← Chapters

လုံးဝမကုန်ခမ်းနိုင်ဘူး

Vol. 40 Ch. 395

လုံးဝမကုန်ခမ်းနိုင်ဘူး

Vol. 40 Ch. 395

အစ်ကိုကျုံး... ဒီအကြောင်းတွေ ဆက်မပြောကြရအောင်..."

"အဲ့ဒါကို ပြောရတာ ကံဆိုးတယ်..."

"ပျော်စရာကောင်းတဲ့ ကိစ္စတစ်ခုအကြောင်း ပြောကြရအောင်..."

ရှန်ဖေးသည် ဂူပေါက်ဝသို့ ပြေးသွားပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။

ပတ်ဝန်းကျင်တွင် မည်သူမျှ မရှိသည်ကို မြင်ချိန်၌ သူက ကျုံးချင်ထံသို့ တိတ်တဆိတ် ချဉ်းကပ်သွားသည်။

"အစ်ကိုကျုံး... ကြည့်ပါအုံး... ဒါက ဘာလဲ..."

သူ စကားပြောနေစဉ် ရတနာတစ်ခုကဲ့သို့ ပစ္စည်းတစ်ခုကို သတိကြီးစွာထား၍ ဆွဲထုတ်လိုက်၏။

ထိုအရာမှာ သူ ရှာတွေ့ခဲ့သော နတ်ဆိုးသားရဲ၏ အတွင်းပိုင်းအမြုတေပင်။

ထိုနတ်ဆိုးသားရဲအမြုတေသည် မှိန်ဖျော့သော အလင်းရောင်ဖြင့် တောက်ပနေပြီး တလိမ့်လိမ့်ထနေသော စွမ်းအားများ ပါဝင်နေသည်။

ကျုံးချင်က ထိုအရာကို တစ်ချက်ကြည့်ပြီးနောက် သူ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

"ဒါ... ဒါက သာမန်နတ်ဆိုးသားရဲရဲ့ အတွင်းပိုင်းအမြုတေတစ်ခု မဟုတ်ဘူးလား..."

သူ ဤစကားကို ပြောလိုက်သည်နှင့် တပြိုင်နက် ရှန်ဖေးက ချက်ချင်းခုန်ပေါက်ကာ ချဲ့ကား၍ ပြောဆိုလိုက်၏။

"အစ်ကိုကျုံး... ခင်ဗျားက တကယ်ပဲ မသိတာလား ဒါမှမဟုတ် မသိချင်ယောင် ဆောင်နေတာလား..."

"ဒါက ဘယ်လိုလုပ်ပြီး သာမန် နတ်ဆိုးသားရဲရဲ့ အတွင်းပိုင်းအမြုတေ ဖြစ်နိုင်မှာလဲ..."

"ဒါက ယန်သုံးပါးနယ်ပယ် နတ်ဆိုးသားရဲရဲ့ အတွင်းပိုင်းအမြုတေ ပါ..."

"ဒါကို ပိုင်ဆိုင်ထားတာက ဘာကို ဆိုလိုတာလဲဆိုတာ ခင်ဗျား သိလား..."

ကျုံးချင်က မေးမြန်းသည်။

"ဘာကို ဆိုလိုတာလဲ..."

"ဟူး..."

ရှန်ဖေးသည် ကျုံးချင်၏တွေးတောပုံကြောင့် အရှုံးပေးကာ သူ၏မျက်ခုံးများကို ပွတ်သပ်လိုက်သည်။ သူက ကူကယ်ရာမဲ့စွာ ရှင်းပြလိုက်၏။

"အစ်ကိုကျုံး... ဒါက အသက်ကို ကယ်တင်နိုင်တဲ့ အရာတစ်ခုပါ..."

"စဉ်းစားကြည့်လေ... ဒီသတ္တုတွင်းထဲမှာ ကျွန်တော်တို့က တာဝန်တွေကို အချိန်မီ ပြီးမြောက်နိုင်ပြီး လက်ရှိအချိန်မှာ အသက်အန္တရာယ် ခြိမ်းခြောက်မှု မရှိပေမဲ့..."

"လူတွေအတွက်ကတော့ နောင်တရတာထက် ကြိုတင်ကာကွယ်တာက ပိုကောင်းတယ်လေ..."

"သတ္တုတွင်းက အရမ်းဖရိုဖရဲဖြစ်နေတာ... ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်တွေကို ဒဏ်ရာရစေမယ့် ရုတ်တရက် အခြေအနေတစ်ခုခုနဲ့ ဘယ်အချိန်မှာ ကြုံတွေ့ရမလဲဆိုတာ ပြောဖို့ ခက်တယ်..."

"အဲဒီအချိန်ကျရင် ကျွန်တော်တို့က ဒီ နတ်ဆိုးသားရဲရဲ့ အတွင်းပိုင်းအမြုတေကို သန့်စင်နိုင်မယ်ဆိုရင် အပိုအသက်တစ်ချောင်းရတာနဲ့ မတူဘူးလား..."

သူက ကျုံးချင်၏ပခုံးကို ပုတ်လိုက်၏။

"အစ်ကိုကျုံး... ဒီရတနာက အရမ်း အရေးကြီးတယ်... သတင်းသာပေါက်ကြားသွားရင် တခြားသူတွေက လိုချင်တပ်မက်မှာ မဟုတ်ဘူးလို့ အာမခံဖို့ ခက်တယ်..."

"ဒါကြောင့် ဒီကိစ္စကို မိုး မြေ ခင်ဗျားနဲ့ ကျွန်တော်ပဲ သိတာ အကောင်းဆုံးပဲ..."

"ဘယ်အခြေအနေမျိုးမှာမဆို ဒီကိစ္စက ပျံ့နှံ့သွားဖို့ မသင့်တော်ဘူး..."

"ဒီပစ္စည်းကို လောလောဆယ် ကျွန်တော့်ဆီမှာ ယာယီသိမ်းထားပါ့မယ်..."

"တကယ်လို့ ခင်ဗျား အနာဂတ်မှာ အခြေအနေ တစ်ခုခု ဒါမှမဟုတ် မတော်တဆမှု တစ်ခုခု ကြုံရရင် အချိန်မရွေး လာယူလို့ရတယ်..."

သူ စကားပြောဆိုနေစဉ် သူ၏လက်ထဲရှိ နတ်ဆိုးသားရဲ၏ အတွင်းပိုင်းအမြုတေကို ရတနာတစ်ခုကို ကြည့်သကဲ့သို့ အမူအရာဖြင့် ကြည့်လိုက်၏။

သူ သက်ပြင်းချလိုက်သည်။

"ဒီပစ္စည်းက အခုကစပြီး ကျွန်တော်တို့ရဲ့ အသက်ကို ကယ်တင်မယ့် ဝှက်ဖဲတစ်ချပ် ဖြစ်လာလိမ့်မယ်..."

ထိုအရာကို မြင်တွေ့ချိန်၌ ကျုံးချင်သည် သူ၏စိတ်နှလုံးသားထဲတွင် ဖော်ပြ၍ မရနိုင်သော စိတ်ခံစားမှုတစ်ခုကို ခံစားလိုက်ရသည်။

ဤအချိန်အခိုက်အတန့်တွင် ရှန်ဖေး မည်သည်ကြောင့် ဒဏ်ရာရခဲ့သည်ကို သူ နားလည်သဘောပေါက်သွားသည်။

ရိုးရိုးသားသား ပြောရလျှင် ယန်သုံးပါးနယ်ပယ် နတ်ဆိုးသားရဲ၏ အတွင်းပိုင်းအမြုတေမှာ သူ့အတွက် အလွန်အဖိုးတန်သော ပစ္စည်းတစ်ခု မဟုတ်ချေ။

ထို့ပြင် သူသည် သတ္တုတွင်းကို ယာယီမှတ်တိုင်တစ်ခုအဖြစ်သာ သတ်မှတ်ထားပြီး အချိန်ကြာမြင့်စွာနေရန် တစ်ကြိမ်တစ်ခါမျှ ရည်ရွယ်မထားခဲ့ချေ။

အစစ်အမှန် သတ္တုတွင်းကျွန်တစ်ဦးအတွက် နတ်ဆိုးသားရဲ၏ အတွင်းပိုင်းအမြုတေက မည်သည့်အရာကို ဆိုလိုသည်အား သူ နားမလည်ခဲ့ခြင်းပင်။

သို့သော် ရှန်ဖေးသည် သူ၏အစီအစဉ်များကို မသိခဲ့ချေ။

ဤနေရာတွင် အချိန်ကြာမြင့်စွာ နေထိုင်ရန် ပြင်ဆင်မှုများပင် သူ့ထံတွင် ရှိနေခဲ့ပေ၏။

ထိုသို့ဆိုသည့်တိုင် ရှန်ဖေးသည် ထိုမျှ ခက်ခက်ခဲခဲ ရရှိခဲ့သော အတွင်းပိုင်းအမြုတေကို သူ့အား ချက်ချင်းဖွင့်ပြောခဲ့သည်။

ထို့ပြင် အနာဂတ်တွင် ထိုအရာကို သူနှင့် မျှဝေနိုင်သည်ဟုလည်း ရှန်ဖေးက ပြောဆိုခဲ့သည်။

ဤရိုးရှင်းသော ခင်မင်မှုက ကျုံးချင်ကို စိတ်လှုပ်ရှားသွားစေခဲ့သည်။

အချိန်တခဏကြာအတွင်းတွင် ရှန်ဖေးကို ကြည့်နေသော သူ၏အမူအရာ အနည်းငယ် ရှုပ်ထွေးနေပေ၏။

သူက ဖန်ဆင်းခြင်းဆေးလုံးတစ်လုံးကို ပေါ့ပေါ့ပါးပါး ဆွဲထုတ်လိုက်သည်။

ဤအရာမှာ သေလုမျောပါးလူများကို ပြန်လည်ကောင်းမွန်စေနိုင်ခြင်း၊ အရိုးများကို ပြန်လည် ကြီးထွားစေနိုင်ခြင်းနှင့် ဖျားနာမှုများနှင့် ဒဏ်ရာများကို ကုသပေးနိုင်သည့် စနစ်တက်ရောက်စာရင်းသွင်းခြင်းမှ သူ ရရှိခဲ့သော ပစ္စည်းတစ်ခု ပင်။

ထိုဆေးလုံးသည် အဆင့်မြင့် ကုသရေး ဆေးလုံးတစ်လုံး ဖြစ်ပေ၏။

ဤနှစ်များတလျှောက် ကျုံးချင်သည် စနစ်ထံမှ ကောင်းမွန်သော အရာများစွာကို ရရှိခဲ့ကာ ကုသရေး ဆေးလုံးများစွာလည်း ရှိနေသည်။

ထိုအရာများကို သူ အသုံးမပြုခဲ့ရသဖြင့် သူ၏ ဂိုဒေါင်ထဲတွင် ဖုန်တက်နေခဲ့သည်။

သို့သော် ယခုအချိန်၌ ထိုဆေးလုံးများကို ရှန်ဖေး၏ဒဏ်ရာများအား ကုသရန် အသုံးပြုနိုင်လေပြီ။

ကျုံးချင်က ဖန်ဆင်းခြင်းဆေးလုံးကို ရှန်ဖေးထံသို့ပေးပြီး ပြောဆိုသည်။

"မင်းရဲ့ဒဏ်ရာတွေက မပေါ့ဘူး... မင်းအတွက် အသက်အန္တရာယ်မရှိပေမဲ့ သန်ဘက်ခါကျရင် အလုပ် ပြန်စရတော့မယ်..."

"မင်းရဲ့ဒဏ်ရာတွေနဲ့ဆိုရင် အဲ့ဒီအချိန်ကျရင် အများကြီး ဒုက္ခရောက်လိမ့်မယ်..."

"ဒီဆေးလုံးကို သောက်လိုက်ပါ..."

ကျုံးချင်၏လက်ထဲရှိ နဂါးမျက်လုံး အရွယ်အစားရှိသော ဆေးလုံးကို မြင်တွေ့ချိန်တွင် ရှန်ဖေးသည် အံ့အားသင့်သွားပေ၏။

"ကျွန်တော်တို့ သတ္တုတွင်းထဲကို ဝင်လာတုန်းက ပိုင်ဆိုင်မှုတွေအားလုံး သိမ်းခံလိုက်ရတာ မဟုတ်လား..."

"ဒါကို ဘယ်က ရလာတာလဲ..."

ထိုဆေးလုံးမှာ စနစ်က ပေးထားကြောင်း ကျုံးချင်က ရှင်းပြမည် မဟုတ်ချေ။

သူက သာမန်ကာလျှံကာ ပြောဆိုလိုက်၏။

"ဘယ်က ရလာလဲဆိုတာ စိတ်မပူပါနဲ့...ယူသာ ယူလိုက်ပါ...မင်းအတွက် ငါ အစောင့် လုပ်ပေးမယ်...ဆေးစွမ်းအားတွေ အားလုံးကို သန့်စင်ပြီးရင် မင်း ပြန်ကောင်းလာလိမ့်မယ်..."

ရှန်ဖေးက ဆေးလုံးကို သတိကြီးစွာထား၍ ယူလိုက်သည်။

ထိုဆေးလုံးသည် အလင်းရောင်များဖြင့် တလက်လက် တောက်ပနေပြီး သန့်စင်သော အဖြူရောင်ဖြစ်ကာ ကြွယ်ဝသည့် သက်စောင့်စွမ်းအားများ ပါဝင်နေသည်။ ထိုဆေးကို အနံ့ခံလိုက်ရုံဖြင့် သူ၏ဒဏ်ရာများ သိသိသာသာ သက်သာလာကြောင်း သူ ခံစားမိလေ၏။

ဤအရာက သူ့ကို များစွာအံ့အားသင့်သွားစေခဲ့သည်။

ရှန်ဖေး၏စွမ်းအားမှာ မကြီးမားသော်လည်း သူ၏ခွဲခြားသိမြင်နိုင်စွမ်းမှာ အလွန်အမင်း ထက်မြက်လှသည်။

ဤဆေးလုံး၏အရည်အသွေးမှာ သာမန်ထက် သာလွန်ထူးကဲကြောင်း သူ သိထားသည်။

ပြင်ပကမ္ဘာတွင်ပင် ထိုဆေးသည် တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ခု ဖြစ်ပေလိမ့်မည်။

ဤဆင်းရဲနွမ်းပါးသော သတ္တုတွင်းတွင်မူ ဆိုဖွယ်ရာ မရှိတော့ချေ။

သူ ထိုဆေးလုံးကို ပို၍စစ်ဆေးလေလေ ထိုအရာ၏ သာမန်ထက် လွန်ကဲသော သဘာဝကို ပို၍ခံစားရလေလေပင်။

"နှမြောစရာကြီး..."

"ကျွန်တော့်အတွက် ဒါ့ကို အသုံးပြုတာက တကယ့်ကို နှမြောစရာ ကောင်းလွန်းတယ်..."

"အစ်ကိုကျုံး... ဆေးလုံးကို မြန်မြန်ပြန်သိမ်းလိုက်ပါ..."

"ဒီလို အဖိုးတန်ဆေးလုံးမျိုးက အရေးကြီးတဲ့ အချိန်တွေမှာ အသက်ကို ကယ်တင်နိုင်တယ်..."

"ဒီအရာရဲ့တန်ဖိုးက နတ်ဆိုးသားရဲရဲ့ အတွင်းပိုင်းအမြုတေထက် အများကြီးပိုပြီး သာလွန်တယ်..."

"ကျွန်တော်က နံရိုးနည်းနည်းပဲ ကျိုးတာပါ... ဒီလိုမျိုး သက်တမ်းတိုးစေတဲ့ အဖိုးတန်ဆေးလုံးမျိုးကို ဘယ်လိုလုပ်ပြီး သုံးနိုင်မှာလဲ..."

သူ စကားပြောဆိုနေစဉ်မှာပင် သူသည် ဆေးလုံးကို ကျုံးချင်ထံသို့ အလျှင်အမြန် ပြန်ပေးလိုက်၏။

ထို့ပြင် ဆေးလုံးကို ပြန်သိမ်းထားရန် သူ့ကို အဆက်မပြတ် တိုက်တွန်းနေခဲ့သည်။

ကျုံးချင် ဆွံ့အသွားသည်။

"..."

သူ ပေးထားသောအရာကို သူ တစ်ကြိမ်တစ်ခါမျှ ပြန်မယူဖူးချေ။

"ညီအစ်ကိုရှန်... ငါ့မှာ ဒီလိုဆေးလုံးမျိုးတွေ ရှိနေသေးတယ်...မင်း သုံးလိုက်ရင် အဆင်ပြေပါတယ်..."

သို့သော် ရှန်ဖေးက ပြတ်သားစွာ ငြင်းဆန်ခဲ့သည်။ သူသည် ကျုံးချင်ကို မျက်လုံးလှန်ကြည့်လိုက်၏။

"အစ်ကိုကျုံး... ခင်ဗျား ကျွန်တော့်ကို အရူးလို့ ထင်နေတာလား...ဒီပစ္စည်းတွေက ဂိုဏ်းကြီး တချို့မှာတောင် အရမ်းအဖိုးတန်လောက်တယ်..."

"ခင်ဗျား ကျွန်တော့်ကို ကောင်းကောင်းဆက်ဆံတယ် ဆိုတာ ကျွန်တော် သိပါတယ်... ဒါပေမဲ့ ကျွန်တော့်ကို လိမ်ပြောစရာ မလိုပါဘူး..."

"မြန်မြန် ပြန်သိမ်းလိုက်ပါ..."

"အနာဂတ်မှာ ဒီဆေးလုံးနဲ့ နတ်ဆိုးသားရဲရဲ့ အတွင်းပိုင်းအမြုတေနဲ့ဆိုရင် ကျွန်တော်တို့ရဲ့ အသက်တွေမှာ နောက်ထပ် အကာအကွယ် အလွှာနှစ်ခု ရှိလာလိမ့်မယ်..."

"အခု သုံးလိုက်တာက ဖြုန်းတီးလွန်းရာကျပြီးတော့ အလဟဿ ဖြစ်လွန်းတယ်..."

ကျုံးချင်သည် နောက်ဆုံးတွင် နားလည်သွားပေ၏။ ဤကောင်လေးသည် ဆင်းရဲလွန်းသဖြင့် ကောင်းမွန်သော အရာများကို အသုံးမပြုရက်သော ပုံမှန်ဖြစ်ရိုးဖြစ်စဥ် အဖြစ်အပျက်တစ်ခုပင်။

သူ အနည်းငယ် ပြောစရာစကားမရှိ ဖြစ်သွားခဲ့သည်။

သူ့ထံတွင် ထိုကဲ့သို့သော ဆေးလုံးများစွာ ရှိနေကြောင်း ရှန်ဖေးကို သူ ပြောပြနိုင်မည်လော...

နောက်ဆုံးတွင် ကျုံးချင်သည် လုံးလုံးလျားလျား လက်မြှောက်အရှုံးပေးလိုက်၏။

ရှန်ဖေး၏ အခြေအနေအရ သန်ဘက်ခါ အလုပ် ပြန်စချိန်တွင် သူသည် အခက်အခဲတချို့ကို ခံစားရမည် ဖြစ်သော်လည်း အသက်အန္တရာယ် ရှိမည်မဟုတ်ချေ။

ထိုအရာကို တွေးတောမိချိန်တွင် ကျုံးချင်က ပြောဆိုလိုက်သည်။

"အဲဒီလိုဆိုရင်တော့ ငါ သွားတော့မယ်..."

"တကယ်လို့ မင်း တောင့်မခံနိုင်တော့ဘူးလို့ ခံစားရရင် ငါ့ကို လာရှာလို့ရတယ်..."

သူ စကားပြောဆိုနေစဉ်မှာပင် ကျုံးချင်သည် ရှန်ဖေး၏လက်ပေါ်ရှိ ကြေးနီကွင်းပေါ်မှ ချိတ်ပိတ်ထားမှုကို တိတ်တဆိတ် အနည်းငယ်ပို၍ ဖြေလျှော့ပေးလိုက်၏။

သူ ထိုကြေးနီကွင်းကို လုံးလုံးလျားလျား မဖွင့်ပေးချင်၍ မဟုတ်ချေ။ သတ္တုတွင်းတွင် ရှိနေစဉ် သူ ထိုကြေးနီကွင်းကို အပြည့်အဝ ဖွင့်လိုက်ပါက ဖုန်းယွီဂိုဏ်းမှလူများ ရှာမတွေ့နိုင်ကြောင်း အာမခံရန် ခက်ခဲပေမည်။

လုံခြုံစေရန်အတွက်သူ့အား အများဆုံး အတိုင်းအတာအထိ ဖြေလျှော့ပေးခြင်းက လုံလောက်ပေလိမ့်မည်။

ဤအရာကို ရှန်ဖေး၏ဘေးကင်းမှုအား သေချာစေရန် သွယ်ဝိုက်သော နည်းလမ်းတစ်ခုအဖြစ်လည်း မှတ်ယူနိုင်သည်။

"သွား...သွား..."

ရှန်ဖေးက သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး အနည်းငယ် တက်ကြွနေသကဲ့သို့ ခံစားလိုက်ရသည်။

သူသည် သတင်းကောင်းကြောင့် လန်းဆန်းသွားသကဲ့သို့ ခံစားမိပေ၏။

နောက်ဆုံးတွင် သူ တစ်ယောက်တည်း ထိုင်နေကာ သူ၏လက်ချောင်းများဖြင့် ရေတွက်ရင်း တွက်ချက်လိုက်သည်။

"ဒီနတ်ဆိုးသားရဲ အတွင်းပိုင်းအမြုတေရဲ့ အရည်အသွေးအရ ချွေတာပြီး သုံးမယ်ဆိုရင် အသက်တစ်ချောင်းကို နှစ်ကြိမ် ကယ်တင်ဖို့ လုံလောက်တယ်..."

"အစ်ကိုကျုံးဆီက ဆေးလုံးရဲ့ အရည်အသွေး အရ ခွဲပြီး သုံးမယ်ဆိုရင် အသက်တစ်ချောင်းကို သုံးကြိမ် ကယ်တင်နိုင်လိမ့်မယ်..."

"ဆိုလိုတာက ငါတို့ရဲ့လက်ထဲက ပစ္စည်းတွေက အသက်တစ်ချောင်းကို စုစုပေါင်း ငါးကြိမ် ကယ်တင်နိုင်တယ်..."

"ငါးကြိမ်..."

"အဲ့ဒါက အရမ်းများတယ်..."

"ဒါတွေအားလုံးကို သုံးနိုင်မှာ မဟုတ်ဘူး... ဘယ်လိုမှ မသုံးနိုင်ဘူး..."

အဆုံးအထိ တွက်ချက်ပြီးသော ရှန်ဖေးသည် ဝမ်းသာခြင်းမပြုဘဲ မနေနိုင်ခဲ့ချေ။

ကျုံးချင်ထံတွင် မည်သည်ကြောင့် ဤမျှထိ အရည်အသွေး မြင့်မားသော ဆေးလုံးများ ရှိနေသည်ကို သူ စဉ်းစားခြင်းပင် မပြုခဲ့ချေ။

ကျုံးချင်သည် ရှာဖွေမှုကို ရှောင်လွှဲပြီး ဤဆေးလုံးကို သူ၏ခန္ဓာကိုယ်ပေါ်တွင် မည်သည်ကြောင့် သိမ်းဆည်းထားနိုင်သနည်း ဆိုသည်ကို ရှန်ဖေးက ထည့်မတွေးခဲ့ပေ။

သူ၏ အမှားအယွင်း မရှိနိုင်သော နှာခေါင်းက ကျုံးချင်၏ခန္ဓာကိုယ်ပေါ်ရှိ ရတနာ၏ အရှိန်အဝါကို မထောက်လှမ်းနိုင်ခြင်းကိုလည်း သူ ထည့်မတွက်ခဲ့ချေ။

အကယ်၍ တစ်ယောက်ယောက်က ထိုအရာကို ဝါကျတစ်ကြောင်းဖြင့် ဖော်ပြမည်ဆိုပါက သူသည် ကျုံးချင်အပေါ် အလွန်အမင်း ယုံကြည်လွန်းခြင်းပင်။

ကျုံးချင်ထံတွင် လျှို့ဝှက်ချက်တချို့ ရှိနေလျှင်တောင်မှ ထိုအရာများကို သူ တစ်ကြိမ်တစ်ခါမျှ တက်ကြွစွာ မစူးစမ်းခဲ့ဖူးသည့်အထိဖြစ်သည်။

ဤသည်မှာ သူငယ်ချင်းများနှင့် ဆက်ဆံရာတွင် ရှန်ဖေး၏နည်းလမ်းပင်။

...

All Chapters