← Chapters

အခန်း (၁၀၃-၁၀၄)

Vol. 11 Ch. 103-104

အခန်း (၁၀၃-၁၀၄)

Vol. 11 Ch. 103-104

အပိုင်း၁၀၃ - ရှန်ချင်းယီ ရောက်ရှိလာခြင်း

နှစ်ဖက်သဘောတူညီမှု ရပြီးတဲ့နောက်မှာတော့ စာရွက်စာတမ်းကိစ္စနဲ့ ငွေချေမှုကို တစ်ပြိုင်နက်တည်း လုပ်ဆောင်ခဲ့ကြပြီး အရောင်းအဝယ်က မြန်မြန်ဆန်ဆန်ပဲ ပြီးမြောက်သွားသည်။

အိမ်ထဲကို ရောက်တဲ့အခါ မိသားစုအကြီးအကဲဖြစ်တဲ့ ချန်အန် က အရင်ဆုံး အခန်းတစ်ခန်းကို ရွေးချယ်လိုက်ငည်။ သူ့နောက်မှာတော့ ဆောင်ဟွာယင်း က သူ့ရဲ့ ညာဘက်အခန်းကို ရွေးပြီး၊ ဂူရှင်းယွဲ့ က ဘယ်ဘက်အခန်းကို ရွေးပါတယ်။ ဝမ်ကျိယန် ကတော့ သူ့ရဲ့ တည့်တည့်က အခန်းကို ရွေးလိုက်တာကြောင့် သူဟာ ဇနီးသည်တွေရဲ့ ဝိုင်းရံမှုကို ခံလိုက်ရတော့သည်။

"ယောက်ျား... အခန်းထဲမှာ ပိုးကောင်တွေ ရှိနေသလိုပဲ၊ လာဖမ်းပေးပါဦး"

ချန်အန် တစ်ယောက် သူ့အခန်းကို ပြင်ဆင်နေစဥ် ဘေးခန်းမှဇနီးသည်ရဲ့ အသံ ထွက်ပေါ်လာသည်။ သူက ချက်ချင်းပဲ ဇနီးသည်ကို ပိုးကောင်ဖမ်းပေးဖို့ သွားကူညီရသည်။

အပြန်အလှန်အားဖြင့် သူ့ရဲ့ ဇနီးငယ်လေးကလည်း သူ့ကို ပြန်ပြီး ကူညီပေးလာသည်။

(အဟမ်း..အဟမ်း)

အိမ်သစ်မှာ အခြေချပြီးတဲ့နောက် ချန်အန်ဟာ အသံလွှင့်အဆောင်လက်ဖွဲ့ကို ထုတ်ပြီး ရှန်ချင်းယီ ဆီကို အသံပို့လွှတ်လိုက်သည်။

"ကျင့်ကြံသူ ရှန်... ကျွန်တော် အိမ်သစ်ပြောင်းပြီးပြီ။ ဒီနေ့ မွန်းတည့်မှာ အိမ်တက်ပွဲလုပ်မှာမို့ အရောက်လာခဲ့ပါဦး။"

သူ့လက်ထဲက အဆောင်လက်ဖွဲ့လေးဟာ တုန်ခါသွားပြီးနောက် ရှန်ချင်းယီရဲ့ ကြည်လင်တဲ့ အသံလေး ထွက်ပေါ်လာသည်။

အချိန်တွေက မြန်မြန်ကုန်ဆုံးသွားပြီး မိသားစု ငါးယောက်လုံး မီးဖိုချောင်ထဲမှာ ညစာအတွက် ပြင်ဆင်ရင်း အလုပ်ရှုပ်နေကြငည်။ အစာပလာတွေ ပြင်ပြီးတဲ့အခါမှာတော့ ဇနီးသည် သုံးယောက်က ချက်ပြုတ်ဖို့ တာဝန်ယူပြီး ချန်အန်ကတော့ ညွှန်ကြားသူ၊ ချန်ယုကျန်း လေးကတော့ လိုက်လံရှုပ်ပေးသူ အဖြစ် ပါဝင်ကြသည်။

ဝမ်ကျိယန်ဟာ ဂူရှင်းယွဲ့ ဘေးနားသွားရပ်ပြီး သခွားသီးသုပ် ဘယ်လိုသုပ်ရမလဲဆိုတာကို နှိမ့်ချစွာ သင်ယူနေလေသည်။ ချန်အန်ဟာ လုပ်စရာမရှိတာနဲ့ ဝမ်ကျိယန်နဲ့ ဂူရှင်းယွဲ့တို့ဆီ လျှောက်သွားပြီး သူတို့နှစ်ယောက်ကြားထဲ အတင်းဝင်တိုးလိုက်ပါတယ်။ ပြီးတော့ ဝမ်ကျိယန် ရွေးထားတဲ့ သခွားသီးကို ကြည့်ပြီး ခေါင်းခါပြလိုက်ပါတယ်။

"ယန်အာ... မင်း လွဲနေပြီ။ သခွားသီးက အဓိက မဟုတ်ဘူး၊ အချဥ်ကမှ အဓိကပဲ။"

"ဟူး... ယောက်ျားကလည်း စိတ်ရှုပ်စရာကြီး ကျွန်မက ယွဲ့အာကို မေးနေတာလေ၊ ယောက်ျားမေးတာ မဟုတ်ဘူး။ ဘာလို့ လာဝင်ရှုပ်နေတာလဲ"

ဝမ်ကျိယန်က မကျေမနပ် ပြောလာသည်။ ချန်အန်ကတော့ သူမ အခုလို ရန်တွေ့တာကို သဘောကျတာကြောင့် ကျေနပ်သွားသည်။ နောက်တော့ ဝမ်ကျိယန်ရဲ့ မျက်စောင်းအောက်မှာပဲ သမီးလေးရဲ့ လက်ကိုဆွဲပြီး မီးဖိုချောင်ထဲကနေ အပြင်ဝင်းထဲကို ထွက်လာခဲ့သည်။

မကြာခင်မှာပဲ သူ့ရဲ့ သိုလှောင်အိတ်ထဲက အဆောင်လက်ဖွဲ့လေး တုန်ခါလာပါတယ်။ ထုတ်ကြည့်လိုက်တော့ ရှန်ချင်းယီ ရောက်လာပြီး တံခါးအပြင်မှာ စောင့်နေတဲ့အကြောင်း သိလိုက်ရသည်။ ချန်အန်ဟာ ချန်ယုကျန်းလေးရဲ့ လက်ကိုဆွဲပြီး တံခါးသွားဖွင့်ပေးလိုက်သည်။

လမ်းမှာ သူ နည်းနည်း ဇဝေဇဝါ ဖြစ်သွားပုံပေါ်သည်။ သူ့ရဲ့ စိတ်ဂိဉာဥ်အာရုံက ရှန်ချင်းယီ ရောက်လာတာကို ဘာလို့ ကြိုမသိရတာလဲ ရှန်ချင်းယီမှာ နတ်ဘုရားအာရုံကို ပိတ်ဆို့နိုင်တဲ့ မှော်ပစ္စည်းတစ်ခုခု ပါလာတာ ဖြစ်နိုင်သည်။ စိတ်ဝိဉာဥ်အာရုံဆိုတာက မသိသေးတဲ့ မြေမျက်နှာသွင်ပြင်ကို စူးစမ်းဖို့ ဒါမှမဟုတ် အာရုံခံစားမှု ကောင်းအောင်လုပ်ဖို့ပဲ အသုံးဝင်ပုံရသည်။ ဘယ်ကျင့်ကြံသူ လာနေပြီလဲဆိုတာကို သိဖို့ကတော့ သိပ်ပြီး လက်တွေ့မကျလှချေ။ ဒါက စိတ်ဝိဉာဥ်အာရုံက အသုံးမကျလို့ မဟုတ်ဘဲ အာရုံပိတ်တဲ့ မှော်ပစ္စည်းတွေက နေရာတိုင်းမှာ ပေါများလွန်းလို့ ဖြစ်နိုင်သည်။

'အခြေခံအုတ်မြစ် တည်ဆောက်ခြင်း' အဆင့် ကျင့်ကြံသူတိုင်းမှာ အဲဒါမျိုး တစ်ခုစီ ရှိနေခြင်းမှာ ထုံးစံပင်။

ကျွီ...

ချန်အန်က ခြံတံခါးကို ဖွင့်လိုက်သည်။ အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ကို အမြင့်မှာ စည်းထားတဲ့ ရှန်ချင်းယီကို တွေ့လိုက်ရသည်။ မကောင်းမှုကို နှိမ်နင်းရတာ ဝါသနာပါတဲ့ ဒီအမျိုးသမီးဟာ အမြဲတမ်း ရဲရင့်ပြတ်သားတဲ့ ပုံစံရှိပြီး ဆွဲဆောင်မှု တစ်မျိုး ရှိနေလေသည်။

"ကျင့်ကြံသူ ရှန်။"

ချန်အန်က ပြုံး၍နှုတ်ဆက်လိုက်သည်။

ရှန်ချင်းယီ

"ဆေးဆရာ ချန်... ပြန်တွေ့ရပြန်ပြီနော်"

နောက်တော့ သူမရဲ့ အကြည့်က ချန်အန်ရဲ့ နောက်မှာ ပုန်းနေတဲ့ ချန်ယုကျန်းလေးဆီ ရောက်သွားသည်။

ကလေးမလေးက အရမ်းလှတာပဲလို့ သူမ ခံစားလိုက်ရသည်။ သူမက သိုလှောင်အိတ်ထဲကနေ ဝိညာဉ်မုန့်ဗူးလေး တစ်ဗူးကို ထုတ်ပြီး ပြုံးရင်း ကမ်းပေးလိုက်သည်။

"ရော့... ဒါက သမီးလေးအတွက်။ အရမ်းစားကောင်းတဲ့ 'နှလုံးသားကြည်လင်သီး' ဝိညာဉ်မုန့်လေးပါ။"

ချန်ယုကျန်းလေးက ဘာမှပြန်မပြောဘဲ ခဏလောက် တွေဝေနေပြီးမှ မုန့်ဗူးကို လှမ်းယူလိုက်သည်။ ဒါကို မြင်တော့ ချန်အန်က ငုံ့ကြည့်၍

"ယုကျန်းလေး... စကားပြောဦးလေ။ လူကြီးကို တွေ့ရင် ဦးအောင် နှုတ်ဆက်ရမယ်။ သူများဆီက လက်ဆောင်ရရင်လည်း ကျေးဇူးတင်စကား ပြောရမယ်လေ"

လို့ ဆုံးမသည်။

ရှန်ချင်းယီက ပြုံး၍ စကားဆိုသည်။

"ဆေးဆရာ ချန်ရယ်... ကလေးတွေ သူစိမ်းကြောက်တာ သဘာဝပါပဲ။ သူမ မကြိုက်တာကို အတင်းမခိုင်းပါနဲ့"

ဒါပေမဲ့ ချန်အန်ကတော့ သမီးလေးကို သူ့နောက်ကနေ ဆွဲထုတ်ပြီး နှုတ်ဆက်ခိုင်းသည်။

ချန်ယုကျန်းလေးမှာ မတတ်သာဘဲ သူ့ရဲ့ ချစ်စရာ မျက်နှာလေးကို မော့ကြည့်ရင်း

"ကျေးဇူးတင်ပါတယ်... မေမေရှန်..."

လို့ တိုးတိုးလေး ပြောလိုက်တော့သည်။

ရှန်ချင်းယီ ကြောင်သွားရသည်။ ဒါ ဘယ်လို နှုတ်ဆက်နည်းလဲ..

ချန်အန်က အနေရခက်သွားပြီး ချက်ချင်းပဲ ရှင်းပြရတော့သည်။

"ဒီလိုပါ ကျင့်ကြံသူ ရှန်... ကျွန်တော့်သမီးက အရင်က အပြင်လူတွေနဲ့ သိပ်မတွေ့ဖူးဘူး။ အိမ်ထဲမှာ သူ့မေမေ သုံးယောက်နဲ့ပဲ နေလာတာဆိုတော့ အမျိုးသမီးတွေကို မြင်ရင် အလိုလို 'မေမေ' လို့ ခေါ်မိနေတာပါ။ စိတ်ထဲ မထားပါနဲ့ဦး။"

ရှန်ချင်းယီက ခေါင်းညိတ်ပြီး

"ဪ... အဲလိုလား"

ချန်အန်က သမီးလေးကို ပြန်ပြင်ပေးသည်။

"ယုကျန်းလေး... မေမေရှန် မဟုတ်ဘူး၊ မမရှန်လို့ ခေါ်ရမှာ။ ကဲ... မမရှန်ကို ကျေးဇူးတင်တယ်လို့ မြန်မြန်ပြောလိုက်ဦး။"

"ကျေးဇူးတင်ပါတယ်... မမရှန်။" ချန်ယုကျန်းလေးက အသံနူးနူးညံ့ညံ့လေးနဲ့ ပြောလိုက်ပါတယ်။ ရှန်ချင်းယီရဲ့ စိတ်တွေ အရည်ပျော်သွားပါတော့သည်။

သူမက ချစ်စရာကောင်းတဲ့ ယုကျန်းလေးကို ကြည့်ပြီး ပွေ့ချီချင်စိတ်တွေ ပေါက်လာသည်။

"ယုကျန်းလေး... မမရှန်က သမီးကို ချီလို့ရမလားဟင်"

"ဖေဖေနဲ့ မေမေပဲ ချီလို့ရတာ..."

ချန်ယုကျန်းလေးက မလိုက်ချင်တဲ့ ပုံစံနဲ့ ငြင်းလိုက်သည်။ သူမက သူ့မေမေတွေလို လှတဲ့ နတ်သမီးလေး ဖြစ်နေရင်တောင် သူစိမ်းမို့လို့ ကြောက်နေပုံရသည်။

ရှန်ချင်းယီက နှမြောတသ ဖြစ်သွားပေမဲ့ အတင်းမချီပေ။ ချန်အန်ကတော့ သမီးလေးကို ပွေ့ချီလိုက်ပြီး ပါးလေးကို ဆွဲကာ

"ရပါတယ်... မမရှန်က လူဆိုးမဟုတ်ပါဘူး။ အချီခံလိုက်နော်... ဟုတ်ပြီလား"

အဖေဖြစ်သူက ပြောလာတော့မှ ယုကျန်းလေးက ခဏစဉ်းစားပြီး ရှန်ချင်းယီ အချီခံဖို့ သဘောတူလိုက်သည်။

ရှန်ချင်းယီကတော့ အရမ်းဝမ်းသာသွားပြီး ယုကျန်းလေးကို ရင်ခွင်ထဲ ဆွဲသွင်းကာ ပါးလေးတွေကို နမ်းလိုက်၊ ပွတ်လိုက်နဲ့ ကျေနပ်နေလေသည်။ အချီခံထားရတဲ့ ယုကျန်းလေးကတော့ တစ်ချိန်လုံး ငြိမ်နေပြီး အရင်ကထက်တောင် စကားနည်းသွားတော့သည်။

"ကလေးဆိုတော့ သူစိမ်းကြောက်နေတုန်းပဲ"

ချန်အန်က စိတ်ထဲကနေ ပြုံးလိုက်မိသည်။ နောက်တော့ ရှန်ချင်းယီကို အိမ်ထဲဖိတ်ပြီး ဧည့်ခန်းထဲမှာ ဧည့်ခံသည်။ ရှန်ချင်းယီကလည်း အစိမ်းသက်သက် ဖြစ်မနေဘဲ သဘာဝကျကျနဲ့ ထိုင်ခုံမှာ ထိုင်ရင်း ယုကျန်းလေးကို စနောက်နေလေသည်။

ဒါကိုကြည့်ပြီး ချန်အန် အံ့သြမိပါတယ်။ ရှန်ချင်းယီက ကလေးတွေကို ဒီလောက် ချစ်လိမ့်မယ်လို့ သူ မထင်ထားမိခဲ့ပေ။ အရင်က ရှန်ချင်းယီ လူသတ်တာကို မျက်တောင်မခတ်တမ်း မြင်ဖူးတော့ သူမက အေးစက်တဲ့ အမျိုးသမီးလို့ ထင်ခဲ့တာပါ။ အခုတော့ သူ တော်တော်လေး မှားသွားပြီဆိုတာ သိလိုက်ရသည်။

တစ်နာရီလောက် ကြာတော့ မိုးချုပ်စပြုလာသည်။ အဲဒီအချိန်မှာ မီးဖိုချောင်ထဲက ဇနီးသည် သုံးယောက်ဟာ ဟင်းပွဲတွေကို တစ်ပွဲပြီးတစ်ပွဲ သယ်လာပြီး ထမင်းစားပွဲပေါ်မှာ ပြင်ဆင်ကြသည်။ ရှန်ချင်းယီက ဝိုင်းကူချင်ပေမဲ့ ဧည့်သည်ဆိုတော့ ချန်အန်ကပဲ မကူညီခိုင်းဘဲ ထိုင်ခိုင်းထားသည်။

မကြာခင်မှာပဲ ဟင်းပွဲတွေ စုံသွားတော့သည်။ ဟင်း ၁၀ ပွဲနဲ့ စွပ်ပြုတ် ၂ အိုး... တကယ့်ကို ခမ်းနားတဲ့ စားပွဲကြီးပါ။ ရှန်ချင်းယီကလည်း လူမှုရေး နားလည်သူဖြစ်သည်။ အားလုံး စုံနေတုန်းမှာ သူမက သိုလှောင်အိတ်ထဲကနေအလားတူ သုံးဗူးကို ထုတ်ပြီး ချန်အန်ရဲ့ ဇနီးသည် သုံးယောက်ကို ပြုံးပြုံးလေး ပေးလိုက်သည်။ အဲဒါတွေက 'အသားအရေလှ ဆေးလုံး' တွေဖြစ်ပြီး အသားအရေကို ဖြူစင်ဝင်းပစေသည်။

ဇနီးသည်တွေကလည်း ဒါကို ကြားတော့ မျက်လုံးတွေ ဝင်းခနဲ ဖြစ်သွားကြသည်။ အစက ရှန်ချင်းယီနဲ့ နည်းနည်း စိမ်းနေကြပေမဲ့ လက်ဆောင်ရပြီးတဲ့နောက်မှာတော့ ချက်ချင်းပဲ ရင်းနှီးသွားကြသည်။

သူ့ဇနီးတွေ လက်ထဲက ဆေးလုံးတွေကို ကြည့်ပြီး ချန်အန်က မေးလာသည်။

"ကျင့်ကြံသူ ရှန်... မင်းမှာ 'အလှအပ ထိန်းသိမ်းခြင်း ဆေးလုံး'ရော ရှိလား"

ရှန်ချင်းယီက ပြုံးရင်းခေါင်းခါပြသည်။

"အဲဒီဆေးလုံးက အဆင့် ၄ ဆေးလုံးလေ။ ကျွန်မက 'အခြေခံအုတ်မြစ် တည်ဆောက်ခြင်း' အဆင့်ပဲ ရှိသေးတာ၊ အဲဒီလောက် အဖိုးတန်တဲ့အရာ ဘယ်လိုလုပ် ရှိမှာလဲ"

ချန်အန် စဉ်းစားကြည့်တော့လည်း ဟုတ်ပေသည်။ သူ တကယ်ပဲ အများကြီး မျှော်လင့်မိသွားခြင်းပင်။

.....................................................

အခန်း ၁၀၄ - တံခါးကို အတင်းအဓမ္မ လာခေါက်ခြင်း

နောက်ထပ် အချိန်အတန်ကြာတဲ့အထိ ထမင်းစားပွဲပေါ်က လူခြောက်ယောက်ဟာ မြိန်ယှက်လှတဲ့ ဟင်းလျာတွေကို သုံးဆောင်ကြတော့သည်။

ဆောင်ဟွာယင်း ကတော့ သူမရဲ့ ခင်ပွန်းက ရှန်ချင်းယီ အပေါ် စိတ်ဝင်စားမှု ရှိနေမှန်း သိထားတာကြောင့် ထမင်းစားရင်းနဲ့ သူမဆီက အချက်အလက်တွေ ရအောင် နည်းမျိုးစုံနဲ့ စကားနှိုက်လေသည်။

ရှန်ချင်းယီ ဘယ်လိုအမျိုးသား ကျင့်ကြံသူမျိုးကို သဘောကျသလဲ...

အားလပ်ချိန်မှာ ဘာဝါသနာပါသလဲ...

သူမဟာ မေးခွန်းပေါင်းစုံကို အိမ်ထောင်စုစာရင်း စစ်သလိုမျိုး အသေးစိတ် မေးမြန်းနေသည်။ ဒါပေမဲ့ ဆောင်ဟွာယင်းရဲ့ မေးခွန်းတွေက ကျွမ်းကျင်မှုတော့ ရှိသည်ဟုဆိုရမည်။ သူမက ရှန်ချင်းယီ စိတ်အနှောင့်အယှက် မဖြစ်ရလေအောင် ဝေ့ဝိုက်ပြီး အရိပ်အမြွက်ပြရင်း ရှန်ချင်းယီဘက်က အစပြုပြီး ဖွင့်ပြောလာအောင် မေးမြန်းနေတာပါ။

ဇနီးသည်ရဲ့ ပါးနပ်တဲ့ စကားလုံးတွေကြောင့် ချန်အန်ဟာ ရှန်ချင်းယီနဲ့ ပတ်သက်တဲ့ အချက်အလက် အတော်များများကို သိလိုက်ရသည်။

ပထမအချက်က သူမဟာ ဒီနှစ်မှာ အသက် ၅၅ နှစ် ရှိပါပြီ။

ဒုတိယအချက်က သူမဟာ ကလေးတွေကို ချစ်တတ်သူဖြစ်သည်။

တတိယအချက်က သူမဟာ မကောင်းမှုကို နှိမ်နင်းရတာ ဝါသနာပါသူဖြစ်ပြီး စတုတ္ထအချက်ကတော့ သူမဟာ ငယ်ငယ်ကတည်းက အချစ်ရေးနဲ့ ပတ်သက်ပြီး ဘာမှမခံစားခဲ့ဖူးဘဲ တစ်ယောက်တည်းပဲ နေထိုင်လာခဲ့တာ ဖြစ်နေသည်။

တစ်နာရီလောက် ကြာတဲ့အခါ လူတိုင်း ဗိုက်ဝသွားကြပေမဲ့ ထမင်းဝိုင်းကို ချက်ချင်း မသိမ်းကြသေး။ အဲဒီအစား စကားစမြည် ပြောဖြစ်ကြသည်။ ဆောင်ဟွာယင်းဟာ တကယ်ပင် တော်သူဖြစ်သည်။ သူမက ချန်အန်အကြောင်းတွေကိုပဲ ပြောနေပြီး ရှန်ချင်းယီ စိတ်ဝင်စားလာအောင် ချန်အန်ရဲ့ ဆွဲဆောင်မှုတွေကို အစွမ်းကုန် ကြွားလုံးထုတ်ပါတော့သည်။

"မမရှန်... မမ ယုံမှာ မဟုတ်ဘူး။ ကျွန်မယောက်ျညးက ဆေးဆရာ တစ်ယောက်ဆိုပေမဲ့ ဆရာဝန်တွေပဲ သိတဲ့ နည်းပညာတွေ အများကြီးကိုလည်း တတ်သေးတာ"

ဆောင်ဟွာယင်းက ရှန်ချင်းယီ ဘေးမှာ ထိုင်ရင်း ဂုဏ်ယူစွာ ပြောသည်။

ရှန်ချင်းယီက ပြုံးပြီး

"ဆေးဆရာ ချန်က တကယ့်ကို ပါရမီရှင်ပဲ။ ကျွန်မတို့အတွက် စံပြပါပဲ"

ချန်အန်ကတော့ လက်ယမ်းပြီး

"မဟုတ်ပါဘူး... ဟွာယင်းက ချစ်တဲ့မျက်စိနဲ့ ကြည့်လို့ပါ။ သူမယောက်ျားက ဘက်စုံတော်တယ်လို့ ထင်နေတာပါ"

နှိမ့်ချစွာ တုန့်ပြန်သည်။

"မဟုတ်ပါဘူး... ယောက်ျားက တကယ် တော်တာပါ"

ဆောင်ဟွာယင်းက သူမရဲ့ နှုတ်ခမ်းနီနီလေးကို စူပြီး ပြောသည်။ နောက်တော့ သူမ ဘေးက ရှန်ချင်းယီကို ကြည့်ပြီး

"တကယ်ပါ မမရှန်... ကျွန်မ လိမ်ပြောနေတာ မဟုတ်ဘူး။ ကျွန်မယောက်ျညးက တကယ် တော်တာ။ သူ့ရဲ့ အနှိပ်ပညာက ထူးချွန်ပြီး အရမ်းကို နေလို့ကောင်းတာ"

"မမဝမ်၊ မမဂူနဲ့ ကျွန်မဆိုရင် ယောက်ျား နှိပ်ပေးတဲ့အချိန်ဆို လေပေါ်မှာဝဲနေသလိုပဲ ခံစားရတာ။ ဘယ်လိုမှ မနေနိုင်ဘူးလေ"

"မမရှန် မယုံရင် အခုပဲ ကိုယ်တိုင် စမ်းကြည့်လို့ရတယ်နော်"

ဆောင်ဟွာယင်းဟာ သူမပြောတာ မှန်ကြောင်း သက်သေပြဖို့ ကြိုးစားနေတဲ့ ကလေးတစ်ယောက်လို ဖြစ်နေသည်။

ရှန်ချင်းယီကတော့ အနေရခက်သွားသည်။ သူမက ကာမကိစ္စတွေကို သိပ်စိတ်မဝင်စားဘူး ဆိုပေမဲ့ အိမ်ထောင်သည် အမျိုးသားတစ်ယောက်က သူမရဲ့ ခန္ဓာကိုယ်ကို နှိပ်နယ်ပေးတာက နည်းနည်းတော့ မဆီလျော်ဘူး မဟုတ်လား..

"တကယ်ပါ မမရှန်... ကျွန်မ တကယ် မလိမ်ပါဘူး"

"စမ်းကြည့်ရင် သိမှာပါ"

"ကျွန်မယောက်ျားက တကယ် တော်တာ"

ဆောင်ဟွာယင်းဟာ ချန်အန်နဲ့ ရှန်ချင်းယီတို့ ရင်းနှီးဖို့ အခွင့်အရေးရအောင် အဆက်မပြတ် တိုက်စစ်ဆင်ပါတော့သည်။

ဒါကို မြင်တော့ အမြဲတမ်း ငြိမ်နေတတ်တဲ့ ဂူရှင်းယွဲ့ ကလည်း ကူညီပေးလာသည်။

"မမရှန်... တကယ်ပါ။ ယောက်ျားရဲ့ အနှိပ်ပညာက တကယ့်ကို ထူးချွန်ပါတယ်။ ဆရာဝန်တွေထက်တောင် သာပါသေးတယ်။ စမ်းကြည့်ပါဦး"

ဘေးက ဝမ်ကျိယန် ဟာ ဒါကို ကြားတော့ သူမရဲ့ အေးစက်လှတဲ့ ညီမဖြစ်သူက ဒီလို ကူညီတတ်လိမ့်မယ်လို့ မထင်ထားတာကြောင့် အံ့သြစွာ ကြည့်မိသည်။

နောက်ဆုံးမှာတော့ ရှန်ချင်းယီဟာ ဆောင်ဟွာယင်းနဲ့ ဂူရှင်းယွဲ့တို့ရဲ့ တိုက်စစ်ကို မခုခံနိုင်တော့ချေ။ သူမက ချန်အန်ကို ကြည့်ပြီး အနေရခက်စွာနဲ့

"ဆေးဆရာ ချန်... ဒါက..."

"ကျင့်ကြံသူ ရှန်... မင်းအနေနဲ့ စိတ်မရှိဘူးဆိုရင်တော့ ကျွန်တော့်ရဲ့ အတတ်ပညာလေးကို သည်းခံပြီး ကြည့်ပေးပါဦး။ ဒါပေမဲ့ သူတို့နှစ်ယောက် ကြွားသလောက်တော့ ကောင်းမှာ မဟုတ်ပါဘူး"

ချန်အန်က မတတ်သာသလို ပြုံးပြီး ပြောလိုက်သည်။

ရှန်ချင်းယီဟာ ခဏလောက် တွေဝေသွားပြီးမှ

"ဒါဆိုရင်တော့ ဆေးဆရာ ချန်ကို ဒုက္ခပေးရတော့မှာပဲ"

"ဒါဆိုရင်... ခြေသလုံးလေးကိုပဲ နှိပ်ပေးရင်ကော ဘယ်လိုလဲ"

ချန်အန်က အနေအထားကို သိသူဖြစ်သည်။ သူက ချက်ချင်းကြီး တစ်ကိုယ်လုံး နှိပ်ပေးမယ်လို့ မပြောလိုက်ပေ။ ရှန်ချင်းယီက သူ့ဇနီး မဟုတ်တာကြောင့် သူမကို အခွင့်ကောင်းယူသလို ဖြစ်သွားရင် ရွံရှာသွားမှာကို စိုးရိမ်လို့ပါ။

ဒါကို ကြားတာနဲ့ ရှန်ချင်းယီက သူမရဲ့ သွယ်လျတဲ့ ခြေထောက်တစ်ဖက်ကို ရက်ရက်ရောရော မြှောက်ပြပြီး

"ဆေးဆရာ ချန်... ဒါကို ဘယ်လိုနှိပ်ပေးမလဲ"

"ခြေသလုံးကို ကျွန်တော့် ပေါင်ပေါ်တင်ထားလိုက်ပါ။ ကျွန်တော် ထိုင်ပြီး နှိပ်ပေးမယ်"

ချန်အန်က ပြောပြီး ထိုင်ခုံကို ရှန်ချင်းယီ ဘေးနားကို ရွှေ့လိုက်ပါတယ်။ ရှန်ချင်းယီက ခေါင်းညိတ်ပြီး သူမရဲ့ ခြေထောက်ကို ချန်အန်ရဲ့ ပေါင်ပေါ် တင်လိုက်သည်။

"ကျင့်ကြံသူ ရှန်... ဘောင်းဘီခံနေရင် နှိပ်လို့ သိပ်မကောင်းဘူး။ စိတ်မရှိဘူးဆိုရင် ဘောင်းဘီနားလေးကို လိပ်တင်ပေးမယ်လေ။ ဘယ်လိုလဲ"

"အင်း... ရပါတယ်။ ဆေးဆရာ ချန် သင့်တော်သလို လုပ်ပါ"

"ဒါဆို ကျွန်တော် စနှိပ်ပြီနော်"

"ဆေးဆရာ ချန်ကို အားနာလိုက်တာ"

ရိုးရှင်းတဲ့ စကားအသွားအလာအပြီးမှာတော့ ချန်အန်ဟာ ရှန်ချင်းယီရဲ့ ဘောင်းဘီနားကို ညင်သာစွာ လိပ်တင်လိုက်ပြီး သူမရဲ့ ဖြူစင်တဲ့ ခြေသလုံးလေးကို ဖော်လိုက်သည်။

အသားအရေက နှင်းလိုဖြူပြီး ချောမွေ့နေကာ ခြေထောက်လေးက သွယ်လျပြီး ပြည့်စုံလွန်းပါတယ်။ ဒါဟာ အိပ်မက်ထဲမှာပဲ တွေ့ရနိုင်တဲ့ ခြေသလုံးမျိုးပါ။

ချန်အန်ဟာ ဒါကို မြင်လိုက်ရတဲ့အခါ ရှန်ချင်းယီနဲ့ ပိုရင်းနှီးအောင် လုပ်ဖို့ ပိုပြီး စိတ်ပိုင်းဖြတ်လိုက်မိသည်။ သူက ဆက်ကြည့်မနေတော့ဘဲ ရှန်ချင်းယီကို ချက်ချင်း နှိပ်ပေးလေသည်။ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း သူ့ဇနီးတွေကို နှိပ်ပေးခဲ့တဲ့ အတွေ့အကြုံအားလုံးကို အသုံးချပြီး အစွမ်းကုန် နှိပ်ပေးလိုက်သည်။

ရှန်ချင်းယီဟာ မျက်မှောင်နည်းနည်း ကြုတ်သွားမိသည်။ ဒါက နာလို့ မဟုတ်ဘဲ အရမ်းကို နေလို့ကောင်းလွန်းလို့ပါ။ ချန်အန်ရဲ့ အနှိပ်ပညာက ဒီလောက်အထိ ထူးချွန်လိမ့်မယ်လို့ သူမ တကယ် မထင်ထားမိပေ။ သူက ဆေးဆရာလား၊ ဆရာဝန်လား ဒီလို အနှိပ်မျိုးကို နေ့တိုင်းသာ ခံစားရမယ်ဆိုရင် တကယ့်ကို ငြင်းဆန်နိုင်မှာ မဟုတ်ပါဘူးလို့ ရှန်ချင်းယီ စိတ်ထဲက တွေးနေမိသည်။

ချန်အန်က ရှန်ချင်းယီရဲ့ မျက်နှာအမူအရာကို အကဲခတ်နေသည်။ သူမရဲ့ အမူအရာက သူ့ဇနီးတွေ နှိပ်နယ်ခံရစဉ်က အတိုင်းပဲ ဖြစ်နေတာကို တွေ့တော့ သူက ပြုံးပြီး မေးလိုက်သည်။

"ကျင့်ကြံသူ ရှန်... ဘယ်လို ခံစားရလဲ"

"ဆေးဆရာ ချန်က တကယ့်ကို အံ့သြစရာပဲ။ အနှိပ်ပညာက ကျွမ်းကျင်တဲ့ ဆရာဝန်တွေထက်တောင် သာပါသေးတယ်။ မိတ်ဆွေကျင့်ကြံသူ ဆောင်နဲ့ ဂူတို့ ပြောတာ တကယ် မှန်တာပဲ"

သူမက ပွင့်ပွင့်လင်းလင်း ချီးကျူးလာသည်။

ချန်အန်က မျက်ခုံးပင့်ပြီး

"ကျင့်ကြံသူ ရှန်... မင်းသာ ကြိုက်တယ်ဆိုရင် နောင်ကို ခဏခဏ လာခဲ့ပါ။ ကျွန်တော် အားရင် အားသလို နှိပ်ပေးမယ်လေ"

"ဆေးဆရာ ချန်ရယ်... ဘယ်ဖြစ်မလဲ။ ရှင်လည်း အလုပ်ရှုပ်နေမှာပေါ့"

ရှန်ချင်းယီက လိုချင်ပေမဲ့ ပြတ်ပြတ်သားသား ငြင်းပယ်လိုက်သည်။ သူမက သူ့ဇနီး မဟုတ်ဘဲ ခဏခဏ အနှိပ်ခံနေဖို့က လူမှုရေးအရ မသင့်တော်ဘူးလို့ ယူဆလို့ပါ။

ချန်အန်က ကျွမ်းကျင်စွာ ဆက်နှိပ်ပေးရင်း သက်ပြင်းချကာ

"ကျင့်ကြံသူ ရှန်... အမှန်အတိုင်း ပြောရရင် ကျွန်တော့်မှာ မင်းကို အကူအညီတောင်းစရာ ရှိလို့ပါ။ မင်းဆီကနေ ပိုက်ဆံနဲ့ အကူအညီတောင်းရင် အရောင်းအဝယ်ဆန်သလို ဖြစ်မှာစိုးလို့ အခုလို နှိပ်ပေးပြီး အပြန်အလှန် ကျေးဇူးဆပ်ချင်တာပါ"

ရှန်ချင်းယီက

"ဆေးဆရာ ချန်... ဘာဖြစ်လို့လဲဆိုတာ ပွင့်ပွင့်လင်းလင်းသာ ပြောပါ"

ချန်အန်က တဲ့တိုးပဲ ပြောလိုက်သည်။

"ကျင့်ကြံသူ ရှန် သိတဲ့အတိုင်း 'သစ်သားနီတောအုပ်' က 'ဝါးရွက်တောအုပ်' နဲ့ မတူဘူး။ လုံခြုံရေးအတွက် ဘယ်ဂိုဏ်းကမှ တာဝန်ယူပေးမှာ မဟုတ်ဘူး။ နေရာက ပိုင်ရှင်မဲ့မြေ ဖြစ်နေတော့ အိမ်ထဲမှာနေရင်တောင် မလုံခြုံနိုင်ဘူး။ ကျွန်တော်က ဆေးဆရာဆိုတော့ အပြင်ကို ပစ္စည်းဝယ်ဖို့ ခဏခဏ ထွက်ရလိမ့်မယ်။ အဲဒီအခါ အိမ်မှာ ကျန်ခဲ့တဲ့ ဇနီးတွေနဲ့ သမီးအတွက် တကယ် စိုးရိမ်မိတယ်။ တစ်ယောက်ယောက်က အိမ်ထဲ အတင်းဝင်လာပြီး မကောင်းတာ လုပ်မှာကို ကြောက်လို့ပါ။ ဒါကြောင့် ကျွန်တော် အပြင်သွားတဲ့အခါမျိုးမှာ မိတ်ဆွေကျင့်ကြံသူ ရှန်အနေနဲ့ အိမ်ကိုလာပြီး သူတို့ကို ကူစောင့်ရှောက်ပေးလို့ ရမလား"

ပြောပြီးတဲ့နောက် ချန်အန်ဟာ ရှန်ချင်းယီရဲ့ မျက်လုံးတွေကို ကြည့်ပြီး သူမရဲ့ အဖြေကို ငြိမ်ငြိမ်လေး စောင့်နေသည်။ ရှန်ချင်းယီ ဘာမှမပြောခင်မှာပဲ ဆောင်ဟွာယင်းကလည်း

"မမရှန်... မမ လာမယ်ဆိုရင် ကျွန်မနဲ့ ယွဲ့အာက အရသာရှိတဲ့ မုန့်တွေ၊ ဟင်းတွေ အများကြီး လုပ်ကျွေးမှာပါ။ ကျွန်မယောက်ျားကို ကူညီပေးပါနော်"

"ဒါက..."

ရှန်ချင်းယီ ခဏလောက် တွေဝေသွားပြီးမှ ခေါင်းညိတ်လိုက်သည်။

"ကောင်းပါပြီ။"

ဒါကို ကြားတော့ ဆောင်ဟွာယင်းဟာ ဝမ်းသာအားရ ဖြစ်သွားသည်။

"အရမ်းကောင်းတာပဲ မမရှန်။ နောင်ကို အိမ်လာရင် ကျွန်မတို့က အရသာရှိတာတွေ အမြဲလုပ်ကျွေးမယ်။ တစ်ခါလာရင် တစ်မျိုး မထပ်အောင် လုပ်ပေးမှာ"

ချန်အန်လည်း ပျော်သွားပေမဲ့ စိတ်ထဲမှာပဲ ပျော်နေပြီး အပြင်မှာတော့ မပြပေ။ အဲဒီအချိန်မှာပဲ

ခြံဝင်းတံခါးကို အတင်းအဓမ္မ လာခေါက်တဲ့ အသံနဲ့အတူ ဒေါသထွက်နေတဲ့ အမျိုးသားတစ်ယောက်ရဲ့ အော်ဟစ်သံ ထွက်ပေါ်လာသည်။

"ဒုန်း ဒုန်း ဒုန်း"

"လျိုတင်း! နင် လမ်းဘေးဟာမ၊ အပြင်ထွက်ခဲ့စမ်း"

"နင် အိမ်ထဲမှာ ရှိနေတာ ငါသိတယ်။ အပြင်ထွက်ခဲ့"

"ငါ ချန်ဟူ က ပြောတဲ့အတိုင်း လုပ်တတ်တဲ့လူ။ နင်သာ ပုန်းနေပြီး အပြင်မထွက်လာရင် ဒီအိမ်စုတ်ကြီးကို ငါ မီးရှို့ပစ်မယ်"

.......................................................

All Chapters