အခန်း (၈၁-၈၂)
Vol. 9 Ch. 81-82
အပိုင်း ၈၁
ချန်အန်က စနစ်ရဲ့မျက်နှာပြင်ကို ကြည့်နေရင်း သူ့စိတ်ကူးတွေ အမှန်တကယ် ဖြစ်မြောက်လာပြီလို့ ခံစားနေခဲ့ရတယ်။
ဆောင်ဟွာယင်းကို လက်ထပ်ပြီးချိန်ခါစ သူမအတွက် သက်တမ်းကိုဆွဲဆန့်စေပြီး သူနဲ့အတူ အချိန်ကြာကြာ ရှိနေစေချင်တဲ့ ဆန္ဒတခု သူမရှိခဲ့တယ်။ ဒါပေမယ့် သူမဆိုတာ သာမန်သေမျိုးသာဖြစ်ပြီး သူမအတွက်အသက် ရှည်ရှည်နေရဖို့ဆိုတာ ခက်ခဲလွန်းပါတယ်။ မဟုတ်ရင် သေမျိုးနဲ့ကျင့်ကြံသူကြား ဘာများကွာခြားတော့မလဲ။
ဒါပေမဲ့အခုတော့။
ခင်ပွန်းနဲ့ဇနီးကြား ဆက်ဆံရေးကြယ်၅ပွင့်က သူ့ဇနီးတွေအနေနဲ့ အကျိုးကျေးဇူးကို ခံစားရတော့မှာပါ။ ချန်အန်က စိတ်ကျေနပ်နေပြီး သတင်းကောင်းကို မျှဝေဖို့ မစောင့်နိုင်တော့ပါဘူး။
“ယင်းအာ မင်းကိုထာဝရနုပျိုစေမယ့် နည်းရှာတွေ့ပြီ”
“ဟမ်”
ဆောင်ဟွာယင်းက သူမ နားကြားမှားသလား ထင်မှတ်မှားပြီး ကြောင်အစွာနဲ့ ရပ်နေမိတယ်။ ချန်အန်က ဆက်ပြောလိုက်တယ်။
“ဒါကို အချိန်တိုအတွင်း မင်းနားလည်အောင် ငါရှင်းမပြနိုင်သေးဘူး ဒါပေမဲ့ ဆယ်နှစ်အတွင်း မင်းကိုကျင့်ကြံရေး လမ်းကြောင်းပေါ် တင်ပေးမယ်”
“ယောက်ျား တကယ်ပြောနေတာလား”
“တကယ်ပါ”
“ကောင်းပြီ ယောက်ျားကို ယုံပါတယ်”
ဆောင်ဟွာယင်းက နူးနူးညံ့ညံ့ပြုံးလိုက်ပြီး သူမရဲ့မျက်နှာကိုတော့ ချန်အန်ရဲ့ရင်ဘတ်ထဲ တိုးဝှေ့ကွယ်ဝှက်ထားလိုက်တယ်။ သေချာတာက ချန်အန်ရဲ့စကားကို သူမ မယုံကြည်ပါဘူး။ ဒါပေမဲ့ သူမယောက်ျားက သူမကိုချစ်မြတ်နိုးပြီး အလေးအနက်ထားတာက အနာဂတ်ကို ဘာအတွက်မှ စိုးရိမ်စရာမလိုပဲ ပျော်ပျော်ရွှင်ရွှင် ကုန်ဆုံးနိုင်ပြီ မဟုတ်လား။
မကြာခင်မှာပဲ နှစ်ဦးသား ရေအတူချိုးလိုက်ကြ တယ်။ ပြီးတော့ ဒီတိုင်း ပွေ့ဖက်ပြီး အိပ်ပျော်သွားကြတယ်။ တရေးနိုးတော့ ညလယ်ပဲရှိနေသေးပြီး ချန်အန်တယောက် ဝါးရွက်ဂိုဏ်းကိုပို့မယ့် ဆေးတွေကို သန့်စင်တယ်။ ပြီးတော့ အစောဆုံးပဲ ပို့ဆောင်ပေးလိုက်ပြီး ကုတင်ပေါ်ပြန်လဲလျောင်း အနားယူနေလိုက်တယ်။
“ဒါက တည်ဆောက်ရေးအဆင့် စွမ်းအားလား ငါ့အနေနဲ့ လုံဝပင်ပန်းတယ်လို့ မခံစားရဘူး”
အချိန်ခဏ လဲလျောင်းပြီးနောက် အဝတ်စား လဲလှယ်ပြီး ဆောင်ဟွာယင်းအခန်းထဲက ထွက်လာတော့တယ်။ ဂူရှန်းယုရဲ့ အခန်းရှေ့က ဖြတ်ချိန် သူမအခန်းထဲကိုကြည့်တော့ ဂူရှန်းယု မရှိတော့ဘူး။ သူမက မနက်စောစောထပြီး မနက်စာအတွက် မီးဖိုချောင်ထဲမှာ ပြင်ဆင်နေပုံပါ။ ချန်အန်လည်း မီးဖိုချောင်ထဲ ဝင်လိုက်တယ်။ ထင်တဲ့အတိုင်းပဲ သူမရှိနေခဲ့တယ်။
“ယုအာ.. အစောကြီး နိုးနေတာလား”
“နိုးပြီလား ယောက်ျား”
ချန်အန်က သူမဆီလျှောက်သွားလိုက်ပြီး
“လာပါဦး ယုအာရဲ့ကျင့်ကြံရေးတွေ ဘယ်လိုဖြစ်နေပြီလဲ စစ်ဆေးပါရစေ”
“ယောက်ျား ယုအာက သေချာလေ့ကျင့်နေပါတယ် တရက်မှ မပျက်ကွက်ပါဘူး”
သူမက သူမရဲ့ပုံရိပ်ကို ချန်အန်ရဲ့ နှလုံးသားထဲ ထိန်းသိမ်းထားချင်နေခဲ့ပါတယ်။ ဒီလိုနဲ့ မီးဖိုချောင် တိုက်ပွဲငယ်လေး ပေါ်လာတယ်။
(အဲ့ကောင်အတော်ဆိုးနော် အဝတ်စားဆိုင်ထဲက အဝတ်လဲခန်းထဲလည်း ကြုံးတာပဲ)
အချိန်အနည်းငယ်ကြာပြီးနောက်
စိတ်စွမ်းအား 34
စိတ်စွမ်းအင်.. ဒုတိယအဆင့် 2500/12500
သူ့ရဲ့စိတ်စွမ်းအင်က အဆင့်ချိုးဖြတ်သွားခဲ့ပြီ။ ချန်အန်က မီးဖိုချောင်ထဲက ထွက်လာပြီး ပတ်ဝန်းကျင်ကို စိတ်အာရုံဖြန့်ကျက် စစ်ဆေးကြည့်တယ်။ သူ့ရဲ့စိတ်စွမ်းအင်က သိသိသာသာ တိုးတက်လာပြီး အရင်ကထက် မီတာရာဂဏန်းမျှ ပိုတိုးတက်သွားတာပါ။
“ငါပိုပြီး သန်မာလာတာပဲ”
ချန်အန်လည်း ကျေနပ်သွားတယ်။ မနက်စာ စားပြီးချိန်မှာတော့ ချန်အန်က အားလုံးကိုခေါ်ပြီး အိမ်ရာအနီးက စျေးတခုဆီ ထွက်လာခဲ့တယ်။
သူက ဇနီးနဲ့သမီးများအတွက် အဝတ်အထည် လက်ဆောင်ပစ္စည်းအမျိုးမျိုးတို့ကို ဝယ်ယူပေးခဲ့ပြီး ထိုအရာက သူမတို့ကို ပျော်ရွှင်စေခဲ့တယ်။ အထူးသဖြင့် ယုကျန်းက သူမဘဝရဲ့ ပထမဆုံး အမှတ်တရအဖြစ်ပျက် တခုလုံးကို အသေးစိတ်မှတ်သားနေပုံရတယ်။ ချန်အန်ကလည်း သမီးဖြစ်သူ အလိုရှိသမျှ အရာအားလုံးကို ဝယ်ပေးခဲ့ပြီး ထိုအရာက သမီးဖြစ်သူကို ရယ်မောသံမစဲနိုင်အောင်ထိ ဖြစ်စေတယ်။
နေ့လည်စာစားချိန်ရောက်တော့ အိမ်တန်းမပြန်သေးပဲ စိတ်ဝိဉာဥ်သစ်သီးနဲ့ အခြားစားစရာတွေ ထပ်ဝယ်လိုက်ပြီး ဒါက အသားစျေးနီးနီး စျေးကြီးတဲ့အရာတွေပါ။ ဇနီးသည်တွေကတော့ ယောက်ျားဖြစ်သူ ကြီးပွားလေ သူမတို့ဘဝ ပိုပြီးသက်တောင့် သက်သာဖြစ်လေဆိုပြီး ကျေနပ်နေကြတယ်။
အချိန်အချို့ကြာတော့ ယုကျန်းက ချန်အန်လက်ပေါ်မှာတင်ပဲ အိပ်ပျော်သွားခဲ့ပြီ။ ချန်အန်က သမီးဖြစ်သူကို ထိုတိုင်းပွေ့ချီလျက် အနီးရှိ အဝတ်ထည်ဆိုင်တခုထဲ ဝင်လိုက်တယ်။ ပြီးတော့ သူမတို့အတွက် ဝယ်ပေးမယ်လို့ ပြောလိုက်တယ်။
မတူညီတဲ့ အလှလေးသုံးဦးက သူမတို့နဲ့လိုက်ဖက်မယ့် ဝတ်စုံကိုအလျင်မြန်ပဲ ရွေးချယ်လိုက်ကြတယ်။
ဆောင်ဟွာယင်းက ပန်းရောင်ပိုးဂါဝန်ရှည် ဂူရှန်းယုက နက်ပြာရောင် ဘရိုကိတ်ဝမ်းဆတ် ဖြစ်ပြီး ဝမ်ကျိယန်ကတော့ ခရမ်းရောင်တာအို ဝတ်ရုံရှည်ကို ရွေးယူလိုက်တယ်။
“ယောက်ျား အဝတ်လာကူဝတ်ပေးပါဦး”
ဆောင်ဟွာယင်းရဲ့အသံက အဝတ်လဲခန်းထဲက ထွက်ပေါ်လာတယ်။ ချန်အန်က ချက်ချင်းပဲ တုန့်ပြန်လိုက်တယ်။
“ကောင်းပြီ ငါအခုလာခဲ့မယ်”
အဝတ်လဲခန်းထဲရောက်တော့ သူမက ဆွဲဆောင်မှုရှိတဲ့လေသံနဲ့ ပြောလာတယ်။
“ယောက်ျား ဒီဂါဝန်ရှည်က ဝတ်ရခက်တော့ တယောက်တည်းဝတ်ရ အဆင်မပြေဘူး”
ချန်အန်လည်း ချောင်းတချက်ဟန့်လိုက်ပြီး အနည်းငယ် ထူးဆန်းသလို ခံစားသွားရတယ်။
“ဟိုဘက်လှည့်ပါ ငါကြည့်ပေးမယ်”
ဆောင်ဟွာယင်းက နာခံစွာနဲ့ပဲ တဖက်လှည့်ပေး တယ်။ ချန်အန်က စစ်ဆေးကြည့်တော့ ဝတ်ရုံခါးနားမှာ မှားယွင်းနေတာကို တွေ့လိုက်ရတယ်။
“ယင်းအာ ဂါဝန်ခါးအောက်ပိုင်း အချိတ်အဆတ် မှားနေတာပါ”
“အာ ဒီလိုဖြစ်နေတာပေါ့”
ဆောင်ဟွာယင်းက လက်မခံချင်သလို အမူရာနဲ့ ဂါဝန်ရဲ့ ခါးနေရာကို ပြင်လိုက်တော့ အဆင်ပြေသွားတယ်။ သူမက ရှက်ရွံစွာပြုံးပြီး
“ငါဝတ်တဲ့ နည်းကမှားနေတာကိုး” လို့တီးတိုး ရေရွတ်လိုက်တယ်။
“ယောက်ျား ယင်းအာလှရဲ့လား”
“အိုးး သိပ်လှတာပေါ့ မင်းရဲ့အလှတရားမှာ ပန်းပွင့်တွေနဲ့ လမင်းကြီးတောင် ရှက်ရွံပြီး ထွက်ပြေးသွားရလိမ့်မယ်”
ချန်အန်ရဲ့စကားက လွန်ကြူးတယ်ဆိုပေမယ့် သူမက ကျေနပ်ခဲ့ပြီး ချန်အန်ကိုလည်း အနမ်းတပွင့် ပေးလိုက်တယ်။
“ကြေးဇူးတငျပါတယျ ယောက်ျား အပြင်ပြန်ထွက်ကြရအောင်”
ချန်အန်က သူမလက်ကို ဆုပ်ကိုင်လိုက်ပြီး
“မလောနဲ့ ယင်းအာ”
ဆောင်ဟွာယင်းက ထူးဆန်းတဲ့အမူရာနဲ့ ချန်အန်ကို ကြည့်လာတယ်။ ချန်အန်က သူမကို တဖက်လှည့်စေပြီး ခါးနေရာကို ဖြုတ် တပ်နှစ်ကြိမ်မျှ လုပ်ပြတယ်။ ပြီးတော့
“ဒါက ဝတ်ရုံရဲ့အဓိကနေရာပဲ ယင်းအာက သတိထားရမယ်”
“ယောက်ျား”
နောက်ဆုံးတကြိမ် ဖြုတ်လိုက်ပြီးနောက်တော့
ဆေးပညာအတွေ့အကြုံ.. 4×2.
………………………………….
အပိုင်း ၈၂ ဝမ်းသာမျက်ရည်
ခဏကြာတော့ နှစ်ဦးသား ပြန်ထွက်လာကြတယ်။ ဂူရှန်းယုနဲ့ ဝမ်ကျိယန်တို့က ဆောင်ဟွာယင်းကို ကြည့်နေခဲ့ကြပြီး သူမက ဒီဝတ်စုံနဲ့ လိုက်ဖက်တယ်လို့ တွေးနေခဲ့တယ်။ တဆက်တည်း အနောက်က ချန်အန်ကိုတွေ့တော့ အကူညီမဲ့သလို ခံစားလိုက်ရတယ်။ ချန်အန်တို့ ဘာလုပ်ခဲ့လဲ တွေးနိုင်ကြတယ်လေ။
ဝမ်ကျိယန်က ချန်အန်ရဲ့ လက်မောင်းကို ရိုက်လိုက်ပြီး
“ခေွးကောင် နင်မရှက်ဘူးလား”
ချန်အန်က သူမကိုမတုန့်ပြန်ပဲ ဒီမောက်မာတဲ့ ကိုာ်လုပ်တော်လေးကို ပညာနည်းနည်းတော့ ပြမှဖြစ်မယ်လို့ တွေးပြီး သူမကိုလည်း အဝတ်လဲခန်းထဲ ဆွဲခေါ်သွားလိုက်တယ်။ ပြီးတော့ သူမရဲ့တွန့်ဆုတ်နေတဲ့ အမူရာကိုကြည့်ပြီး
“ငါက အဝတ်လဲရခက်တာကို ကူညီရုံပဲ မင်းဘာကိုရှက်နေတာလဲ လေသံကိုလျှော့လိုက်ဦး”
“နင်သေချင်နေတာလား ငါသွားတော့မယ်”
ဝမ်ကျိယန်က ချန်အန်ကိုဂရုမစိုက်တော့ပဲ နီရဲနေတဲ့မျက်နှာလေးနဲ့ တဖက်လှည့်သွားတယ် သူမက ဘေးလူတွေ သိမှာစိုးလို့ စကားကျယ်ကျယ်တောင် မပြောရဲပါဘူး။ အချိန်တချို့ကြာပြီးနောက် သူမတို့ပြန်ထွက် လာခဲ့ပြီး ဝမ်ကျိယန်က လမ်းတဖက်မှာရှိတဲ့ လက်ဖက်ရည်ဆိုင်ကို သွားဖို့ပြင်နေတယ်။
သူမပုံစံကလည်း ထူးဆန်းနေပြီး ချန်အန်ကို တချက်လှည့်ကြည့်တယ်။ ပြီးတော့ ခပ်ပြင်းပြင်း တချက်ရိုက်လိုက်တယ်။ ချန်အန်က ပြုံးနေပြီး ပြန်မတုန့်ပြန်လိုက်ဘူး။ ထိုအချိန်မှာပဲ သူမရဲ့ ရိုက်ချက်က ကျယ်လောင်တာကြောင့် တခြားလူတွေ သတိထားမိသွားပြီး ဆိုင်အဝင်ပေါက်နားက အသံတခုပေါ်လာတယ်။ အသံကအရမ်းရင်းနီး နေပါတယ်။
“အာ.. တိုက်ဆိုင်လိုက်တာ ဆေးဆရာချန် နင်လည်းစျေးထဲရောက်နေတာလား”
ပန်ဟွေ့ရဲ့အသံပါ။ ချန်အန်လှည့်ကြည့်တော့ ပန်ဟွေ့နဲ့ ရှန်းချင်းရီကို မြင်လိုက်ပြီး သူမတို့လက်ထဲမှာ သစ်သီးတွေနဲ့ အချိုမုန့်တို့ ကိုင်ထားတာ ဖြစ်တယ်။
“ကျင့်ကြံသူ ပန်”
“ကျင့်ကြံသူ ရှန်း”
ချန်အန်က ရိုးစင်းစွာပဲ နှုတ်ဆက်လိုက်တယ်။ ချန်အန့်ဇနီးတွေကတော့ ရှန်းချင်းရီရဲ့ သွင်ပြင်ကို စပ်စုနေပြီး ဒီအနက်ရောင်ဆံပင် အရှည်ကို ခပ်မြင့်မြင့်စည်းထားပြီး ထည်ဝါတဲ့ အရောင်ဝါရှိတဲ့ အမျိုးသမီးကို ယောက်ျားဖြစ်သူက ကိုယ်လုပ်တော်အဖြစ် ခေါ်ယူချင်ခဲ့တာလား။
အခြားတဖက်မှာလည်း ရှန်းချင်းရီက ထူးခြားပြီး ကွဲပြားတဲ့ အလှတရားသုံးခုကြောင့် ရှော့ရနေခဲ့တယ်။ ဒီလိုအလှလေးတွေကို ပိုင်ရဖို့ ဘယ်လောက်တောင် ကံကောင်းဖို့လိုမလဲ လို့တွေးနေတယ်။
“ဖေဖေ သမီးမုန့်အချို့ စားချင်တယ်”
ယုကျန်းက ရှန်းချင်းရီလက်ထဲက မုန့်အချို့ကို တောက်ပတဲ့ မျက်လုံးအစုံနဲ့ကြည့်ပြီး ပူဆာတော့တယ်။ ချန်အန်လည်း ကူကယ်ရာမဲ့ဟန် အနည်းငယ် တွန့်ဆုတ်သွားတယ်။ ထိုအချိန် ရှန်းချင်းရီက
“ကောင်မလေး ဒီမုန့်ကနင့်အတွက်ပဲ”
ယုကျန်းကမုန့်ကို တချက်ကြည့်ပြီး ဆွဲယူလိုက်တယ်။ ချန်အန်က ယုကျန်းကိုငုံ့ ကြည့်လိုက်ပြီး ပြောတယ်။
“အသေးလေးယုကျန်း အစ်မရှန်းကို ကျေးဇူးတင်စကား ပြောလိုက်ဦးလေ”
“ကေျးဇူးတင်ပါတယ် အစ်မရှန်း”
ယုကျန်းက ကလေးသံလေးနဲ့ ပြောတယ်။ ရှန်းချင်းရီက နှစ်လိုဖွယ်ပြုံးလိုက်ပြီးနောက်
“ဆေးဆရာချန် နင့်သမီးက ချစ်စရာလေးပဲ”
“ သေချာတာပေါ့ သူ့အမေနဲ့ တူတာလေ”
ချန်အန်က အပြုံးနဲ့ တုန့်ပြန်တယ်။
“ဆေးဆရာချန် ငါတို့စျေးထဲရောက်နေတာ အတော်ကြာပြီဆိုတော့ ပြန်တော့မယ် နောက်မှ ဆုံကြတာပေါ့”
“ကောင်းပြီ ဂရုစိုက်ပြန်ပါ”
စကားစပြတ်သွားပြီးနောက် ရှန်းချင်းရီတို့ ဆိုင်ထဲက ပြန်ထွက်သွားကြတယ်။ ချန်အန်က သူမနဲ့ နီးကပ်မှာကိုစိုးရိမ်တဲ့အတွက် သူမဘက်ကလည်း အကွာဝေးတခု ခြားထားပေးရမှာပါ။ သူမက ချန်အန်ကို ဒုက္ခမရောက်စေချင်ပါဘူး။ သူမတို့ထွက်သွားပြီးချိန် ဆောင်ဟွာယင်းက
“ယောက်ျား ဒီနှစ်ယောက်နဲ့ ဆက်ဆံရေးက ဘယ်လိုလဲ”
“ကြီးကြီးမားမား မရှိပါဘူး သူမတို့က ရတနာခန်းမရဲ့ ကျင့်ကြံသူတွေလေ မေးထူးခေါ်ပြော ဆက်ဆံရေးပါပဲ”
“ယောက်ျား ဆံပင်အရှည်ကို စည်းထားတဲ့ တယောက်ကအရမ်းလှတယ် ဘာလို့မကြိုးစားကြည့်တာလဲ”
ချန်အန်က သူမစကားကိုကြားတော့
“ယင်းအာ သူမက ရွှမ်ဟွမ်ဂိုဏ်းက အဓိကတပည့်ပဲ ပြီးတော့ ဝါးရွက်ဂိုဏ်းချုပ်နဲ့ စေ့စပ်ထားတာ မင်းသတိထားပြောသင့်တယ်”
ဆောင်ဟွာယင်းလည်း မှင်သက်သွားတယ်။ ပြီးမှ
“ယောက်ျား ယင်းအာမှားမှန်း သိပါပြီ နောက်မဖြစ်စေရပါဘူး”
“ကောင်းပြီ နောက်ဆိုဂရုစိုက်ပါ”
ချန်အန်က သူမတို့ကို ခေါ်ပြီးအိမ်ပြန်လာခဲ့ကြတယ်။ ဆောင်ဟွာယင်းက ယုကျန်းနဲ့ဆော့ကစားနေပြီး ဂူရှန်းယုက ညစာအတွက် ချက်ပြုတ်နေတယ်။ ဝမ်ကျိယန်ကတော့ ကျင့်ကြံဖို့ အခန်းထဲဝင်သွားခဲ့တယ်။
နောက်တနေ့ရောက်တော့ ချန်အန်တယောက် ဒီနေ့က ခေါင်းဆောင်လီရဲ့ စစ်ဆေးမယ့်ရက် ဆိုတာကို သတိရသွားတယ်။ မနက်စာကို ခပ်သွက်သွက်စားပြီး ရတနာခန်းမကို အလျင်မြန်ပဲ ထွက်လာခဲ့တယ်။ ခန်းမရောက်ပြီ ဆိုင်ရှင်လျှူနဲ့ စကားပြောနေစဥ်မှာပဲ ခေါင်းဆောင်လီရောက်လာတယ်။ ချန်အန်က ကျောက်တုံးအချို့ ကမ်းပေးလိုက်ရင်း ပြောတယ်။
“ခေါင်းဆောင်လီ ငါ့ရဲ့ဆေးလုံးနဲ့ မှတ်တမ်းတွေ အားလုံး အသင့်ဖြစ်ပါပြီ ခေါင်းဆောင်လီကို ဒုက္ခပေးရပါတော့မယ်”
ခေါင်းဆောင်လီက ကျောက်တုံးတွေကို သိမ်းဆည်းပြီး ချန်အန်ရဲ့ပုခုံးကို ခပ်ဖွဖွပုတ် လိုက်တယ်။
“မင်းရဲ့ အခြေခံက ခိုင်မာတယ် စိတ်ချပါ ငါအဲ့ဒါတွေယူပြီး စစ်ဆေးလိုက်မယ် အများဆုံးကြာ တပတ်ပေါ့ ပြီးတာနဲ့ ရလာဒ်ကို ဆိုင်ရှင်လျှူကတဆင့် အကြောင်းပြန်ပေးမယ်”
“ခေါင်းဆောင်လီကို အခက်တွေ့စေပါပြီ”
ချန်အန်က ပြုံးနေလိုက်တယ်။ တချိန်တည်း ပန်ဟွေ့ရဲ့အိမ်မှာတော့ ဂိုဏ်းချုပ်ဇူက စားပွဲမှာ ထိုင်နေပြီး ပန်ဟွေက သူ့အရှေ့မှာ ထိုင်နေခဲ့တယ်။ သူမကိုလည်း ဖိအားတွေက ထိန်းချုပ်ထားပြီး သူမက လှုပ်လို့တောင် မရပါဘူး။
“ကျင့်ကြံသူပန် မရုန်းကန်နဲ့တော့”
“ဂိုဏ်းချုပ်ဇူ ဘာအတွက်အိမ်ကို ရောက်လာတာလဲ”
ဂိုဏ်းချုပ်ဇူက ဆေးလုံးတလုံးကို ထုတ်ယူပြီး ပန်ဟွေ့ပါးစပ်ထဲ ထိုးထည့်လိုက်တယ်။
“အဟွတ် ဟွတ် ဟွတ်”
ဆေးလုံးက ချက်ချင်းအရည်ပျော်သွားပြီး လည်ချောင်းကတဆင့် ကိုယ်ထဲစီးဝင်သွားတယ်။
“ဂိုဏ်းချုပ်ဇူ နင်.. နင်ငါ့ကိုဘာဆေး တိုက်လိုက်တာလဲ”
“တခြားမဟုတ်ပါဘူး အဆိပ်ဆေးလုံးလေးပါ”
“ဘာလို့လဲ”
“ကျင့်ကြံသူပန် ဒါကအဆင့်၂ ဆေးလုံးပဲ ငါ့မှာတောင် တလုံးပဲရှိတော့တယ်”
“နင်.. နင်ဘာဖြစ်ချင်နေတာလဲ”
ပန်ဟွေ့ရဲ့မျက်နှာက ထိတ်လန့်မှုနဲ့ ပြည့်နှက်နေတယ်။ စကားသံတွေကတောင် မမှန်တော့ပါဘူး။ ဂိုဏ်းချုပ်ဇူက
“ကျင့်ကြံသူပန် မင်းယောက်ျား တိုက်ပွဲက ပြန်ရောက်ပြီလား”
“အကယ်၍ မင်းယောက်ျားကိုပြန်လာစေချင်ရင် ငါ့စကားနားထောင်သင့်တယ်”
“မင်းနဲ့ ချင်းရီကြားက ရင်းနီးမှုကို ဆက်ထိန်းထားပါ”
ထိုသို့ပြောပြီးနောက် ဂိုဏ်းချုပ်ဇူလည်း ရုတ်ချည်းပျောက်ကွယ်သွားတော့တယ်။ ပန်ဟွေက ဂိုဏ်းချုပ်ဇူ သူမကိုသတ်ပစ်မှာ ကြောက်နေခဲ့တယ်။ နောက်တချက်က မတော်တဆ ကိစ္စတွေသာ မရှိခဲ့ရင်…။
“ယောက်ျား နင် အသက်ရှင်နေသေးတာလား”
သူမက ပြတင်းပေါက်ကတဆင့် အပြင်ဘက်ကို ငေးကြည့်ရင်း မျက်လုံးအိမ်မှ မျက်ရည်စီးကြောင်း နှစ်ခုက ပါးပြင်ပေါ်စီးကျ လာနေတယ်။ ဒါက သူမပျော်ရွှင်စွာနဲ့ ငိုနေမိတာပါ။