← Chapters

အခန်း (၈၃-၈၄)

Vol. 9 Ch. 83-84

အခန်း (၈၃-၈၄)

Vol. 9 Ch. 83-84

အပိုင်း ၈၃

အချိန်က တဖြေးဖြေးကုန်ဆုံးသွားခဲ့တယ်။ ၇ရက် ကြာပြီးနောက်မှာတော့ ခေါင်းဆောင်လီ တယောက်ရတနာခန်းမကို ပြန်ရောက်လာတယ်

ထိုနေ့မှာပဲ ချန်အန်လည်း မနက်စောစော နိုးနေခဲ့တယ်။ သူ့လိုပဲ ယုကျန်းလေးကလည်း မနက်စောစော နိုးထပေမယ့် သူမလေးက ဝမ်ကျိယန်နဲ့အတူ ချီဆွဲသွင်းတဲ့နည်းလမ်းကို လေ့ကျင့်နေတယ်။

ဒီနေ့တော့ ချန်အန်က ယုကျန်းကိုခေါ်ပြီး အိမ်ရာတဝိုက် မနက်ခင်း လမ်းလျှောက်ထွက် တယ်။ ပြီးတော့ အခန်းထဲပြန်ပို့လိုက်ပြီး သူမကို အိပ်ပျော်စေတဲ့မန္တန်နဲ့ ချော့သိပ်လိုက် တော့တယ်။

အိပ်ပျော်မန္တန်…. 488/500

“၁၂ မှတ်တောင် လိုနေသေးတာပဲ”

စနစ်မျက်နှာပြင်ကို ကြည့်ပြီး ချန်အန်တယောက် ပြုံးနေတယ်။ သူသာ နောက်တဆင့် ရောက်သွားခဲ့ရင် ဝါးရွက်ဂိုဏ်းချုပ်လို လူနဲ့ ထိပ်တိုက်ရင်ဆိုင် နိုင်ပြီလို့ တွေးရင်းပြုံးနေခဲ့တာပါ။

အိပ်မွေ့ချအစွမ်းက ရန်သူရဲ့ အသိစိတ်ကို ယာယီဆုံးရှုံးစေပြီး ဒါကပဲ အလှည့်အပြောင်း တခုကိုဆောင်ကျဥ်းစေပါတယ်။

ခရက်

တံခါးဖွင့်သံနဲ့အတူ ဝမ်ကျိယန်တယောက် အထဲဝင်လာတယ်။ သူမကမနက်စာ စားထားပုံရပြီး သူမပါးစပ်မှာ ပဲနို့တွေပေနေ တာတွေ့ရတယ်။

ချန်အန်က ယုကျန်းလေးကို သိပ်လိုက်တာမြင် တော့ သူမဒေါသထွက်သွားတယ်။

“ငါက သူမကို ကြိုးကြိုးစားစား သင်ကြားပေးခဲ့တာ ဒီအိမ်ရာတခုလုံးမှာ သူ့လိုအရည်ချင်း ဘယ်သူ့မှာရှိတာတွေ့လဲ ဒါကိုနင်က မလေ့ကျင့်စေပဲ ပြန်အိပ်စေတယ်ပေါ့”

ချန်အန်က သူမကိုအသာဆွဲခေါ်လိုက်ပြီး

“ကလေးက မနက်မလင်းခင်တည်းက ထပြီး လေ့ကျင့်နေရတာလေ သူမကိုအိပ်ချိန် ပိုပေးလိုက်ပါ”

“နင်က ကျင့်ကြံသူကော ဟုတ်ရဲ့လား ဒီမနက်ခင်းအချိန်က ချီဓာတ်အကောင်းဆုံးအချိန်ပဲ”

ဝမ်ကျိယန်က ကူရာမဲ့စွာ သက်ပြင်းချလိုက်ပြီး

“ဒီလိုမနက်ခင်းအချိန်မှာ ချီဓာတ်က သန့်စင်ပြီး အရမ်းအားကောင်းတယ် ဒါကိုနင်က အိပ်ရာပေါ်မှာ အိပ်စေခဲ့တယ်”

ချန်အန်က ထိုအခြေနေကို နားလည်လား။ ဟင့်အင်း သူသေချာနားမလည်ပါဘူး။ သူသိတာက ဖခင်တယောက်အနေနဲ့ သမီးဖြစ်သူကို ထိန်းကျောင်းပြီး တဖက်မှာလဲ မန္တန်ကို အဆင့်တက်ချင်နေခဲ့တာပါ။

“ယန်အာ ငါသမီးကို အိပ်ခိုင်းတာပါ သူမနိုးလာရင် ကလေးကိုမဆူပါနဲ့”

“နင်က ဘယ်လိုဖအေလဲ”

ဝမ်ကျိယန်တယောက် စိတ်ပျက်နေပုံနဲ့ အော်ဟစ်တော့တယ်။

“နင်က သမီးရဲ့ဖခင်ပဲဆိုတဲ့ အချက်နဲ့ ငါလုပ်သမျှကို ဆန့်ကျင်နေခဲ့တာပဲ ငါကယုကျန်းလေးကို အပင်ပန်းခံ သင်ပေးနေခဲ့ ရာတာပါ”

ချန်အန်လည်း စိတ်မကောင်းဖြစ်သွားတယ်။ သူက ကလေးကိုအိပ်စေပြီး မန္တန်ကို အဆင့်မြင့်တင်ချင်ရုံလေးပါ။

“ကောင်းပြီ ကောင်းပြီ ကောင်းပါပြီ နောက်တချိန်ကျရင် ငါမင်းကိုမဆန့်ကျင် တော့ပါဘူး”

ချန်အန်က သူမကိုပွေ့ဖက်ထားပြီး သူမရဲ့ဝမ်းဗိုက် ပူပူကို ပွတ်သပ်ရင်း အားပေးလိုက်တယ်။

“အကောင်းဆုံး ကြိုးစားပေးပါ”

ဝမ်ကျိယန်အနေနဲ့ ချန်အန်အပေါ် ယုကျန်းနဲ့ ပက်သက်ပြီး ဒေါသထွက်မိတာမျိုး ရှိပေမယ့် အနည်းဆုံးတော့ ချန်အန်က သူမအပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံပါတယ်။ နောက်ပြီး သူမလိုတကိုယ်တည်း ဘဝဖြတ်သန်းနေရသူအတွက် သားသမီးတဦး ရလာတာကလည်း ချန်အန်ကို သူမဘဝထဲမှာ အရေးကြီးတဲ့ အနေထားထိ ရောက်သွားစေခဲ့တယ်။

“ယန်အာ ကလေးအတွက် အမည်တွေးပြီးပြီလား”

“အမည်လား နင်က ကလေးရဲ့ဖခင်ပဲ နင့်အလုပ်မဟုတ်ဘူးလား ငါက မယားငယ် တယောက်ပါ”

“အဲ့လိုမပြောပါနဲ့ ယန်အာ”

ချန်အန်က သူမရဲ့မျက်နှာကို အသာပွတ်သပ် လိုက်ပြီး နူးညံ့တဲ့ အသံနဲ့ ပြောလိုက်တယ်။

“ငါတို့က ကလေးရဲ့အဖေနဲ့အမေပဲ ကလေးအပေါ် ငါတို့အချစ်တွေက အတူတူပဲမဟုတ်လား ကလေးအတွက် မင်းက ပိုအရေးပါပါတယ်”

ချန်အန်က သူမနှုတ်ခမ်းကို အသာနမ်းလိုက်တယ်။ ပြီးတော့ ဝမ်းဗိုက်ကိုကပ်ပြီး နားထောင်ကြည့်တယ်။ ချစ်မြတ်နိုးစွာနဲ့ လေသံကို နူးညံ့စေပြီး

“ယန်အာ ကလေးက ငါ့မျိုးရိုးအမည်ကို ယူရင်တောင် အမည်ကိုတော့ မင်းပေးလို့ရတယ် ဟုတ်ပြီလား”

“နင်တကယ်ပြောနေတာလား”

ဝမ်ကျိယန်က ချက်ချင်းပဲ မယုံကြည်နိုင်တဲ့ အမူအရာနဲ့ ချန်အန်ကို ကြည့်လာတယ်။ ကျင့်ကြံရေးလောကမှာ အမျိုးသမီးတွေရဲ့ တည်ရှိမှုက နိမ့်ကျပြီး အများအားဖြင့် မိသားစု တစုမှာ သူမတို့ရဲ့အဆင့်တန်းက မပြောပလောက်ပါဘူး။

နေ့စဥ်ဘဝမှာ ချန်အန်အပေါ် အကြံဉာဏ်အချို့ ပေးနိုင်တာကလွဲပြီး တခြားလုပ်ခွင့်မရှိဘူး။ ကလေးအမည်ပေးလည်း ပါဝင်တယ်။ ဒါက သူမ ကလေးဖြစ်နေရင်တောင်မှပေါ့လေ။

သို့သော်လည်း အခုတော့ ကလေးအမည်ပေးခွင့်ကို သူမဆီပေးလာတယ် ဒါက သူမကို လုံးဝမယုံကြည်နိုင်အောင် ဖြစ်သွားစေတယ်။ ဝမ်ကျိယန်တယောက် ရှော့ရနေတာကိုမြင်တော့ ချန်အန်လည်း ကူကယ်ရာမဲ့စွာ ပြုံးလိုက်တယ်။

“ဒါက အတုယောင်လို့ထင်နေတာလား အစစ်မှန်ပါ ငါမင်းကိုအမြဲတန်ဖိုးထားပါတယ် ယင်းအာနဲ့ ယုအာလည်း အပါဝင်ပေါ့”

“ဟေး စကားချိုချိုတွေနဲ့ မနှစ်သိမ့်နဲ့ တချို့အချိန်တွေဆို နင်ငါတို့ကိုတန်ဖိုးမထား ဘူးလို့ ခံစားနေရတယ်”

“ငါမေးမယ် ကလေးအမည်ကို မင်းမပေးချင်ဘူးလား”

“ဟမ့် နင့်ဘာသာပျင်းရိပြီး ကလေအမည်မပေး ချင်တာများ ကိစ္စမရှိပါဘူး ငါ့ကလေးအတွက် အမည်ကိုငါပေးမယ်”

ဝမ်ကျိယန်လေသံက မာထန်နေပေမယ့် သူမပျော်နေတာကိုတော့ မဖုံးထားနိုင်ဘူး။

“နင်က အလုပ်တွေပြင်းပြင်းထန်ထန် ကြိုးစားနေရလို့ ကလေးအမည်တွက် အချိန်မရှိဘူး ဒါကြောင့် ငါအမည်ပေးခဲ့တာလို့ နင့်တခြားမိန်းမတွေကို အသိပေးရမယ်”

ချန်အန်က ခေါင်းညိတ်ပြလိုက်ပြီး

“ကောင်းပါပြီ မင်းဆုံးဖြတ်ချက်တိုင်း လုပ်ပါ့မယ်”

“နောက်ပြီး ငါ့ကိုခနခနမနမ်းနဲ့ စိတ်ပျက်စရာကောင်းတယ်”

သူမကထိုသို့ပြောပေမယ့် သူမကိုယ်တိုင်ပဲ ချန်အန်ကို ပြန်ပွေ့ဖက်လိုက်တယ်။ ပြီးတော့ စတင်ပြီးနမ်းလာတယ်။

(ကလေးအမည်ပေးခွင့် ရလိုက်တဲ့အတွက် ဇနီးဖြစ်သူက သင့်အပေါ်အချစ်ပိုလာခဲ့ပါပြီ လင်မယားကြား ဆက်ဆံရေး 1+3+1+4+5+)

အမည်… ဝမ်ကျိယန်

ဂုဏ်သတ္တိ… အရိုင်းဆန်ပြီး ဆွဲဆောင်မှုရှိတယ်

ဆက်ဆံရေး… ကြယ်၃ပွင့် 525/2500

ဟမ်..

ဆက်ဆံရေးက တိုးမြင့်သွားတာလား။

ချန်အန်တယောက် အချက်ပေးစာရင်းကို ကြောင်ပြီးကြည့်နေမိတယ်။ သူထင်တာက သူနဲ့ဝမ်ကျိယန်ကြားက ဆက်ဆံရေးအဆင့်က တိုးမြင့်ဖို့ ခက်ခဲမယ်ထင်ခဲ့တာပါ။

ချန်အန်တယောက် ကြောင်အနေစဥ်မှာပဲ ဝမ်ကျိယန်က နီရဲနေတဲ့ မျက်နှာလေးနဲ့ ကြည့်လာတယ်။ ချန်အန်လည်း တွေးလိုက်တယ်။ ကိုယ်ဝန်ဆောင်ကာလမှာ သူမကိုနမ်းရုံနဲ့ ဆက်ဆံရေးမြင့်တင်နိုင်တာလား ဒါဆိုဘာအတွက် မနမ်းပဲနေရမလဲ။

ချက်ချင်းပင် သူမကိုဆွဲဖက်လိုက်ပြီး သူမရဲ့ နှုတ်ခမ်းကို ပြင်းပြင်းထန်ထန် ဆွဲယူနမ်းရှိုက်တော့တယ်။ အချိန်အတော်ကြာ ဝမ်ကျိယန်တယောက် အသက်ရှုမဝ ဖြစ်လာမှ ပြန်လွှတ်ပေးလိုက်တယ်။

ဝမ်ကျိယန်ရဲ့ မျက်နှာပေါ်မှာလည်း နှုတ်ခမ်းနီ အရောင်တွေ ပျံ့နေပြီး သူမလည်း ချက်ချင်းပဲ အခန်းထဲက အလျင်အမြန် ထွက်ခွာသွားတယ်။ သူမက ဆောင်ဟွာယင်းနဲ့ ဂူရှန်းယုတို့ မြင်တွေ့သွားမှာကို ရှက်ရွံနေတာပါ။

တဖက်မှာ ချန်အန်က သူမရဲ့နောက်ကျောကို ကြည့်ပြီး အရှက်သည်းနေတဲ့ ဝမ်ကျိယန်ပုံစံက သူ့ကိုရယ်မောစေတယ်။ ဝမ်ကျိယန်ရဲ့ အသားအရေက အရမ်းနူးညံ့ပါတယ်။ မကြာခင် ရတနာခန်းမမှာ အလုပ်ရရင်တော့ ဆောင်ဟွာယင်းနဲ့ ဂူရှန်းယုတို့အတွက် ဆေးနည်းနည်း ဝယ်ရမယ်လို့ တွေးလိုက်တယ်။

……………………………………………

အပိုင်း ၈၄

စျေးအတွင်း ရတနာခန်းမ

ချန်အန်တယောက် ခန်းမထဲ ခပ်သွက်သွက် လျှောက်ဝင်လိုက်ချိန် ကော်ရစ်တာ ထောင့်နေရာမှာတော့ ပန်ဟွေ့နဲ့ ရှန်းချင်းရီတို့ မနက်စာစားနေတာကို တွေ့လိုက်ရတယ်။

သူက သူမတို့ကို အသာကျော်သွားပြီး ဆိုင်ရှင်လျှူနား ကပ်ထိုင်လိုက်တယ်။ ထိုအချိန် ပန်ဟွေက

“ချင်းရီ ဒီနေ့က ဆေးဆရာချန် စစ်ဆေးတဲ့ရလာဒ်ကို အဖြေသိရမယ့်နေပဲ သူသာအောင်မြင်ရင်တော့ အံ့သြစရာပဲ”

ရှန်းချင်းရီကတော့ ပန်ဟွေ့စကားကို မတုန့်ပြန်ပဲ ပြုံးရုံသာနေ နေခဲ့တယ်။ မွန်းတည့်ချိန် ရောက်လာခဲ့တယ်။ ခေါင်းဆောင်လီကတော့ ရောက်မလာခဲ့ဘူး။ ချန်အန်လည်း ဆိုင်ရှင်လျှူကို မေးတယ်။

“ဆိုင်ရှင်လျှူ ခေါင်းဆောင်လီ မလာတော့ဘူးလား”

“ငါ့အတွက် ရလာဒ်ဖော်ပြထားတဲ့ စာတစောင် ရှိထားလား”

ဆိုင်ရှင်လျှူက ပြုံးလိုက်ပြီး

“ရတနာခန်းမကို စစ်ဆေးတဲ့ရလာဒ်အတွက် စာတစောင်ရောက်ထားပါတယ် ဆေးဆရာချန်အတွက် ငါသွားယူပေးမယ်”

ထိုသို့ပြောပြီး ဆိုင်ရှင်လျှူက ထွက်သွားတယ်။ ခနကြာတော့ ပြန်ရောက်လာပြီး ချိတ်ပိတ်ထားတဲ့ စာတစောင်ကို ထုတ်ပေးလာတယ်။

“ဒီဟာပဲ ဆေးဆရာချန် ဒီထဲမှာမင်းရဲ့ ရလာဒ်ပါ လိမ့်မယ်ထင်တယ် ကြိုပြီး ဂုဏ်ပြုပါရစေ”

ချန်အန်က ဆိုင်ရှင်လျှူကို အပြုံးနဲ့တုန့်ပြန်လိုက်ပြီး ချိတ်ပိတ်ထားတဲ့စာကို ဖွင်ဖြတ်လိုက်တယ်။ စာထဲမှာက…

ချန်အန်တယောက် စာကိုကိုင်ပြီး အချိန်တော်ကြာတဲ့ထိ တိတ်ဆိတ်နေတယ်။ သူ့အမူအရာက ရှုပ်ထွေးနေပြီး သေချာတဲ့ရလာဒ်တခု ရှိထားတာတောင် ဘာလို့ ဒီလိုဖြစ်နေတာလဲဆိုပြီး ဆိုင်ရှင်လျှူက တွေးနေခဲ့တယ်။

“ဆေးဆရာချန် ဘာဖြစ်လို့လဲ”

ဆိုင်ရှင်လျှူရဲ့ စကားသံကြားတော့ ချန်အန်အသိဝင်လာတယ်။ ပြီးတော့ သက်ပြင်းချလိုက်ပြီး

“စစ်ဆေးမှု မအောင်ဘူးတဲ့”

ဆိုင်ရှင်လျှူတယောက် မချိတင်ကဲ အမူအရာဖြစ်သွားရတယ်။ ဒါကဘယ်လို အခြေနေကြီးလဲ။ စာထဲမှာက ဒုတိယအခွင့်ရေး အနေနဲ့ နောက်ထပ်ဆေးလုံးအချို့ကို ရက်၂၀ အတွင်း ထပ်ပြီး သန့်စင်ပေးရဦးမှာပါ။

စိတ်ဝိဉာဥ် သန့်စင်တဲ့ဆေး ဒါက အဆင့်၁

အဆင့်မြင့်ဆေးလုံးပါ။ ဒါက ပထမစစ်ဆေးမှုထက် ပိုခက်ခဲပြီး ဆေးတလုံးကို တရက်နှုန်းနဲ့ သန့်စင်ရမှာဖြစ်တယ်။ စိတ်ဝိဉာဥ်အားဖြည့်ဆေးက ရိုးရှင်းပါတယ်။

ချန်အန်က စာကိုဆိုင်ရှင်လျှူလက်ထဲ ပေးလိုက်တယ်။ ဆိုင်ရှင်လျှူက စာကိုကိုင်ထားရင်း မယုံနိုင်ဟန်နဲ့ပြောတယ်။

“ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ဆေးဆရာချန် သန့်စင်တဲ့ဆေးလုံးက ရတနာခန်းမက အခြားဆေးလုံးတွေထက် အရည်အသွေး သာလွန်တာ အသိသာကြီးပဲလေ”

သူက ချင်းချင်ပဲ ချန်အန်ကိုကြည့်ပြီး

“ဆေးဆရာချန် ငါကခိုင်မာတဲ့စိတ်ဓာတ်နဲ့လူပါ မင်းရဲ့ဆေးလုံး၂၀၀၀ကို မထိတွေ့ခဲ့ပါဘူး အဲ့မတိုင်ခင်ကလည်း မင်းကိုကူညီခဲ့ပါတယ် ဒါကို မှတ်တမ်းတင်ကျောက်တုံးမှာ စစ်ဆေးနိုင်တယ်”

“ဆေးဆရာချန်က ဒီတကြိမ်တော့ သေချာပေါက် အောင်မြင်မှာပါ”

ချန်အန်နဲ့ ဆိုင်ရှင်လျှူတို့ တဦးနဲ့တဦး ပြုံးပြလိုက်ကြတယ်။ တယောက်ရဲ့အပြုံးက ဖိအားတွေနဲ့ ဖြစ်ပြီး ကျန်တယောက်ကတော့ လုပ်ငန်းသဘောအရ ဖြစ်တယ်။

ချန်အန်တယောက် ခန်းမထဲကအလျင်မြန် ထွက်သွားတာတွေ့တော့ ပန်ဟွေ့က မှတ်ချက်ချတယ်။

“ပြီးခဲ့တဲ့လဝက်ကဆို ဆေးဆရာချန်က အမြဲ ပြုံးနေတာကို မြင်နိုင်တယ် ကိစ္စတချို့ ကြားမှာ ဖြစ်ပျက်သွားတာနေမှာပါ ဒီအဖြစ်ပျက်ကို ငါမယုံနိုင်ဘူး”

ရှန်းချင်းရီက မတုန့်ပြန်ပဲ တည်ငြိမ်စွာနဲ့ ထိုင်နေခဲ့တယ်။ ဒါပေမယ့် သေချာကြည့်မယ် ဆိုရင်တော့ သူမမျက်နှာပေါ်မှာ လျှို့ဝှက်တဲ့ အကြောင်းအရာတချို့ကို တွေ့မြင်နိုင်ပါတယ်။

ချန်အန်အိမ်ပြန်ရောက်တော့ ဇနီး၃ဦးက အသင့် စောင့်နေခဲ့တယ်။ သူမတို့က ရလာဒ်ကိုသိရဖို့ မစောင့်နိုင်တော့ပါဘူး။ ဒါပေမဲ့ ချန်အန်ရဲ့ မျက်နှာကိုမြင်တာနဲ့ အဖြေကို သိလိုက်ရပါပြီ။

“ယောက်ျား အရမ်းပင်ပန်းရပြီ ရေချိုးဖို့ အခုပဲ ရေနွေးပြင်ပေးမယ်”

“ယောက်ျား ငါအခုပဲ ချက်ပြုတ်တော့မယ်”

“ဖေဖေ… ဖက်ပါ”

“ဘာကိုဖက်ခိုင်းတာလဲ အခုချက်ချင်း သွားလေ့ကျင့်တော့ ချီဆွဲသွင်းတာကို လေ့ကျင့်ရမယ်လေ”

ဝမ်ကျိယန်က ယုကျန်းကို ခြံဝန်းထဲဆွဲခေါ် သွားတယ်။ တခဏကြာတော့ သူမပြန်ရောက်လာခဲ့ပြီး

“ယောက်ျား အခန်းထဲလိုက်ခဲ့ပါ ငါနင့်ကိုအံ့သြစရာ တခုပြမယ်”

“အသေးလေးက အပြင်မှာတစ်ယောက်တည်း ဖြစ်နေတာ ငါစိတ်ပူတယ် ငါသူ့ကိုသွားကြည့်မယ်”

ချန်အန်ရဲ့စကားကြားတော့ ဝမ်ကျိယန်က

“ကိစ္စမရှိဘူး ငါအသေးလေးကိုကြည့်နေဖို့ ယင်းအာကိုပြောထားတယ် အခန်းထဲအမြန် လိုက်ခဲ့ပါ တကယ်နင့်ကိုအံ့သြစရာတခု ပြမယ်”

ထိုသို့ပြောပြီး ဝမ်ကျိယန်က ချန်အန်ရဲ့နောက်ကျောဘက်ကနေ သူမအခန်းထဲ တွန်းထိုးဝင်စေတော့တယ်။

အချိန်တချို့ကြာပြီးတော့ အခန်းထဲ၌ ဝမ်ကျိယန်က သူမဦးခေါင်းကို ဂုဏ်ယူဟန်နဲ့ မော့ချီထားပြီး ချန်အန်ကိုပြောလာတယ်။

“ယောက်ျား ဘယ်လိုလဲ အံ့သြစရာမကောင်းဘူးလား”

ချန်အန်က

“ဒါကိုမင်းဘယ်လို လေ့လာလိုက်တာလဲ”

“ယင်းအာဆီက သင်ယူပြီး ငါကိုယ်တိုင်စမ်းသစ် ထားတာပေါ့”

“မင်းရဲ့သင်ယူနိုင်စွမ်းက မယုံနိုင်စရာပဲ”

ချန်အန်က သူမရဲ့ဦးခေါင်းကို ပွတ်သပ်လိုက်တယ်။ ဒီကိုယ်လုပ်တော်လေးက တဖြေးဖြေး တိုးတက်လာနေပါပြီ။ ဝမ်ကျိယန် ပုံစံက ချန်အန်ရဲ့ထိတွေ့မှုကို ကျေနပ်နေပြီး သူမအမူအရာက စိတ်ကျေနပ်နေတာကို အပြည့်အဝ ပြသနေတယ်။

“ယောက်ျား ငါနောက်ထပ် နင့် နင့်ကိုပြစရာ ရှိသေးတယ်”

နောက်ထပ် အချိန်တချို့ထပ်ကြာသွားတယ်။ ပြီးနောက် နှစ်ဦးသား အခန်းထဲက ထွက်လာတယ်။ အဆုံးမှာတော့ စမ်းသပ်ချက် ရလာဒ်က စိတ်ဖိစီးစေတာကို ဝမ်ကျိယန်က သူမရဲ့နည်းလမ်းတွေနဲ့ သက်သာသွားစေပြီး ချန်အန်လည်း သက်တောင့်သက်သာ ဖြစ်သွားတော့တယ်။

“ယောက်ျား ရေနွေးရပြီ ပြီးတော့ ယင်းအာက လှည့်ကွက်တချို့ သင်ယူထားတယ် ယောက်ကျားအတွက် စိတ်ကျေနပ်စေမှာပါ”

ချန်အန်လည်း ဆောင်ဟွာယင်းကို ဆွဲခေါ်ပြီး ရေချိုးခန်းထဲ ဝင်သွားတော့တယ်။ အချိန်တချို့ ထပ်ကြာပြီးတော့ ဆောင်ဟွာယင်းက ချန်အန်ရဲ့ရင်ဘတ်ကို ပွတ်သပ်နေပြီး သူမရဲ့မျက်နှာက နူးညံ့စွာနဲ့ ပြုံးနေခဲ့တယ်။

“ယောက်ျား ယင်းအာရဲ့နည်းလမ်းကို ဘယ်လိုထင်လဲ”

“ငါအရမ်းကြိုက်ပါတယ်”

“ယောက်ျားကြိုက်ရင် ကျွန်မပျော်တယ်”

ခဏကြာတော့ သူမကနောက်ထပ်နည်းလမ်း အချို့သုံးပြီး ချန်အန်တယောက် စစ်ဆေးမှုကျ ရှုံးတဲ့အပေါ် စိတ်မဖိစီးအောင် ကူညီပေးတယ်။ အချိန်အချို့ကြာပြီးတော့ မိသားစု၅ဦးစလုံး အတူတူ ညစာစားကြတယ်။

“ယောက်ျား ဒါကစိတ်ဝိဉာဥ်ပါတဲ့ ဟင်းသီးဟင်းရွက်ပါ”

“ယောက်ျား ဒီဟာက စိတ်ဝိဉာဥ်အရွက်နဲ့ ရောချက်ထားတဲ့ ကြက်သားစွပ်ပြုတ်လေ အရသာအရမ်းကောင်းတယ် အခုမြည်းကြည့်”

“ယောက်ျား ဒါကအေးမြတဲ့ ဖရဲသီးကို ယုအာက ပျားရည်နဲ့ရောပြီး ဖျော်ထားတာ ပြီးတော့ ဒါတွေက စိတ်ဝိဉာဥ်အသီးတွေကို အရသာကောင်းအောင် ပြင်ဆင်ထားသေးတယ်”

ဇနီးသုံးဦးစလုံးက ချန်အန်ရဲ့ပန်းကန်ထဲကို စုပြုံထည့်ပေးနေကြပြီး သူမတို့က ချန်အန်ရဲ့ စိတ်ကိုဖြေဖျောက်ဖို့ ကြိုးစားနေကြတယ်။ ထိုအရာကိုမြင်တော့ ယုကျန်းကလည်း သူမပန်းကန်ထဲက အရွက်တခုကို ယူပြီးချန်အန့် ပန်းကန်ထဲထည့်ပေးရင်း ပြောလိုက်တယ်။

“ဖေဖေ ဒီမြက်ပင်ကို စားကြည့်”

“ခွီ”

ချန်အန်တယောက် သမီးဖြစ်သူရဲ့စကားကြောင့် မရယ်မောပဲ မနေနိုင်တော့ပါဘူး။ ဇနီးသုံးဦးလည်း အလွန်ပျော်ရွှင်ဟန်နဲ့ ရယ်မောနေကြတယ်။ စိတ်ဝိဉာဥ်ဟင်းသီးဟင်းရွက်တွေကို မြက်တွေလို့ ခေါ်တာတဲ့လား။

အသေးလေးယုကျန်းက လူကြီးတွေရယ်နေတာ တွေ့တော့ မျက်မှောက်ကြုတ်လိုက်ပြီး မေးတယ်။

“မှန်တယ်လေ မဟုတ်ဘူးလား”

သူမက သူမမိဘတွေဘာအတွက် ရယ်မောနေတာကို မသိပါဘူး။ ဒါပေမယ့် သူတို့ ရယ်နေကြတဲ့အတွက် သူမလည်း ပြုံးနေခဲ့ပြီး သူမလေးမျက်နှာက တောက်ပတဲ့အပြုံးလေးကို ချိတ်ဆွဲထားခဲ့တယ်။ အခန်းထဲမှာတော့ ပျော်ရွှင်စရာ အငွေ့အသက်တွေ ပြည့်နှက်နေတယ်။

All Chapters