အခန်း (၉၅-၉၆)
Vol. 10 Ch. 95-96
အခန်း (၉၅) - သံနက်အိမ်တော်၏ တိုက်ခိုက်မှု
ချန်အန်သည် သူ၏ သိုလှောင်အိတ်ထဲမှ ရရှိထားသော ပစ္စည်းများကို ကြည့်ပြီး အလွန် စိတ်လှုပ်ရှားနေမိသည်။
အလတ်စား ဝိညာဉ်ကျောက်တုံး - ၂၂၁ တုံး
အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး - ၆၇၉ တုံး
လက်နက် - ၁၈ ခု
မှော်ကျင့်စဉ် - ၅ ခု
ဆေးလုံးမျိုးစုံ - အနည်းငယ်နဲ့
အခြား တန်ဖိုးရှိ ပစ္စည်းလေးများ အနည်းငယ် တို့ ဖြစ်သည်။
စိတ်လှုပ်ရှားမှုများ ပြေလျော့သွားပြီးနောက် ချန်အန်သည် ဤပစ္စည်းများကို မည်သို့ ခွဲဝေအသုံးပြုရမည်ကို စဉ်းစားတော့သည်။ ဝိညာဉ်ကျောက်တုံးများမှာ ဘုံသုံးငွေကြေးဖြစ်သဖြင့် ခွဲဝေနေရန် မလိုပေ။ မည်သူမဆို လိုအပ်သလို သုံးစွဲနိုင်သည်။
လက်နက်ကိရိယာ ကိုးခုရှိသော်လည်း အဆင့် (၂) ရှိသော ကျောပိုးအိတ်တစ်ခုသာ အသုံးဝင်သည်။ ကျန်ရှိသောအရာများမှာ အဆင့် (၁) ပစ္စည်းများသာ ဖြစ်ပြီး အခြေခံအုတ်မြစ် တည်ဆောက်သူများ၏ ခန္ဓာကိုယ်ထက်ပင် စွမ်းအားနိမ့်ပါးသဖြင့် 'ချီ' သန့်စင်ခြင်းအဆင့်ရှိသူများအတွက်သာ သင့်တော်သည်။
ထို့ကြောင့် ၎င်းတို့ကို သူ၏ ဇနီးများနှင့် သမီးကို ခွဲပေးလိုက်သည်။
ကျန်ရှိသော လက်နက်များမှာ အများအားဖြင့် ဓားရှည်များနှင့် ဓားမြှောင်အချို့ ဖြစ်ကြပြီး အရည်အသွေးမှာ သာမန်မျှသာ ဖြစ်သည်။ တစ်ခုတည်းသော ကောင်းမွန်သည့်အရာမှာ ဂိုဏ်းချုပ်ကျူး ကိုင်ဆောင်ခဲ့သော ဓားဖြစ်သည်။ ၎င်းမှာ အလွန်ထက်မြက်ပြီး သံကိုပင် ထောပတ်ကဲ့သို့ ပိုင်းဖြတ်နိုင်စွမ်း ရှိပုံရသည်။ သို့သော် သူ၏ 'ရွှေလက်ချောင်း' ကျင့်စဉ်မှ ထွက်ပေါ်လာသော အလင်းဓားနှင့် ယှဉ်လျှင်မူ နိမ့်ပါးနေဆဲ ဖြစ်သည်။ ထို့ကြောင့် ဤလက်နက်များကို သူကိုယ်တိုင် သုံးရန် မလိုအပ်ပေ။
ကျင့်စဉ်စာအုပ်များတွင်မူ ဓားသိုင်း၊ ခြေသိုင်း၊ လက်သိုင်းနှင့် လှုပ်ရှားမှု ကျင့်စဉ်မျိုးစုံ ပါဝင်သည်။ အစုံအလင် ရှိလှသဖြင့် သူ လေ့ကျင့်နိုင်သည်။ မှော်အတတ်များထဲတွင်မူ သူ လေ့ကျင့်နိုင်သည့် 'မီးလုံးအတတ်'တစ်ခုသာ ပါဝင်သည်။ 'မြေလျှိုးအတတ်' နှင့် 'သစ်သားထိန်းချုပ်မှုအတတ်' တို့မှာမူ သူ၏ ထင်ရှားသော မီးဓာတ်ဝိညာဉ်အမြုတေနှင့် မကိုက်ညီသဖြင့် လေ့ကျင့်ရန် မဖြစ်နိုင်ပေ။
ခွဲခြမ်းစိတ်ဖြာပြီးနောက် ချန်အန်၏ စိတ်ထဲတွင် ခွဲဝေမှု အစီအစဉ်တစ်ခု ရှိလာသည်။ သူ အသုံးမလိုသော အဆင့် (၁) လက်နက် ၈ ခုကို သူ၏ ဇနီးများနှင့် သမီးကို တစ်ယောက်လျှင် နှစ်ခုစီ ခွဲပေးလိုက်သည်။ ကျင့်စဉ်စာအုပ်များကိုမူ မိသားစုတစ်ခုလုံး လေ့ကျင့်စေမည်။
'မီးလုံးအတတ်' ကိုမူ မီးဓာတ်ဝိညာဉ်အမြုတေရှိသော ဝမ်ကျိယန်နှင့်အတူ လေ့ကျင့်မည်။ 'မြေလျှိုးအတတ်' ကိုမူ မြေဓာတ်ဝိညာဉ်အမြုတေရှိသော ဂူရှန်းယုကို လေ့ကျင့်စေမည်။ ကျန်ရှိသော မှော်အတတ် ၃ ခုမှာမူ လက်ရှိတွင် လေ့ကျင့်မည့်သူ မရှိသေးသဖြင့် နောင်မှ ရောင်းချရန် သို့မဟုတ် စီစဉ်ရန် သိမ်းထားလိုက်သည်။ နောက်ဆုံးတွင် ကျန်ရှိသော လက်နက်များ၊ ဆေးလုံးများနှင့် အဆောင်များကိုမူ သူ၏ ဇနီးများနှင့် သမီးကို ကိုယ်လုံခြုံရေးအတွက် ပေးအပ်လိုက်သည်။
ဤသို့ ခွဲဝေပြီးနောက် ချန်အန်သည် ဆောင်ဟွာယင်းနှင့် ဂူရှန်းယုတို့ကို သိုလှောင်အိတ် တစ်လုံးစီ ပေးလိုက်သည်။ ထို့နောက် ခွဲဝေထားသော ပစ္စည်းများကို သူ၏ ဇနီးများနှင့် သမီးထံသို့ အညီအမျှ ပေးအပ်လိုက်သည်။ သမီးဖြစ်သူ ချန်ယုကျန်းမှာ ငယ်သေးသဖြင့် သူမရရှိသော ပစ္စည်းများကို မိခင်ဖြစ်သူ ဆောင်ဟွာယင်းကပင် ထိန်းသိမ်းပေးထားသည်။
သူတို့၏ ခင်ပွန်းက အဖိုးတန်ပစ္စည်းများစွာ ပေးအပ်သည်ကို မြင်သောအခါ ဇနီးသုံးဦးလုံးမှာ အလွန်ပင် စိတ်လှုပ်ရှား ဝမ်းသာသွားကြသည်။ အထူးသဖြင့် သာမန်လူဖြစ်သော ဆောင်ဟွာယင်းနှင့် 'ချီ' သန့်စင်ခြင်းအဆင့်တွင်သာ ရှိသေးသည့် ဂူရှန်းယုတို့အတွက် ယခင်က ဤမျှ ကောင်းမွန်သော ပစ္စည်းများကို တစ်ခါမှ မမြင်ဖူးခဲ့ကြပေ။ ယခုမူ အခြေခံအုတ်မြစ် တည်ဆောက်သူများသာ ကိုင်ဆောင်နိုင်သည့် သိုလှောင်အိတ်ကိုပင် ပိုင်ဆိုင်ခဲ့ကြပြီ ဖြစ်သည်။ သူတို့၏ ဘဝမှာ တစ်ဆစ်ချိုး ပြောင်းလဲသွားခဲ့ပြီ ဖြစ်ပြီး ဤအရာအားလုံးမှာ ချန်အန်ကြောင့်ပင် ဖြစ်သည်။
"ယောက်ျား...ကျမနောက်ကို ခဏလိုက်ခဲ့ပါဦး။ ပြောစရာ ရှိလို့"
ဂူရှန်းယုသည် ချန်အန်၏ အရှေ့သို့ လျှောက်လာပြီး သူ၏ အင်္ကျီကို ဆွဲကာ ပြောလိုက်သည်။ သူမ၏ အေးစက်သော မျက်နှာတွင် ရှက်သွေးဖြာကာ နီမြန်းနေသည်။ ချန်အန်က သူမကို အဖိုးတန်ပစ္စည်းများ ပေးခဲ့သဖြင့် သူမက ကျေးဇူးပြန်ဆပ်လိုခြင်း ဖြစ်သည်။ ချန်အန်သည် သူမ ညွှန်ပြသော သစ်ပင်ထူထပ်သည့် တောအုပ်ငယ်လေးကို ကြည့်လိုက်သည်နှင့် ချက်ချင်းပင် နားလည်သွားပြီး သူ၏ အေးစက်စက် အလှဘုရင်မလေးနောက်သို့ လိုက်ပါသွားတော့သည်။
အမွှေးတိုင် တစ်ဝက်ခန့် ကုန်ဆုံးသွားသောအခါ ချန်အန်သည် ဂူရှန်းယုကို ပွေ့ချီလျက် တောအုပ်ထဲမှ ထွက်လာသည်။ သူ ထွက်လာသည်နှင့် ဝမ်ကျိယန်က မျက်နှာလေး နီမြန်းလျက် ရှေ့သို့ တက်လာပြီး ရှက်ကိုးရှက်ကန်းဖြင့် ပြောပြန်သည်။
- "ယောက်ျား... ငါလည်း ပြောစရာ ရှိတယ်။ ဟိုဘက်မှာ စကားပြောရအောင်"
ချန်အန်မှာ အကုန်နားလည်သည်။ သူသည် သူ၏ မာနခဲလေးနဲ့အတူ သစ်ပင်ကြီးတစ်ပင်၏ အနောက်သို့ လိုက်သွားပြန်သည်။ အမွှေးတိုင် တစ်တိုင်ခန့် ကုန်ဆုံးပြီးနောက် ချန်အန်နှင့် ဝမ်ကျိယန်တို့ ပြန်ထွက်လာကြသည်။
ထိုသည်ကို မြင်သောအခါ ဆောင်ဟွာယင်းက ချက်ချင်းပင် ရှေ့သို့ တက်လာပြီး ချစ်မြတ်နိုးသော မျက်လုံးများဖြင့် ကြည့်ကာ ခေါ်လိုက်သည်။
(လွန်တာပေါ့လို့ 🤭)
- "ယောက်ျား—"
ချန်အန်သည် ဘာမှမစဉ်းစားတော့ဘဲ သူ၏ ဇနီးသည်ကို သစ်ပင်နောက်သို့ ဆွဲခေါ်သွားကာ တိုက်စစ်စတင်လိုက်တော့သည်။ အမွှေးတိုင် တစ်တိုင်ခန့် အကြာတွင် သူ၏ ဇနီးကို ပွေ့ချီကာ ပြန်ထွက်လာခဲ့သည်။
ဤအချိန်တွင် မိုးမှာ မှောင်စပြုနေပြီ ဖြစ်သည်။ ၎င်းတို့မှာ ဆက်လက် မသွားတော့ဘဲ သင့်တော်သော နေရာတစ်ခုတွင် တစ်ညတာ အနားယူရန် ပြင်ဆင်လိုက်ကြသည်။
ချန်အန်သည် စောစော အိပ်ရာဝင်ခဲ့သော်လည်း နှစ်နာရီပင် မပြည့်မီ ပြန်နိုးလာသည်။ အခြေခံအုတ်မြစ် တည်ဆောက်သူ ဖြစ်သွားပြီ ဖြစ်ရာ ယခင်ကကဲ့သို့ အိပ်စက်ရန် မလိုအပ်တော့ပေ။ နှစ်နာရီခန့် အိပ်လိုက်ရရုံဖြင့် သူ၏ ခန္ဓာကိုယ်မှာ လန်းဆန်းသွားပြီ ဖြစ်သည်။
ညမှာ ရှည်လျားလှသည်။ ချန်အန်သည် လုပ်စရာမရှိသဖြင့် တရားထိုင် ကျင့်ကြံရင်း နှစ်ခြိုက်စွာ အိပ်ပျော်နေသော သူ၏ ဇနီးများနှင့် သမီးကို စောင့်ရှောက်ပေးနေလိုက်သည်။ အချိန်များ ကုန်ဆုံးသွားပြီး မကြာမီမှာပင် မိုးလင်းခဲ့သည်။
မိသားစု ငါးဦးလုံး ကိုယ်လက်သန့်စင်ပြီး နံနက်စာ စားသောက်ကာ ခရီးဆက်ခဲ့ကြသည်။ သူတို့၏ လက်ရှိ အရှိန်ဖြင့်ဆိုလျှင် တောင်ပင်လယ်နယ်မြေရှိ ကောင်းကင်မြေကမ္ဘာဂိုဏ်းသို့ ရောက်ရန် အနည်းဆုံး တစ်လခန့် ကြာလိမ့်မည်။ ထို့ကြောင့် အချိန်ကို အတတ်နိုင်ဆုံး လျှော့ချရန် လိုအပ်သည်။ မဟုတ်ပါက ခရီးလမ်း ကြာလေလေ မတော်တဆမှုများ ဖြစ်နိုင်ခြေ ပိုများလေလေ ဖြစ်သည်။
ရှူး!
သစ်ရွက်များ တရှဲရှဲ အသံထွက်လာပြီးနောက် မြက်တောထဲမှ အမွှေးပွ ယုန်ကလေးတစ်ကောင် ခုန်ထွက်လာသည်။
"ယုန်ကလေး"
ချန်ယုကျန်းသည် ရှေ့ရှိ ယုန်ကလေးကို မြင်သောအခါ အလွန် စိတ်လှုပ်ရှားသွားသည်။ သူမကို ပွေ့ချီထားသော ဆောင်ဟွာယင်းကို ကြည့်ကာ
"မေမေ... သမီး ယုန်ကလေးကို ကိုင်ချင်တယ်"
ဟု အပူကပ်တော့သည်။
"ယောက်ျား... အဲဒီယုန်ကလေးက အရမ်းချစ်ဖို့ကောင်းတာပဲ သမီးလေးကလည်း ကြိုက်နေတယ်ဆိုတော့ သူ့ကို မွေးဖို့အတွက် ဖမ်းပေးပါလား"
ဆောင်ဟွာယင်းက ချန်အန်ကို လှမ်းပြောသည်။
မထင်မှတ်ထားဘဲ ချန်အန်က စကားတစ်ခွန်းမှ မဆိုဘဲ လက်ချောင်းကို မြှောက်ကာ ယုန်ကလေးထံသို့ ရွှေရောင်အလင်းတန်းတစ်ခု ပစ်လွှတ်လိုက်သည်။
ဖျတ်!
ထိုအသံနှင့်အတူ ယုန်ကလေး၏ ဦးခေါင်းမှာ ရွှေရောင်အလင်းတန်းကြောင့် ပွင့်ထွက်သွားပြီး နေရာမှာတင် သေဆုံးသွားတော့သည်။ ဆောင်ဟွာယင်းနှင့် ချန်ယုကျန်းတို့မှာ မှင်တက်သွားကြသည်။
ချန်အန် စကားမပြောမီ ဝမ်ကျိယန်က ရှေ့သို့ တက်လာပြီး ရှင်းပြလိုက်သည်။
- "ဟွာယင်း... ဒါက သာမန်ယုန် မဟုတ်ဘူး။ ဒါက ယုန်မိစ္ဆာပဲ။ သူ့ကို သွားကိုင်လို့ မရဘူး"
"ယုန်မိစ္ဆာ"
ဆောင်ဟွာယင်းသည် မြေပြင်ပေါ်မှ ယုန်အလောင်းကို မယုံနိုင်စရာ ကြည့်နေမိသည်။
ထိုစဉ် သစ်ရွက်များ လှုပ်ရှားသံ ထပ်မံ ထွက်ပေါ်လာသည်။
ရှူး... ရှူး... ရှူး...
မြက်တောထဲမှ ယုန်များစွာ ထပ်မံ ခုန်ထွက်လာကြသည်။ ထိုယုန်များအားလုံးသည် ချန်အန်တို့ မိသားစုကို နီရဲသည့် မျက်လုံးများဖြင့် စိုက်ကြည့်နေကြပြီး စားချင်စိတ်များ ပြည့်နှက်နေကြသည်။ ရုတ်တရက် ထိုယုန်များ၏ ပါးစပ်များမှာ နားရွက်အထိ ပြဲထွက်သွားပြီး ချွန်ထက်သော သွားများနှင့်အတူ သွေးဆာနေသော ဝံပုလွေများကဲ့သို့ သူတို့ထံသို့ ခုန်အုပ်လာကြတော့သည်။
ဆောင်ဟွာယင်းမှာ ထိတ်လန့်သွားပြီး ချန်ယုကျန်းကို ပွေ့ကာ ချန်အန်၏ နောက်ကွယ်သို့ အမြန် ပုန်းလိုက်သည်။ ချန်ယုကျန်းမှာလည်း ကြောက်လန့်ပြီး ငိုရန် ပြင်လိုက်သည်။
သို့သော် သူမ အသံမထွက်မီမှာပင် ရှေ့မှ ပေါက်ကွဲသံအချို့ ထွက်ပေါ်လာသည်။
ဖျတ်... ဖျတ်... ဖျတ်
လေထဲတွင် လက်သည်းများ ထုတ်ကာ ခုန်အုပ်လာသော ယုန်မိစ္ဆာများမှာ နောက်တစ်စက္ကန့်၌ ရွှေရောင်အလင်းတန်းများ၏ လက်ချက်ဖြင့် ဦးခေါင်းများ ပွင့်ထွက်ကာ မြေပေါ်သို့ ဘုတ်ခနဲ ကျသွားကုန်တော့သည်။
ဤယုန်မိစ္ဆာများကို အလွယ်တကူ ရှင်းလင်းပြီးနောက် ချန်အန်က ဂူရှန်းယုကို ပြောလိုက်သည်။
- "ရှန်းယု... အဲဒီယုန်မိစ္ဆာတွေကို သွားကောက်လိုက် ဒီနေ့ နေ့လယ်စာနဲ့ ညစာအတွက် ဒါတွေကို စားကြမယ်"
"ဟုတ်ကဲ့ပါ ယောက်ျား.. ကျမ သိပါပြီ"
ဂူရှန်းယုသည် အလွန် နားထောင်တတ်သူ ဖြစ်သည်။ သူမသည် ရှေ့သို့ တက်ကာ မြေပေါ်မှ ယုန်များကို ကောက်ယူပြီး သူမ၏ သိုလှောင်အိတ်ထဲသို့ ထည့်လိုက်သည်။
ဆောင်ဟွာယင်းမှာမူ ယခုလေးတင် ပါးစပ်ပြဲကြီးဖြင့် ခုန်အုပ်လာသော ယုန်မိစ္ဆာများကို မြင်ယောင်ရင်း စိတ်မအေးနိုင်သေးပေ။ ငယ်စဉ်ကတည်းက ကောင်းမွန်စွာ စောင့်ရှောက်ခံခဲ့ရသော သူမအတွက် ဤမြင်ကွင်းမှာ အလွန် ထိတ်လန့်စရာ ကောင်းလှသည်။
ဒါက မိစ္ဆာလား တကယ် ကြောက်စရာကောင်းလိုက်တာ...
ဆောင်ဟွာယင်းသည် စိတ်ပိုင်းဖြတ်လိုက်သည်။ နောင်တွင် အပြင်က သတ္တဝါမှန်သမျှ မည်မျှပင် ချစ်ဖို့ကောင်းနေပါစေ၊ သူမ၏ ခင်ပွန်း အနားမှာ မရှိလျှင် လုံးဝ အနားမကပ်ရန် ဆုံးဖြတ်လိုက်တော့သည်။
ထို့နောက် မိသားစု ငါးဦးသည် ခရီးဆက်ခဲ့ကြသည်။ လေးနာရီခန့်အတွင်းမှာပင် သူတို့သည် လမ်းတစ်လျှောက်၌ မိစ္ဆာများစွာနှင့် ထပ်မံ တွေ့ဆုံခဲ့ကြရသည်။ လူစားမည့် ပန်းမိစ္ဆာများ၊ ငါးအယောင်ဆောင်ထားသော ရေမိစ္ဆာများနှင့် သွေးမိစ္ဆာ အုပ်စုများကို တွေ့ခဲ့ရသည်။ လမ်းတစ်လျှောက် မြင်တွေ့ရသမျှမှာ ဤကမ္ဘာသည် အလွန် အန္တရာယ်များလှပြီး အောက်ခြေကျင့်ကြံသူများမှာ တစ်ယောက်တည်းဆိုလျှင် လုံးဝ အသက်မရှင်နိုင်ကြောင်း သက်သေပြနေသည်။
မကြာမီ ညနေစောင်းသို့ ရောက်လာသည်။ မိုးမမှောင်မီမှာပင် ချန်အန်သည် သူ၏ မိသားစုကို ခရီးတစ်ထောက် နားစေပြီး ညစာ ပြင်ဆင်စေသည်။
"ယောက်ျား... မနက်က ဖမ်းလာတဲ့ ယုန်ခေါင်းချက်၊ ယုန်သားဆီပြန်နဲ့ ယုန်စွပ်ပြုတ် လုပ်ထားတယ်။ ညနေအတွက် ဘာစားချင်လဲ"
ဂူရှန်းယုက ယုန်သားကို ဆေးကြောရင်း အေးဆေးစွာ မေးသည်။
ချန်အန်သည် မျက်လုံးမှိတ်ကာ တရားထိုင်နေရာမှ အေးစက်စွာပြန်ဖြေသည်။
"ဟွာယင်းနဲ့ သမီးလေးကိုပဲ မေးလိုက်ပါ။ ကိုယ်က အခု အခြေခံအုတ်မြစ် တည်ဆောက်သူ ဖြစ်နေပြီဆိုတော့ အစားအသောက် သိပ်မလိုတော့ဘူး။ ညစာ မစားတော့ဘူး"
"ဟုတ်ကဲ့... ကျမ သိပါပြီ"
ဂူရှန်းယု၏ အသံမှာ အေးဆေးနေဆဲ ဖြစ်သော်လည်း သေချာနားထောင်လျှင် စိတ်မကောင်းဖြစ်နေသည့် အရိပ်အယောင်ကို တွေ့နိုင်သည်။ အကြောင်းမှာ သူမအတွက် မိသားစုတွင် အဓိက တာဝန်ယူနိုင်သည့်အရာမှာ ထမင်းချက်ကျွေးခြင်း ဖြစ်ရာ၊ ယခုအခါ ချန်အန်က ထမင်းမစားတော့ဟု ဆိုသောကြောင့် သူမကို မလိုအပ်တော့ဟု ခံစားလိုက်ရခြင်း ဖြစ်သည်။
ချန်အန်သည် ဤသည်ကို ချက်ချင်း သတိပြုမိလိုက်ပြီး
"ရှန်းယု... ကြက်သွန်မြိတ်နဲ့ ယုန်သားကြော်လေး တစ်ပွဲလောက် လုပ်ပေးပါဦး။ ကိုယ် ရုတ်တရက် စားချင်လာလို့"
ဟု ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ"
ဂူရှန်းယု၏ မျက်နှာတွင် အပြုံးလေးတစ်ခု ပေါ်လာတော့သည်။
[သင်သည် သင်၏ဇနီး ဂူရှန်းယုကို အချိန်မီ ဂရုစိုက်ပေးခဲ့ပြီး သူမအား သင်လိုအပ်နေကြောင်း ခံစားရစေခဲ့သည်။ သံယောဇဉ် +၃]
အတိအကျ ထိုအချိန်မှာပင်
ရုတ်တရက် ရှေ့မလှမ်းမကမ်းမှ ရှုပ်ထွေးသော ခြေသံများ ထွက်ပေါ်လာသည်။
"စိတ်မပူနဲ့ မိုးမှောင်တာနဲ့ ရွာထဲက အကြီးအကဲတွေက ဝါးရွက်ဂိုဏ်းကို စစ်မြေပြင်မှာ သွားတိုက်လိမ့်မယ် အဲဒီအချိန်မှာ ဝါးရွက်ဂိုဏ်းက လူတွေက စစ်မြေပြင်ဘက်ကိုပဲ အာရုံရောက်နေကြမှာ"
"အဲဒီအချိန်ကျရင် ငါတို့က သူတို့ရဲ့ ထောက်ပံ့ရေးရုံးကို ဝင်စီးပြီး သူတို့ရဲ့ အခြေစိုက်စခန်းကို တစ်ခါတည်း အမြစ်ပြတ်အောင် လုပ်ကြမယ်"
"ဝါးရွက်ဂိုဏ်းချုပ်ရဲ့ မိန်းမတွေကလည်း မဆိုးဘူးပဲ။ အချိန်ကျရင် အဖေနဲ့သား အကုန်လုံးကို ဖမ်းခေါ်သွားကြတာပေါ့"
"အဖေ... ကျွန်တော်တို့ အခု သွားနေတာ အရမ်းနှေးနေသလိုပဲ။ မြန်မြန် သွားရအောင်"
ဤစကားဝိုင်းကို ကြားလိုက်ရသည့်အခါမှာတေယ့ ချန်အန်၏ စိတ်ထဲအကြောင်းအရာတစ်ခုလက်ခနဲ ပေါ်လာသည်။
- သံနက်အိမ်တော်က တိုက်ခိုက်နေပြီ
..................................................
အခန်း (၉၆) - မီတာရာကျော်မှ တိုက်ခိုက်ခြင်း
ခြေသံများမှာ တဖြည်းဖြည်း နီးကပ်လာသည်။
ချန်အန်သည် ရှေ့ရှိ သစ်ရွက်များကြားမှ တစ်ဆင့် ဟိုဘက်မှ ကျင့်ကြံသူတစ်အုပ်ကို လျင်မြန်စွာ မြင်လိုက်ရသည်။ ၎င်းတို့မှာ ဓားမကြီးများကိုယ်စီ ကိုင်ဆောင်ထားသော သံနက်ဂေဟာမှ ကျင့်ကြံသူများ ဖြစ်ကြသည်။
တစ်ချက်ကြည့်ရုံဖြင့် လူအယောက် ၈၀ ခန့် ရှိသည်ကို တွေ့ရသည်။
ချန်အန် မျက်မှောင်ကြုတ်လိုက်သည်။ ထိုလူအုပ်ထဲတွင် ရင်းနှီးနေသော မျက်နှာတစ်ခုကို တွေ့လိုက်ရသဖြင့် သူ အံ့အားသင့်သွားမိသည်။
၎င်းမှာ ယခင်က ဆင်းရဲသားရပ်ကွက် ဈေးထဲတွင် သူနှင့် ပြဿနာတက်ခဲ့ဖူးသော လူယုတ်မာ ကျင့်ကြံသူ ရှုပင် ဖြစ်သည်။ ယခုအခါ ထိုလူမှာ သံနက်ဂေဟာမှ ကျင့်ကြံသူများကြားတွင် ရောက်ရှိနေသည်။
ရန်သူနဲ့ကတော့ ကမ္ဘာကြီးက ကျဉ်းလိုက်တာ..
ချန်အန်သည် စိတ်ထဲမှ ပြုံးလိုက်ရင်း သံနက်ဂေဟာ အဖွဲ့၏ အခြေအနေကို ဆက်လက် အကဲခတ်နေသည်။ အဖွဲ့ကို ဦးဆောင်လာသူမှာ သူ၏ အရှိန်အဝါကို ထိန်းချုပ်ထားသော လူလတ်ပိုင်း အမျိုးသားတစ်ဦး ဖြစ်ပြီး သူ၏ ကျင့်စဉ်အဆင့်ကို ခန့်မှန်း၍ မရပေ။ သို့သော် သူသည် အနည်းဆုံး အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်ရှိသည့် ကျွမ်းကျင်သူဖြစ်ကြောင်း သေချာသည်။ အကြောင်းမှာ ခုနက စကားဝိုင်းအရ သူသည် သံနက်ဂေဟာ၏ အကြီးအကဲတစ်ဦး ဖြစ်သောကြောင့်ပင်။ ဝါးရွက်ဂိုဏ်း၏ အကြီးအကဲများပင်လျှင် ထိုအဆင့်ရှိပါက၊ ပိုမိုအစွမ်းထက်သော သံနက်ဂေဟာ၏ အကြီးအကဲမှာ ပြောနေရန်ပင် မလိုတော့ပေ။
ထူးဆန်းတယ်... ဒီလူတွေက ငါ့ရဲ့စိတ်အာရုံ စစ်ဆေးနိုင်တဲ့ အကွာအဝေးထဲကို ရောက်နေပြီပဲ။ ဘာလို့ ငါ့အာရုံက သူတို့ကို မသိတာလဲ.. နားနဲ့ပဲ ကြားနေရတာလား..။
ချန်အန် ဇဝေဇဝါ ဖြစ်သွားသည်။ သို့သော် သူ ချက်ချင်းပင် အဖြေရှာတွေ့သွားသည်။ တစ်ဖက်လူတွင် စိတ်အာရုံဖြင့် စမ်းသပ်ခြင်းကို ပိတ်ဆို့နိုင်သော မှော်လက်နက်တစ်ခုခု ပါလာနိုင်ကြောင်း သူ ခန့်မှန်းလိုက်သည်။ သူတို့မှာ ညဘက်တွင် တိတ်တဆိတ် လာရောက် တိုက်ခိုက်ခြင်း ဖြစ်သဖြင့် သာမန် အာရုံခံနည်းလမ်းများကို ရှောင်လွှဲနိုင်ရန် ကြိုတင် ပြင်ဆင်ထားကြခြင်း ဖြစ်ပေမည်။
စိတ်ဝိဉာဥ်အာရုံက ငါထင်သလောက် မစွမ်းဘူးပဲ။ မြေမျက်နှာသွင်ပြင်ကို ကြည့်ဖို့တော့ ကောင်းပေမယ့် ကျင့်ကြံသူတွေကို အာရုံခံဖို့ကျတော့ နည်းနည်း အားနည်းနေသေးတယ်...
ချန်အန် စိတ်ထဲမှ တွေးလိုက်သည်။ ထို့နောက် သူ၏ ဇနီးများကို ကြည့်ကာ ပြောလိုက်သည်။
"မီတာ ရာဂဏန်းလောက် ဝေးတဲ့ တောအုပ်ထဲမှာ သံနက်ဂေဟာက ကျင့်ကြံသူ အုပ်စုကြီးတစ်ခု ငါတို့ဆီကို အမြန် ချဉ်းကပ်လာနေတာကို ကိုယ် အာရုံခံမိတယ်။ ငါတို့ ဒီနေရာကနေ အခုချက်ချင်း ထွက်သွားရမယ်"
ဇနီးသုံးဦးလုံးမှာ ထိုစကားကို ကြားသည်နှင့် မျက်နှာများ ချက်ချင်း ပျက်သွားကြသည်။ သူတို့အားလုံး လျင်မြန်စွာပင် ပြင်ဆင်ကြတော့သည်။
ဂူရှန်းယုသည် စိတ်ကူးလိုက်ရုံဖြင့် မီးဖိုချောင်သုံး ပစ္စည်းများနှင့် အစားအစာများကို သူမ၏ သိုလှောင်အိတ်ထဲသို့ ထည့်လိုက်သည်။ ဆောင်ဟွာယင်းက သမီးဖြစ်သူကို အမြန် ပွေ့ချီလိုက်သည်။ ဝမ်ကျိယန်ကမူ စိုးရိမ်တကြီးဖြင့် မေးသည်။
- "ယောက်ျား... သံနက်ဂေဟာက လူတွေက ဘယ်မှာလဲ"
သူမ၏ အာရုံခံနိုင်စွမ်းမှာ ချန်အန်ကိုမမီသေးသဖြင့် ယခုအထိ ရန်သူများ ချဉ်းကပ်လာနေသည်ကို သတိမထားမိသေးပေ။
"ဒါနဲ့ ကြည့်ကြည့်လိုက်၊ သူတို့ ဟိုမှာ ရှိတယ်"
ချန်အန်သည် သူ၏ သိုလှောင်အိတ်ထဲမှ 'မိုင်တစ်ထောင် မှန်ပြောင်း'ကို ထုတ်ယူကာ ဝမ်ကျိယန်ကို ကမ်းပေးလိုက်ပြီး သစ်ရွက်များကြားမှ လမ်းကြောင်းတစ်ခုကို ညွှန်ပြပေးလိုက်သည်။
ဝမ်ကျိယန်သည် မှန်ပြောင်းဖြင့် ကြည့်လိုက်သောအခါ မီတာ ၅၀၀၊ ၆၀၀ ခန့် အကွာအဝေးတွင် ရှိနေသော သံမဏိနက်ဂေဟာ အဖွဲ့ကို တွေ့လိုက်ရသည်။
ဦးဆောင်လာသော အကြီးအကဲကို မြင်လိုက်ရသောအခါ ဝမ်ကျိယန်၏ မျက်မှောင်များ ချက်ချင်း ကျုံ့သွားပြီး ထူးဆန်းသော လေသံဖြင့် ပြောလိုက်သည်။
"ယောက်ျား... အဖွဲ့ကို ဦးဆောင်လာတဲ့ သံနက်ဂေဟာ ကျင့်ကြံသူကို ကျမသိတယ်"
"မင်း သိတယ် ဟုတ်လား"
ချန်အန် အံ့ဩသွားသည်။
ဝမ်ကျိယန်က
"မှတ်မိလား ကျမ အရင်က စစ်မြေပြင်မှာ အခွန်လက်မှတ်အတွက် သွားတိုက်တုန်းက သံနက်ဂေဟာက အခြေခံအုတ်မြစ် တည်ဆောက်သူတစ်ယောက်ရဲ့ လက်ချက်နဲ့ ဒဏ်ရာအပြင်းအထန် ရခဲ့တာလေ။ အခု အဖွဲ့ကို ဦးဆောင်လာတဲ့သူက ညီမကို ဒဏ်ရာရအောင် လုပ်ခဲ့တဲ့သူပဲ"
သူမကရှင်းပြလိုက်သည်။
ချန်အန် မျက်ခုံးပင့်လိုက်မိသည်။ ယနေ့သည် ကမ္ဘာကြီး တကယ်ကို ကျဉ်းနေသည့်နေ့ပင်။
သူ၏ ရန်သူနှင့်သာမက သူ၏ ဇနီး၏ ရန်သူနှင့်ပါ လာတိုးနေသည်။ သို့သော်လည်း ချန်အန်တွင် ဝမ်ကျိယန်အတွက် လက်စားချေပေးရန် ဆန္ဒမရှိသေးပေ။ ၎င်းမှာ စစ်မြေပြင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ရာ သာမန်ကိစ္စသာ ဖြစ်သည်။ ဝမ်ကျိယန်အတွက်နှင့် စွန့်စားပြီး လက်စားချေရန် မလိုအပ်ဟု သူ ယူဆသည်။
အကယ်၍ တစ်ခုခု မှားယွင်းသွားပါက သူတို့ မိသားစုလုံး အန္တရာယ်ရှိနိုင်သည်။
အသက်ရှိမှ အရာရာ ဖြစ်နိုင်မှာ။ နောင်တစ်ချိန် ငါ ပိုသန်မာလာမှပဲ ဝမ်ကျိယန်အတွက် လက်စားချေပေးတော့မယ် ..
ချန်အန်က သူ၏ ဇနီးများကို တိုက်တွန်းလိုက်သည်။
- "ကဲ... မလိုအပ်တဲ့ ပြဿနာတွေ မဖြစ်အောင် ငါတို့ အမြန် ထွက်သွားကြစို့"
"ဟုတ်ကဲ့ပါ"
ဝမ်ကျိယန်က ပြောရင်း မှန်ပြောင်းကို ချလိုက်သည်။ သူမ လက်စားချေချင်သော်လည်း၊ လက်တွေ့တွင်မူ မဖြစ်နိုင်ကြောင်း သူမ နားလည်ထားသည်။
"အစ်မဝမ်... ညီမကို မှန်ပြောင်းလေး ခဏလောက် ပေးပါလား သံနက်ဂေဟာက လူတွေကို ညီမလည်း ကြည့်ချင်လို့"
ဆောင်ဟွာယင်းက စပ်စုလိုစိတ်ဖြင့် တိုးတိုးလေး တောင်းဆိုလိုက်သည်။
ဝမ်ကျိယန်က ဘာမှမဖြစ်သဖြင့် ဆောင်ဟွာယင်းကို မှန်ပြောင်း ကမ်းပေးလိုက်သည်။ ဆောင်ဟွာယင်းသည် မှန်ပြောင်းဖြင့် ရန်သူများကို ကြည့်လိုက်သောအခါ ချက်ချင်းပင် မှင်တက်သွားတော့သည်။ နောက်တစ်စက္ကန့်၌ သူမ၏ စိတ်ခံစားချက်များကို မထိန်းချုပ်နိုင်တော့ဘဲ တုန်ရီနေသော အသံဖြင့် ပြောလိုက်သည်။
"ယောက်ျား.. ဟိုမှာ... ဟိုကျင့်ကြံသူက... သူက... ကျမတို့ မိသားစုကို..."
ဆောင်ဟွာယင်း၏ ခန္ဓာကိုယ်မှာ တုန်ယင်လာပြီး လက်ထဲမှ မှန်ပြောင်းမှာ မြေပေါ်သို့ ပြုတ်ကျသွားတော့သည်။ သူမ စကားဆက်ရန် ကြိုးစားသော်လည်း ရင်ထဲတွင် အလွန် ခံစားနေရသဖြင့် အသံပင် ထွက်မလာတော့ပေ။
ချန်အန်က စိုးရိမ်တကြီးဖြင့် "ဟွာယင်း... ဘာဖြစ်လို့လဲ"
ဟု မေးလိုက်သည်။
ဆောင်ဟွာယင်း၏ မျက်လုံးများတွင် မျက်ရည်များ ဝဲလာပြီး
"ယောက်ျား... ကျမရဲ့ မိသားစုကို ဖျက်ဆီးခဲ့တဲ့ အဲဒီကျင့်ကြံသူက... သူက ဟိုထဲမှာ ပါနေတယ်..."
ဆောင်ဟွာယင်းက ငိုသံဖြင့် ပြောလိုက်သည်။
ချန်အန် မျက်မှောင်ကြုတ်လိုက်ပြီး သူမ၏ မျက်ရည်များကို အသာအယာ သုတ်ပေးရင်း မေးသည်။
- "ဘယ်သူလဲ ကိုယ့်ကို ပြောပါ"
"ဟို... လူအုပ်အလယ်မှာ ပါတဲ့သူ... မုတ်ဆိတ်မွေးတွေနဲ့ တစ်ယောက်လေ..."
ပြောပြီးနောက် ချန်အန်က လက်စားချေပေးမည့် အရိပ်အယောင် ပြနေသည်ကို တွေ့သောအခါ ဆောင်ဟွာယင်းက ချက်ချင်းပင်.
"ယောက်ျား.. ကျမတို့ အမြန် ထွက်သွားရအောင်"
သူမကတားဆီးလာသည်။ သူမ လက်စားချေချင်သည်မှာ မှန်သော်လည်း သူမ၏ တစ်ကိုယ်ကောင်းဆန္ဒကြောင့် ခင်ပွန်းကို အန္တရာယ် မပြုလိုပေ။
ချန်အန်က ဆောင်ဟွာယင်း၏ မျက်ရည်များကို ထပ်မံ သုတ်ပေးလိုက်ပြီး အေးဆေးစွာ ပြောလိုက်သည်။
"မင်းရဲ့ ရန်သူကို သတ်ပြီးမှ ငါတို့ ထွက်သွားကြတာပေါ့"
ဝမ်ကျိယန်သည် ချန်အန်ကို မဆင်မခြင် မလုပ်ရန် တားဆီးချင်သော်လည်း ဆောင်ဟွာယင်း၏ ကြေကွဲနေသော မျက်နှာကို မြင်လိုက်ရသောအခါ စကားလုံးများကို ပြန်မျိုချလိုက်ရသည်။
ချန်အန်သည် မြေပေါ်မှ မှန်ပြောင်းကို ကောက်ယူကာ ဆောင်ဟွာယင်း၏ လက်ထဲသို့ ထည့်ပေးလိုက်ပြီး အေးဆေးစွာ ပြောလိုက်သည်။
"ဟွာယင်း... ဒီမှန်ပြောင်းနဲ့ သေချာကြည့်ထားပါ။ မင်းရဲ့ ခင်ပွန်းက မင်းအတွက် ဘယ်လို လက်စားချေပေးမလဲဆိုတာကို"
"ယောက်ျား.."
"ကိုယ့်ကို မကြည့်နဲ့။ မှန်ပြောင်းနဲ့ ရန်သူကိုပဲ ကြည့်ထား"
ချန်အန်သည် ဆောင်ဟွာယင်း၏ လက်မောင်းကို မတင်ပေးကာ မှန်ပြောင်းကို သံမဏိနက်ဂေဟာ အဖွဲ့ဘက်သို့ ချိန်ပေးလိုက်သည်။ အရာအားလုံး အဆင်သင့် ဖြစ်သွားသောအခါ ချန်အန်သည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအား အားလုံးကို လက်ချောင်းထိပ်သို့ စုစည်းလိုက်သည်။ သူသည် ထိုနေရာမှာတင် ရပ်လျက် မီတာ ရာဂဏန်း အကွာအဝေးမှ ထိုလူယုတ်မာရှု့ကို ရွှေရောင်အလင်းတန်းဖြင့် သတ်ပစ်ရန် ပြင်လိုက်သည်။
သို့သော် ရွှေရောင်အလင်းတန်း ထွက်ပေါ်ခါနီးမှာပင် သူက ဝိညာဉ်စွမ်းအားကို ရုတ်တရက် ပြန်ရုပ်သိမ်းလိုက်သည်။ သူသည် ဆောင်ဟွာယင်း၏ လက်ထဲမှ မှန်ပြောင်းကို ယူကာ ဝမ်ကျိယန်ကို ကမ်းပေးလိုက်ပြန်သည်။
"ဝမ်လေး... မှန်ပြောင်းကို သုံးလိုက်။ ကိုယ် မင်းအတွက် အရင်ဆုံး သံနက်ဂေဟာ အကြီးအကဲကို သတ်ပြီး လက်စားချေပေးမယ်။ ပြီးမှ ဟွာယင်းရဲ့ ရန်သူကို ဖမ်းပြီး ဟွာယင်း ကိုယ်တိုင် စီရင်နိုင်အောင် လုပ်ပေးမယ်"
ဝမ်ကျိယန်က စိုးရိမ်နေသဖြင့် ချန်အန်က ထပ်ပြောလိုက်သည်။
- "မြန်မြန်... မှန်ပြောင်းနဲ့ ရန်သူကို ကြည့်ထား။ ကိုယ် စတော့မယ်"
ဝမ်ကျိယန် နှုတ်ခမ်းကို တင်းတင်းစေ့ကာ စကားမပြောတော့ဘဲ မှန်ပြောင်းဖြင့် သံနက်ဂေဟာ အကြီးအကဲကို စိုက်ကြည့်လိုက်သည်။
"ဝမ်လေး... မြင်ရပြီလား"
"ဒါဆို သေချာကြည့်ထား။ ကိုယ် စတိုက်ပြီ"
ပြောပြီးသည်နှင့် ချန်အန်၏ လက်ချောင်းထိပ်မှ ရွှေရောင်အလင်းတန်းမှာ ဝုန်းခနဲ မြည်ဟည်းကာ ထွက်ပေါ်သွားပြီး အကြီးအကဲ၏ မျက်ခုံးနှစ်ခုကြားသို့ တည့်တည့်မတ်မတ် ဦးတည်သွားတော့သည်။