← Chapters

အခန်း (၂၄၉၉-၂၅၀၀)

Vol. 179 Ch. 2499-2500

အခန်း (၂၄၉၉-၂၅၀၀)

Vol. 179 Ch. 2499-2500

အပိုင်း(၂၄၉၉)

နှစ်ဆယ့်သုံးရက်...

ဝေ့ဝူယင် ပျောက်ဆုံးနေမှုမှာ လူသိများလာခဲ့သည်။ အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထို သည် အသစ်တက်လှမ်းလာသော ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် တစ်ဦးဖြစ်ပြီး၊ သူ၏ အဂ္ဂိရတ် ပညာရပ်များကို ခိုင်မာစေရန် တံခါးပိတ် ကျင့်ကြံနေကြောင်းကို၊ အခြားသော အစွမ်းထက် ပုဂ္ဂိုလ်ကြီးများက တွေ့ဆုံရန် တောင်းဆိုမှုများကို ဟန့်တားရန်အတွက် အာရုဏ်ဦး မိုးကုပ်စက်ဝိုင်း မျှော်စင် မှ တရားဝင် ထုတ်ပြန်ကြေညာခဲ့ပေသည်။

တံခါးပိတ် ကျင့်ကြံမည့်အကြောင်း ကြေညာခဲ့သော်လည်း၊ လော့နင် နှင့် အာရုဏ်ဦး မိုးကုပ်စက်ဝိုင်း မျှော်စင် တို့သည် လက်ရှိ မိုးကုပ်စက်ဝိုင်း မျှော်စင်များ ၏ မျှော်လင့်ထားမှုထက် ကျော်လွန်ကာ လျင်မြန်စွာ တိုးတက်လာခဲ့၏။

စေ့စပ်ညှိနှိုင်းမှုများ၊ လာဘ်ပေးလာဘ်ယူမှုများ၊ ကွန်ရက်ချိတ်ဆက်မှုများနှင့် တောက်ပသော ကြယ် နန်းတော် နှင့် စီးပွားရေး မိတ်ဖက်များအဖြစ် လူသိရှင်ကြား မဟာမိတ်ဖွဲ့ခြင်းများ ရောနှောကာ၊ ကြယ်တာရာ ဓာတ်ပြား များအား သယ်ဆောင်ရလွယ်ကူသော ကြယ်တာရာ တံတား သယ်ယူပို့ဆောင်ရေး နည်းလမ်းအဖြစ် စမ်းသပ်အသုံးပြုခြင်း... အစရှိသည်တို့ဖြင့် အဋ္ဌမမြောက် မိုးကုပ်စက်ဝိုင်း မျှော်စင် သည် ၎င်း၏ တည်ရှိမှုနှင့် အာဏာတို့၌ ပေါက်ကွဲထွက်မတတ် မြင့်တက်လာခဲ့ပေသည်။

ကြယ်တာရာ ဓာတ်ပြားများကို ကြယ်ကွင်းပြင် အသီးသီးသို့ မိတ်ဆက်ပေးခဲ့သည်မှာ ဆယ့်လေးရက်သာ ရှိသေးသော်လည်း၊ ထိုကာလအတွင်း ဟင်းလင်းပြင် ပင်လယ်ဓားပြ များ၏ တိုက်ခိုက်မှုများ၊ ဟင်းလင်းပြင် သတ္တဝါများ သို့မဟုတ် ဟင်းလင်းပြင် ဖြစ်စဉ်များ ကြောင့် ရုတ်တရက် ကုန်စည်များ ဆုံးရှုံးရမှု ပမာဏမှာ လုံးဝနီးပါး ပပျောက်သွားခဲ့ပြီ ဖြစ်သည်။

ကြယ်တာရာ ဓာတ်ပြား များကို အမြောက်အမြား ထုတ်လုပ်နိုင်ရုံသာမက၊ လောကနယ်မြေ အဆင့် ရှိ မည်သည့် ကျင့်ကြံသူမဆို အလွယ်တကူ အသုံးပြုနိုင်ပေသည်။

ထို့အပြင်... ဒေသသုံး ကြယ်တာရာ ဓာတ်ပြား များသည် အလွန်အမင်း ဈေးပေါလှပေသည်။ ၎င်းကို တစ်ကြိမ်သာ အသုံးပြုနိုင်သော်လည်း၊ အဆင့်မြင့် ကြယ်တာရာ ကျောက်တုံး အနည်းငယ်ဖြင့် ဝယ်ယူနိုင်ပေသည်။ လျှို့ဝှက်မြေကြီး အဆင့် ကျောက်တုံး တစ်တုံးဖြင့် အခုရေ ဒါဇင်ပေါင်းများစွာ ရရှိနိုင်၏။ ၎င်းသည် ဈေးနှုန်းအရ နိမ့်ကျသည်ဟု ထင်ရသော်လည်း၊ ကနဦး စမ်းသပ်ကွင်းများအဖြစ် သတ်မှတ်ထားသော ကြယ်ကွင်းပြင် နှစ်ရာကပင် ပထမသုံးရက်အကြာတွင် ကြယ်တာရာ ဓာတ်ပြား နှစ်သန်းကျော်ကို ဝယ်ယူခဲ့ကြပေသည်။

တစ်ချိန်တည်း၌... အာရုဏ်ဦး မိုးကုပ်စက်ဝိုင်း မျှော်စင် သည် လူငယ်များနှင့် အထူး ကျွမ်းကျင်သူများအတွက် ဆုလာဘ်များ ပါဝင်သော ကြယ်ကွင်းပြင် ပြိုင်ပွဲအမျိုးမျိုးကို ကျင်းပကာ ဩဇာလွှမ်းမိုးခဲ့ပြီး၊ အားလုံးမှာ အာရုဏ်ဦး မိုးကုပ်စက်ဝိုင်း မျှော်စင် အတွက် အလားအလာရှိသူများကို ရှာဖွေခြင်းဟူသော အကြောင်းပြချက်အောက်တွင် လူအများ၏ အာရုံစိုက်မှုကို ရယူကာ၊ ကြယ်တာရာ ဓာတ်ပြား များကို ဆက်သွယ်ရေးနှင့် ချိတ်ဆက်မှုများအတွက် အသုံးပြုရန် ပိုမို အဆင်ပြေစေခဲ့ပေသည်။

...

"သူတို့ သူ့ကို မတွေ့သေးဘူးလား..."

ကျယ်ဝန်းပြီး ခမ်းနားလှသော၊ အံ့သြဖွယ်ကောင်းသည့် ရတနာမျိုးစုံဖြင့် အလှဆင်ထားသော အိပ်ခန်းတစ်ခုအတွင်းတွင် ထျန်းရှီယာ သည် ပေါ့ပေါ့ပါးပါး ဝတ်ရုံတစ်ထည်ကို ဝတ်ဆင်ထား၏။ မှန်တစ်ချပ်ရှိသော စားပွဲတွင် ထိုင်ကာ ကျောက်စိမ်းဘီးဖြင့် ဆံပင်ဖြီးနေသော သူမသည် အလွန်တရာ ဆွဲဆောင်မှု ရှိနေပေသည်။

စူးဟောင်ရန်သည် ကုတင်ပေါ်တွင် လဲလျောင်းနေ၏။ သူ၏ မျက်လုံးများက အနိုင်မခံ အရှုံးမပေးသော စိတ်ဓာတ်ဖြင့် ကြယ်တစ်ပွင့်ကို ဆွဲငင်နေသည့် လူငယ်တစ်ဦးကို ပုံဖော်ထားသော မျက်နှာကျက်ပေါ်ရှိ လှပပြီး အနုပညာဆန်လှသော ပန်းချီကားကို စိုက်ကြည့်နေသည်။ ၎င်းသည် အခက်အခဲ မည်မျှပင်ရှိစေကာမူ မည်သည့်အခါမျှ အရှုံးမပေးရန် စိတ်ဓာတ်ကို နှိုးဆွပေးနိုင်ပေသည်။

ဝေ့ဝူယင်နှင့် ပတ်သက်သည့် သတင်း အချက်အလက်များမှာ အလွန်ပင် လျှို့ဝှက်ကာ အရေးကြီးလှသော်လည်း စူးဟောင်ရန်သည် ထျန်းရှီယာ အား ဖြစ်ပေါ်နေသော အခြေအနေများကို သိရှိခွင့်ပေးရန် မဟာမိတ်များထံ မဆိုင်းမတွ တောင်းဆိုခဲ့သည်။ ဤကိစ္စနှင့် ပတ်သက်၍ သူ၏ ပြင်းထန်ပြီး အညံ့မခံသော ရပ်တည်ချက်ကြောင့် သူတို့အားလုံး လက်ခံခဲ့ရပေသည်။ မိမိ၏ မိန်းမထံ မည်သည့် လျှို့ဝှက်ချက်ကိုမျှ ဖုံးကွယ်မထားလိုသော အမျိုးသားမျိုးမှာ အလွန် ရှားပါးလှပေသည်။

"မတွေ့သေးဘူး..."

စူးဟောင်ရန် က ပြန်ဖြေလိုက်သည်။ မဟူရာ မုဆိုး အရှင်သခင်မ၊ ကောင်းကင်ရှန့်ထို မိုးကြိုးကောင်းကင်၊ ရိုးရွဲ သူတော်စင် ယွီရှီ နှင့် ရိုးရွဲ သူတော်စင် ယန်ကျိ တို့သည် (ယခင်က ပဋိပက္ခများ ရှိခဲ့သော်ငြားလည်း) ပင့်ကူမျိုးနွယ်၏ ဩဇာလွှမ်းမိုးမှုအောက်တွင် မဟာမိတ်တစ်ခုကို ဖွဲ့စည်းထားခဲ့ကြသည်။ အခြားသော ရိုးရွဲ သူတော်စင် နှစ်ဦး ပါဝင်လာနိုင်ခြေလည်း ရှိနေပေသည်။

"သူတို့က သူ ထွက်လာအောင် ပိုပြီး ဖိအားပေးကြမှာလား... ဒါမှမဟုတ် စောင့်နေကြမှာလား..."

နားလည်နိုင်စွမ်းကို အန်တုနေသည့် ဝေ့ဝူယင် ၏ ထူးခြားလှသည့် အရည်အသွေးများ အကြောင်း ကြားရသည့် အခါ ထျန်းရှီယာသည် အလွန်အမင်း တုန်လှုပ်သွားခဲ့၏။ စုရီ သည် တိုက်ခိုက်ရေးတွင် နတ်ဆိုးဆန်သော ပါရမီရှင် တစ်ဦး ဖြစ်သော်လည်း၊ ဝေ့ဝူယင် မှာမူ အသက် တစ်ရာလောက်ကလေးနှင့် ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် တစ်ဦး ဖြစ်နေပြီ ဖြစ်သည်။ သူသည် အဂ္ဂိရတ် ဝိညာဉ်ကို ပိုင်ဆိုင်ထားသူ ဖြစ်နိုင်ခြေ ရှိနေပေသည်။

ထိုကိစ္စနှင့် ပတ်သက်၍ သူမ စူးဟောင်ရန်ကို အသေအချာ ထပ်မံ မေးမြန်းသောအခါ၊ သူ၏ တုံ့ပြန်မှုမှာ ခေါင်းခါပြခြင်းသာ ဖြစ်၏။ ခန့်မှန်းချက်များအရ ကျောက်လုံ ၏ သွေးမျိုးဆက် သည် လူသိရှင်ကြား ပြသထားသော အသက်နှင့် ကွာခြားနိုင်ခြေ အလွန်များပြားသည်။ လူသားတစ်ဦးကဲ့သို့ မဟုတ်ဘဲ ထိုသားရဲကဲ့သို့ပင် သက်တမ်းနှင့် ဝိညာဉ်သက်တမ်းမှာ ဖောင်းပွနေနိုင်ပေသည်။

စဉ်းစားကြည့်မည်ဆိုလျှင် ဝေ့ဝူယင် ၏ အသက်တစ်ရာမှာ လက်တွေ့တွင် နှစ်တစ်သိန်း ဖြစ်နိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် အဂ္ဂိရတ် ဖော်စပ်ခြင်း အလုပ်သည် စက်ဆုပ်ဖွယ်ကောင်းလောက်အောင် ခက်ခဲပြီး အချိန်ကုန်ကာ၊ အဆင့်အတန်း မြင့်မားလာလေ ပို၍ အချိန်ကြာလာလေ ဖြစ်သောကြောင့်ပင်။

ထို့အပြင်... သူ၏ မျိုးဆက်အတွက် သေမျိုးအဆင့် ထုတ်ကုန် အများအပြား အပါအဝင်၊ လျှို့ဝှက်မြေကြီး အဆင့် နှင့် လျှို့ဝှက်လောက အဆင့်ရှိ ထုတ်ကုန်များစွာကို တီထွင်ခဲ့သည်ကို ထည့်သွင်းစဉ်းစားပါက၊ အသက် နှစ်ရာအောက် ဆိုသည်မှာ ဖြစ်နိုင်ခြေ လုံးဝ မရှိချေ။

သူတို့ထဲမှ မည်သူကမျှ သူသည် အသက်တစ်ရာခန့်သာ ရှိသေးသည်ဟု အမှန်တကယ် မယုံကြည်ကြချေ။ အသက်ကို နောက်ပြန်ဆုတ်စေသော သို့မဟုတ် ပြင်ပ သိုလှောင်မှုတစ်ခုကို အသုံးပြုကာ အသက်စွမ်းအင် ကုန်ဆုံးမှုကို ရပ်တန့်စေပြီး၊ ဘဝကို အတုအယောင်ရှည်ကြာစေသော ပညာရပ်များ၊ အစီအရင်များ သို့မဟုတ် ကျင့်ကြံခြင်း နည်းလမ်းများ ရှိပေသည်။

ကောင်းကင် ရတနာ တစ်ခု၊ ဆေးဖော်စပ်ခြင်း နည်းလမ်း တစ်ခု သို့မဟုတ် ထုတ်ကုန်များကို သန့်စင်ခြင်းတို့ကို လေ့ကျင့်ရုံဖြင့်ပင် အချိန်ကုန်လှပေသည်။ ၎င်းသည် လုံးဝ မဖြစ်နိုင်ချေ။ သို့တိုင်အောင် ကျောက်လုံ ၏ သွေးမျိုးဆက် အရည်အသွေးများ သို့မဟုတ် စွမ်းရည်များသည် ခွဲခြားသိမြင်နိုင်ရန် အလွန် အဆင့်မြင့်မားလွန်းလှသည်။

အထွတ်အထိပ် ဟောကိန်းထုတ်သူ များပင်လျှင် တန်ပြန် ရိုက်ခတ်မှု ကြုံတွေ့ရသည့်အခါ သူတို့၏ အသက်ကို ကာကွယ်ရန်အတွက် အခြားသော အထွတ်အထိပ် ဟောကိန်းထုတ်သူ ဒါဇင်ပေါင်းများစွာနှင့် ရတနာများ၏ ပံ့ပိုးမှု မရှိဘဲ ထိုကျောက်လုံကို စုံစမ်းရန် မဝံ့ရဲကြချေ။

ဝေ့ဝူယင်သည် အဂ္ဂိရတ် တိုက်ပွဲ အတွင်း နွေဦး မျိုးဆက် ၏ အထွတ်အထိပ် အဆင့်၊ လျှို့ဝှက်လောက အဆင့်ရှိ နွေဦးကွင်းပြင် ဆေးအနှစ် ကို အသုံးပြုရန် ကြိုးစားခဲ့ခြင်းကို ထည့်သွင်းစဉ်းစားပါက၊ သူ၏ မူလ သက်တမ်းမှာ ပုံမှန်မဟုတ်ကြောင်းကိုသာ အတည်ပြုနိုင်ပေသည်။

၎င်းက ဝေ့ဝူယင် သည် သူ ပြသထားသည်ထက် များစွာ၊ အလွန်များစွာ ပို၍ အသက်ကြီးကြောင်းကိုသာ ထပ်လောင်း သက်သေပြနေ၏။

ထို့အပြင် သူသည် အာရုဏ်ဦး လေပွေဇုံ ဆေးတောင့် ကို တီထွင်ခဲ့သောကြောင့်၊ ၎င်းမှာ အချိန်အရှိန်မြှင့်တင်ရေးဇုံများကို အသုံးပြုရာတွင် အလွန် ရင်းနှီးကျွမ်းဝင်ပြီး ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ဖွယ်ရှိကြောင်း ဆိုလိုပေသည်။ အသက် နှစ်ရာအောက် ကျင့်ကြံသူတစ်ဦးအတွက် ထိုကဲ့သို့ စွမ်းဆောင်နိုင်ရန် မည်သို့ ဖြစ်နိုင်ပါမည်နည်း။

စူးဟောင်ရန် အကောင်းဆုံး ခန့်မှန်းရမည်ဆိုလျှင် ဝေ့ဝူယင်၏ အစစ်အမှန် အသက်မှာ ဖော်ပြထားသည်ထက် အဆတစ်ထောင်ခန့် ပိုမိုမြင့်မားနိုင်ငည်။ အသက် နှစ်သိန်းအောက်သာ ဆိုပါက ငယ်ရွယ်နေသေးသော်လည်း၊ ကပြား သို့မဟုတ် ကျောက်လုံ ၏ သွေးဆက် တစ်ဦးအတွက် ၎င်းမှာ ကျိုးကြောင်းဆီလျော်မှု ရှိပေသည်။ သားရဲများနှင့် ကြယ်တာရာ ဝါးမြိုသူ များသည် သူတို့၏ ခွန်အားထက် များစွာ သာလွန်သော အလွန်အမင်း မြင့်မားသည့် သက်တမ်းနှင့် ဝိညာဉ်သက်တမ်း ရှိတတ်ကြသည်။

"..."

စူးဟောင်ရန် သည် ထျန်းရှီယာ ၏ မေးခွန်းကို မဖြေနိုင်ခဲ့ချေ။

ထျန်းရှီယာမှာ မသေချာ မရေရာမှုများကို ခံစားလိုက်ရသဖြင့် မျက်မှောင်ကြုတ်လိုက်ရင်း...

"သူ့ရဲ့ ဇနီးတွေက ဒီမှာ ရှိနေတုန်းပဲလေ။ သူ့ရဲ့ အဂ္ဂိရတ် ကိုယ်စားလှယ်လော့ အပါအဝင်ပေါ့။ သူတို့ထဲက တစ်ယောက်ယောက်ကို ဖမ်းလိုက်ရင် သူ့ကို တံခါးပိတ် ကျင့်ကြံရာကနေ ဆွဲထုတ်လာနိုင်မှာ သေချာတယ်..."

သူမ၏ စကားများမှာ ရက်စက်လွန်းလှသော်လည်း၊ ကျင့်ကြံသူတစ်ဦးကို မပေးသင့်ဆုံး အရာမှာ အချိန်ပင် ဖြစ်သည်။ အကယ်၍ သူသာ ဖြစ်ပေါ်လာနိုင်ချေရှိသော အန္တရာယ် တစ်ခုကို တစ်နည်းနည်းဖြင့် ခံစားမိသွားပါက သူတို့၏ အစီအစဉ်များကို အလွယ်တကူ ဟန့်တားနိုင်ပြီး တန်ပြန်တိုက်ခိုက်နိုင်ပေသည်။

စူးဟောင်ရန်မှာ ပြန်ပြောစရာ မရှိသောကြောင့် တိတ်ဆိတ်နေလိုက်သည်။ ဤအရာသည် သူ၏ စစ်ဆင်ရေး မဟုတ်ချေ။ မဟူရာ မုဆိုး အရှင်သခင်မ မှ အသုံးပြုသော မည်သည့် ဗျူဟာ မဆို သူမ၏ တာဝန်သာ ဖြစ်သည်။ ဤကိစ္စကို မိုးကုပ်စက်ဝိုင်း မျှော်စင်များ မှ မကြားမိသေးသည်မှာ အလွန် ကံကောင်းလှပေသည်။ မဟုတ်ပါက... ဝေ့ဝူယင်၏ ကံကြမ္မာပေါ် မူတည်၍ လျှို့ဝှက် ကစားပွဲ တစ်ခု ဖြစ်ပေါ်လာနိုင်ပေသည်။

စူးဟောင်ရန် တစ်ယောက် မိမိ၏ ရှေ့ရှိ လှပသော အနုပညာကို ကြည့်ရင်း သက်ပြင်းရှည်ကြီး တစ်ချက်သာ ချလိုက်မိတော့သည်။

***

အပိုင်း(၂၅၀၀)

"အား...”

သေလုမျောပါး စူးရှသော အော်သံကြီး ပဲ့တင်ထပ်သွားပြီးနောက် သွေးများ ပန်းထွက်သွားလေသည်။ ဝေ့ဝူယင်သည် အရပ်မောင်းကောင်းသော စစ်သည်တော်တစ်ဦး၏ အပေါ်တွင် မတ်တတ်ရပ်နေ၏။ သူ၏ ခြေထောက်က ထိုသူ၏ ကြေမွနေသော သံချပ်ကာကို ဖိနင်းထားသည်။ ဤကောင်းကင်နယ်မြေ အတွင်းရှိ ဒြပ်စင် (ဆေဘာ) ၏ ရုပ်လုံးပေါ်နေသော ပုံစံသည် ပူနွေးသော သွေးများ ပန်းထွက်လာမှုနှင့်အတူ ထိုစစ်သည်တော်၏ ရင်ဘတ်ထဲမှ ဆွဲထုတ်ခံလိုက်ရလေသည်။

ဤစစ်သည်တော်သည် အခြားသူများနှင့်မတူဘဲ ကွဲပြားနေပေသည်။ သူသည် ပို၍ သန်မာပြီး၊ ပို၍ မြန်ဆန်ကာ၊ ပို၍လည်း ဉာဏ်ရည်ထက်မြက်၏။ သူသည် လူသုံးဆယ့်နှစ်ဦး ပါဝင်သော တပ်ဖွဲ့တစ်ခုကို ကွပ်ကဲနေပြီး၊ စစ်သည် သုံးဆယ့်သုံးဦးသာ လိုအပ်သည့် စစ်သေနာပတိ လမ်းစဉ်၏ အသိအမှတ်ပြုမှုကို ရရှိရန် နီးစပ်နေသူ ဖြစ်ပေသည်။

စစ်သေနာပတိ တစ်ဦးဖြစ်လာရန် လက်တစ်ကမ်းသာ လိုတော့သော ဤစစ်သည်တော်၌ ထူးခြားသော အမှတ်အသားတစ်ခု ရှိနေသည်။ အစစ်အမှန် လောက၏ တစ်နေရာရာတွင် အစစ်အမှန် သူတော်စင်၏ အမိန့်တော် ကို အသုံးပြုထားသော ကျင့်ကြံသူတစ်ဦး ရှိနေပေလိမ့်မည်။ ထိုသူသည် စစ်ဥပဒေသ ၏ စစ်သေနာပတိ လမ်းစဉ်သို့ တက်လှမ်းရန် ယခုလေးတင် ကျရှုံးသွားခဲ့ခြင်းပင် ဖြစ်၏။

ဝေ့ဝူယင်သည် ထိုကဲ့သို့သော လူများ အပေါ် မည်သည့် သနားညှာတာမှုမျှ မရှိခဲ့ချေ။ သူ၏ မျက်လုံးများသည် ပြင်းထန်ကြမ်းတမ်းစွာ တိုက်ပွဲဝင်နေကြသော သူကွပ်ကဲရသည့် စစ်သည်တော်များအပေါ်သို့ ဝေ့ဝဲကြည့်ရှုလိုက်သည်။

သူတို့သည် ဝိုင်းရံပိတ်ဆို့ခြင်း အဖွဲ့အစည်း ဟူသော အဖွဲ့တစ်ခုတည်းတွင် ပါဝင်ကြ၏။ အဖွဲ့အစည်း ၃,၀၀၀ ဆိုသည်မှာ လက်နက်များကိုသာ ဆိုလိုခြင်း မဟုတ်ဘဲ၊ တံခွန် နှင့် ဝိုင်းရံပိတ်ဆို့ခြင်း တို့အပါအဝင် စစ်ပွဲ၏ သဘောတရားများကိုပါ ဆိုလိုခြင်း ဖြစ်ပေသည်။ ၎င်းတို့သည် အင်အားစုဆောင်းကာ စစ်သေနာပတိ လမ်းစဉ်ကို ရှာဖွေနေသူများ လျှောက်လှမ်းလေ့ရှိသော လမ်းစဉ်များ ဖြစ်ပုံရပေသည်။

ကောင်းကင်နယ်မြေ ၏ အပြင်ဘက်တွင်မူ တံခွန် ၏ ရည်ရွယ်ချက် သည် မိမိ၏ ကွပ်ကဲမှုအောက်ရှိ သူများအပေါ် ဩဇာလွှမ်းမိုးနိုင်စွမ်း ရှိပေသည်။ ၎င်းက ပိုမို ထိရောက်သော ဖွဲ့စည်းပုံများနှင့် အစီအရင်များကို ပြုလုပ်နိုင်စေပြီး၊ မိမိ၏ ခွန်အားအပေါ် မူတည်၍ လူတစ်ဦးချင်းစီထံသို့ မိမိ၏ ခွန်အား တစ်စိတ်တစ်ပိုင်းကို ထည့်သွင်းပေးနိုင်စွမ်း ရှိ၏။ ဤသို့ ခွဲဝေပေးလိုက်သော ခွန်အားသည် အကြောင်းပြချက်မရှိလောက်အောင်ပင် မှော်ဆန်ပြီး နက်နဲလှပေသည်။

ဥပမာအားဖြင့် အနိမ့်ဆုံးအဆင့် နိုးကြားသော တံခွန် ရည်ရွယ်ချက် ဖြင့်ပင် စစ်သေနာပတိ တစ်ဦးသည် သူတို့၏ စုစုပေါင်း ခွန်အား၏ ၅% အထိကို မိမိ၏ စစ်သည်များထံသို့ ထည့်သွင်းပေးနိုင်ပေသည်။ ၎င်းမှာ များပြားလှသည်ဟု မထင်ရသော်လည်း၊ တစ်ဦးချင်းစီတိုင်း ကို ၅% ပေးအပ်ခြင်း ဖြစ်၏။ ဤကောင်းချီးကို ပေးအပ်နိုင်သော အရေအတွက် ကန့်သတ်ချက် ရှိသော်လည်း၊ ၎င်းမှာ တစ်ဦးတစ်ယောက်၏ ဝိညာဉ်အင်အား အပေါ်တွင်သာ မူတည်ပေသည်။

ထို့အပြင် ပူးပေါင်း ဝိညာဉ် အစီအရင်များ သို့မဟုတ် ပုံဖော်ခြင်း အစီအရင်များ တည်ဆောက်ရာတွင် စွမ်းအင်စီးဆင်းမှု ပေါင်းစည်းခြင်းမှာလည်း သိသိသာသာ ပိုမို မြင့်မားပေသည်။

တစ်ချိန်တည်းမှာပင် ဝိုင်းရံပိတ်ဆို့ခြင်း ရည်ရွယ်ချက် သည် အနည်းငယ်မျှသော ကွဲပြားမှုများမှလွဲ၍ အဟုန် ရည်ရွယ်ချက် နှင့် အလွန် ဆင်တူပေသည်။ ၎င်းသည် တစ်ဦးချင်းစီအနေဖြင့် လုပ်ဆောင်သောအခါတွင် မဟုတ်ဘဲ အုပ်စုလိုက် လုပ်ဆောင်သောအခါတွင်သာ အလုပ်လုပ်ပြီး၊ ပစ်မှတ်တစ်ခုအပေါ်တွင်သာ အသုံးချနိုင်ပေသည်။ လူအရေအတွက် များလေလေ၊ စတင်လိုက်သည်နှင့် ရရှိလာသော အရှိန်အဟုန် ပမာဏ ပိုများလေလေဖြစ်ပြီး ပိုမိုမြန်ဆန်စွာ တိုးတက်လာလေလေ ဖြစ်၏။

၎င်းမှာ ကန့်သတ်ချက်များ ရှိနေသော်ငြားလည်း စစ်ပွဲအတွက် အလွန်ကောင်းမွန်သော ရည်ရွယ်ချက် တစ်ခု ဖြစ်ပေသည်။

"လက်နက်ချစမ်း..."

ဝေ့ဝူယင်သည် သူ၏ နဂါးအဆုတ်ကို အသုံးပြု၍ ဟိန်းဟောက်လိုက်ရာ၊ စစ်မြေပြင် တစ်ခုလုံး တုန်ခါသွားစေခဲ့သည်။ သို့သော် သူ၏ ကိုယ်ပိုင် စစ်သည်တော်များကမူ ထိုအချိန်ကို အခွင့်ကောင်းယူကာ သူတို့၏ ပြိုင်ဘက်များကို အဆုံးသတ်ပစ်ခဲ့ကြ၏။

"ဒါမှမဟုတ် သေလိုက်..."

ထိုစကားလုံးများ ပဲ့တင်ထပ်သွားပြီးနောက်၊ သေဆုံးသွားသည့် စစ်သည်တော်၏ လက်အောက်ခံ စစ်သည်များသည် အခြေအနေကို သဘောပေါက်သွားကြပြီး ဝေ့ဝူယင်၏ ကြီးမားလှသော စွမ်းအားကို နားလည်သွားကြသည်။

သူတို့သည် လက်နက်များကို ပစ်ချကာ အရှုံးပေးသည့်အနေဖြင့် ဒူးထောက်လိုက်ကြ၏။ ခေါင်းမာသော လူနည်းစုကသာ နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်ရင်း သေဆုံးသွားခဲ့ကြသည်။

ဝေ့ဝူယင်၏ အင်အားသည် မူလက သုံးဆယ့်သုံးဦးသာ ရှိရာမှ ယခုအခါ ခုနစ်ရာအထိ တိုးပွားလာခဲ့ပြီ ဖြစ်သည်။ ယခုပါလာသည်က သူ၏ တပ်ခွဲငယ်တစ်ခုမျှသာ ဖြစ်၏။ ကျန်ရှိသူများသည် သူ၏ အခြေစိုက်စခန်းတွင် ရှိနေကြပြီး၊ သူ၏ အဖွဲ့အစည်းအတွက် ထောက်ပံ့ပို့ဆောင်ရေး ကွန်ရက်များနှင့် သီးခြားနယ်မြေများကို သိမ်းပိုက်ကြောင်း ညွှန်ပြသည့် တံခွန်များကို တည်ဆောက်နေကြပေသည်။

သူ၏ စစ်သည်တော်များထဲတွင် အားလုံးက ဆေဘာ သင်္ကေတကို ဆောင်ထားကြသော်လည်း၊ အချို့တွင်မူ စစ်တူရွင်းများ၊ တံခွန်များ၊ မြားများ၊ လှံများနှင့် အခြားအရာများ ရှိနေကြသည်။ ၎င်းတို့သည် ကွဲပြားခြားနားသော အဖွဲ့အစည်း ဆယ့်ငါးခုထက်မကကို ကိုယ်စားပြုနေကြပေသည်။

သူ၏ ရင်အုပ်ကာပေါ်တွင် ကောင်းကင် သင်္ကေတ ခုနစ်ခု ရှိနေပေသည်။ ၎င်းကား လမ်းစဉ် ကိုးခုအနက်မှ ခုနစ်ခုက သူ၏ ကြိုးစားအားထုတ်မှုများကို အသိအမှတ်ပြုခဲ့ပြီး၊ ကောင်းကင် စစ်ဥပဒေသ ၏ ထိုသဘောတရားများနှင့် ပတ်သက်သော ဥပဒေသ မျိုးစေ့များ ကို ဆုပ်ကိုင်ခွင့် ပေးလိုက်ခြင်းကို ညွှန်ပြနေ၏။

၎င်းတို့မှာ စစ်သည်တော်၊ စစ်သေနာပတိ၊ သူရဲကောင်း၊ နည်းဗျူဟာမှူး၊ အထူးတပ်ဖွဲ့၊ သတ်ဖြတ်သူ နှင့် အောင်နိုင်သူ တို့ ဖြစ်ကြသည်။ ထို ကောင်းကင် သင်္ကေတများ သည် ကြီးမြတ်သော ခမ်းနားမှုဖြင့် တောက်ပနေခဲ့ပေသည်။

သူ့အတွက် ကျန်ရှိနေသည်မှာ ပြိုင်ဘက်ကင်း နှင့် ငြိမ်းချမ်းရေးဖန်တီးသူ တို့သာ ဖြစ်သည်။ ဤနှစ်ခု၏ လိုအပ်ချက်များကို သူ အကြမ်းဖျင်း သဘောပေါက်ထားပြီး ဖြစ်၏။ ရှုံးနှိမ့်ဖူးခြင်းမရှိသူ သည် သူ့အား သတ်မှတ်ထားသော တိုက်ပွဲ အရေအတွက်တစ်ခုတွင် မရှုံးမနိမ့်ဘဲ ရှိနေစေရန် လိုအပ်သည်။ ၎င်းသည် အဖွဲ့လိုက်ဖြစ်စေ၊ တစ်ကိုယ်တော် စွမ်းဆောင်ရည်ဖြင့်ဖြစ်စေ အရေးမကြီးပေ။ သို့သော် အရေအတွက် များလေလေ၊ ရရှိလာမည့် သဘောတရားက ပိုမို အားကောင်းလေလေ ဖြစ်မည်။ ကြယ်တာရာ ပါရဂွန် ခန္ဓာကိုယ် နှင့် အစစ်အမှန်နဂါး သွေးမျိုးဆက် ရှိနေသော သူ့အတွက်မူ၊ ၎င်းသည် အနှေးနှင့်အမြန် ဖြစ်လာမည့် ကိစ္စဟုသာ သူ၏ မျက်လုံးထဲတွင် မြင်နေပေသည်။

ငြိမ်းချမ်းရေးဖန်တီးသူ သည် ရရှိရန် အခက်ခဲဆုံး ဖြစ်ပေသည်။ ၎င်း မည်သို့ အလုပ်လုပ်သည်နှင့် ပတ်သက်၍ သူ့ထံတွင် ယူဆချက် အချို့ရှိသည်။ အခြားသူများကို အောင်နိုင်ပြီး ထိုစစ်သည်တော်များကို သူ၏ စစ်သည်တော်များ၊ အထူးတပ်ဖွဲ့များ၊ နည်းဗျူဟာမှူးများ၊ စစ်သေနာပတိများ သို့မဟုတ် သူရဲကောင်းများ ဖြစ်လာစေရန် အတင်းအကျပ် စေခိုင်းပြီးနောက်၊ နောက်ဆုံးအရာမှာ အဖွဲ့အစည်းများ၏ ပေါင်းစည်းမှုဖြစ်ကြောင်း သူ သဘောပေါက်သွားခဲ့၏။

သူသည် သူ သိမ်းပိုက်လိုက်သော အဖွဲ့အစည်း တစ်ခုချင်းစီကို သူ့ကိုယ်ပိုင်အဖြစ် အစားထိုးလိုက်ရန် မလိုအပ်ဘဲ၊ သူတို့၏ မူလ အမှတ်အသားကို ထိန်းသိမ်းထားရင်း သူ၏ အဖွဲ့ထဲသို့ ဝင်ရောက်ခွင့်ပြုရမည် ဖြစ်သည်။

ဆိုလိုသည်က သူသည် အဖွဲ့အစည်း အများအပြားကို တစ်ခုတည်းအဖြစ် ပေါင်းစည်းရမည်ဖြစ်ပြီး၊ မတူညီသော အမှတ်အသားများကြားတွင် ယခင်က တစ်ခါမျှ မမြင်ဖူးသော ငြိမ်းချမ်းရေးကို တည်ဆောက်ရမည် ဖြစ်ပေသည်။

သို့သော် ရှုံးနှိမ့်ဖူးခြင်းမရှိသူ ကဲ့သို့ပင်၊ သူသည် တံခွန်တစ်ခုတည်းအောက်တွင် အဖွဲ့အစည်း မည်မျှကို ပေါင်းစည်းနိုင်သည်အပေါ် မူတည်၍ ထိုသဘောတရား၏ အားကောင်းမှု ကွာခြားလိမ့်မည်ဟုလည်း ယုံကြည်ထားခဲ့၏။

ထို့ကြောင့် သူ ဆုံးဖြတ်လိုက်သည်။

သူသည် အဖွဲ့အစည်း ၃,၀၀၀ ကို အဖွဲ့အစည်း တစ်ခုတည်းအောက်တွင် ပေါင်းစည်းပစ်မည်။

သူ၏ ဆေဘာ အဖွဲ့အစည်း အောက်တွင်ပင်။

သူသည် ကောင်းကင်နယ်မြေ တစ်ခွင်လုံးကို စစ်ခင်းရန် အသင့်ဖြစ်နေပြီ ဖြစ်လေသည်။

...

သုံးဆယ့်နှစ်ရက်...

အာရုဏ်ဦး မိုးကုပ်စက်ဝိုင်း မျှော်စင်...

မူလအာရုဏ်ဦး နန်းတော် ၏ ပုံစံကို ယူကာ၊ လွတ်လပ်သော နယ်မြေ ၏ အာကာသ သြဒီနိတ်များအထက်တွင် တည်ဆောက်ထားသော ထိုမျှော်စင်သည် ဂလက်ဆီ၏ လူမှုအသိုင်းအဝိုင်း ဆွေးနွေးမှုများနှင့် တိုးတက်မှုများထဲသို့ တဖြည်းဖြည်းချင်း ပေါင်းစပ်ဝင်ရောက်လာခဲ့ပြီး၊ ယခုအခါတွင် ပြိုင်ဘက်ကင်းသော အလှတရားရှုခင်းတစ်ခုအဖြစ် တည်ရှိနေကာ၊ နေရာအနှံ့မှ အမျိုးသားများနှင့် အမျိုးသမီးအချို့၏ မနာလိုအားကျစရာ ဖြစ်နေပေသည်။

၎င်း၏ ပင်မ ခန်းမဆောင်ကြီးအတွင်းတွင် လူဆယ်ဦးကျော်ခန့်သည် မတ်တတ်ရပ်သူရပ် ထိုင်သူ ထိုင်နေကြ၏။ သူတို့၏ ခံစားချက်များနှင့် လှပသော မျက်နှာသွင်ပြင်များမှာ ကွဲပြားခြားနားနေကြသည်။ ထိုသူများအားလုံးမှာ အမျိုးသမီးများ ဖြစ်ကြ၏။ ပိုမို တိတိကျကျ ဆိုရပါက ဂလက်ဆီများကိုပင် ဖျက်ဆီးပစ်နိုင်စွမ်းရှိသော သူတို့၏ လိင်မျိုးနွယ်တွင် အလှပဆုံးသော အမျိုးသမီးများ ဖြစ်ကြပေသည်။

ထိုအမျိုးသမီးများထဲမှ တစ်ယောက်မှာ လက်ထဲ၌ ကျမ်းလိပ်တစ်ခုကို ကိုင်ဆောင်ကာ မတ်မတ်ရပ်ရင်း အထဲမှ အကြောင်းအရာများကို တည်ငြိမ်စွာ ဖတ်ရှုနေ၏။ သူမက အခြားသူမဟုတ်ဘဲ စုမေ့ ပင် ဖြစ်သည်။ သူမ၏ ဘေးတွင် ခြေချိတ်ထိုင်နေသူမှာ လော့နင် ဖြစ်၏။ ထိုအဂ္ဂိရတ် ကိုယ်စားလှယ်၏ နောက်တွင်တော့ အီမန်တက်မှာ မတ်တပ်ရပ် နေ၏။

လော့နင်၏ မျက်လုံးများသည် အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ ၏ လူမှုအသိုင်းအဝိုင်းရှိ နိုင်ငံရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် အထက်တန်းလွှာ အဆင့်များကို ကျွမ်းကျင်စွာ ဆက်သွယ်ပြောဆိုခဲ့စဉ်က အထူးတလည် တက်ကြွလှုပ်ရှားသော စွမ်းအင်များဖြင့် ပြည့်နှက်နေခဲ့သော်လည်း၊ ယခုအခါတွင် ပင်ပန်းနွမ်းနယ်မှုနှင့် ဖုံးကွယ်ထားသော စိတ်အနှောင့်အယှက်ဖြစ်မှုများကို ပြသနေပေသည်။

အခန်းထဲရှိ အခြားလူများမှာ ဂလက်ဆီ အဆင့် ထင်ရှားသည့် အမျိုးသမီးများ ဖြစ်ကြသည်။ ဝေ့ဝူယင်သည် ကြယ်တစ်ပွင့် ဂလက်ဆီမှ ထွက်ခွာလာခဲ့သည်မှာ သိပ်မကြာသေးသော်လည်း ကိုယ်လုပ်တော်များ၊ မဟာမိတ်များနှင့် လက်အောက်ငယ်သားများ စသည့် အဆင့်အမျိုးမျိုးရှိသော ဆက်ဆံရေးများကို တည်ဆောက်ထားနိုင်ခဲ့ပေသည်။

ရှန့် မျိုးနွယ်စု၏ သခင်မလေး ရှန့်ဝမ်ချင်း...

သေဆုံးသွားပြီဟု ထင်မှတ်ထားခဲ့ရသော ရှီနင်..

ပင်လယ်နှင့် ကောင်းကင် တက္ကသိုလ်မှ လောကရှန့်ထို အဂ္ဂိရတ်ပညာရှင် အဖြူရောင် ကောင်းကင်...

ကြည်နူးကျောက်စိမ်း တက္ကသိုလ်မှ မှ လောကရှန့်ထို အဂ္ဂိရတ်ပညာရှင် မေ့ရှောင်ယန်...

ပြတ်သားသော ဆည်းဆာ ဂလက်ဆီ ၏ ခေါင်းဆောင်ပိုင်းမှ သူတော်စင် နက်ပစ် နှင့် သူတော်စင် အိုအေစစ်မြစ်...

ခုနစ်ဆင့် တက်လှမ်းခြင်း ကောင်းကင် အဂ္ဂိရတ် အဆင့်သတ်မှတ်ချက်များ တွင် အဆင့် ခုနစ် ရှိသော အဂ္ဂိရတ်ပညာရှင် ယွီပေါင်ယွဲ့...

အရိပ်ကွယ် အဖွဲ့အတွက် လျှို့ဝှက်ချက်များ ကစားပွဲ၏ ကိုယ်စားလှယ်ဖြစ်သူ ချီယင်ယင်...

“ဟူး...”

လော့နင်သည် ခန်းမတစ်ခုလုံး ပဲ့တင်ထပ်သွားစေလောက်သော သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်၏။ ၎င်းက အခန်းထဲရှိ လူတိုင်း၏ အာရုံကို ဖမ်းစားလိုက်ပြီး နက်ပစ်နှင့် ချီယင်ယင်တို့ကြားရှိ စကားပြောဆိုမှုများကို ရပ်တန့်သွားစေခဲ့သည်။ အီမန်တက်က ပြုံးလိုက်ပြီး လော့နင်ကို တိတ်တဆိတ် ထောက်ခံပေးလိုက်၏။

စုမေ့က သူမ၏ လက်ထဲရှိ ကျမ်းလိပ်ကို အောက်ချလိုက်သည်။ အခန်းထဲရှိ အာရုံစိုက်မှုအားလုံးသည် ထိုင်နေသော လော့နင်ဆီသို့ ရောက်ရှိသွားကြ၏။ အာရုဏ်ဦး မိုးကုပ်စက်ဝိုင်း မျှော်စင်၏ အဂ္ဂိရတ် ကိုယ်စားလှယ် အဖြစ် အချိန် တစ်ခဏသာ အလုပ်လုပ်ခဲ့ရသော်လည်း သူမသည် အာဏာနှင့် လွှမ်းမိုးမှု အချို့ကို ရရှိထားခဲ့ပြီး ဖြစ်သည်။

ယနေ့၌ သူတို့ အားလုံးသည် အလွန် အရေးကြီးသော အကြောင်းပြချက် တစ်ခုဖြင့် ဤနေရာသို့ စုဝေး ရောက်ရှိနေကြခြင်း ဖြစ်ပေသည်။

***

All Chapters