← Chapters

အခန်း (၂၆၂)

Vol. 27 Ch. 262

အခန်း (၂၆၂)

Vol. 27 Ch. 262

အခန်း (၂၆၂)

" စစ်သေနာပတိချုပ်ကျောက်ကို ငါတောင်းဆိုချင်တာ တစ်ခုရှိတယ်။ " ရှဝူချယ်က ပြောလိုက်သည်။

" ပြောပါ သမားတော်ရှ။ " ကျောက်ဖုန်းက ချက်ချင်း ပြန်ပြောလိုက်သည်။

" မင်းဇနီးရဲ့ ကျောက်စိမ်းလက်ကောက်က မိတ်ဆွေဟောင်းတစ်ယောက် ပိုင်ခဲ့တဲ့ လက်ကောက်နဲ့ အရမ်းတူနေလို့ပါ။ ဒါကြောင့် စစ်သေနာပတိချုပ် မိခင်ကို မေးကြည့်ဖို့ ရွာကို လိုက်ခဲ့လို့ ရမလား သိချင်ပါတယ်။ " ရှဝူချယ်က မျှော်လင့်ချက်များနှင့် ပြောလိုက်သည်။

" သမားတော်ရှက ကြင်နာတတ်တဲ့သူပါ။ ကျုပ်ဇနီးကိုလည်း သေချာလာစစ်ဆေးပေးခဲ့တယ်။ ပြီးတော့ ကျုပ်အမေကလည်း ဆေးပညာမှာ ကျွမ်းကျင်တဲ့ပဲ။ ခင်ဗျားလို ဆေးပညာရှင်တစ်ယောက်နဲ့ ဆွေးနွေးခွင့်ရရင် သူမလည်း ဝမ်းသာမှာပါ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ဒါဆိုရင်တော့ ငါ အားနာနာနဲ့ လိုက်ခဲ့တော့မယ်။ " ရှဝူချယ်က ပြုံး၍ ပြောလိုက်သည်။

" အရှင် အားလုံး အဆင်သင့်ဖြစ်ပါပြီ။ အချိန်မရွေးထွက်ခွာလို့ရပါတယ်။ " ကျန်းမင်က အစီရင်ခံလိုက်သည်။

" ဒါဆိုလည်း ထွက်ကြတာပေါ့။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။ " စံအိမ်ကိစ္စတွေကို လင်းဖုကိုပဲ လွှဲပေးခဲ့လိုက်။ "

ထို့နောက် သူက ရှဝူချယ်ဘက်သို့ လှည့်လိုက်သည်။ " သမားတော်ရှ တစ်ခုခုပြင်ဆင်ဖို့ လိုသေးလား။ ခင်ဗျားအိမ်ကို လူလွှတ်ပြီး လိုက်ပို့ပေးလို့ရပါတယ်။ "

" ငါအိမ်ကနေ အဝတ်အစားနည်းနည်းပဲ ယူဖို့လိုပါတယ်။ ငါက တစ်ယောက်တည်းနေတာဆိုတော့ သိပ်ပြင်ဆင်စရာမလိုပါဘူး။ " ရှဝူချယ်က ပြောလိုက်သည်။

" ကောင်းပြီ။ ဒါဆို သွားကြမယ်။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်ပြီး ဝမ်ယန်၏ လက်ကို ဆွဲကာ ထွက်ခွာသွားသည်။

" တုန်အာ သမီးဖြစ်ဖို့ အဖေ မျှော်လင့်ပါတယ်။ အဖေမှာ နေဖို့ အချိန်တွေ အများကြီး မကျန်တော့ဘူး။ အဖေ မသေခင် သမီးကို တသ်ခါလောက် တွေ့ခွင့်ရရင် အဖေ အေးအေးချမ်းချမ်းနဲ့ မျက်စိမှိတ်နိုင်ပါပြီ။ အဖေ သမီးကို စောင့်နေခဲ့တာ အရမ်းကြာနေပြီ။ " ရှဝူချယ်၏ စိတ်ထဲတွင် မျှော်လင့်ချက်များဖြင့် တောက်လောင်နေသည်။

မကြာမီ ကိုယ်ရံတော်ငါးရာ၏ စောင့်ရှောက်မှုဖြင့် ရထားလုံးအများအပြားက ရှန်းယန်မြို့မှ ထွက်ခွာသွားခဲ့သည်။ သူတို့က လမ်းတွင် ရှဝူချယ်၏ နေအိမ်၌သာ ရပ်နားခဲ့သည်။ ရှဝူချယ် ထွက်ခွာသွားပြီးနောက် သူ၏ နေအိမ်မှ အိမ်တော်ထိန်းက နန်းတော်သို့ သတင်းပို့ရန် ချက်ချင်း သွားရောက်ခဲ့သည်။

" အရှင်မင်းကြီစ သမားတော်ရှရဲ့ အိမ်တော်ထိန်း သတင်းပို့ဖို့ ရောက်နေပါတယ်။ " ကျောက်ကောင်းက ရင်ကျန့်ကို ပြောလိုက်သည်။

ရင်ကျန့်က မျက်ခုံးများလှုပ်သွားပြီး သူ၏ လက်ထဲမှ အစီရင်ခံစာကို ချက်ချင်း ချလိုက်သည်။

" သူ့ကို အထဲလွှတ်လိုက်။ "

ရှဝူချယ်၏ အိမ်တော်ထိန်းက ခန်းမထဲသို့ ဝင်လာပြီး ဒူးထောက်လိုက်သည်။

" အရှင်မင်းကြီးကို အစီရင်ခံပါတယ်။ ကျွန်တော်မျိုး သခင်ကြီးက စစ်သေနာပတိချုပ်ကျောက်ဖုန်းနဲ့အတူ ရှန်းယန်ကနေ ထွက်ခွာသွားပါပြီ။ အရှင်မင်းကြီးကို စိတ်မပူဖို့အတွက် ကျွန်တော်မျိုးကို အကြောင်းကြားခိုင်းလိုက်ပါတယ်။ "

" သူက ကျောက်ဖုန်းနဲ့ ဘာလို့လိုက်သွားတာလဲ။ " ရင်ကျန့်က နားမလည်နိုင်ဖြစ်သွားသည်။

" သခင်ကြီးက ရှန်းယန်မှာ နေရတာ အရမ်းပျင်းလို့လို့ ပြောပါတယ်။ သူက ကျောက်နယ်မြေမှာ ရှိတုန်းက စစ်သေနာပတိချုပ် ကျောက်ဖုန်းနဲ့ သိကျွမ်းခဲ့ဖူးလို့ စိတ်အပန်းဖြေဖို့ စစ်သေနာပတိချုပ်ရဲ့ ဇာတိရွာကို သွားလည်ချင်လို့ပါတဲ့။ စစ်သေနာပတိချုပ်ကျောက်ရှိနေလို့ သူ့အတွက် စိတ်မပူဖို့လည်း ပြောလိုက်ပါတယ်။ စစ်သေနာပတိချုပ် ရှန်းယန်ကို ပြန်လာတဲ့အခါ သူလည်း ပြန်လိုက်လာခဲ့မှာပါ။ "

" ကောင်းပြီ။ " ရင်ကျန့်က စိတ်အေးသွားပြီး ခေါင်းညိမ့်လိုက်သည်။ " သမားတော်ရှက ရှန်းယန်မှာ တစ်ယောက်တည်းနေရတာ ပျင်းနေမှာပေါ့။ အခုဆို သူ့တပည့်ကလည်း အရည်အချင်းရှိနေပြီဆိုတော့ ဆေးပညာဌာနကိုလည်း သူအမြဲတမ်း ကြီးကြပ်နေဖို့ မလိုတော့ပါဘူး။ သွားပြီး အပန်းဖြေတာ သူ့အတွက် ကောင်းပါတယ်။ ဘေးကင်းဖို့အတွက် ကျောက်ဖုန်းရဲ့ စစ်သည်တွေရှိနေသလို ဒါကလည်း ချင်နယ်မြေထဲမှာမလို့ စိတ်ပူစရာမရှိပါဘူး။ "

" အရှင်မင်းကြီးက အမြော်အမြင် ရှိလှပါတယ်။ " အိမ်တော်ထိန်းက ရိုသေစွာ ပြောလိုက်သည်။

" မင်းရဲ့ သခင်မရှိတုန်မှာ အိမ်ကို သေချာဂရုစိုက်ပါ။ ပေါ့ပေါ့ဆဆမလုပ်နဲ့။ " ရင်ကျန့်က လေးနက်စွာ ပြောလိုက်သည်။

" ကျွန်တော်မျိုး အမိန့်အတိုင်း နာခံပါမယ်။ " အိမ်တော်ထိန်းက ပြန်ပြောလိုက်သည်။

ရင်ကျန့်က လက်ဝှေ့ရမ်းလိုက်ပြီး အိမ်တော်ထိန်းက ထွက်ခွာသွားသည်။ နန်းတော်တစ်ခုလုံးတွင် ရှဝူချယ်တစ်ယောက်သာ ရင်ကျန့်ဆီမှ ခွင့်ပြုချက်မျတာင်းဘဲ ရှန်းယန်မှ ထွက်ခွာနိုင်သော လူဖြစ်သည်။

ရင်ကျန့်အနေဖြင့် ရှဝူချယ်သာ ရန်သူနိုင်ငံ သို့မဟုတ် အန္တရာယ်ရှိသော နယ်မြေသို့ မသွားသရွေ့ သူက ဝင်ရောက်စွက်ဖက်မည်မဟုတ်ပေ။ သူ့အတွက် သူ၏ ယောက္ခမ စိတ်ချမ်းသာနေရန်မှာ အရေးကြီးဆုံး ဖြစ်သည်။

" ငါ့ကို ပြောစမ်း။ သမားတော်ရှက အရမ်းပျင်းနေတယ်လို့ မင်းထင်လား။ ရှန်းယန်က သူ့အတွက် လှောင်အိမ်တစ်ခုလို ဖြစ်နေတာလား။ " ရင်ကျန့်က ကျောက်ကောင်းကို ​မေးလိုက်သည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာက ဖြစ်ရပ်ပြီးနောက် ကျောက်ကောင်းက ရင်ကျန့်၏ ဘေးတွင် ရှိနေပြီး ရင်ကျန့်က ရှဝူချယ်အပေါ် အလွန်မျက်နှာသာပေးသည်ကိုလည်း သိထားသည်။ အမှန်တော့ နန်းတွင်းရှိ အရပ်ဘက်နှင့် စစ်ဘက်အရာရှိအားလုံး ၎င်းကို သိထားကြသည်။

" ကျွန်တော်မျိုး မခန့်မှန်းဝံ့ပါဘူး။ " ကျောက်ကောင်းက ကြောက်ရွံ့စွာဖြင့် ပြောလိုက်သည်။

" ဟူဟိုက်ကို ညီလာခံကို တက်ရောက်ခိုင်းလိုက်။ " ရင်ကျန့်က ဖြည်းညင်းစွာ ပြောလိုက်သည်။

ထိုစကားများကြောင့် ကျောက်ကောင်းက အံ့ဩတုန်လှုပ်သွားသည်။ သူက ရင်ကျန့်ကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်သည်။

" အရှင်မင်းကြီး ၁၈ယောက်မြောက် မင်းသားလေးကို ညီလာခံ တက်ရောက်ဖို့ ပြောတာလား။ "

" သွားပြီး အမိန့်ထုတ်ပြန်လိုက်တော့။ " ရင်ကျန့်က ကျောက်ကောင်းကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။

" အမိန့်အတိုင်းပါ။ " ကျောက်ကောင်းက အလွန်ဝမ်းသာသွားပြီး ခန်းမထဲမှ ထွက်ခွာသွားသည်။

" ဖုစု ပြိုင်ဘက်ရှိလာရင် မင်းလည်း ပိုပြီး အရည်အချင်းရှိလာဖို့ မျှော်လင့်ပါတယ်။ မဟုတ်ရင်တော့ မင်းက တကယ်ကို မျှော်လင့်ချက်မရှိ ဖြစ်သွားမှာပဲ။ " ရင်ကျန့်က လေးနက်စွာ တွေးလိုက်သည်။

မိဖုရားဟူ၏ နန်းဆောင်။

" တော်ဝင်ရထားလုံးမှုး ရောက်လာပါတယ်။ "

မိဖုရားဟူက ချက်ချင်း မတ်တပ်ရပ်လိုက်သည်။ ကျောက်ကောင်းက အထဲသို့ ဝင်လာပြီးနောက် မိဖုရားဟူကို ဦးညွှတ်လိုက်သည်။

" ကျွန်တော်မျိုး သခင်မကို ဂါရဝပြုပါတယ်။ "

" အရေးကြီးကိစ္စရှိလို့လား။ " မိဖုရားဟူက ပြုံး၍ ပြောလိုက်သည်။

" သတင်းကောင်းပါ သခင်မ။ " ကျောက်ကောင်းက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

မိဖုရားဟူက သိလိုစိတ်ဖြင့် ကြည့်လ်ိုက်သည်။ သူမ၏ မိခင်ဘက်က မိသားစုက မိဖုရားမီလောက် အာဏာမကြီးမားသဖြင့် အမြင့်ဆုံးနေရာကို လုယူရန်အတွက် သူမ၏ အကြီးဆုံး အားကိုးရာမှာ ကျောက်ကောင်းသာဖြစ်သည်။

" အရှင်မင်းကြီးက အခုလေးတင် အမိန့်ထုတ်ပြန်လိုက်တယ်။ " ကျောက်ကောင်းက ဝမ်းသာမှုများဖြင့် ပြည့်နှက်သွားသည်။ " အခုကစပြီး မင်းသားလေးဟူဟိုက်ကို ညီလာခံကို တက်ရောက်ခွင့်ပေးလိုက်ပါပြီ။ "

" ဘာ..." မိဖုရားဟူက မှင်သက်သွားပြီး မယုံကြည်နိုင်ဖြစ်သွားသည်။ " အဲ့ဒါ အမှန်ပဲလား။ "

" မှန်ပါတယ် သခင်မ။ " ကျောက်ကောင်းက ပြုံး၍ ပြောလိုက်သည်။ " ပထမတော့ ကျွန်တော်လည်း နားကြားမှားတယ်ထင်ပြီး အရှင်မင်းကြီးကို ထပ်မေးခဲ့ပါတယ်။ အရှင်မင်းကြီးက အတည်ပြုပေးခဲ့ပါတယ်။ "

" ဒါက တကယ်ကို ဝမ်းသာစရာပဲ။ " မိဖုရားဟူက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ " ညီလာခံကို တက်ရောက်ခွင့်ရတယ်ဆိုတာ အရှင်မင်းကြီး မျက်နှာသာပေးတဲ့ မင်းသားတွေပဲ ရနိုင်တဲ့ အခွင့်အရေးပဲ။ ဒါက အိမ်ရှေ့စံမင်းသားဖြစ်လာဖို့အတွက် လမ်းစပဲ။ "

" အတိအကျပါပဲ။ " ကျောက်ကောင်းက ပြုံး၍ ပြောလိုက်သည်။ " အရှင်မင်းကြီးက ဖုစုကို စိတ်ပျက်သွားပုံရတယ်။ ဒါကြောင့် မင်းသားလေးကို ညီလာခံတက်ရောက်ခွင့်ပေးလိုက်တာပဲ။ "

" အရှင်မင်းကြီးက ရုတ်တရက် ဘာလို့ ဒီလိုလုပ်ရတာလဲ။ " မိဖုရားဟူက သိလိုစိတ်ဖြင့် မေးလိုက်သည်။ " ဖုစုက အမှားတစ်ခုခု လုပ်လိုက်လို့လား။ "

" ဖုစုကိုယ်တိုင်ကတော့ ဘာအမှားမှမလုပ်ဘူး။ ဒါပေမယ့် ဝမ်ဝမ်နဲ့ သူတို့အုပ်စုကတော့ မဟုတ်ဘူး။ " ကျောက်ကောင်းက လှောင်ပြုံးပြုံးလိုက်သည်။ " အရှင်မင်းကြီးက ဘာလို့စိတ်ပြောင်းသွားပြီး မင်းသားလေးကို လွှတ်တော်တက်ရောက်ခွင့်ပေးလိုက်တာလဲဆိုတာ သိလား။ "

" ဘာလို့လဲ။ " မိဖုရားဟူက မေးလိုက်သည်။

" အရှင်မင်းကြိး စိတ်ပြောင်းသွားစေတဲ့ အကြောင်းရင်း အတိအကျကို မသိပေမယ့် တစ်ခုတော့ သေချာတယ်။ ဒီကိစ္စက ကျောက်ဖုန်းနဲ့ သေချာပေါက် ပက်သက်နေတယ်။ "

" ကျောက်ဖုန်းလား။ " မိဖုရားဟူက နားမလည်နိုင်ဖြစ်သွားသည်။ " ကျောက်ဖုန်းက သူ့ယောက္ခမ ဝမ်ကျန့်လိုပဲ မြေခွေးတစ်ကောင်လို့ ရှင်ပြောခဲ့တယ်မဟုတ်လား။ သူက မင်းသားတွေကြား အာဏာလုပွဲမှာ ပါမှာမဟုတ်ဘူးဆို။ သူက ဘာလို့ ကျွန်မသားတော်ကို ကူညီတာလဲ။ "

" သခင်မ ကျောက်ဖုန်းက ကူညီပေးခဲ့တာမဟုတ်ဘူး။ " ကျောက်ကောင်းက ခေါင်းခါလိုက်သည်။ " သူက ဖုစုရော ဝမ်ဝမ်နဲ့ သူ့နောက်လိုက်တွေကိုပါ ပစ်မှတ်ထားလိုက်လို့ အရှင်းမင်းကြီးက မင်းသားလေးဟူဟိုက်ကို ပြုစုပျိုးထောင်ဖို့ စဉ်းစားလာတာပဲ။ ကျောက်ဖုန်းက နန်းတွင်းကို ရောက်တဲ့နေ့မှာတင် ပိုင်မိသာစုက ပိုင်ဝူက သူ့ကို စွပ်စွဲပြစ်တင်ခဲ့တယ်။"

" ပြီးတော့ ကျွန်တော် နောက်တစ်ခု သိရသေးတယ်။ ကျောက်ဖုန်း စစ်သေနာပတိချုပ်မဖြစ်ခင်တုန်းက ဝမ်မိသားစုရဲ့ သမီးနဲ့ လက်ထပ်ပြီးခါစမှာ ဖုစုရဲ့ ဆရာ ချွန်းယွီယွဲ့က ကျောက်ဖုန်းကို စေ့စပ်မှု ဖျက်သိမ်းဖို့ လူလွှတ်ပြီး ခြိမ်းခြောက်ဖူးတယ်။ ဒါက ကျောက်ဖုန်းကို ဒေါသထွက်စေခဲ့တယ်။ "

" ဒါကြောင့် ကျောက်ဖုန်းက ဖုစုအပါအဝင် ဝမ်ဝမ်နဲ့ သူ့အဖွဲ့တွေအပေါ် မကျေမနပ် ဖြစ်သွားခဲ့တယ်။ သူ ပြန်ရောက်တုန်းက သူနဲ့အရှင်မင်းကြီးက တစ်ညလုံး ဝိုင်သောက်ရင်း စကားပြောခဲ့ကြတယ်။ သူတို့ ဘာတွေဆွေးနွေးခဲ့လဲဆို မသိပေမယ့် ဝမ်ဝမ်တို့အကြောင်း တစ်ခုခုပြောခဲ့မှာ သေချာတယ်။ "

All Chapters