အခန်း (၂၇၀)
Vol. 27 Ch. 270
အခန်း (၂၇၀)
" ဝန်မင်းကျောက် " ရင်ကျန့်က ကျောက်ဖုန်းကို ကြည့်လိုက်သည်။ " ကျောက်နိုင်ငံရဲ့ အရာရှိတွေနဲ့ ပက်သက်ပြီး မင်းရဲ့အမြင် ဘယ်လိုရှိလဲ။ "
သူ၏ နာမည်ကို ကြားလိုက်ရပြီး ညီလာခံတစ်ခုလုံး၏ အကြည့်များက သူ့အပေါ်သို့ ရောက်လာသောအခါ ကျောက်ဖုန်းက မှင်သက်သွားသည်။
" ငါက ဘေးကကြည့်နေတာလေ။ ဘယ်လိုလုပ်ဒီပြပွဲထဲရောက်သွားတာလဲ။ "
" အရှင်မင်းကြီး။ " ကျောက်ဖုန်းက မတတ္သာဘဲ ပြောလိုက်သည်။ " ကျွန်တော်မျိုးက စစ်မြေပြင်မှာ ရန်သူတွေကို ဘယ်လိုသတ်ရမလဲဆိုတာပဲ သိပါတယ်။ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စတွေကို နားမလည်ပါဘူး။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" ကိစ္စမရှိဘူး။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။ " မင်းစိတ်ထဲမှာ ရှိတာကို လွတ်လွတ်လပ်လပ်ပြောပါ။ တကယ်လို့ မင်းမှားသွားရင်တောင် ငါမင်းကို အပြစ်တင်မှာမဟုတ်ပါဘူး။ "
" စစ်သေနာပတိချုပ်က စစ်ဘက်ဆိုင်ရာ အရာရှိတစ်ယောက်ဖြစ်ပြီး သူအဆိုပြုတဲ့ မဟာဗျူဟာတွေက တစ်ခါတစ်ရံ လက်တွေမကျတာမျိုး ရှိနိုင်ပေမယ့် ကျွန်တော်တို့က နားထောင်ဖို့ အဆင်သင့်ပါပဲ။ " ဝမ်ဝမ်က ပြုံး၍ ပြောလိုက်သည်။
" မှန်တယ်။ စစ်သေနာပတိချုပ်က ပွင့်ပွင့်လင်းလင်း ပြောနိုင်ပါတယ်။ " ဟွိုက်ကျွမ်းက ချက်ချင်း ထောက်ခံလိုက်သည်။
ဝမ်ဝမ်၏ လေသံအရ သူက ဟာသတစ်ခုကို မြင်တွေ့ရန် မျှော်လင့်နေကြောင်း ထင်ရှားသည်။
" ကျောက်နိုင်ငံရဲ့ အရာရှိတွေက ချင်က အရာရှိတွေနဲ့ မတူဘူး။ သူတို့က အမြစ်တွယ်နေတဲ့ အထက်တန်းစားမိသားစုတွေကနေ လာကြတာပဲ။ သူတို့က မြေယာတွေနဲ့ စည်းစိမ်ဥစ္စာတွေကို မက်မောကြပေမယ့် သူတို့ထဲမှာ ချင်နယ်မြေကို အုပ်ချုပ်ဖို့အတွက် အသုံးပြုလို့ရတဲ့ ထူးချွန်တဲ့သူတွေရှိပါတယ်။ "
" ကျွန်တော်မျိုးရဲ့ အမြင်အရ ကျွန်တော်မျိုးတို့က အနုနည်းရော အကြမ်းနည်းရော အသုံးပြုလို့ရပါတယ်။ ချင်ကို သစ္စာခံပြီး ချင်ဥပဒေကို လေးစားမယ့် ကျောက်အရာရှိတွေကို သူတို့ရဲ့ မြေယာတစ်စိတ်တစ်ပိုင်းကို ချန်ထားပေးလို့ရပါတယ်။ ပမာဏကေတာ့ တစ်ယောက်ချင်းစီအပေါ်မှာပဲ မူတည်ပါတယ်။ "
" ဒါပေမယ့် အညံ့ခံဖို့ ငြင်းဆန်တဲ့သူတွေကိုတော့ တစ်ခါတည်း နှိမ်နင်းရပါမယ်။ မျောက်ကို ခြောက်ဖို့ ကြက်ကို သတ်ပြရပါမယ်။ "
ကျောက်ဖုန်း၏ စကားကို ကြားသောအခါ ဝန်ကြီးများက အံ့အားသင့်သွားကြသည်။ ကျောက်ဖုန်းကဲ့သို့ စစ်ဘက်ဆိုင်ရာအရာရှိတစ်ယောက်က အင်အားနှင့် ကြင်နာမှု မျှတသော ဗျူဟာမျိုးကို ချမှတ်နိုင်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားကြပေ။
ရင်ကျန့်၏ မျက်လုံးများကလည်း တောက်ပသွားသည်။ " ဝန်မင်းကျောက်ရဲ့ ဗျူဟာက တကယ်လို့ လက်တွေ့ကျတယ်။ အားလုံး ဘယ်လိုထင်ကြလဲ။ "
" သားတော် သဘောတူပါတယ်။ " ဖုစုနှင့် ဟူဟိုက်တို့က ပြောလိုက်သည်။
" ကျွန်တော်မျိုးတို့ သဘောတူပါတယ်။ " ဝန်ကြီးများကလည်း ထိုဗျူဟာကို လက်ခံနိုင်သည်မှာ ထင်ရှားသည်။
" ယွီချင်း ဝန်မင်းကျောက်ရဲ့ ဗျူဟာကို အသုံပြုဖို့ ဟန်ဖေးဆီကို အမိန့်တော် ပို့လိုက်ပါ။ " ရင်ကျန့်က အမိန့်ပေးလိုက်သည်။ " ချင်ကို အမှုထမ်းဖို့ ဆန္ဒရှိတဲ့သူတွေ သူတို့ရဲ့ မိသားစုတွေက မြေယာအချို့ကို ဆက်လက်ပိုင်ဆိုင်ခွင့်ရှိပြီး ထွက်လာတဲ့ သီးနှံရဲ့ ဆယ်ပုံခုနှစ်ပုံကို ပေးဆောင်ရမယ်။ အညံ့ခံဖို့ ငြင်းဆန်တဲ့ သူတွေကို ကွပ်မျက်ပြီး သူတို့ရဲ့ မိသားစုကို ကျွန်အဖြစ်သတ်မှတ်မယ်။ သူတို့ရဲ့ ပိုဆိုင်မှုတွေကို သိမ်းယူမယ်။ "
" အမိန့်တော်အတိုင်းပါ။ " ယွီလျောင်က ပြန်ပြောလိုက်သည်။
" ကောင်းပြီ။ ကျောက်အရာရှိတွေ ကိစ္စက ပြီးသွားပြီ။ " ရင်ကျန့်က ပြောလိုက်သည်။ " နောက်တစ်ခုက စစ်စခန်းအသစ် တည်ထောင်ရေးကိစ္စကို ဆွေးနွေးကြမယ်။ ဝန်မင်းကျောက်ကို စစ်သေနာပတိချုပ်အဖြစ် ခန့်အပ်ပြီးပြီဖြစ်လို့ စစ်စခန်းတစ်ခုကို တည်ထောင်လို့ရပြီ။ ချင်ရဲ့ လက်ရှိအင်အားနဲ့ဆိုရင် စစ်စခန်းအသစ်တစ်ခု တိုးချဲ့နိုင်တာ အမှန်ပဲ။ "
" ငါ ဒီစစ်ခန်းသစ်အတွက် ပင်မစစ်တပ်သုံးခုကို ဖွဲ့စည်းမယ်။ ပင်မစစ်သူကြီးတွေကို ရွေးချယ်တဲ့နေရာမှာ ဝန်မင်းကျောက်အနေနဲ့ ဘာများအကြံပြုချင်လဲ။ " ရင်ကျန့်က ကျောက်ဖုန်းကို ကြည့်ပြီး မေးလိုက်သည်။
ထိုစကားများကို ကြားသောအခါ ညီလာခံရှိ ဝန်ကြီးအများအပြားက စိတ်ပျက်သွားကြသည်။ စစ်စခန်းတစ်ခုတွင် စစ်တပ်သုံးခုရှိမည်ဖြစ်သောကြောင့် ပင်မစစ်သူကြီး သုံးယောက် လိုအပ်မည်ဖြစ်သည်။ ပင်မစစ်သူကြီးက ကြီးမားသော စစ်ဘက်အာဏာကို ကိုင်စွဲထားသူဖြစ်ရာ သူတို့ထဲမှ အများစုက သူတို့၏ ကိုယ်စားလှယ်များကို ရရှိရန် မျှော်လင့်နေကြသည်။
" အရှင်မင်းကြီးကို အစီရင်ခံပါတယ်။ " ကျောက်ဖုန်းက ကျယ်လောင်စွာ ပြောလိုက်သည်။ စစ်စခန်းအသစ်ရဲ့ ပင်မစစ်သူကြီးတွေနဲ့ ပက်သက်ပြီး ကျွန်တော်မျိုးရဲ့ လက်ထောက်စစ်သူကြီးတွေဖြစ်တဲ့ တုဆွေနဲ့ ကျန်းဟန်ကို အကြံပြုချင်ပါတယ်။ သူတို့နှစ်ယောက်က ကျွန်တော်မျိုးနဲ့အတူ တိုက်ပွဲပေါင်းများစွာကို တိုက်ခိုက်ပြီး ဖန်ရွှမ်နဲ့ လျန်ပိုကိုလည်း သုတ်သင်နိုင်ခဲ့တယ်။ ဟန်တန်ကိုလည်း သိမ်းပိုက်ပြီး စွမ်းဆောင်မှုများစွာကို ရယူခဲ့ပါတယ်။ သူတို့က ပင်မစစ်သူကြီးရာထူးနဲ့ ထိုက်တန်တဲ့သူတွေပါ။ "
စစ်တပ်သုံးခုအတွက် ကျောက်ဖုန်းက သူ၏ လူများကို နေရာပေး၍ မရသော်လည်း ထိုနှစ်ယောက် ရရှိရန် စိတ်ပိုင်းဖြတ်ထားသည်။
" အရှင်မင်းကြီးကို အစီရင်ခံပါတယ်။ " ချွန်းယွီယွဲ့က မတ်တပ်ရပ်ပြီး ပြောလိုက်သည်။ " တုဆွေနဲ့ ကျန်းဟန်တို့က စစ်သေနာပတိချုပ် ကျောက်ဖုန်းနဲ့ အလွန်နီးစပ်ကြပါတယ်။ သူတို့က စစ်သေနာပတိချုပ်ရဲ့ တိုက်ရိုက်ကွပ်ကဲမှုအောက်မှာ မထားသင့်ဘဲ အခြားစစ်စခန်းတစ်ခုကို ပြောင်းရွှေ့သင့်တယ်လို့ ကျွန်တော်မျိုး ယုံကြည်ပါတယ်။ နိုင်ငံရဲ့ အခြေခံအုတ်မြစ်နဲ့ ထီးနန်းရဲ့ အာဏာစက်အတွက် ကျွန်တော်တို့ သတိထားရပါမယ်။ "
ဝမ်ဝမ်က မျက်မှောင်ကြုတ်သွားသော်လည်း ယခုတစ်ကြိမ်တွင် သူက ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်ချက်မရှိပေ။ အဆုံးတွင် ချွန်းယွီယွဲ့ပြောခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။
ကျောက်ဖုန်းက ချွန်းယွီယွဲ့ကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ စိတ်ထဲတွင် အေးစက်မှုတစ်ခု ပေါ်လာသည်။
" ကျွန်တော်မျိုးက အကြံပေးရုံပါပဲ။ အရှင်မင်းကြီးက ပင်မစစ်သူကြီးတွေကို ဘယ်လိုခန့်အပ်မလဲဆိုတာ ကျွန်တော်မျိုး အဆင့်မကျော်ပါဘူး။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
" တုဆွေနဲ့ ကျန်းဟန်က ချင်အပေါ် သစ္စာရှိပြီး နိုင်ငံအတွက် ကြီးမားတဲ့ စွမ်းဆောင်မှုတွေ ရယူပေးခဲ့တယ်။ သူတို့က ပင်မစစ်သူကြီးတွေဖြစ်ဖို့ ထိုက်တန်ပါတယ်။ " ရင်ကျန့်က ချွန်းယွီယွဲ့ကို ဂရုမစိုက်ဘဲ ပြောလိုက်သည်။
" အရှင်မင်းကြီးက အမြော်အမြင်ကြီးလှပါတယ်။ " ကျောက်ဖုန်းက ဦးညွှတ်ပြီး ပြောလိုက်သည်။ စစ်စခန်း၏ စစ်တပ်နှစ်ခုက သူ့လက်ထဲသို့ ရောက်လာပြီဖြစ်သည်။
" အရှင်မင်းကြီး ပြန်လည်စဉ်းစားပေးဖို့ တောင်းပန်ပါတယ်။ " ချွန်းယွီယွဲ့က အေလွ်ာ့မေပးဘဲ ပြောလိုက်သည်။
" ဆရာကြီးချွန်းယွီယွဲ့ ခင်ဗျားက အရပ်ဘက်အရာရှိတစ်ယောက်ပါ။ အရပ်ဘက်အရာရှိရဲ့ တာဝန်ကို ထမ်းဆောင်သင့်တယ်။ ကိုယ်ကိစ္စကို နိုင်အောင်လုပ်ပါ။ ကျုပ်ရဲ့ စစ်ရေးကိစ္စတွေမှာ ဝင်ပြီး အခက်အခဲမဖြစ်စေပါနဲ့။ " ကျောက်ဖုန်းက ပြန်ပြောလိုက်သည်။ " အရှင်မင်းကြီးက ဆုံးဖြတ်ချက်ချပြီးပြီ။ ခင်ဗျားက အရှင်မင်းကြီးကို ကြိုးကိုင်ချင်တာလား။ "
" အော် ဒါနဲ့ အရင် ဝမ်ယန်နဲ့ ကျုပ် စေ့စပ်တုန်းက ခင်ဗျား မန်ကျားဆိုတဲ့ တပည့်တစ်ယောက်လွှတ်ပြီး စေ့စပ်တာကို ဖျက်သိမ်းဖို့ ကျုပ်ကို ခြိမ်းခြောက်ခဲ့ဖူးတယ်နော်။ ဒီကိစ္စက ပြီးသွားပြီဆိုပေမယ့် ကျုပ်မမေ့သေးပါဘူး။ "
၎င်းကို ကြားသောအခါ ညီလာခံရှိ ဝန်ကြီးများက ထူးဆန်းသော အမူအရာများကို ပေါ်လာကြသည်။ ထိုကိစ္စက ပြီးသွားပြီဖြစ်သော်လည်း ချွန်ယွီယွဲ့က ကျောက်ဖုန်းကို နောက်တစ်ကြိမ် ပစ်မှတ်ထားပြီး အကျိုးဆက်များကို ဖိတ်ခေါ်လိုက်ခြင်းဖြစ်သည်။
ဝမ်ဝမ်က စိတ်ထဲတွင် တုန်လှုပ်သွားသည်။ " ကျောက်ဖုန်းကို ဖိနှိပ်ဖို့ လိုနေတုန်းပဲ။ ချွန်းယွီယွဲ့အပေါ် သူ့ရဲ့ ရန်လိုမှုက မင်းသားအပေါ် ရန်လိုနေသလိုပဲ။ သူ ဒီထက် တိုးတက်လာနိုင်မယ့် အခွင့်အရေးမှန်သမျှကို ငါတို့ တားဆီးရမယ်။ "
ချွန်ယွီယွဲ့က တုန်လှုပ်သွားပြီး ပလ္လင်ပေါ်မှ ရင်ကျန့်၏ တင်းမာသော အမူအရာကို မြင်သောအခါ သူက တုန်ယင်သွားပြီး ကျောက်ဖုန်းကို လက်ညှိုးထိုးလိုက်သည်။ " ကျောက်ဖုန်း မင်း..."
" ဘာဖြစ်လဲ။ခင်ဗျားလို လူမျိုးအတွက် ကျုပ်ရဲ့ စကားတွေကို မဖြုန်းတီးနိုင်ဘူး။ " ကျောက်ဖုန်းက ပြောပြီး ချွန်းယွီယွဲ့ကို လျစ်လျူရှုလိုက်သည်။
ရင်ကျန့်က ကျောက်ဖုန်းကို ကြည့်ပြီး စိတ်ထဲမှ ပြုံးလိုက်သည်။ " ဒီကောင်လေး တကယ် အလျှော့မပေးတတ်ဘူးပဲ။ ရန်ငြိုးကို တစ်ခုမကျန်ပြန်ဆပ်တာ။ "
" အရှင်မင်းကြီး ကျွန်တော်မျိုးက ပင်မစစ်သူကြီးနှစ်ယောက်ကို အကြံပြုခဲ့ပါတယ်။ တတိယတစ်ယောက်ကို အရှင်မင်းကြီး ခန့်အပ်ပေးပါ။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" တတိယစစ်တပ်ရဲ့ ပင်မစစ်သူကြီးအတွက် ငါ့စိတ်ထဲမှာ တစ်ယောက် ရှိပြီးသားပါ။ "ရင်ကျန့်က ပြတ်သားစွာ ပြောလိုက်သည်။ " မြောက်ဘက်နယ်မြေရဲ့ နယ်စားမင်း လီယောင်ပဲ။ သူက အုပ်ချုပ်ရေးရော စစ်ရေးဗျူဟာမှာပါ ကျွမ်းကျင်ပြီး စစ်သည်တွေကို ဦးဆောင်နိုင်စွမ်းလည်း ရှိတယ်။ သူက စခန်းအသစ်ရဲ့ တတိယမြောက် ပင်မစစ်သူကြီးအဖြစ် တာဝန်ထမ်းဆောင်ရမယ်။ "
သူ၏ စကားဆုံးသွားသောအခါ ဝမ်ဝမ်၊ ဟွိုက်ကျွမ်းနှင့် ဖုစု၏ ဘက်တော်သားများ၏ အမူအရာများက ပြောင်းလဲသွားကြသည်။ သူတို့၏ အကြည့်က လီစီအပေါ်သို့ ကျရောက်သွားကြသည်။
အကယ်၍ အနာဂတ်တွင် ဖုစုစာ နန်းတင်ခဲ့လျှင် ကျောက်ဖုန်း၏ ဂုဏ်သတင်းကျော်ဖဇာမှုက လီယောင်ကို ကာကွယ်ပေးနိုင်မည်ဖြစ်ပြီး လီမိသားစု၏ မျိုးဆက်ကို ဆက်လက်ရှင်သန်စေနိုင်မည်ဖြစ်သည်။ ၎င်းက လီစီ၏ အထူးတောင်းဆိုမှုဖြစ်သည်ကို ဝန်ကြီးများက ခန့်မှန်းမိကြသည်။
"ကျွန်တော်မျိုးက လီယောင်ကိုယ်စား အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ။ လီယောင်က အရှင်မင်းကြီးကို စိတ်ပျက်စေမှာမဟုတ်ပါဘူး။ " လီစီက ရှေ့ထွက်လာပြီး ပြောလိုက်သည်။
" အသစ်တည်ထောင်လိုက်တဲ့ စစ်စခန်းအတွက် ပင်မစစ်သူကြီး သုံးယောက်ကို ဆုံးဖြတ်ပြီးပါပြီ။ အခုက လက်ထောက်အရာရှိတွေအတွက်ပဲ။ " ရင်ကျန့်က ယွီလျောင်ဘက်သို့ ကြည့်လိုက်သည်။ " ယွီချင်း ကျောက်ဖုန်းရဲ့ အရင်စစ်တပ်မှာ ဘယ်သူ့ကို လက်ထောက်စစ်သူကြီးအဖြစ် ရာထူးတိုးပေးလို့ရလဲ၊ ပြီးတော့ ဘယ်သူ့ကို တပ်မှူးအဖြစ် ရာထူးတိုးပေးလို့ရမလား။ မင်းက စာရင်းပြုစုပေးရမယ်။ ပြီးတော့ ငါကိုယ်တိုင် ဆုံးဖြတ်မယ်။ "
"အမိန့်တော်အတိုင်းပါ။ " ယွီလျောင်က ချက်ချင်း ပြန်ပြောလိုက်သည်။