← Chapters

မိတ်ဆွေဖွဲ့ခြင်း

Vol. 40 Ch. 391

မိတ်ဆွေဖွဲ့ခြင်း

Vol. 40 Ch. 391

သူတို့ စကားပြောဆိုနေစဉ် ခြံဝင်းတစ်ခု၏ရှေ့သို့ ရောက်ရှိနေလေပြီ။

ဤခြံဝင်းသည် မကြီးမားသော်လည်း အလွန် ပြေပြစ်လှပကာ အတွင်းတွင် အစေခံများနှင့် အစေခံမလေးများ ရှိနေကြ၏။

"သခင်... ဒါက ကျွန်တော့်ရဲ့ အိမ်ပါ..."

"ကျွန်တော့်ရဲ့အိမ်က ရိုးရှင်းပါတယ်... သခင် စိတ်မရှိဘူးလို့ မျှော်လင့်ပါတယ်..."

ဝူကျောက်က ကျုံးချင်အား ခြံဝင်းထဲသို့ဝင်ရန် ဖိတ်ခေါ်လိုက်သည်။

ကျုံးချင်က ပြုံးကာ ခြံဝင်းအတွင်းသို့ ခြေချပြီး သူက တုံ့ပြန်​ပြောဆိုလိုက်၏။

"ဒီနေရာက တိတ်ဆိတ်ပြီးငြိမ်းချမ်းတဲ့ နေရာကောင်းလေးတစ်ခုပဲ... တကယ်လို့ ဒါကိုတောင် နိမ့်ကျတဲ့စံအိမ်လို့ သတ်မှတ်မယ် ဆိုရင် လောကကြီးမှာ နေရာကောင်းတွေ ကျန်တော့မှာ မဟုတ်ဘူး..."

ဤအရာမှာ ကျုံးချင်က သူတို့ကို မြှောက်ပင့်နေခြင်း မဟုတ်ဘဲ ခြံဝန်းအတွင်းရှိ ပတ်ဝန်းကျင်နှင့် အပြင်အဆင်မှာ အလွန်ကောင်းမွန်သောကြောင့်ပင်။

ကျောက်ဆောင်များနှင့် စီးဆင်းနေသော ရေများရှိပြီး တောင်များနှင့်ရေများ ပေါင်းဆုံကာ စိမ်းလန်းစိုပြည်သော သက်ရှိစွမ်းအားများ ပေါက်ကွဲထွက်နေပြီး တစ်ခုနှင့်တစ်ခု အပြန်အလှန် အကျိုးပြုနေကြ၏။

အစီအစဉ်တိုင်းမှာ အလွန်ရိုးရှင်းပုံ ရသော်လည်း ထိုအရာက လူများကို ပါးနပ်သော လက်မှုပညာ သဘာဝကျမှုနှင့် သန့်ရှင်းလှပသော အမြင်အာရုံ ခံစားချက် တစ်ခုကို ပေးစွမ်းနိုင်သည်။

အစေခံမလေးတချို့နှင့်အစေခံတချို့၏ မျက်လုံးများတွင် မယုံကြည်နိုင်မှု အရိပ်အယောင်များ ထင်ဟပ်နေကာ သူတို့ကို ကြည့်ရှုနေကြသည်။

ဝူကျောက်နှင့်တခြားလူနှစ်ဦးသည် ဖုန်းလိုင်မြို့တွင် သိုသိုသိပ်သိပ်နေထိုင်ခဲ့ကြသော်လည်း နှစ်ပေါင်းများစွာ အတူတကွ နေထိုင်ပြီးနောက် သူတို့၏သခင်အရှင်များမှာ အင်မော်တယ်များအလား ဖြစ်ကြောင်း အစေခံများက ကောင်းစွာသိထားကြသည်။

ထို့ပြင် ယနေ့တွင် တစ်စုံတစ်ယောက်က ဖုန်းလိုင်မြို့မှလူများအားလုံးကို သတ်ဖြတ်ရန် ကြိုးစားချိန်၌ သူတို့၏အရှင်သခင်များ မည်မျှထိ အစွမ်းထက်ကြောင်း သူတို့ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရသည်။

ထိုကဲ့သို့သော စွမ်းအားမျိုးမှာ သူတို့အတွက် ပြန်လည်မွေးဖွားလာသော အင်မော်တယ် တစ်ပါးထက် မလျော့နည်းချေ။

ထိုသို့ဆိုသည့်တိုင် ထိုကဲ့သို့ တည်ရှိမှုမျိုးက ဤလူငယ်လေးနှင့် အမှန်တကယ် စကားစမြည်ပြောဆိုပြီး ရယ်မောနေကြ၏။

ထို့ပြင် သူတို့ အရှင်သခင်များ၏ ကျုံးချင် အပေါ်ထားရှိသော သဘောထားမှာ နွေးထွေးမှု တချို့ကို ရှင်းလင်းစွာ ပြသနေသည်။

ဤလူများသည်လည်း သူတို့၏သခင်များကဲ့သို့ အင်မော်တယ်တစ်ပါး ဖြစ်နေမည်လော...

အစေခံများအားလုံး နောက်တစ်ကြိမ် ကြည့်လိုက်ကြ၏။

ဤအခိုက်အတန့်တွင် ကျုံးချင်သည် အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏ ဆံပင်ရှည်များမှာ သူ၏ကျောပြင်ပေါ်တွင် ပေါ့ပေါ့ပါးပါး ဖားလျားကျနေသည်။

ဓားကဲ့သို့ မျက်ခုံးများနှင့် ကြယ်ကဲ့သို့ မျက်လုံးများဖြင့် သူသည် ယုံကြည်မှု ရှိပြီး ရက်ရောကာ လှုပ်ရှားမှုတိုင်းတွင် လွတ်လပ်ပေါ့ပါးသော ခံစားချက် တစ်ခုကို ပေးစွမ်းနေသည်။

အထူးသဖြင့် ကြယ်များအလား နက်ရှိုင်းသော သူ၏ မျက်လုံးများက သူ့ကို နတ်ဘုရားဆန်ပြီး သာမန်ထက် သာလွန်ထူးကဲသော အရှိန်အဝါတစ်ခုကို ပေးစွမ်းနေပေ၏။

အသွင်အပြင်တစ်ခုတည်းအရ ပြောရလျှင် သူကဲ့သို့ လူစားမျိုးမှာ လောကကြီးတွင် ရှားပါးလှသည်။

ထိုကဲ့သို့ လူမျိုးကို သေမျိုးလောကသို့ ဆင်းသက်လာသော ပြည်နှင်ဒဏ်ခံရသည့် အင်မော်တယ်တစ်ပါးဟု ခေါ်ဆိုခြင်းမှာ ချဲ့ကားပြောဆိုခြင်း မဟုတ်ချေ။

လူတိုင်းက ကျုံးချင်ကို ကြည့်လိုက်ရာ သတိမထားမိဘဲ သူတို့၏ မျက်လုံးများတွင် ရိုသေလေးစားမှု အရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့ပေ၏။

သူ၏အသွင်အပြင်နှင့် စိတ်နေသဘောထားမှာ အင်မော်တယ်တစ်ပါးအကြောင်း သူတို့၏ စိတ်ကူးယဉ်မှုနှင့် ပြီးပြည့်စုံစွာ ကိုက်ညီနေခဲ့သည်။

အစေခံမလေးတချို့က စိတ်ကူးယဉ်နေကြ၏။

"အင်မော်တယ်သခင် ညဘက် အလုပ်အကျွေးပြုဖို့ အစေခံမလေးတစ်ယောက် လိုအပ်မလား မသိဘူး..."

အကယ်၍ သူမတို့သာ ထိုကဲ့သို့ အင်မော်တယ် တစ်ပါးနှင့် တစ်ညအိပ်ခွင့်ရပါက ထိုအရာမှာ အမှန်တကယ်ကို သူမတို့အတွက် သေပျော်သွားလေပြီ။

ထိုအချိန်မှာပင်...

ချန်ချီက အစေခံများကို ပြောဆိုလိုက်၏။

"မြန်မြန်သွားပြီး စားသောက်ပွဲတစ်ခု ပြင်ဆင်လိုက်... ဒီနေ့ ငါတို့ဆီမှာ ဧည့်သည်တော်တစ်ယောက် ရှိတယ်..."

"ဟုတ်ကဲ့ပါ တတိယသခင်..."

တညီတညွတ်တည်း အသံတစ်သံက ခြံဝင်းငယ်လေးအတွင်း၌ ပဲ့တင်ထပ်သွားခဲ့သည်။

အစေခံမလေးတချို့က သူတို့၏ အကြည့်များကို ကျုံးချင်ထံမှ တွန့်ဆုတ်စွာ ဖယ်ခွာသွားကြသည်။

ဝင်နေသော နေမင်းက အောက်သို့ စောင်းကျနေပြီး ကောင်းကင်ကြီးသည် တောက်ပသော ရွှေရောင် သန်းနေခဲ့သည်။

ဤအချိန်မှာ ညစာစားချိန် အတိအကျပင်။

ကျင့်ကြံသူများသည် သာမန်ထက် သာလွန်ထူးကဲသော်လည်း ကျင့်ကြံသူအမြောက်အများသည် သာမန်သေမျိုးများနှင့် ဆင်တူသော အလေ့အထများကို ထိန်းသိမ်းထားကြောင်း သိသာထင်ရှားပေ၏။

သူတို့သည်လည်း တစ်နေ့ သုံးနပ်စားပြီး နေထွက်ချိန်တွင်ထကာ နေဝင်ချိန်တွင် အနားယူသည်။

သူတို့၏အချိန်အားလုံးကို ကျင့်ကြံခြင်းတွင် အမှန်တကယ် ကုန်ဆုံးသူများ ရှိသော်လည်း မများလှချေ။

ကျင့်ကြံသူများမှာလည်း လူသားများသာ ဖြစ်သည်။ မည်သူကမျှ တစ်နေ့လုံး အဆက်မပြတ် တံခါးပိတ် ကျင့်ကြံခြင်းနှင့် ခက်ခဲကြမ်းတမ်းသော ကျင့်ကြံခြင်း၏ အထီးကျန်မှုကို တောင့်မခံနိုင်ကြချေ။

ထို့ပြင် လောကရှိ တချို့သောအရာများမှာ အားထုတ်မှုသက်သက်ဖြင့် ရလဒ်များကို မပေးစွမ်းနိုင်ချေ။

သာမန်လူများကဲ့သို့ အလေ့အထများဖြင့် နေထိုင်ခြင်းက လူတစ်ယောက်၏ အတွေးများကို ပို၍ရှင်းလင်းစေပြီး ကျင့်ကြံခြင်းကို ပို၍ ချောမွေ့စေနိုင်ပေ၏။

မကြာမီမှာပင် ဧည့်ခန်းတွင် ကြီးကျယ်ခမ်းနားသော စားသောက်ပွဲတစ်ခုကို စီစဉ်လိုက်သည်။

သူတို့လေးဦး နေရာယူလိုက်ကြပြီးနောက် ဝူကျောက်က ကျုံးချင်အတွက် ဝိုင်အရက်တစ်ခွက် ဖြည့်ပေးလိုက်သည်။

"သခင်... ဒါက လွန်ခဲ့တဲ့ နှစ်တစ်သောင်းက ကျွန်တော်တို့ ညီအစ်ကို သုံးယောက် ချက်ထားတဲ့ သစ်သီးတစ်ရာအရက်ပါ..."

"ပါဝင်ပစ္စည်းတွေက သာမန် ဖြစ်ပေမဲ့ အဲဒါကို ဘုရင်အဆင့် စိတ်ဝိညာဉ်ဆေးပင်တစ်ရာကနေ ထုတ်ယူထားတဲ့ စိတ်ဝိညာဉ်အနှစ်သာရတွေနဲ့ပဲ ချက်ထားတာ ဆိုတော့ ထူးခြားတဲ့အရသာ ရှိတယ်..."

"သခင်...မြည်းစမ်းကြည့်ပါလား..."

ဤစကားများက ကျုံးချင်၏နှုတ်ခမ်းများကို တွန့်ကွေးသွားစေခဲ့သည်။

အချိန်တခဏကြာသည်အထိ မည်သို့ပြန်ဖြေရမှန်း သူ မသိတော့ချေ။

ဓမ္မသောင်းချီနယ်ပယ်သို့ ကျင့်ကြံထားသော သက်ရှိများအတွက် သူတို့၏အချိန်အယူအဆကို နှစ်ထောင်ချီ သောင်းချီဖြင့် တိုင်းတာကြ၏။

ရိုးရိုးသားသား ပြောရလျှင် သူသည် ထိုအရာများနှင့် အနည်းငယ် အကျွမ်းတဝင် မရှိသေးချေ။

မည်သို့ပင်ဆိုစေကာမူ သူ၏လက်ရှိအသက်မှာ အများဆုံးအနေဖြင့် နှစ်ဆယ်သာ ရှိသေးသည်။

ဤအရက်အိုးသည်နှစ်တစ်သောင်းကြာ လေနှင့်နှင်းခဲများကို ဖြတ်သန်းခဲ့ပြီး ဖြစ်ပေ၏။

သူ၏ ယခင်ဘဝက ယန်ဟွမ်နိုင်ငံ၏သမိုင်းမှာ နှစ်ငါးထောင်သာ ရှိခဲ့သည်။

ထိုနှစ်များထဲမှ နှစ်တစ်ထောင်ကို လူတချို့က အသိအမှတ် မပြုကြဘဲ ထိုအရာ၏ တည်ရှိမှုတွင် ချဲ့ကားပြောဆိုမှုများ အလွန်များသည်ဟု ယုံကြည်ထားကြသည်။

အရက်အိုးတစ်အိုး၏ သမိုင်းကြောင်းက ရှေးဟောင်း ယဉ်ကျေးမှု တစ်ခုထက်ပင် သာလွန်နေခဲ့သည်။

ဤခံစားချက်မှာ အလွန်သိမ်မွေ့လှပေ၏။

ထို့ပြင် တစ်ဖက်လူ ပြောဆိုသည့် စကား၏ နောက်တစ်ဝက်ကို နားထောင်ကြည့်ရပေမည်။

ထိုအရာမှာ ဘုရင်အဆင့် စိတ်ဝိညာဉ်ဆေးပင် တစ်ရာမှ ထုတ်ယူထားသော အနှစ်သာရ သက်သက်သာဖြစ်သည်။

ကျုံးချင်သည် ယခင်က အရှေ့ပိုင်းဒေသတွင် ခရီးသွားစဉ် ဘုရင်အဆင့် စိတ်ဝိညာဉ်ဆေးပင်များ၏ တန်ဖိုးကြီးမားမှုကို နက်ရှိုင်းစွာ ခံစားခဲ့ရဖူးသည်။

ဘုရင်အဆင့် စိတ်ဝိညာဉ်ဆေးပင်တစ်ပင်တည်းကပင် ပထမတန်းစား အင်အားစု တစ်ခု၏ အခြေခံအုတ်မြစ်အဖြစ် ထမ်းဆောင်ရန် လုံလောက်ပေ၏။

ထိုအရာသည် မျိုးဆက်အစဥ်အဆက် လက်ဆင့်ကမ်းလာသော အထွတ်အထိပ် ရတနာ တစ်ခုပင် ဖြစ်နေနိုင်သည်။

အရှေ့ပိုင်းဒေသ၏ ကြီးမြတ်သော မဟာမြင့်မြတ်နယ်မြေငါးခုထဲမှ တစ်ခုအဖြစ် လူသိများသော တန်တင်းခန်းမဆောင်ပင်လျှင် ဘုရင်အဆင့် စိတ်ဝိညာဥ်ဆေးပင် နှစ်ဆယ်ထက်မက ပို၍ပိုင်ဆိုင်ထားမည် မဟုတ်ချေ။

သို့သော် ယခုအချိန်တွင် ထိုကဲ့သို့ အထွတ်အထိပ်ရတနာမျိုး ဖြစ်သော ဆေးပင်တစ်ရာကို ဝိုင်အရက်ချက်ရန် အသုံးပြုခဲ့ပြီး ထိုအရာမှာ သာမန်သာ ဖြစ်သည်ဟုပင် သူတို့က ပြောဆိုနေကြ၏။

အချိန်တခဏအတွင်းတွင် တစ်ဖက်လူက သူ့ကို ကြွားလုံးထုတ်နေသည်ဟု သူ ခံစားလိုက်ရသည်။

သို့သော် တစ်ဖက်လူ၏ မျက်လုံးများထဲရှိ ရိုးသားမှုကို မြင်တွေ့ပြီးနောက် ကျုံးချင်က ထိုသို့ မဖြစ်နိုင်ကြောင်း နားလည်သဘောပေါက်သွားသည်။

နောက်ထပ် စဉ်းစားပြီးနောက် သူ စိတ်သက်သာရာ ရသွားခဲ့ပေ၏။

သူသည် ယခုအချိန်တွင် အလယ်ပိုင်းဒေသ၌ ရှိနေသဖြင့် အရင်းအမြစ်များ ပေါကြွယ်ဝမှုမှာ အရှေ့ပိုင်းဒေသ သို့မဟုတ် မြောက်ပိုင်းဒေသ နှင့် နှိုင်းယှဉ်၍ မရနိုင်ချေ။

သူ အလယ်ပိုင်းဒေသသို့ ရောက်လာခဲ့လေပြီ။

သို့သော် သူ၏အတွေးများမှာ အများအားဖြင့် သူ၏ ယခင်အတွေ့အကြုံများတွင်သာ ကျန်ရှိနေဆဲပင်။

ထိုကဲ့သို့ အရာများနှင့် အကျွမ်းတဝင်မရှိသူမှာ သူကိုယ်တိုင်သာဖြစ်သည်။

ကျုံးချင်သည် ဝိုင်အရက်ခွက်ကို ကောက်ကိုင်ကာ အနံ့ခံကြည့်ပြီး ပြုံးလိုက်၏။

"ဒီအရက်ကို အနံ့ခံလိုက်ရုံနဲ့တင် လန်းဆန်းသွားစေတယ်..."

"ငါ ကျုံးချင်က တောင်ရောမြောက်ပါ ခရီးသွားခဲ့ဖူးပေမဲ့ ဒီလိုအရက်ကောင်းမျိုးကို မြင်ဖူးတာ ဒါက တကယ့်ကို ပထမဆုံးအကြိမ်ပဲ..."

"ငါ အားနာမနေတော့ဘူး..."

"လာ... ငါတို့အားလုံး ဒီခွက်ကို ကုန်အောင် သောက်ကြစို့..."

သူ စကားပြောဆိုနေစဉ် စားပွဲရှိ လူသုံးဦးအား ခွက်ကိုမြှောက်ကာ အဝေးမှ အရိုအသေပေးပြီး တစ်ကျိုက်တည်း မော့သောက်လိုက်သည်။

ဝိုင်အရက်က သူ၏ပါးစပ်ထဲ ဝင်သွားသည်နှင့်ကျုံးချင်၏မျက်လုံးများ တောက်ပလာခဲ့သည်။

ထိုဝိုင်အရက်တွင် ကြွယ်ဝသော သစ်သီးရနံ့ ရှိသော်လည်း နှစ်တစ်သောင်းကြာ ချက်ထားသဖြင့် ထိုအရာက ကြာရှည်ခံသော အရသာ တစ်ခုကို ပေးစွမ်းနိုင်ပေ၏။

ထိုအရာကို တစ်ငုံသောက်လိုက်ရခြင်းက ဝိုင်အရက် သောက်နေရသကဲ့သို့ မခံစားရဘဲ သမိုင်းအချိန်ကာလကို သောက်နေရသကဲ့သို့ ခံစားရသည်။

ထိုမျှသာမက ထိုဝိုင်အရက်၏အာနိသင်မှာ အလွန်ကြီးမားလှသည်။

သူ အရသာခံပြီးနောက် မီးတောက်တစ်ခုက သူ၏ ဝမ်းဗိုက်အောက်ပိုင်းတွင် လောင်ကျွမ်းနေသကဲ့သို့ ဖြစ်သွားခဲ့ပေ၏။

ထိုအရာက နွေးထွေးသော ခံစားချက်တစ်ခုကို ပေးစွမ်းနိုင်သည်။

ဤသည်က သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို နွေးထွေးသွားစေသည်။

ထိုဝိုင်အရက်က သူ၏စိတ်ကို သက်သောင့်သက်သာ ဖြစ်စေသည့်အပြင် သူ၏ စိတ်ဝိညာဉ်မှာလည်း တက်ကြွမလာဘဲ မနေနိုင်ခဲ့ချေ။

သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် အဆင့်တက်ခြင်းကို ဖြတ်သန်းသွားရသည့်အလားပင်။

ထိုမျှသာမက ထိုဝိုင်အရက်၏အလွန် ကောင်းမွန်သော အရသာအပေါ် အခြေခံ၍ သူ၏ကျင့်ကြံမှုစွမ်းအားကိုပင် အနည်းငယ် တိုးတက်လာစေခဲ့သည်။

ဤတိုးတက်မှုမှာ မများလှသော်လည်း ထိုအရာက ဤဝိုင်အရက်၏တန်ဖိုးကြီးမားမှုကို ပြသနေပေ၏။

သူ၏ လက်ရှိကျင့်ကြံဆင့်ဖြင့် သူသည် ကောင်းကင်နှင့်မြေပြင် ရတနာ အမြောက်အများကို စားသုံးလျှင်ပင် တိုးတက်မှုတစ်ခုကို မြင်တွေ့ရမည် မဟုတ်​ချေ။

"ဝိုင်အရက်ကောင်းပဲ..."

ကျုံးချင်သည် မချီးကျူးဘဲ မနေနိုင်ခဲ့ချေ။

"အရှင် သဘောကျမှတော့ ဒီနေ့ နောက်ထပ် ခွက်နည်းနည်းလောက် ထပ်သောက်ရမယ်... မူးတဲ့အထိ အိမ်မပြန်ရဘူး..."

ဝူကျောက်နှင့်တခြားသူနှစ်ဦးက ထိုအရာကို မြင်တွေ့ချိန်တွင် ပြုံးလိုက်ကြ၏။

သူတို့၏ခရီးစဉ်တွင် မြင်တွေ့ခဲ့ ကြားခဲ့ရသမျှ ဝမ်းနည်းမှုများမှာ အလွန်ပျောက်ကွယ်သွားခဲ့လေပြီ။

ထိုအရာကို သူတို့၏ စိတ်အားထက်သန်သော အမူအရာများဖြင့် အစားထိုးလိုက်သည်။

ကျုံးချင်က အလွန်အမင်း သာမန်ထက် သာလွန်ထူးကဲလွန်းသည်။

သူ၏အသက်အမှန်မှာ နှစ်ဆယ်ထက် မကျော်ကြောင်း သူတို့ သိနိုင်သည်။

သို့သော် ထိုကဲ့သို့ လူတစ်ယောက်က ဓမ္မသောင်းချီနယ်ပယ်တွင်ရှိသော ကျွမ်းကျင်သူကြီးတစ်ဦးကို ရိုက်သတ်နိုင်ခဲ့ပေ၏။

ထိုကဲ့သို့ အသက်အရွယ်နှင့် ထိုကဲ့သို့ စွမ်းအားမျိုးသည် အလယ်ပိုင်းဒေသ တစ်ခုလုံးကို ကြည့်လျှင်ပင် အံ့အားသင့်စရာ ကောင်းသော တည်ရှိမှုတစ်ခုပင်။

သူ၏အနာဂတ်သည် အကန့်အသတ်မဲ့ ဖြစ်နေသည်။

အကယ်၍ သူတို့သာ ထိုကဲ့သို့ လူတစ်ယောက်နှင့် မိတ်ဆွေဖွဲ့နိုင်ပြီး ကောင်းမွန်သော ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်ပါက ထိုအရာမှာ မည်သည့် အန္တရာယ်မျှ မရှိဘဲ သူတို့အတွက် သေချာပေါက် အကျိုးရှိပေလိမ့်မည်။

ထို့ကြောင့် ကျုံးချင် ဝိုင်အရက်ကို အားရပါးရ သောက်နေသည်အား မြင်ချိန်တွင် သူတို့သည် ပို၍ပင် ပျော်ရွှင်သွားခဲ့ကြ၏။

တစ်ဖက်တွင်...

ကျုံးချင်သည် ဝိုင်အရက်ကောင်းကို သောက်ပြီး အရသာရှိသော အစားအစာများကို စားသုံးနေခဲ့သည်။

အချိန်မရွေး အလုပ်အကျွေးပြုရန် အသင့်ရှိနေသော နူးညံ့ပြီးလှပသည့် အစေခံမလေးများလည်း သူ့ကို အဖော်ပြုပေးနေကြ၏။

တခြားတစ်ဖက်တွင်မူ..

ရှန်ဖေး၏ဘဝမှာ ထိုမျှထိ မကောင်းမွန်ခဲ့ချေ။

All Chapters