← Chapters

အခန်း (၂၆၁)

Vol. 27 Ch. 261

အခန်း (၂၆၁)

Vol. 27 Ch. 261

အခန်း (၂၆၁)

မင်္ဂလာပွဲပြီးနောက် အိပ်ခန်းအတွင်း။

" ယန်အာ ဒီတစ်ခါတော့ ကောင်းကောင်းကြိုးစားရတော့မယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ညင်ညင်သာသာ လုပ်နော် ယောကျာ်း။ " ဝမ်ယန်က ခေါင်းမော့ပြီး ညင်သာစွာ ပြောလိုက်သည်။

ညအချိန်က လျင်မြန်စွာ ကုန်ဆုံးသွားသည်။ ဘေးခန်းမအတွင်း ကျောက်ဖုန်းက သူ၏ ရှေ့မှ ဆေးမီးဖိုငါးလုံးကို ကြည့်လိုက်သည်။ ၎င်းတို့က ပုံသဏ္ဍန်နှင့် အရွယ်အစားမျိုးစုံရှိနေသော်လည်း ထိပ်တန်းအဆင့်များမဟုတ်ကြဘဲ အားလုံးက သာမန်ဆေးမီးဖိုများ ဖြစ်ကြသည်။

" မျှော်လင့်ထားတဲ့အတိုင်းပဲ။ အဆင့်မြင့်ဆေးမီးဖိုတစ်ခု ရှာဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒီနေ့ခေတ် ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ဆေးဖော်စပ်သူတွေက အတုတွေပဲ။ ဒါကြောင့် ဒီမီးဖိုတွေက ဒီလိုဖြစ်နေတာ။ ဒါတွေက အစစ်အမှန်မီးတောက်ကို ခံနိုင်ရည်ရှိမရှိ ကြည့်ရတာပေါ့။ " ကျောက်ဖုန်းက သူ၏ လက်ကို ဝှေ့ရမ်းလိုက်သည်။

သူ၏ ဒန်တျန်ထဲမှာ ချီစွမ်းအားများက လက်ဝါးတွင် စုစည်းလာပြီး အနီရောင်မီးတောက်တစ်ခု ထွက်ပေါ်လာသည်။ ၎င်းက အစစ်အမှန်ချီ၏ မီးတောက်ဖြစ်ပြီး ဆရာသခင်အဆင့်ရှိသူများသာ စုစည်းနိုင်သောအရာဖြစ်သည်။

မီးတောက်ကို စုစည်းပြီးနောက် ကျောက်ဖုန်းက ၎င်းကို ဆေးမီးဆီသို့ ပို့လွှတ်လိုက်သည်။ အသက်ရှူကြိမ်အနည်းငယ်ကြာသောအခါ ခရက်ဟူသော မြည်သံနှင့်အတူ ဆေးမီးဖိုက အက်ကွဲသွားသည်။

" အသုံးမကျတဲ့အမှိုက်တွေ။ " ကျောက်ဖုန်းက ကျိန်ဆဲလိုက်ပြီး စမ်းသပ်မှုကို ဆက်လုပ်လိုက်သည်။ နောက်ဆုံး ဆေးမီးဖိုငါးလုံးထဲတွင် တစ်လုံးသာ ခံနိုင်ရည်ရှိခဲ့သည်။

" အနည်းဆုံးတော့ တစ်လုံးက အသုံးဝင်သေးတာပေါ့။ နောက်ကျရင် ပိုကောင်းတဲ့တစ်လုံးရဖို့ မျှော်လင့်ပါတယ်။ " ကျောက်ဖုန်းက လက်ဝှေ့ရမ်းလိုက်ပြီး ဆေးမီးဖိုကို သူ၏ သိုလှောင်နေရာသို့ ထည့်လိုက်သည်။

" အရှင် " ကျန်းမင်၏ အသံက အပြင်ဘက်မှ ထွက်ပေါ်လာသည်။

" ပစ္စည်းတွေအားလုံး ထုပ်ပိုးပြီးပါပြီ။ သခင်လေးနဲ့ သခင်မလေးတို့လည်း အဆင်သင့်ဖြစ်နေပါပြီ။ ကျွန်တော်တို့ အချိန်မရွေး ထွက်ခွာလို့ရပါတယ်။ "

" ရထားလုံး အရင်ပြင်လိုက်ဦး။ ငါနန်းတော်ကို သွားဖို့လိုတယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" ဟုတ်ကဲ့ပါ အရှင် " ကျန်းမင်က ရိုသေစွာ ပြန်ဖြေလိုက်၏။

" ရှရွာ ငါ နောက်ဆုံးတော့ ပြန်လို့ရပြီ။ အမေနဲ့ ညီမလေး နေကောင်းကြရဲ့လား။ " ကျောက်ဖုန်း၏ မျက်နှာတွင် လွမ်းဆွတ်မှုများဖြင့် ပြည့်နှက်သွားသည။

" အိမ်ပြန်တော့မှာလား။ " ရင်ကျန့်က ပြုံး၍ မေးလိုက်သည်။

" ကျွန်တော်မျိုးရဲ့ အထုတ်အပိုးတွေ အဆင်သင့်ဖြစ်နေပါပြီ။ ကျွန်တော်မျိုးက အရှင်မင်းကြီးကို နှုတ်ဆက်ဖို့ လာခဲ့တာပါ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" မင်းကို အိမ်မှာ အနားယူဖို့ ခွင့်တစ်လပေးမယ်။ တစ်လပြည့်ရင်တော့ ရှန်းယန်ကို ပြန်လာခဲ့ဦး။ ငါနဲ့အတူ တပ်စခန်းတစ်ခု ဖွဲ့စည်းဖို့ ဆွေးနွေးရဦးမယ်။ " ရင်ကျန့်က ပြောလိုက်သည်။

" ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။ ကျွန်တော်မျိုးကို ခွင့်ပြုပါဦး။ " ကျောက်ဖုန်းက ရင်ကျန့်ကို ဦးညွှတ်လိုက်သည်။

" သွားတော့။ " ရင်ကျန့်က သူ၏ လက်ကို ဝှေ့ရမ်းပြီး ပြောလိုက်သည်။

ကျောက်စံအိမ်သို့ ပြန်ရောက်သောအခါ ရှဝူချယ်က ခန်းမထဲတွင် စောင့်ဆိုင်းနေသည်။

" သမားတော်ရှ ဘာလို့ဒီမှာ စောင့်နေတာလဲ။ " ကျောက်ဖုန်းက ရှဝူချယ် ရောက်နေသည်ကို တွေ့လိုက်ရသောကြောင့် အံ့အားသင့်သွားသည်။

" စစ်သေနာပတိချုပ်ကျောက်ရဲ့ ဇနီးကို သွေးခုန်နှုန်းစမ်းပေးမယ်ဆိုတဲ့ ကတိကို ငါမမေ့နိုင်သေးလို့ပါ။ " ရှဝူချယ်က ပြုံး၍ ပြောလိုက်သည်။

" သမားတော်ရှ ခင်ဗျားက တကယ်ကို ကြင်နာတတ်တာပဲ။ " ကျောက်ဖုန်းက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ " ကျန်းမင် သခင်မကို သွားခေါ်လိုက်။ "

" ဟုတ်ကဲ့ပါ အရှင် " ကျန်းမင်က ထွက်ခွာသွားသည်။

ခဏကြာသောအခါ ဝမ်ယန်က ကလေးနှစ်ယောက်၏ လက်ကို ကိုင်လျက် ခန်းမအတွင်းသို့ ဖြည်းညင်းစွာ လျှောက်ဝင်လာသည်။

" ယောကျာ်း တစ်ခုခုဖြစ်လို့လား။ " ဝမ်ယန်က မေးလိုက်သည်။

" ဒါက ချင်တစ်နိုင်ငံလုံးမှာ အတော်ဆုံး သမားတော်ရှဝူချယ်ပဲ။ " ကျောက်ဖုန်းက ပြုံး၍ မေးလိုက်သည်။

" သမားတော်ရှရဲ့ ကျော်ကြားလှတဲ့ ဂုဏ်သတင်းကို ကြားဖူးတာကြာပါပြီ။ " ဝမ်ယန်က အရိုအသေပေးလိုက်သည်။

" ဟားဟား ကျောက်ကတော် ငါ ဒီနေ့လာတာက မင်းကို စစ်ဆေးပေးဖို့ လာခဲ့တာပဲ။ " ရှဝူချယ်က ရယ်ပြီး ပြောလိုက်သည်။

" ကျွန်မကို စစ်ဆေးပေးဖို့လား။ " ဝမ်ယန်က ကျောက်ဖုန်းကို နားမလည်နိုင်စွာဖြင့် ကြည့်လိုက်သည်။

" မင်းကလေးမွေးတုန်းက သမားတော်ရှက ကျောက်နိုင်ငံမှာ ရှိနေခဲ့တာပဲ။ မင်းက အမြွှာမွေးထားလို့ ကျန်းမာရေးစစ်ဆေးပေးဖို့ သမားတော်ရှကို တောင်းဆိုခဲ့တာပဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" အော် အဲ့ဒါကြောင့်ကိုး။ " ဝမ်ယန်က ပြုံးလိုက်သည်။ " ဒါပေမယ့် ယောကျာ်းရဲ့ ကောင်းမှုကြောင့် ငါနဲ့ အမေက သွေးဂျင်ဆင်းကို သောက်ခဲ့လို့ ကျန်းမာရေးက အပြည့်အဝ ပြန်ကောင်းနေပါပြီ။ "

" ကဲ ဘာပဲဖြစ်ဖြစ် ဒီအဘိုးကြီးကို သွေးခုန်နှုန်းကို စစ်ဆေးခွင့်ပြုပါဦး။ တကယ်လို့ အားနည်းချက်တစ်ခုခု ရှိနေရင်တောင် ကုသလို့ရတာပေါ့။ " ရှဝူချယ်က ပြုံး၍ ပြောလိုက်သည်။

" ယန်အာ သမားတော်ရှကို သွေးခုန်နှုန်း စစ်ဆေးခွင့်ပြုလိုက်ပါ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ကောင်းပါပြီ။ " ဝမ်ယန်က ခေါင်းညိမ့်လိုက်သည်။

" ထိုင်ပါဦး။ " ရှဝူချယ်က ထိုင်ခုံတစ်ခုကို ညွှန်ုပလိုက်သည်။

ဝမ်ယန်က သွားလိုက်ပြီး ထိုင်ခုံတွင် ထိုင်လိုက်သည်။ ထို့နောက် သူမက လက်ကို ဆန့်ထုတ်လိုက်ပြီး အင်္ကျီလက်ကို အနည်းငယ် ခေါက်တင်လိုက်သည်။

သို့သော် သူမ၏ အင်္ကျီလက်ကို ခေါက်တင်လိုက်သည့်ခဏတွင် ရှဝူချယ်၏ ခန္ဓာကိုယ်တစ်ခုလုံးက တောင့်တင်းသွားသည်။ သူ၏ မျက်လုံးများက အလွန်တရာရင်းနှီးနေသော လက်ကောက်တစ်ခုပေါ်သို့ ကျရောက်သွားသည်။ သွေးခုန်နှုန်းကို စစ်ဆေးရန် လှမ်းလိုက်သော လက်များပင် တုန်ယင်သွားသည်။

" ဒါ ဒါ သေချာပေါက် တုန်အာရဲ့ လက်ကောက်ပဲ။ သူမအမေက ဒါကို ကိုယ်တိုင်ပေးခဲ့တာ။ ဒါက ငါတို့မိသားစုရဲ့ အမွေအနှစ်ပဲ။ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ "

သူက ထိုလက်ကောက်ကို ဘယ်တော့မှ မေ့မည်မဟုတ်ပေ။ ၎င်းမှာ သူ၏ ဇနီးပိုင်ဆိုင်ခဲ့ပြီး သူတို့၏ သမီးကို လက်ဆင့်ကမ်းပေးခဲ့သောအရာဖြစ်သည်။ သူက လုံးဝ မှားစရာအကြောင်းမရှိပေ။

" သမားတော်ရှ ဘာဖြစ်လို့လဲ။ " ကျောက်ဖုန်းက တုန့်ဆိုင်းနေသော ရှဝူချယ်ကို ကြည့်ပြီး မေးလိုက်သည်။

" ဒါက.... ကျောက်ကတော် ဒီလက်ကောက်ကို ဘယ်ကရလာတာလဲ။ " ရှဝူချယ်က ကျောက်စိမ်းလက်ကောက်ကို ကြည့်ရင်း တုန်ယင်နေသော အသံဖြင့် မေးလိုက်သည်။ " ဒါကို တစ်နေရာရာမှာ မြင်ဖူးနေသလို ခံစားရလို့ပါ။ "

" ယန်အာ ဒါက ဘာလဲ။ " ကျောက်ဖုန်းကလည်း မသိပေ။

" ယောကျာ်းအမေက ကျွန်မကို ပေးခဲ့တာပါ။ " ဝမ်ယန်က ပြုံး၍ ပြောလိုက်သည်။ " အမေက ပြောတယ်။ ဒါက မိသားစုအမွေအနှစ်တဲ့ ချွေးမတွေကိုပဲ ပေးတာတဲ့။ ရှရွာကို ရောက်တုန်းက အမေကျွန်မကို ပေးခဲ့တာပဲ။ "

" အဲ့ဒါကြောင့်ကိုး။ ဒါကတန်ဖိုးကြီးမယ့်ပုံပဲ။ ငါတောင်တစ်ခါမှ မမြင်ဖူးဘူး။ " ကျောက်ဖုန်းက ရယ်ပြီး ပြောလိုက်သည်။ " သမားတော်ရှက တကယ်ဗဟုသုတရှိတဲ့သူပဲ။ ဒီလိုလက်ကောက်မျိုးကို မြင်ခဲ့ဖူးမှာပေါ့။ "

" ဖြစ်နိုင်တယ်။ ဒီလိုမျိုးတစ်ခုတော့ မြင်ခဲ့ဖူးမယ်ထင်တယ်။ " ရှဝူချယ်က ပြောလိုက်သော်လည်း သူ၏ စိတ်ထဲတွင် ဝမ်းသာမှုများဖြင့် ပြည့်နှက်နေတော့သည်။

" ကျောက်ဖုန်းရဲ့ မျက်လုံးတွေက တုန်အာနဲ့ တကယ်တူတယ်။ ငါ မှားစရာအကြောင်းမရှိဘူး။ ဒါအမှန်ပဲ။ ကျောက်ဖုန်းက တုန်အာရဲ့သား ဖြစ်နိုင်တယ်။ သူက ငါ့ရဲ့ မြေးပဲ။ တုန်အာမသေဘူး တုန်အာမသေဘူး..."

သူက သမီးဖြစ်သူနှင့် နှစ်ပေါင်း ၂၁ နှစ်တိုင်အောင် ကွဲကွာနေခဲ့ပြီး ကိုယ်လုပ်တော်ကျောက်၏ ရူးသွပ်သော စကားများက သူ့ကို မျှော်လင့်ချက်ကင်းမဲ့သွားစေခဲ့သည်။ သူက ရင်ကျန့်နှင့်အတူ ကျောက်နိုင်ငံသို့ လိုက်သွားခဲ့ခြင်းမှာ ရင်ကျန့်၏ ရင်ထဲမှ မျှော်လင့်ချက်အလင်းတန်းလေးတစ်ခု ထိန်းသိမ်းထားပေးရန်ဖြစ်သည်။

အကယ်၍ ရင်ကျန့်သာ တုန်အာသေပြီဟု သိသွားလျှင် ဘုရင်အမျက်ဒေါသက ကျောက်နိုင်ငံကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ဖြစ်စေနိုင်သည်။

သို့သော် ယခု ရှဝူချယ်၏ မျှော်လင့်ချက်များ ပြန်လည်နိုးထလာခဲ့သည်။ သူ၏ သမီး လက်ကောက်မှာ ကျောက်ဖုန်း၏ ဇနီးလက်ထဲတွင် ရှိနေပြီး ၎င်းမှာ သူမ၏ ယောက္ခမထံမှ ရရှိထားခြင်းဖြစ်သည်။ ၎င်းက တိုက်ဆိုင်မှုသက်သက်မဖြစ်နိုင်ပေ။

" ကောင်းကင်ဘုံကို ကျေးဇူးတင်ပါတယ်။ ငါသာ ကျောက်ဖုန်းကို ပေးခဲ့တဲ့ ကတိကို မေ့ပြီး သူဇနီးရဲ့ သွေးခုန်နှုန်းကို မစစ်ဆေးပေးခဲ့ရင် ငါ ဒီအခွင့်အရေးကို ဆုံးရှုံးရလိမ့်မယ်။ တုန်အာအသက်ရှင်နေသေးတယ်ဆိုတာကို မသိဘဲ သေသွားရလိမ့်မယ်။ "

" သမားတော်ရှ " ကျောက်ဖုန်းက အတွေးလွန်နေသော ရှဝူချယ်ကို ခေါ်လိုက်သည်။

" အင်း သွေးခုန်နှုန်း စစ်ကြည့်လိုက်မယ်။ " ရှဝူချယ်က သတိပြန်ဝင်လာပြီး ဝမ်ယန်၏ သွေးခုန်နှုန်းကို စစ်ဆေးလိုက်သည်။ " သေလူကိုတောင် ပြန်ရှင်စေနိုင်တဲ့ သွေးဂျင်ဆင်းက တကယ်ကို အံ့ဩစရာကောင်းတာပဲ။ အမြစ်တစ်ဝက်လောက်ကတောင် သူမရဲ့ အင်အားကို အများကြီး ပြည့်ဖြိုးစေခဲ့တယ်။"

" မင်းရ့ ခန္ဓာကိုယ်က အားနည်းမှုတွေက ပြန်ကောင်းသွားပါပြီ။ ဒါပေမယ့် အာဟာရဓာတ်လွန်ကဲနေတယ်။ ခန္ဓာကိုယ်ကို ပြန်ထိန်းညှိဖို့ ဂျင်ဆင်းရဲ့ အစွမ်းသတ္တိတွေကို အပြည့်အဝ စုပ်ယူနိုင်ဖို့ ဆေးအချို့ညွှန်းပေးပါမယ်။ "

" ပြီးတော့ ငါ စစ်ဆေးတာသာ မှန်ရင် စစ်သေနာပတိချုပ်ကျောက်ကို ထပ်ပြီး ဂုဏ်ပြုရပါလိမ့်မယ်။ " ရှဝူချယ်က ပြုံး၍ ပြောလိုက်သည်။

" ကျွန်တော်ကို ဂုဏ်ပြုတာလား။ " ကျောက်ဖုန်းက ကြောင်သွားပြီး အတွေးတစ်ခုဝင်လာသည်။ " ယန်အာက နောက်ထပ်ကိုယ်ဝန်ရှိနေတာလား။ "

" ဟားဟား ဟုတ်ပါတယ်။ ကျောက်ကတော်ရဲ့ ကိုယ်ဝန်ရှိတဲ့ သွေးခုန်နှုန်းက အားနည်းနေသေးပေမယ့် ငါ့ရဲ့ နှစ်ပေါင်းများစွာ ဆေးပညာအတွေ့အကြုံအရ သိနိုင်ပါတယ်။ "

" ယန်အာ မင်းကို ဒုက္ခပေးမိပြန်ပြီ။ " ကျောက်ဖုန်းက နူးညံ့စွာ ပြုံးပြီး ပြောလိုက်သည်။

" ဒါက ကျွန်မရဲ့ တာဝန်ပါ။ ဘာဝန်ထုပ်ဝန်ပိုးမှ မရှိပါဘူး။ " ဝမ်ယန်က ညင်သာစွာ ပြောလိုက်သည်။

ထိုခေတ်ကာလတွင် ထိရောက်သော သန္ဓေတားဆေးများ ရှားပါးလှသည်။ ထို့အပြင် ကျောက်ဖုန်းကဲ့သို့ အဆင့်အတန်းမြင့်မားသူတစ်ယောက်အတွက် ကလေးအရေအတွက်မှာ စိတ်ပူစရာမရှိပေ။

All Chapters