← Chapters

အခန်း (၂၅၀၁-၂၅၀၂)

Vol. 179 Ch. 2501-2502

အခန်း (၂၅၀၁-၂၅၀၂)

Vol. 179 Ch. 2501-2502

အပိုင်း(၂၅၀၁)

လွန်ခဲ့သည့် ရက်ပိုင်းအတွင်း၌... ဝေ့ဝူယင်သည် ကြီးမားလှသော ကပ်ဘေးတစ်ခုကို ကြုံတွေ့ခဲ့ရပြီး သူ အသက်ရှင်နေသေးသလား၊ သေဆုံးသွားပြီလား မသိရကြောင်း ကောလာဟလတစ်ခု ပျံ့နှံ့နေခဲ့လေသည်။ သူတို့သည် ထိုအတွက် အဖြေရှာရန်နှင့် သဘောတူညီချက်ကို တရားဝင် အတည်ပြုရန် ရောက်ရှိလာကြခြင်း ဖြစ်သည်။

ဤကြောက်မက်ဖွယ်ကောင်းသော ကောလာဟလမှာ များစွာသော ကောလာဟလများထဲမှ တစ်ခုသာ ဖြစ်၏။ ထိုကောလဟလက ဝေ့ဝူယင်သည် စုရီနှင့် ယွီပေါင်ယွဲ့တို့ကို ကယ်တင်ပြီးနောက် သူ၏ အမျိုးသမီးများကို အန္တရာယ်ပြုရန် ကြိုးပမ်းနေသော အထွတ်အထိပ် စွမ်းအားရှင်တစ်ဦးကို စော်ကားမိသွားကြောင်း အရိပ်အမြွက်ကိုလည်း ပြဆိုနေပေသည်။

ဤအချက်မှာ သူတို့ထဲမှ အချို့၊ အထူးသဖြင့် ရှန့်ဝမ်ချင်း၊ ရှီနင်နှင့် ယွီပေါင်ယွဲ့တို့ ဤနေရာသို့ ရောက်ရှိနေရခြင်း၏ အဓိက အကြောင်းရင်းပင် ဖြစ်၏။

အမှန်တကယ်တော့ ရှီနင်သည် လွန်ခဲ့သော လေးရက်ခန့်က သူငယ်ချင်းအချို့နှင့် ခရီးသွားနေစဉ် တိုက်ခိုက်ခံခဲ့ရသည်။

ဝေ့ဝူယင်နှင့် ဆက်ဆံရေးကို တရားဝင် ကြေညာခဲ့ပြီး နောက်တွင် ရရှိလာသော အဆင့်အတန်းနှင့် အတူ သူမသည် အများအားဖြင့် သူမ၏ မိခင် ကြယ်ကွင်းပြင်တစ်လျှောက် ကျင့်ကြံခြင်းနှင့် ခရီးသွားခြင်းများကိုသာ ပြုလုပ်လေ့ရှိ၏။

နောက်ဆုံး၌... ချွင်ဆွေဟွကျိ တစ်ဦးအဖြစ် သူမ၏ လျှို့ဝှက်ချက်က ကာမရာဂစိတ်များကို ဆွဲဆောင်လာမည်ကို ကြောက်ရွံ့နေစရာ မလိုတော့ပေ။ ဝေ့ဝူယင်၏ ကိုယ်လုပ်တော် ဟူသော အဆင့်အတန်းကြောင့် ပုံမှန်စိတ်ရှိသူ မည်သူမျှ သူမကို အန္တရာယ်ပြုဝံ့မည် မဟုတ်ချေ။

ထိုတိုက်ခိုက်မှုကို ဟင်းလင်းပြင် တံခါးပေါက် မှတစ်ဆင့် ရောက်ရှိလာသော ပါခက်က ဟန့်တားခဲ့သည်။ တိုက်ခိုက်မှုကို ပြုလုပ်ခဲ့သူများသည် မိမိကိုယ်ကို အဆုံးစီရင်ရန် အထူး တီထွင်ထားသည့် ကိရိယာတစ်ခုကို အသုံးပြုခဲ့သည်။

ထိုကိရိယာက သူတို့၏ တည်ရှိမှုကို အခြေခံ အဆင့်မှ စ၍ ဖျက်ဆီးပစ်ခဲ့သဖြင့် လွယ်ကူစွာ ပြန်လည်ရှင်သန်ခြင်းနှင့် စစ်ဆေးမေးမြန်းခြင်းများကို တားဆီးနိုင်ခဲ့သည်။

ထိုတိုက်ခိုက်မှု၌ ရှီနင်၏ ဆံပင်တစ်ပင်မျှပင် မထိခိုက်ခဲ့သလို လက်သည်းတစ်ခွံမျှပင် မကျိုးပဲ့ခဲ့ချေ။ ဝေ့ဝူယင်၏ ဘေးကင်းလုံခြုံရေး အစီအမံများမှာ ပြည့်စုံလုံလောက်ပြီး တုံ့ပြန်မှုမှာလည်း ချက်ချင်းနီးပါး ဖြစ်သောကြောင့်၊ ဝေ့ဝူယင်သည် လွတ်လပ်စွာ ခရီးသွားနေသော သူ၏ အမျိုးသမီးများကို အကာအကွယ်မဲ့ မထားခဲ့ကြောင်း ကမ္ဘာကို ဖော်ပြလိုက်ခြင်းပင် ဖြစ်ပေသည်။

အဓိက သံသယရှိသူမှာ အရိပ်ကွယ် အဖွဲ့ ဖြစ်သည်။ ထို့ကြောင့်ပင် ချီယင်ယင်သည် ဤနေရာတွင် ရှိနေရခြင်း ဖြစ်သည်။ လော့နင်၏ အကြည့်သည် သူမအပေါ်သို့ ရောက်ရှိသွား၏။

ချီယင်ယင်က တည်ငြိမ်စွာဖြင့်...

"ကျွန်မ အရင်ကလည်း ပြောခဲ့ပြီးပါပြီ။ အရိပ်ကွယ် အဖွဲ့က သခင်မလေး ရှီ ကို တိုက်ခိုက်ခဲ့တဲ့ လုပ်ကြံသူတွေနဲ့ ဘာပတ်သက်မှုမှ မရှိပါဘူး။ ဒါပေမယ့် အဲဒီလို လုပ်ဖို့အတွက် ဆွဲဆောင်မှုရှိတဲ့ ကမ်းလှမ်းချက်တစ်ခု ရရှိခဲ့ဖူးပြီး၊ ကျွန်မတို့ ချက်ချင်းပဲ ငြင်းပယ်ခဲ့ပါတယ်။ ဒီအကြောင်းကို ရှင်းပြတာကတောင် ကျွန်မတို့ရဲ့ အတွင်းရေး စည်းကမ်းချက် အချို့ကို ချိုးဖောက်နေတာပါ။ ကျွန်မ စိတ်ကူးလို့ရတာ တစ်ခုပဲ ရှိတယ်။ တစ်ယောက်ယောက်က မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ဈေးကွက်ထဲမှာ လိုက်ရှာနေပြီး၊ သူတို့က ဒီလောက်နဲ့တင် ရပ်တန့်သွားမှာ မဟုတ်ဘူးဆိုတာပဲ..."

အရိပ်ကွယ် အဖွဲ့မှ ချီယင်ယင်၏ ရှင်းပြချက်ကြောင့် လော့နင်သည် သက်ပြင်းချလိုက်မိ၏။ ၎င်းမှာ ဝေ့ဝူယင်၏ လက်ရှိ အခြေအနေကို အတည်ပြုရန်အတွက် လိမ္မာပါးနပ်သော နည်းဗျူဟာတစ်ခု ဖြစ်ကြောင်း သူမ ကောင်းစွာ သိရှိထားပေသည်။ ဤအဖြစ်အပျက် ဖြစ်ပွားပြီးနောက် သူ၏ ပျောက်ဆုံးနေမှုမှာ ပိုမို သိသာထင်ရှားလာကာ ထိုအင်ပါယာ ကျင့်ကြံသူ၌ တစ်ခုခု ဖြစ်ပျက်နေကြောင်း အရိပ်အမြွက် ပြဆိုနေပေသည်။

ဝေ့ဝူယင် ပိုင်ဆိုင်ထားသည့် ခွန်အား၊ နည်းလမ်းများနှင့် အာဏာရှင်ဆန်သော စရိုက်လက္ခဏာတို့အရ၊ ထိုလုပ်ကြံသူများကို ပြန်လည်ရှင်သန်စေပြီး နောက်ပိုင်းတွင် စစ်ဆေးမေးမြန်းကာ အကြောင်းရင်းကို ရှာဖွေပြီးနောက် တာဝန်ရှိသူများကို လူသိရှင်ကြားနှင့် ရက်ရက်စက်စက် ကွပ်မျက်ခြင်းမျိုး မပြုလုပ်ဘဲ နေမည်မဟုတ်ကြောင်း လူအများစုက ထင်မြင်နေကြ၏။

သို့သော် မည်သည့်အရာမျှ မရှိခဲ့ချေ။ ကြေညာချက် တစ်စောင် သို့မဟုတ် ကိုယ်ထင်ပြမှု တစ်ခုမျှပင် မရှိခဲ့ပေ။

လော့နင်သည် အထောက်အထားများနှင့်တကွ တရားခံများကို ရှာဖွေရန် ဂလက်ဆီအဆင့် ဆုကြေးငွေတစ်ခုကို ထုတ်ပြန်ခဲ့သည်။ သို့သော် သူမကို စိတ်ပျက်စေသည်မှာ၊ တာဝန်ကို ရယူရန် စိတ်ဝင်စားသည့် အထွတ်အထိပ် တည်ရှိမှုတိုင်းက ဝေ့ဝူယင်နှင့် တိုက်ရိုက် စေ့စပ်ညှိနှိုင်းလိုကြပြီး၊ ထိုသို့ မပြုလုပ်ရပါက သဘောတူညီရန် တညီတညွတ်တည်း ငြင်းဆန်ခဲ့ကြခြင်းပင် ဖြစ်၏။

သို့သော်လည်း...

ဝေ့ဝူယင်က ဆက်လက် ပျောက်ဆုံးနေဆဲဖြစ်ကာ၊ ထင်ကြေးပေး ကောလာဟလများကို ပိုမို အားကောင်းလာစေခဲ့ပေသည်။

အဖြူရောင် ကောင်းကင်နှင့် မေ့ရှောင်ယန်တို့သည် ကောလာဟလများကို ကြားပြီးနောက် သူတို့၏ ထောက်ခံမှုကို ပြသရန်နှင့် အကူအညီ ပေးရန် ရောက်လာကြခြင်း ဖြစ်သည်။ အမှန်စင်စစ်... သူတို့နှစ်ဦးစလုံးသည် အာရုဏ်ဦး မိုးကုပ်စက်ဝိုင်း မျှော်စင် တွင် တရားဝင် အဂ္ဂိရတ်ပညာရှင်များ အဖြစ် ဝင်ရောက်လိုကြခြင်း ဖြစ်၏။ ဝေ့ဝူယင်သည် ဤရလဒ်ကို ကြိုတင်ခန့်မှန်းထားပြီး ဖြစ်သောကြောင့်၊ လော့နင်သည် သူတို့၏ အဖွဲ့အစည်းများကို ပိုမိုနီးကပ်စွာ ပြောင်းရွှေ့နိုင်ရန် ရန်ပုံငွေများနှင့် အကူအညီများကို ကမ်းလှမ်းခြင်းဖြင့် သူတို့ကို ရာထူးပေးရန် အသင့်ဖြစ်နေခဲ့ပေသည်။

မည်သို့ပင် ဆိုစေကာမူ... မကြာမီက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များအပြီးတွင် ဝေ့ဝူယင် ထွက်ပေါ်လာရန် မရှိမဖြစ် လိုအပ်လာခဲ့ပေသည်။ ကံဆိုးစွာြဖင့်... လော့နင်သည် သူမ၏ အင်ပါယာ မည်သည့်နေရာသို့ ထွက်သွားသည်ကို လုံးဝ မသိရှိခဲ့ချေ။ သူမက စုမေ့ကို တစ်ချက်ကြည့်လိုက်၏။

နောက်ဆုံး၌ စုမေ့က ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်သည်။

"နင် တို့အားလုံး ကိစ္စတွေ မပြီးခင် အထိ ဒီမှာပဲ နေရမယ်..."

သူမက ပြတ်သားစွာပင် အမိန့်ပေးလိုက်လေသည်။ ထို့နောက်... သူမ၏ အကြည့်သည် ချီယင်ယင်အပေါ်တွင် ရပ်တန့်သွား၏။

"နင်... ငါနဲ့ လိုက်ခဲ့..."

သူမက ကျမ်းစာလိပ်ကို ခေါက်လိုက်ပြီးနောက်၊ သူမသည် သူမ၏ နောက်ဘက်ရှိ အာကာသကို လက်ဖြင့် ဖိလိုက်ကာ ဟင်းလင်းပြင် တံခါးပေါက် တစ်ခုကို ဖန်တီးလိုက်သည်။ ဟင်းလင်းပြင် လက်စွပ် ၏ လုပ်ဆောင်ချက်များနှင့် မရင်းနှီးသူများကတော့ ထိုမြင်ကွင်းကို ကြည့်ကာ အံ့အားသင့်သွားကြလေသည်။

ချီယင်ယင်မှာ အနည်းငယ် တွန့်ဆုတ်နေသော်လည်း လိုက်နာခဲ့ပေသည်။

သူတို့ ထွက်ခွာသွားပြီးနောက် လော့နင်သည် ကျန်ရှိနေသော အမျိုးသမီးများကို ကြည့်ကာ နောက်ထပ် သက်ပြင်းတစ်ချက် ချလိုက်ပြန်သည်။ သူမသည် သူတို့အားလုံး၏ နေထိုင်ရေးကို စီစဉ်ပေးရပေတော့မည်။

...

တစ်ချိန်တည်းမှာပင် ဝေ့ဝူယင်သည် လေထဲတွင် မတ်တတ်ရပ်နေ၏။ သူ၏ ကျောဘက်တွင် မီးခိုးရောင် နဂါးတောင်ပံ နှစ်ခု ဖြန့်ကျက်ထားသည်။ သူသည် မျက်နှာပြင်တွင် ရွှေရောင် ကောင်းကင် သင်္ကေတများ ရေးထွင်းထားသည့် သွေးရောင် သံချပ်ကာကို ဝတ်ဆင်ထား၏။ သူ၏ ရင်အုပ်ကာ အလယ်ဗဟိုတွင် အဆုံးအစမရှိသော ခမ်းနားကြီးကျယ်မှုများဖြင့် တောက်ပနေသော သလင်းကျောက် ဆေဘာ တစ်လက်ကို မြှုပ်နှံထားပေသည်။ သူသည် သွေးရောင်လွှမ်းနေသော ကောင်းကင်နှင့် သွက်လက်စွာ ကခုန်နေသော ရွှေရောင် တိမ်တိုက်များ အောက်တွင် ရပ်နေ၏။

သူ၏ အောက်ဘက်တွင်မူ စစ်သည်တော် ၃၀၀,၀၀၀ သည် မည်သည့် ချို့ယွင်းချက်မျှ မရှိသော စနစ်ကျလှသည့် တန်းစီ ဖွဲ့စည်းပုံဖြင့် ရပ်နေကြသည်။ သူတို့၏ ကျောရိုးများမှာ ဖြောင့်စင်း နေကြပြီး သူတို့၏ ပုံပန်းသဏ္ဍာန်များမှာ ကောင်းကင်ကိုပင် ထောက်မထားနိုင်သည့် တိုင်လုံးကြီးများနှင့် တူနေပေသည်။

ဧရာမ ဒူးလေးများမှသည် ရွှေ့ပြောင်းနိုင်သော လောက်လွှဲစက်များအထိ...

ဓားများမှသည် ဆေဘာ သင်္ကေတ ရေးထွင်းထားသော တံခွန်များအထိ...

ခန္ဓာကိုယ်များ အတွင်း တိတ်တဆိတ် ဟိန်းဟောက်နေသော ဝိညာဉ်များမှသည် သူတို့၏ အကြည့်များမှ ထွက်ပေါ်နေသော သွေးဆာမှုများအထိ...

မည်သည့် စစ်လက်နက် ကိရိယာမျှ လိုအပ်ချက် မရှိခဲ့ချေ။ တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေသော စစ်သည်တော် ၃၀၀,၀၀၀ ၏ အထက်တွင် လူတစ်ဦးတည်း ရပ်နေပေသည်။

ဝေ့ဝူယင်သည် မျက်လုံးဖြူလွှာများထဲသို့ စစ်ဥပဒေသ ကို ထည့်သွင်းထားသောကြောင့် အဖြူရောင်အစား သွေးရောင် ဖြစ်နေသည်။ သူ့ မျက်လုံးအိမ်များ၏ အနားသတ်များမှာ ကောင်းကင် ရွှေရောင်အဖြစ် ပြောင်းလဲသွားကာ၊ တောက်ပပြီး ခမ်းနားကြီးကျယ်လှ၏။ ၎င်းတို့ကို သူ၏ မျက်ဝန်းများဖြစ်သော ငွေရောင် တောက်ပမှုက ဝန်းရံထားပေသည်။

အခြား တပ်မတော်တစ်ခုက သူ၏ လမ်းကြောင်းတွင် ရပ်နေသည်။ ပိုမို ကြီးမားသည်။ ပိုမို ကျယ်ပြန့်သည်။ သို့သော်လည်း စနစ်ကား မကျ...။ စည်းကမ်းမဲ့ပုံ ပေါ်သည်။ သူတို့သည် မဖြစ်မနေ လိုအပ်ချက်ကြောင့် ပူးပေါင်းနေကြခြင်း ဖြစ်၏။

အသက်ရှင်သန်ရန် လိုအပ်ချက်တစ်ခုပင်...။

သုံးနှစ်ဟု သတ်မှတ်နိုင်သော အချိန်ကာလကို လူတစ်ဦးတည်းက အသုံးပြုကာ အင်အားစုဆောင်းပြီး၊ ပြိုင်စံရှား ချီတက်မှု အရှိန်အဟုန်ဖြင့် လောကကြီးကိုပင် တကယ်တမ်း တုန်လှုပ်စေခဲ့သော တပ်မတော် တစ်ခုကို တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

သူတို့၏ အရေအတွက်မှာ သန်းသုံးဆယ် ရှိ၏။ စစ်သည်တော် ပင်လယ်ကြီး တစ်ခု... ကောင်းကင်၏ ဆန္ဒကို တကယ်လက်တွေ့ အကောင်အထည် ဖော်ရန် ကိုယ်စားပြုမှုတစ်ခုပင် ဖြစ်ပေသည်။

ဝေ့ဝူယင်၏ သံချပ်ကာတွင် မြှုပ်နှံထားသော သလင်းကျောက် ဆေဘာ ၏ အောက်၌ ကောင်းကင် သင်္ကေတ ကိုးခုက တောက်ပစွာ လင်းလက်နေ၏။

ကိုးခုလုံးပင်...။

"စစ်သည်တို့..."

ဝေ့ဝူယင်က အဆုံးအစမရှိသော အရှိန်အဟုန်နှင့် ခွန်အားများဖြင့် ဟိန်းဟောက်လိုက်သည်။

"ဟေး... "

စစ်သည်တော်များက တညီတညွတ်တည်း ပြန်လည် တုံ့ပြန်လိုက်ကြ၏။ သူတို့၏ အော်သံကြောင့် တိမ်များ လွင့်စဉ်သွားကာ မြေကြီးမှာ တုန်ခါသွားခဲ့ပေသည်။

"ဒီနေ့ ငါတို့ဟာ လက်နက်ကိုင် ညီအစ်ကိုတွေနဲ့ အတူ ရပ်တည်နေတယ်။ ငါတို့ ကာကွယ်ရမယ့်အရာကို ကာကွယ်ဖို့အတွက်၊ ခွန်အားတွေရဖို့ သွေးနဲ့ မျက်ရည်တွေကျခဲ့ရတယ်... စိတ်ကူးနဲ့တောင် မှန်းဆလို့မရနိုင်တဲ့ နာကျင်မှုတွေကို ခံစားရင်း ပခုံးချင်းယှဉ်ပြီး တိုက်ပွဲဝင်ခဲ့ကြတယ်... ဒါပေမယ့် ငါတို့ရဲ့ ညီအစ်ကိုတွေထဲက တစ်ယောက်ကိုမှ ငါတို့ မဆုံးရှုံးခဲ့ရဘူး။ ငါတို့ရဲ့ အဖွဲ့အစည်း စတင်ကတည်းကပဲ။ ဘာကြောင့်လဲဆိုတာ မင်းတို့ သိကြတယ် မလား..."

"ဟေး..."

"မှန်တယ်... အဲဒီအဖြေကို မင်းတို့ရဲ့ နှလုံးသားထဲမှာ သယ်ဆောင်ထားကြ... အဲဒီအဖြေကို မင်းတို့ရဲ့ ဝိညာဉ်တွေပေါ်မှာ ထွင်းထုထားကြ... အဲဒီအဖြေနဲ့ ငါတို့ ရန်သူတွေရဲ့ အသက်တွေကို သိမ်းပိုက်ကြ... အဲဒီအတိုင်း ဆက်လုပ်ကြ... ဘယ်တော့မှ မမေ့နဲ့... ဘယ်တော့မှ မရပ်တန့်နဲ့... အဲဒါနဲ့... သတ်ပစ်ကြ... အဲဒါနဲ့ အသက်ရှင်သန်ကြ... ဒါမှ မနက်ဖြန်မှာ...

မနက်ဖြန်မှာ သူတို့ရဲ့ သွေးတွေက ငါတို့ လျှောက်လှမ်းမယ့် မြေပြင်ကို စွန်းထင်းစေရမယ်... မနက်ဖြန်မှာ အောင်ပွဲနဲ့အတူ ငါတို့ မျက်ရည်ကျကြမယ်... မနက်ဖြန်မှာ ငါတို့ ရန်သူတွေရဲ့ အလောင်းတွေပေါ်မှာ ငါတို့ ရပ်တည်ကြမယ်..."

“ငါတို့ရဲ့ ဓားသွားနဲ့ အရာအားလုံးကို ငါတို့ အဆုံးသတ်ပေးမယ်...”

ကောင်းကင်ကိုပင် ဆုတ်ဖြဲပစ်နိုင်မည့် အော်သံကြီးတစ်ခု ထွက်ပေါ်လာပြီး၊ ပြင်းထန်ကြမ်းတမ်းသော အင်အား မုန်တိုင်းတစ်ခုကို ဖန်တီးလိုက်ပေသည်။

ဝေ့ဝူယင်က ဒြပ်စင် ကို ဆွဲထုတ်လိုက်ပြီး အထက်သို့ မြှောက်ကိုင်လိုက်၏။

"ငါတို့ရဲ့ ဓားသွားနဲ့ အရာအားလုံးကို ငါတို့ အဆုံးသတ်ပေးမယ်.. သတ်..."

“သတ်...”

ကောင်းကင်နယ်မြေများ တစ်ခွင်လုံးကို စစ်ခင်းနေသော ဝိညာဉ်တစ်ခု၏ ကြီးကျယ်ခမ်းနားသော တိုက်ပွဲကြီးတစ်ခု စတင်ခဲ့လေပြီ။

***

အပိုင်း(၂၅၀၂)

စစ်မြေပြင် သက်သေပြရာနေရာ တစ်လျှောက်တွင် အလောင်းသန်းသုံးဆယ် ပြန့်ကျဲနေသည်။ ထိုအလောင်းများကြားတွင် လျှောက်လှမ်းနေကြသူများမှာ စစ်နတ်ဆိုးများဖြစ်ပြီး၊ အရေအတွက်အားဖြင့် ၃၀၀,၀၀၀ အတိအကျရှိကာ သူတို့၏ ခန္ဓာကိုယ်များမှာ ဒဏ်ရာများ သို့မဟုတ် သွေးများဖြင့် ဖုံးလွှမ်းနေ၏။ တစ်ယောက်မျှ ပျောက်ဆုံးနေခြင်း မရှိသလို၊ ဆေဘာ အဖွဲ့အစည်း မှ စစ်သည်တော်တစ်ယောက်မျှလည်း သေဆုံးသူများကြားတွင် မရှိခဲ့ချေ။

အလောင်းများ၊ ပျက်စီးနေသော မြေပြင်များ၊ ကြေမွနေသော စစ်လက်နက်များနှင့် ဒဏ္ဍာရီလာ နဂါးမျိုးနွယ် စီးတော်ယာဉ်များ၏ အပျက်အစီးများကြားတွင်၊ တားဆီး၍မရသော တပ်မတော်တစ်ရပ်သည် ရှုံးနိမ့်ဖူးခြင်းမရှိဘဲ ရပ်တည်နေခဲ့၏။

ကျောဘက်တွင် ခေါက်သိမ်းထားသော နဂါးတောင်ပံများရှိပြီး အနက်၊ ငွေရောင်နှင့် အဖြူရောင် သံချပ်ကာကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် ဤစစ်သင်္ချိုင်း၏ အလယ်ဗဟိုရှိ ပြတ်တောက်နေသော ခေါင်းများပုံပေါ်တွင် ထိုင်နေသည်။

ထိုပြတ်တောက်နေသော ခေါင်းများသည် ပလ္လင်တစ်ခုနှင့် တူနေပြီး၊ တစ်ခုစီသည် စစ်သေနာပတိ၊ အထူးတပ်ဖွဲ့ သို့မဟုတ် သူရဲကောင်း ဖြစ်စေ ရန်သူ့တပ်မတော်မှ ထူးချွန်သော အဖွဲ့ဝင်တစ်ဦးစီ၏ ခေါင်းများ ဖြစ်ကြ၏။ သူတို့သည် စိတ်ဓာတ်ကို မြှင့်တင်ပေးသူများ၊ တပ်ဖွဲ့ဝင်များကို လှုံ့ဆော်ပေးသူများနှင့် သူတို့၏ ရည်ရွယ်ချက်အတွက် တိုက်ပွဲဝင်ပြီး သေဆုံးရန် အမိန့်ပေးခဲ့သူများ ဖြစ်ကြပေသည်။

ဝေ့ဝူယင်သည် ပလ္လင်တစ်ခုနှင့် တူသော ပြတ်တောက်နေသော ခေါင်းများပုံပေါ်တွင် ထိုင်နေ၏။ သူသည် သွေး၊ သံမဏိနှင့် သေဆုံးခြင်းတို့ လွှမ်းမိုးခဲ့သော တိုက်ပွဲတွင် ဤခေါင်းများ၏ အသက်ကို ကိုယ်တိုင် ကိုယ်ကျ သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် အစစ်မှန်ဆုံးသော ကြမ်းကြုတ်ရက်စက်မှုပင် ဖြစ်ပေသည်။

အဆုံးတွင်တော့ သူ အနိုင်ရခဲ့သည်။

ပြိုင်ဘက်ကင်းသော အောင်ပွဲတစ်ခုပင်။

ရင်အုပ်ကာပေါ်ရှိ ကောင်းကင် သင်္ကေတ ကိုးခုကို ထိတွေ့ရင်း ဝေ့ဝူယင်၏ လက်ချောင်းများသည် ငြိမ်းချမ်းရေးဖန်တီးသူ နှင့် အောင်နိုင်သူ ဟူသော နှစ်ခုအပေါ်တွင် ရပ်တန့်သွား၏။ မူလက ၎င်းတို့ ရှိနေခဲ့သော်လည်း မှေးမှိန်နေခဲ့သည်။ ယခုမူ သတ်ဖြတ်သူ၊ ပြိုင်ဘက်ကင်း နှင့် နည်းဗျူဟာမှူး တို့နည်းတူ အတောက်ပဆုံး ဖြစ်နေပေပြီ။

"အဆုံးအစမရှိတဲ့ စစ်ပွဲတွေရှိတဲ့ လောကကြီးမှာ၊ ရန်သူမရှိတော့မှသာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရနိုင်မယ်... ငါ နားလည်မှု လွဲနေခဲ့တာပဲ..."

ဝေ့ဝူယင်သည် ဉာဏ်အလင်းပွင့်သွားသည့်ဟန်ဖြင့် သက်ပြင်းချလိုက်သည်။ ကောင်းကင်ကို ဆန့်ကျင်သော သူ၏ စစ်ဆင်ရေးသည် ဖော်ပြ၍မရနိုင်လောက်အောင် ဖြစ်ပြီး၊ အသက်တစ်ချောင်းမျှ မဆုံးရှုံးဘဲ အဆက်မပြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ၊ ၎င်းမှာ သူ၏ ကွပ်ကဲမှုအောက်ရှိ သူများထံသို့ သူ၏ ခန္ဓာကိုယ်၊ ဝိညာဉ်နှင့် စွမ်းအားတို့၏ အရည်အသွေးများကို ထည့်သွင်းပေးနိုင်စေသော စစ်၏ ဆန္ဒများကြောင့်ပင် ဖြစ်ပေသည်။

"သာလွန်ခြင်းအဆင့် အရည်အသွေး ရှိတဲ့ အမိန့်တော် ဆေးရည် က ငါ့ကို မကြုံစဖူး ကြီးမားတဲ့ အားသာချက်တစ်ခု ပေးခဲ့တယ်..."

ဝေ့ဝူယင်က စိတ်လှုပ်ရှားစွာ မှတ်ချက်ချလိုက်သည်။ စစ်ပွဲ အတွင်း၌ အတုအယောင် နှင့် အစစ်အမှန် သူတော်စင်၏ အမိန့်တော် တို့၏ အကျိုးသက်ရောက်မှုကို ခံရသူများကို သူ မြင်တွေ့ခဲ့ရပြီး၊ သူတို့အားလုံးနီးပါးကို သတ်ဖြတ်ခဲ့ရာ ခြားနားချက်မှာ အလွန် ကြီးမားလှပေသည်။

အဆင့်နိမ့် အရည်အသွေးထက် ပိုမြင့်မားသည့် အမိန့်တော် ဆေးရည် ကို အားကိုးခဲ့ဖွယ်ရှိသူများကိုလည်း တွေ့ခဲ့ရသော်လည်း၊ ၎င်းတို့သည်လည်း သူနှင့် နှိုင်းယှဉ်ပါက များစွာ အားနည်းနေသေး၏။

သူတို့ထဲမှ မည်သူမျှ သူတို့၏ ဝိညာဉ်များနှင့် အသိစိတ်များကို ဤနေရာသို့ ယူဆောင်လာနိုင်ခဲ့ခြင်း မရှိချေ။ သူ၏ စွမ်းအားရှေ့တွင် သူတို့သည် ပေါင်းပင်များကဲ့သို့ ချေမွန်းခံခဲ့ရပေသည်။

စစ်မှန်သော ငြိမ်းချမ်းရေး တည်ဆောက်ခြင်းနှင့် အပြည့်အဝ အောင်နိုင်ခြင်း ဟူသော ထိုအသိအမြင်သို့ ရောက်ရှိပြီးနောက်၊ ဝေ့ဝူယင်သည် နေရာအနှံ့ စစ်ခင်းရန် မတွန့်ဆုတ်တော့ချေ။ သူ၏ သတ်ဖြတ်ခြင်း၊ အောင်နိုင်ခြင်းနှင့် ပေါင်းစည်းခြင်း စစ်ဆင်ရေးသည် ကောင်းကင် စစ်နယ်မြေ ၏ လုပ်ဆောင်ချက်အချို့ကို သတိပေးလိုက်သကဲ့သို့ ဖြစ်သွားပြီး၊ ကျန်ရှိနေသော စစ်သည်တော်များသည် စုရုံးလာကာ ကြိုးပမ်းမှုများကို စနစ်တကျ ပြုလုပ်ပြီး တစ်ဦးနှင့်တစ်ဦး မဟာမိတ် ဖွဲ့လာကြသည်။

အံ့သြစရာကောင်းသည်မှာ စိတ် တာအို ၏ ဆွဲဆောင်ခြင်း နှင့် စိတ်လှည့်စားခြင်း ရည်ရွယ်ချက် အသီးသီး၏ အစိတ်အပိုင်းတစ်ခုအဖြစ် သတ်မှတ်နိုင်သော မဟာမိတ် ရည်ရွယ်ချက် နှင့် လှည့်စားခြင်း ရည်ရွယ်ချက် နှစ်ခုစလုံးသည် ဤနေရာတွင် ရှိနေသော်လည်း၊ ၎င်းက ပိုမို အာရုံ စူးစိုက်ရန် လိုအပ်ကာ ကန့်သတ်ချက်များလည်း ရှိပြီး ဝိုင်းရံပိတ်ဆို့ခြင်း ရည်ရွယ်ချက် နှင့် ဆင်တူပေသည်။ သူတို့သည် ခြိမ်းခြောက်မှုတစ်ခုကို အာရုံခံမိပြီး သူ၏ လုပ်ရပ်များကို ဆန့်ကျင်ရန် လျင်မြန်စွာ ဖွဲ့စည်းရာတွင် ထိုရည်ရွယ်ချက်ကို အားကိုးခဲ့ကြ၏။

“သေမျိုး တာအို ဒါမှမဟုတ် လျှို့ဝှက် တာအို မှာ ကိုယ်ပိုင် ကျင့်ကြံခြင်း လမ်းကြောင်း ရှိသလိုမျိုး၊ စစ်တာအိုက အဲဒီ လမ်းစဉ်တွေနဲ့ စိတ် တာအို လိုပဲ ဥပဒေသ အစိတ်အပိုင်းတွေကို ပေါင်းစပ်ထားတာပဲ။ အဲဒါ ဘယ်လို အလုပ်လုပ်လဲဆိုတာ ငါ သိချင်နေပြီ..."

ဝေ့ဝူယင်သည် ကောင်းကင်၏ လျှို့ဝှက်ချက်များနှင့် ကျင့်ကြံခြင်း၏ နက်နဲမှုများကို ပိုမို သိရှိလာခဲ့သည်။ သို့သော် မဟာ တာအို သုံးခုကို အဆင့်မြင့် ကျင့်ကြံခြင်း လူမှုအသိုင်းအဝိုင်းများက အဘယ်ကြောင့် "မဟာ" ဟု ခေါ်ဆိုကြသည်ကို သူ ယခု နားလည်သွားခဲ့ပြီ ဖြစ်သည်။ ထိုဝေါဟာရသည် အခြား တာအိုများကို ဟန်ချက်မပျက်ဘဲ ပေါင်းစပ်ထားခြင်းကို ရည်ညွှန်းခြင်း ဖြစ်၏။

ဝေ့ဝူယင်သည် သူ၏ ရင်ဘတ်တွင် မြှုပ်နှံထားသော သလင်းကျောက် ဆေဘာ ကို ထိတွေ့လိုက်သည်။ သူသည် ဆေဘာ ဥပဒေသကို ကျင့်ကြံခဲ့သည်။ ကောင်းကင် စစ်နယ်မြေ ၏ အဖွဲ့အစည်း ၃,၀၀၀ တွင် ဆေဘာ အဖွဲ့အစည်း တစ်ခုမျှ မပါဝင်ခဲ့ချေ။

တစ်ခုမျှပင်။

သို့သော် သူ၏ ဆေဘာ ရည်ရွယ်ချက် သည် ကောင်းကင် စစ်နယ်မြေ ၏ ဥပဒေသများ၊ လုပ်ဆောင်ချက်များနှင့် ပေါင်းစပ်ဆက်သွယ်ရာတွင် မည်သည့် ငြင်းပယ်မှုမျှ မရရှိလောက်အောင် လိုက်ဖက်မှု ရှိနေပေသည်။

သူက ညီအစ်ကိုများဟု သူခေါ်ဆိုသော အမျိုးသား၊ အမျိုးသမီး ခွဲခြားမရသည့် ဤစစ်ဝိညာဉ်များအားလုံးသည် သူ၏ ဆေဘာ ရည်ရွယ်ချက် ကို လက်ခံနိုင်သော်လည်း၊ သူ၏ မူလ ဒြပ်စင် ရည်ရွယ်ချက် ကိုမူ လက်မခံနိုင်ကြချေ။

စစ်မြေပြင်တွင် တိုက်ပွဲမဝင်မီ အချိန်အတော်ကြာက၊ သူသည် စစ် အမှတ်အသား ကို ရရှိခဲ့ပြီး၊ ၎င်းက ဘုရင်၏ ဆေဘာ ဆန္ဒ ကို အာဏာရှင်ဆန်ဆန် အစားထိုးရန် ကြိုးစားခဲ့ဖူးသည်။

သို့သော် ကျင့်ကြံခြင်း ဝိညာဉ်များ၏ ပူးပေါင်းအားထုတ်မှုဖြင့်၊ သူတို့သည် ထိုအစားထိုးမှုကို ခုခံရုံသာမက၊ စစ် အမှတ်အသား ကိုပါ လွှမ်းမိုးနိုင်ခဲ့သည်။ ၎င်းသည် ဆေဘာ အမှတ်အသား အဖြစ်သို့ မဟုတ်ဘဲ ပျက်သုဉ်းခြင်း အမှတ်အသား အဖြစ်သို့ ထူးဆန်းစွာ ပြောင်းလဲသွားခဲ့၏။

ထိုအချိန်က သူ ဝေခွဲမရဖြစ်ခဲ့သော်လည်း အဖွဲ့အစည်း ၃,၀၀၀ ၏ စစ်ခင်းမှုကို မြင်တွေ့ပြီးနောက်၊ ပျက်သုဉ်းခြင်း ဥပဒေသ သည် “အဟုန် ဥပဒေသ နှင့် ဆက်စပ်နေသော ဝိုင်းရံပိတ်ဆို့ခြင်း” သို့မဟုတ် “ဆွဲဆောင်ခြင်း ဥပဒေသ နှင့် ဆက်စပ်နေသော မဟာမိတ်” ကဲ့သို့သော ၎င်း၏ အချို့သော နယ်ပယ်များတွင် စစ်တာအို နှင့် လိုက်ဖက်မှုရှိကြောင်း သူ သဘောပေါက်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင်... ဆေဘာ ဥပဒေသ သည် ဓားမ များနှင့် ဓားသိုင်းများ နှင့် ဆက်စပ်မှုရှိသော်လည်း မည်သည့် ပတ်သက်မှုမျှ မရှိပုံရပေသည်။ သို့သော် ဤစစ်ဆေးမှုကို ဖြတ်သန်းပြီးနောက် ထိုကဲ့သို့ အဘယ်ကြောင့် ဖြစ်ပျက်ခဲ့သည်ကို သူ နားလည်သွားခဲ့၏။ ဖော်ပြရန် ခက်ခဲသော်လည်း၊ ၎င်းသည် ဘုရင်၏ ဆေဘာ ဆန္ဒ ၏ အခြေခံအုတ်မြစ်နှင့် သက်ဆိုင်ပေသည်။ အရာအားလုံးကို ၎င်း၏ ဓားသွားဖြင့် အဆုံးသတ်ရန် ပင်။

အလောင်းသန်းသုံးဆယ်ကို ကြည့်ကာ စစ်မြေပြင်တွင် သူ မြင်နိုင်သမျှ အကွာအဝေးအထိ သူ၏ စစ်သည်များမှလွဲ၍ မည်သည့် သက်ရှိအရိပ်အယောင်မျှ မရှိသော ငြိမ်းချမ်းသည့် ရှုခင်းတစ်ခုအဖြစ် ပြောင်းလဲလိုက်ချိန်တွင်၊ အရာအားလုံးကို အဆုံးသတ်ရန် ဟူသော ဆေဘာ ဆန္ဒကို သူ အပြည့်အဝ နားလည်သွားခဲ့၏။

စစ်ပွဲ ပြီးဆုံးသွားပြီ။ တိုက်ပွဲ ရပ်တန့်သွားလေပြီ။

ဤစစ်သည်တော်များ အသစ်မွေးဖွားလာမှုကို သူ အာရုံမခံရချေ။ သို့သော် သူ ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက်၊ ဤကောင်းကင်နယ်မြေ ၏ လုပ်ဆောင်ချက်များသည် မြေကြီးထဲတွင် စွဲထင်နေပြီး ကောင်းကင်ထဲသို့ စိမ့်ဝင်နေသော သူ၏ ပျံ့နှံ့နေသည့် ဆန္ဒကို ဖယ်ရှားလိုက်မည်ဖြစ်ကာ၊ ထာဝရ စစ်ပွဲတစ်ခုကို ချက်ချင်း ပြန်လည်စတင်လိမ့်မည်ဖြစ်ကြောင်း သူ သိရှိနေ၏။ စကြဝဠာအား စတင် ဖန်တီးချိန်ကတည်းက စွဲထင်နေခဲ့သည့် စစ်ဥပဒေသ ကို အပြီးတိုင် အဆုံးသတ်ပစ်ရန် သူ၌ စွမ်းအား မရှိသေးချေ။

"ငြိမ်းချမ်းရေး ဆိုတာ စစ်ပွဲ၊ အမုန်းတရားနဲ့ နာကျင်မှုတွေ အပါအဝင် အရာအားလုံးကို အဆုံးသတ်ဖို့ပဲ..."

ဘုရင်က လေးနက်စွာ မှတ်ချက်ချလိုက်၏။ ဝေ့ဝူယင်သည် သူ၏ ရှုံးနိမ့်သွားသော ရန်သူများကြားတွင် အောင်ပွဲခံသည့်ဟန်ဖြင့် ထိုင်နေလေသည်။

"ဟား ဟား..."

ဝေ့ဝူယင်သည် အတားအဆီးမဲ့သော နှလုံးသားဖြင့် ရယ်မောလိုက်၏။

"ညီအစ်ကိုရဲ့ ဆန္ဒက ငါ့ခန္ဓာကိုယ်ထဲမှာ အသက်ရှင်နေတယ်..."

"ငါတို့အထဲမှာ..."

အိုရီ၊ ဘုရင်၊ ဧဒင်နှင့် ခရာတိုတို့က တညီတညွတ်တည်း ပဲ့တင်ထပ်လိုက်ကြသည်။ ဖီဆန်လေးနှင့် ဒြပ်စင် နှစ်ဦးစလုံးလည်း တက်ကြွစွာ လှုပ်ရှားလာကြ၏။

အနည်းငယ် ခေါင်းညိတ်လိုက်ပြီးနောက် ဝေ့ဝူယင်၏ ဝိညာဉ်သည် ပိုမို ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။ ၎င်းသည် ကောင်းကင်နယ်မြေ တစ်ခုကို တကယ့်လက်တွေ့ စစ်ခင်းပြီးမှသာ ရရှိနိုင်သော ဖော်ပြ၍မရနိုင်သည့် မွေးရာပါ အသွင်ပြောင်းလဲမှုတစ်ခု ပင် ဖြစ်ပေသည်။

***

All Chapters