← Chapters

အခန်း (၂၄၉၇-၂၄၉၈)

Vol. 179 Ch. 2497-2498

အခန်း (၂၄၉၇-၂၄၉၈)

Vol. 179 Ch. 2497-2498

အပိုင်း(၂၄၉၇)

စူးဟောင်ရန် သည် အထွတ်အထိပ် လျှို့ဝှက်လောကအဆင့် ပစ္စည်းများဖြင့် ပြုလုပ်ထားသော ခမ်းနားသည့် သစ်သားပလ္လင်တစ်ခုပေါ်တွင် ထိုင်နေခဲ့၏။ သူသည် ဘဲဥပုံ မှန် ခြောက်ချပ်ဖြင့် ဝန်းရံခံထားရကာ၊ အလယ်ဗဟိုတွင်တော့ အနက်ရောင် ပိုးသားဖြင့် ခပ်လျော့လျော့ ရစ်ပတ်ထားသော ဥတစ်လုံးနှင့်တူသည့် တောက်ပသော စိမ်းပြာရောင် အလင်းတန်းများ ထွက်ပေါ်နေသော စက်လုံးကြီးတစ်ခု ရှိနေသည်။

ထိုအထွတ်အထိပ် အရှင်သခင်၏ ခန့်မှန်းရခက်သော တည်ရှိမှုသည် လျှို့ဝှက်ဆန်းကြယ်ခြင်း၏ အထွတ်အထိပ်နှင့် ကောင်းကင်၏ ခမ်းနားကြီးကျယ်မှုတို့ကို ထုတ်လွှင့်နေ၏။ သူ၏ မျက်လုံးများသည် ဒေါသကြောင့် လောင်ကျွမ်းနေသော ဝိညာဉ် တောက်ပမှုဖြင့် အခန်းတစ်ခုလုံးကို လင်းလက်စေခဲ့၏။ သို့သော်... ဘဲဥပုံ မှန်များ တစ်ခုစီမှလည်း အနည်းငယ်မျှပင် မယုတ်လျော့သော အော်ရာ တစ်ခုစီ ခုန်ပေါက်နေပေသည်။

"..."

မှန်တစ်ချပ်တွင် ပေါ်လွင်နေသူမှာ စုရီ အနိုင်ယူခဲ့သော ရိုးရွဲ သူတော်စင် ယန်ကျိ ပင် ဖြစ်သည်။ ကျင့်ကြံထားသည့် ကိုယ်ပွားတစ်ခုကို ဆုံးရှုံးလိုက်ရသော်လည်း သူသည် မည်သည့် ဒေါသကိုမျှ ထုတ်ဖော်ပြသခြင်း မရှိဘဲ တည်ငြိမ်သော လျစ်လျူရှုမှုတစ်ခုကိုသာ ပြသနေ၏။

အခြားမှန်တစ်ချပ်တွင် ပြသနေသူမှာ ရိုးရွဲ သူတော်စင် ယွီရှီ ဖြစ်ပြီး၊ သူမ၏ ဖီးနစ်ပုံစံ အဇူရာ မျက်လုံးများသည် မေ့ဖျောက်၍ မရနိုင်လောက်အောင်ပင် ဆွဲဆောင်မှု ရှိလှ၏။

"ရိုးရွဲ သူတော်စင် စူး.. ဒါက လိုအပ်လို့လား..."

ရိုးရွဲ သူတော်စင် ယွီရှီက ပြတ်သားစွာ မေးမြန်းလိုက်သည်။

"လိုအပ်လို့လား... ဟုတ်လား..."

စူးဟောင်ရန်က သူ၏ ဒေါသကို ခဲယဉ်းစွာ ထိန်းချုပ်ထားရင်း၊ လှောင်ပြောင်သည့် အပြုံးဖြင့် ရယ်မောလိုက်သည်။

သူ၏ မျက်လုံးများသည် အခြားသော မှန်လေးချပ်ကို လေ့လာစောင့်ကြည့်နေ၏။ သူတို့အားလုံးသည် ရိုးရွဲ သူတော်စင် များ ဖြစ်ကြပြီး၊ သူတို့ထဲတွင် ထုတ်ယူခြင်း မိုးကုပ်စက်ဝိုင်း မျှော်စင် မှ ရိုးရွဲ သူတော်စင် ရှီဇီ၊ လူပျော်လေးများ မုဆိုးသမဂ္ဂ မှ ပျော်ရွှင်ခြင်း အရိပ် အရှင်သခင် နှင့် ကောင်းကင်ရှန့်ထို မိုးကြိုးကောင်းကင် တို့ ပါဝင်ကြသည်။

သူတို့အားလုံးသည် စုရီ ၏ ရလဒ်အပေါ် ရင်းနှီးမြှုပ်နှံထားသော ရိုးရွဲ သူတော်စင် များ ဖြစ်ကြပေသည်။ ဆဋ္ဌမမြောက် မှန်တွင်မူ အနက်ရောင် ပိုးသားဝတ်ရုံနှင့် အရိုးရောင် ပင့်ကူ မျက်နှာဖုံးကို တပ်ဆင်ထားကာ၊ ကျောချမ်းဖွယ်ရာ အနီရဲရဲ မျက်လုံးများရှိသည့် သွယ်လျသော ခန္ဓာကိုယ်ပိုင်ရှင် အရပ်မြင့်မြင့် အမျိုးသမီးတစ်ဦး၏ ပုံရိပ်ကို ပြသထား၏။

သူမကို လူတိုင်းက မဟူရာ မုဆိုး အရှင်သခင်မ ဟု သိကြပေသည်။ ပင့်ကူမျိုးနွယ်များ သည် အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ အတွင်းတွင်သာ လှုပ်ရှားကြသည် မဟုတ်ပဲ သန့်စင်သော ကံကြမ္မာ ဟင်းလင်းပြင် တစ်ခွင်တွင် အခြေစိုက်စခန်းများ ရှိကြသည်။

ဂိုလိုင်ယက်ငှက် အရှင်သခင် သည် အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ အတွင်း နေထိုင်သော အရှင်သခင် တစ်ဦးသာ ဖြစ်၏။ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ သည် အသက်မွေးဝမ်းကျောင်းနှင့် ကူးသန်းရောင်းဝယ်ရေး အချက်အချာကျသော နေရာတစ်ခု ဖြစ်သော်လည်း အဂ္ဂိရတ် တာအိုကိုသာ အလေးထားကြသူများ ဖြစ်သည်။ အထွတ်အထိပ် တည်ရှိမှုများ အကြား အာဏာပြိုင်ဆိုင်မှုအတွက် သက်ဆိုင်မှု မရှိလှပေ။

အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီရှိ ၎င်းတို့၏ ဌာနချုပ်သည် သန့်စင်သော ကံကြမ္မာ ဟင်းလင်းပြင် တွင် အားအနည်းဆုံး ဖြစ်သည်။ ဤအမျိုးသမီးကို အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ အတွင်း မကြာမီက ဖြစ်ပျက်ခဲ့သော သို့မဟုတ် ဖြစ်ပျက်နေသော ရှုပ်ထွေးလှသည့် အဖြစ်အပျက်များကို ကိုင်တွယ်ဖြေရှင်းရန် ဌာနချုပ်မှ စေလွှတ်လိုက်ခြင်း ဖြစ်သည်။ အရေးအကြီးဆုံး အဖြစ်အပျက်မှာ တပ်ဖွဲ့တစ်ခုလုံး ဖျက်ဆီးခံလိုက်ရခြင်းဖြစ်၏။ ၎င်းက သူတို့၏ သူလျှိုလုပ်ခြင်း သို့မဟုတ် သတင်းအချက်အလက် စုဆောင်းခြင်း စွမ်းရည်ကို ပြင်းထန်စွာ ထိခိုက်စေခဲ့ပေသည်။ ဤသည်က သူမ စူးဟောင်ရန်ကို ဒေါသထွက်ရခြင်း၏ အကြောင်းရင်းပင် ဖြစ်၏။

စူးဟောင်ရန်၏ ပြန်လည် ဒေါသထွက်နေသော အခြေအနေကို တွေ့မြင်လိုက်ရသောအခါ ရိုးရွဲ သူတော်စင် ယွီရှီသည် သက်ပြင်းချလိုက်၏။ ဤအရာအားလုံးသည် မလိုအပ်ဘဲ ဟန်ဆောင်ပြသနေခြင်းသာ ဖြစ်သည်ဟု သူမ ခံစားရ၏။

ထိုနေ့က စုရီ အပေါ် တိုက်ခိုက်ရာတွင် ပျော်ရွှင်ခြင်း အရိပ် အရှင်သခင် ၏ တားဆီးခြင်းကို ခံခဲ့ရသော ကောင်းကင်ရှန့်ထို မိုးကြိုးကောင်းကင် က ဒေါသများ ရောယှက်နေသည့် ကြမ်းတမ်းသော လေသံဖြင့်...

"ကောင်းကင်ရှန့်ထို အာရုဏ်ဦး ရဲ့ အမှန်တရားနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို အစကတည်းက ထုတ်ဖော်ခဲ့တာ မင်းရဲ့ လူတွေပဲလေ... စက်ဆုပ်ဖွယ် ကောင်းကင် အရှင်သခင် ကလည်း အမှန်တရားကို အတည်ပြုပြီးပြီ... မင်း ဘာကို ကာကွယ်နေတာလဲ..."

အလယ်ဗဟိုရှိ တောက်ပနေသော စက်လုံးသည် အကြိမ်အနည်းငယ် လင်းလက်သွား၏။ လုံရှီယာ ၏ ဝိုးတဝါး ဝိညာဉ်ပုံရိပ်သည် ၎င်းအတွင်း၌ ရှိနေပေသည်။

သူ၏ ပုံရိပ်မှ ထုတ်လွှတ်နေသော ဝိုးတဝါး ဖျက်ဆီးခြင်း အော်ရာ အရ၊ သူသည် လျှို့ဝှက် ပြစ်ဒဏ်တစ်ခုမှ အသက်ရှင်လွတ်မြောက်လာခဲ့ကြောင်း ထင်ရှားနေ၏။

လွန်ခဲ့သည့် ရက်ပိုင်း အတွင်း ဝေ့ဝူယင်သာ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ အတွင်း ရှိနေမည်ဆိုလျှင်၊ ဂလက်ဆီ နယ်စပ်အလွန် နတ္ထိဟင်းလင်းပြင် ရှိ လျှို့ဝှက်နယ်မြေ တစ်ခုအတွင်း ဖြစ်ပွားခဲ့သော လျှို့ဝှက် ပြစ်ဒဏ်ကို သတိပြုမိပေလိမ့်မည်။

ထို့အပြင် သူသာ ကောင်းကင်စစ်ပွဲ နယ်မြေ အတွင်း ရောက်ရှိ မသွားခဲ့ပါက လျှို့ဝှက် ကျိန်စာ ကျိန်ဆိုမှုတစ်ခု ကျိုးပျက်သွားခြင်းနှင့် ၎င်းအတွင်းရှိ ကမ္မဆိုင်ရာ ဆက်နွယ်မှုများကိုလည်း အာရုံခံမိပေလိမ့်မည်။

ကံမကောင်းစွာဖြင့်...

သူသည် အရာ အားလုံးကို လွဲချော် သွားခဲ့ပြီ ဖြစ်သည်။

လုံရှီယာသည် သူနှင့် ပြုခဲ့သည့် လျှို့ဝှက် ကျိန်စာကို ချိုးဖောက်ခဲ့ရုံသာမက ကောင်းကင်ပြစ်ဒဏ်မှလည်း အသက်ရှင် ကျန်ရစ်ခဲ့ပေသည်။

သူတော်စင် မိုးကြိုးကောင်းကင်က စူးဟောင်ရန်ကို စိုက်ကြည့်လိုက်၏။

"မင်းတို့ရဲ့ ကောင်းကင်ရှန့်ထို က လူလိမ်ပဲ... တကယ်တော့ သူက အထွတ်အထိပ် ကောင်းကင် ရတနာ တွေနဲ့ အတုအယောင် တန်ခိုးရှင် အဆောင် တွေကို လိုတာထက်ပိုပြီး အားကိုးပြီးတော့ အနိုင်ယူလို့မရတဲ့၊ လျှို့ဝှက်ဆန်းကြယ်တဲ့ ပုံရိပ်တစ်ခုကို ဖန်တီးထားတဲ့ လျှို့ဝှက် အာဏာရှင်များ အဆင့် လူငယ်လေးတစ်ယောက်ပဲ... မင်းတို့အားလုံးက သူ ဒီဂလက်ဆီကို ပိုင်တဲ့အတိုင်း လမ်းလျှောက်နေတာကို ခွင့်ပြုပြီး အရူးတွေလို သူ့ရဲ့ ကစားကွက်ထဲ ပါသွားကြတာ"

"နောက်ပြီး သူက ပင့်ကူမျိုးနွယ်တွေ ကိုလည်း စော်ကားခဲ့တယ်... ငါတို့ ဂလက်ဆီထဲမှာရှိတဲ့ သူတို့ရဲ့ အခြေစိုက်စခန်းကို တိုက်ခိုက်ပြီး ကျင့်ကြံသူ သန်းပေါင်းများစွာကို ဒုက္ခိတ ဖြစ်စေခဲ့တယ်... သူက တကယ်ပဲ အနိုင်ယူလို့မရဘူးလို့ ထင်နေတာလား..."

"..."

တရားဥပဒေ ထိန်းသိမ်းသူ ရှီဇီ သည် ဤအရာအားလုံး ဖြစ်ပျက်နေသည်ကို တိတ်ဆိတ်စွာသာ စောင့်ကြည့်နေနိုင်ခဲ့သည်။ သူ ဤနေရာသို့ ရောက်နေရခြင်းမှာ စူးဟောင်ရန် နှင့် လော့နင် တို့ကြောင့်ပင် ဖြစ်၏။ အထူးသဖြင့်လော့နင်က သူ့ထံသို့ တိတ်တဆိတ် ချစ်ကြည်ရင်းနှီးမှု အမှတ်အသားဖြစ်သည့် ကျေးဇူးတင်လွှာ (လာဘ်ငွေ) တစ်ခု ပေးပို့ခဲ့သည်။

သူသည် အသစ်တက်လှမ်းလာသော ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် နှင့် ဆက်ဆံရေး တည်ဆောက်လိုပြီး၊ သူ၏ ငယ်ရွယ်သော ဇနီးသည်ကလည်း အဆင့်နိမ့် သို့မဟုတ် ထို့ထက်မြင့်သော အရည်အသွေးရှိသည့် သူတော်စင် နိုးထခြင်း ဆေးရည် တစ်ပုလင်း ရရှိရန် ပူဆာနေသောကြောင့် ထိုကောင်းသော ရည်ရွယ်ချက်များကို ငြင်းပယ်မည့်သူ မဟုတ်ချေ။

သူသည် ရိုးရွဲ သူတော်စင် တစ်ဦး ဖြစ်သော်လည်း၊ ပြီးပြည့်စုံသော ထုတ်ကုန်များ၊ အထူးသဖြင့် အထွတ်အထိပ် လျှို့ဝှက်ကမ္ဘာ အဆင့် ထုတ်ကုန်များကို ရရှိရန် ခက်ခဲနေဆဲပင် ဖြစ်သည်။

ထိုသို့ဖြစ်လင့်ကစား... သူသည် စူးဟောင်ရန် ကို တိတ်ဆိတ်စွာသာ ထောက်ခံပေးနိုင်ခဲ့သည်။ ဤဖွင့်ချမှုကြောင့် သူကိုယ်တိုင်ပင် အံ့အားသင့်ခဲ့ရ၏။ အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထို သည် လျှို့ဝှက် အာဏာရှင် တစ်ဦးဖြစ်ပြီး အံ့မခမ်း စွမ်းအားများကို ထုတ်ဖော် ပြသရန် အထွတ်အထိပ် ကောင်းကင် ရတနာ အမြောက်အမြားကို အလွန်အမင်း အားကိုးနေရကြောင်း သူ သိရှိထားသော်လည်း၊ လျှို့ဝှက် ကြယ်တာရာ အဆင့် တွင်သာ ရှိနေနိုင်သေးသည့် လူငယ်လေးတစ်ယောက် ဖြစ်မည်ဟုမူ သူ မသိခဲ့ချေ။

ဝေ့ဝူယင်၏ အသက်နှင့် အခြားအရာများမှာ ဟိုးယခင်တည်းက ပေါက်ကြားခဲ့ပြီး ဖြစ်သော်လည်း၊ သူသည် အသက် တစ်ရာခန့်သာ ရှိသေးသည့် လျှို့ဝှက် ကြယ်တာရာ အဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်မည်ဟု မည်သူက ယုံကြည်မည်နည်း။ မည်သူက ယုံနိုင်ပါမည်နည်း။

သို့သော်... လုံရှီယာသည် သူ့ကို အပြည့်အဝ မြင်တွေ့ခဲ့ရသည်။ သူသည် ထာဝရ တာအို နှင့် အဓိက အာဏာ ခြောက်ခု၏ အရည်အသွေးများ ထည့်သွင်းထားသော နယ်မြေတစ်ခု ဖန်တီးရန် အတုအယောင် တန်ခိုးရှင် အဆောင် များကို အားကိုးခဲ့ကာ၊ ပြင်ပ ဝိညာဉ်စွမ်းအင် အရင်းအမြစ်တစ်ခုကိုလည်း ပိုင်ဆိုင်ထားကြောင်း သိရှိခဲ့၏။

လုံရှီယာ ၏ အဆိုအရ ဤအရာအားလုံးသည် ဝေ့ဝူယင် ၏ အဆင့်အတန်းကို အထွတ်အထိပ် တည်ရှိမှုများ ၏ အဆင့်အထိ မြှင့်တင်ရန် ဒီဇိုင်းထုတ်ထားခြင်း ဖြစ်သော်လည်း၊ ထိုတိုက်ခိုက်မှုကိုမူ ပြန်လည် ပုံတူကူး၍ မရနိုင်ချေ။

ပုံမှန်အားဖြင့် ဤအရာသည် အရေးမကြီးသော်လည်း၊ သူသည် အစောပိုင်းက အာရပ်နစ် ပင့်ကူမျိုးနွယ်များ ကို စော်ကားခဲ့၏။ အာရပ်နစ်များသည် ကိုယ်ပိုင် နည်းလမ်းများဖြင့် သူတို့သည် သူ၏ အသက်၊ ကျင့်ကြံခြင်း နှင့် သူ၏ စွမ်းအားများ အတည်ပြုခဲ့ရုံသာ မက ဤကဲ့သို့သော စော်ကားမှုကို အပြစ်ပေးခြင်း မရှိဘဲ လွှတ်ထားရန် ရည်ရွယ်ထားပုံလည်း မရချေ။

***

အပိုင်း(၂၄၉၈)

"အနိုင်ယူလို့မရဘူး ဟုတ်လား..."

သူတော်စင် မိုးကြိုးကောင်းကင်၏ စကားကို စူးဟောင်ရန် က လှောင်ပြောင်သည့် ဟန်ဖြင့် နှာခေါင်းရှုံ့လိုက်၏။

"ဒီလူငယ်လေးက မိုးကုပ်စက်ဝိုင်း မျှော်စင်တွေ နဲ့ ငါတို့ ဂလက်ဆီ ကို အကြံအစည်နဲ့ လုပ်ခဲ့တယ် ဆိုရင်တောင်မှ၊ ဘာဖြစ်လဲ..."

"ဘာဖြစ်လဲ ဟုတ်လား..."

သူတော်စင် မိုးကြိုးကောင်းကင် က အေးစက်စွာ မေးခွန်းထုတ်လိုက်သည်။

"အေး... ဘာဖြစ်လဲ..." စူးဟောင်ရန် က ပြန်လည် တုံ့ပြန်လိုက်သည်။

"သူက အသက်တစ်ရာကျော်ပဲ ရှိသေးတဲ့ ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် တစ်ယောက်ပဲ... မင်းတို့ကိုယ်တိုင် ပြောခဲ့တာပဲ၊ သူက သန့်စင်သော ကံကြမ္မာ ဟင်းလင်းပြင် တစ်ခုလုံးမှာရှိတဲ့ ဘယ်လူငယ်ကိုမဆို ကျော်လွန်နိုင်တဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်လို့။ ပြီးတော့ မင်းတို့က သူ့ကို အရေးယူချင်တယ်ပေါ့။ သူ့ဆီမှာ အတုအယောင် တန်ခိုးရှင် အဆောင် တွေ ရှိနိုင်တယ်... နောက်ပြီး သူ့ရဲ့ မိခင် ဂလက်ဆီ ဖြစ်တဲ့ ကြယ်တစ်ပွင့် ဂလက်ဆီ က တန်ခိုးရှင် ကျောက်လုံ ရဲ့ သွေးမျိုးဆက် လည်း ရှိနိုင်တယ်။ ဒါကြောင့် သူ့ကိုယ်သူ ကာကွယ်ဖို့ နည်းလမ်းမရှိတာ မဟုတ်ဘူး။ မင်းတို့ ဘာလုပ်ဖို့ မျှော်လင့်ထားလဲ..."

"..."

ရိုးရွဲ သူတော်စင် ယန်ကျိ၊ သူတော်စင် ယွီရှီ နှင့် တရားဥပဒေ ထိန်းသိမ်းသူ ရှီဇီ တို့သည် မဟူရာ မုဆိုး အရှင်သခင်မ ၏ မှန်ဆီသို့ လှည့်ကြည့်လိုက်ကြသည်။ သူတို့၏ အကြည့်များအားလုံးက "သူပြောတာ မှန်တယ်" ဟူသော စကားလုံး နှစ်လုံးကိုသာ ဆိုလိုနေပေသည်။

ဖော်ထုတ်နိုင်သည်ဖြစ်စေ၊ မဖော်ထုတ်နိုင်သည်ဖြစ်စေ... အချက်အလက်များအရ ဝေ့ဝူယင် သည် ကြီးစိုးနိုင်ရန် ပြင်ပ ကိရိယာများကို အလွန်အမင်း အားကိုးခဲ့လျှင်ပင်၊ သူသည် မကြုံစဖူး ထူးခြားလှသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ကြောင်း ညွှန်ပြနေပေသည်။

"အဲဒါက ငါတို့ ဆုံးဖြတ်ရမယ့် ကိစ္စပဲ..."

မဟူရာ မုဆိုး အရှင်သခင်မက ပြောလိုက်သည်။

"..."

စူးဟောင်ရန် ၏ နှုတ်ခမ်းများ တွန့်ကွေးသွားခဲ့၏။ ဤတွေ့ဆုံမှုသည် ဝေ့ဝူယင် အပေါ် အရေးယူဖို့ ခွင့်ပြုချက် တောင်းခံရန် မဟုတ်ကြောင်း သူ သိပေသည်။ ၎င်းသည် မိုးကုပ်စက်ဝိုင်း မျှော်စင်များ လက်မှတ်ရေးထိုးထားသော လျှို့ဝှက် စာချုပ် ကို အသက်သွင်းရန် ဖြစ်သည်။

ပင့်ကူမျိုးနွယ်များသည် မိုးကုပ်စက်ဝိုင်းများအား ဝေ့ဝူယင်ကို အရေးယူရာတွင် သူတို့ကို ကူညီစေလိုနေခြင်း ဖြစ်သည်။

ယခင်ကတည်းက ချုပ်ဆိုထားခဲ့သည့် စာချုပ်ကြောင့် စူးဟောင်ရန် တတ်နိုင်သောအရာ သိပ်မရှိခဲ့ချေ။ ထို့ပြင် ပင့်ကူမျိုးနွယ်များ အဘယ်ကြောင့် အရေးယူလိုသည်ကိုလည်း သူ သိရှိနေပေသည်။

ထာဝရတာအို သည် လျှို့ဝှက်ဆန်းကြယ်လှ၏။ ၎င်းသည် ပဲ့တင်ထပ် ဝိညာဉ် အဆင့် ကျင့်ကြံသူတိုင်း၏ လိုက်စားမှုပင် ဖြစ်ပေသည်။ သူတို့သည် ဝေ့ဝူယင်၏ ခန္ဓာကိုယ်၊ သူ၏ ထာဝရ အော်ရာ ကို လိုချင်နေကြသည်။ သူတို့သည် တန်ခိုးရှင် ကျောက်လုံ ၏ သွေးမျိုးဆက် ကို ပစ်မှတ်ထားနေကြခြင်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် မည်သည့် ပဲ့တင်ထပ် ဝိညာဉ် အဆင့် ကျင့်ကြံသူမျှ ကျောက်လုံ တန်ခိုးရှင်ဖြစ်ရန် ကြိုးပမ်းစဉ်က ချထားခဲ့သော အတုအယောင် တန်ခိုးရှင် အဆင့် ကောင်းကင် အရင်းအမြစ် ချိပ်တံဆိပ် ရှိနေသည့် ကြယ်တစ်ပွင့် ဂလက်ဆီ သို့ ဝင်ရောက်၍ မရနိုင်သောကြောင့်ပင် ဖြစ်သည်။

အကယ်၍ ကျောက်လုံ ၏ သွေးမျိုးဆက် ကို ရရှိထားပါက... ဂလက်ဆီ သုံးဆယ့်သုံးခုလုံးတွင် အကြီးကျယ်ဆုံးသော ရတနာများထဲမှ တစ်ခု တည်ရှိသည့် ကြယ်တစ်ပွင့် ဂလက်ဆီ ထဲသို့... ဝင်ရောက်နိုင်မည့် အခွင့်အရေး ကြီးကြီးမားမား ရှိလာပေလိမ့်မည်။

အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထိုမှာ လျှို့ဝှက် ကြယ်တာရာ အဆင့်တွင်ပင် ထာဝရ တာအိုနှင့် ထိတွေ့နေနိုင်ပြီ ဖြစ်သည်။ ထိုအရာမှာ လောကသခင် အဆင့်သို့ မရောက်မီ လောကနယ်မြေ တစ်ခုကို ပိုင်ဆိုင်ထားသော ကျင့်ကြံသူ တစ်ဦးနှင့် ဆင်တူလှပေသည်။ ဤကဲ့သို့သော မွေးရာပါ အားသာချက်များရှိသည့် ကျင့်ကြံသူတစ်ဦးသည် ကောင်းကင်ကို အန်တုနိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းနိုင်ပေလိမ့်မည်။

ကံကောင်းထောက်မသည်က... ဝေ့ဝူယင်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ထိုနေရာတွင် ရှိနေသော ရိုးရွဲ သူတော်စင် များသာ သိရှိထားကြခြင်း ဖြစ်သည်။ ထို့ပြင် မဟူရာ မုဆိုး အရှင်သခင်မ သည် ပိုမိုကြီးမားသော အကျိုးအမြတ်ကို အလွယ်တကူ ရယူနိုင်ရန်အတွက် ဤနေရာရှိသူများနှင့်သာ မဟာမိတ်ဖွဲ့ခဲ့သည်။ သူမသည် အာရပ်နစ် အဖွဲ့အစည်းမှ အထက်လူကြီးများကိုအက် အသိပေးခဲ့ခြင်း မရှိသည့်ပုံ ပေါ်သည်။ မဟူရာ မုဆိုး အရှင်သခင်မ ၏ တုံ့ပြန်မှုအရ၊ သူမသည် ထိုသွေးမျိုးဆက်ကို ရရှိနိုင်မည်ဟု အပြည့်အဝ ယုံကြည်ချက် ရှိနေခဲ့ပုံ နေပေါ်လေသည်။

...

အထွတ်အထိပ် သူတော်စင်များ ဆွေးနွေးနေကြသည့် တစ်ချိန်တည်းမှာပင် ကျောက်ဆောင်ထူထပ်သော တောင်ကုန်းတစ်ခုပေါ်တွင် ဝေ့ဝူယင် မတ်မတ် ရပ်နေသည်။ သွေးစွန်းနေသော်လည်း သူ၏ တိုက်ပွဲဝင် သံချပ်ကာဝတ်စုံမှာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။ ၎င်းကို အနက်၊ အဖြူနှင့် ငွေရောင်တို့ဖြင့် အလှဆင်ထားပြီး၊ ရင်အုပ်ကာပေါ်တွင် ဆေဘာ ပုံစံတစ်ခုကို ရေးထွင်းထား၏။ သူ၏ ဆေဘာကိုမူ ခါးတွင် ချိတ်ဆွဲထားပေသည်။ သူ၏ အောက်ဘက်တွင်မူ ဆေဘာ သင်္ကေတကို ကိုယ်စီ ဆောင်ထားကြသော စစ်သည်သုံးဆယ့်သုံးဦး စုရုံးနေကြသည်။ သူတို့သည် ရန်သူများ၏ အလောင်းများကို ရှင်းလင်းခြင်းနှင့် ဆေဘာများကို ပြုပြင်ခြင်းကဲ့သို့သော တာဝန်အသီးသီးကို ထမ်းဆောင်နေကြ၏။

ဝေ့ဝူယင်၏ အကြည့်သည် နားလည်နိုင်စွမ်းထက် သဘာဝအလျောက် ပိုမိုစူးရှနေသော အစစ်အမှန်နဂါး တစ်ကောင်၏ အကြည့်မျိုး ဖြစ်ပြီး၊ တောင်ကြား၏ အခြားတစ်ဖက်ခြမ်း တစ်ခုလုံးကို ခြုံငုံမိနေပေသည်။ ထိုနေရာတွင် လူခြောက်ဆယ့်နှစ်ဦး ပါဝင်သော တံခွန် အဖွဲ့အစည်းတစ်ခု စုရုံးနေကြသည်။

ဝေ့ဝူယင် သည် နည်းဗျူဟာတစ်ခုကို ရေးဆွဲရင်း မြေမျက်နှာပြင် အနေအထားကို စဉ်းစားဟန်ဖြင့် လေ့လာစောင့်ကြည့်နေ၏။ သူ၏ ရင်အုပ်ကာပေါ်ရှိ ဆေဘာ သင်္ကေတအောက်တွင် ထူးခြားကွဲပြားသော ဒီဇိုင်းများရှိသည့် ကောင်းကင် သင်္ကေတ လေးခု ရှိနေပေသည်။ တစ်စုံတစ်ယောက်ကသာ ထိုကောင်းကင် သင်္ကေတများကို ဖတ်ရှုနိုင်မည်ဆိုလျှင်၊ ၎င်းတို့မှာ "စစ်သည်တော်၊ စစ်သေနာပတိ၊ သူရဲကောင်း နှင့် နည်းဗျူဟာမှူး" ဟူ၍ ဖြစ်ကြသည်။

နောက်ဆုံး ကောင်းကင် သင်္ကေတဖြစ်သော နည်းဗျူဟာမှူးသည် ဉာဏ်အလင်းပွင့်ခြင်း ဆိုင်ရာ အလင်းတန်းတစ်ခုကို အံ့သြဖွယ်ကောင်းလောက်အောင် ထုတ်လွှင့်နေခဲ့၏။

"ကောင်းကင်ရဲ့ အသိအမှတ်ပြုမှုကို ရယူရင်းနဲ့ ငါက ပိုမြင့်မားတဲ့ အာဏာတစ်ခုဆီကို တက်လှမ်းဖို့ အခွင့်အရေး ရလိမ့်မယ်..."

ဝေ့ဝူယင်သည် ထိုအမျိုးအစား လေးခုတွင် စစ်ဥပဒေသ အတွက် ဥပဒေသ မျိုးစေ့ တစ်ခု ဖန်တီးရန် ကောင်းကင်၏ အသိအမှတ်ပြုမှုကို ရရှိခဲ့ပြီး ဖြစ်သည်။

သူသာ သာမန် အမိန့်တော် ဆေးရည် တစ်ပုလင်းကို သောက်သုံးခဲ့မည်ဆိုလျှင်၊ သူတော်စင်၏ အမိန့်တော် က သူ့အား လမ်းစဉ် ကိုးခုထဲမှ တစ်ခု၊ သို့မဟုတ် ထို့ထက်မကသော လမ်းစဉ်များကို တည်ဆောက်ရန် အခွင့်အရေး ပေးခဲ့မည် ဖြစ်သည်။

သို့သော် သူတော်စင်၏ အမိန့်တော် ဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်း ယခုအခါ သူ နားလည်သွားခဲ့ပြီ ဖြစ်၏။ ဤနေရာတွင် ရှိနေသော စစ်ဝိညာဉ်များသည် စစ်တာအို ကို ပုံစံတစ်မျိုးမျိုးဖြင့် လျှောက်လှမ်းခဲ့ကြသူအားလုံး၏ ကိုယ်စားလှယ်များဖြစ်ပြီး၊ ၎င်းတို့ကို အဖွဲ့အစည်းတစ်ခုနှင့် ချိတ်ဆက်ပေးထားခြင်း ဖြစ်သည်။

အမိန့်တော် ဆေးရည်သည် ဤဆန္ဒကိုယ်စားလှယ်၏ ပိုမိုအားကောင်းသော ပုံစံတစ်ခုကို ဖန်တီးပေးပြီး၊ အသိအမှတ်ပြုမှု ရယူရန်အတွက် အခြားသူများ မမှတ်မိနိုင်သော မမြင်ရသည့် ကောင်းကင်၏ စမ်းသပ်မှုတစ်ခုကို ဖန်တီးပေးသည်။

သူတို့သည် အဆုံးမဲ့ တိုက်ပွဲဝင်ရာ နယ်မြေ သို့မဟုတ် လောင်ကျွမ်းနေသော မီးတောက်များရှိသည့် ကမ္ဘာတစ်ခုသို့ ဝင်ရောက်သွားသည်ဟု ဝိုးတဝါးသာ မှတ်မိနိုင်ကြပြီး၊ ကောင်းကင်နယ်မြေ ၏ အသိအမှတ်ပြုမှုကို ရရှိရန် ပိုမိုကြီးမားသော အခွင့်အရေးကို ပေးစွမ်းနိုင်ပေသည်။

အခြားသော ကောင်းကင်နယ်မြေများ ၏ စမ်းသပ်မှုများမှာ မည်သို့ရှိမည်ကို သူ မသိသော်လည်း၊ ကောင်းကင် စစ်နယ်မြေ တွင်မူ အဆက်မပြတ် တိုက်ခိုက်ခြင်း၊ သတ်ဖြတ်ခြင်း၊ အသက်ရှင်သန်ရန် ကြိုးစားရခြင်းနှင့် အခြားအရာများစွာ ပါဝင်နေပေသည်။

စစ်၏ အလွယ်ကူဆုံးသော သဘောတရား သုံးခုမှာ စစ်သည်တော်၊ စစ်သေနာပတိ နှင့် သူရဲကောင်း တို့ ဖြစ်နေခြင်းက သူ၏ သီအိုရီနှင့် ကွက်တိ ကိုက်ညီနေပေသည်။ အဘယ်ကြောင့်ဆိုသော် ဤအခြေအနေများအရ ထိုစစ်ဝိညာဉ်များသည် မည်သည့်လမ်းစဉ်ကိုမဆို အခက်အခဲမရှိ အလွယ်တကူ လျှောက်လှမ်းနိုင်သောကြောင့် ဖြစ်၏။

သို့သော် နည်းဗျူဟာမှူး လမ်းစဉ်မှာမူ ကျင့်ကြံသူတစ်ဦးထံတွင် မည်သည့် နည်းဗျူဟာမြောက် လုပ်ဆောင်ချက်တွင်မဆို ဉာဏ်ရည်နှင့် ဉာဏ်ပညာကို ရောင်ပြန်ဟပ်ရန် ကြီးမားလှသော ဉာဏ်အလင်း မြူခိုးများ ရှိနေရန် လိုအပ်ပြီး၊ ၎င်းသည် မိမိ၏ သတ်မှတ်ထားသော အဖွဲ့အစည်း အတွင်းရှိသူများကို ကွပ်ကဲရခြင်းထက် များစွာ ပိုမို ရှုပ်ထွေးလှပေသည်။

သာလွန်ခြင်းအဆင့် အရည်အသွေး ရှိသော အမိန့်တော် ဆေးရည် သည် ထိုစံနှုန်းကို ချေဖျက်ပစ်ခဲ့သည်။ သူသည် သူ၏ ကိုယ်ပိုင် ဆန္ဒကိုယ်စားလှယ် ဖြစ်လာခဲ့ပြီး၊ သူ သူ၏ လမ်းစဉ်အတွက် တိုက်ပွဲဝင်ရန် အခွင့်အရေး ရရှိခဲ့၏။ ၎င်းသည် တန်ဖိုးဖြတ်၍မရနိုင်လောက်အောင် အံ့သြဖွယ်ကောင်းသော အခွင့်အရေးတစ်ရပ်ပင် ဖြစ်ပေသည်။

ဤနေရာရှိ စက္ကန့်တိုင်းတွင်၊ သူသည် သတ်ဖြတ်ခြင်းနှင့် ပတ်ဝန်းကျင် ပဋိပက္ခများမှတစ်ဆင့် ပိုမိုကြီးမားသော ရည်ရွယ်ချက် များကို ဆုပ်ကိုင်နိုင်ခဲ့ပြီး၊ ပိုမိုမြင့်မားသော တိုက်ခိုက်မှုပုံစံများ၊ နည်းဗျူဟာများနှင့် စစ်ရေးဆိုင်ရာ နားလည်မှုများသည် သူ၏ ဝိညာဉ်ထဲသို့ ဝင်ရောက်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်၏ လျှို့ဝှက်ချက်များကိုလည်း သူ ပိုမို နားလည်လာခဲ့၏။ ၎င်းသည် ရူးသွပ်ဖွယ်ကောင်းသော တွေ့ရှိချက်တစ်ခုပင် ဖြစ်ပေသည်။

အချိန်ကာလ စတင်ကတည်းက စစ်တာအို ကို လျှောက်လှမ်းခဲ့ကြသော သက်ရှိတိုင်းသည် ဤနေရာတွင် ရှိနေနိုင်ပြီး၊ သူတို့၏ တည်ရှိမှုများ ပျောက်ကွယ်သွားသည်အထိ အဆုံးမဲ့ တိုက်ခိုက်နေကြရပေသည်။

ဖြစ်နိုင်သည်က... သူသည် အခြားသူများကို သတ်ဖြတ်ပြီး ဆက်စပ်မှု စစ်အလံကို အသုံးပြုကာ စစ်ပွဲမှ ရရှိသော အကျိုးအမြတ်များကို သိမ်းပိုက်လိုက်သောအခါ၊ သူတို့၏ ဝိညာဉ်များနှင့် အမတေများကို သိမ်းပိုက်ရုံသာမက၊ ဤနေရာရှိလူများ၏ စစ်ဝိညာဉ်များကိုပါ သိမ်းပိုက်လိုက်ခြင်း ဖြစ်နိုင်ပြီး၊ သာမည ဥပဒေသ မှတစ်ဆင့် ပေါင်းစပ်ကာ သူတို့ကို စစ်ဝိညာဉ်များ အဖြစ်သို့ ပြောင်းလဲသွားစေခြင်း ဖြစ်ပေလိမ့်မည်။

ဝေ့ဝူယင် သည် ကောင်းကင်နယ်မြေများ အကြောင်းကို ပိုမို နားလည်လာရုံသာမက၊ ယခုအခါတွင် ကောင်းကင် တာအိုများ က ကောင်းချီးခံ များအား ဥပဒေသ မျိုးစေ့များ ရယူရာတွင် မည်သို့ ကူညီပေးခဲ့သည်ကိုလည်း အကြမ်းဖျင်း သိရှိသွားခဲ့ပြီ ဖြစ်သည်။

သို့သော် ဤနေရာတွင် အချိန်ကြာမြင့်စွာ တိုက်ခိုက်ပြီးနောက်၊ ဝေ့ဝူယင် သည် သူ၏ ဆေဘာကို ခုတ်ပိုင်းရုံဖြင့် အကျိုးအမြတ်များအား မည်သို့ အများဆုံး ရယူရမည်ကို ဆုံးဖြတ်ချက် ချလိုက်လေသည်။ သူသည် သူ၏ ဆေဘာ အဖွဲ့အစည်း ကို အသုံးပြုကာ လမ်းစဉ် ကိုးခုလုံး၏ အသိအမှတ်ပြုမှုကို ရယူတော့မည် ဖြစ်၏။

"စစ်ပွဲရဲ့ အယူအဆနဲ့ နက်နဲတဲ့ သဘောတရားတွေ အားလုံးပေါင်းစပ်ပြီး မွေးဖွားလာမယ့် စစ်မျိုးစေ့ က ဘယ်လိုပုံစံ ရှိမလဲဆိုတာ ငါ သိချင်နေပြီ... ရှာဖွေကြည့်ကြတာပေါ့..."

ဝေ့ဝူယင်၏ ငွေရောင် နဂါးမျက်လုံးများသည် ပြိုင်ဘက်ကင်းသော တိုက်ခိုက်လိုစိတ်များဖြင့် တောက်ပနေခဲ့၏။ အစစ်အမှန်နဂါး တစ်ကောင်၏ အားသာချက်များ၊ ကြယ်တာရာ ပါရဂွန် ခန္ဓာကိုယ် ၏ ကုန်ခမ်းခြင်းမရှိသော ခံနိုင်ရည်၊ ဤနယ်မြေအတွင်းရှိ မည်သည့်အရာကိုမဆို ဖြတ်တောက်နိုင်လောက်အောင် ထက်မြက်လှသော ဆေဘာ တစ်လက်နှင့်၊ စိတ်နှစ်ခုပေါင်းစပ်ထားသော ဉာဏ်ရည်တို့ဖြင့် သူသည် အရသာရှိသော ပုစွန်ဆိတ်လေးများကြားတွင် ကူးခတ်နေသည့် နဂါးတစ်ကောင်နှင့် တူနေပေသည်။

"အိုမီဂါ ဆေဘာ စစ်သည်တော်တို့..."

သူက ဟိန်းဟောက်လိုက်ရာ၊ သူ၏ အောက်ဘက်ရှိ စစ်သည်တော်များသည် ချီတက်ရန်အတွက် စနစ်ကျသော ဖွဲ့စည်းပုံတစ်ခုအဖြစ် ချက်ချင်း ပြင်ဆင်လိုက်ကြ၏။ သူတို့၏ စည်းကမ်းသေဝပ်မှုမှာ ပြိုင်ဘက်ကင်းလှပေသည်။

"ချီတက်ကြ..."

***

All Chapters