တပည့်နှင့် ပတ်သက်သော သဲလွန်စများ
Vol. 40 Ch. 398
သတ္တုတွင်း ဥမင်လိုဏ်ခေါင်းခန်းမတွင် သတ္တုတွင်းကျွန်များအားလုံး ထိုမြင်ကွင်းကို တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့ကြသည်။
ရှန်ဖေးနှင့်ကျုံးချင်တို့ကို သူတို့ ကြည့်ရှုသည့် ပုံစံမှာ အနည်းငယ် ပြောင်းလဲသွားပေ၏။
ဤလောကကြီးတွင် တောကြီးလေလေ ငှက်အမျိုးအစား စုံလင်လေလေပင်။
သို့သော် တာဝန်ခံတစ်ဦးနှင့် မိတ်ဆွေဖွဲ့နိုင်သော သတ္တုတွင်းကျွန်တစ်ဦးကိုမူ သူတို့ အမှန်တကယ်ကို တစ်ကြိမ်တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးချေ။
ဤအချိန်အခိုက်အတန့်တွင် သူတို့၏စိတ်ထဲ၌ ကျုံးချင်နှင့်ရှန်ဖေးတို့မှာ 'ရန်မစသင့်သော' ဟူသော အမှတ်တံဆိပ်ဖြင့် အမှတ်အသားပြုခြင်း ခံလိုက်ရလေပြီ။
ထိုနေရာတွင် ရှိနေသော တခြားတာဝန်ခံများထံတွင်ပင် တူညီသော အတွေး ရှိနေခဲ့ကြ၏။
ဝူကျောက်တို့သုံးဦးသည် သတ္တုတွင်းတွင် တာဝန်ခံများအဖြစ် ရောက်ရှိလာသည်မှာ အချိန်တခဏသာ ကြာမြင့်သေးသော်လည်း....
သူတို့၏စွမ်းအားမှာ အာဏာရှင်များ ဖြစ်လာရန်ပင် အလားအလာ ရှိနေသည်။
အစွမ်းထက်သူများကို လေးစားသော ဤလောကတွင် လူတိုင်းထံ၌ တူညီသော အသက်မွေးဝမ်းကျောင်း ရှိနေလျှင်ပင်....
သူတို့၏အဆင့်အတန်းမှာ သူတို့၏စွမ်းအားနှင့် ဆက်စပ်နေပေ၏။
ထိုအချက်တစ်ချက်တည်းကပင် လူအများအား သူတို့အပေါ် ရိုသေလေးစားမှုများဖြင့် ပြည့်နှက်သွားစေသည်။
လူအုပ်ထဲတွင်...
အကြည့်တစ်ခုက ကျုံးချင်အပေါ်တွင် ရပ်တန့်နေပြီး သူ့ကို အဆက်မပြတ် စောင့်ကြည့်နေခဲ့သည်။
ထိုသူမှာ လျှူယွင်ပင်။
ဤအချိန်အခိုက်အတန့်တွင် လျှူယွင်၏ မျက်လုံးများတွင် ထူးဆန်းသော အကြည့်တစ်ခုထင်ဟပ်နေသည်။
သူတို့ ပထမဆုံး တွေ့ဆုံစဉ်က သူမသည် ကျုံးချင်ကို သတိထားမိခဲ့သည်။
သူမကို ရင်ဆိုင်ရသော တခြားသူများမှာ လေးစားမှု ရှိကြသည်။ ထိုသို့မဟုတ်ပါက သူတို့သည် နာခံရို့ကျိုးနေကြ၏။
ကျုံးချင် တစ်ယောက်သာ နှိမ့်ချခြင်း မရှိသလို မောက်မာခြင်းလည်း မရှိခဲ့ချေ။
သူ၏နှလုံးသားသဘာဝမှာ တည်ငြိမ်ပြီး သာမန်လူများနှင့်မတူဘဲယုံကြည်ချက်ရှိနေသည်။
ယခု သူ့ကို ထပ်မံ၍ မြင်တွေ့ရချိန်တွင်....
ကျုံးချင်က သူမအပေါ်တွင် ပို၍ပင် ကြီးမားသော အထင်အမြင်တစ်ခုကို ပေးစွမ်းနိုင်သည်။
သတ္တုတွင်းကျွန်တစ်ယောက် အနေဖြင့် သူသည် သတ္တုတွင်း တာဝန်ခံတစ်ယောက်နှင့် အမှန်တကယ်ကို မိတ်ဆွေဖွဲ့နိုင်ခဲ့သည်။
အကယ်၍ သာမန်သတ္တုတွင်းကျွန်တစ်ယောက်တွင် ဤကဲ့သို့ အဆက်အသွယ်များ ရှိခဲ့ပါက သူတို့သည် မိုးကောင်းကင်ယံသို့ လွင့်တက်သွားလောက်အောင် ဂုဏ်ယူနေပြီး လောကတဝှမ်းလုံးကို လှည့်ပတ်ဟစ်ကြွေးနေပေမည်။
သို့သော် ကျုံးချင်ကမူ အလွန်အမင်း သိုသိုသိပ်သိပ်နေခဲ့သည်။
သူ၏နှလုံးသားသဘာဝမှာ တည်ငြိမ်ပြီး သူ၏ နည်းလမ်းများမှာ သာမန်ထက် လွန်ကဲလှပေ၏။
"ဒီလူကို ဖြစ်နိုင်ရင် သိမ်းသွင်းလို့ ရနိုင်တယ်..."
"သတ္တုတွင်းဧရိယာကနေ လွတ်မြောက်ဖို့ သူက ငါ့ကို ကူညီပေးနိုင်တယ်..."
သူမ၏မျက်လုံးများ တည်ကြည်လေးနက်နေသည်။
သူမ၏စိတ်နှလုံးသား နက်ရှိုင်းသောနေရာတွင် လှိုင်းဂယက်များနှင့် အတက်အကျတချို့ ရှိနေသည်။
ဤအချိန်အတောအတွင်း၌ သူမသည် သူမ မျက်စိကျနိုင်မည့် လူတစ်ယောက်ကို ရှာဖွေနေခဲ့လေ၏။
ယခုမှသာ ကျုံးချင်သည် သူမ၏စံနှုန်းများနှင့် အနည်းငယ် ကိုက်ညီခဲ့သည်။
ကျုံးချင်နှင့် အရင်ဆုံး အဆက်အသွယ်ပြုလုပ်ရန် သူမ ဆုံးဖြတ်လိုက်သည်။
အကယ်၍ သူမသာ သူ့ကို သိမ်းသွင်းနိုင်ပါက သတ္တုတွင်းဧရိယာမှ လွတ်မြောက်ရန် ရာခိုင်နှုန်းကိုးဆယ်ခန့် သေချာမှု ရှိနေခဲ့သည်။
ထိုအရာကို တွေးမိချိန်တွင် လျှုယွင်၏အတွေးများ လှုပ်ရှားသွားပြီး သူမသည် ကျုံးချင်နှင့် နတ်ဘုရားစိတ်အာရုံ ဆက်သွယ်မှုတစ်ခုကို စတင်လိုက်၏။
"ငါ့မှာ ဆွေးနွေးစရာ ကိစ္စတစ်ခု ရှိတယ်... လှိုဏ်ဂူနံပါတ်၉၅မှာ တွေ့ဖို့ အဆင်ပြေမလား..."
တခြားတစ်ဖက်တွင်.....
ယခုအချိန်တွင် ကျုံးချင်က ဝူကျောက်တို့ ညီအစ်ကိုသုံးဦးနှင့် စကားပြောဆိုနေသည်။
တစ်စုံတစ်ယောက်က သူ့ထံသို့ လျှို့ဝှက်စွာ သတင်းစကားတစ်ခု ပေးပို့နေသည်ကို သူ ကြားချိန်တွင်....
သူ မျက်ခုံးပင့်လိုက်သည်။
အသံလာရာသို့ ကြည့်လိုက်ရာ လူအုပ်ထဲတွင် မောက်မာထောင်လွှားစွာ မတ်တတ်ရပ်နေသော ကျက်သရေရှိသည့် ပုံရိပ်တစ်ခုကို သူ မြင်လိုက်ရ၏။
သူမသည် သူမ၏ပတ်ဝန်းကျင်ရှိ လူများနှင့် လုံးလုံးလျားလျား လိုက်ဖက်ညီမှုမရှိပုံရသည်။
တခြားသူများ၏မျက်နှာများမှာ အနည်းနှင့်အများ ညစ်ပေပြီး စုတ်ပြဲနေကြသည်။
သို့သော် ထိုအမျိုးသမီးမှာ သာမန်ထက် သာလွန်ထူးကဲကာ နတ်မိမယ်တမျှ သန့်စင်ပြီး ပုံရိပ်ယောင်ဆန်ပေ၏။
သူမသည် ကြယ်များကြားမှ တောက်ပသော လမင်းကြီးနှင့် တူညီကာ ကျောက်စရစ်ခဲများကြားမှ ပုလဲတစ်လုံးအလားပင်။
ထိုကြောင့် သူမသည် အာရုံစိုက်မှု၏ဗဟိုချက် မလွဲမသွေ ဖြစ်လာပေလိမ့်မည်။
သို့သော် ထူးဆန်းသောအရာမှာ လူတိုင်းက သူမ၏တည်ရှိမှုကို သတိမထားမိပုံရခြင်းပင်။
သူမ ထိုနေရာတွင် ရှိနေသော်လည်း လူများက သူမ၏တည်ရှိမှုကို အမြဲတစေ မသိစိတ်မှနေ၍ လျစ်လျူရှုထားကြသည်။
အကယ်၍ သူမသာ စကားမပြောခဲ့ပါက သတ္တုတွင်းတွင် ထိုကဲ့သို့ ထူးခြားသည့် တည်ရှိမှုမျိုး ရှိနေသည်ကို ကျုံးချင်ပင်လျှင် သတိထားမိမည် မဟုတ်ချေ။
"သူပဲ..."
ဤအချိန်အခိုက်အတန့်တွင် ကျုံးချင်၏စိတ်နှလုံးသား လှုပ်ရှားသွားသည်။
သူသည် ထိုအမျိုးသမီးနှင့် သိကျွမ်းမှုမရှိသည် မဟုတ်ချေ။
သတ္တုတွင်းတွင် ကြေးနီကွင်း၏ချုပ်နှောင်ထားမှုဖြင့် ဖိနှိပ်မခံရဘဲ တည်ရှိနိုင်သော တစ်ဦးတည်းသောသူမှာ သူမသာ ဖြစ်ပေ၏။
ယခင်က အချိန်တိုလေးသာ တွေ့ဆုံခဲ့ဖူးသော်လည်း ထိုအမျိုးသမီးက သူ့အပေါ် နက်ရှိုင်းသော အထင်အမြင်တစ်ခုအား ချန်ထားရစ်ခဲ့သည်။
ထိုကဲ့သို့ အမျိုးသမီးတစ်ယောက်က ရုတ်တရက် သူ့ကို လာရှာရခြင်းမှာ မည်သည့်အရာကို လိုချင်၍ ဖြစ်သနည်း...
တစ်ချိန်တည်းမှာပင်...
သူ၏စိတ်ထဲတွင် စနစ်၏အသံ ထွက်ပေါ်လာသည်။
"လက်ခံသူရဲ့ အနာဂတ်တပည့် ထွက်ပေါ်လာတာကို ထောက်လှမ်းတွေ့ရှိရပါတယ်... ကျေးဇူးပြုပြီး လက်ခံသူက သွားရောက်ပြီး သူ့ကို တပည့်အဖြစ် လက်ခံပါ..."
စနစ်၏အသံက ကျုံးချင်၏မျက်လုံးများကို တောက်ပလာစေခဲ့သည်။
သူသည် သတ္တုတွင်းထဲသို့ မည်သည်ကြောင့် ဝင်လာခြင်း ဖြစ်သနည်း...
သူ့ ပဉ္စမမြောက် အနာဂတ်တပည့်၏ တည်နေရာကို ရှာဖွေရန် မဟုတ်လော...
ထိုအနာဂတ်တပည့်မှာ တစ်ချိန်လုံး သူ၏ အနီးအနားတွင် ရှိနေလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ချေ။
ထိုအချက်က "ဖိနပ်ပေါက်အောင် ရှာဖွေနေသော်လည်း အားစိုက်ထုတ်စရာ မလိုဘဲ အလွယ်တကူ ရှာတွေ့သွားသည်" ဟူသော ဆိုရိုးစကားကို အမှန်တကယ် ပဲ့တင်ထပ်စေပေ၏။
သို့သော် ကျုံးချင်ထံတွင် မကြာမီ မေးခွန်းသစ် တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
"စနစ်... သူနဲ့ အရင်က ငါ တစ်ကြိမ်တွေ့ဖူးတယ်... ဘာလို့ အခုမှ အသိပေးတာလဲ..."
"မင်းရဲ့အပိုင် ဖြစ်လာမယ့် အရာက နောက်ဆုံးမှာ မင်းရဲ့အပိုင် ဖြစ်လာလိမ့်မယ်... မင်းရဲ့အပိုင် မဟုတ်တဲ့အရာကို မင်း အတင်းအကြပ် လုပ်လို့မရဘူး..."
"အရင်က ဆရာတပည့် ကံကြမ္မာက ထင်ရှားမှု မရှိသေးဘူး... တကယ်လို့ စနစ်က စောစောစီးစီး အသိပေးခဲ့ရင် လက်ခံသူက သူ့ကို တပည့် အဖြစ် အောင်မြင်အောင် လက်ခံနိုင်မယ့် အခွင့်အရေးတွေကို လျော့ကျသွားစေလိမ့်မယ်..."
ထိုကံကြမ္မာဟူသော အယူအဆမှာ အလွန်ဆန်းကြယ်လှသည်။
သို့သော် စနစ်၏ရှင်းပြချက်ဖြင့် ကျုံးချင် နားလည်သွားသည်။
ရိုးရိုးရှင်းရှင်းပြောရလျှင် မှန်ကန်သော အချိန်တွင် မှန်ကန်သောလူနှင့် တွေ့ဆုံမှသာ ကောင်းမွန်သော ရလဒ်တစ်ခုကို ရရှိနိုင်ပေမည်။
မည်သို့ပင်ဆိုစေကာမူ ယနေ့သည် ကောင်းမွန်သော နေ့တစ်နေ့ပင်။
သူ၏ အနာဂတ်တပည့် ထွက်ပေါ်လာခြင်းက ကျုံးချင်၏စိတ်အခြေအနေကို ကောင်းမွန်သွားစေခဲ့သည်။
သူသည် တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ လျှုယွင်အား တုံ့ပြန်အဖြေပေးလိုက်၏။
"ငါ သေချာပေါက် လာခဲ့ပါ့မယ်..."
ထိုအဖြေက လျှူယွင်ကို အနည်းငယ် မှင်တက်သွားစေခဲ့သည်။
ကျုံးချင် ဤမျှထိ လွယ်လင့်တကူ သဘောတူသွားလိမ့်မည်ဟု သူမ မျှော်လင့်မထားမိချေ။
သို့သော် အလွန်လျှင်မြန်စွာဖြင့် သူမက ပြုံးလိုက်၏။
ထိုအရာမှာ ဥာဏ်ပညာရှိသော ရွေးချယ်မှုတစ်ခုပင်။
"ငါ နင့်ကို စောင့်နေမယ်..."
သူမ၏အသံ အဆုံးသတ်သွားသည်နှင့်အမျှ လျှူယွင်သည် တိတ်တဆိတ် ဆုတ်ခွာသွားခဲ့လေပြီ။
သူမ ထွက်သွားသည်နှင့် တပြိုင်နက်...
ဤနေရာတွင် ကျုံးချင်သည် ဝူကျောက်တို့ ညီအစ်ကိုသုံးဦးကို နှုတ်ဆက်လိုက်၏။
"ဒီနေ့အတွက် မင်းတို့သုံးယောက်လုံးကို ကျေးဇူးတင်ပါတယ်..."
"နောက်တစ်နေ့ကျရင် မင်းတို့သုံးယောက်ကို ငါ အရက်တိုက်ပါ့မယ်..."
"အခု ငါ့မှာ အရေးကြီးတဲ့ ကိစ္စတစ်ခု လုပ်စရာရှိလို့ ခွင့်ပြုပါအုံး..."
ဝူကျောက်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"သခင်ရဲ့ဖိတ်ကြားမှုကို ခံရတာက ကျွန်တော်တို့ရဲ့ ဂုဏ်ယူစရာပါ..."
"သခင်... ကျေးဇူးပြုပြီး သွားပါ..."
"တကယ်လို့ သခင် အနာဂတ်မှာ တစ်ခုခု လိုအပ်ရင် ကျွန်တော်တို့ကို ပြောပါ..."
ဤသို့ဖြင့် ကျုံးချင်သည် သူတို့သုံးဦးအား နှုတ်ဆက်လိုက်၏။
သူသည် လှိုဏ်ဂူနံပါတ်၉၅သို့ ချက်ချင်းဆိုသလိုပင် အပြေးအလွှား သွားလိုက်သည်။
လှိုဏ်ဂူနံပါတ်၉၅သည် လှိုဏ်ဂူနံပါတ် ၉၇ နှင့် မဝေးလှဘဲ မိုင်အနည်းငယ်သာ ကွာဝေးသည်။
လမ်းတလျှောက်တွင် ကျုံးချင်သည် သွက်လက်စွာ လမ်းလျှောက်သွားခဲ့၏။
တခြားတစ်ဖက်တွင် ရှန်ဖေးသည် ရှေ့သို့လျှောက်လှမ်းသွားပြီး နောက်မှလိုက်သွားခဲ့သည်။
သူသည်လည်း စိတ်လှုပ်ရှားနေသည်။
"အစ်ကိုကျုံး... ခင်ဗျားမှာ ဒီလောက်ထိ အစွမ်းထက်တဲ့ အဆက်အသွယ်တွေ ရှိပြီး တာဝန်ခံတွေကိုတောင် သိနေလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်မထားခဲ့ဘူး..."
"ဒါပေမဲ့ ကျွန်တော်က ခင်ဗျားကို ဝေဖန်နေတာ မဟုတ်ဘူး... အဲ့ဒီ တာဝန်ခံတွေ တစ်ယောက်စီတိုင်းမှာ ကြီးမားတဲ့အာဏာတွေ ရှိကြတယ်..."
"ဒီအချိန်မှာ ခင်ဗျားက သူတို့နဲ့ ခင်မင်ရင်းနှီးမှု ကို ပိုပြီးခိုင်မာအောင် ပိုပြီးနက်ရှိုင်းအောင် လုပ်သင့်တာ မဟုတ်လား... ဘာလို့ ဒီလောက်ထိ အလောတကြီး ထွက်သွားရတာလဲ..."
ကျုံးချင်သည် စိတ်အခြေအနေ ကောင်းမွန်နေသဖြင့် အပြုံးနှင့် ပြောဆိုလိုက်၏။
"ခုဏက ငါ မပြောခဲ့ဘူးလား...ငါ့မှာ လုပ်စရာ အရေးကြီးတဲ့ကိစ္စတစ်ခု တကယ်ကြီး ရှိနေတယ်..."
"တာဝန်ခံတွေနဲ့ ကောင်းကောင်းအဆင်ပြေအောင် လုပ်တာထက် ပိုအရေးကြီးတာ ဘာရှိနိုင်လို့လဲ..."
ရှန်ဖေး ဇဝေဇဝါ ဖြစ်နေသည်။
သူ၏ ရိုးရှင်းသောစိတ်ထဲတွင်...
တာဝန်ခံတစ်ဦးနှင့် ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်ခြင်းမှာ မရေမတွက်နိုင်သော လူများ အိပ်မက်မက်နေသည့် အရာတစ်ခုပင်။
ထိုအဆက်အသွယ်မျိုးရှိနေပါက လူတစ်ယောက်သည် ထိုအရာကို ခိုင်မာအောင် အသည်းအသန် ကြိုးစားသင့်သည်။
သို့သော် သူ၏အစ်ကိုကျုံးမှာ အလွန်အမင်း ဂရုမစိုက်ပုံရသည်။
သူ ဤှကိစ္စကို သူ၏ မျက်လုံးများဖြင့် မြင်တွေ့ခဲ့ရပြီး သူ၏စိတ်နှလုံးသားထဲတွင် စိုးရိမ်ပူပန်နေပေ၏။
ကျုံးချင်က စကားသိပ်မပြောခဲ့ချေ။
"အဲ့ဒီကိုရောက်ရင် မင်း သိလိမ့်မယ်..."
ရှန်ဖေးသည် သတ္တုတွင်းတွင် သူနှင့် အရင်းနှီးဆုံးလူဖြစ်ရာ ထိုကိစ္စကို ဖုံးကွယ်ထားရန် အကြောင်းမရှိချေ။
သူ လျှင်မြန်စွာ လမ်းလျှောက်သွားသည်နှင့်အမျှ ရှန်ဖေး ပို၍ပင် ဇဝေဇဝါ ဖြစ်လာသည်။
သူနှင့်ကျုံးချင်တို့ သတ္တုတွင်းသို့ အတူတကွ ရောက်လာခဲ့ချိန်မှစ၍ သူ ထိုမျှထိ စိတ်လှုပ်ရှားနေသည်ကို သူ တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့ချေ။
တစ်ချိန်တည်းမှာပင် သူ၏စိတ်နှလုံးသားထဲတွင် မေးခွန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
သတ္တုတွင်းတာဝန်ခံနှင့် မိတ်ဆွေဖွဲ့ခြင်းထက် များစွာပို၍ အရေးကြီးသော ကိစ္စမျိုးက မည်သည့်အရာ ဖြစ်နိုင်မည်နည်း...
ထို့ပြင် ကျုံးချင်ကို ထိုမျှထိ စိတ်လှုပ်ရှားသွားစေနိုင်သည့် ကိစ္စမျိုးက မည်သည့်အရာ ဖြစ်နိုင်မည်နည်း....
မည်သို့ပင်ဆိုစေကာမူ သူ၏အမြင်အရ သူ၏ အစ်ကိုကျုံးသည် ပုံမှန်အားဖြင့် အလွန်အမင်း တည်ငြိမ်လှသည်။
သူ၏ စိတ်ခံစားမှုများကို သူ၏မျက်နှာပေါ်တွင် တွေ့ရခဲပေ၏။
အချိန်တခဏအတွင်း ရှန်ဖေး၏စူးစမ်းချင်စိတ်များ အလွန်အမင်း မြင့်မားလာသည်။
သူ ကျုံးချင်၏နောက်မှနေ၍ သူတို့၏ခရီးဆုံး ပန်းတိုင်သို့ လိုက်သွားချိန်တွင်...
ရှန်ဖေး၏စူးစမ်းချင်စိတ်မှာ အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။
ထိုနေရာနှင့် သူ အလွန်အကျွမ်းတဝင် ရှိပေ၏။
ယခင်က ထိုအနီးအနားတွင် နတ်ဆိုးသားရဲ၏ အတွင်းပိုင်းအမြုတေတစ်ခုကို သူ ရှာတွေ့ခဲ့သည်။
ထို့ပြင် ထိုနေရာတွင် လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးက သူ့ကို ကယ်တင်ခဲ့ခြင်းပင်။
ဖြစ်နိုင်မလား..
ကျုံးချင်က အဲ့ဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ အမျိုးသမီးကို လာရှာတာလား..
ကျုံးချင်နဲ့ အဲ့ဒီအစွမ်းထက်ပုဂ္ဂိုလ်ကြားမှာ သူ မသိတဲ့ ဆက်သွယ်မှုတစ်ခုခု ရှိနေတာလား....