← Chapters

အခန်း (၈၉-၉၀)

Vol. 9 Ch. 89-90

အခန်း (၈၉-၉၀)

Vol. 9 Ch. 89-90

အခန်း ၈၉ - အကျိုးအမြတ်များ

သိုလှောင်အိတ် (Storage bag): ၁ အိတ်။အဆင့်မြင့် ဝိညာဉ်ကျောက် ၁ တုံး။အလတ်စား ဝိညာဉ်ကျောက် ၁၂ တုံး။အနိမ့်စား ဝိညာဉ်ကျောက်၃၈ တုံး။အဆင့်နိမ့် မှော်လက်နက်၃ ခု။အင်းစာရွက် အမျိုးမျိုးနှင့် ဆေးလုံးအချို့။

"သူ့မှာ အဆင့်မြင့် ဝိညာဉ်ကျောက်တောင် ရှိတာပဲ။ ဒီခွေးမသားက လူတွေကို ဘယ်လောက်တောင် လိမ်ညာပြီး ငွေညှစ်ထားတာလဲ"

ချန်အန်က သိုလှောင်အိတ်ထဲမှ ပစ္စည်းများကို ရေတွက်ရင်း ပို၍ပင် အံ့အားသင့်သွားရသည်။ သို့သော် မကြာမီ ထိုအံ့ဩမှုမှာ စိတ်လှုပ်ရှားမှုအဖြစ်သို့ ပြောင်းလဲသွားပြန်သည်။ အဆင့်မြင့် ဝိညာဉ်ကျောက်တစ်တုံးသည် အလတ်စား ဝိညာဉ်ကျောက် ၁၀၀ နှင့် ညီမျှပြီး၊ အလတ်စား တစ်တုံးသည် အနိမ့်စား ၁၀၀ နှင့် ညီမျှသည်။

"ဝိညာဉ်ကျောက်တွေ အများကြီးပဲ ငါတော့ ချမ်းသာပြီ"

ချန်အန်က ခဏမျှသာ စိတ်လှုပ်ရှားပြီးနောက် ချက်ချင်း ပြန်လည်တည်ငြိမ်သွားသည်။ သူသည် သူ၏ဇနီးနှင့် သမီးတို့ရှိရာ ဧည့်ခန်းသို့ အမြန် ပြန်သွားလိုက်သည်။ ရတနာနန်းဆောင်မှ တာဝန်ခံတစ်ဦးကို သတ်ဖြတ်လိုက်ခြင်းသည် ၎င်းကို ကျောထောက်နောက်ခံပေးထားသော 'ရွှေဟောင်ဂိုဏ်း'ကို စော်ကားလိုက်ခြင်းပင် ဖြစ်သည်။

သူ ဤနေရာတွင် ဆက်နေ၍ မဖြစ်တော့ပေ။ အမြန် ထွက်ပြေးရမည်။ ယခု သူ့တွင် ဝိညာဉ်ကျောက်များစွာ ရှိနေပြီဖြစ်ရာ မည်သည့်နေရာတွင်မဆို သူ အသက်ရှင်နိုင်ပေသည်။

အပေါ်ထပ် ဧည့်ခန်းအတွင်း

ချန်အန်သည် တံခါးကို ဝုန်းခနဲ တွန်းဖွင့်လိုက်ပြီး သူ၏ ဇနီးသုံးဦးကို ပြောလိုက်သည်။

"ယန်အာ၊ ယွဲ့အာ၊ ယင်းအာ... သွားကြစို့။ ငါတို့ ဝါးရွက်တောအုပ်မှာ ဆက်နေလို့ မရတော့ဘူး။"

"ယောက်ကျား... ဘာဖြစ်လို့လဲ"

ချန်အန်က ဘာမှမဖုံးကွယ်ဘဲ အမှန်အတိုင်း ပြောပြလိုက်သည်။

"ငါ ခုနက ရတနာနန်းဆောင်က သင်းအုပ်ချုပ် လီ ကို သတ်လိုက်ပြီ။ အခု ငါတို့ ရွှေဟောင်ဂိုဏ်းနဲ့ ရတနာနန်းဆောင်ကို ရန်သူအဖြစ် လုပ်မိသွားပြီ။ အမြန် ထွက်ပြေးမှ ဖြစ်မယ်။"

ဇနီးသည်များ၏ မျက်နှာမှာ အနည်းငယ် ပျက်သွားသော်လည်း ဝမ်ကျီယန်က စိတ်ကို ထိန်းကာ ချန်အန်၏ လက်ကို ဆုပ်ကိုင်လိုက်သည်။

"ယောက်ျား... ရှင် ဘာပဲလုပ်လုပ် ကျွန်မ ရှင့်ဘက်က ရှိနေမှာပါ။"

မာနကြီးသော ကိုယ်လုပ်တော်တစ်ဦး ဖြစ်သော်လည်း ဝမ်ကျီယန်သည် အရေးကြီးချိန်တွင် အလွန်ပင် လိမ္မာပါးနပ်လှသည်။ သူမသည် အကျိုးအကြောင်း မမေးဘဲ ခင်ပွန်းကို အပြည့်အဝ ထောက်ခံသည်။ ကျန်ဇနီးသည်များနှင့် သမီးဖြစ်သူကလည်း ထိုနည်းအတိုင်းပင် ချန်အန်ကို ယုံကြည်မှု ပေးကြသည်။

"အချိန် မရှိဘူး၊ အမြန် သွားကြစို့။"

မကြာမီ မိသားစု ငါးဦးလုံး အောက်ထပ်သို့ ဆင်းလာကြသည်။ ချန်အန်သည် ဆိုင်ရှင်လျှိုက သတင်းပေးရန် စာရေးနေသည်ကို တွေ့လိုက်ရသည်။ ၎င်းမှာ ရတနာနန်းဆောင်သို့ သတင်းပို့ရန် ဖြစ်သည်မှာ သေချာသည်။

ချန်အန်က အမြန်ပြေးသွားပြီး သူ၏ လက်ချောင်းထိပ်မှ ဆေးဖော်စပ်သည့် မီးတောက်ဖြင့် ထိုစာကို မီးရှို့ပစ်လိုက်သည်။

"ချန်... ဆေးဆရာချန်"

ဆိုင်ရှင်လျှိုမှာ ထိတ်လန့်သွားသည်။ သင်းအုပ်ချုပ် လီ ခေါင်းပြတ်သွားသည့် မြင်ကွင်းမှာ သူ၏ မျက်စိထဲတွင် မြင်ယောင်နေဆဲ ဖြစ်သည်။

ချန်အန်က စကားအရှည်ကြီး မပြောဘဲ အလတ်စား ဝိညာဉ်ကျောက် ၁၀ တုံးကို စားပွဲပေါ် တင်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

"ငါ ဆေးဖော်စပ်တဲ့ ပစ္စည်းတချို့၊ ဆေးလုံးတွေ၊ အင်းစာရွက်တွေနဲ့ နေ့စဉ်သုံး ပစ္စည်းတချို့ကို ယူသွားမယ်။ ဒီဝိညာဉ်ကျောက်တွေနဲ့ ဆိုရင် လုံလောက်လိမ့်မယ်။"

"လုံ... လုံလောက်ပါတယ်။ ဆေးဆရာချန် စိတ်ကြိုက်ယူပါ။"

ဆိုင်ရှင်လျှိုမှာ အသက်ဘေးကို ကြောက်သဖြင့် ဘာမှ မကန့်ကွက်ရဲပေ။

ချန်အန်သည် စည်းကမ်းရှိသူ ဖြစ်သဖြင့် ကျောက် ၁၀ တုံးဖိုးခန့်သာ ယူဆောင်ခဲ့သည်။ ထို့နောက် သူသည် ဆိုင်ရှင်လျှိုကို သတိလစ်သွားအောင် လုပ်လိုက်ပြီး ကြိုးဖြင့် တုတ်ကာ ပါးစပ်ကို ပိတ်ထားခဲ့သည်။

သူတို့သည် လူသူကင်းမဲ့သော လမ်းကို ရွေးချယ်ကာ ထွက်ပြေးခဲ့ကြသည်။ ဇနီးဖြစ်သူ ဆောင်ဟွာယင်းမှာ သာမန်လူ ဖြစ်သဖြင့် ချန်အန်က သူမကို ကျောပိုး၍ ပြေးရသည်။ သမီးကိုမူ ဝမ်ကျီယန်က ပွေ့ချီထားသည်။

"ငါတို့ အရှိန်က အရမ်းနှေးနေသေးတယ်။ ငါသာ ဓားပျံအတတ်ကို တတ်ရင် ကောင်းမှာပဲ။"

ချန်အန်သည် ပြေးလွှားရင်း တွေးတောနေမိသည်။ ကံမကောင်းစွာဖြင့် လွန်ခဲ့သော နှစ်ပေါင်း ၃၀ လုံးလုံး သူသည် ဆင်းရဲမွဲတေစွာ နေထိုင်ခဲ့ရသဖြင့် အဆင့်မြင့် ကျင့်စဉ်များ သို့မဟုတ် ဂါထာများကို ဝယ်ယူရန် ငွေကြေး မတတ်နိုင်ခဲ့ပေ။

တစ်နာရီကျော်ခန့် အဆက်မပြတ် ပြေးပြီးနောက်...

"ယောက်ျား.. ကျွန်မ မပြေးနိုင်တော့ဘူး။"

ဂူရှင်းယုက အမောတကော ပြောလိုက်သည်။ သူမသည် ကျင့်ကြံသူ ဖြစ်သော်လည်း ချီသန့်စင်ခြင်း ပထမအဆင့်သာ ရှိသဖြင့် သာမန်လူတစ်ယောက်ကဲ့သို့ပင် ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်သည်။

ချန်အန်က အားလုံးကို ခေတ္တ နားခိုင်းလိုက်ပြီး အင်အားပြန်လည် ပြည့်ဝစေမည့် ဆေးလုံးများကို ဝေငှပေးလိုက်သည်။

နားနေစဉ်အတွင်း ချန်အန်သည် အလောင်းများထံမှ ရရှိသော အဆင့်နိမ့် မှော်လက်နက် ၃ ခုကို ထုတ်ယူလိုက်သည်။ ၎င်းတို့မှာ ကာကွယ်ရေး လက်နက်များ ဖြစ်ကြသည်။ သူသည် ဆောင်ဟွာယင်း ဂူရှင်းယုနှင့် သမီးလေးတို့ကို တစ်ခုစီ ဝေပေးလိုက်သည်။

ဝမ်ကျီယန်မှာ အဆင့် ၈ ဖြစ်သဖြင့် သူမကို မပေးခြင်းမှာ အကြောင်းရှိသော်လည်း သူမ၏ စိတ်ထဲတွင် အနည်းငယ်တော့ မခံချိမခံသာ ဖြစ်သွားသည်။ ၎င်းကို သတိပြုမိသော ချန်အန်းက အကြီးအကဲကျောက်ထံမှ ရရှိသော သိုလှောင်အိတ် ကို ထုတ်ကာ သူမကို ပေးလိုက်သည်။

"ယန်အာ... ဒီသိုလှောင်အိတ်က မင်းအတွက်ပဲ။"

ဝမ်ကျီယန်မှာ မှင်တက်သွားပြီးမှ အလွန်ဝမ်းသာသွားသည်။ အဆင့်နိမ့် မှော်လက်နက်ထက် ဤသိုလှောင်အိတ်က များစွာ ပို၍ တန်ဖိုးရှိသည်။ ၎င်းသည် အခြေခံတည်ဆောက်ခြင်းအဆင့် ကျွမ်းကျင်သူများသာ ကိုင်ဆောင်နိုင်သော အဆင့်မြင့် ပစ္စည်းတစ်ခု ဖြစ်သည်။

သူမ၏ စိတ်ထဲမှ မကျေနပ်မှုများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။ ချန်အန်သည် သူ၏ ဇနီးသည်များ စိတ်ကျေနပ်နေသည်ကို ကြည့်ကာ ပြုံးလိုက်မိသည်။ လင်မယားကြားတွင် သံယောဇဉ်အပြင် ရုပ်ဝတ္ထုပစ္စည်းများဖြင့်လည်း အပြန်အလှန် ဂရုစိုက်ပေးရန် လိုအပ်ကြောင်း သူ နက်နက်ရှိုင်းရှိုင်း နားလည်သွားလေတော့သည်။

..............................................................

အခန်း ၉၀ - ထိပ်တိုက်တွေ့ဆုံခြင်း

"ယောက်ျား... ကျွန်မတို့ နောက်ထပ် ဘယ်ကို သွားကြမလဲ"

တစ်နာရီခွဲခန့် အနားယူပြီးနောက် ဝမ်ကျီယန်က အရေးကြီးသည့် မေးခွန်းကို မေးလိုက်သည်။ ချန်အန်၏ စိတ်ထဲတွင် လောလောဆယ် အဖြေအတိအကျ မရှိသေးပေ။ သူက ဤသို့သာ ပြောနိုင်သည်။

"အခု အရေးကြီးဆုံးက ဝါးရွက်တောအုပ်ကနေ အရင်ထွက်ဖို့ပဲ။ အဲဒီနောက်မှပဲ တစ်လှမ်းချင်း စဉ်းစားကြတာပေါ့။"

"ကောင်းပါပြီ .. ရှင့်သဘောအတိုင်းပါပဲ။"

ဝမ်ကျီယန်မှာ မေးရုံသာ မေးခြင်းဖြစ်ပြီး မေးပြီးသည်နှင့် ခင်ပွန်းဖြစ်သူကို ခြွင်းချက်မရှိ ထောက်ခံသည်။ သူမသည် ကန့်ကွက်မှု လုံးဝမပြုဘဲ သူမ၏ ခင်ပွန်းကို ယုံကြည်ကာ သူ၏နောက်ကွယ်မှ မိန်းမငယ်လေးအဖြစ်သာ နေထိုင်ရန် ရွေးချယ်ခဲ့သည်။

မကြာမီ မိသားစု ငါးဦးလုံး ပြန်လည် ထွက်ခွာခဲ့ကြသည်။ ချန်အန်သည် လမ်းလျှောက်ရင်း တွေးတောနေမိသည်။ ဝါးရွက်တောအုပ်မှ ထွက်ပြီးနောက် ဇနီးသည်များနှင့်အတူ ဘာဆက်လုပ်သင့်သနည်း။ လူသူကင်းဝေးသော နေရာတစ်ခုတွင် အခြေချရန်လား။ ၎င်းမှာ မဖြစ်နိုင်သလောက်ပင်။

ဤကျင့်ကြံခြင်းလောကတွင် သာမန်ခွေးများကဲ့သို့ များပြားလှသော သားရဲကြီးများနှင့် နေရာအနှံ့တွင် မိစ္ဆာများ ရှိနေသည်။ လူသူကင်းဝေးသော နေရာတွင် နေထိုင်ပါက မိစ္ဆာများ၏ ရန်ပြုခြင်းကို ခံရရန် လွယ်ကူလှသည်။ ဘေးကင်းလုံခြုံမှုနှင့် အဆင်ပြေချောမွေ့မှုအတွက် ကျင့်ကြံသူများ စုဝေးရာနေရာတစ်ခုကို ရှာဖွေပြီး အတူတကွ နေထိုင်ခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ အဆုံးတွင်တော့ ဤလောကကြီးမှာ ရှင်သန်ရန် အလွန်ခက်ခဲလှသည်။

အင်အားနည်းချိန်တွင် ရှင်သန်ရန် အုပ်စုဖွဲ့၍ နေထိုင်ကြရမည်သာ ဖြစ်သည်။ တစ်ကိုယ်တော်သမားများမှာ ကျင့်ကြံသူဖြစ်စေ၊ သာမန်လူဖြစ်စေ ရှင်သန်ရန် နေရာမရှိသလောက်ပင်။ ထို့ကြောင့်ပင် သာမန်လူသား မြို့ပြအများစုမှာ နတ်ဘုရားဂိုဏ်းများကို အမှီပြု၍ တည်ဆောက်ထားကြခြင်း ဖြစ်သည်။ ဥပမာအားဖြင့် ယခင်က စိမ်းလဲ့ကျောက်ရွာသည် ဝါးရွက်တောအုပ်ကို အမှီပြု၍ ရှင်သန်ခဲ့ပြီး ဝါးရွက်တောအုပ်၏ အင်အားကို အသုံးပြု၍ ပြင်ပမှ မိစ္ဆာများနှင့် သားရဲများကို မောင်းထုတ်ခဲ့ခြင်း ဖြစ်သည်။ ကံမကောင်းစွာဖြင့် သူသည် ကံမကောင်းခဲ့ဘဲ နောက်ဆုံးတွင် ရွှေဟောင်ဂိုဏ်းမှ ဖန်တီးထားသော သွေးမိစ္ဆာဂိုဏ်း၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသည်။

"ယောက်ျား... ရှေ့မှာ လမ်းမရှိတော့ဘူး။"

သူ့ကျောပေါ်တွင် ပါလာသည့် ဆောင်ဟွာယင်းက ရှေ့မှ ပိတ်ဆို့နေသော တောအုပ်ကို ကြည့်ကာ ပြောလိုက်သည်။ ချန်အန်သည် ချက်ချင်းပင် သူ၏ ဝိညာဉ်ဖိအားကို ထုတ်လွှတ်လိုက်ပြီး ရှေ့မှ သစ်ကိုင်းများနှင့် ပေါင်းပင်များကို မြေပြင်ပေါ်သို့ ရိုက်ချလိုက်သည်။

"ဒီလောကမှာ လမ်းဆိုတာ မရှိဘူး။ လမ်းဆိုတာ လူတွေ ဖောက်မှ ဖြစ်လာတာ။"

ချန်အန်နှင့် အခြားသူများ တောအုပ်အတွင်းသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်လာချိန်တွင်...

တောအုပ်၏ အနက်ရှိုင်းဆုံးနေရာ၌ ရှန်းချင်းယီသည် သူမ၏ရှေ့ရှိ ဂိုဏ်းချုပ်ကျူးနှင့် အခြားသူများကို ကြည့်လိုက်သည်။ ထို့နောက် ဂိုဏ်းချုပ်ကျူး၏ ဘေးတွင်ရှိသော ဖန်ဟွေးကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။

"ဖန်ဟွေး... နင် ဘာသဘောလဲ"

"ချင်းယီ... ငါ တောင်းပန်ပါတယ်။ ငါ ဒီလိုမလုပ်ရင် ငါ့ယောက်ျားက ငါ့ဆီကို တစ်သက်လုံး ပြန်လာနိုင်မှာ မဟုတ်ဘူး။ ငါ့ယောက်ကျားနဲ့ မခွဲနိုင်လို့ပါ..."

ဖန်ဟွေး၏ အသံမှာ သူမ၏ အပြစ်ရှိစိတ်ကြောင့် တဖြည်းဖြည်း တိုးဝင်သွားသည်။

ပြောပြီးနောက် သူမသည် ရှန်းချင်းယီ၏ မျက်နှာကို မကြည့်ရဲဘဲ ဘေးသို့ လွှဲကြည့်လိုက်သည်။ ရှန်းချင်းယီ၏ မျက်ဝန်းထဲမှ စူးရှမှုများက သူမ၏ အသိတရားကို ထိုးစိုက်နေသကဲ့သို့ ခံစားရသည်။

"ချင်းယီ... ကျင့်ကြံသူဖန်ကို အပြစ်တင်လို့ မရပါဘူး။ အချစ်နဲ့ ယှဉ်လာရင် သူငယ်ချင်း သံယောဇဉ်ဆိုတာ တန်ဖိုးမရှိတော့ဘူးလေ"

ဟု ဂိုဏ်းချုပ်ကျူးက ဆိုလိုက်သည်။

ရှန်းချင်းယီသည် ဂိုဏ်းချုပ်ကျူးကို စိုက်ကြည့်ရင်း လက်ထဲမှ ဓားကို တင်းတင်းဆုပ်ထားသည်။ သူမသည် ဓားကို ဝှေ့ယမ်းပြီး ဂိုဏ်းချုပ်ကျူးကို သတ်ပစ်ချင်သော်လည်း ယခု သူမ၏ ခန္ဓာကိုယ်မှာ အလွန် အားနည်းနေသည်။ သူမသည် ဝိညာဉ်စွမ်းအင်ကို လုံးဝ အသုံးမပြုနိုင်သကဲ့သို့ ခန္ဓာကိုယ်မှ ခွန်အားကိုလည်း မထုတ်နိုင်တော့ပေ။ အကြောင်းမှာ သူမ၏ ခန္ဓာကိုယ်အတွင်း၌ 'နတ်သက်ကြွေမှုန့်'ပြန့်နှံ့သွားပြီး ဝိညာဉ်စွမ်းအင်စီးဆင်းမှု လုံးဝ ပိတ်ဆို့သွားသောကြောင့် ဖြစ်သည်။

"ဂိုဏ်းချုပ်ကျူး... ကျွန်မ ချင်းယီကို ရှင့်အတွက် လှည့်စားပေးပြီးပြီ။ ကျွန်မ ယောက်ျားကို ဘယ်တော့ တွေ့ရမလဲဆိုတာ မေးပါရစေ"

ဖန်ဟွေး၏ မျက်လုံးများမှာ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။

"မင်း ယောက်ျားကို တကယ် တွေ့ချင်တာလား"

"ဂိုဏ်းချုပ်ကျူး... ကျွန်မကို ကျွန်မယောက်ျားနဲ့ ပြန်ဆုံခွင့်ပေးပါ။ နောင်ကျရင် ကျွန်မတို့ ရှင့်အတွက် အစွမ်းကုန် အလုပ်အကျွေး ပြုပါ့မယ်"

ဖန်ဟွေးသည် သူမ၏ အမျိုးသားနှင့် ပြန်ဆုံကာ ဝါးရွက်ဂိုဏ်းသို့ ဝင်ရောက်လိုသည်။ ဤသည်မှာ ရှန်းချင်းယီကို သစ္စာဖောက်ရခြင်း၏ အကြီးမားဆုံး အကြောင်းရင်း ဖြစ်သည်။

ဖန်ဟွေး၏ စိုးရိမ်တကြီး ဖြစ်နေသော မျက်နှာကို ကြည့်ကာ ကျူးကန်းက ပြုံးလျက်

"ကျင့်ကြံသူ ဖန်... မင်းက ငါ့အတွက် အလုပ်လုပ်ပေးတဲ့သူပဲ။ ငါ မင်းကို မကောင်းမဆိုး မဆက်ဆံပါဘူး။ ရော့... သွားတွေ့လိုက်တော့"

ပြောပြောဆိုဆိုနှင့် ဂိုဏ်းချုပ်ကျူးသည် ဘေးမှ အကြီးအကဲတစ်ဦးထံမှ အိတ်တစ်အိတ်ကို ယူကာ ဖန်ဟွေး၏ ခြေရင်းသို့ ဝုန်းခနဲ ပစ်ချလိုက်သည်။ ထိုအိတ်ထဲမှ ပြူးကျနေသော မျက်လုံးများနှင့် ဦးခေါင်းတစ်ခု ထွက်ပေါ်လာသည်။

ဖန်ဟွေးသည် ထိုဦးခေါင်းကို မြင်လိုက်ရသောအခါ မျက်လုံးများ ပြူးကျသွားပြီး ဒေါသနှင့် ကြောက်ရွံ့မှုများ ထပ်တူကျကာ လက်များမှာ အဆက်မပြတ် တုန်ရီလာသည်။ သူမ၏ ဒေါသက လွှမ်းမိုးသွားသောအခါ ဂိုဏ်းချုပ်ကျူးကို စိုက်ကြည့်ရင်း စိတ်လွတ်ကိုယ်လွတ် ဆဲဆိုတော့သည်။

"ကျူးထျန်းချန်း... နင် ကတိမတည်ဘူး ငါ့ယောက်ျားကို သတ်တယ်... နင် တိရစ္ဆာန်ထက် ယုတ်ညံ့တဲ့ကောင်..."

"ဖတ်"

ဖန်ဟွေး စကားမဆုံးမီမှာပင် ကျောက်ခဲတစ်လုံးက သူမ၏ နဖူးကို ဖောက်ထွက်သွားပြီး အပေါက်ကြီးတစ်ခု ဖြစ်သွားသည်။ သူမသည် ဝုန်းခနဲ နောက်သို့ လဲကျသွားကာ အသက်ပျောက်သွားတော့သည်။

ဂိုဏ်းချုပ်ကျူးက သူမ၏ အလောင်းကို ကြည့်ကာ ပြုံးလိုက်သည်။

"ကျင့်ကြံသူဖန်... ငါက အမြဲ ကတိတည်တဲ့သူပါ။ မင်းကို မင်းယောက်ျားနဲ့ ပြန်ဆုံပေးမယ်လို့ ငါ ပြောခဲ့တယ် မဟုတ်လား။"

ထို့နောက် သူသည် မတ်တပ်ပင် မရပ်နိုင်လောက်အောင် အားနည်းနေသော ရှန်းချင်းယီကို ကြည့်ကာ ပြုံးလျက်ပင် ပြောလိုက်ပြန်သည်။

"ချင်းယီ... နင်က မတရားမှုကို နှိမ်နင်းရတာ ဝါသနာပါတာ မဟုတ်လား အခု ငါ နင့်ရှေ့မှာတင် လူသတ်နေတာ... ဘာလို့ ငါ့ကို ဓားနဲ့ မခုတ်တာလဲ ဪ... ငါက နင့်ရဲ့ စေ့စပ်ထားတဲ့သူ ဖြစ်နေလို့ နင် မသတ်ရက်တာလား"

ဂိုဏ်းချုပ်ကျူးက ကြောက်မက်ဖွယ်ကောင်းသော အပြုံးဖြင့် ပြောလိုက်သည်။ ရှန်းချင်းယီသည် ခြေထောက်များ ပျော့ခွေနေသဖြင့် ဘေးရှိ သစ်ပင်ကို လက်တစ်ဖက်ဖြင့် မှီထားရသည်။ သူမသည် ဂိုဏ်းချုပ်ကျူးကို စိုက်ကြည့်ရင်း

"ကျူးထျန်းချန်း... ငါ လမ်းဘေးက ခွေးရူးတစ်ကောင်နဲ့ လက်ထပ်ရရင်တောင် နင့်လို ယုတ်ညံ့တဲ့ကောင်နဲ့တော့ လက်မထပ်နိုင်ဘူး"

ဟု ဆိုလိုက်သည်။

"ကောင်းတယ်... အရမ်းကောင်းတယ်"

ဂိုဏ်းချုပ်ကျူးက လက်ခုပ်တီးကာ ခေါင်းညိတ်လိုက်သည်။ သူ၏ မျက်နှာမှ အပြုံးမှာ လုံးဝ ပျောက်ကွယ်သွားပြီး အေးစက်စက် အမူအရာ ပြောင်းလဲသွားသည်။

"ခွေးမ... နင်ကရွှမ်ဟွမ်ဂိုဏ်းရဲ့ တပည့်ရင်းတစ်ယောက်၊ အရန်အကြီးအကဲ တစ်ယောက် ဖြစ်လာကတည်းက နင့်ရဲ့ ငယ်သူငယ်ချင်းလည်းဖြစ် စေ့စပ်ထားသူလည်းဖြစ်တဲ့ ငါ့ကို အထင်သေးခဲ့တာ။ လူတွေရှေ့မှာလည်း ငါ့မျက်နှာကို ဘယ်တော့မှ မထောက်ထားဘူး။ ငါ့ရဲ့ စေ့စပ်ထားသူ အနေနဲ့ 'သံနက်အိမ်တော်' ကို နှိမ်နင်းပေးဖို့ ငါ တောင်းဆိုတာကိုတောင် နင်က မူဝါဒတွေအကြောင်း လာပြောနေသေးတယ်။ ပြောစမ်း... နင်လို မာနကြီးတဲ့ မိန်းမမျိုးက သေသင့်တယ်လို့ မထင်ဘူးလား"

သူ၏ နောက်ဆုံးစကားတွင် ဂိုဏ်းချုပ်ကျူး၏ မျက်နှာမှာ ဒေါသကြောင့် ပုံပျက်နေသည်။ သူ ဤအရာကို အချိန်အတော်ကြာ အောင့်အည်းထားခဲ့ရကြောင်း ထင်ရှားလှသည်။ ရှန်းချင်းယီ၏ မျက်နှာမှာ ရွံရှာမှုများဖြင့် ပြည့်နှက်နေပြီး

"တကယ် သေသင့်တာက လူ့အသက်ကို တန်ဖိုးမထားတဲ့ နင်လို လူယုတ်မာတွေပဲ"

ဟု ပြန်ပြောလိုက်သည်။

"ငါက လူယုတ်မာ ဟုတ်လား"

ဂိုဏ်းချုပ်ကျူးက ရယ်မောလိုက်သော်လည်း ထိုရယ်သံမှာ ရောဂါသည်တစ်ဦး၏ ရယ်သံကဲ့သို့ပင်။ သူက ရှန်ချင်းယီကို ကြည့်ကာ

"ခွေးမ... နင့်ကို လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်။ နင်က အဖေအရင်းလို သဘောထားတဲ့ နင့်ရဲ့ ဆရာဆိုတဲ့လူက တကယ့် လူယုတ်မာ အစစ်ပဲ။ အရင်တုန်းက နင့်မိဘတွေကို သတ်ခဲ့တာ နင့်ဆရာပဲ။ နင့်မှာ ဝိညာဉ်အမြစ်ကောင်းကောင်းရှိလို့သာ နင့်ဆရာက သဘောကျပြီး ခေါ်ထားတာ။ မဟုတ်ရင် နင်လည်း နင့်မိဘတွေနဲ့အတူ သေနေတာ ကြာလှပြီ"

ဟုဆိုလိုက်သည်။

"လျှောက်မပြောနဲ့"

ရှန်းချင်းယီ၏ စိတ်လှုပ်ရှားမှုမှာ အထွတ်အထိပ်သို့ ရောက်သွားသည်။ သူမသည် ဂိုဏ်းချုပ်ကျူးကို ယခုချက်ချင်း သတ်ပစ်ချင်နေသော်လည်း အားအင်မရှိပေ။

ဂိုဏ်းချုပ်ကျူးက ပြုံးလျက်

"ခွေးမ... နင် ယုံမှာမဟုတ်ဘူးဆိုတာ ငါ သိသားပဲ။ ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ ငါ သက်သေယူလာတယ်။"

ပြောပြောဆိုဆိုနှင့် ဂိုဏ်းချုပ်ကျူးသည် ပုံရိပ်မှတ်တမ်းကျောက်တုံး တစ်တုံးကို ရှန်ချင်းယီ၏ ရှေ့သို့ ပစ်ချလိုက်သည်။

"နင့်ဆရာက နင့်မိဘတွေကို သတ်နေတဲ့ မြင်ကွင်းက ဒီမှာရှိတယ်။ မျက်လုံးကို သေချာဖွင့်ပြီး ကြည့်လိုက်စမ်း"

ရှနချင်းယီသည် ပုံရိပ်မှတ်တမ်းကျောက်တုံးထဲမှ ပုံရိပ်ကို မြင်လိုက်ရသောအခါ ချက်ချင်းပင် စိတ်ဓာတ်ကျကာ ပြိုလဲသွားတော့သည်။

"မဟုတ်ဘူး... ဒါ အတုပဲ ဖြစ်ရမယ်! ငါ့ကို မလိမ်နဲ့! ငါနဲ့ ငါ့ဆရာကြားကို သွေးခွဲဖို့ မကြိုးစားနဲ့!"

"အတု ဟုတ်လား အသိဉာဏ်ရှိရင် သေချာစဉ်းစားကြည့်စမ်း။ နင်လို ထူးချွန်တဲ့သူကို နင့်ဆရာက ဘာလို့ ငါ့လို အဆင့်မမီတဲ့သူနဲ့ စေ့စပ်ပေးခဲ့တာလဲ နင့်ဆရာနဲ့ ငါ့အဖေက တကယ်ပဲ ခင်လို့ ထင်နေတာလား မဟုတ်ဘူး... ငါ့အဖေမှာ နင့်ဆရာက နင့်မိဘတွေကို သတ်ခဲ့တဲ့ သက်သေရှိနေလို့ပဲ။ နားလည်လား"

စကားပြောရင်း ဂိုဏ်းချုပ်ကျူးသည် ရှန်းချင်းယီထံသို့ အေးအေးဆေးဆေး လျှောက်သွားလိုက်သည်။

"နင်လို ခွေးမမျိုး စိတ်ဓာတ်ပြိုလဲသွားတာကို မြင်ရတာ တကယ့်ကို အရသာရှိတာပဲ။ နင့်ကို ဒီလို အခြေအနေမှာ မြင်ရဖို့အတွက် ငါ ဒီလောက် စကားအရှည်ကြီး ပြောခဲ့ရတာ တန်ပါတယ်!"

"ခွေးမ... ဒါ ဘာလဲ သိလား"

ဂိုဏ်းချုပ်ကျူးသည် မြေပြင်ပေါ်တွင် အားအင်ကုန်ခမ်းကာ ထိုင်နေသည့် ရှန်းချင်းယီ၏ ရှေ့သို့ ရောက်လာသည်။ သူ၏ အင်္ကျီလက်ထဲမှ ကြောက်မက်ဖွယ်ကောင်းသော ပိုးကောင်တစ်ကောင်ကို ထုတ်ယူကာ သူမ၏ ရှေ့တွင် ထားလိုက်သည်။

ရှန်းချင်းယီ၏ မျက်နှာမှာ ပြာနှမ်းနေသည်။ သူမ ဘာကိုမျှ ဂရုမစိုက်နိုင်တော့ဘဲ အမြန်သေဆုံးသွားရန်သာ ဆုတောင်းနေမိသည်။ ဂိုဏ်းချုပ်ကျူးက ဆက်ပြောသည်။

- "ဒါက 'အချစ်ဂူပိုး'လို့ ခေါ်တယ်။ ဒီကောင်ကို နင့်ကိုယ်ထဲ ထည့်လိုက်တာနဲ့ နင်က ငါ့ကို တစ်သက်လုံး အစွဲအလမ်းကြီး ချစ်နေတော့မှာ။"

ထိုပိုးကောင်က သူမကို ဂိုဏ်းချုပ်ကျူးအား ချစ်မိသွားအောင် လုပ်နိုင်သည်ဟု ကြားသောအခါ ရှန်းချင်းယီ၏ မျက်နှာတွင် ထိတ်လန့်မှုများ ပြည့်နှက်သွားသည်။

"နင်လို လူယုတ်မာ... ငါ့ကို သတ်လိုက်စမ်း နင့်ကို ချစ်မိမယ့်အစား သေတာကမှ ပိုမြတ်ဦးမယ်"

"သတ်ရမှာလား မဟုတ်ဘူး... ငါ နင့်ကို မသတ်ဘူး။ နင့်ရဲ့ စိတ်ထဲမှာ ငါ့အကြောင်းပဲ ရှိနေအောင် ငါ လုပ်မှာ။ နင့်ကို ခွေးတစ်ကောင်လို ငါ မွေးထားမယ်"

ပြောပြောဆိုဆိုနှင့် ဂိုဏ်းချုပ်ကျူးသည် ရှန်ချင်းယီ၏ နှုတ်ခမ်းကို ဖြဲ၍ ပိုးကောင်ကို ပါးစပ်ထဲ ထည့်ရန် ကြိုးစားလိုက်သည်။

သို့သော် ထိုအချိန်တွင်... နောက်ကွယ်ရှိ ချုံပုတ်များကြားမှ သစ်ရွက်များ ပွတ်တိုက်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ လူတိုင်း လှည့်ကြည့်လိုက်ကြသည်။

ထို့နောက်... ချန်အန်းသည် သူ၏ ဇနီးသည်များ၊ သမီးဖြစ်သူတို့နှင့်အတူ ချုံပုတ်ထဲမှ ထွက်လာသည်ကို တွေ့လိုက်ရသည်။

ဂိုဏ်းချုပ်ကျူးမှာ ချက်ချင်း မှင်တက်သွားသည်။

"ဆေးဆရာချန်က ဘာလို့ မသေသေးတာလဲ အကြီးအကဲကျောက်ကော ဘယ်ရောက်သွားလဲ!"

ချန်အန်းမှာလည်း မှင်တက်သွားမိသည်။ ဝါးရွက်ဂိုဏ်းက ကျင့်ကြံသူတွေ ဒီမှာ ဘာလို့ ဒီလောက်တောင် များနေရတာလဲ သူ၏ အာရုံခံစွမ်းအားသည် မီတာ တစ်ထောင်အတွင်း လွှမ်းခြုံနိုင်သည် မဟုတ်ပါလား သူတို့ရှေ့ရောက်မှ ဘာလို့ လူရှိမှန်း သတိမထားမိရတာလဲ။

All Chapters