အခန်း (၈၇-၈၈)
Vol. 9 Ch. 87-88
အပိုင်း ၈၇ တယောက်မှ အသက်မရှင်ဘူး
ထိုအချိန်မှာပဲ ကျင့်ကြံသူအများပြားက ခြံဝန်းရဲ့ အပြင်ဘက်မှာရပ်ပြီး စောင့်ကြည့်နေကြတယ်။
ချန်အန်တို့မိသားစုကို အပြစ်ပေးခန်းမဆီ ခေါ်သွားတာကို တွေ့တော့ သက်ပြင်းချလိုက်ကြတယ်။ အချို့က စိတ်ပူနေကြတယ်။
အိမ်နီးချင်းတွေက ချန်အန်ကို ကောင်းကောင်းသိကြသူတွေပါ။ ချန်အန်က ဂရုစိုက်တတ်ပြီး ကြင်နာတယ် ဖော်ရွေတတ်သူ တဦးဖြစ်တယ်။
အဆိပ်ဆေးလုံးတွေဖော်စပ်ပြီး ရောင်းချတာလား။ ဒါက ချန်အန်ရဲ့ပုံစံအရ မဖြစ်နိုင်ပါဘူး။ သူတို့က ဝါးရွက်ဂိုဏ်းရဲ့ အပြစ်ပေးခန်းမအကြောင်းကို သိနေကြပြီး အချိန်အများစုမှာ သူတို့က မှားယွင်းတဲ့အရာ အများစုကို ပြုလုပ်လေ့ရှိကြတယ်။
ချန်အန်က ပတ်ဝန်းကျင်ကို လျစ်လျူရှုထားပြီး သူ့စိတ်က ဘေးနားမှာရှိနေတဲ့ ကျင့်ကြံသူကိုပဲ အာရုံစိုက်ထားတယ်။ ကျင့်ကြံသူဇောင်က အဆင့်တစ် တည်ဆောက်ရေးအဆင့်ဖြစ်ပြီး ကျန်တဲ့သူတွေက အဆင့်ကိုးချီစုဆောင်းရေး အဆင့်တွေဖြစ်ကြတယ်။
ရှောင်အစား ဇောင်လို့ပြောင်းရေးထားပါတယ်။
သူတို့က တကယ်ကိုသန်မာပါတယ်။ ဒါပေမဲ့ ဒါတွေက ချန်အန်အတွက်တော့ သာမန်ပဲဖြစ်တယ်။ လက်ရှိချန်အန်ရဲ့ ယုံကြည်မှုအရ ကျင့်ကြံသူဇောင်နဲ့ သူ့လူတွေကို ကောင်းကောင်းရင်ဆိုင်နိုင်တယ် ဆိုတာပဲ။
ချန်အန်က စိတ်ပိုင်းဆိုင်ရာကို ပြင်ဆင်ထားပြီး ပြန်လည်တုန့်ပြန်ဖို့နဲ့ ဇနီးသည်တွေနဲ့ သမီးကို အန္တရာယ်ကင်းစေဖို့ နည်းလမ်းတွေကို စဥ်းစားနေတယ်။
မကြာခင်မှာပဲ သူတို့အားလုံး ဝါးရွက်အိမ်ရာထဲက ထွက်လာကြပြီး ကျင့်ကြံသူဇောင်က လမ်းမကြီးပေါ်က ခွဲထွက်သွားပြီး ဝါးရွက်တောအုပ်ဆီ ခေါ်ဆောင်သွားတာကို မြင်တော့ ချန်အန်လည်း သတိအပြည့်ဖြစ်သွားတယ်။
“ယောက်ျား”
ထိုအရာကိုမြင်တဲ့ ဆောင်ဟွာယင်းကလည်း ကျင့်ကြံသူဇောင်က လူရှင်းတဲ့နေရာကို ခေါ်လာခဲ့မှန်း သိသွားတယ်။ ဝမ်ကျိယန်နဲ့ ဂူရှင်းယုတို့ကလည်း သူမနည်းတူ ခံစားနေပုံရတယ်။
သူမတို့က တုံးအကြသူတွေမဟုတ်လို့ လက်ရှိအခြေနေက အန္တရာယ်များတယ်ဆိုတာ သိနေကြပြီ။
ထိုအချိန် ကျင့်ကြံသူဇောင်က သွားနေရာကနေ ရပ်တန့်လိုက်ပြီး လှည့်ကြည့်လာတယ်။
“ဆေးဆရာချန်. ဆေးဆရာချန် မင်းလိုအဆင့်၄ ကျင့်ကြံသူက ဂိုဏ်းချုပ်ရဲ့ဇနီးကိုမှ မျှော်လင့်တာလည်း ငါတွေးမရဘူး”
“မင်းလို ဒုတိယအဆင့် ဆေးဆရာတယောက်ကလေ..”
“အိမ်မှာရှိတဲ့ ဇနီးသုံးယောက်နဲ့ မလုံလောက်လို့ အပြင်ထွက်ပြီး ဂိုဏ်းချုပ်ရဲ့လူကို မျှော်မှန်းနေခဲ့တာပေါ့ မင်းကဘယ်လိုတောင် သေခြင်းတရားကို ရှာဖွေနေရတာလဲ”
ကျင့်ကြံသူဇောင်က ကိုယ်ဝန်ရှိနေတဲ့ ဝမ်ကျိယန်ကို ကြည့်ပြီးပြောလိုက်တယ်။
“ကျင့်ကြံသူဝမ် အခုငါ့ကိုဒူးထောက်ပြီး ခစားရင် မင်းတို့အပြစ်တွေအတွက် ကူညီပေးမယ် မင်းယောက်ျားကို မကယ်ချင်ဘူးလား”
ဝမ်ကျိယန်က တိတ်ဆိတ်နေတယ်။ ကျင့်ကြံသူဇောင်က ဆက်ပြောလာတယ်။
“အခုချက်ချင်း ငါ့ကိုဒူးထောက်ပြီး တောင်းပန်လိုက်စမ်း ဒါဆိုရင် မင်းယောက်ျားရဲ့ အပြစ်တွေအတွက် ငါပြန်စဥ်းစားပေးမယ်”
ဝမ်ကျိယန်ကတော့ တိတ်ဆိတ်နေပြီး ချန်အန်တယောက် သူမတို့ကိုကာကွယ်နိုင်မယ် လို့ယုံကြည်ထားတယ်။
“ဆေးဆရာချန် မင်းရဲ့ အသက်ရှင်မှုအတွက် မင်းရဲ့ ဝမ်မိန်းမကို ဖျောင်းဖျသင့်တယ်နော်”
ချန်အန်က ချီစွမ်းအင်ကို လက်ချောင်းထိပ်မှာ တိတ်တဆိတ်စုဆောင်းနေပြီး ကျင့်ကြံသူဇောင်ကို မေးလိုက်တယ်။
“တကယ်လို့ငါက သူမကိုမဖျောင်းဖျဘူး ဆိုရင်ကော ဘာဖြစ်လဲ”
“ဘာဖြစ်လဲ ဟုတ်လား”
ကျင့်ကြံသူဇောင်က ပြုံးလျက်ပြောလာတယ်။
“ဘာမှမဖြစ်ပါဘူး ငါကမင်းကိုသတ်လိုက်ပြီး မင်းရဲ့ဇနီးသုံးယောက်စလုံးကို ပျော်ပါးဖို့ ခေါ်သွားလိုက်မယ် မင်းသမီးကိုလည်း ကျွန်တယောက်အဖြစ် ရောင်းစားမယ်”
“ငါသိပြိီ”
ချန်အန်က ခေါင်းညိတ်ပြလိုက်တယ်။
ထိုခဏမှာပဲ ချီစွမ်းအင်က ဓားတချောင်းအသွင် ပြောင်းသွားခဲ့ပြီး ကျင့်ကြံသူဇောင်ဆီ တိုးဝင်သွားတယ်။
“မင်း…”
ကျင့်ကြံသူဇောင်လည်း ထိတ်လန့်သွားတယ်။
စွတ်..
ရွှေရောင်အလင်းတခု ဖြတ်သန်းသွားပြီး သူ့လည်ပင်းနေရာက နာကျင်မှုတခုပေါ်လာတယ်။ ပြီးတော့ ဦးခေါင်းက ပြတ်ထွက်သွားတော့တယ်။ ကျင့်ကြံသူဇောင်ရဲ့ ဦးခေါင်က မြေပေါ်ပြုတ်ကျသွားပြီး သွေးတွေကလည်း ပြန့်ကျဲနေတယ်။
နောက်ထပ် ချီစုဆောင်းခြင်းအဆင့်က ၄ဦးကိုလည်း အလင်းဓားနဲ့ သတ်ဖြတ်လိုက်တော့တယ်။
“ယောက်ျား”
ဝမ်ကျိယန်ရဲ့ မျက်လုံးအစုံက ထိတ်လန့်တုန်လှုပ်နေပြီး မယုံနိုင်ဟန်နဲ့ ပြည့်နေတယ်။ ချန်အန်က အပြစ်ပေးခန်းမက လူတွေကို လျင်မြန်စွာပဲ သတ်ဖြတ်လိုက်တာပါ
“ဘာ.. ဘာတွေဖြစ်ကုန်တာလဲ”
သွေးတွေကိုမြင်တော့ ဆောင်ဟွာယင်းရဲ့ ခြေအစုံကလည်း အားနည်းသွားပြီး မြေပေါ်ခွေကျသွားတယ်။ ထိုအချိန် ယုကျန်းလေးကလည်း အိပ်ပျော်ရာက နိုးထလာတယ်။
ချန်ယုကျန်းက ချက်ချင်းပဲ ထငိုတော့တယ်။ ချန်အန်လည်း မန္တန်ကိုသုံးပြီး သူမကိုပြန်သိပ်လိုက်ရပြန်တယ်။
“ယင်းအာ ဒါကပထမဆုံးမဟုတ်ဘူး ဒုတိယအကြိမ်ဖြစ်နေပြီ”
“ သွေးမြင်တိုင်း အားနည်းသွားသလို မဖြစ်စေနဲ့တော့”
“ဒီလိုကိစ္စလေးတွေနဲ့ လဲကျမသွားပဲ ပိုပြီးသန်မာလာမယ်လို့ ငါမျှော်လင့်တယ်”
ချန်အန်က အေးဆေးသက်သာစွာပဲ ပြောနေခဲ့တာပါ။ ထိုသို့ပြောပြီးတာနဲ့ ဝမ်ကျိယန်တို့ကို ခေါ်လိုက်တယ်။
“ယုအာ ယန်အာ ဒီကိုလာခဲ့ ဒီဟာတွေကိုရှင်းပြီး ဒီကနေထွက်သွားကြရအောင်”
“ငါနားလည်ပြီယောက်ျား”
“ယောက်ျား ငါနင့်ကိုကူညီမယ်”
ဝမ်ကျိယန်နဲ့ဂူရှန်းယုတို့က လျင်မြန်စွာနဲ့ လျှောက်လာကြပြီး လူသေအလောင်းတွေကို ရှင်းလင်းလိုက်တယ်။ သူမတို့က သွေးတွေရွဲနေတဲ့ အလောင်းတွေကို မကြောက်ကြပါဘူး။
ဆောင်ဟွာယင်းက သမီးဖြစ်သူကို သစ်ပင်ကြီးတစ်ပင်အောက် ချထားလိုက်ပြီး အလောင်းတွေကို ရှင်းလင်းနေတဲ့ ယောက်ကျားဖြစ်သူနဲ့ ဝမ်ကျိယန်တို့ကို ကြည့်လိုက်တယ်။ သူမရဲ့မျက်လုံးအစုံက မျက်ရည်တွေ စီးကျလာတယ်။ သူမက သူမရဲ့ပျော့ညံ့မှုကို မုန်းတီးနေမိတယ်။
ခဏကြာတော့ အလောင်းကောင်တွေအနား သွားပြီး ချန်အန်တို့ကို ကူညီပေးလိုက်တယ်။ ယောက်ျားဖြစ်သူရဲ့စိတ်ထဲ သူမကိုဝန်ထုပ်ဝန်ပိုး တခုလိုခံစားသွားမှာကို သူမကြောက်နေခဲ့တယ်။
……………………………………………….
အပိုင်း ၈၈
တနာရီခွဲခန့်ကြာတော့ အလောင်းတွေကို ရှင်းလင်းပြီးသွားခဲ့တယ်။
ချန်အန်နဲ့ ဇနီးသည်တွေက အလောင်းတွေဆီမှ ရလာတဲ့အရာတွေကို အတူတကွရေတွက် နေကြတယ်။ ထိုသို့ရေတွက်နေရင်းမှာပဲ ရုတ်တရက် သတ်ဖြတ်ခြင်းနဲ့ လုယက်ခြင်း သဘောတရားကို နားလည်သွားကြတယ်။
သိုလှောင်အိတ်တလုံး
အလယ်လတ်ဆင့်ကျောက်တုံး ၁၅တုံး
အဆင့်နိမ့်ကျောက်တုံး ၁၂၉တုံး
ဓားရှည် ၃
ဓားမြှောင် ၂
အဆင့်နိမ့်ကျင့်စဥ် ၃ခု
ဆေးလုံးအမျိုးမျိုး အနည်းငယ်
ပြီးတော့ တခြားအဖိုးတန်ပစ္စည်းတွေ…
ဝမ်ကျိယန်က စိတ်လှုပ်ရှားစွာနဲ့ အော်ဟစ်လိုက်တယ်။
“ယောက်ျား ငါတို့ချမ်းသာပြီ”
ဂူရှန်းယုကလည်း ဝမ်ကျိယန်နည်းတူ စိတ်လှုပ်ရှားနေပေမယ့် သူမကမြိုသိပ်ထားပြီး မျက်နှာပေါ်လုံးဝ ထုတ်မပြပါဘူး။
ဝေါ့..
အလောင်းကောင်တွေကို အတော်ကြာရှင်းလင်းပြီး အကျိုးမြတ်ကို ရေတွက်နေချိန်မှာပဲ ဆောင်ဟွာယင်းတယောက် မနက်ကစားထားသမျှ အရာအားလုံးကို မြေပေါ်အန်ထုတ်လိုက်ရတော့တယ်။
ချန်အန်က သူမနောက်ကျောကို အသာဖိနှိပ်ရင်း မေးတယ်။
“ယင်းအာ အဆင်ပြေရဲ့လား”
“ယောက်ျား ယင်းအာ အ.. အဆင်ပြေပါတယ် နည်းနည်းလောက် ထပ်အန်ပြီးရင် သက်သာသွားမှာပါ ဝေါ့…”
ပြောနေရင်းမှာပဲ သူမကအဆတ်မပြတ် အော့အန်နေတော့တယ်။ ချန်အန်က ဆေးလုံးအချို့ပေးပြီး သက်သာစေနိုင်ပေမယ့် မပေးခဲ့ဘူး။ အနည်းဆုံး သူမကပြောင်းလဲဖို့ လိုနေတယ် မဟုတ်လား။
“ယောက်ျား ငါတို့ဘယ်သွားကြမလဲ”
အတန်ကြာစိတ်လှုပ်ရှားပြီးနောက်မှာ ဝမ်ကျိယန်တယောက် စိုးရိမ်လာတယ်။
ချမ်အန်က သွေးတွေစိုရွဲနေတဲ့ ဇနီးသည်တွေကို ကြည့်ပြီး ခပ်အေးအေးပဲ ပြန်ဖြေလိုက်တယ်။
“အရင်ဆုံး ဒီနေရာကနေ ထွက်သွားရမယ် ပြီးရင် ရတနာခန်းမကို သွားကြတာပေါ့ အဲ့ဒီမှာ ငါ့အတွက် ရလာဒ်တခု သိရဖို့ရှိတယ်”
ဝမ်ကျိယန်က ပြောတယ်။
“ကောင်းပြီ နင့်စကားကို နားထောင်မယ်”
ချန်အန်တို့၅ဦးသား ထွက်လာခဲ့တယ်။ လမ်းမှာ ချန်အန်က အဆင့်နိမ့်ချပ်ဝတ်သုံးခုကို ဆောင်ဟွာယင်း ဂူရှန်းယုနဲ့ သမီးဖြစ်သူကို ဝတ်ဆင်စေတယ်။ တဖက်မှာတော့ ဝမ်ကျိယန်က ဒီအရာကို မလိုအပ်ပါဘူး။ သူမက အဆင့်မြင့်ချီစုဆောင်းခြင်း အဆင့်ဖြစ်လို့ သူမကိုသူမ ကာကွယ်နိုင်ပါတယ်
မကြာခင်မှာပဲ ရတနာခန်းမကို ရောက်သွားတယ်။ ထိုအချိန်မှာ ရှန်းချင်းရီနဲ့ ပန်ဟွေတို့ခန်းမထဲက ထွက်လာတာကို တွေ့လိုက်ရတယ်။
ပန်ဟွေ့ရဲ့အမူရာက ထူးဆန်းနေပြီး သူမထင်တာက ဂိုဏ်းချုပ်ဇူက ကျင့်ကြံသူဇောင်နဲ့အဖွဲ့ကို ချန်အန်ဆီ စေလွှတ်လိုက်တာပဲ ဖြစ်တယ်။
“ဆေးဆရာချန် ဘယ်လိုဖြစ်ပြီး…”
ချန်အန်က ပန်ဟွေ့ရဲ့အမေးကို
“ဘာမှမဟုတ်ပါဘူး ဒီနေ့က ငါ့ရဲ့စမ်းသပ်မှု ရလာဒ်ကိုသိရမယ့်နေ့ဆိုတော့ ဝမ်းသာစရာသတင်းကောင်းကို မျှဝေဖို့ ငါ့ဇနီးတွေနဲ့ သမီးကို ခေါ်လာခဲ့တာပါ”
ပန်ဟွေ့က ခေါင်းညိတ်ပြလိုက်ပြီး
“ကောင်းပြီ ငါနဲ့ချင်းရီတို့ သွားစရာရှိသေးလို့ သွားလိုက်ပါဦးမယ် စမ်းသပ်မှုရလာဒ် ကောင်းမွန်ပါစေ”
ထိုသို့ပြောပြီး ပန်ဟွေ့နဲ့ရှန်းချင်းရီတို့ ထွက်ခွာသွားတယ်။ ချန်အန်ကလည်း သူမတို့ကို နှုတ်ဆက်မနေတော့ပဲ ခန်းမထဲတိုက်ရိုက် ဝင်သွားလိုက်တယ်။
ချန်အန်ကိုမြင်တော့ ဆိုင်ရှင်လျှုကလည်း ပန်ဟွေ့လိုပဲ အံ့သြသင့်သွားပြီး မေးလာတယ်။
“ဆေးဆရာချန် ဘယ်လိုဖြစ်ပြီး”
ချန်အန်က တူညီတဲ့အဖြေကိုပဲ ပေးလိုက်တယ်။ ပြီးနောက် ချနိအန်က မေးတယ်။
“ဆိုင်ရှင်လျှူ ရတနာခန်းမက ဘယ်လောက်ထိ လုံခြုံလဲ”
“ဆေးဆရာချန်ကို ဝါးရွက်ဂိုဏ်းကလူတွေ ပြဿနာရှာရဲမယ်လို့ ငါမထင်ဘူး ဒီနေရာက အရမ်းလုံခြုံတယ် ဝါးရွက်ဂိုဏ်းချုပ်တောင်မှ ဘာမှလုပ်ရဲမှာ မဟုတ်ဘူး”
ဆိုင်ရှင်လျှူက ယုံကြည်မှုရှိရှိပဲ ပြောလာတယ်။ လွန်ခဲ့တဲနှစ်လ ရှင်းချင်းရီကို ရွှမ်ဟွမ်ဂိုဏ်းက ဒီနေရာကိုပို့ဆောင်ပြီးနောက် ခုလိုယုံကြည်ချက် ရှိလာတာဖြစ်တယ်။ ဆိုင်ရှင်လျှူရဲ့စကားကြားတော့ ချန်အန်လည်း အနည်းနဲ့အများ စိတ်အေးသွားတယ်။
“ဆိုင်ရှင်လျှူ ဒီကတည်းခိုစရိတ်က ဘယ်လောက်လဲ”
“အဆင့်နိမ့်အခန်းက တရက်ကိုအဆင့်နိမ့်ကျောက်တုံး ၁၀ အလယ်လတ်ခန်းက ကျောက်တုံး ၂၀ နဲ့အဆင့်မြင့်အခန်းကတော့ ကျောက်တုံး ၃၀ ကျသင့်မယ်”
ဆိုင်ရှင်လျှူက ကျေနပ်စွာနဲ့ ပြုံးနေတယ်။ ချန်အန်တို့က ဘာလို့အိမ်မှာမနေပဲ ဒီမှာလာငှားနေလဲဆိုတာ သူမတွေးပါဘူး။ ဒါကသူတွေးရမယ့် ကိစ္စလည်း မဟုတ်ဘူး။
ချန်အန်က အဆင့်မြင့်အခန်း ၃ခန်းကိုငှားလိုက်ပြီး ဆောင်ဟွာယင်းတို့ကို အနားယူစေတယ်။ ပြီးနောက် လှေကားကနေ အောက်ထပ်ကို ဆင်းလာပြီး ခေါင်းဆောင်လီကို စောင့်နေခဲ့တယ်။ ထိုအချိန် ဝမ်ကျိယန်ကလည်း ချန်အန့်ဘေးနား လာထိုင်နေတယ်။
ချန်အန်ရဲ့စိတ်ကူးက အခန်းထဲမှာရှိနေတဲ့ ဆောင်ဟွာယင်းတို့ကို ဝမ်ကျိယန်အနေနဲ့ စောင့်ရှောက်ပေးစေချင်တာပါ။ မတော်တဆ ဖြစ်ပြီးနောက်မှာ သူကဇနီးသည်တွေနဲ့ သမီးဖြစ်သူအတွက် အလွန်ပဲစိုးရိမ်နေခဲ့ရတယ်
အချိန်တချို့ကြာပြီးနောက် ခေါင်းဆောင်လီ ရောက်လာတယ်။ ချန်အန်က ထိုသူကိုမြင်တော့ ချက်ချင်းပဲ ထရပ်လိုက်ပြီး နှုတ်ဆက်တယ်။ ဒီကြိမ်တော့ မတော်တဆအဖြစ်တွေ အဖြစ်မခံတော့ပါဘူး။
“ခေါင်းဆောင်လီ ရောက်လာပြီပဲ ကျတော်စောင့်နေခဲ့တာပါ”
ချန်အန်က အလယ်လတ်ဆင့်ကျောက်တုံး ၅တုံးကိုထုတ်ယူပြီး ခေါင်းဆောင်လီလက်ထဲ ထည့်ပေးရင်း ပြောလိုက်တယ်။ ခေါင်းဆေင်လီက ကျောက်တုံးတွေကို သိမ်းယူပြီးနောက် ကျေနပ်အားရနေတဲ့ မျက်နှာနဲ့ ပြောလာတယ်။
“ဆေးဆရာချန် မဆိုးဘူး မဆိုးဘူး”
ခေါင်းဆောင်လီက ထိုစကားသာပြောပြီး ဘာမှထပ်မပြောတော့တဲ့အတွက် ချန်အန်တယောက် မှင်သက်နေတယ်။ သူက စစ်ဆေးမှုရလာဒ်ကို သိချင်နေခဲ့တာပါ။
ချန်အန်က နောက်ထပ်သန့်စင်ထားတဲ့ ဆေးလုံး ၂၀ကို ပေးလိုက်ရင်းမေးတယ်။
“ခေါင်းဆောင်လီ ဒီဆေးလုံးတွေရဲ့ အရည်သွေးကို အကဲဖြတ်ပေးပါဦး”
ခေါင်းဆောင်လီက ဆေးလုံးတွေကို စစ်ဆေးကြည့်ပြီးနောက် ခေါင်းညိတ်ပြတယ်။
“ဆေးဆရာချန် မင်းကရတနာခန်းမရဲ့ အဆင့်၂ ဆေးပညာရှင်ဖြစ်သွားခဲ့ပြီ”
ထိုစကားကိုကြားတော့ ချန်အန်လည်း စိတ်ကျေနပ်သွားတော့တယ်။ သူ့မျက်နှာပေါ်က အပြုံးတွေက ဖုံးဖိလို့တောင် မရတော့ပါဘူး။
“ဟားး အခုတော့ ကျုပ်နဲ့ဆေးဆရာချန်တို့ နှစ်ယောက်စလုံး တဖွဲ့တည်းဖြစ်သွားပြီပေါ့”
ဆိုင်ရှင်လျှူက ဝမ်းသာအားရနဲ့ ပြောလာတယ်။ ချန်အန်က
“ဒါပေါ့ဗျာ ဒါတွေက ဆိုင်ရှင်လျှူရဲ့ အပင်ပန်းခံ ကူညီပေးတာလည်း ပါပါတယ် ဒီအတွက် အသားနဲ့ အောင်ပွဲခံကြတာပေါ့”
ခဏကြာတော့ သုံးဦးသား ထိုင်နေကြပြီး စိတ်လက်ပေါ့ပါးစွာနဲ့ စကားပြောနေကြတယ်။ ခေါင်းဆောင်လီက
“ဆေးဆရာချန် အဖွဲ့ဝင်ဖြစ်သွားလို့ ဂုဏ်ယူပါတယ် ဒါနဲ့ သတင်းဆိုးတခုလည်း ရှိနေသေးတယ်”
အမှန်တကယ်က ရွှမ်ဟွမ်းဂိုဏ်းအနေနဲ့ အဆင့်၂ ဆေးဆရာတွေကို အများပြားလိုအပ် နေခဲ့ပြီး အဆင့်၂ ဆေးလုံးအမျိုးစားအများ အပြားကိုလည်း လိုအပ်နေခဲ့တာပါ။
“ဆေးဆရာချန် မင်းအနေနဲ့ အဆင့်၂ ဆေးလုံး ၃မျိုးလောက် ဖော်စပ်နိုင်ရဲ့လား”
“အဆင့်၂ ဆေးလုံးအမျိုးအစား သုံးမျိုးလား”
ချန်အန်တယောက် ကြောင်အသွားတယ်။ သူ့အနေနဲ့ အဆင့်၂ ဆေးဆရာဖြစ်လာပြီးနောက် အဆင့်၂ ဆေးလုံး ဘယ်လောက်များများ ဖော်စပ်နိုင်ပြီလဲဆိုတာ မစမ်းသပ်ရသေးပါဘူး။
ချန်အန်ကတွေးနေမိတယ်။ ဒီအရေတွက်က များပြားလွန်းတယ် လို့ထင်နေတယ်။
ချန်အန်က ခေါင်းဆောင်လီကို ကြည့်ရင်းမေးလိုက်တယ်။
“ဒီကိစ္စကိုဘာလို့ စောစောကမပြောရတာလဲ”
သူ့အခြေနေကို တည်ငြိမ်ဖို့ ချန်အန်အနေနဲ့ တဖက်သူတောင်းဆိုတဲ့ အဆင့်၂ ဆေးလုံးတွေ သန့်စင်ရတော့မှာ ဖြစ်တယ်။
“ဆေးဆရာချန် ငါပြောရင်မင်းယုံမှာမဟုတ်ဘူး ငါ့အနေနဲ့ အရမ်းကို အလုပ်များနေခဲ့တာပါ”
ခေါင်းဆောင်လီက ဆက်ပြောလာတယ်။
“ဒါပေမယ့် မင်းစိတ်မပူနဲ့ ရတနာခန်းမမှာ အဆင့်၂ ဆေးဖော်စပ်နည်းတွေ ရှိပါတယ် ပထမဆုံးဝယ်ရင် ငါတို့ဘက်က မင်းကိုလျှော့စျေးနဲ့ပေးမယ် ဥပမာ အလယတ်လတ်ဆင့် ကျောက်တုံး၅၀ ကျသင့်တဲ့အရာကို ကျောက်တုံး၂၀ပဲ ကျသင့်လိမ့်မယ်”
ဆိုင်ရှင်လျှုကလည်း မထင်မှတ်တဲ့ အဖြစ်ကြောင့် ဆွံအနေတယ်။
အလယ်လတ်အဆင့် ကျောက်တုံး၂၀တဲ့လား။ ချန်အန်က ခေါင်းဆောင်လီကို အေးစက်စက် ကြည့်ရင်း ပြောလာတယ်။
“ခေါင်းဆောင်လီ ခင်ဗျားက ကျုပ်ကိုအရူးလို့ ထင်နေတာလား”
“ခင်ဗျားက ကျုပ်ဆီကနေ ကျောက်တုံးတွေ လက်ခံခဲ့တယ် နောက်ပြီး နောက်ထပ် အဆင့်၂ ဆေးလုံးဖော်စပ်နည်းကိုလည်း ထပ်ရောင်းနေတယ် ခင်ဗျားက ကျောက်တုံးတွေ လာညှစ်ထုတ်နေတာပဲ”
ခေါင်းဆောင်လီက ရယ်မောလိုက်ပြီး
“ဆေးဆရာချန် ကျောက်တုံးတွေ ညှစ်ထုတ်နေတယ် ဟုတ်လား မင်းသိထားဖို့က လူဘယ်လောက်များ ငါမိတ်ဆက်ပေးတာကို လိုချင်နေကြလဲဆိုတာ မင်းကိုတောင် ဆိုင်ရှင်လျှူနဲ့ ရင်းနီးလို့ငါကူညီပေးခဲ့တာပါ”
ရတနာခန်းမအနေနဲ့ ဆေးပညာရှင်တွေ လိုအပ်နေရင်တောင် ခေါင်းဆောင်လီက ထိုအချက်ကိုမီပြီး ငွေအမြောက်မြား ရှာလိုတဲ့ သဘောဖြစ်တယ်။ ဆေးပညာရှင်အများပြားကလည်း ခေါင်းဆောင်လီရဲ့ ထောက်ခံမှုက ထိရောက်ပြီး ရတနာခန်းမကို ဝင်ရောက်ရာမှာ အကူညီဖြစ်စေမယ်ဆိုတာ သိကြသူတွေပါ။
ချန်အန်ကထိုအရာတွေကို မသိချင်တော့ပါဘူး သူသိတာက ဒီအဖြစ်ပျက်တွေက လွန်ကြူးတယ်ဆိုတာပဲ။
ချန်အန်က ပြောလိုက်တယ်။
“ခေါင်းဆောင်လီ ဒီမတိုင်ခင်က ပေးတဲ့တဲ့ ကျောက်တုံးတွေ ပြန်ပေးပါ ပြီးတော့ ကျုပ်ဖော်စပ်ခဲ့တဲ့ ဆေးတွေလည်းပြန်ပေးရမယ် ဒါဆိုရင် ဒီကိစ္စအားလုံးကို မေ့ဖျောက်လိုက်မယ်”
ချန်အန်က အတတ်နိုင်ဆုံးစိတ်ကို ထိန်းပြီး ပြောလိုက်တာဖြစ်တယ်။ သူ့စိတ်အရဆို ဒီလို ဂုတ်သွေးလာစုပ်တဲ့အပေါ် ခွင့်လွှတ်စရာ မရှိပါဘူး။
“မင်းက ကျွေးတဲ့လက်ကို ပြန်ကိုက်နေတာပဲ မင်းကအရူးပဲ”
ခေါင်းဆောင်လီက ရုတ်တရက်ထရပ်လိုက်ပြီး ဒေါသတကြီးပြောတယ်။ “ဆိုင်ရှင်လျှူ နောက်တခါ ဒီလိုမသိတတ်တဲ့ ဆေးပညာရှင်တွေကို အနာဂတ်မှာ မိတ်ဆက်မပေးနဲ့တော့ သူက မကောင်းတဲ့ကောင်ပဲ”
စွတ်..
ခေါင်းဆောင်လီရဲ့ စကားဆုံးသွားချိန်မှာပဲ ဓားအလင်းတခုက ခေါင်းဆောင်လီရဲ့ ဦးခေါင်းကို ဖြတ်သန်းသွားတယ်။ ပြီးတော့ ကြမ်းပြင်ပေါ် ပြုတ်ကျသွားခဲ့ပြီး ဆိုင်ရှင်လျှူရဲ့ ခြေထောက်နားထိ လိမ့်ဆင်းသွားတယ်။
ဆိုင်ရှင်လျှူတယောက် ထိတ်လန့်နေပြီး ကြောက်လန့်မှူကြောင့် တုန်ယင်နေတယ်။
“ဆေးဆရာချန် မင်း..မင်း”
ချန်အန်က ထိုအရာကို လျစ်လျူရှုပြီး အလောင်းကောင်ဆီသွားပြီး ရှာဖွေလိုက်တယ်။ သူက ဝါးရွက်ဂိုဏ်းရဲ့ အပြစ်ပေးခန်းမက လူတွေကိုသတ်ပြီးနောက် ရတနာခန်းမက ခေါင်းဆောင်လီကိုလည်း သတ်ပစ်လိုက်တဲ့အတွက် အဝေးကိုရှောင်ထွက်သွားရ တော့မှာပါ။
ဒီအတွက် လိုအပ်တာတွေလည်း ရှိနေခဲ့ပြီး သူ့အနေနဲ့ ဘယ်လိုနည်းလမ်းနဲ့မဆို ရှင်သန်နိုင်ဖို့ ကြိုးစားရမှာဖြစ်တယ်။