အခန်း (၁၀၇-၁၀၈)
Vol. 11 Ch. 107-108
အခန်း ၁၀၇ - ဓားပျံစီးခြင်း အတတ်
သစ်သားနီတောအုပ် ဈေးတန်း။
ချန်အန် တစ်ယောက် လမ်းလျှောက်ကြည့်ရင်း ဒီနေရာမှာ ဆိုင်ခန်းအကြီးအကျယ် သိပ်မရှိတာကို သတိထားမိသည်။ အများစုက လမ်းဘေးဈေးသည်တွေပါပဲ။ အကြမ်းဖျင်း ကြည့်ရသလောက်တော့ 'ဝါးရွက်တောအုပ်' ရဲ့ ဗဟိုနယ်မြေထက် နည်းနည်းလေးပဲ ပိုစည်ကားတာပါ။ ဒီလိုနေရာမျိုးမှာ ကောင်းမွန်တဲ့ ကျင့်စဉ်တွေ ဒါမှမဟုတ် ဆေးနည်းတွေကို ဝယ်ဖို့က တော်တော်လေး ခက်ခဲပါလိမ့်မည်။
"ဝီလိုလမ်းက ဈေးကိုပဲ သွားမေးကြည့်ရတော့မယ် ထင်တယ်"
ချန်အန် စိတ်ထဲက တွေးလိုက်မိသည်။
ဝီလိုလမ်းကို မသွားခင် သူဟာ သစ်သားနီတောအုပ် ဈေးတန်းမှာ လိုအပ်တဲ့ ပစ္စည်းတွေကို အရင်ဝယ်သည်။ ဝိညာဉ်ဟင်းသီးဟင်းရွက် မျိုးစေ့တွေ၊ ဝိညာဉ်ကြက်တွေ၊ ဝိညာဉ်ငါးနဲ့ ငါးသားပေါက်တွေကို ဝယ်လိုက်သည်။ အဲဒါတွေကို အထူးစီမံထားတာကြောင့် သိုလှောင်အိတ်ထဲကို တိုက်ရိုက်ထည့်ထားလို့ ရတာမို့ အရမ်းကို အဆင်ပြေသည်။
သူ သိုလှောင်အိတ်ကို ထုတ်လိုက်တဲ့အခါ ဈေးသည်တွေရဲ့ မျက်နှာက ချက်ချင်းဆိုသလို အပြုံးတွေ ဝေဆာလာပြီး ဖားယားတဲ့ပုံစံ ဖြစ်သွားတာကို ချန်အန် သတိပြုမိသွားသည်။ ဒါဟာ သိုလှောင်အိတ် ရှိတဲ့သူဆိုရင် 'အခြေခံအုတ်မြစ် တည်ဆောက်ခြင်း' အဆင့်ရှိတဲ့ ကျင့်ကြံသူလို့ သတ်မှတ်ကြလို့ပါပဲ။ ဒီဈေးသည်တွေကတော့ ချီသန့်စင်ခြင်းအဆင့် နှောင်းပိုင်းသမားတွေမို့ အဆင့်မြင့်သူကို တွေ့ရင် အလိုလို ဖားယားကြခြင်း ဖြစ်မည်။
ပစ္စည်းတွေ ဝယ်ပြီးနောက် သူဟာ ဝီလိုလမ်းမှာရှိတဲ့ ဈေးကို ရောက်လာသည်။ ချန်အန်ဟာ သုံးထပ်တိုက် အဆောက်အဦးတစ်ခုဖြစ်တဲ့ "ချင်း ကုန်သွယ်ရေးကုမ္ပဏီ" ထဲကို လျှောက်ဝင်သွားသည်။ အထဲမှာ လူသိပ်မများပေမဲ့ ရှိနေတဲ့သူတွေကတော့ ချမ်းသာကြွယ်ဝတဲ့ ပုံစံတွေပါပဲ။
အမျိုးသမီး ကျင့်ကြံသူတချို့နဲ့ ကလေးတွေကလွဲရင် ကျန်တဲ့သူတွေက 'အခြေခံအုတ်မြစ် တည်ဆောက်ခြင်း' အဆင့်တွေချည်းပါပဲ။
အရင်က ဝါးရွက်တောအုပ်မှာတုန်းကတော့ ဒီအဆင့်ရှိသူတွေကို 'အရှင်သခင်' လို့ ခေါ်ခဲ့ရတာပါ။ အခု သစ်သားနီတောအုပ်မှာတော့ အခြေခံအုတ်မြစ် အဆင့်သမားတွေက နေရာတိုင်းမှာ ခွေးလို ပေါများနေပါပြီ။ ဒါကို နှိုင်းယှဉ်ကြည့်ရင်း သူ သက်ပြင်းချမိသည်။
"ဒီက ကျင့်ကြံသူ... ဘာများ ကူညီပေးရမလဲရှင်"
သူ တံခါးဝမှာ ခဏရပ်ကြည့်နေတုန်းမှာပဲ အသားအရေလှပပြီး ကိုယ်လုံးကိုယ်ပေါက် တောင့်တင်းတဲ့ အမျိုးသမီး ကျင့်ကြံသူတစ်ယောက်က ပြုံးရွှင်စွာနဲ့ လာမေးသည်။ သူမက ဒီလုပ်ငန်းရဲ့ ဝန်ထမ်းတစ်ယောက် ဖြစ်ပေမဲ့ သူမကိုယ်တိုင်ကလည်း 'အခြေခံအုတ်မြစ် တည်ဆောက်ခြင်း' အဆင့် ကျင့်ကြံသူ တစ်ယောက်ပါ။
ချန်အန်က ယဉ်ကျေးစွာပဲ ပြုံးပြပြီး
"မလိုပါဘူး၊ ကျွန်တော် ကိုယ့်ဘာသာကိုယ် အရင် ကြည့်ပါရစေဦး"
လို့ ငြင်းလိုက်ပါတယ်။ အမျိုးသမီး ဝန်ထမ်းကလည်း ယဉ်ကျေးစွာပဲ ထွက်သွားသည်။
ထို့နောက် ချန်အန်တစ်ယောက်တည်း ဆိုင်ထဲမှာ လျှောက်ကြည့်ရင်း လိုအပ်တာတွေကို ဝယ်ပါတော့သည်။
အသံလွှင့်အဆောင်လက်ဖွဲ့ (၅ စုံ): ဝိညာဉ်ကျောက်တုံး (အလတ်စား) ၁ တုံး။
အသံလုံအစီအရင်.. ဝိညာဉ်ကျောက်တုံး (အလတ်စား) ၅ တုံး။
ဓားပျံစီးခြင်း အတတ်စာအုပ်: ဝိညာဉ်ကျောက်တုံး (အလတ်စား) ၁၀ တုံး။
အသက်ရှူအောင့်အတတ်စာအုပ်: ဝိညာဉ်ကျောက်တုံး (အလတ်စား) ၁ တုံး။
အရိပ်မဲ့သတ်ဖြတ်ခြင်း အတတ် . ဝိညာဉ်ကျောက်တုံး (အဆင့်မြင့်) ၁ တုံး။
ဝိညာဉ်နိုးထဆေးနည်း: ဝိညာဉ်ကျောက်တုံး (အလတ်စား) ၂၀ တုံး။
အများကြီး ဝယ်လိုက်သလို ထင်ရပေမဲ့ စုစုပေါင်း ဝိညာဉ်ကျောက်တုံး (အဆင့်မြင့်) ၂ တုံးတောင် မပြည့်ချေ။ ချန်အန်ကတော့ မျက်တောင်မခတ်ဘဲ ငွေရှင်းလိုက်သည်။ သူက အခုချမ်းသာနေလေပြီ။ သူ့လက်ထဲက ပိုက်ဆံတွေက လူဆိုးတွေကို သတ်ပြီး ရလာတဲ့ ပိုက်ဆံတွေမို့ သူ သုံးရတာ အားမနာတော့။
သူ့ရဲ့ ရက်ရောမှုကို မြင်တော့ ဆိုင်ထဲက အမျိုးသမီး ကျင့်ကြံသူတချို့က သူ့ကို လာပြီး မိတ်ဖွဲ့ချင်ကြငည်။ ဒါပေမဲ့ ချန်အန်ကတော့ စိတ်မဝင်စားတာကြောင့် ယဉ်ကျေးစွာပဲ ငြင်းဆိုပြီး ချင်းမိသားစုရဲ့ ကုန်သွယ်ရေးဆိုင်ထဲကနေ ထွက်လာခဲ့သည်။
ချန်အန် အိမ်ပြန်ရောက်တော့ နေမဝင်သေး။ ခြံထဲမှာ ဝိညာဉ်စွမ်းအား စုဆောင်းနေတဲ့ ချန်ယုကျန်း လေးက ဖခင်ဖြစ်သူ ပြန်လာတာ မြင်တော့ "ဖေဖေ!" လို့ အော်လျက်ပြေးလာသည်။ ချန်အန်က သိုလှောင်အိတ်ထဲကနေ မုန့်ဗူးလေး ထုတ်ပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ် ဖေဖေ"
"ကျေးဇူးတင်ရုံနဲ့ မရဘူးလေ၊ ဖေဖေ့ကို နမ်းဦးမှပေါ့။"
"ပြွတ်စ်"
သမီးဖြစ်သူက သူ့ကို အားရပါးရ နမ်းလိုက်သည်။ ချန်အန်ဟာ ဖခင်တစ်ယောက်ရဲ့ ကြည်နူးမှုမျိုးနဲ့ ပြုံးလိုက်မိသည်။
အဲဒီနောက် သူဟာ ဇနီးသည် သုံးယောက်လုံးကို လက်ဆောင်ပေးလေသည်။ အဲဒါကတော့ ဝိညာဉ်ကျောက်တုံးတွေနဲ့ ကျောက်မျက်တွေနဲ့ ပြုလုပ်ထားတဲ့ ဝိညာဉ်ခြေချင်းလေးတွေပါ။ ဒါဟာ လှပရုံတင်မကဘဲ စိတ်နဲ့ ခန္ဓာကိုယ်ကို ကျန်းမာစေတယ်လို့ ဆိုသည်။ ဒါပေမဲ့ ချန်အန် စိတ်ဝင်စားတာကတော့ လှုပ်ရှားလိုက်တိုင်း ထွက်ပေါ်လာမယ့် ခြေချင်းသံလေးတွေကိုပါ။ ဇနီးသည်တွေနဲ့ အတူရှိနေတဲ့အချိန် အဲဒီအသံလေးတွေကို နားထောင်ရတာ တကယ့်ကို အရသာ ရှိမှာပါပဲ။
"ကျင့်ကြံသူ ရှန်... ဒါက မင်းအတွက်။"
ချန်အန်က ခြေချင်း ၄ ကွင်း ဝယ်ခဲ့တာပါ။ ဇနီးသည် သုံးယောက်ကို ပေးပြီး နောက်ဆုံး တစ်ကွင်းကို ရှန်ချင်းယီ ကို ပေးလိုက်သည်။
ရှန်ချင်းယီက အံ့သြသွားပြီး "ဆေးဆရာ ချန်... ကျွန်မအတွက်လည်း ပါတာလား"
ချန်အန်က ပြုံးပြီး
"မိတ်ဆွေ ရှန်က ကျွန်တော့်အိမ်ကို လာစောင့်ရှောက်ပေးရမှာဆိုတော့ ဒါက ဖားတာပါ"
ရှန်ချင်းယီက အားနာလို့ ငြင်းပေမဲ့ ချန်အန်က သူငယ်ချင်းအချင်းချင်း ပေးတဲ့ လက်ဆောင်မို့လို့ လက်ခံခိုင်းသည်။
ဘေးက ဇနီးသည် သုံးယောက်ကတော့ ဒါဟာ သူငယ်ချင်းအချင်းချင်း ပေးတဲ့ လက်ဆောင်မဟုတ်မှန်း ကောင်းကောင်းသိလေသည်။ သူတို့ ခင်ပွန်းက ရှန်ချင်းယီကိုလည်း ဇနီးတစ်ယောက်လို သဘောထားပြီး စတင် ချဉ်းကပ်နေပြီဆိုတာ ရိပ်မိကြသည်။ ဒါပေမဲ့ ရှန်ချင်းယီကတော့ အချစ်ရေးမှာ အ တော်လေး အ တာကြောင့် ဒါကို သူငယ်ချင်း လက်ဆောင်လို့ပဲ မှတ်ယူထားလေသည်။
ညစာ ပြင်ဆင်နေတုန်းမှာ ချန်အန်နဲ့ ရှန်ချင်းယီတို့ဟာ အသံလုံအစီအရင်ကို ဘယ်လို တပ်ဆင်ရမလဲဆိုတာ လေ့လာကြသည်။ တစ်နာရီလောက် ကြာတော့ သူတို့ အောင်မြင်သွားသည်။ အစီအရင်က ခြံဝင်းတစ်ခုလုံးကို လွှမ်းခြုံသွားတာပါ။ ချန်အန်က စမ်းသပ်ကြည့်တဲ့အခါ အထဲက အော်သံကို အပြင်က မကြားရသလို၊ အပြင်က အော်သံကိုလည်း အထဲက မကြားရတော့ပေ။ ချန်အန် စိတ်ထဲကနေ ကျေနပ်သွားသည်။ နောင်ဆို ဇနီးသည်တွေနဲ့ အိမ်မှာ ဘယ်လောက်ပဲ ဆူညံဆူညံ အပြင်လူတွေ ကြားမှာ မဟုတ်တော့။
အစီအရင် တပ်ဆင်ပြီးနောက် သူဝယ်လာတဲ့ မျိုးစေ့တွေ၊ ကြက်တွေနဲ့ ငါးတွေကို နေရာချသည်။ မျိုးစေ့တွေကို နောက်ဖေး ဟင်းလင်းပြင်မှာ စိုက်ပြီး၊ ကြက်တွေကို ကြက်ခြံထဲ ထည့်ကာ ငါးတွေကိုတော့ အရှေ့က ကန်ထဲမှာ လွှတ်လိုက်သည်။
"ဆေးဆရာ ချန်က တကယ့်ကို ဘက်စုံတော်တာပဲ။ အိမ်မှုကိစ္စတွေမှာလည်း ဒီလောက် ကျွမ်းကျင်တာ မြင်တော့ ကျွန်မတောင် ကိုယ့်ကိုယ်ကိုယ် ရှက်မိတယ်"
ရှန်ချင်းယီက ချီးကျူးလာသည်။
ချန်အန်က နှိမ့်ချစွာ ပြုံးလျက် တုန့်ပြန်သည်။
"ကျင့်ကြံသူရှန်ကလည်း... လူတိုင်းကတော့ ကိုယ်ကျွမ်းကျင်တဲ့ နယ်ပယ် ရှိကြတာပါပဲ။ ကျွန်တော်က အိမ်မှုကိစ္စ ကျွမ်းကျင်ပေမဲ့ ဓားပျံတောင် မစီးတတ်ဘူးဆိုတာ မင်း ယုံမလား"
"ဆေးဆရာ ချန်က ဓားပျံ မစီးတတ်ဘူး ဟုတ်လား"
ရှန်ချင်းယီ အံ့သြသွားမိသည်။ ချန်အန်လို 'ဝါးရွက်ဂိုဏ်း' ကို ဖြိုခွဲနိုင်တဲ့သူက ဓားပျံမစီးတတ်ဘူးဆိုတာ မယုံနိုင်စရာပဲ မဟုတ်လား။ ချန်အန်က သူဝယ်လာတဲ့ 'ဓားပျံစီးခြင်း အတတ်' စာအုပ်ကို ထုတ်ပြတော့မှ သူမ ယုံသွားတော့သည်။
"ဆေးဆရာ ချန်ရယ်... ဓားပျံစီးချင်ရင် ကျွန်မကို မေးပါလား၊ ဘာလို့ စာအုပ်ကို ပိုက်ဆံအကုန်ခံ ဝယ်ရတာလဲ"
ချန်အန် တစ်ယောက် နှမြောသလို ခံစားလိုက်ရသည်။
"ကျွန်တော် ဉာဏ်နည်းသွားလို့ပါ။ ဒါဆို မနက်ဖြန်ကျမှ သွားပြန်အမ်းရမယ်။ ဒါနဲ့... မိတ်ဆွေ ရှန်က ကျွန်တော့်ကို ဓားပျံစီးနည်း သင်ပေးနိုင်မလား"
"ဒါပေါ့... ဓားပျံစီးတာက သိပ်မခက်ပါဘူး။ အခြေခံအုတ်မြစ် အဆင့်ကို ရောက်နေပြီး ဝိညာဉ်စွမ်းအားကို ထိန်းချုပ်နိုင်ရင် တစ်နာရီအတွင်း တတ်ပါတယ်"
ရှန်ချင်းယီက အလွယ်တကူ ပြောလာသည်။
ချန်အန်ကတော့ အံ့သြသွားရသည်။
"အဲလောက်တောင် မြန်တာလား ဒါဆိုရင် 'ဓားပျံစီးခြင်း အတတ်' စာအုပ်ကို ဘာလို့ ဒီလောက် ဈေးကြီးပေးပြီး ရောင်းနေကြတာလဲ"
ရှန်ချင်းယီက ခေါင်းခါပြသည်။ သူမက ဂိုဏ်းမှာ သင်ခဲ့ရတာမို့ အပြင်က ဈေးနှုန်းတွေကို မသိတာပါ။ ချန်အန်ကတော့ တကယ်ပဲ နှမြောသွားပြီး မနက်ဖြန်ကျရင် ဒီစာအုပ်ကို သွားပြန်အမ်းမယ်လို့ ဆုံးဖြတ်လိုက်ပါတော့သည်။
..............................................................
အခန်း ၁၀၈ - ကြိုတင်ပြင်ဆင်ခြင်း
ရိုးရှင်းတဲ့ စကားပြောဆိုမှုအပြီးမှာ သူတို့နှစ်ဦးဟာ သင်ကြားပြသမှုကို ချက်ချင်းစတင်လိုက်ကြသည်။ ရှန်ချင်းယီ က သင်ကြားပေးသူအဖြစ် တာဝန်ယူပြီး ချန်အန် ကတော့ သင်ယူသူပေါ့။
ရှန်ချင်းယီဟာ သူမရဲ့ ဓားရှည်ပေါ်ကို တက်နင်းလိုက်သည်။ စိတ်အာရုံတစ်ခုနဲ့တင် သူမဟာ လေထဲကို တစ်မီတာကျော် မြင့်တက်သွားသု်။ နောက်တော့ သူမက ချန်အန်ကို သူမရဲ့ရှေ့မှာ လာရပ်ဖို့ ပြောလာသည်။ ဓားပျံစီးရတဲ့ ခံစားချက်ကို ချန်အန် အရင်ဆုံး အတွေ့အကြုံရအောင် ခေါ်ဆောင်သွားချင်တာပါ။
ဒါပေမဲ့ ချန်အန်က ရှေ့မှာ မရပ်ဘဲ နောက်မှာပဲ ရပ်ချင်တယ်လို့ ဆိုလိုက်သည်။ ဒါမှ ပိုပြီး သေချာလေ့လာလို့ ရမှာမို့လို့ပါတဲ့။ တကယ်တော့ သူက ရှန်ချင်းယီရဲ့ နောက်မှာ ရပ်ရင်း သူမနဲ့ ပိုပြီး ထိတွေ့ခွင့်ရအောင် ကြံစည်နေတာပါ။
ချန်အန် နေရာတကျ ရှိပြီဆိုတာနဲ့ ရှန်ချင်းယီဟာ ဝိညာဉ်စွမ်းအားကို အသုံးချပြီး ကောင်းကင်ပေါ်ကို ဓားနဲ့ ပျံတက်သွားသည်။ အပြင်က အိမ်နီးနားချင်းတွေကတော့ ဒါကို မြင်ပြီး အံ့သြကုန်သည်။ ဒီအိမ်ငှားသစ်တွေက 'အခြေခံအုတ်မြစ် တည်ဆောက်ခြင်း' အဆင့် ပညာရှင်တွေ ဖြစ်နေမယ်လို့ မထင်ထားကြပေ။
အထူးသဖြင့် ခုနက သူမရဲ့ သမီးလေး ပါရမီရှိကြောင်း ကြွားသွားတဲ့ အဘွားအိုဆိုရင် မျက်လုံးအပြူးသားနဲ့ အတော်လေး အရှက်ရသွားပုံရသည်။ သူမ ကြွားခဲ့တဲ့သူတွေက တကယ့် ပညာရှင်တွေ ဖြစ်နေတာကိုး။
ကောင်းကင်ပေါ်မှာတော့ ချန်အန်ဟာ ဓားပျံရဲ့ အရှိန်ကြောင့် စိတ်လှုပ်ရှားနေသည်။ မြေပြင်ပေါ်မှာ ပြေးတာထက် အဆပေါင်းများစွာ ပိုမြန်သလို၊ တောင်တွေ တောတွေကို ဖြတ်စရာမလိုဘဲ အချိန်ကုန် သက်သာစေတာကို သူ သဘောကျသွားရသည။ ဒီနေ့တော့ ဒါကို အပြတ်တတ်အောင် သင်ရမယ်လို့ သူ ဆုံးဖြတ်လိုက်သည်။
မိနစ် ၁၅ မိနစ်လောက် ကြာတော့ ရှန်ချင်းယီက ချန်အန်ကို ခေါ်ပြီး ပျံသန်းနေတုန်းမှာပဲ သူမရဲ့ အမူအရာက ပြောင်းလဲသွားရသည်။ သူမ နောက်ကို လှည့်ကြည့်ပြီး
"ရှင်... ဘာလုပ်နေတာလဲ"
လို့ မေးလိုက်သည်။
"အရှိန်က မြန်လွန်းတော့ ကျွန်တော် ဟန်ချက်မညီလို့ပါ"
ချန်အန်က ရှန်ချင်းယီရဲ့ သွယ်လျတဲ့ ခါးလေးကို ဖက်ထားရင်း အနေရခက်သလိုလိုနဲ့ ရှင်းပြသည်။ ရှန်ချင်းယီကတော့ သူ အခွင့်ကောင်းယူနေတာလားလို့ သံသယဝင်ပေမဲ့ သက်သေမရှိတာကြောင့် ဘာမှမပြောနိုင်ပေ။
နောက်ထပ် ၁၅ မိနစ်လောက် ကြာတဲ့အခါ ချန်အန်ဟာ ဓားပျံစီးနည်းကို အလိုလို သိရှိသွားသည်။ သူက သင်ယူမှု အရမ်းမြန်ပေမဲ့ အသားတော့မကျသေးချေ။
[ဓားပျံစီးခြင်းအတတ်: အခြေခံအဆင့် (၁/၁၀၀)]
ချန်အန်က သူ့ရှေ့မှာ ပေါ်လာတဲ့ အသိပေးချက်ကို ကြည့်ပြီး ပိုပြီး နှမြောလာသည်။ ဒီလောက် သင်ရလွယ်တာကို 'ချင်းကုန်သွယ်ရေးဆိုင်' က ဈေးကြီးကြီးနဲ့ ရောင်းနေတာ တကယ့်ကို လူလိမ်တွေပါပဲ။ ဒါဟာ ဂိုဏ်းတွေနဲ့ မိသားစုကြီးတွေက ပညာရပ်တွေကို လက်ဝါးကြီးအုပ်ထားလို့ ဖြစ်မယ်ဆိုတာ သူ ရိပ်မိလိုက်သည်။
သူ ခဏလောက် ကိုယ်တိုင် ပျံသန်းကြည့်ပြီးနောက် မြေပြင်ကို ပြန်ဆင်းလာသည်။ နေမဝင်ခင် ဈေးကို ဓားပျံနဲ့ ပြန်သွားပြီး စာအုပ်ကို သွားပြန်အမ်းဖို့ သူ စိတ်ကူးလိုက်သည်။ အချိန်ကြာသွားရင် ပြန်အမ်းရခက်မှာ စိုးလို့ပါ။ ဒါပေမဲ့ မသွားခင်မှာ ရှန်ချင်းယီရဲ့ ဓားပေါ်ကနေ သူ့ရဲ့ ကိုယ်ပိုင်ဓားပေါ်ကို ပြောင်းရဦးမည်။
"ဖေဖေ ဖေဖေ"
"သမီးလည်း ပျံချင်တယ်"
ချန်ယုကျန်း လေးက ကောင်းကင်ကို ကြည့်နေတာ ကြာပါပြီ။ သူမဖေဖေ ပြန်ဆင်းလာတာ မြင်တော့ ဝမ်းသာအားရ ပြေးလာပြီး တောင်းဆိုတော့သည်။ ချန်အန်က ပြုံးပြီး သမီးလေးကို ပွေ့ချီကာ ဓားပေါ်တင်လိုက်သည်။
"လာ... ယုကျန်းလေး၊ ဖေဖေ့ပေါင်ကို မြဲမြဲကိုင်ထားနော်။ ဖေဖေ ပျံပြမယ်"
ယုကျန်းလေးက အမြင့်ကြောက်တာမျိုး လုံးဝမရှိဘဲ ပျော်နေသည်။ ချန်အန်က သမီးလေးကို ခေါ်ပြီး အိမ်ခေါင်မိုး အမြင့်လောက်မှာပဲ ပျံသန်းပြသာ်။ သူက အခုမှ တတ်ကာစမို့ သမီးလေးနဲ့ဆိုတော့ အမြင့်ကြီး မပျံရဲသေး။ ဒါပေမဲ့ ယုကျန်းလေးကတော့ မျက်နှာလေး ရဲနေအောင် ပျော်နေသည်။
[သင်သည် သမီးဖြစ်သူ ချန်ယုကျန်းကို ဓားပျံစီး၍ ခေါ်ဆောင်သွားခဲ့သည်။ သူမသည် မကြုံစဖူး စိတ်လှုပ်ရှားမှုကို ခံစားခဲ့ရသည်။ ရင်းနှီးမှု +၁၊ ဓားပျံစီးခြင်း ကျွမ်းကျင်မှု +၁]
[ဖခင်နှင့် သမီး ရင်းနှီးမှု: ၁ ကြယ် (၂၄/၁၀၀)]
[ဓားပျံစီးခြင်းအတတ်: အခြေခံအဆင့် (၁၀/၁၀၀)]
ဒါက ဘယ်လိုဖြစ်တာလဲ..ချန်အန် အံ့သြသွားပေမဲ့ ချက်ချင်းပဲ ဝမ်းသာသွားသည်။ အိမ်မှာ ကလေးထိန်းရင်းနဲ့တင် ကျင့်စဉ်တွေက ပိုတိုးတက်လာနိုင်တာကိုး။
အဲဒီအချိန်မှာ မီးဖိုချောင်ထဲက ဇနီးသည်တွေက ယုကျန်းလေးရဲ့ ရယ်သံကို ကြားပြီး ထွက်လာကြသည်။ ချန်အန်နဲ့ သမီးလေး ပျံသန်းနေတာကို မြင်တော့ သူတို့လည်း အံ့သြဝမ်းသာ ဖြစ်သွားကြသည်။ ဆောင်ဟွာယင်း ကတော့ ကောင်းကင်ကို လှမ်းအော်ပြီး အားပေးနေသည်။
ချန်အန် မြေပြင်ကို ပြန်ဆင်းလာတော့ ယုကျန်းလေးက ထပ်ပျံချင်သေးလို့ ဂျီကျနေသေးသည်။ ဆောင်ဟွာယင်းက
"ဖေဖေက ပျံပေးနေတာ ကြာလှပြီ၊ မေမေ့ကိုလည်း ပေးပျံဦးလေ" သမီးကို ပြန်ပြောလိုက်သည်။ ချန်အန်ကတော့ ဒီသားအမိနှစ်ယောက်ကို ကြည့်ပြီး ရယ်နေမိသည်။
ရှန်ချင်းယီက ကူညီတဲ့အနေနဲ့ ယုကျန်းလေးကို သူမရဲ့ ဓားပေါ်တင်ပြီး ခေါ်ပျံသွားသည်။ ချန်အန်ကတော့ ဆောင်ဟွာယင်းကို ခေါ်ပြီး ပျံသန်းတော့သည်။ ဆောင်ဟွာယင်းဟာ ပထမတော့ စိတ်ကောက်နေပေမဲ့ ကောင်းကင်ပေါ် ရောက်သွားတော့ မျက်နှာလေး ဝင်းပလာပြီး အရမ်းပျော်သွားသည်။ သူမက
"နောင်ကျရင် ဓားပျံပေါ်မှာပဲ အတူတူ ပျော်ပါးကြရင်ကော ဘယ်လိုလဲ" လို့တောင် မေးလာသည်။ ချန်အန်ကတော့ ပြုံးပြီး ဘာမှမပြောလိုက်ပေ။ သူ့ဇနီးက တကယ့်ကို အကြံအစည်တွေ ဆန်းသစ်လွန်းနေတာကိုး။
အဲဒီနောက် သူက ဂူရှင်းယွဲ့ နဲ့ ဝမ်ကျိယန် တို့ကိုလည်း တစ်လှည့်စီ ခေါ်ပျံသည်။ ဒါပေမဲ့ တစ်ခုထူးခြားတာက ဇနီးသည်တွေနဲ့ ပျံသန်းတဲ့အခါမှာ ကျွမ်းကျင်မှုက တိုးမလာခဲ့ချေ။ သမီးဖြစ်သူနဲ့ ပျံမှပဲ တိုးလာတာပါ။ စနစ်ကတော့ တကယ့်ကို 'သမီးချစ်ဖခင်'ပဲလို့ ချန်အန် ကောက်ချက်ချလိုက်တော့သည်။
ညစာ စားခါနီးမှာ ချန်အန်က အပြင် ခဏသွားဦးမယ်လို့ ပြောပြီး ဝီလိုလမ်းက ဈေးကို ဓားပျံနဲ့ တစ်ယောက်တည်း ထွက်လာသည်။ ဓားပျံနဲ့ဆိုတော့ ခဏချင်းပါပဲ။ သူ စာအုပ်ကို သွားပြန်အမ်းတဲ့အခါ ချင်းကုန်သွယ်ရေးဆိုင်က အလွယ်တကူပဲ ပြန်လက်ခံလိုက်သည်။
ချန်အန်ဟာ ဒီဆိုင်ကို သဘောကျသွားတာကြောင့် တခြားလိုအပ်တာတွေကို ထပ်ဝယ်ဖို့ ဆုံးဖြတ်လိုက်ပါသည်။
တိမ်စင်အစီအရင် ကာကွယ်ရေး အစီအရင် ဖြစ်သည်။ အခြေခံအုတ်မြစ် အဆင့် ရန်သူတွေကို တားဆီးနိုင်သည်။ (အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၁ တုံး)
လျှပ်စီးအစီအရင် 'တိမ်စင်အစီအရင်' ကို တိုက်စစ်အဖြစ် ပြောင်းလဲပေးတာပါ။ အထဲကို ကျူးကျော်သူမှန်သမျှ လျှပ်စီးနဲ့ အပစ်ခံရမှာပါ။ (အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၁ တုံး)
ဓားပျံသင်္ဘော လူအများကြီး တင်လို့ရတဲ့ ၃ မီတာရှည်တဲ့ ဓားပျံကြီးပါ။ ဝိညာဉ်ကျောက်တုံး ထည့်ထားရင် ကိုယ့်ရဲ့ စွမ်းအားကို သုံးစရာမလိုဘဲ ပျံသန်းနိုင်ပါတယ်။ (အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၁ တုံး)
ဒါ့အပြင် သူက ဆေးဖော်စပ်ဖို့ ကုန်ကြမ်းတွေနဲ့ အိမ်မှာ ဆယ်နှစ်လောက် ပုန်းနေရင်တောင် မကုန်နိုင်မယ့် ရိက္ခာတွေကိုပါ တစ်ခါတည်း ဝယ်စုလိုက်သည်။ ဝိညာဉ်ဆန်တွေ၊ အသားခြောက်တွေနဲ့ ရေစုဆောင်အိုးတစ်ခုကိုလည်း ဝယ်လိုက်သည်။ ဒီအိုးက လေထဲက ရေငွေ့တွေကို စုပ်ယူပြီး သန့်ရှင်းတဲ့ ရေအဖြစ် ပြောင်းလဲပေးတာပါ။
"ဒီကမ္ဘာကြီးက အရမ်းအန္တရာယ်များတယ်၊ ကြိုတင်ပြင်ဆင်ထားတာ အကောင်းဆုံးပဲ။"
ဒါက ချန်အန်ရဲ့ အကျင့်ပါပဲ။ ဘယ်အချိန်မှာ ဘာဘေးဒုက္ခတွေ ကြုံလာရမလဲ မသိနိုင်တာကြောင့် သူက အမြဲတမ်း အရန်ရိက္ခာနဲ့ ကာကွယ်ရေးတွေကို အပြည့်အစုံ ပြင်ဆင်ထားလေ့ ရှိသည်။ အရင်က သွေးမိစ္ဆာပြဿနာတုန်းကလိုမျိုး ဘာမှမလုပ်နိုင်ဘဲ ဖြစ်မှာကို သူ မလိုလားတော့ချေ။