချင်တုန်းပဲ”

စောင်ထဲတွင် နစ်မြုပ်နေသော လူဆီမှ အသံလေးတစ်ခု တိုးညှင်းစွာ ထွက်ပေါ်လာသည်။ ဟော်တူကတော့ သူ ကြားလိုက်သည်မှာ အမှန်ပဲလားဟု သံသယဖြစ်သွားမိသည်။ သူ မျက်လုံးဖွင့်ကြည့်လိုက်ချိန်တွင် ဘေးနားမှ လူလေးက ပူနွေးသော အသက်ရှုသံများနှင့်အတူ သူ့အနားသို့ တိုးကပ်လာနေပြီ ဖြစ်သည်။

အမှောင်ထဲတွင်ပင် လဲ့ကျစ်က သူ့နှုတ်ခမ်းများကို တိကျစွာ ရှာတွေ့နိုင်ခဲ့ပြီး ပြင်းပြင်းထန်ထန် နမ်းရှိုက်လိုက်သည်။ ဟော်တူ ခေတ္တမျှ အံ့အားသင့်နေချိန်တွင် နူးညံ့လှသော လက်ကလေးများက သူ၏ခါးကို ရစ်ပတ်လာပြီး သူ၏ အင်္ကျီခါးစည်းကို ဖြည်ရန် လက်ချောင်းထိပ်လေးများဖြင့် လှုပ်ရှားနေလေသည်။

.......။........။.........

ဒီစာရေးသူမှာ ပြောစရာရှိပါတယ်။

ကျစ်ကျစ် : “အံ့သြလား.... မအံ့သြဘူးလား”

ဟော်တူ : “ငါ့တစ်ကိုယ်လုံး ပူလောင်နေတယ်...” (တုန်လှုပ်သွားဟန်ဖြင့်)

(T/N: E-Tran မှာ aunt, uncle ပဲ သုံးနေတော့ ဦးလေးသုံးရမလား...ဦးရီးတော်သုံးရမလား ဝေခွဲမရနေတာ...လဲ့ကျစ်ကို ဒေါ်လေးသုံးနေတော့ ဦးလေးပဲ သုံးတော့မယ်... အရင်ထဲက ဟော်တူက နန်းတွင်းသုံးတွေကို သူ ဂရုမစိုက်ဘူးပြောထားတော့ ကျစ်ကျစ်ကလည်းခေါ်ချင်သလို ခေါ်နေတာ...နောက်ပိုင်းနန်းတွင်း ပြန်ရောက်မှပဲ ဦးရီးတော်လို့ သုံးတော့မယ်နော်....)

အခန်း ၈၇ နှုတ်ဆက်ပွဲ

အခန်းတွင်းရှိ အပူပေးမီးဖိုက လင်းထိန်အောင် တောက်လောင်နေပြီး အနီရောင် ဇီးပန်းရနံ့နှင့် အမွှေးနံ့သာနံ့များ ရောယှက်နေကာ အိပ်ရာထက်အထိ ပျံ့လွင့်နေသည်။ ကုတင်ပေါ်တွင် တစ်သားတည်းဖြစ်နေသော လူနှစ်ဦး၏ အသက်ရှူသံများက အနည်းငယ် ဖရိုဖရဲဖြစ်လာကာ မတည်မငြိမ် ဖြစ်သွားပြီး သူတို့နှစ်ဦးလုံး၏ ခန္ဓာကိုယ်အပူချိန်ကလည်း တိုးမြင့်လာသည်။

ထိုအချိန်မှာပင် တံခါးခေါက်သံတစ်ခု ပေါ်ထွက်လာသည်။ အသံက တိုးနေသော်လည်း တိတ်ဆိတ်သောညတွင် ကြည်လင်စွာ ကြားလိုက်ရသည်။ လဲ့ကျစ်က ချက်ချင်းဆိုသလို သတိပြန်ဝင်လာပြီး အနည်းငယ် လန့်သွားကာ သူ့ကို တွန်းဖယ်လိုက်သည်။ သူမ၏ ပါးပြင်များက သွေးများယိုစီးနေသကဲ့သို့ နီရဲနေသည်။

“ကျွန်မ... ကျွန်မ တံခါးသွားဖွင့်လိုက်မယ်”

သူမက ပြောပြောဆိုဆိုဖြင့် ညဝတ်အင်္ကျီကို သပ်ရပ်အောင်ပြင်ပြီး ကုတင်ကန့်လန့်ကာကို ဖွင့်ကာ ဆင်းရန် ပြင်လိုက်သည်။

သို့သော် သူမ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ခံလိုက်ရသည်။ သူမ ခေါင်းလှည့်ကြည့်လိုက်ချိန်တွင် ရမ္မက်ဇောကြောင့် နီရဲနေဆဲဖြစ်သော ဟော်တူ၏ မျက်ဝန်းများကို မြင်လိုက်ရသဖြင့် သူမ၏နှလုံးသားလေး တစ်ချက် တုန်ခါသွားရသည်။

“ကျွန်မကို လွှတ်ပေးဦး၊ ဒီအချိန်မှာ တံခါးလာခေါက်တာ အရေးကြီးကိစ္စ တစ်ခုခု ရှိလို့ ဖြစ်မှာပေါ့”

“ကိုယ် သွားမယ်”

ဟော်တူက အက်ရှရှအသံဖြင့် ပြောလိုက်ပြီး သူမကို အိပ်ရာပေါ်သို့ ပြန်ဆွဲတင်ကာ သူကိုယ်တိုင် ကုတင်ပေါ်မှ ဆင်းလိုက်သည်။ သူက အဝတ်အစားများကို ခပ်သွက်သွက် ဆွဲဆန့်ပြင်ဆင်ပြီး တံခါးဆီသို့ လျှောက်သွားနေသည်။

တံခါးဖွင့်လိုက်သည်နှင့် တွန့်ဆုတ်နေသော မျက်လုံးတစ်စုံကို ချက်ချင်းတွေ့လိုက်ရသည်။

“အရှင့်သား... သခင်ငယ်လေးက ကောင်းကောင်းမအိပ်ပါဘူး၊ သူက ထိုက်ဇီဖေးကို ရှာချင်နေလို့ပါ”

လင်းယွဲ့က ပူပန်သောက ရောက်နေသည့် မျက်နှာအမူအရာဖြင့် ပြောလာခဲ့သည်။

“ဦးလေး...”

ဟော်တူက မျက်မှောင်ကြုတ်ကာ လဲ့ယုကို မှုန်ကုပ်ကုပ်ဖြင့် ငုံ့ကြည့်လိုက်သည်။ ထို့နောက် လင်းယွဲ့ကို မကျေမနပ်ဖြင့် တစ်ချက်ကြည့်လိုက်သော်လည်း နောက်ဆုံးတွင် ကလေးကို ချီရန် လက်ကို ဆန့်တန်းပြီး ခပ်အေးအေး ပြောလိုက်သည်။

“ရပြီ၊ ပြန်သွားတော့”

လဲ့ယုကို ကုတင်ပေါ်သို့ သယ်ဆောင်လာချိန်တွင် လဲ့ကျစ်က သူမ၏ တူလေးကို ကြည့်ကာ နူးညံ့သိမ်မွေ့သော လေသံဖြင့် မေးလိုက်သည်။

“ယုအာ... ကြောက်နေတာလား”

လဲ့ယုက အသံတိုးတိုးလေးဖြင့် ညည်းညူလိုက်ပြီး သူ့၏နီရဲနေသော မျက်လုံးလေးများက အလွန် သနားစရာ ကောင်းနေပြန်သည်။ လဲ့ကျစ်က သူ့ခေါင်းလေးကို ပွတ်သပ်ပေးရင်း ချော့မော့လိုက်သည်။

“ဒါဆိုရင် ဒီညတော့ ဒေါ်လေးငယ်က ယုအာနဲ့အတူ အိပ်ပေးမယ်နော်”

ထိုစကားကို ကြားလိုက်ရချိန်တွင် လဲ့ယု၏ မျက်လုံးလေးများ တောက်ပသွားပြီး စိတ်လည်း ငြိမ်သက်သွားပုံရသည်။ သူက လဲ့ကျစ်နှင့် ဟော်တူ၏ ကြားတွင် လဲလျောင်းလိုက်ပြီး မျက်လုံးများကို နာနာခံခံ မှိတ်ထားလိုက်သည်။ တစ်နေ့လုံး ကြောက်ရွံ့ထိတ်လန့်ကာ အချိန်အတော်ကြာ ငိုကြွေးထားရသဖြင့် ကလေးငယ်လေးလည်း အလွန်မောပန်းနေရှာပြီ ဖြစ်သည်။ ပျော့ပျောင်းသော ခေါင်းအုံးပေါ်တွင် လဲလျောင်းပြီး မကြာမီမှာပင် သူ အိပ်မောကျသွားသည်။

သို့သော် အိပ်ပျော်နေသော လဲ့ယုက မသိစိတ်ဖြင့် ဟော်တူ၏ဘက်သို့ တိုးကပ်သွားခဲ့သည်။ သူ၏ ဦးခေါင်းလေးက ဟော်တူ၏ လက်မောင်းဘေးကို မှီထားပြီး လက်လေးကလည်း ဟော်တူ၏ ညဝတ်အင်္ကျီစကို တင်းတင်းဆုပ်ကိုင်ထားသည်။

ဤကလေးငယ် ရုတ်တရက် ရောက်လာခြင်းကြောင့် လူကြီးနှစ်ဦးစလုံး အိပ်မပျော်နိုင်ကြတော့ချေ။ ဟော်တူ၏အင်္ကျီစကို ဆွဲထားသော ယုအာကို ကြည့်ပြီး လဲ့ကျစ် အနည်းငယ် ထိတ်လန့်နေမိသည်။ ဟော်တူက ကလေးများကို မကြိုက်ကြောင်း အရင်က ပြောခဲ့ဖူးသည်ကိုလည်း သူမ သတိရနေမိသည်။ ယနေ့ည ယုအာက အနှောင့်အယှက်ပေးလိုက်သဖြင့် ဟော်တူ၏ စိတ်အခြေအနေ သိပ်မကောင်းမည်ကို သူမ စိုးရိမ်နေမိသည်။

လဲ့ကျစ်က ဟော်တူ စိတ်အနှောင့်အယှက်ဖြစ်မည်ကို စိုးရိမ်သဖြင့် ယုအာ၏ လက်ချောင်းလေးများကို ညင်သာစွာ ဖြန့်ပြီး သူမ၏ဘေးသို့ ဆွဲရွှေ့ရန် ကြိုးစားလိုက်သည်။ သို့သော် ယုအာက အိပ်မက်မက်နေသလားဟု ထင်မှတ်ရပြီး ဟော်တူ၏ အင်္ကျီလက်ဝကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကာ လုံးဝ လက်မလွှတ်တော့ချေ။

“စိတ်မပူပါနဲ့...သူ ဒီအတိုင်း အိပ်ပါစေ”

ဟော်တူ၏ စကားကြောင့် လဲ့ကျစ်က သူ့ကို တအံ့တသြ လှမ်းကြည့်လိုက်ပြီးမှ ကုတင်ပေါ်တွင် ပြန်လှဲလိုက်သည်။ ယုအာ နိုးသွားမည်ကို စိုးရိမ်သဖြင့် သူမ တိုးတိုးလေး ပြောလိုက်သည်။

“ဒါဆိုရင်တော့ ဒီညတော့ ဦးလေးငယ်ကိုပဲ ဒုက္ခပေးရတော့မှာပေါ့”

ဟော်တူက သူမ၏ လေးနက်လွန်းသော ကျေးဇူးတင်စကားကြောင့် ခပ်တိုးတိုး ရယ်မောနေသည်။

“အားနာဖို့ မလိုပါဘူး... ဒေါ်လေးငယ်”

သူက သူမကို ပြန်ကျီစယ်လိုက်သည်။

ရှည်လျားသော ညဉ့်အချိန်က တိတ်ဆိတ်သွားပြီး ဖယောင်းတိုင်မီးများကလည်း မှေးမှိန်သွားသည်။ လဲ့ကျစ် မှေးခနဲ အိပ်ပျော်သွားသော်လည်း မကြာမီ ပြန်နိုးလာခဲ့သည်။ ထိုအရာက သူမကိုယ် အံ့သြစေပြန်သည်။ မကြာသေးမီရက်များအတွင်း သူမ ကောင်းမွန်စွာ အိပ်စက်နိုင်ခဲ့ခြင်းက ဟော်တူ၏ ရင်ခွင်ထဲတွင် ရှိနေခဲ့ခြင်းကြောင့်သာ ဖြစ်သည်ကို ယခုမှ သူမ သိလိုက်ရသည်။ သူ၏ ရင်ခွင်နှင့် ဝေးကွာသွားသည်နှင့် သူမ၏ အိပ်မပျော်တတ်သော အကျင့်ဟောင်းက ပြန်လည် ရောက်ရှိလာခဲ့သည်။

လဲ့ကျစ်က တံတောင်ဆစ်ဖြင့် ကိုယ်ကို ထောက်ကာ အသာအယာ ထထိုင်လိုက်ပြီး ဖယောင်းတိုင်မီး မှိန်မှိန်လေးအောက်မှ လူကြီးတစ်ယောက်နှင့် လူလေးတစ်ယောက် အိပ်နေပုံကို ငေးကြည့်နေခဲ့သည်။

အိပ်မောကျနေသော ယုအာက ဟော်တူ၏ လက်မောင်းပေါ်တွင် ခေါင်းတစ်ခုလုံး တင်ထားသည်။ ကလေး၏ အိပ်စက်သည့် ကိုယ်ဟန်အနေအထားက အလွန်ဆိုးဝါးလှပြီး ခေါင်းက ဘယ်ညာ ယမ်းနေသည်။ ကံကောင်းထောက်မစွာဖြင့် ဟော်တူက ကလေးငယ် အိပ်ရင်း ခေါင်းမလည်သွားစေရန် သူ၏လက်တစ်ဖက်ဖြင့် ထိန်းကိုင်ပေးထားသည်။

လဲ့ကျစ်၏ နှလုံးသားထဲတွင် ဂွမ်းလုံးလေးတစ်လုံးကဲ့သို့ နူးညံ့သော ခံစားချက်များ ပြည့်လျှံလာသည်။ သူမ သူ့အနားသို့ တိုးကပ်သွားပြီး သူ၏ မျက်ခုံးမွှေးလေးများကို စူးစိုက်ကြည့်ရင်း စိတ်အစဉ်ကို ဖြေလျှော့လိုက်သည်။ ထို့နောက် အသာအယာ ငုံ့ကာ သူ၏နဖူးပေါ်သို့ မြတ်နိုးမှုများ ပြည့်နေသည့် အနမ်းပါးပါးလေးတစ်ခု ပေးလိုက်သည်။

.......။........။.......

နောက်တစ်နေ့ နံနက်တွင်...

“ကျင့်ရှင်း... မင်းလည်း မှတ်ဉာဏ်တွေ ပြန်ရလာပြီဆိုတော့... မင်းနဲ့ အန်းရွှယ်က ငါတို့နဲ့အတူ ပြန်လိုက်စရာ မလိုတော့ဘူး”

လဲ့ကျစ်က ကျင့်ရှင်း၏လက်ကို ဆုပ်ကိုင်ထားရင်း ပြုံးပြုံးလေး ပြောလိုက်သည်။

“နေချင်တဲ့နေရာ တစ်ခု ရှာပြီး ကောင်းမွန်တဲ့ ဘဝသစ်ကို တည်ဆောက်နော်”

ကျင့်ရှင်းက လဲ့ကျစ်၏ စေတနာကို နားလည်သော်လည်း အပြုံးဖြင့် ခေါင်းခါလိုက်သည်။

“သခင်မ... ကျွန်မတို့ ထွက်သွားမှာ မဟုတ်ဘူး၊ အန်းရွှယ်နဲ့လည်း သေချာဆွေးနွေးပြီးပါပြီ”

သူမက ခိုင်မာသော လေသံဖြင့် ပြတ်ပြတ်သားသား ပြောလာခဲ့သည်။

“မမိုက်မဲစမ်းနဲ့...”

လဲ့ကျစ်၏ နှုတ်ခမ်းဖျားတွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။

‘တာ့ချီတိုင်းပြည်ရဲ့ ရေနက်တွင်းထဲကနေ တစ်ယောက်ယောက် ထွက်သွားနိုင်တာက ဘယ်သူမှ ထွက်မသွားနိုင်တာထက်စာရင် ပိုကောင်းတာပေါ့။’

သို့သော် ကျင့်ရှင်းက အခိုင်အမာ ငြင်းဆိုနေသဖြင့် လဲ့ကျစ်လည်း ဆက်မတားတော့ဘဲ သူမကို သူတို့နှင့်အတူ လိုက်ခဲ့ရန် ခွင့်ပြုလိုက်ရသည်။ ဤတစ်ခေါက် ပြန်သွားရမည့် ခရီးလမ်းက အဆုံးမဲ့သော စိန်ခေါ်မှုများ ရှိနေဦးမည် ဖြစ်သည်။ လင်းဝမ်နင်က သူမ၏ အကြံအစည်များ ပျက်စီးသွားသည်ကို သိသည်နှင့် ဒုတိယအစီအစဉ်ဖြင့် စောင့်ကြိုနေမည်မှာ သေချာလှပေသည်။

ယုအာလေးကိုလည်း သူမနှင့်အတူ ခေါ်သွားရပေဦးမည်။ ဤကလေးငယ်၏ ရှေ့ရေးကလည်း သူမ၏ လက်ထဲတွင်သာ ရှိနေတော့သည်။

တာ့ကျင်းတိုင်းပြည်မှ ကျောက်လင်က ယုအာ၏ နောက်ခံကို အသုံးချရန် ကြံစည်နေသဖြင့် ကလေးငယ်အတွက် အန္တရာယ်ကလည်း ကြီးမားလွန်းနေသည်။ ထို့ကြောင့် ယုအာကို သူမ၏အစ်မဖြစ်သူ လဲ့ကျင်းအနား၌ ထားခဲ့ရန် မဖြစ်နိုင်တော့ပေ။ သတိလက်လွတ် လှုပ်ရှားမိခြင်းက သိုးငယ်တစ်ကောင်ကို ကျားတွင်းထဲသို့ ကိုယ်တိုင်ပို့လိုက်သလို ဖြစ်သွားမည်ကို လဲ့ကျစ် စိုးရိမ်နေမိသည်။ ယုအာကို တာ့ချီတိုင်းပြည်သို့ ခေါ်သွားခြင်းက အတိုင်းအတာတစ်ခုအထိ အန္တရာယ်ရှိနိုင်သော်လည်း ယခုအခြေအနေတွင် သူမအတွက် တခြားရွေးချယ်စရာ လမ်းမရှိတော့ချေ။

လဲ့ကျစ်က ခရီးဆောင်အိတ်များကို အလျှင်အမြန် ထုပ်ပိုးပြင်ဆင်ပြီးနောက် အစ်မဖြစ်သူကို နှုတ်ဆက်ရန် ထွက်လာခဲ့သည်။

“ကျစ်ကျစ်... မင်း တခြားလမ်းကို ရွေးဖို့ ဘယ်တုန်းကမှ မစဉ်းစားဖူးဘူးလား”

လဲ့ကျင်းက ညီမဖြစ်သူကို ကူကယ်ရာမဲ့ မျက်ဝန်းများဖြင့် စိုးရိမ်တကြီး ကြည့်ရင်း ဖျောင်းဖျနေသေးသည်။

“ခမည်းတော်နဲ့ မယ်တော်တို့က လက်စားချေတာထက် နင် အေးအေးချမ်းချမ်း နေထိုင်သွားမှာကိုပဲ ပိုပြီး နှစ်သက်လိမ့်မယ်ဆိုတာ နင် သိထားသင့်တယ်”

လဲ့ကျစ်က သူမ၏နှုတ်ခမ်းကို တင်းတင်းကိုက်ကာ ခေါင်းယမ်းလိုက်သည်။

ထိုအချက်ကို သူမ အသိဆုံး ဖြစ်သည်။ သို့သော် အမုန်းတရား၏ နှိပ်စက်ညှဉ်းပန်းမှုများက သူမကို နေ့ရောညပါ လောင်မြိုက်နေစေပြီး ရန်သူ၏သွေးကို စတေးခြင်းဖြင့်သာ ဤဝေဒနာအားလုံးကို ချေဖျက်နိုင်မည်ဖြစ်သည်။

ထို့ပြင် ယခုအခါ သူမ စစ်တုရင်ခုံပေါ်သို့ ရောက်ရှိနေပြီဖြစ်သောကြောင့် ခြေလှမ်းတစ်လှမ်းချင်းစီအတွက် တွန့်ဆုတ်နေ၍ မဖြစ်တော့ပေ။

“အစ်မ... အစ်မတို့ရဲ့ လုံခြုံရေးအတွက် ကျွန်မ ဒေါင်ယဲ့ကို ဒီမှာ ထားခဲ့မယ်၊ အစ်မနဲ့ အစ်ကိုဖူရှန်းတို့ ဟွာရှီမြို့ကနေ အမြန်ဆုံး ထွက်ခွာပြီး လုံခြုံတဲ့နေရာတစ်ခုကို ရှာရမယ်နော်”

“အင်း... စိတ်ချပါ”

လဲ့ကျင်းက ခေါင်းညိတ်ပြရင်း ခေါင်းမာလှသော ညီမငယ်လေးကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်သည်။ လဲ့ကျစ်ကို တားဆီး၍မရနိုင်မှန်း သိနေသဖြင့် သူမ လုပ်နိုင်သည့် တစ်ခုတည်းသော အရာက လဲ့ကျစ် စိတ်မပူရအောင် သူမဘာသာ ဂရုစိုက်နေထိုင်ရန် ဖြစ်သည်။

ဟွာရှီမြို့မှ ထွက်ခွာလာပြီးနောက် သူတို့အဖွဲ့ ရှန့်ယန်မြို့သို့ တစ်ဖန် ပြန်ရောက်လာခဲ့ကြသည်။ ဤခရီးစဉ်အတွင်း မြို့တွင်းရှိ အကျင့်ပျက်အရာရှိအားလုံးကို ဖယ်ရှားနိုင်ခဲ့သလို သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက် လိုအပ်သည့် ရိက္ခာနှင့် ငွေကြေးအားလုံးကိုလည်း တိုင်းသူပြည်သားတိုင်း လက်ဝယ်ရောက်အောင် ပေးအပ်နိုင်ခဲ့သည်။

ချူရန်က မူလကတည်းက အဓိကရုဏ်းများကို စတင်လိုသူ မဟုတ်ပေ။ ဟော်ချန်ယွင်ကြောင့် မျိုးနွယ်စုဟောင်းမှ လူများစွာ သေဆုံးခဲ့ရပြီးပြီ ဖြစ်သောကြောင့် ကျန်ရစ်သူများ ပုန်ကန်မှုကြောင့် နောက်တစ်ကြိမ် အသတ်ခံရအောင် သူ မလုပ်နိုင်တော့ပေ။

‘ငြိမ်းချမ်းရေးကို တည်တည်ငြိမ်ငြိမ် ထိန်းသိမ်းနိုင်ရင်ပဲ လုံလောက်နေပါပြီ။’

ပိုအရေးကြီးသည်က သူနှင့် မရင်းနှီးသော တူဖြစ်သူ ဟော်တူ၏ ကတိစကား ဖြစ်သည်။ မြို့ကို ဝိုင်းထားစဉ်က သူတို့နှင့် ပူးပေါင်းရန် ဟော်တူ ကျိန်ဆိုခဲ့သော စကားများက သူ၏ရင်ထဲ၌ အမြဲတစေ ရစ်ဝဲနေခဲ့သည်။

'သူ တကယ်ပဲ လုပ်နိုင်ပါ့မလား...'

ကောင်းကင်ယံတွင် အဝါရောင် သဲဖုန်များ ပြည့်နှက်နေပြီး ရထားလုံးများက အစီအရီဖြင့် ရှန့်ယန်မြို့မှ ခမ်းနားစွာ ထွက်ခွာကာ မြို့တော်ဆီသို့ ဦးတည်နေကြသည်။

မဝေးလှသော တောင်ကုန်းလေးတစ်ခုပေါ်တွင် မျက်နှာအကာပါသည့် အပေါ်ရုံထူထူကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးက ထိုအဖွဲ့ကြီး ထွက်ခွာသွားသည်ကို အချိန်အတော်ကြာအောင် ငေးကြည့်နေခဲ့သည်။

“မင်း ယုအာနဲ့ ခွဲဖို့ တကယ်ပဲ ဆုံးဖြတ်လိုက်တာလား”

ဦးထုပ်အောက်တွင် ဖုံးကွယ်ထားသော သူမ၏ မျက်လုံးများက မှိန်ဖျော့နေသော်လည်း သူမ၏ အသံတိုးတိုးတွင် ယုံကြည်မှုများ ပြည့်နှက်နေသည်။

“ကျစ်ကျစ်ရဲ့ အနားမှာ ရှိနေတာက ယုအာအတွက် ပိုပြီး လုံခြုံလိမ့်မယ်”

“မင်း သူတို့ကို ဘာလို့ တမင်လိမ်ညာခဲ့တာလဲ... မင်းနဲ့ ငါ့ကြားမှာ တကယ်တော့...”

အမျိုးသမီးက ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သော်လည်း ဘာမှ ပြန်မဖြေခဲ့ပေ။ သူမက မြင်ကွင်းမှ ပျောက်ကွယ်သွားသော ရထားလုံးတန်းကြီးကို ငေးကြည့်နေရာမှ အကြည့်ပြန်လွှဲလိုက်ပြီး တောင်စောင်းအတိုင်း ဆင်သွားတော့သည်။

“ယင်ယင်”

ထိုလူက ဝမ်းနည်းသော မျက်နှာဖြင့် မေးလာခဲ့သည်။

“ငါတို့က တကယ်ပဲ မဖြစ်နိုင်တော့ဘူးလား...”

ဖန့်ယင်က ခြေလှမ်းများကို ရပ်လိုက်ပြီး ပြတ်သားစွာ တုံ့ပြန်လိုက်သည်။

“မဖြစ်နိုင်တော့ဘူး”

“ဒါဆိုရင် အနည်းဆုံးတော့ မင်းကို ဂရုစိုက်ခွင့်တော့ပေးပါ”

“အစ်ကိုရှယန်...”

ဖန့်ယင်၏ အသံက အေးစက်နေပြီး သူမက ခေါင်းပြန်လှည့်ကြည့်ကာ ထပ်ပြောလိုက်သည်။

“ကျွန်မနောက်ကို လိုက်မနေပါနဲ့တော့၊ မိန်းမကောင်းလေးတစ်ယောက်ကို ရှာပြီး ဘဝကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းပါ”

ထိုစကားကို ပြောပြီးနောက် သူမက တွန့်ဆုတ်နေခြင်းမရှိဘဲ ရှေ့သို့ ဆက်လျှောက်သွားသည်။ ရှယန်က ဝမ်းနည်းကြေကွဲစွာဖြင့် သူမ၏ ကျောပြင်ကို စိုက်ကြည့်နေသော်လည်း သူမကတော့ သတိပင် မမူမိတော့ချေ။

လေအေးများ တိုက်ခတ်လာပြီး နှင်းပွင့်ကြီးများ စတင်ကြွေကျလာသည်။ နှင်းပွင့်လေးများက ဖန့်ယင်၏ အဖြူရောင် ဝတ်စုံပေါ်သို့ ကျရောက်ကာ အဝတ်အစားအရောင်နှင့် ရောယှက်သွားသည်။ သူမ မသိလိုက်ခင်မှာပင် သူမ၏မျက်ဝန်းအိမ်က မျက်ရည်များကြောင့် ဝေဝါးလာပြီး ထိုအခိုးအငွေ့များကြားတွင် သူမ အကြိမ်ကြိမ် မုန်းတီးခဲ့ဖူးသူကို ပြန်လည်မြင်ယောင်လာမိသည်။

အတိတ်မှ ပုံရိပ်များစွာက သူမ၏ စိတ်ထဲသို့ တိုးဝင်လာကာ တစ်ခုပြီးတစ်ခု ဖြတ်ပြေးသွားပြီး နောက်ဆုံးတွင် မြင်ကွင်းတစ်ခု၌ ရပ်တန့်သွားသည်။ ရန်သူများ နန်းတော်တံတိုင်းကို ကျော်ဖြတ်တိုက်ခိုက်လာစဉ်က ထိုလူက သူမနှင့် ယုအာကို လျှို့ဝှက်လမ်းအတွင်းသို့ အတင်းတွန်းပို့ခဲ့သည်။ သူက သူမကို ကြည့်ကာ အပြုံးဖြင့် ပြောခဲ့သေးသည်။

“အစကနေ ပြန်စဖို့ အခွင့်အရေးသာ ရခဲ့မယ်ဆိုရင်... ငါ ဘယ်တော့မှ မင်းကို အတင်းအကျပ် လုပ်ခဲ့မိမှာ မဟုတ်ပါဘူး”

လျှို့ဝှက်တံခါး မပိတ်သွားမီ တိတ်ဆိတ်စွာ ကျန်ရစ်ခဲ့သည့်သူ၏ နောက်ဆုံးပုံရိပ်ကို သူမ မြင်တွေ့ခဲ့ရသည်။

“တောင်းပန်ပါတယ်... အားယင်”

လေပြင်းများ တိုက်ခတ်နေသောကြောင့် ဖန့်ယင်တစ်ယောက် ရှေ့သို့ ဆက်မလျှောက်နိုင်တော့ပေ။ သူမ ဖြည်းညှင်းစွာ ထိုင်ချလိုက်ပြီး ဒူးကို ပွေ့ဖက်ကာ ငြိမ်သက်စွာ ထိုင်နေမိသည်။ လေပြင်းကြောင့် သူမ၏ မျက်နှာကို ကာထားသော ပုဝါပါးလေး လွင့်ထွက်မတတ် ဖြစ်နေပြီး မျက်ရည်များကြောင့် ပုဝါလေးလည်း တဖြည်းဖြည်း စိုစွတ်လာသည်။

ဖန့်ယင်က တိုးတိုးလေး ရှိုက်ငိုနေရင်း ရေရွတ်လိုက်ပြန်သည်။

“လူဆိုးကောင်ကြီး”

မကြာမီပင် ထိုတိုးညှင်းသော ကြိမ်းမောင်းသံလေးက အေးစက်သော လေထုထဲသို့ ပျော်ဝင်ကာ လွင့်ပါးသွားသည်။

‘သူမရဲ့အသံက အဲ့လူရဲ့ နားထဲအထိ စိမ့်ဝင်နိုင်ပါ့မလားတော့... သူမလည်း မသိနိုင်တော့ပါဘူး’

........။........။........

ဒီစာရေးသူမှာ ပြောစရာရှိပါတယ်။

PS: အစ်ကိုကြီးနဲ့ ယောင်းမအတွက် စိတ်မကောင်းဖြစ်ကြရတယ်… QAQ

အခန်း ၈၈ ပရောပရည်

နံနက်စောစောအချိန်...

ကောင်းကင်ကြီးတစ်ခုလုံး လင်းထိန်ခြင်း မရှိသေးသော်လည်း ယုံနင်းနန်းတော်၏ အိပ်ခန်းဆောင်အတွင်းတွင် ဆီမီးရောင်များ ထိန်ထိန်ညီးနေပြီ ဖြစ်သည်။

“ဧကရီမယ်မယ်... ထိုက်ဇီ... ထိုက်ဇီ ပြန်ရောက်လာပါပြီ”

“ဘာ”

လင်းဝမ်နင်က ယခုရက်ပိုင်းအတွင်း မျက်ခွံများ တလှုပ်လှုပ်ဖြစ်နေပြီး ရင်ထဲတွင်လည်း နားမလည်နိုင်သော စိုးရိမ်မှုများ ပြည့်နှက်နေခဲ့သည်။ ထိုသတင်းကို ကြားလိုက်ရချိန်တွင် သူမ၏ တစ်ကိုယ်လုံး တုန်လှုပ်သွားကာ အသံတွင်လည်း မယုံနိုင်မှုများ စွန်းထင်နေလေသည်။

“လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတင် ဝူကျစ်ယွမ်က အရာအားလုံး အဆင်ပြေသွားပြီလို့ စာပို့ထားတာ မဟုတ်ဘူးလား”

ထိုစာထဲတွင် ဝူကျစ်ယွမ်က ရှန့်ယန်မြို့ကို အလုံးအရင်းနှင့် ဝိုင်းထားကြပြီဖြစ်ကြောင်း တာ့ကျင်းစစ်သည်များ ရောက်လာသည်နှင့် ဟော်တူကို မြို့တွင်း၌ အသေသတ်ရန် အလွန်လွယ်ကူသွားမည်ဖြစ်ကြောင်း အသေအချာ ဖော်ပြထားခဲ့သည်။ သို့သော် ယခု မည်သည့်အရာကများ ပြောင်းလဲသွားခဲ့သည်ကို သူမ မသိနိုင်တော့ပေ။

ချင်မော့မော့က မျက်နှာပျက်နေသော ဧကရီကို အမြန် ပြေးတွဲပေးကာ တိုးတိုးလေး လျှောက်တင်လိုက်သည်။

“ဧကရီမယ်မယ်... ဝူကျစ်ယွမ်နဲ့အတူ ရှန့်ယန်မြို့ကို မယ်မယ် စေလွှတ်ထားတဲ့ အတွင်းလူတွေကိုလည်း ထိုက်ဇီက အမြစ်ပြတ် ဖယ်ရှားလိုက်ပြီ ထင်ပါတယ်”

လင်းဝမ်နင်၏ တစ်ကိုယ်လုံး တောင့်တင်းအေးခဲသွားပြီး သူမ၏ခန္ဓာကိုယ်အတွင်းရှိ သွေးများပင် ရပ်တန့်သွားသလို ခံစားလိုက်ရသည်။ သူမ၏ နှလုံးသားမှ အေးစက်သော အအေးဓာတ်က နေရာအနှံ့ ပျံ့နှံ့သွားကာ သူမ၏ဆံပင်များကိုပင် အေးခဲသွားစေသည်။

‘ဟုတ်တယ်... ဟော်တူက သူမရဲ့ အစီအစဉ်ကို ကြိုသိခဲ့ပြီး သူမ လုံးဝ မသိရအောင် အလွယ်တကူ ဖျက်ဆီးနိုင်ခဲ့လို့ သူမဆီကို သတင်းအနည်းငယ်တောင် ပြန်မရောက်နိုင်လောက်အောင် တားဆီးနိုင်ခဲ့တာပဲ ဖြစ်လိမ့်မယ်’

‘သူက...သူက ဘယ်လိုတောင် အရည်အချင်းရှိနေတာလဲ’

လင်းဝမ်နင်တစ်ယောက် ခွန်အားများ ဆုံးရှုံးသွားသလို ခံစားလိုက်ရပြီး သလွန်ပေါ်သို့ စိတ်ပျက်လက်ပျက် လဲကျသွားသည်။ ရှန့်ယန်မြို့က သူမအတွက် နောက်ဆုံးအခွင့်အရေး ဖြစ်သော်လည်း သူ့ကို မဖယ်ရှားနိုင်ခဲ့ချေ။

‘အခု ငါ့မှာ နောက်ထပ် အခွင့်အရေးရှိပါဦးမလား’

ထိုစဉ်မှာပင် နန်းတော်အပြင်ဘက်မှ အစေခံတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။

“ဧကရီမယ်မယ်... တော်ဝင်သမားတော်ကျင်းက ဧကရီကို တွေ့ခွင့်တောင်းနေပါတယ်”

လင်းဝမ်နင်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

'နံနက်အစောကြီး သူ ဒီကို ဘာလာလုပ်တာလဲ... ဒါဆိုရင်... ဖြစ်နိုင်တာက...'

ကာလရှည်ကြာ စောင့်မျှော်ခဲ့ရသည့် မျှော်လင့်ချက်တစ်ခုကြောင့် လင်းဝမ်နင်၏စိတ်ထဲတွင် မထင်မှတ်ဘဲ ကြည်နူးမှုများ ဖြတ်ပြေးသွားသည်။ သူမက ချင်မော့မော့၏ လက်ကို တွဲယူကာ အလှပြင်ရန် ကြေးဝါမှန်ရှေ့သို့ လျှောက်သွားလိုက်သည်။

......။.......။......

“ဧကရီမယ်မယ်ကို အရိုအသေပေးပါတယ်”

လင်းဝမ်နင်က အရှေ့ဘက်ခန်းမသို့ ရောက်ရှိလာပြီး သူမ ထိုင်လိုက်သည်နှင့် သူမရှေ့ရှိ လူများက တလေးတစား ဂါရဝပြုလိုက်ကြသည်။ သူမက ခေါင်းကို အနည်းငယ် ငုံ့ကာ မေးမြန်းလိုက်သည်။

“တော်ဝင်သမားတော်ကျင်း... ဘာလို့ ဒီနေ့ ငါ့ကို အလျင်စလို တွေ့ချင်ရတာလဲ”

“ဧကရီမယ်မယ်... ဒီအရာရှိက မယ်မယ်ရဲ့ ညွှန်ကြားချက်အတိုင်း ဝန်ကြီးချုပ်အိမ်တော်ကို ငါးရက်တစ်ကြိမ် သွေးခုန်နှုန်းစစ်ဆေးဖို့ သွားရောက်ခဲ့ပါတယ်၊ မနေ့ညနေက သွေးခုန်နှုန်း စစ်ဆေးကြည့်တဲ့အခါမှာတော့ တတိယမင်းသားရဲ့ ကြင်ယာတော်မှာ ကိုယ်ဝန် တစ်လကျော်ရှိနေပြီဆိုတာ သိလိုက်ရပါတယ်”

တော်ဝင်သမားတော်ကျင်းက လေးနက်သောအသံဖြင့် အစီရင်ခံနေသည်။

“တတိယမင်းသားရဲ့ ကြင်ယာတော်က မကြာသေးခင်က အားနည်းနေခဲ့ပြီး သူ့ရဲ့ နှလုံးခုန်နှုန်းကလည်း မတည်မငြိမ် ဖြစ်နေခဲ့တာကြောင့် အခုမှပဲ ကိုယ်ဝန်သွေးခုန်နှုန်းကို ရှာတွေ့နိုင်ခဲ့တာပါ”

သေဆုံးလုနီးပါး ဖြစ်နေသော ဧကရီ၏ နှလုံးသားက တဖြည်းဖြည်း အသက်ပြန်ရှင်လာသည်။

‘ဟုတ်တာပေါ့၊ တိမ်ညိုတွေမှာ ငွေရောင်အနားကွပ် အမြဲရှိတယ်။’

လင်းဝမ်နင်၏ နှုတ်ခမ်းထောင့်တွင် အကြံကြီးလှသော အပြုံးတစ်ခု ပေါ်လာသည်။ သူမက တော်ဝင်သမားတော်ကျင်းကို စူးစိုက်ကြည့်ကာ ထပ်မေးလိုက်သည်။

“ဒီအကြောင်းကို တခြားဘယ်သူတွေ သိသေးလဲ”

တော်ဝင်သမားတော်ကျင်းက သူ့အမူအရာကို အတတ်နိုင်ဆုံး ထိန်းထားရင်း ပြန်ဖြေလိုက်သည်။

“တတိယမင်းသားက အကျယ်ချုပ်ကျနေဆဲမို့ သူ မသိသေးပါဘူး... ပြီးတော့ အရှင်မင်းကြီးလည်း...”

“ဒီကိစ္စကို အရှင်မင်းမြတ်နားတော်ရောက်အောင် ဒီမိဖုရားကိုယ်တိုင် ပြောလိုက်မယ်”

လင်းဝမ်နင်က သမားတော်၏စကားကို ဖြတ်ပြောလိုက်သည်။

“မင်းကတော့ တတိယမင်းသားရဲ့ ကြင်ယာတော်နဲ့ မမွေးသေးတဲ့ ကလေးကို အကောင်းဆုံး ပြုစုစောင့်ရှောက်ဖို့ပဲ လိုတယ်... နားလည်လား”

လျစ်လျူရှု၍မရသော ထိုအမိန့်သံကြောင့် တော်ဝင်သမားတော်ကျင်း၏ မျက်ဝန်းများ မှေးမှိန်သွားကာ စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။

‘သူမရဲ့အစ်ကိုက အပြင်မှာ မကောင်းတာတွေ လုပ်နေပြီး ဧကရီက သူ့အတွက် စီမံပေးနေခဲ့တယ်။ မဟုတ်ရင် သူက တခြားသူတွေကို ဘယ်လို ခြယ်လှယ်နိုင်မှာလဲ။’

နှစ်များတစ်လျှောက်တွင် သမားတော်ကျင်းကလည်း ဧကရီအတွက် ညစ်ပတ်သည့်ကိစ္စများစွာကို ပြောင်ပြောင်တင်းတင်းရော၊ လျှို့ဝှက်စွာပါ လုပ်ဆောင်ပေးခဲ့ရသည်။ ဆေးဆရာတစ်ယောက် ဖြစ်လာခဲ့သည့် သူ၏ မူလရည်ရွယ်ချက်များလည်း အချိန်အတော်ကြာကတည်းက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ရာ တိတ်ဆိတ်သော ညပေါင်းများစွာတွင် သူ သူ၏သိက္ခာတရားနှင့် ယှဉ်ပြိုင်ရုန်းကန်နေခဲ့ရသည်။

သို့သော်လည်း နောက်ကြောင်းပြန်လှည့်ရန်တော့ နောက်ကျသွားခဲ့ချေပြီ။ တစ်ခါ ခြေလှမ်းမှားပြီးသည်နှင့် ချောက်ထဲသို့ ကျခဲ့ပြီဖြစ်ရာ အဆုံးအထိ ဆက်သွားရုံမှတစ်ပါး အခြားမရှိတော့ပေ။

“ကျင်းလင်...”

သူ့နာမည်ကို ခေါ်လိုက်သံကြောင့် ကျင်းလင် သတိပြန်ဝင်လာပြီး ခေါင်းညိတ်ပြလိုက်သည်။

“အမိန့်တော်အတိုင်းပါ... မယ်မယ်”

........။.......။.........

အချိန်အတော်ကြာ ဝေးကွာသွားပြီးမှ ထိုက်ဇီစံအိမ်တော်သို့ တစ်ဖန် ပြန်လည်ဝင်ရောက်လာချိန်တွင် လဲ့ကျစ်၏ နှလုံးသားထဲ၌ ချိုမြိန်ဆန်းပြားသော ခံစားချက်တစ်ခု ကိန်းအောင်းလာစေသည်။

'အိမ်ကို ပြန်ရောက်တာက တကယ်ကို ပျော်စရာကောင်းပါလား...'

ဤနေရာကို သူမ၏ 'အိမ်' အဖြစ် မှတ်ယူမိလိမ့်မည်ဟု လဲ့ကျစ် တစ်ခါမှ စိတ်ကူးမယဉ်ဖူးခဲ့ချေ။

“သခင်မ”

လီယောင်က နံနက်စောစောကတည်းက အိပ်ခန်းအပြင်ဘက်တွင် စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။ လဲ့ကျစ်၏ ပုံရိပ်ကို မြင်လိုက်ရသည်နှင့် သူမ မအောင့်နိုင်တော့ဘဲ အနားသို့ ပြေးလာခဲ့သည်။ လဲ့ကျစ်လည်း စိတ်လှုပ်ရှားသွားပြီး လီယောင်၏ ပါးလွှာသွားသော ပါးပြင်လေးများကို ကြည့်ကာ သူမ၏လက်ကို ဆုပ်ကိုင်ရင်း မေးလိုက်သည်။

“အားလုံး အဆင်ပြေရဲ့လား”

“ဟုတ်ကဲ့၊ အားလုံး အဆင်ပြေပါတယ်”

လီယောင်က ပြုံးပြုံးလေး ခေါင်းညိတ်ပြနေသည်။

“သခင်မ... စိတ်ပူဖို့ မလိုပါဘူးရှင့်”

ထိုစဉ်မှာပင် အိမ်တော်ထိန်းက စာရင်းစာအုပ်အမြောက်အမြားကို ကိုင်ဆောင်ကာ ရောက်ရှိလာသည်။ သူက ထိုစကားများကို ကြားလိုက်ရသဖြင့် မုတ်ဆိတ်မွေးကို ပွတ်သပ်ကာ ပြုံးလိုက်ပြီး လဲ့ကျစ်ကို အရိုအသေ ပေးလိုက်သည်။

“ထိုက်ဇီဖေးက ဘာမှ မသိသေးလို့ပါ... ဒီမိန်းကလေးက နေ့တိုင်း မော့အချိန်ကတည်းက ထပြီး အချိန်ရတိုင်း ဆိုင်ကို သွားနေတာပါ”

‘အဲဒါကြောင့်ကိုး... ဒီမိုက်မဲတဲ့ မိန်းကလေး ကိုယ်အလေးချိန်ကျသွားတာ အံ့ဩစရာ မရှိတော့ဘူး။’

လဲ့ကျစ်က သူမကို ဂရုဏာသက်စွာ ကြည့်နေသော်လည်း လီယောင်ကတော့ ဘာသိဘာသာ အပြုံးလေးဖြင့် နားရွက်ကို ရှက်ကိုးရှက်ကန်း ကုတ်နေလေသည်။

“အဲဒါက... အိမ်တော်ထိန်းက ချဲ့ကားပြောနေတာပါ၊ နားမယောင်ပါနဲ့နော်... သခင်မ”

“ဟေ့... ငါ ချဲ့ကားပြောနေတာ မဟုတ်ပါဘူးကွ”

အိမ်တော်ထိန်း၏ အပြုံးက ပိုနက်ရှိုင်းလာသည်။ သူက လက်ထဲရှိ စာရင်းစာအုပ်များကို ချိန်ဆကြည့်ရင်း ကမ်းပေးလိုက်သည်။

“ထိုက်ဇီဖေး... ဒါကို ကြည့်လိုက်ရင် သိပါလိမ့်မယ်”

လဲ့ကျစ်က သံသယဖြင့် မျက်တောင်ခတ်ရင်း စာရင်းစာအုပ်များကို ယူကြည့်လိုက်သည်။ အိမ်တော်ထိန်း ဆိုလိုသည့် အဓိပ္ပာယ်ကို ချက်ချင်း သဘောမပေါက်သေးသော်လည်း စာရင်းများကို အကြမ်းဖျင်း လှန်ကြည့်လိုက်သည့်အခါ သူမ အံ့အားသင့်သွားရသည်။

ယခင်က သူမ ဆိုင်အတွင်းရှိ ကုန်ပစ္စည်းအမျိုးအစားများကို ပြောင်းလဲခဲ့ဖူးသည်။ သူမ မရှိသည့် အတောအတွင်း လီယောင်၏ လုံ့လဝီရိယရှိမှုနှင့် ဂရုစိုက်မှုများကြောင့် ဆိုင်များက အရှုံးမပေါ်ရုံသာမက ဝင်ငွေများစွာ ရရှိခဲ့သည်။ မထင်မှတ်ဘဲ အရင်းငွေအားလုံး ပြန်လည်ရရှိနေပြီ ဖြစ်သည်။

“လီယောင်... မင်းက တကယ်ကို အံ့ဩဖို့ကောင်းတာပဲ”

လဲ့ကျစ်က ရိုးသားစွာ ချီးကျူးလိုက်သည်။ ဘေးနားရှိ ကျင့်ရှင်းနှင့် လင်းယွဲ့တို့ကလည်း အံ့ဩသွားကြပြီး ချီးမွမ်းစကားများ ပြောနေကြသည်။ ထိုအခါမှသာ လီယောင်က ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး ပါးပြင်လေးများ နီရဲကာ ရှက်ပြုံးလေးဖြင့် မျက်လွှာချနေသည်။

သခင်မနှင့် အစေခံများ ခဏတာ စကားစမြည် ပြောဖြစ်ကြပြီး လဲ့ကျစ်က မြို့တော်အတွင်းရှိ အခြေအနေများကို မေးမြန်းလိုက်သည်။

“သခင်မ... စိတ်မပူပါနဲ့၊ တတိယမင်းသားက အိမ်တော်ထဲမှာပဲ အကျယ်ချုပ် ကျနေတုန်းပါ၊ အရာအားလုံးက အေးအေးချမ်းချမ်းပါပဲ”

လီယောင်က ပြောလက်စကို ခဏရပ်ကာ အမှတ်ရသွားဟန်ဖြင့် ထပ်ပြောလိုက်သည်။

“ဒါပေမဲ့ တတိယမင်းသားရဲ့ ကြင်ယာတော် ဝန်ကြီးချုပ်အိမ်တော်ကို ပြန်ရောက်သွားကတည်းက နန်းတော်ကနေ တော်ဝင်သမားတော်ကြီးကို ရံဖန်ရံခါ စေလွှတ်တတ်တယ်လို့ ကြားရတယ်၊ ဘာကြောင့်လဲဆိုတာတော့ မသိပါဘူး”

'တော်ဝင်သမားတော်...'

တတိယမင်းသား၏ ကြင်ယာတော်အတွက် ကျန်းမာရေး စိတ်ချရစေရန် သွေးခုန်နှုန်း စစ်ဆေးပေးခြင်းက ဖြစ်နိုင်ချေရှိသော်လည်း မကြာခဏ ဆိုသလို စေလွှတ်နေခြင်းကတော့ ပုံမှန်မဟုတ်ချေ။ လဲ့ကျစ်က လင်းဝမ်နင်၏ ကောက်ကျစ်စဉ်းလဲမှုများကို တွေးတောမိသွားပြီး မျက်မှောင်ကြုတ်လျက် စိုးရိမ်စိတ်များ ပေါက်ဖွားလာသည်။

“နောက်မှ ငါ စာတစ်စောင် ရေးပေးမယ်၊ မနက်ဖြန်ကျရင် မင်း ဝန်ကြီးချုပ်အိမ်တော်ကို သွားပြီး လုယင်ဆီကို လူကိုယ်တိုင် လွှဲပေးလိုက်ပါ”

လီယောင်က ခေါင်းညိတ်ပြီး နာခံကြောင်း ပြသလိုက်သည်။

သူမတို့ ထွက်သွားပြီးနောက် လဲ့ကျစ်က စာကို အေးအေးဆေးဆေး ရေးသားရင်း ခေတ္တမျှ စဉ်းစားနေခဲ့သည်။ အနာဂတ်တွင် မသေချာမရေရာမှုများစွာ ရှိနေသဖြင့် သူမ စိုးရိမ်ခဲ့ဖူးသည်။ အကယ်၍ တစ်နေ့တွင် သူမ တစ်ခုခု ဖြစ်သွားခဲ့လျှင် ဤမိန်းကလေးသုံးယောက်အတွက် ဘာလုပ်ပေးသင့်သည်ကို သူမ တွေးနေမိပြန်သည်။

ယခု ကျင့်ရှင်းအတွက် အန်းရွှယ် ရှိနေသဖြင့် စိတ်ပူစရာ မလိုသလို လင်းယွဲ့ကလည်း ထက်မြက်သူဖြစ်ရာ မည်သည့်နေရာတွင်မဆို အဆင်ပြေနိုင်မည် ဖြစ်သည်။ သို့သော် လီယောင်ကတော့ ငယ်စဉ်ကတည်းက အားကိုးရာမဲ့ခဲ့သူ ဖြစ်သည်။ သူမ မရှိတော့လျှင် လီယောင်အတွက် ဘာလုပ်ပေးရမည်ကို လဲ့ကျစ် အချိန်အတော်ကြာ စိတ်ပူခဲ့ဖူးသည်။

သို့သော် ယခု လဲ့ကျစ် အများကြီးစိတ်ပူနေစရာ မလိုတော့ပေ။ နောင်တွင် ထိုဆိုင်များကို သူမတို့သုံးယောက်အတွက် ချန်ထားပေးနိုင်သည်။ မိန်းကလေးများတွင် ကိုယ်ပိုင်ငွေကြေး ရှိနေခြင်းက ဘဝအတွက် ပိုအဆင်ပြေလာစေလိမ့်မည်။ ဤသို့ တွေးမိလိုက်မှသာ လဲ့ကျစ်တစ်ယောက် စိတ်ချလက်ချ ပြုံးနိုင်တော့သည်။

......။.........။.........

တတိယမင်းသား အိမ်တော်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ ဟော်ရှက မျက်နှာပျက်ပျက်ဖြင့် စာဖတ်ခန်းထဲတွင် ထိုင်နေခဲ့သည်။

ရက်အတော်ကြာသွားပြီ ဖြစ်သော်လည်း ခမည်းတော် ဧကရာဇ်က သူ့အပေါ် စိတ်ပြေခြင်း မရှိသေးပေ။ အိမ်တော်မှ ထွက်ခွာခွင့် ပိတ်ပင်ထားရုံသာမက ပြင်ပလူများကိုလည်း လာရောက်တွေ့ဆုံခွင့် မပြုချေ။ သူ ယနေ့ မည်သည့်ရက် ဖြစ်နေသည်ကိုပင် မေ့လုနီးပါး ဖြစ်နေချေပြီ။

'ကျစ်ကျစ်ရော... အခု ဘာတွေ ဖြစ်နေမလဲ'

သူ ဘာကိုမှ မသိနိုင်သည့်အတွက် စိတ်ဆင်းရဲနေမိသည်။

မကြာသေးမီက သူ တာ့လီတိုင်းပြည်တွင် ဓားစာခံအဖြစ် နေထိုင်ခဲ့ရသည့် ထိုနှစ်များအကြောင်းကို မကြာခဏ ပြန်တွေးတောမိနေတတ်သည်။ ထိုအကြောင်းကို တွေးမိတိုင်းလည်း သူ့နှလုံးသားထဲသို့ အပ်တစ်ချောင်းဖြင့် အထိုးခံရသလို နာကျင်ရပြန်သည်။

သူ အတိတ်ကို လွမ်းဆွတ်နေမိသလို နောင်တလည်း ရနေမိသည်။

‘ဟုတ်တယ်... သူ နောင်တရတယ်။

သူသာ နောက်တစ်ကြိမ် အခွင့်အရေးရခဲ့ရင် သူက အဲ့လိုကျေးဇူးကန်းသူ မဟုတ်တော့မှာ သေချာတယ်။ အဲ့ဒါဆို သူ အခုလို ဒီမှာ ပိတ်မိနေမှာ မဟုတ်ဘူး။

နေ့ရက်တွေကို ရေတွက်ကြည့်ရင် အဲဒီအရာတွေ မဖြစ်ခဲ့ရင် သူ ဒီအချိန်မှာ ကျစ်ကျစ်ကို လက်ထပ်ပြီးနေလောက်ပြီ၊ ကျစ်ကျစ်ရဲ့ ဗိုက်ထဲမှာ သူ့ကလေးတောင် ရှိကောင်းရှိနေလောက်ပြီပေါ့။

သူ အရမ်း မိုက်မဲခဲ့မိတယ်’

စာဖတ်ခန်းတံခါးကို တွန်းဖွင့်ခံလိုက်ရသည့်တိုင် ဟော်ရှက သူ၏ စိတ်ကူးယဉ်အိမ်မက်ထဲ၌ နစ်မြုပ်နေဆဲပင်။ ချင်ယုက ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် အခန်းထဲသို့ ပြေးဝင်လာကာ အရိုအသေပေးလိုက်သည်။

“အရှင်... အနောက်ဝင်း... အနောက်ဝင်းမှာ...”

“ဘာလို့ ဒီလောက်တောင် ထိတ်လန့်နေရတာလဲ”

ဟော်ရှက မျက်မှောင်ကြုတ်ကာ မတ်တပ်ရပ်လိုက်သည်။

“အနောက်ဘက်ခြံထဲက ‘ထိူသူ’ မူးလဲသွားလို့ပါ၊ အိမ်တော်က သမားတော် စစ်ဆေးကြည့်တော့ ကိုယ်ဝန်ရှိနေပြီလို့ ပြောပါတယ်”

ကျန်းမန်က ဤအိမ်တော်တွင် မည်သည့်အဆင့်အတန်းမှ မရှိသလို နာမည်တစ်ခုပင် မရှိရှာပေ။ သူမက အိမ်တော်တွင် အိပ်ရာဝင်အစေခံအဖြစ်သာ သတ်မှတ်ခံထားရသူ ဖြစ်သည်။ အစေခံများကလည်း ပုံမှန်ရက်များတွင် သူမအား မည်သို့ဆက်ဆံရမည်ကို မသိသဖြင့် ‘ထိုသူ’ ဟုသာ သုံးနှုန်းနေကြရခြင်း ဖြစ်သည်။

“ဘာ”

ဟော်ရှ အံ့အားသင့်သွားသော်လည်း ဝမ်းသာရိပ်များ ချက်ချင်းပင် ပေါ်လာတော့သည်။ သူ၏ နှုတ်ခမ်းထောင့်များကလည်း မသိမသာ တွန့်ကွေးသွားသည်။

'ငါ... ငါ အဖေဖြစ်တော့မယ်'

ဤသို့တွေးမိသည်နှင့် သူက အနောက်ဘက်ခြံဝင်းဆီသို့ အပြေးအလွှား လျှောက်သွားတော့သည်။

.....။.......။........

လဲ့ကျစ်က ရေပူစမ်းရေကန်၏ အပြင်ဘက်တွင် အချိန်အတော်ကြာအောင် ရပ်နေခဲ့သည်။ အတွင်းဘက်မှ လွင့်ပျံလာသော ပူနွေးသည့် အခိုးအငွေ့များက သူမ၏ မျက်ဝန်းအိမ်ထဲသို့ ဝင်ရောက်လာပြီး ညှို့ဓာတ်ပြည့်ဝသော ခံစားမှုကို ပေးစွမ်းနေသည်။

သူမ၏ ရင်အစုံကလည်း တဒိန်းဒိန်း ခုန်နေပြန်သည်။

‘ဒီရက်တွေမှာ ယုအာကို ဂရုစိုက်ရတဲ့အပြင် ခရီးလည်း ထွက်ခဲ့ရတာကြောင့် သူမတို့ အတူမရှိတာ ကြာပြီလေ...

ဟူး.... ဒီအချိန်လောက်ဆို အထဲမှာ ဗိုက်ဆာနေတဲ့ ဝံပုလွေတစ်ကောင် ရှိနေလောက်ပြီ မဟုတ်ဘူးလား’

“မဝင်လာသေးဘူးလား”

သူမ၏ နှလုံးသားကို ညှို့ယူဖမ်းစားနိုင်သည့် တိုးလျပြီး နက်နဲလှသော အသံတစ်ခု ထွက်ပေါ်လာမှသာ လဲ့ကျစ်က တံခါးကို ဖြည်းဖြည်းချင်း တွန်းဖွင့်လိုက်သည်။

ဟော်တူနှင့် သူမ ဤနေရာတွင် နောက်ဆုံးအကြိမ် ရေချိုးခဲ့ကြစဉ်က အခြေအနေကို ပြန်တွေးမိပြီး လဲ့ကျစ် မပြုံးဘဲ မနေနိုင်တော့ပေ။ ၎င်းက တစ်သက်စာလောက် ကြာသွားပြီဟုပင် ခံစားနေရသည်။ သို့သော် ရေပူစမ်းထဲတွင် ရှိနေသင့်သောသူက မရှိနေခဲ့ချေ။

‘သူ ဘယ်ကို သွားနေတာလဲ....’

“အာ”

နောက်အခိုက်အတန့်တွင် ရုတ်တရက်ဆိုသလို သူမ၏ ခါးသိမ်သိမ်လေးကို နောက်မှ ပွေ့ဖက်ခြင်း ခံလိုက်ရသည်။ နွေးထွေးပြီး ကျယ်ပြန့်လှသော ရင်ဘတ်ကြီးက သူမ၏ ကျောပြင်လေးနှင့် ထိကပ်သွားသည်။ လဲ့ကျစ်၏ ပါးပြင်များက ချက်ချင်း နီမြန်းသွားကာ သူမက လက်ကလေးဖြင့် သူ့ကို အသာအယာ တွန်းရင်း တိုးတိုးလေး ပြောလိုက်သည်။

“ရေ... ရေအရင်ချိုးရအောင်လေ”

ဟော်တူက သူမ၏စကားကို အမှန်တကယ် နားထောင်လိမ့်မည်ဟု လဲ့ကျစ် မမျှော်လင့်ထားသော်လည်း သူက သူမ၏ခါးလေးကို ဖက်ထားရာမှ ဖြေလျော့ပေးလိုက်ပြီး အမှန်တကယ် လွှတ်ပေးလိုက်သည်။

“ကောင်းပြီလေ”

သူက ခပ်အေးအေး ပြောလာခဲ့သည်။

လဲ့ကျစ် လှည့်ကြည့်လိုက်ချိန်တွင် ဟော်တူက ပါးလွှာသော အနီရောင်ဝတ်ရုံတစ်ထည်ကိုသာ ဝတ်ဆင်ထားမှန်း သိလိုက်ရသည်။ သို့သော် ဖုံးအုပ်ထားသင့်သည့် နေရာအားလုံးကိုတော့ သေသေချာချာ ဖုံးအုပ်ထားဆဲပင်။

'ဖူးးး...'

‘ငါ ဘာတွေလျှောက်တွေးနေမိတာလဲ။ ဘာကို ဖုံးစေချင်နေတာလဲ။’

အခန်း၏ အတွင်းတွင် ရေနွေးငွေ့များကြောင့် ပူနွေးအုံ့ဆိုင်းနေပြီး လဲ့ကျစ်က အဝတ်အစားများ သပ်သပ်ရပ်ရပ် ဝတ်ထားသောကြောင့် ယခုအခါ သူမ ပူလာပြီး နဖူးပေါ်၌ ချွေးပေါက်လေးများ စို့လာရသည်။

“မင်း ဘာတွေ စဉ်းစားနေတာလဲ”

ဟော်တူက သူမကို ကြည့်ကာ ခပ်ဖွဖွ ပြုံးနေပြန်သည်။

လဲ့ကျစ်က သူမ၏ ခါးစည်းကြိုးကို တင်းတင်းဆုပ်ကိုင်ရင်း နှုတ်ခမ်းကို ကိုက်ကာ ပြန်မေးလိုက်သည်။

“ရှင်... ရေချိုးမလို့လား”

လဲ့ကျစ်တစ်ယောက် မေးပြီးမှ နောင်တရသွားပြန်သည်။

‘သူ့ကို ကြည့်ရတာ ရေချိုးပြီးသွားသလိုပါပဲ၊ ငါလည်း ဘာအတွေးတွေ တွေးနေမှန်းကို မသိတော့ဘူး’

“ဒါဆိုရင်... ရှင် အပေါ်ထပ်ကို အရင်တက်ပြီး ကျွန်မကို စောင့်နေပေးလို့ ရမလားဟင်”

ဒုတိယထပ်တွင် မွှေးရနံ့များ သင်းပျံ့နေသည့် အနားယူဆောင်ရှိပြီး ရေပူစမ်း၌ ရေစိမ်ပြီးနောက် ထိုနေရာတွင် အနားယူရသည်က အလွန်ပင် သက်တောင့်သက်သာ ရှိလှသည်။ သို့သော် ဟော်တူက သူမ လိုချင်သလို အလွယ်တကူ လုပ်ပေးမည့်သူ မဟုတ်ချေ။ သူက ရေပူစမ်းကန်ဘေးရှိ ပျော့ပျောင်းသော ထိုင်ခုံတစ်ခုကို ယူကာ အေးအေးဆေးဆေး ဝင်ထိုင်လိုက်ပြီး စိတ်အားထက်သန်စွာ ပြောလိုက်သည်။

“ကိုယ် မင်းနဲ့အတူ ဒီမှာပဲ စောင့်နေပေးမယ်

'ဘယ်သူက ရှင်နဲ့အတူ ရှိနေချင်လို့လဲ'

လဲ့ကျစ်၏ ရင်ထဲတွင် ဓားတုံးတုံးနှင့် အလှီးခံရသလို ခံစားချက်မျိုး ဖြစ်ပေါ်နေပြီး အလွန် စိတ်မသက်မသာ ဖြစ်နေရသည်။ သူမ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး အဝတ်အစားများကို မြန်မြန်ချွတ်ကာ ရေကန်ထဲသို့ အမြန်ခုန်ချလိုက်လျှင် ပိုကောင်းမည်ဟုလည်း တွေးနေသေးသည်။

သို့သော် ယနေ့ သူမဝတ်ဆင်ထားသည့် အဝတ်အစားများက ကြယ်သီးပေါင်းများစွာနှင့် အလွန် ရှုပ်ထွေးနေသည်။ သူမ၏လက်ချောင်းလေးများ နာကျင်လာသည်အထိ ဖြုတ်သော်လည်း ကြယ်သီးများက ပြုတ်မကျဘဲ ဖြစ်နေသည်။ လဲ့ကျစ်ကတော့ စိတ်စောနေသဖြင့် မရပ်မနား ဆက်ဖြုတ်နေမိသည်။

သူမ ပိုစိတ်လောလေလေ ပိုရှုပ်ထွေးလေလေ ဖြစ်နေပြီး အတွင်းခံကြိုးကို ဖြည်လိုက်ချိန်တွင် မတော်တဆ ကြိုးကို အသေချည်မိသလို ဖြစ်သွားပြန်သည်။ လဲ့ကျစ် တစ်ခါမျှ ဤမျှလောက် အရှက်ရဖူးခြင်း မရှိပေ။ သူမက နှုတ်ခမ်းကို တင်းတင်းကိုက်ကာ ကြိုးကို အတင်းဆွဲဖြတ်ရန် ကြိုးစားနေပြန်သည်။

ထိုအချိန်မှာပင် နွေးထွေးလှသော လက်ဖဝါးကြီးတစ်ခုက သူမ၏ လက်ကလေးကို အုပ်မိုးလိုက်ပြီး ညင်သာစွာ ဖယ်ထုတ်လိုက်သည်။

“ကိုယ် ကူညီပေးမယ်”

သူ့အသံတွင် အားကိုးရာမဲ့ သက်ပြင်းချသံတစ်ချက် ပါဝင်နေပြီး ထပ်မေးလာပြန်သည်။

“ဘာတွေ ဒီလောက် အလျင်လိုနေတာလဲ... ကိုယ်က ထွက်ပြေးမှာ မဟုတ်ပါဘူး”

လဲ့ကျစ်တစ်ယောက် မျက်လုံးအစုံ ပြူးကျယ်သွားရသည်။

‘သူ... သူ ဘာတွေ ပြောနေတာလဲ။ ဘယ်သူက အလျင်လိုနေလို့လဲ။ တကယ်ကို အရှက်ကင်းမဲ့တဲ့ လူကြီးပဲ။’

နွေးထွေးသော အသက်ရှူသံများက သူမ၏ လည်ပင်းသားနုနုဆီသို့ တိုးဝင်လာသည်။ သူက ကြိုးကို အလွန် ဖြည်းညှင်းစွာ ဖြည်နေပြီး ရည်ရွယ်ချက်ရှိရှိ အချိန်ဆွဲနေပုံရသည်။ ထို့ပြင် သူ၏ လက်ချောင်းများက သူမ၏ နူးညံ့သောအသားအရေကို ညင်သာစွာ ပွတ်သပ်နေသေးသည်။

နောက်ဆုံးတွင် အတွင်းခံကို ချွတ်နိုင်ခဲ့သော်လည်း သူမ၏ ခါးပေါ်ရှိ လက်ကြီးက ဖယ်မသွားဘဲ အောက်သို့ တဖြည်းဖြည်း လျောဆင်းသွားသည်။ လဲ့ကျစ် အံ့အားသင့်စွာဖြင့် ခေါင်းမော့ကြည့်ကာ ပခုံးလေး ဆတ်ခနဲ တွန့်သွားရသည်။

သို့သော် ဟော်တူက သူမ၏ ပခုံးကို အသာအယာ ဖိထားကာ နောက်မှ သိုင်းဖက်ထားသည်။ သူက သူမ၏ နားရွက်ဖျားလေးကို နှုတ်ခမ်းပါးလေးဖြင့် အသာအယာ နမ်းနေပြီး သူ့လက်ချောင်းလေးများကလည်း ရွေ့လျားနေဆဲပင်။ သူက ခပ်တိုးတိုး ရယ်မောရင်း မေးလိုက်သေးသည်။

“မင်းက... ရေကို အရင်ချိုးချင်တာလား.... ဒါမှမဟုတ် ကိုယ့်ကို အရင်လိုချင်တာလား”

.......။.......။........

ဒီစာရေးသူမှာ ပြောစရာရှိပါတယ်။

ကျစ်ကျစ် : “သွားပါပြီဟယ် . .” QAQ

ဟော်တူ : “ဟက်..”

All Chapters