← Chapters

အခန်း (၉၉-၁၀၀)

Vol. 10 Ch. 99-100

အခန်း (၉၉-၁၀၀)

Vol. 10 Ch. 99-100

အခန်း (၉၉) - တောအုပ်နီ

ရှန်းချင်းယီ၏ စကားကို ကြားလိုက်ရသောအခါ ချန်အန်သည် သူ၏ စိတ်အာရုံကို ချက်ချင်းပင် ဖြန့်ကြက်လိုက်သည်။

ထိုအခါ ကောင်းကင်ယံ၌ အတောင်ပံများတွင် မီးလျှံများ တောက်လောင်နေပြီး ပျံသန်းနေသော လင်းယုန်ကြီးတစ်ကောင်ကို သူ တွေ့လိုက်ရသည်။ ၎င်းမှာ အလျား သုံးမီတာကျော်ရှိပြီး အတောင်ပံဖြန့်လိုက်လျှင် ခြောက်မီတာကျော်အထိ ကျယ်ဝန်းသည်။

ထိုလင်းယုန်ကြီးမှာ ကောင်းကင်တွင် ဝဲပျံနေပြီး အောက်ရှိ ချန်အန်တို့အဖွဲ့ကို စိုက်ကြည့်နေသည်။ ၎င်းမှာ ချန်အန်တို့၏ အင်အားကို ခန့်မှန်းနေပုံရပြီး အစာအဖြစ် အမဲလိုက်ရန် ဆင်းလာသင့်၊ မသင့် ဆုံးဖြတ်နေခြင်း ဖြစ်ပေမည်။

"ဒါက အဆင့် (၂) မီးလျှံသိန်းငှက်ပဲ။ ကောင်းကင်မှာဆိုရင် သူက အရမ်းအစွမ်းထက်တယ်။ ပျံသန်းတဲ့အရှိန်က အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်မြင့် ကျွမ်းကျင်သူတစ်ယောက်ရဲ့ အရှိန်နဲ့ မခြားဘူး။ ငါတို့ တိုက်ခိုက်လို့ရမယ့် သတ္တဝါမျိုး မဟုတ်ဘူး။ သတိထားပြီး နောက်ဆုတ်ကြရအောင်။ ဟိုဘက်က ကျောက်နံရံအောက်မှာ အရင်သွားပုန်းကြမယ်"

ရှန်းချင်းယီက ကောင်းကင်မှ သိန်းငှက်ကို စိုက်ကြည့်ရင်း ချန်အန်ကို ပြောလိုက်သည်။

သို့သော် သူမ စကားပြောပြီးသည်နှင့် ရွှေရောင်အလင်းတန်းတစ်ခု ကောင်းကင်သို့ ပျံတက်သွားပြီး ထိုမီးလျှံသိန်းငှက်ကို ဖောက်ထွက်သွားသည်ကို တွေ့လိုက်ရသည်။ ထို့နောက် ထိုသိန်းငှက်ကြီးမှာ ဘုတ် ခနဲ မြည်ကာ မြေပြင်ပေါ်သို့ ဖုန်လုံးများ ထသွားသည်အထိ ပြုတ်ကျလာတော့သည်။

ရှန်းချင်းယီ မှင်တက်သွားသည်။ သေသွားပြီလား..။ ဒီသိန်းငှက်ကြီးက ဒီအတိုင်းပဲ သေသွားတာလား။

သူမသည် ချန်အန်ကို မယုံကြည်နိုင်စွာ ကြည့်ရင်း

"ဆေးဆရာချန်... ဒါက 'ရွှေလက်ချောင်း' ကျင့်စဉ်ရဲ့ ဒုတိယအဆင့်ဖြစ်တဲ့ ရွှေရောင်အလင်းတန်း ပစ်လွှတ်ခြင်းလား"

ဟု မေးသည်။

"ဟုတ်ပါတယ်"

"ရွှေလက်ချောင်းက ဒီလောက်တောင် စွမ်းအားကြီးတာလား"

"ကျွန်တော်က အဲဒီကျင့်စဉ်ကို ကျွမ်းကျင်မှု အဆင့် (၃) အထိ လေ့ကျင့်ထားလို့ပါ။ စွမ်းအားက အများကြီး တိုးလာတာပေါ့"

ချန်အန်သည် သူ၏ အရည်အချင်းကို အမှန်အတိုင်း မပြောဘဲ ဖုံးကွယ်ထားလိုက်သည်။

အမှန်တကယ်တွင် သူသည် ရွှေလက်ချောင်းကို အဆင့် (၄) ဖြစ်သော 'ပညာရှင်အဆင့်' အထိ ရောက်ရှိနေပြီ ဖြစ်သည်။

ရှန်းချင်းယီမှာ ထိုစကားကို ကြားသောအခါ အမြင်သစ်များ ပွင့်သွားတော့သည်။

"ရွှေလက်ချောင်းက ဒီလောက်တောင် စွမ်းအားကြီးတာလား အဆင့် (၃) မှာတင် ကောင်းကင်ဘုရင်လို့ ခေါ်တဲ့ မီးလျှံသိန်းငှက်ကို သတ်နိုင်တယ်လား"

ရွှေလက်ချောင်းကို လေ့ကျင့်သူမှာ အလွန်နည်းပါးလှသည်။ အကြောင်းမှာ ထိုကျင့်စဉ်ကို အဆင့် (၃) အထိ ရောက်အောင် လေ့ကျင့်မည့်အချိန်တွင် အခြားကျင့်စဉ်များကို အဆင့် (၅) သို့မဟုတ် (၆) အထိ ရောက်အောင် လေ့ကျင့်နိုင်သောကြောင့် ဖြစ်သည်။ သူမ၏ သက်တမ်းတစ်လျှောက်တွင်လည်း ရွှေလက်ချောင်းကို အဆင့် (၃) အထိ လေ့ကျင့်ထားသူ တစ်ဦးမှ မတွေ့ဖူးခဲ့ပေ။ ထို့ကြောင့် ဤကျင့်စဉ်၏ ပြင်းထန်သော တိုက်ခိုက်နိုင်စွမ်းကို မြင်လိုက်ရသောအခါ သူမ အလွန် အံ့အားသင့်သွားခြင်း ဖြစ်သည်။

ရှန်းချင်းယီ၏ မှင်တက်နေသော မျက်နှာကို ကြည့်ကာ ချန်အန်က ပြုံးရုံသာ ပြုံးနေလိုက်သည်။ သူသည် ထိုအခြေခံအုတ်မြစ်အဆင့်ရှိသော သိန်းငှက်ကို ပစ်ချနိုင်ခဲ့သည်မှာ အဆင့် (၃) ရွှေလက်ချောင်းကြောင့် မဟုတ်ဘဲ၊ အဆင့် (၄) ပညာရှင်အဆင့်ရှိသော ရွှေလက်ချောင်းနှင့် အဆင့် (၃) ရှိသော 'အိပ်မွေ့ချအတတ်' ကို ပေါင်းစပ်သုံးစွဲခဲ့ခြင်းကြောင့် ဖြစ်သည်ဟု သူမကို မည်သည့်အခါမျှ ပြောပြလိမ့်မည် မဟုတ်ပေ။

မကြာမီ သူတို့အားလုံး သေဆုံးနေသော သိန်းငှက်ကြီး၏ အရှေ့သို့ ရောက်လာကြသည်။ သိန်းငှက်၏ ခေါင်းမှာ ပွင့်ထွက်နေသည်ကို မြင်သောအခါ ရှန်းချင်းယီမှာ ထပ်မံ အံ့ဩသွားပြန်သည်။ ထိုသိန်းငှက်မှာ မြေပြင်မှ မီတာတစ်ရာအကွာတွင် ဝဲပျံနေခြင်း ဖြစ်ရာ၊ ၎င်းကို အတိအကျ ပစ်မှတ်ထားနိုင်ရန်မှာ မည်မျှအထိ ထိန်းချုပ်နိုင်စွမ်း မြင့်မားရမည်နည်းဟု သူမ တွေးနေမိသည်။

ရှန်းချင်းယီ စဉ်းစားနေစဉ်မှာပင် ချန်အန်သည် မြေပေါ်မှ သိန်းငှက်အလောင်းကို စစ်ဆေးရန် ငုံ့လိုက်သည်။ မိစ္ဆာသားရဲများသည် အခြေခံအုတ်မြစ် တည်ဆောက်ပြီးနောက် သူတို့၏ ခန္ဓာကိုယ်ထဲတွင် 'မိစ္ဆာအမြုတေ'များ ဖြစ်ပေါ်လာကြောင်း သူ သိရှိထားသည်။

ထိုအမြုတေမှာ မိစ္ဆာတစ်ကောင်၏ အနှစ်သာရဖြစ်ပြီး အလွန်တန်ဖိုးရှိလှသည်။

ခဏချင်းမှာပင် ချန်အန်သည် သူ၏ ထက်မြက်သော အာရုံခံနိုင်စွမ်းဖြင့် သိန်းငှက်အလောင်းထဲမှ နီမြန်းသော ဘောလုံးလေးတစ်ခုကို ထုတ်ယူလိုက်သည်။ ၎င်းမှာ သစ်ကြားသီးခန့်ရှိပြီး မျက်နှာပြင်မှာ ချောမွေ့ကာ မာကျောလှသည်။ လက်ထဲတွင် ဆုပ်ကိုင်ထားစဉ်မှာပင် ထိုအထဲ၌ ကြီးမားသော စွမ်းအင်များ ပြည့်နှက်နေသည်ကို ခံစားရသည်။

ချန်အန်သည် ထိုအရာကို သေသေချာချာ ကြည့်ပြီးနောက် နှမြောတသသော အမူအရာ ပေါ်လာသည်။ ဤမီးလျှံသိန်းငှက်၏ အမြုတေမှာ သက်တမ်း နှစ်နှစ်ခွဲခန့်သာ ရှိသေးသဖြင့် အလွန်တန်ဖိုးမကြီးလှပေ။ သူသည် ဝမ်ကျိယန်ထံသို့ လျှောက်သွားကာ ထိုအမြုတေကို သူမ၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

"ဝမ်လေး... မီးလျှံသိန်းငှက် အမြုတေက မီးဓာတ်ကျင့်ကြံသူတွေအတွက် အကျိုးရှိတယ်။ မင်းရဲ့ မီးဓာတ်ဝိညာဉ်အမြုတေကို မြှင့်တင်ဖို့ ဒါကို ယူထားလိုက်ပါ"

"ယောက်ျားရော... ယောက်ျားက မယူဘူးလား"

ဝမ်ကျိယန်သည် သူမ၏လက်ထဲမှ အမြုတေကို ကြည့်ကာ ချန်အန်ကို မော့ကြည့်လိုက်သည်။ ချန်အန်သည်လည်း သူမကဲ့သို့ပင် မီးဓာတ်ကျင့်ကြံသူဖြစ်ကြောင်း သူမ သိသည်။

မဟုတ်ပါက မီးဓာတ်ဝိညာဉ်အမြုတေ မရှိဘဲ ဆေးဖော်စပ်သူ ဖြစ်လာနိုင်မည် မဟုတ်ပေ။

ချန်အန်သည် ဝမ်ကျိယန်၏ လက်ကလေးကို ဆွဲယူကာ မြတ်နိုးစွာ ဆုပ်ကိုင်ရင်း ပြောလိုက်သည်။

"ဝမ်လေး... ကိုယ်တို့က မိသားစုဝင်တွေပဲ။ ကျင့်စဉ်မှာလည်း အတူတူ တိုးတက်ရမယ်။ ကိုယ်တစ်ယောက်တည်း တိုးတက်နေလို့ မဖြစ်ဘူး။ မင်းကိုလည်း အခြေခံအုတ်မြစ် အမြန်ဆုံး တည်ဆောက်နိုင်စေချင်တယ်"

သူသည် ဝမ်ကျိယန်ကို ချစ်မြတ်နိုးခြင်းအားဖြင့် သူ၏ မီးဓာတ်ဝိညာဉ်အမြုတေကို မြှင့်တင်နိုင်သဖြင့် ဤမိစ္ဆာအမြုတေကို လုံးဝ မလိုအပ်ပေ။ သို့သော် ဝမ်ကျိယန်မှာမူ ဤအချက်ကို မသိရှာဘဲ အလွန် စိတ်လှုပ်ရှား ဝမ်းသာသွားသည်။ သူမသည် နှုတ်ခမ်းလေးကို တင်းတင်းစေ့ကာ အမြုတေကို သိုလှောင်အိတ်ထဲ ထည့်လိုက်ပြီး ချန်အန်ကို ချစ်မြတ်နိုးသော မျက်လုံးများဖြင့် ကြည့်ကာ

"မောင်... ညီမ ပြောစရာ ရှိလို့။ ဟိုဘက် ခဏလိုက်ခဲ့ပါဦး"

ချန်အန်သည် သူမ ညွှန်ပြသော သစ်တောထူထပ်သည့် "ဟိုဘက်" ကို ကြည့်လိုက်ပြီးနောက် ဝမ်ကျိယန်၏ နီမြန်းကာ ဆွဲဆောင်မှုရှိသော နှုတ်ခမ်းလေးကို ကြည့်ကာ ပြုံးလျက်

"သွားကြစို့လေ... အဲဒီမှာပဲ စကားပြောကြတာပေါ့" (လွန်တယ်ဟေ့)

ခဏအကြာတွင် ချန်အန်သည် ဝမ်ကျိယန်၏ ခါးလေးကို ဖက်ကာ တောအုပ်ထဲမှ ပြန်ထွက်လာသည်။ ဇနီးမောင်နှံနှစ်ဦးမှာ စနောက်ကာ ရယ်မောနေကြပြီး အလွန်ပင် ချစ်ခင်ကြသည်မှာ သိသာလှသည်။ ဤမြင်ကွင်းကို ကြည့်ကာ ရှန်းချင်းယီသည် ယခင်က ဖန်ဟွီ ပြောခဲ့ဖူးသော ချန်အန်သည် သူ၏ ဇနီးများကို အလွန်အမင်း အလိုလိုက်သည်ဟူသော စကားမှာ မှန်ကန်ကြောင်း သိလိုက်ရသည်။ သူမသည် သူမကို သစ္စာဖောက်သွားသော သူငယ်ချင်းဟောင်းကို သတိရကာ စိတ်မကောင်း ဖြစ်သွားမိသည်။

မကြာမီ သူတို့အားလုံး ခရီးပြန်ဆက်ခဲ့ကြသည်။ သူတို့ ဦးတည်ရာမှာ 'ကောင်းကင်မြေကမ္ဘာဂိုဏ်း' ၏ အပြင်ဘက် နယ်မြေဖြစ်သော 'တောအုပ်နီ' ပင် ဖြစ်သည်။ ဝါးရွက်တောနှင့် ဆင်တူသော်လည်း ခြားနားချက်မှာ ဝါးရွက်တောသည် အခြေခံအုတ်မြစ်အဆင့်သာရှိသော ဝါးရွက်ဂိုဏ်းအောက်တွင် ရှိပြီး၊တောအုပ်နီမှာမူ အခြေတည်ဝိဉာဥ်အဆင့်ရှိသော ဂိုဏ်းကြီးဖြစ်သည့် ကောင်းကင်မြေကမ္ဘာဂိုဏ်းအောက်တွင် ရှိခြင်း ဖြစ်သည်။

ခဏချင်းမှာပင် တစ်နေ့တာ၏ တစ်ဝက် ကုန်ဆုံးသွားပြီး သူတို့သည်တောအုပ်နီသို့ ရောက်ရှိလာကြသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ဤနေရာမှာ အလွန်စည်ကားလှသည်ကို တွေ့ရသည်။ ဝါးရွက်တောမှာ ကျေးလက်မြို့ငယ်လေးဆိုလျှင် တောအုပ်နီမှာ စည်ကားလှသော မြို့ပြကြီးနှင့် တူသည်။

အဆောက်အဦး မြင့်မြင့်များ နေရာအနှံ့ ရှိနေပြီး လူစည်ကားလှသည်။ အရေးကြီးဆုံးမှာ လေထုထဲရှိ ဝိညာဉ်စွမ်းအားမှာ ဝါးရွက်တောထက် အနည်းဆုံး ၅၀ ရာခိုင်နှုန်းခန့် ပိုမို ထူထပ်လှသဖြင့် ကျင့်ကြံရန်အတွက် အထူးသင့်လျော်သော နေရာတစ်ခု ဖြစ်သည်။

ယခုမှပင် ချန်အန်သည် ဤနေရာ၌ ဘာကြောင့် မိစ္ဆာများ ပေါများနေရသနည်းဆိုသည်ကို နားလည်သွားတော့သည်။ ဝိညာဉ်စွမ်းအား ဤမျှ ထူထပ်ပါက အရာရာကို ကျင့်ကြံရာတွင် သက်သာလွယ်ကူလှပေမည်။

"ယောက်ျား... ရှေ့က အဆောက်အဦးကြီးက အရမ်းမြင့်တာပဲ"

"၁၂ ထပ်တောင် မြင့်တာပဲ"

ဆောင်ဟွာယင်းသည် ရှေ့မှ မြင့်မားလှသော အဆောက်အဦးကြီးကို ကြည့်ကာ အံ့ဩတကြီး ပြောလိုက်သည်။ ချန်အန်သည်လည်း လိုက်ကြည့်လိုက်ရာ ထိုအဆောက်အဦး၏ ဆိုင်းဘုတ်ကို မြင်လိုက်ရသည်။

'ပျော်ရွှင်ခြင်းမျှော်စင်'

၎င်းမှာ အလွန်ပင် ကြီးမားလှသည်။ ကျင့်ကြံသူများ၏ လိုအင်ဆန္ဒများကို ဖြည့်ဆည်းပေးသော နေရာတစ်ခုမှာ ဤမျှအထိ ကြီးကျယ်ခမ်းနားစွာ တိုးတက်လာနိုင်သည်မှာ အံ့ဩစရာပင်။ ဤနေရာမှ အမျိုးသားကျင့်ကြံသူများမှာ အလွန် ချမ်းသာကြ၍လား သို့မဟုတ် ထိုနေရာမှ အမျိုးသမီးကျင့်ကြံသူများမှာ ထူးခြားသော ဆွဲဆောင်မှု ရှိကြ၍လားဆိုသည်မှာ စဉ်းစားစရာ ဖြစ်သည်။

ချန်အန်၏ အကြည့်မှာ ပထမထပ် တံခါးဝတွင် ရပ်နေသော အမျိုးသမီးကျင့်ကြံသူထံသို့ ရောက်သွားသည်။ သူမ၏ ကိုယ်လုံးကိုယ်ပေါက်မှာ လှပလှပြီး မျက်နှာမှာလည်း ဆွဲဆောင်မှု ရှိလှသည်။ အရေးကြီးဆုံးမှာ သူမ၏ ဝတ်စားဆင်ယင်မှုမှာ အလွန်ပင် ဟော့လှပြီး အသားအရေများကို အထင်းသား ပြသထားခြင်းပင် ဖြစ်သည်။

တစ်ချက်ကြည့်လိုက်ရုံဖြင့် ရင်ခုန်စရာ ကောင်းလှသည်။

ဒီနေရာက အမျိုးသားတွေက ချမ်းသာလို့ မဟုတ်ဘဲ အမျိုးသမီးတွေက အရမ်းဆွဲဆောင်နိုင်လို့ ဖြစ်မှာပါ

ချန်အန် စိတ်ထဲမှ တွေးလိုက်သည်။

သူ၏ အကြည့်များမှာ ထိုအမျိုးသမီးများထံသို့ ရောက်နေသည်ကို မြင်သောအခါ ဝမ်ကျိယန်က မျက်မှောင်ကြုတ်ကာ သတိပေးလိုက်သည် ။

"ယောက်းေ... ကျွန်မ အရင်ပြောထားမယ်နော်။ ရှင် အဲဒီနေရာမှာ သွားပြီး ရှုပ်ပွေဖို့ ကြိုးစားရင်တော့ ကျွန်မ ရှင့်ကို လုံးဝ ခွင့်မလွှတ်ဘူး"

"စိတ်မပူပါနဲ့ ဝမ်လေးရာ... ကိုယ် မင်းတို့ကို ချစ်ပေးဖို့တောင် အချိန်က မလောက်ငှပါဘူး။ အဲဒီလိုနေရာမျိုးမှာ ဘာလို့ ပိုက်ဆံနဲ့ အချိန်ကို သွားဖြုန်းရမှာလဲ"

"ဒါဆိုရင် ဘာလို့ ခုနက အဲဒီမိန်းကလေးတွေကိုပဲ စိုက်ကြည့်နေတာလဲ"

"ကိုယ်က အဆောက်အဦး မြင့်မြင့်ကြီးတွေကို ကြည့်နေတာပါ"

"ဟမ့်... ဟုတ်ပါပြီလေ"

ဝမ်ကျိယန်က သူမ၏ မျက်လုံးလေးများကို လှန်ကာ စနောက်လေသည်။

...................................................

အခန်း (၁၀၀) - စုံစမ်းမေးမြန်းခြင်း

ခဏတာ လျှောက်သွားပြီးနောက် ချန်အန်နှင့် သူ၏ မိသားစုသည် တည်းခိုခန်းတစ်ခုကို တွေ့သဖြင့် အတူတူ ဝင်လိုက်ကြသည်။ ဤနေရာ၌ 'ဝိညာဉ်စွမ်းအား စုစည်းခြင်း အစီရင်' ရှိသောကြောင့် အခန်းခများမှာ အလွန်ပင် ဈေးကြီးလှသည်။

အသက်သာဆုံး အခန်းမှာ တစ်ညလျှင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၃၀ ကျသင့်ပြီး၊ အလယ်အလတ်တန်းစား အခန်းမှာ ၅၀ ကျသင့်သည်။ အကောင်းဆုံးနှင့် အလှပဆုံး အခန်းမှာမူ တစ်ရက်လျှင် အဆင့်လယ် ဝိညာဉ်ကျောက်တုံး တစ်တုံး (သို့မဟုတ် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀၀) ကျသင့်သည်။

ချန်အန်သည် ရက်အနည်းငယ်သာ နေမည်ဖြစ်သဖြင့် အကောင်းဆုံး အခန်းကိုပင် ငှားလိုက်သည်။ ငါးဦးသား မိသားစုဖြစ်ရာ အခန်းကျဉ်းပါက သက်သောင့်သက်သာ မရှိမည်ကို သူ စိုးရိမ်သောကြောင့် ဖြစ်သည်။ ထို့ပြင် ယခုအခါ သူသည် ယခင်ကကဲ့သို့ မဟုတ်ဘဲ အလွန်ချမ်းသာနေပြီ ဖြစ်ရာ၊ တစ်ခါတစ်ရံ မိမိကိုယ်ကို ဆုလာဘ်ပေးကာ ဘဝကို ပိုမိုခံစားရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

"ဆေးဆရာချန်... ကျွန်မ ဒီမှာ မတည်းတော့ပါဘူး။ ဆီကွိုင်းယားတောအုပ်ထဲမှာ ကျွန်မရဲ့ သူငယ်ချင်းတစ်ယောက် ရှိတယ်၊ သူ့ဆီမှာပဲ ခဏသွားနေဖို့ စီစဉ်ထားပါတယ်။ နောက်မှ ပြန်ဆုံကြတာပေါ့"

ချန်အန် အခန်းငှားပြီးသည်ကို မြင်သောအခါ ရှန်းချင်းယီသည် နှုတ်ဆက်ကာ တံခါးပြင်သို့ ထွက်ရန် ပြင်လိုက်သည်။

ချန်အန်က လှမ်းခေါ်လိုက်သည်။

- "မိတ်ဆွေ ရှန်း... ခဏလောက်ပါဦး"

"ဆေးဆရာချန်... ဘာကိစ္စရှိလို့လဲ"

ရှန်းချင်းယီ ရပ်တန့်ကာ လှည့်မေးသည်။

"မိတ်ဆွေ ရှန်း... ကိုယ်တို့က အခု တိုင်းတစ်ပါးကို ရောက်နေကြတာ။ အချင်းချင်း သိတဲ့သူဆိုတာ ရှားပါတယ်။ နောင်ကိုလည်း အကူအညီလိုရင် ဆက်သွယ်လို့ရအောင် ဘယ်လို ဆက်သွယ်ရမလဲ သိချင်လို့ပါ"

ရှန်းချင်းယီသည် သူမ၏ သိုလှောင်အိတ်ထဲမှ 'အသံလွှင့်အဆောင်' တစ်ခုကို ထုတ်ကာ ချန်အန်ကို ကမ်းပေးလိုက်သည်။

"ဆေးဆရာချန်... ဒါကို ယူထားပါ။ နောင်တစ်ချိန်မှာ ကျွန်မနဲ့ အချိန်မရွေး အသံလွှင့်ပြီး ဆက်သွယ်လို့ ရပါတယ်"

ချန်အန်သည် ဆက်သွယ်၍ ရ၊ မရ စမ်းသပ်ကြည့်ပြီးနောက် အဆောင်ကို သိုလှောင်အိတ်ထဲ ထည့်လိုက်သည်။ ရှန်းချင်းယီက ထပ်မံ နှုတ်ဆက်သည်။

"ဆေးဆရာချန်... တခြားဘာမှ မရှိတော့ရင် ကျွန်မ သွားပါတော့မယ်။ နောက်မှ ပြန်ဆုံကြမယ်နော်"

"မိတ်ဆွေ ရှန်း... ခဏလေး"

"ဆေးဆရာချန်... တခြား ဘာရှိသေးလို့လဲ"

"မင်းရဲ့ သူငယ်ချင်းက ယောကျာ်းလား မိန်းမလား ဆိုတာ သိချင်လို့ပါ။ နောက်တစ်နေ့ သွားလည်တဲ့အခါ လက်ဆောင်ရွေးရတာ လွယ်အောင်လို့ပါ"

"အမျိုးသမီး ကျင့်ကြံသူ တစ်ယောက်ပါ"

"ကောင်းပါပြီ... ဂရုစိုက်သွားပါဦး။ မကြာခင် ပြန်တွေ့ကြတာပေါ့"

"ဟုတ်ကဲ့ပါ"

ရှန်းချင်းယီသည် တည်းခိုခန်းထဲမှ ထွက်ခွာသွားတော့သည်။ အမှန်တကယ်တွင် သူမ၌ အမျိုးသမီး သူငယ်ချင်း မရှိပေ။ သူမ လက်ထဲတွင် ဝိညာဉ်ကျောက်တုံးအနည်းငယ်သာ ကျန်တော့သဖြင့် အလုပ်မရသေးမီ အချိန်အတွင်း ချွေတာသုံးစွဲလိုခြင်း ဖြစ်သည်။ သူမသည် လူနည်းသော နေရာတစ်ခုခုတွင် ရက်အနည်းငယ်ခန့် အိပ်စက်ကာ ငွေကြေးအခက်အခဲကို ဖြေရှင်းရန် စီစဉ်ထားခြင်း ဖြစ်သည်။

အလုပ်ရမှသာ အိမ်ငှား၍ အခြေချရန် စဉ်းစားထားသည်။

ချန်အန်မှာမူ သူမ၏ အတွေးကို မသိရှာပေ။ သိခဲ့ပါက သူမအတွက် အခန်းတစ်ခန်း ထပ်မံ ငှားပေးလိုက်မည်မှာ အသေအချာပင်။

သူသည် ဇနီးများနှင့် သမီးဖြစ်သူကို အခန်းထဲတွင် အခြေချစေပြီးနောက် တစ်ယောက်တည်း အောက်ထပ်သို့ ဆင်းလာခဲ့သည်။ တည်းခိုခန်း မန်နေဂျာ၏ လက်ထဲသို့ အဆင့်လယ် ဝိညာဉ်ကျောက်တုံးတစ်တုံး ထည့်ပေးကာ ဤဒေသ၏ အခြေအနေကို စုံစမ်းမေးမြန်းလိုက်သည်။

မေးမြန်းချက်အရ သိလိုက်ရသည်မှာ - ဤနေရာမှ လူအများစုမှာ မိစ္ဆာများကို အမဲလိုက်ခြင်းဖြင့် အသက်မွေးကြသည်။ အကြီးဆုံးသော အမဲလိုက်အဖွဲ့မှာ ကောင်းကင်မြေကမ္ဘာဂိုဏ်း ဖြစ်ပြီး၊ ၎င်းတို့အောက်တွင် ဂိုဏ်းငယ်များနှင့် မိသားစုများစွာ ရှိကြသည်။

ဝါးရွက်တောနှင့် မတူသောအချက်မှာ တောအုပ်နီသည် ကောင်းကင်မြေကမ္ဘာဂိုဏ်း၏ အောက်တွင် ရှိသော်လည်း ထိုဂိုဏ်းက တိုက်ရိုက် အုပ်ချုပ်ခြင်း မရှိသလို အကာအကွယ်လည်း မပေးပေ။ ရိုးရိုးရှင်းရှင်း ပြောရလျှင် ဤနေရာမှာ ဂိုဏ်းက ဖန်တီးထားသော နေရာမဟုတ်ဘဲ၊ ကျင့်ကြံသူများက ဂိုဏ်းကြီး၏ အရိပ်အောက်တွင် လာရောက် အခြေချရင်း ဖြစ်ပေါ်လာသော နေရာဖြစ်သည်။

ကောင်းကင်မြေကမ္ဘာဂိုဏ်းကလည်း တပည့်သစ် စုဆောင်းရန်နှင့် ပစ္စည်းကိရိယာများ ဝယ်ယူရန် လွယ်ကူသဖြင့် ၎င်းကို ခွင့်ပြုထားခြင်း ဖြစ်သည်။

အုပ်ချုပ်သူ မရှိသဖြင့် တောအုပ်နီမှာ ဂိုဏ်းငယ်များနှင့် မိသားစုအသီးသီးက နယ်မြေခွဲ၍ စိုးမိုးထားကြသည်။ ထို့ကြောင့် အချင်းချင်း အားပြိုင်မှုများနှင့် ပဋိပက္ခများမှာ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး လူသေဆုံးမှုများမှာလည်း ဆန်းကြယ်သော ကိစ္စမဟုတ်ပေ။

ဤအချက်ကို သိရသောအခါ ချန်အန် မျက်မှောင်ကြုတ်လိုက်မိသည်။ ဝါးရွက်တောတွင် နေထိုင်စဉ်က ဘဝမှာ ခက်ခဲသော်လည်း ပိုမို တည်ငြိမ်မှု ရှိခဲ့သည်။

ယခု ဤနေရာမှာမူ မငြိမ်မသက် ဖြစ်နေပုံရသည်။ ချန်အန် အလေးအနက် စဉ်းစားခန်း ဝင်သွားသည်။ သူသည် အခြေခံအုတ်မြစ် တည်ဆောက်သူ ဖြစ်ရာ၊ လူသူမရှိသော နေရာတစ်ခုတွင် ကိုယ်ပိုင်ဂိုဏ်းတစ်ခု တည်ထောင်လျှင် ကောင်းမလားဟု တွေးမိသည်။

သို့သော် နောက်တစ်ချက် စဉ်းစားကြည့်သောအခါ ထိုနည်းလမ်းမှာ မဖြစ်နိုင်ပေ။ တောင်ပင်လယ်နယ်မြေတွင် အခြေခံအုတ်မြစ်အဆင့်ရှိသော မိစ္ဆာများမှာ အချိန်မရွေး ထွက်ပေါ်လာနိုင်ပြီး၊ တစ်ခါတစ်ရံ 'ရွှေအမြုတေ' အဆင့်ရှိသော မိစ္ဆာများပင် ရှိတတ်သည်။

အခြေခံအုတ်မြစ် ကျင့်ကြံသူတစ်ဦးမှာ မိမိကိုယ်ကိုပင် ကာကွယ်ရန် ခဲယဉ်းလှရာ၊ အကာအကွယ်မဲ့သော နေရာတွင် အခြေချရန်မှာ အလွန် အန္တရာယ်များလှသည်။

ထို့ကြောင့် ချန်အန်သည် တောအုပ်နီမှာပင် နေထိုင်ရန် ဆုံးဖြတ်လိုက်သည်။ သို့သော် မည်သည့်နေရာတွင် နေထိုင်မည်ကိုမူ သေသေချာချာ ရွေးချယ်ရန် လိုအပ်သည်။

သူက မန်နေဂျာကို မေးလိုက်သည်။

"မန်နေဂျာ ဇန်း... ကျွန်တော်က အခြားဒေသကနေ ပြောင်းလာတဲ့ ကျင့်ကြံသူ တစ်ယောက်ပါ။ ဆေးဖော်စပ်တဲ့ အတတ်ပညာ နည်းနည်းပါးပါး တတ်ပါတယ်။ ဒီတောအုပ်ထဲမှာ အခြေချဖို့ ကောင်းတဲ့နေရာလေး သိရင် ညွှန်ပြပေးပါဦး"

မန်နေဂျာဇန်းသည်လည်း ရိုးသားသူတစ်ဦး ဖြစ်သဖြင့် ပြုံးကာ ပြန်ဖြေသည်။

- "ဆေးဖော်စပ်သူ ချန်... ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ ဇန်းမိသားစုဆီမှာ လာနေဖို့ပဲ တိုက်တွန်းချင်ပါတယ်။ ခင်ဗျားနေဖို့ နေရာကို အလကား ပေးနိုင်ပါတယ်။ အဆင်ပြေရင် အချင်းချင်း လက်ထပ်ထိမ်းမြားပြီး ရင်းနှီးမှုကို ပိုတိုးမြှင့်လို့တောင် ရပါသေးတယ်။ ကျွန်တော်တို့ရဲ့ ဘိုးဘေးဟာ 'ရွှေအမြုတေ' အဆင့်လတ် ကျွမ်းကျင်သူဖြစ်ပြီး ဒီဒေသမှာ ထိပ်တန်းကပါပဲ"

ချန်အန်သည် လူမှုရေး နားလည်သူ ဖြစ်သဖြင့် ဇန်းမိသားစုကို မြှောက်ပင့် စကားပြောလိုက်ရာ မန်နေဂျာမှာ အလွန် ကျေနပ်သွားရှာသည်။

ထို့နောက် ချန်အန်က ထပ်မေးသည်။

"အကယ်၍ ကျွန်တော်က ဘယ်အဖွဲ့အစည်းထဲကိုမှ မဝင်ဘဲ သီးသန့် နေချင်တယ်ဆိုရင်ရော ဘယ်နေရာက အကောင်းဆုံး ဖြစ်မလဲ"

"အဲဒါဆိုရင်တော့ 'ဆေးပင်လမ်းကြား'ပဲ ရှိပါတယ်။ အဲဒီမှာ တစ်ကိုယ်တော် ကျင့်ကြံသူတွေအတွက် အိမ်ငှားတာနဲ့ ရောင်းတာတွေ အမြဲရှိတယ်။ အားတဲ့အခါ သွားကြည့်လိုက်ပါဦး"

"ကျေးဇူးတင်ပါတယ် မန်နေဂျာ"

ချန်အန်သည် အခန်းသို့ ပြန်လာကာ သူ၏ ဇနီးများနှင့် ရှေ့ရေးအစီအစဉ်များကို ဆွေးနွေးလိုက်သည်။ ဇနီးများမှာ လိမ္မာယဉ်ကျေးသူများ ဖြစ်ကြသဖြင့် ခင်ပွန်းဖြစ်သူ၏ ဆုံးဖြတ်ချက်အတိုင်းသာ လိုက်နာမည်ဟု ဆိုကြသည်။

စကားပြောနေရင်းဖြင့် ဆောင်ဟွာယင်းက ရုတ်တရက် မေးလိုက်သည်။

- "ယောက်ျား... ဟို... ကျင့်ကြံသူရှန်းကိုသဘောကျနေတာလား"

ဤမေးခွန်းကို ကြားသည်နှင့် ဝမ်ကျိယန်နှင့် ဂူရှန်းယုတို့သည် ချန်အန်ကို ဝိုင်းကြည့်လိုက်ကြသည်။ ချန်အန်သည်လည်း ဖုံးကွယ်မနေဘဲ အမှန်အတိုင်း ပြောလိုက်သည်။

"အမှန်အတိုင်း ပြောရရင်... ကိုယ် မိတ်ဆွေ ရှန်းကို သဘောကျတာ မှန်ပါတယ်"

ထို့နောက် သူက ဇနီးသုံးဦးကို ပြန်မေးသည်။

"မင်းတို့ရော မိတ်ဆွေ ရှန်းကို ဘယ်လိုမြင်လဲ"

ဆောင်ဟွာယင်းက ချက်ချင်းပင် ပြုံးကာ

"ယောက်ျား.. နတ်ဘုရားမ ရှန်းက အရမ်း ရဲရင့်ပြတ်သားတာပဲ။ ညီမကတော့ သူ့ကို ညီမလေးတစ်ယောက်လို ချစ်ချင်တယ်။ယောက်ျားကသူ့ကို မြန်မြန် လက်ထပ်နိုင်အောင် ကြိုးစားပါဦး"

ဂူရှန်းယုကလည်း

"ယောက်ျား သဘောကျရင် အဆင်ပြေပါတယ်"

ထောက်ခံသည်။

ဝမ်ကျိယန်မှာမူ အနည်းငယ် မကျေနပ်သော်လည်း၊ မယားငယ်တစ်ဦး ဖြစ်သည့်အလျောက် သူမတွင် ဆုံးဖြတ်ပိုင်ခွင့် မရှိသည်ကို သိနားလည်သဖြင့်

"ယောက်ျား... မိတ်ဆွေရှန်းအကြောင်းကို ကိုယ်တို့ သိပ်မသိသေးဘူးလေ။ အရင်ဆုံး သူ့အကြောင်းကို ပိုသိအောင် စုံစမ်းကြည့်ကြတာပေါ့"

ဟုသာ ပြောလိုက်တော့သည်။

All Chapters