← Chapters

အခန်း (၂၄၉၃-၂၄၉၄)

Vol. 179 Ch. 2493-2494

အခန်း (၂၄၉၃-၂၄၉၄)

Vol. 179 Ch. 2493-2494

အပိုင်း(၂၄၉၃)

ဝေ့ဝူယင်၏ စိတ်က လျင်မြန်စွာ အလုပ်လုပ်နေခဲ့သည်။ သူသည် ခန္ဓာကိုယ် ပြောင်းလွယ်ပြင်လွယ်ရှိမှုကို စမ်းသပ်ကာ သိမ်မွေ့သော ပြောင်းလဲမှုများနှင့် ခွန်အားများကို ခံစားရင်း ယုံကြည်မှုအပြည့်ဖြင့် ရှေ့သို့ တိုးသွားခဲ့သည်။

ဤလေးဦးသည် အတွေ့အကြုံမရှိသူများ မဟုတ်ကြသလို သေခြင်းတရား၏ ကြမ်းတမ်းမှုကို မထိတွေ့ဖူးသည့် ရိုးအသည့် လူငယ်များလည်း မဟုတ်ကြပေ။ အားလုံးက ခက်ထန်သော စစ်သည်တော်များ ဖြစ်ကြသည်။ သူတို့၏ လှုပ်ရှားမှုတိုင်းက တိုက်ပွဲဝင် ရှင်သန်နိုင်စွမ်းကို ထုတ်လွှင့်နေကြသည်။

တိတ်ဆိတ်သော နားလည်မှုဖြင့် ချက်ချင်း တုံ့ပြန်လိုက်ကြပြီး ခိုင်မာသည့် ကာကွယ်ရေး ပုံစံတစ်ခုကို ဖွဲ့စည်းလိုက်ကြသည်။ ဓားသမား နှစ်ဦးက ဘယ်နှင့် ညာမှ ရံထားပြီး လှံကိုင်သူက အလယ်မှ ဝင်တိုက်ရန် ပြင်ထား၏။ သူတို့၏ ကိုယ်ဟန်အနေအထားများက ရှောင်တိမ်း တိုက်ခိုက်ရန် အသင့်ဖြစ်နေခဲ့သည်။

ဝေ့ဝူယင်သည် သူတို့၏ လှုပ်ရှားမှုတိုင်း၊ သိမ်မွေ့သော အသက်ရှူသံတိုင်းကို မှတ်သားထားခဲ့သည်။ လှံကိုင်သူနှင့် ဆယ်ပေခန့် အကွာသို့ ရောက်သောအခါ ညင်သာသော လေးကြိုးခတ်သံ တစ်ခုက လေထုကို ဖောက်ထွင်းသွားခဲ့သည်။

လှံသမားက ဘယ်ဘက်သို့ ယိမ်းလိုက်သည်။ ဝေ့ဝူယင်သည် အောက်သို့ ကိုယ်ဟန်ကို နိမ့်ဆင်းလိုက်ပြီးျ မြေကြီးကို ပွတ်တိုက်ကာ ခြေထောက်များကြားမှ ရှေ့သို့ လျှောတိုက် ဝင်ရောက်သွားခဲ့သည်။

ဝှစ်...

ရုတ်တရက် မြားတစ်စင်းက ရှေ့သို့ ပစ်လွှတ်လိုက်ပြီး သူ၏ လည်ပင်း ရှိနိုင်မည့် နေရာဆီသို့ တည့်မတ်စွာ ပျံသန်းလာခဲ့သည်။ အလွန်နီးကပ်သော အကွာအဝေးတွင် ဝေ့ဝူယင်က လှံသမားနှင့် အနီးကပ် ကပ်သွားကာ ဆေဘာ က လင်းလက်သွားခဲ့သည်။ ထိုအခိုက်တွင်ပင် ဓားသမားများက အရိပ်ဝံပုလွေများကဲ့သို့ လျင်မြန်စွာ ဝန်းရံလာကြ၏။

အံ့အားသင့်သွားသော်လည်း လှံသမားက ပြင်းထန်စွာ တန်ပြန်တိုက်ခိုက်လိုက်သည်။ ယိမ်းယိုင်သွားစေရန် သို့မဟုတ် ဒဏ်ရာရစေရန် ထိုးသွင်းလိုက်ခြင်း ဖြစ်သည်။ ဝေ့ဝူယင်က ရှေ့သို့ ဖိအားပေးကာ တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်ပြီး၊ ဟန်ချက်ကို ချိန်ညှိရန် အနည်းငယ် ကိုင်းညွတ်လိုက်၏။

လှံကိုင်ထားသော ရန်သူ၏ မျက်လုံးများက ကြောက်ရွံ့မှုများကြောင့် ပြူးကျယ်သွားခဲ့သည်။ ဤရန်သူက အေးစက်သော တွက်ချက်မှုဖြင့် အသက်ချင်း လဲလှယ်ကာ လှံကို ဆေဘာ ဖြင့် ရင်ဆိုင်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ စစ်မြေပြင်တွင် ထိုကဲ့သို့သော ရူးသွပ်မှုက တစ်ခါတစ်ရံ ရှင်သန်ခြင်းကို ဆိုလိုတတ်သည်။

လှံသမားသည် နက်ရှိုင်းစွာ ထိုးသွင်းရန် အသင့်ပြင်လိုက်ပြီးနောက် ချက်ချင်း နောက်ဆုတ်ရန် ပြင်ဆင်လိုက်သည်။

ဖောက်...

လှံက ဝေ့ဝူယင်ကို ဖောက်ထွင်းသွားခဲ့သည်။ သို့သော် သူ၏ အရှိန်က အလျှော့ပေးရန် ငြင်းဆန်နေဆဲပင်။

အံ့ဩဖွယ်ကောင်းသော ပြောင်းပြန်လှန်မှု တစ်ခုနှင့်အတူ ဝေ့ဝူယင်သည် ပဲ့ရွဲ့နေသော သူ၏ ဓားသွားကို လျင်မြန်စွာ ဝှေ့ယမ်းကာ လှံသမား၏ လည်ပင်းကို ခုတ်ပိုင်းလိုက်သည်။

တစ်ချိန်တည်းမှာပင် သူ၏ ရှေ့တိုးမှုကို တားဆီးထားသင့်သော လှံသည် ဘေးဘက်သို့ လိမ်ထွက်သွားပြီး လွင့်စင်သွားကာ ဓားသမား တစ်ဦး၏ ဘယ်ဘက် မျက်လုံးကို ကြက်သီးထဖွယ် တိကျမှုဖြင့် ဖောက်ထွင်းသွားခဲ့သည်။

ကျန်ရှိနေသော ဓားသမားက ခုန်ဝင်လာသော်လည်း ဓားသွားက ဝေ့ဝူယင်၏ ခန္ဓာကိုယ်ကို လက်မအနည်းငယ် အကွာမှ လွဲချော်သွားခဲ့သည်။

လှံသမား၏ ခေါင်းပြတ်သည် ဒုတိယ ဓားသမားအား ဝေ့ဝူယင် လုံးထွေး အနိုင်ယူလိုက်သည်ကို မြင်လိုက်ရသည်။ ထို့နောက် သူ၏ မှေးမှိန်နေသော အကြည့်တို့က အနီးအနားတွင် ပုန်းကွယ်နေသည့် လေးသမားကို မြင်တွေ့လိုက်ရသည်။ ပဲ့ရွဲ့နေသော ဆေဘာ က ထိုပုဂ္ဂိုလ်၏ လည်ပင်းတွင် နက်ရှိုင်းစွာ စိုက်ဝင်နေပြီး သွေးလွှတ်ကြောကို ခုတ်ပိုင်းထားခဲ့သည်။ သွေးများ ပန်းထွက်လာသည်နှင့်အမျှ ထိတ်လန့်မှုကြောင့် လေးသမား၏ မျက်နှာက ရှုံ့မဲ့သွားခဲ့သည်။

အမှောင်ထုက ထိုဦးခေါင်း၏ အမြင်အာရုံကို မျိုချသွားခဲ့ပြီး ပြင်းပြသော မေးခွန်းက နောက်ဆုံးအကြိမ်အဖြစ် တီးတိုး ထွက်ပေါ်လာခဲ့သည်။

'ဘယ်လိုလုပ်ပြီး...'

ဝေ့ဝူယင်၏ နောက်ဆုံး လှုပ်ရှားမှုမှာ ဒုတိယ ဓားသမား၏ နားထင်ကို ပြင်းထန်စွာ ကန်လိုက်ခြင်းပင် ဖြစ်သည်။ သူ့ကို လျင်မြန်စွာ ဖိချုပ်လိုက်ပြီး သတိလစ်သွားစေခဲ့သည်။ ချွေးနှင့် သွေးများက သူ၏ မျက်ခုံးများပေါ်တွင် ဖုံးလွှမ်းနေ၏။ ၎င်းတို့ထဲမှ အများစုမှာ သူ၏ ကိုယ်ပိုင်သွေးများ မဟုတ်ပေ။

"ဪ..."

ဝမ်းဗိုက်နှင့် လက်မောင်းတစ်လျှောက်တွင် သွေးများ တစိမ့်စိမ့် ထွက်နေသော လတ်ဆတ်သည့် ပြတ်ရှဒဏ်ရာများကို တွေ့လိုက်ရသဖြင့် သူ လက်ကို မြှောက်ရင်း ရေရွတ်လိုက်သည်။

"အလုပ်လုပ်ဖို့ လိုသေးတာပဲ..."

သွေးများ ပေကျံနေသော ဆေဘာ ဖြင့် လဲကျနေသော ရန်သူများကို သေချာစေရန် ဂရုတစိုက် ထပ်မံ စစ်ဆေးရင်း သူက မျက်နှာ ရှုံ့မဲ့ကာ ရေရွတ်လိုက်သည်။

ဝေ့ဝူယင် သက်ပြင်းချလိုက်၏။ ထို့နောက်... ရွှေရောင် တိမ်တိုက်များဖြင့် ယှက်နွယ်နေသော ဆည်းဆာ အရောင်လွှမ်းသည့် ကောင်းကင်ယံဆီသို့ မျက်လုံးများကို မော့ကြည့်လိုက်သည်။

"ငါ ဘယ်ရောက်နေတာလဲ..."

သူ ညင်သာစွာ တီးတိုး ရေရွတ်လိုက်သည်။

တိုက်ခိုက်ရေး ပညာရပ်သည် ဝေ့ဝူယင်၏ ဝိညာဉ်ထဲ၌ နက်ရှိုင်းစွာ ကိန်းအောင်းနေပေသည်။ ထိုပညာရပ်များကို ပုံရိပ်ယောင်လေ့ကျင့်မှုများနှင့် လက်တွေ့တိုက်ပွဲများမှတစ်ဆင့် သွေးကြွနေအောင် သွေးသွေးထားခဲ့၏။ တုံ့ပြန်မှုမှသည် စိတ်ပိုင်းဆိုင်ရာ ခြယ်လှယ်မှုအထိ သေမျိုးများ၏ အပြန်အလှန်ဆက်သွယ်မှု သဘောတရားများကို နားလည်သဘောပေါက်ရာတွင် သူ၏ ကျွမ်းကျင်မှုက ပြိုင်ဘက်ကင်းလှပေသည်။ သို့တိုင်အောင် ဤခန္ဓာကိုယ်ကြီးက သူ၏ အရာ မဟုတ်သကဲ့သို့ စိမ်းသက်နေဆဲပင် ဖြစ်သည်။ သူ၏ တုံ့ပြန်မှုဖြစ်စေ၊ လှုပ်ရှားမှုဖြစ်စေ ပြီးပြည့်စုံသော လုပ်ဆောင်ချက်များနှင့်အတူ အနည်းငယ်သော အားနည်းချက်များက ဒွန်တွဲနေခဲ့၏။

လှံချက်ကြောင့် ရရှိခဲ့သော လက်မောင်းနှင့် ဝမ်းဗိုက်မှ ဒဏ်ရာများသည် ခန္ဓာကိုယ်အား လုံလောက်စွာ မထိန်းချုပ်နိုင်ခြင်း၏ လက္ခဏာရပ်ပင် ဖြစ်ပေသည်။ သူသည် လှည့်စားခြင်း နည်းဗျူဟာများနှင့် ကြိုတင်မျှော်လင့်ထားမှု စွမ်းအားတို့ကို ပြီးပြည့်စုံစွာ အသုံးချခဲ့သော်လည်း၊ သူ၏ လက်မောင်းနှင့် ဝမ်းဗိုက်ကြားသို့ ဝင်လာသော လှံသွားကိုမူ မရှောင်လွှဲနိုင်ခဲ့ပေ။ ပြန်လည် စဉ်းစားကြည့်မည်ဆိုလျှင် သူသည် ဤထက် ပိုမိုဘေးကင်းသော နည်းဗျူဟာများကို အသုံးပြုနိုင်ခဲ့မည် ဖြစ်သည်။

သို့သော်လည်း အကျိုးအမြတ် အတွက် အန္တရာယ်နှင့် ရင်ဆိုင်ရမည်ကို သူ မည်သည့်အချိန်က ကြောက်ရွံ့ဖူးပါသနည်း။ ခြိမ်းခြောက်မှုများကို အမြစ်ပြတ် ချေမှုန်းနိုင်ခြင်းထက် ပို၍ကောင်းမွန်သော အကျိုးအမြတ်ဟူသည် ရှိနိုင်ပါဦးမည်လော။

"သူတို့က လူတွေလား..."

ဧဒင်က မေးမြန်းလိုက်သည်။ ဝေ့ဝူယင်သည် ဧဒင်၏ ကြယ်တာရာ အသွင် သို့မဟုတ် လျှို့ဝှက်အမြုတေကို အာရုံမခံနိုင်သော်လည်း၊ ၎င်းတို့၏ ဆက်သွယ်မှုမှာမူ နဂိုအတိုင်း ရှိနေသေးကြောင်း ထင်ရှားပေသည်။ ၎င်းက သူ၏ ခန္ဓာကိုယ်သည် အမှန်တကယ် သူ၏ ကိုယ်ပိုင်မဟုတ်ကြောင်း ညွှန်ပြနေ၏။

"သူတို့ လှုပ်ရှားတာ လူတွေနဲ့ တူတယ်..."

အိုရီက မှတ်ချက်ချလိုက်သည်။

"သူတို့က လူသားပုံစံရှိပြီး တိုက်ခိုက်ရေး ဝင်္ကပါတွေနဲ့ သိုင်းပညာအခြေခံကို နားလည်ထားတဲ့ လေ့ကျင့်သင်ကြားထားတဲ့ စစ်သည်တွေလို လှုပ်ရှားသွားကြတာ... ဒါက လူတွေမှာပဲ သီးသန့်ရှိတာ မဟုတ်ဘူး..."

ဘုရင်က ပြင်ဆင်ပြောကြားလိုက်ရာ၊ အိုရီမှာ စဉ်းစားဟန်ဖြင့် တအင်းအင်း ညည်းတွားသွားတော့သည်။ နောက်ဆုံးတွင် ထိုညည်းတွားသံများက သီချင်းငယ်လေး တစ်ပုဒ်အဖြစ်သို့ ပြောင်းလဲသွားလေ၏။

ဝေ့ဝူယင်သည် သံချပ်ကာဝတ်စုံနှင့် အရပ်မြင့်မြင့်လူထံမှ သံခမောက်ကို ချွတ်လိုက်သည်။ ထိုအခါ သေဆုံးသွားသည့်တိုင် အံ့အားသင့်မှုများ အေးခဲကျန်ရစ်နေသည့် ကျယ်ပြန့်သော မျက်လုံးတစ်စုံကို မြင်တွေ့လိုက်ရပေသည်။ ကြေးဝါရောင် အသားအရေ၊ တိုတောင်း၍ ဖရိုဖရဲဖြစ်နေသော ဆံပင်များ၊ ဖြောင့်စင်းသော နှာတံနှင့် ထူထဲသော မျက်ခုံးမွေးတို့က ထင်းနေ၏။

"ဒါက မိန်းမလား၊ ယောက်ျားလား..."

ထူးဆန်းစွာ ဝေခွဲမရဖြစ်နေသော မျက်နှာသွင်ပြင်ကို မြင်လိုက်ရသောအခါ ဝေ့ဝူယင်က အသံထွက်၍ မေးခွန်းထုတ်လိုက်သည်။

သူက သိချင်စိတ်ဖြင့် သေချာစေရန် ထိုသူ၏ ပေါင်ကြားသို့ လက်ဖြင့်စမ်းကြည့်ရန် အနီးသို့ ဆောင့်ကြောင့်ထိုင်ချလိုက်သည်။

"ဟင်း..."

သူ မတ်တတ်ရပ်လိုက်ပြီးနောက် သူ၏ဘောင်းဘီထဲသို့ လက်နှိုက်ကာ သူ၏ကိုယ်ပိုင် ပေါင်ကြားကို စမ်းကြည့်လိုက်သည်။ ရင်းနှီးကျွမ်းဝင်နေသော အိပ်မောကျနေသည့် နဂါးကို စမ်းမိလိုက်သောအခါ၊ သူသည် ချက်ချင်း မျက်မှောင်ကြုတ်သွားပြီး စဉ်းစားခန်း ဝင်သွားလေတော့သည်။

သံချပ်ကာဝတ်စုံနှင့် အရပ်မြင့်မြင့်လူတွင် မိန်းမအင်္ဂါဖြစ်စေ၊ ယောက်ျားအင်္ဂါဖြစ်စေ လုံးဝ မရှိချေ။ သူတို့သည် အမှန်တကယ် လိင်မဲ့များပင် ဖြစ်ပေသည်။ ကောင်းကင်ဘုံ နတ်မျက်လုံးများ သို့မဟုတ် ဝိညာဉ်အာရုံကို အားကိုး၍မရသောကြောင့်၊ သူသည် ခန္ဓာဗေဒဆိုင်ရာ နားလည်မှုကိုသာ အသုံးချခဲ့ရသည်။ သို့သော် သူ၏ ပျော့ခွေနေသော အလျားကို အနည်းငယ် ထပ်၍ပွတ်သပ်ရင်း ခြေရာခံလိုက်သောအခါ သူ၏ နှလုံးသားထဲတွင် မသေချာမှု မီးပွားတစ်ခု တောက်လောင်လာခဲ့၏။

"တခြားသူတွေကို စစ်ကြည့်လိုက်ဦး..."

ဧဒင်က ပြောလိုက်သည်။ လေသံအရ ၎င်းတို့သည် ဝေ့ဝူယင်၏ ခန္ဓာကိုယ်ထဲတွင် မရှိနေသော်လည်း၊ သူသာ ဖုံးကွယ်ထားလိုခြင်း မရှိပါက သူ၏ အတွေးတိုင်းကို ဧဒင်က နီးကပ်စွာ သိရှိနိုင်သေးကြောင်း ထင်ရှားနေပေသည်။

ဝေ့ဝူယင်သည် မကြာမီကမှ သေဆုံးသွားသော ရုပ်အလောင်းများကို စစ်ဆေးရန် တွေဝေမနေခဲ့ပေ။ ပို၍ အံ့သြစရာကောင်းသည်မှာ သူ ပတ်ဝန်းကျင်ကို လေ့လာကြည့်လိုက်သော်လည်း မြက်ပင်၏ အရိပ်အယောင်လေးမျှပင် မရှိဘဲ ကျိုးတိုးကျဲတဲ ပေါက်နေသော သစ်ပင်ပိန်ပိန်လေးများနှင့် ကျောက်တုံးများပြည့်နှက်နေသည့် ဒေသတစ်ခုမှလွဲ၍ မည်သူ့ကိုမျှ မတွေ့ရခြင်းပင် ဖြစ်သည်။ သံချပ်ကာနှင့် အရပ်မြင့်မြင့်လူသည် ပြင်းပြသော စိတ်ဆန္ဒဖြင့် လိုက်လံဖမ်းဆီးနေသည့် ဤလေးယောက်၏ ရန်မှ လွတ်မြောက်ရန် ဤနေရာသို့ အပြင်းအထန် ထွက်ပြေးလာခဲ့ပုံရ၏။ ဤနေရာသည် မည်သည့် စစ်မြေပြင်နှင့်မဆို အလွန် ကွာဝေးရမည် ဖြစ်ပေသည်။

သူ ခန့်မှန်းရမည်ဆိုလျှင် ဘေးရှိ အလောင်းပုံကြီးကို ကြည့်ခြင်းအားဖြင့် ဤနေရာသည် သေဆုံးသူများကို နောက်ပိုင်းတွင် မီးရှို့ရန် သို့မဟုတ် မြေမြှုပ်ရန် သတ်မှတ်ထားသော နေရာတစ်ခု ဖြစ်ပေလိမ့်မည်။ အကြမ်းဖျင်း ကြည့်လိုက်သည်နှင့် သူ၏ သံချပ်ကာသည် မည်သည့်အဖွဲ့နှင့်မျှ ဒီဇိုင်းပုံစံ တူညီမှုမရှိကြောင်း သိနိုင်ပေသည်။ ထို့ကြောင့်ပင် အရာအားလုံးကို လက်ငင်းခြိမ်းခြောက်မှုတစ်ခုအဖြစ် သတ်မှတ်ရန် မတွန့်ဆုတ်ဘဲ သူက ပြတ်ပြတ်သားသား ပြုမူခဲ့ခြင်း ဖြစ်၏။ ဤနေရာတွင် သေဆုံးခြင်းသည် သူ၏ မူလကမ္ဘာတွင် ထာဝရအိပ်စက်ခြင်း သို့မဟုတ် တည်ရှိမှု ပျောက်ကွယ်သွားခြင်း ဖြစ်သွားနိုင်ခြေမှာလည်း မဖြစ်နိုင်သည့် အရာတစ်ခုတော့ မဟုတ်ပေ။

သေဆုံးသွားသူများ၏ ရုပ်အလောင်းများနှင့် ပတ်သက်၍ သူတို့သည်လည်း တူညီစွာဖြင့် အမျိုးသား၊ အမျိုးသမီး ခွဲခြားမရသော ရုပ်သွင်ပြင်များရှိပြီး လိင်မဲ့များဖြစ်ကြောင်း ဝေ့ဝူယင် သိရှိသွားခဲ့သည်။ သို့သော် သူတို့တွင် ဖြူဖျော့သော အသားအရေရှိပြီး ကွန်ရက်ခေါင်းစွပ်များဖြင့် စည်းနှောင်ထားသော အလွန်ရှည်လျားသည့် ဆံပင်များ ရှိကြ၏။ သေဆုံးနေသည်မှာ ကြာပြီဖြစ်သော အလောင်းများကိုလည်း သူ စစ်ဆေးကြည့်ခဲ့သည်။ ၎င်းတို့သည်လည်း လိင်မဲ့များပင် ဖြစ်ကြသည်။

ဝေ့ဝူယင် သူ၏ ဘောင်းဘီထဲတွင် ခေါက်သိမ်းထားသော အိပ်မောကျနေသည့် နဂါးကို ထပ်မံ စစ်ဆေးကြည့်လိုက်ပြန်သည်။ အစောပိုင်းက သူ့ကို မျက်မှောင်ကြုတ်စေခဲ့သည့် ပြဿနာမှာ ၎င်းအရာ ရှိနေခြင်းသက်သက်ကြောင့် မဟုတ်ပေ။ ပိုးသား၊ ဝါဂွမ်းနှင့် ပိုလီစတာ စသည့် အမျိုးအစားစုံလင်လှသော စစ်မြေပြင်များစွာတွင် လှပသော ပြိုင်ဘက်များကို အောင်နိုင်ရန် သူ အသုံးပြုခဲ့သည့် သူ၏ ကိုယ်ပိုင်အစစ်အမှန် နဂါးနှင့် ကွက်တိ တူညီနေခြင်းကြောင့်ပင် ဖြစ်သည်။

"ငါ့ရဲ့ အစစ်အမှန် ဝိညာဉ်က အရင်က အလောင်းတစ်ခုဖြစ်ခဲ့တဲ့ ဒီခန္ဓာကိုယ်ရဲ့ ဖွဲ့စည်းပုံကို ပြောင်းလဲပစ်လိုက်တာ ဖြစ်ရမယ်..."

ဝေ့ဝူယင်က ကောက်ချက်ချလိုက်သည်။ ၎င်းက အစောပိုင်းတွင် သူနှင့် ရင်းနှီးကျွမ်းဝင်နေသော သိုင်းပညာများကို အဘယ်ကြောင့် လုပ်ဆောင်နိုင်ခဲ့ပြီး တိကျသော လှုပ်ရှားမှုများကို အဘယ်ကြောင့် ပြုလုပ်နိုင်ခဲ့သနည်းဆိုသည်ကို ရှင်းပြနေပေသည်။ ၎င်းက သူ၏ဝိညာဉ်နှင့် တည်ရှိမှု မူဘောင်တို့သည် ဤကမ္ဘာသစ်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း အနည်းနှင့်အများ အတည်ပြုပေးနေ၏။ ဤခန္ဓာကိုယ်သစ်ထဲသို့ ရောက်လာခြင်းပင် ဖြစ်သည်။

***

အပိုင်း(၂၄၉၄)

ဝေ့ဝူယင်က အနည်းငယ် ပဲ့နေသော ဆေဘာ၏ သွေးစွန်းနေသော ဓားသွားကို သုတ်လိုက်ပြီး သူ၏ အရိပ်ကို ပြန်မြင်ရရန် စောင်းကြည့်လိုက်သည်။ ငွေရောင် မျက်လုံးတစ်စုံကို မြင်လိုက်ရပြီး၊ သူ၏မျက်နှာမှာ အတိအကျ တူညီနေခြင်း မရှိသော်လည်း၊ ၎င်းကို သာမန်အားဖြင့် ချောမောသည်ဟု ခေါ်ဆိုရန်ပင် လုံလောက်မည် မဟုတ်ချေ။

"ငါ့ရဲ့ မက်ဂီ သွေးမျိုးဆက် ရှိနေတယ်... ဖူရှီ ပြောတာသာ မှန်မယ်ဆိုရင် မက်ဂီ တစ်ယောက်ရဲ့ အရည်အသွေးတွေကို သီးခြားဝိညာဉ်တွေထဲကို ထည့်သွင်းပေးထားတာပဲ။ ဒါကြောင့်လည်း သူတို့က အစီအစဉ်မကျဘဲ၊ အကြောင်းပြချက်မရှိဘဲ ကြယ်တွေကြားထဲမှာ ဟိုတစ်ယောက်၊ ဒီတစ်ယောက် မွေးဖွားလာကြတာကိုး။ ဖန်တီးခြင်းရဲ့ သွေးဆက်တွေပေါ့လေ..."

ဂလက်ဆီများစွာသို့ ခရီးသွားခဲ့သော်လည်း၊ ဝေ့ဝူယင်သည် သမိုင်းနှင့် ပုံပြင်များမှတစ်ဆင့်သာ သိရှိခဲ့ရသော ထာဝရ ဧကရာဇ် မှလွဲ၍ မည်သည့် မက်ဂီနှင့်မျှ တစ်ကြိမ်တစ်ခါမျှ မဆုံတွေ့ခဲ့ဖူးပေ။

ဤအချက်ကို အတည်ပြုပြီးနောက်၊ သူသည် ထပ်မံစုံစမ်းရန် ဆုံးဖြတ်လိုက်သည်။ သေဆုံးသူများ၏ ပိုင်ဆိုင်မှုများကို သူ ရှာဖွေကြည့်ရာ ဓားလက်နက်တစ်ခုနှင့် ဆက်သွယ်ထားသော သံကြိုးအချို့ကို တွေ့ရှိခဲ့ရ၏။ အနန္တ ကုန်းမြေတိုက်ကြီး အတွင်းရှိ ပုံပြင်များအရ၊ ဤလက်နက်သည် အလေးချိန်မပါသော ကူဆာရီဂါမီနှင့် အလွန်ဆင်တူပေသည်။ ထိုသံကြိုးကို ယာယီ လက်ထိပ်အဖြစ် အသုံးပြုကာ၊ သတိလစ်နေသော သံချပ်ကာဝတ်အား အဝတ်အစားများ အားလုံး ချွတ်ပစ်လိုက်ပြီး၊ သူ၏ လက်များနှင့် ခြေထောက်များကို နောက်ပြန်ကြိုးတုပ်လိုက်သည်။ တင်းကြပ်စွာ ချည်နှောင်ထားကြောင်း သေချာစေပြီးနောက်၊ ထိုသူ၏ သွေးထွက်နေသော နှာခေါင်းနှင့် မျက်နှာအမူအရာကို သူ ကြည့်လိုက်၏။

သူတို့သည် လူသားများ ဟုတ်မဟုတ် ပြောရခက်ပေသည်။ အဘိဿဲများ၊ အယ်ဗန်များ၊ ကောင်းကင်မျိုးနွယ်များနှင့် တိုက်တန်များအပြင် နတ်ဆိုးများပင်လျှင် လူသားများနှင့် သိသိသာသာ ဆင်တူကြ၏။ ၎င်းသည် လူသားပုံစံရှိသော အခြားမျိုးနွယ် သို့မဟုတ် မျိုးစိတ်တစ်ခု ဖြစ်နိုင်သည်။ ၏

ဖြန်း...

ဝေ့ဝူယင်သည် သံချပ်ကာဝတ်အား ပါးရိုက်လိုက်သည်။ သို့သော် နာကျင်စွာ ညည်းတွားသံက ၎င်းတို့ကို နိုးလာစေပုံ မပေါ်ချေ။ မျက်မှောင်ကြုတ်လျက် ဝေ့ဝူယင်က နောက်တစ်ချက် ထပ်ရိုက်လိုက်သည်။

ဖြန်း...

သွားအချို့ လွင့်စင်ထွက်သွားသည်။ ပြင်းထန်သော နာကျင်မှုကြောင့် အသက်လုရှူရင်း ညည်းတွားသံတစ်ခု ထွက်ပေါ်လာကာ၊ နာကျင်မှုနှင့် အမုန်းတရားတို့ကို သယ်ဆောင်ထားသည့် မျက်လုံးနှစ်လုံးမှာ အံ့သြမှုနှင့်အတူ ပြူးကျယ်လာခဲ့၏။

ဝေ့ဝူယင်သည် သူ့ လက်ကို ကြည့်လိုက်ပြီးနောက် သူ့ နှလုံးသားပေါ်သို့ ဖြည်းညင်းစွာ တင်လိုက်သည်။

'ဒီခန္ဓာကိုယ်က တဖြည်းဖြည်း ပြောင်းလဲလာနေပြီး ကပြားတစ်ယောက်ရဲ့ အရည်အသွေးတွေကို ပြန်လည်ရရှိနေပြီ။ ငါ့ရဲ့ ခွန်အားတွေလည်း နည်းနည်း တိုးလာနေတယ်...'

ခရာတိုနှင့် အတူ အစစ်အမှန်နဂါး သွေးမျိုးဆက်တို့ ပေါင်းစပ်ထားသည့် ကပြားတစ်ယောက်အနေဖြင့်၊ ဝေ့ဝူယင်၏ ဝိညာဉ်နှင့် တည်ရှိမှု မူဘောင်တို့သည် အစစ်အမှန်နဂါးတစ်ကောင်၏ အရည်အသွေးများကို ရရှိရန် ဆင့်ကဲပြောင်းလဲလာခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ဝူယု ကဲ့သို့ ခန္ဓာကိုယ် ပျက်စီးသွားပြီး ပြန်လည်မွေးဖွားခြင်းကို ဖြတ်သန်းရန် ဖိအားပေးခံရမည်ဆိုလျှင်၊ သူသည် ကပြားတစ်ဦးအဖြစ် ပြန်လည်ရှင်သန်လာမည် သာမက၊ ဧဒင်၏ နတ်ဆိုးဆန်သော အရည်အသွေးများကိုလည်း ထိန်းသိမ်းထားနိုင်မည် ဖြစ်ပြီး သူ၏ ကြယ်တာရာ စံပြ ခန္ဓာကိုယ်သည်လည်း ဆက်လက် တည်ရှိနေဦးမည် ဖြစ်သည်။

ယန်ပြန်လည်ပြည့်ဖြိုးခြင်း ခန္ဓာကိုယ်ရှိသော လူတစ်ဦးသည် အသတ်ခံရပြီး ပြန်လည်ရှင်သန်လာပါက၊ သူ၏ ယန်ပြန်လည်ပြည့်ဖြိုးခြင်း အမတေမှာ ရှိနေဆဲဖြစ်မည်ဟူသော အချက်နှင့် ဆင်တူပေသည်။ တစ်ခုတည်းသော ရလဒ်မှာ သိသိသာသာ အားနည်းသော အခြေအနေသို့ ရောက်ရှိသွားပြီး အနိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားကာ မူလခွန်အားနှင့် အရည်အသွေးများအား ပြန်လည်ရရှိရန် အတွက် မရပ်မနား ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ရန် လိုအပ်ခြင်းပင် ဖြစ်သည်။

သံချပ်ကာဝတ်သည် သေဆုံးရမည်ကို ဖြစ်စေ၊ နှိပ်စက်ခံရမည်ကို ဖြစ်စေ ကြောက်ရွံ့ခြင်း အလျဉ်းမရှိဘဲ သူ့အား စိုက်ကြည့်နေ၏။

"မင်းရဲ့ သစ္စာစောင့်သိမှုနဲ့ ပတ်သက်နေတဲ့ ရှုပ်ထွေးတဲ့ မေးခွန်းတွေကို မေးဖို့ ငါ့မှာ ရည်ရွယ်ချက် မရှိဘူး။ မင်း စိတ်ကူးနဲ့တောင် ထင်မှတ်မထားနိုင်တဲ့ နည်းလမ်းတွေနဲ့ ငါ မင်းကို နှိပ်စက်နိုင်တယ်။ ဒါမှမဟုတ် ငါ့ရဲ့ ရိုးရှင်းတဲ့ မေးခွန်းတွေကို မင်း ဖြေလိုက်ရင် မင်းကို မြန်မြန်ဆန်ဆန်နဲ့ နာကျင်မှုမရှိတဲ့ သေဆုံးခြင်းကို ငါ ပေးမယ်..."

ဝေ့ဝူယင်သည် အရေးကြီးသော သတင်းအချက်အလက်များကို ထုတ်ယူရန် အချိန်မဖြုန်းချင်ခဲ့ပေ။ သူသည် အလွန်အခြေခံကျသော သတင်းအချက်အလက်များကိုသာ လိုအပ်သောကြောင့်၊ ဤသဘောတူညီချက်သည် သူတို့နှစ်ဦးစလုံးအတွက် အကောင်းဆုံး ဖြစ်ပေသည်။

သို့သော် သံချပ်ကာဝတ်၏ မျက်လုံးများထဲမှ တွေဝေမှုနှင့် အံ့အားသင့်မှု အရိပ်အယောင်များက အတော်လေး ထူးဆန်းနေ၏။

"မင်း နားလည်လား..."

ဝေ့ဝူယင်က မေးလိုက်၏။

သံချပ်ကာဝတ် သူ့ကို စိုက်ကြည့်နေဆဲပင် ဖြစ်သည်။

"သူ ခင်ဗျား ပြောတာကို နားမလည်ဘူး..."

ဧဒင်က မှတ်ချက်ချလိုက်သည်။

ထိုလူ၏ မျက်နှာအမူအရာကို မြင်ပြီးနောက် ဝေ့ဝူယင်သည်လည်း ဤအချက်ကို သဘောပေါက်သွားခဲ့သည်။ သူသည် သေမျိုး ဘာသာစကားကို အသုံးပြုနေခဲ့ခြင်း ဖြစ်၏။ ၎င်းသည် ကျင့်ကြံသူများအတွက် စကြာဝဠာသုံး ဘုံဘာသာစကားနှင့် ခြားနားမှု မရှိပေ။ ကျင့်ကြံသူတိုင်းက... အမ်...

"သူတို့က ကျင့်ကြံသူတွေ မဟုတ်ဘူး..."

ဧဒင်က ပြောလိုက်၏။

ထိုစကားကြောင့် ဝေ့ဝူယင်သည် မျက်လုံးလှန်ပစ်ချင်စိတ် ပေါ်လာခဲ့၏။ သူတို့သာ ကျင့်ကြံသူများ ဆိုလျှင် သူသည် အကြိမ်ပေါင်းများစွာ သေဆုံးနေလောက်ပြီ ဖြစ်သည်။

"လျှို့ဝှက် ဘာသာစကားကို စမ်းကြည့်... လျှို့ဝှက် ဘာသာစကားကို စမ်းကြည့်လေ..."

အိုရီက စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။

ဝေ့ဝူယင်က စိတ်ထဲမှ သက်ပြင်းချလိုက်သော်လည်း လျှို့ဝှက် ဘာသာစကားဖြင့် ပြန်မေးလိုက်သည်။ စစ်မြေပြင်သို့ သူ ပထမဆုံး ရောက်ရှိလာစဉ်က ဆက်သွယ်ရန်အတွက် လျှို့ဝှက် ဘာသာစကားကိုသာ အသုံးပြုခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် သေမျိုး ဘာသာစကားသည် စကြာဝဠာသုံး ဖြစ်သော်လည်း၊ လူမှုအသိုင်းအဝိုင်းများတွင် မလိုအပ်သော ကွဲပြားမှုများစွာ ရှိနေသောကြောင့် လက်တွေ့တွင် ယင်းကို လျစ်လျူရှုထားနိုင်၍ ဖြစ်သည်။ သို့သော် လျှို့ဝှက် ဘာသာစကားကိုမူ လျှို့ဝှက် ရည်ရွယ်ချက်မှတစ်ဆင့် အလိုအလျောက် သင်ယူနိုင်သောကြောင့် လျှို့ဝှက် အာဏာရှင်များ အားလုံးက ၎င်းကို ရှင်းလင်းစွာ နားလည်ကြပေသည်။

ကံမကောင်းစွာဖြင့် သံချပ်ကာဝတ်သည် လျှို့ဝှက် ဘာသာစကားကိုလည်း နားမလည်နိုင်ခဲ့ပေ။

ဝေ့ဝူယင်သည် အနန္တ ကုန်းမြေတိုက်ကြီး အတွင်းရှိ သူ၏ သေမျိုး ဒေသန္တရစကားကိုပင် အသုံးပြုကြည့်ခဲ့သေးသော်လည်း၊ ၎င်းမှာလည်း သူ မျှော်လင့်ထားသလိုပင် အသုံးမဝင်ခဲ့ချေ။

"ဘာသာစကား အခက်အခဲ ရှိနေတယ်ပေါ့လေ..."

ဝေ့ဝူယင် ကျိန်ဆဲချင်စိတ် ပေါ်လာခဲ့သည်။

သူ သွေးရောင်လွှမ်းနေသော ကောင်းကင်နှင့် ရွှေရောင် တိမ်တိုက်များကို မော့ကြည့်လိုက်၏။ ထို့နောက် သူ၏ ပဲ့နေသော ဆေဘာကို ဆွဲထုတ်လိုက်ပြီး ဤသူအား အဆုံးစီရင်ရန် ပြင်ဆင်လိုက်သည်။

"စောင့်... စောင့်ပါဦး... ကျွန်တော် နားလည်အောင် ကြိုးစားနေပါတယ်... မလုပ်ပါနဲ့..."

ရုတ်တရက် သံချပ်ကာက သူ့ကို အသက်ချမ်းသာပေးရန် အော်ဟစ် တောင်းပန် လာလေသည်။

"..."

ဝေ့ဝူယင်၊ ခရာတို၊ အိုရီ၊ ဘုရင်၊ ဧဒင်၊ ဖီဆန်လေး နှင့် ဒြပ်စင် တို့အားလုံး ဆွံ့အသွားကြသည်။ သူ၏ လက်ထဲရှိ ဆေဘာသည် တုံ့ပြန်ဟစ်ကြွေးနေသည့်အလား အနည်းငယ် တုန်ခါသွား၏။ သူတို့အားလုံး ထိုစကားကို နားလည်ကြပေသည်။

ပြဿနာမှာ...

"အဲဒါ ဘာဘာသာစကားလဲ..."

ဝေ့ဝူယင်က မေးလိုက်၏။ ထိုဘာသာစကား၏ ဇာစ်မြစ်ကို သူ အဓိပ္ပာယ် မဖော်နိုင်သော်လည်း၊ သူသည် စကားလုံး တစ်လုံးချင်းစီကို နားလည်ရုံသာမက ပြောဆိုလိုက်သော စကားလုံးတိုင်း၏ အနက်အဓိပ္ပာယ်ကိုပါ သဘောပေါက်နားလည်နေပေသည်။

"ငါ... ဘာမှ မသိဘူး..."

ဧဒင်က စဉ်းစားသည့် ပုံစံဖြင့် ဆိုလေသည်။

"ဟီးဟီး... တကယ့်ကို ထူးဆန်းတဲ့ ဘာသာစကားပဲ..."

အိုရီက အာမေဍိတ်သံဖြင့် ပြောလိုက်သည်။

"မက်ဂီ တစ်ယောက်ဖြစ်ရတာ ထူးဆန်းတယ်..."

ဘုရင်က မှတ်ချက်ချလိုက်သည်။

မက်ဂီ တစ်ယောက်အနေဖြင့် ဝေ့ဝူယင်သည် သီအိုရီအရ ဘာသာစကားအားလုံးကို နားလည်နိုင်ပေသည်။ ဤနည်းဖြင့်ပင် သူသည် စုရီ ပြောဆိုခဲ့သော လျှို့ဝှက် ဘာသာစကားနှင့် အသက်နှင့် သေဆုံးခြင်း ဘာသာစကားတို့ကို နားလည်ခဲ့ခြင်း ဖြစ်သည်။ သူ၏ နားလည်နိုင်စွမ်းသည် အလွန်အမင်း တိကျလွန်းလှသဖြင့် သေမျိုး အခြေအနေ၌ပင် အချိန်မြစ်နှင့် ကောင်းကင်တာအိုများကို ဝိုးတဝါး နားလည်နိုင်ပေသည်။

သို့သော် ဤဘာသာစကားကိုမူ သူ တစ်ခါမျှ မကြားဖူးခဲ့ချေ။

"မင်း အဲဒါကို မမှတ်မိဘူးလား..."

ရုတ်တရက် ဝေ့ဝူယင်၏ ဒုတိယ စိတ်က ဝင်ပြောလိုက်လေ၏။

***

All Chapters