← Chapters

မင်းတို့ ဖြစ်နေတာကိုး

Vol. 40 Ch. 396

မင်းတို့ ဖြစ်နေတာကိုး

Vol. 40 Ch. 396

အချိန်များ လျှင်မြန်စွာ ကုန်လွန်သွားပြီး နေ့ရက်များမှ လများအဖြစ်သို့ ပြောင်းလဲသွားသည်။

မျက်စိတစ်မှိတ်အတွင်း ရက်အနည်းငယ် ကုန်လွန်သွားခဲ့လေပြီ။

တာဝန်ခံများသည် သတ္တုရိုင်းသွေးကြော၏ စစ်ဆေးမှုကို ပြီးမြောက်သွားသည်နှင့်အမျှ နံပါတ်တစ်ဆယ်သတ္တုတွင်းမှ လုပ်ငန်းများ ပြန်လည်စတင်ခဲ့သည်။

လူများအားလုံး၏ တိုတောင်းပြီး ပျော်ရွှင်စရာကောင်းသော အားလပ်ရက် ပြီးဆုံးသွားပြီး သူတို့သည် အလုပ်များသော ဘဝများတွင် နောက်တစ်ကြိမ် နစ်မြောသွားကြ၏။

သေချာသည်မှာ ကျုံးချင်အတွက် သူ့ထံတွင် အားလပ်ရက် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ကွာခြားမှု သိပ်မရှိချေ။

သူ့ကို စိတ်ဓာတ်ကျစေသောအရာမှာ ဤမျှ အချိန်ကြာမြင့်စွာ ကြာပြီးနောက် သူ၏ အနာဂတ်တပည့်နှင့် ပတ်သက်၍ စနစ်ထံမှ မည်သည့်အသိပေးချက်ကိုမျှ မရရှိသေးခြင်းပင်။

သူ နောက်ထပ်လဝက်ခန့် စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်သည်။

အကယ်၍ လဝက်ကြာပြီးနောက် သူ၏ အနာဂတ်တပည့်အကြောင်း သတင်းအချက်အလက် မရှိသေးပါက သူသည် တခြား နည်းလမ်းများကို အသုံးပြုရပေလိမ့်မည်။

ဤစောင့်ဆိုင်းခြင်းတွင် နေ့ရက်များ ဖြည်းဖြည်းချင်း ကုန်လွန်သွားပေ၏။

ကျုံးချင်သည် နေ့စဉ်ခွဲတမ်းဖြစ်သော သူ၏ သတ္တုရိုင်းကို ပေးအပ်ပြီးနောက် အရက်သောက်ရန် သူ၏ဥမင်လိုဏ်ခေါင်းသို့ ပြန်သွားခဲ့သည်။

တစ်ခါတစ်ရံ၌ သူ တစ်ရေးအိပ်လေ့ရှိသည်။

ယနေ့တွင်....

သတ္တုရိုင်း တူးဖော်မှု ပို၍နက်ရှိုင်းလာသည်နှင့်အမျှ နံပါတ်ကိုးဆယ့်ခုနစ် ဥမင်လိုဏ်ခေါင်း အတွက် သတ္တုရိုင်း စုဆောင်းရေး နေရာ ပြောင်းလဲသွားပေ၏။

နံပါတ်တစ်ဆယ်သတ္တုတွင်းတွင် စုစုပေါင်း ဥမင်လိုဏ်ခေါင်း ရာပေါင်းများစွာ ရှိနေသည်။

ဥမင်လိုဏ်ခေါင်းတစ်ခုတိုင်းတွင် လူ သုံးဦးမှ ငါးဦးအထိရှိသည်။

သတ္တုတွင်း ဥမင်လိုဏ်ခေါင်းခန်းမရှိ သတ္ထုရိုင်း ပေးအပ်ရေး တည်နေရာမှာ ပုံသေမဟုတ်ချေ။

ထိုအစား သတ္တုတူးဖော်မှု နက်ရှိုင်းလာသည်နှင့်အမျှ ထိုအရာသည် ပြောင်းလဲသွားပေလိမ့်မည်။

ယနေ့တွင်..

ကျုံးချင်နှင့် ရှန်ဖေးတို့သည် သူတို့၏တာဝန်ခွဲတမ်းများကို ပေးအပ်ရန် သတ္တုတွင်း ဥမင်လိုဏ်ခေါင်း ခန်းမအသစ်သို့ ရောက်ရှိလာခဲ့ကြသည်။

ဤသတ္တုတွင်း ဥမင်လိုဏ်ခေါင်းခန်းမသည် အလွန်ကျယ်ဝန်းပြီး သူ၏ယခင်ဘဝမှ ဘောလုံးကွင်းတစ်ကွင်းစာခန့် အရွယ်အစား ရှိပေ၏။

ထိုနေရာတွင် လူများဖြင့် ပြည့်နှက်နေပြီး ကဏဦး ခန့်မှန်းချက်အရ လူတစ်ထောင်ကျော် ရှိနိုင်ကြောင်း သူ သိလိုက်သည်။

သူတို့နှစ်ယောက်သား သူတို့၏တာဝန်များကို အပ်နှံ့ပြီး ထွက်ခွာသွားရန် ဟန်ပြင်နေစဉ်တွင် ပုံရိပ်အနည်းငယ်က သူတို့ကို တိတ်တဆိတ် ဝိုင်းရံလာခဲ့သည်။

ထိုလူအုပ်စုကို မြင်ချိန်၌ ရှန်ဖေး၏မျက်နှာအမူအယာ ရုတ်တရက် ပြောင်းလဲသွားသည်။

"မင်းတို့ ထပ်ပြီးတော့ ရောက်လာပြန်ပြီလား..."

ယခုရောက်လာသူများမှာ ၃၅၂၃တို့အုပ်စုမှလွဲ၍ တခြားလူများ မဟုတ်ချေ။

၃၅၂၃ ၏ မျက်နှာသည် မှုန်ကုပ်နေပြီး သူက တီးတိုးပြောဆိုသည်။

"ကောင်လေး... ပြီးခဲ့တဲ့တစ်ကြိမ်က မင်း ကံကောင်းခဲ့တယ်... အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်က မင်းအတွက် ရပ်တည်ပေးခဲ့တယ်...မင်းက အကောင်းနဲ့ အဆိုး ကို ခွဲခြားတတ်ရင် အဲဒီအရာကို မြန်မြန် ပေးလိုက်... မဟုတ်ရင်တော့..."

သူက ခြိမ်းခြောက်မှုအပြည့်ဖြင့် လှောင်ပြောင်လိုက်သည်။

"အကြိမ်တိုင်း တစ်ယောက်ယောက်က မင်းကို လာကယ်မှာ မဟုတ်ဘူး..."

ဤမျှထိ ပေါ်ပေါ်ထင်ထင် ခြိမ်းခြောက်ခံရခြင်းက ရှန်ဖေးကို အလွန်အမင်း နာကြည်းသွားစေခဲ့သည်။

လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီး ထွက်ပေါ်လာကာ သူ့ကို ကယ်တင်ပြီးနောက် ဤကိစ္စ ပြီးဆုံးသွားပြီဟု သူ ထင်မှတ်ခဲ့ပေ၏။

ဤလူအုပ်စုသည် ဤမျှထိ မောက်မာလိမ့်မည်ဟု သူ တစ်ကြိမ်တစ်ခါမျှ မျှော်လင့်မထားခဲ့ချေ။

သူတို့သည် နေ့ခင်းကြောင်တောင် လူများအားလုံး၏ရှေ့တွင် သူ့ကို ပေါ်ပေါ်ထင်ထင် ခြိမ်းခြောက်ရန်ပင် အတင့်ရဲကြသည်။

မလှမ်းမကမ်းနေရာတွင် သတ္တုတွင်းတာဝန်ခံများပင် ရှိနေ​လေရာ သူတို့၏သတ္တိများက အမွှေးများပင် ပေါက်လုနီးပါး ဖြစ်နေလေပြီ။

ရှန်ဖေးက အော်ဟစ်လိုက်၏။

"အဲ့ဒီပုဂ္ဂိုလ်ရဲ့ဒေါသကို မင်းတို့ မကြောက်ဘူးလား..."

ဤအခိုက်အတန့်တွင် သူ့ထံ၌ ယုံကြည်မှု အလွန်အမင်း ကင်းမဲ့နေသည်။

သို့သော် ဤအရာက ကျား၏ ခွန်အားကို ငှားရမ်းသော မြေခွေးတစ်ကောင်အလား အစွမ်းထက်သော နာမည်တစ်ခုကို အသုံးချခြင်းမှ သူ့ကို မတားဆီးနိုင်ခဲ့ချေ။

၃၅၂၃ က ရွံရှာစက်ဆုပ်စွာဖြင့် လှောင်ပြောင်လိုက်သည်။

"ကောင်လေး... မင်းကိုယ်မင်း အရေးကြီးတဲ့ လူတစ်ယောက်လို့ တကယ်ကြီး ထင်နေတာလား...မင်းရဲ့ အဆင့်အတန်းက ဘာလဲ... ပြီးခဲ့တဲ့တစ်ကြိမ်မှာ အဲ့ဒီပုဂ္ဂိုလ် လှုပ်ရှားခဲ့တာက ငါတို့က သူ့ရဲ့ကျင့်ကြံမှုကို အနှောင့်အယှက် ပေးခဲ့လို့ပဲ..."

"သူက မင်းအတွက် ဒုတိယအကြိမ် ဝင်ပါပေးမယ်လို့ မင်း တကယ်ကြီး မျှော်လင့်နေတာလား..."

အမှန်အားဖြင့် လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီး၏ လွန်ခဲ့သည့်တစ်ကြိမ် ထွက်ပေါ်လာမှုက ၃၅၂၃ နှင့်တခြားသူများကို အလွန်ကြောက်လန့်သွားစေခဲ့သည်မှာ အမှန်ပင်။

သို့သော် နောက်ပိုင်းတွင် ပြန်စဉ်းစားကြည့်ချိန်၌ သူတို့သည် ထိုအချိန်က ကံဆိုးသွားခဲ့ပြီး ထိုပုဂ္ဂိုလ်၏နယ်မြေတွင် လှုပ်ရှားခဲ့မိသဖြင့် တားမြစ်ချက်တစ်ခု ဖြစ်သွားခဲ့ခြင်းသာ ဖြစ်နေသည်။

ဤအရာကို နားလည်ပြီးနောက် သူတို့အုပ်စုသည် ရှန်ဖေးထံမှ နတ်ဆိုးသားရဲ အတွင်းပိုင်းအမြုတေကို ရယူရန် ပို၍ပင် စိတ်ပိုင်းဖြတ်လိုက်ကြ၏။

ထို့ကြောင့် သူတို့သည် ဤကာလအတွင်း ရှန်ဖေး၏တည်နေရာကို တမင်သက်သက် ရှာဖွေနေခဲ့ကြသည်။

ကြိုးစားသူများကို ကောင်းကင်က စိတ်ပျက်စေမည် မဟုတ်ဘဲ သတ္တုတွင်း ဥမင်လိုဏ်ခေါင်း ခန်းမတွင် တွေ့ဆုံခွင့် ပေးလိမ့်မည်ဟု သူတို့ တစ်ကြိမ်တစ်ခါမျှ မျှော်လင့်မထားခဲ့ကြချေ။

အချိန်တခဏအတွင်း၌ အခင်းဖြစ်ပွားရာ နေရာရှိ အ​ခြေအနေမှာ အလွန်အမင်း တင်းမာနေပေ၏။

ရှန်ဖေး၏မျက်နှာအမူအယာ ပို၍ပင် ကြည့်ရဆိုးနေခဲ့သည်။

ဤလူများသည် သတ္တုတွင်း ဥမင်လိုဏ်ခေါင်း ခန်းမတွင် လှုပ်ရှားဝံ့ခြင်း ရှိမည်မဟုတ်ချေ။

သို့သော် သူတို့၏ပစ်မှတ်ထားခံရခြင်းက သတ္တုတွင်းရှိ သူ၏နေ့ရက်များကို သေချာပေါက် အလွန်အမင်း ခက်ခဲသွားစေပေလိမ့်မည်။

အချိန်တခဏအတွင်း နတ်ဆိုးသားရဲ အတွင်းပိုင်းအမြုတေကို ပေးအပ်ရန် အတွေးတစ်ခုပင် သူ၏စိတ်ထဲတွင် ပေါက်ဖွားလာသည်။

ဤအချိန်အခိုက်အတန့်တွင် ကျုံးချင်က စကားပြောဆိုလိုက်၏။

"ဒီလူတွေက အရင်က မင်းကို တိုက်ခိုက်ခဲ့တဲ့ သူတွေလား..."

သူ ဤစကားကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ၃၅၂၃တို့လူစုက အသံနက်ကြီးဖြင့် ခြိမ်းခြောက်လိုက်ကြသည်။

"ကောင်လေး... ဒါက မင်းနဲ့ ဘာမှ မဆိုင်ဘူး..."

"မင်းက အကောင်းနဲ့အဆိုးကို ခွဲခြားတတ်ရင် ချက်ချင်း ထွက်သွားလိုက်... မဟုတ်ရင် သတ္တုတွင်း ဥမင်လိုဏ်ခေါင်းက ချော်တယ်... မတော်တဆမှုတွေ ဖြစ်လာနိုင်တယ်..."

ကျုံးချင်က ထိုလူများကို လျစ်လျူရှုပြီး ရှန်ဖေးကိုသာ ကြည့်နေခဲ့သည်။

ရှန်ဖေးက ကူကယ်ရာမဲ့စွာဖြင့် ခါးသည်းသော အပြုံးတစ်ခုကို ပြုံးပြလိုက်သည်။

"အစ်ကိုကျုံး... ခင်ဗျား မြန်မြန်ထွက်သွားသင့်တယ်...ဒီကိစ္စမှာ ဝင်ပြီးမပတ်သက်ပါနဲ့..."

ကျုံးချင်က သူ၏ပခုံးကို ပုတ်လိုက်၏။

"သူတို့က မင်းကို တိုက်ခိုက်ခဲ့တဲ့ အုပ်စုလားဆိုတာပဲ ငါ့ကို ပြောပြဖို့ လိုတယ်..."

ရှန်ဖေးက ကူကယ်ရာမဲ့စွာ ခေါင်းညိတ်လိုက်သည်။ ကျုံးချင်က အဆင်ခြင်မဲ့ လှုပ်ရှားပြီး ကြီးမားသော ဆုံးရှုံးမှုကို ခံစားရမည်အား စိုးရိမ်သဖြင့် သူ အလျင်အမြန် ထပ်ပြောလိုက်သည်။

"အစ်ကိုကျုံး... ဒီလူတွေအားလုံးက ယန်သုံးပါးနယ်ပယ် မှာ ရှိတာ... ခင်ဗျား ဒါမှမဟုတ် ကျွန်တော် ယှဉ်ပြိုင်နိုင်တဲ့သူတွေ မဟုတ်ဘူး..."

"ခင်ဗျား မြန်မြန် ထွက်သွားသင့်တယ်..."

"တကယ်လို့ သူတို့က နတ်ဆိုးသားရဲရဲ့ အတွင်းပိုင်းအမြုတေကို လိုချင်တယ်ဆိုရင် သူတို့ကို ပေးလိုက်ရုံပဲ..."

"ရတနာတစ်ခုက ဘယ်လောက်ပဲ ကောင်းနေပါစေ အဲဒါကိုသုံးဖို့ ခင်ဗျား အသက်ရှင်နေဖို့ လိုတယ်... အဲ့ဒီကိစ္စအတွက် ခင်ဗျားရဲ့အသက်ကို စွန့်ရတာက မတန်ပါဘူး..."

ဤစကားများမှာ အလွန်သတ္တိနည်းပုံရသည်။ သို့သော် ဤစကားများကြားတွင် သာမန်လူတစ်ယောက်၏ အကူအညီမဲ့မှုနှင့် ခါးသည်းမှုကို ဖော်ပြနေခဲ့သည်။

ရှန်ဖေး အလျှော့ပေးလိုက်သည်ကို မြင်တွေ့ချိန်၌ ၃၅၂၃တို့လူစုက ရယ်မောလိုက်ကြသည်။

"မင်းက လိမ်မာပါးနပ်သားပဲ... ကောင်လေး တကယ်လို့ မင်းသာ အဲဒီပစ္စည်းကို စောစောက ပေးလိုက်ရင် ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး..."

"ဒီည သန်းခေါင်ယံကျရင် နံပါတ်တစ်ဆယ်သတ္တုတွင်းက ဥမင်လိုဏ်ခေါင်း သုံးဆယ့်နှစ် မှာ ငါတို့ မင်းကို စောင့်နေမယ်..."

"မင်း အချိန်မှန် ရောက်လာဖို့ ငါတို့ မျှော်လင့်တယ်... မဟုတ်ရင် အနာဂတ်မှာ မတော်တဆမှု တစ်ခုခု ဖြစ်လာရင် အဲဒီအကြောင်း ညည်းညူမနေနဲ့..."

သူတို့၏ ရည်မှန်းချက် အောင်မြင်သွားကြောင်း မြင်တွေ့ချိန်၌ ၃၅၂၃တို့လူစုသည် သူတို့၏ ခြိမ်းခြောက်မှုများကို ပြုလုပ်ပြီးနောက် ထွက်ခွာသွားကြ၏။

ယခုအချိန်၌ သူတို့သည် ရှန်ဖေး၏တာဝန်ခွဲတမ်း ပေးအပ်မည့် နေရာကို သိသွားပြီဖြစ်ရာ သူ လာမည်မဟုတ်ကြောင်းကို သူတို့ မကြောက်တော့ချေ။

အကယ်၍ သူသာ သူတို့ကို လှည့်စားဝံ့ပါက သူတို့သည် ထိုနေရာတွင် ရက်အနည်းငယ်ကြာ စိတ်ရှည်စွာ စောင့်ဆိုင်းပြီး နောက်ဆုံးတွင် လှုပ်ရှားရန် အခွင့်အရေးတစ်ခုကို ရှာတွေ့ပေလိမ့်မည်။

ထိုအချိန်ကျလျှင် ရတနာသည် သူတို့၏အပိုင်သာ ဖြစ်ပေလိမ့်မည်။

ကျုံးချင်သည် သူတို့ကို ထွက်မသွားရန် မတားဆီးခဲ့ချေ။

သူသည်လည်း တွေးတောနေကာ ထိုလူများကို ယနေ့ည၌ အပြတ်ရှင်းရန် ဆုံးဖြတ်လိုက်သည်။

ထိုလူများက တခြားသူများကို အနိုင်ကျင့်သည်အား သူ ဂရုမစိုက်ချေ။

သို့သော် ရှန်ဖေးနှင့်သူသည် ရင်းနှီးသော ဆက်ဆံရေး ရှိပြီး သူတို့က သူ၏မိတ်ဆွေကို အနိုင်ကျင့်ရဲကြသည်။

ယနေ့၌ ဤမိတ်ဆွေလေးအတွက် သူ ရပ်တည်ပေးလိုက်သည်က ပိုကောင်းပေမည်။

သို့သော် ဤလောကတွင် မတော်တဆမှုများနှင့် ပြောင်းလဲနိုင်သောအရာများ များစွာရှိနေသည်။

၃၅၂၃ တို့လေးယောက် မထွက်ခွာမီမှာပင်...

တာဝန်ခံများက သူတို့၏လမ်းကို တိုက်ရိုက်ပိတ်ဆို့ဟန့်တားလိုက်သည်။

"ငါ မင်းတို့ကို စောင့်ကြည့်နေတာ ကြာပြီ..."

"ငါတို့ရဲ့ရှေ့မှာတင် တခြားသူတွေကို ခြိမ်းခြောက်ရဲတဲ့ အမှိုက်ကောင်တွေ... မင်းတို့က ငါတို့ကို တာဝန်ခံတွေလို့ အသိအမှတ် မပြုဘူးလား..."

လူအုပ်ထဲတွင် မိုးကြိုးကြာပွတ်များကို ကိုင်ဆောင်ထားသော တာဝန်ခံသုံးယောက်က မကျေနပ်သော အမူအရာများဖြင့် ၃၅၂၃ တို့၏ လမ်းကို ပိတ်ဆို့လိုက်၏။

အကြောင်းအရင်းမှာ ၃၅၂၃ တို့အုပ်စု ရှန်ဖေးဆီ ချဉ်းကပ်သွားစဉ်က သူတို့က သတိထားမိခဲ့ခြင်းကြောင့်ပင်။

သတ္တုတွင်း ဥမင်လိုဏ်ခေါင်းခန်းမထဲတွင် လူအမြောက်အများ ရှိနေသည်။

လူများပြားလာချိန်၌ ပတ်ဝန်းကျင်နေရာတဝိုက်လုံး အလွန်ဆူညံလာသည်။

သူတို့လေးယောက်သည် လူအုပ်ထဲတွင် ထင်ရှားမှု မရှိဘဲ အထူးအာရုံစိုက်မှုကို ဆွဲဆောင်နိုင်မည် မဟုတ်ဟု တွေးထင်ခဲ့ကြ၏။

သူတို့ မသိခဲ့သည်မှာ သူတို့၏လှုပ်ရှားမှုတိုင်းကို တာဝန်ခံများက မြင်တွေ့နေခဲ့ခြင်းပင်။

ထို့ပြင် တာဝန်ခံ၏အသံကို ကြားချိန်၌ ကျုံးချင် အနည်းငယ် မှင်တက်သွားသည်။

သူ ထိုအသံကို အလွန်ရင်းနှီးနေသည်။

တာဝန်ခံများကို သူ ကြည့်လိုက်ချိန်၌ အံ့အားသင့်မသွားဘဲ မနေနိုင်တော့ချေ။

တစ်ဖက်ရှိ တာဝန်ခံသုံးယောက်က ကျုံးချင်၏ အကြည့်ကို ခံစားလိုက်ရပြီး သူတို့ မော့ကြည့်လိုက်ရာ အကြည့်ချင်း ဆုံမိသွားသော အချိန်တွင် သူတို့လည်း မှင်တက်သွားသည်။

အကြည့်တော်တော်များများ လေထဲတွင် ယှက်နွှယ်သွားပြီး မယုံကြည်နိုင်မှု အရိပ်အယောင်များကို ပြသနေကြသည်။

"သခင်... ဒါက ဘယ်လိုလုပ်ပြီး ခင်ဗျား ဖြစ်နိုင်မှာလဲ..."

သူတို့သုံးယောက်၏ ခေါင်းဆောင်က အံ့အားသင့်ဝမ်းသာ ဖြစ်နေခဲ့သည်။

ကျုံးချင်၏အမူအရာသည် အလွန်အမင်း ထူးဆန်းနေပေ၏။

"ငါလည်း မင်းတို့ ဖြစ်နေမယ်လို့ မျှော်လင့်မထားဘူး..."

ထိုလူသုံးဦးမှာ မကြာသေးမီက ဖုန်းလိုင်မြို့တွင် ကျုံးချင်နှင့် ညစာစားပြီး စုဝေးခဲ့ကြသော ဝူကျောက်တို့ ညီအစ်ကိုသုံးဦးမှလွဲ၍ တခြားလူများ မဟုတ်ချေ။

All Chapters