အခန်း (၂၆၃)
Vol. 27 Ch. 263
အခန်း (၂၆၃)
" အရှင်မင်းကြီးက ဘာမှမပြောခဲ့ပေမယ့် ဖုစု၊ ဝမ်ဝမ်နဲ့ သူတို့အုပ်စုအပေါ် သဘောထားပြောင်းလဲသွားတာကို ကျွန်တော်သိပါတယ်။ အဲ့ဒါကြောင့် အရှင်မင်းကြီးက မင်းသားလေးဟူဟိုက်ကို လွှတ်တော်တက်ရောက်ခွင့်ပေးလိုက်တာပဲ။ " ကျောက်ကောင်းက ပြုံး၍ ရှင်းပြလိုက်သည်။
" ကျောက်ဖုန်းက အရှင်မင်းကြီးအပေါ် အဲ့လောက်တောင် လွှမ်းမိုးနိုင်တာလား။ " မိဖုရားဟူက အံ့ဩစွာ မေးလိုက်သည်။
" အရှင်မင်းကြီးက ကျောက်ဖုန်းကို ဘာလို့ဒီလောက်ထိ မျက်နှာသာပေးရလဲဆိုတာ ကျွန်တော်လည်း နားမလည်နိုင်ပါဘူး။ " ကျောက်ကောင်းက ပြောလိုက်သည်။ " သူ့ရဲ့ အရည်အချင်းကြောင့် ဖြစ်နိုင်ပါတယ်။ သူက အရမ်းငယ်သေးပေမယ့် နိုင်ငံနှစ်ခုကို ချေမှုန်းတဲ့ နေရာမှာ ကြီးမားတဲ့ စွမ်းဆောင်မှုတွေ ရထားတယ်။ ဒါကြောင့် အရှင်မင်းကြီးက ပါရမီရှင်တွေကို တန်ဖိုးထားလို့ဖြစ်မှာပါ။ "
" ဖုစု ဖုစု..." မိဖုရားဟူက လှောင်ပြုံး ပြုံးလိုက်သည်။ " သူက သားဦးအနေနဲ့ မြင့်မားတဲ့ အဆင့်အတန်းကို ပိုင်ဆိုင်ထားသလို ဝန်ကြီးတွေရဲ့ ထောက်ခံမှုလည်း ရရှိထားတယ်။ ဒါပေမယ့် သူ မသိလိုက်ဘဲ အဲ့ဒီဝန်ကြီးတွေက ကျောက်ဖုန်းကို ဆန့်ကျင်မိသွားတယ်။ "
သူမ၏ သားဖြစ်သူ ညီလာခံတက်ရောက်ခွင့်ရသည်ကို ကြားရသောအခါ မိဖုရားဟူက ဟူဟိုက် နန်းတက်မည့်နေ့ကိုပင် မြင်ယောင်နေမိတော့သည်။
ချင်နိုင်ငံ၊ ရှချူးခရိုင်။
ဆယ်ရက်ကြာခရီးနှင်ပြီးနောက် ကျောက်ဖုန်းတို့က နောက်ဆုံးတွင် ရှချူးခရိုင်သို့ ရောက်လာခဲ့သည်။
" အရှင် ကျွန်တော်တို့ ရှချူးခရိုကို ရောက်ပါပြီ။ " ကျန်းမင်က ခရိုင်နယ်နိမိတ်မှတ်တိုင်ကို မြင်သောအခါ ချက်ချင်း အစီရင်ခံလိုက်သည်။
ကျောက်ဖုန်းက မြင်းရထားပေါ်မှ ဖြည်းညင်းစွာ ဆင်းလာပြီး ရှချူးခရိုင်မှတ်တိုင်ကို ကြည့်လိုက်သည်။
" ရှချူး။ နောက်ဆုံးတော့ ငါပြန်ရောက်လာပြီ။ "
ကျောက်ဖုန်း၏ စိတ်ထဲတွင် သမိုင်းဝက်ဖြစ်ရပ်တစ်ခု ပေါ်လာသည်။ သမိုင်းတွင် ချင်ရှီဟွမ် ရင်ကျန့်က တိုင်းခန်းလှည့်လည်စဉ် ရှချူးတွင် ဖျားနာပြီး ကွယ်လွန်ခဲ့သည်။ သူ၏ နောက်ဆုံးအမိန့်တော်ကို လီစီနှင့် ကျောက်ကောင်းတို့က အမိန့်ကို ပြောင်းလဲခဲ့ကြသည်။
" ဒီကမ္ဘာမှာ လပ်ပြာသက်ရောက်မှုရှိမလား ငါသိချင်မိတယ်။ မူလသမိုင်းကမ္ဘာမှာတော့ ငါမရှိခဲ့ဘူး။ ဒါမှမဟုတ် ငါ့ရဲ့ ဝိညာဉ်က မရှိခဲ့ဘူး။ တကယ်လို့ ကျောက်ဖုန်းဆိုတာ ရှိခဲ့ရင်တောင် သူက လွန်ခဲ့တဲ့ အချိန်ကတည်းက စစ်မြေပြင်မှာ သေသွားလောက်ပြီ။ ရှချိုးမှာ ဖျားပြီး သေရတာ နှမြောစရာပဲ။ "
" အရှင် အခုက မွန်းတည့်ချိန်ရှိနေပါပြီ။ " ကျန်းမင်က မေးလိုက်သည်။ " အရှင်ရဲ့ရွာက ဘယ်လောက်ဝေးသေးလဲ။ ညနေပိုင်းဆို ရောက်နိုင်မလား။ "
" နေ့တစ်ဝက်လောက်ဆို လုံလောက်ပါတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
ထိုအချိန်တွင် ရှဝူချယ်က ရထားလုံးပေါ်မှ ဆင်းလာသည်။ " ဒါက စစ်သေနာပတိချုပ်ကျောက်ရဲ့ ဇာတိခရိုင်ပေါ့။ "
" ဟုတ်ပါတယ်။ လေးနှစ်ရှိပြီ။ နောက်ဆုံးတော့ အိမ်ပြန်ရပြီ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" ဒီအဘိုကြီးက စစ်သေနာပတိချုပ်ကျောက်ရဲ့ ဇာတိမြေကို အတော်လေး စိတ်ဝင်စားနေတာ။ " ရှဝူချယ်က ရယ်ပြီး ပြောလိုက်သည်။ " ချင်နိုင်ငံအတွက် ဒီလိုလူမျိုးကို ဘယ်လိုနေရာကများ မွေးထုတ်ပေးခဲ့တာလဲဆိုတာ ငါသိချင်မိတယ်။"
ကျောက်ဖုန်းနှင့် ရင်းနှီးစွာ ဆက်ဆံလာသည်နှင့်အမျှ သူ၏ သံသယမှာ ပို၍ သေချာလေ ဖြစ်လာသည်။ ကျောက်ဖုန်းက သူ၏ မြေးဖြစ်နိုင်ပြီး ကျောက်ဖုန်း၏ မိခင်က သူ နှစ်ပေါင်း ၂၁နှစ်ကြာအောင် လိုက်ရှာနေသော သူ၏ သမီးဖြစ်နိုင်သည်။
" နေ့တစ်ဝက်ပဲ လိုတော့တယ်။ သမားတော်ရှ အဲ့ကျရင် ကောင်းကောင်း အနားယူလို့ ရပါပြီ။ သွားကြစို့။ " ကျောက်ဖုန်းက ပြောလိုက်သည်။
သူတို့က ခရိုင်မြို့တော်သို့ ချဉ်းကပ်လာသောအခါ အဝေးတွင် စောင့်ဆိုင်းနေသော အုပ်စုတစ်စုကို မြင်လိုက်ရသည်။ ခရိုင်စစ်သည်တစ်ရာနှင့် ချင်အစိုးရဝတ်စုံကို ဝတ်ဆင်ထားသော အရာရှိဆယ်ယောက်ကျော်တို့ ဖြစ်သည်။ ကျောက်ဖုန်းက ဤလမ်းမှ ဖြတ်သွားမည်ဟု သူတို့က ကြိုသိထားပုံရသည်။
" ဒါက စစ်သေနာပတိချုပ်ကျောက်ဖုန်းလား သိချင်ပါတယ်။ " ယန်ပင်းက ရှေ့တိုးလာပြီး ရိုသေစွာ မေးလိုက်သည်။
" ခင်ဗျားက ဘယ်သူလဲ။ " ကျန်းမင်က သူ၏ ရှေ့မှလူကို ကြည့်ပြီး မေးလိုက်သည်။
" ကျွန်တော်က ရှချိုးခရိုင်ရဲ့ နယ်စားမင်းပါ။ စစ်သေနာပတိချုပ် ပြန်လာတယ်ဆိုတာကြားလို့ လာရောက်ကြိုဆိုတာပါ။ " ာန်ပင်းက ပြုံး၍ ပြောလိုက်သည်။
" ခဏစောင့်ပါ။ ကျုပ်သတင်းပို့လိုက်ပါမယ်။ " ကျန်းမင်က သတင်းပို့ရန် မြင်းကို လှည့်လိုက်သည်။
" အရှင် ရှချူးခရိုင်ရဲ့ နယ်စားမင်းက ရှေ့မှာ စောင့်နေပါတယ်။ သူ့ကို တွေ့ချင်ပါလား။ "
" သူက ရှချူးခရိုင်ရဲ့ နယ်စားမင်းပဲ။ ငါ့မိသားစုကို ကောင်းကောင်းဂရုစိုက်ပေးတယ်လို့ ငါကြားတယ်။ " ကျောက်ဖုန်းက မှတ်ချက်ပြုလိုက်သည်။
ကျောက်ဖုန်းက အောက်သို့ဆင်းပြီး ယန်ပင်းဆီသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်သည်။ ယန်ပငိးက ကျောက်ဖုန်းကို မြင်လိုက်ရသောအခါ စစ်သေနာပတိချုပ်က တန်ဖိုးကြီးဝတ်စုံများကို ဝတ်ဆင်ထားခြင်းမရှိသည်ကို သတိပြုမိသွားသည်။ သို့သော် စစ်တပ်ထဲတွင် သူဝတ်ဆင်လေ့ရှိသော အနက်ရောင်ဝတ်စုံကိုသာ ဝတ်ဆင်ထားသည်။
" သူက ကောလဟာလတွေအတိုင်း ငယ်သေးတာပဲ။ အသက်နှစ်ဆယ်နဲ့ စစ်သေနာပတိချုပ်။ အနာဂတ်မှာ သူက စစ်ဦးစီးချုပ်တောင် ဖြစ်လာနိုင်တယ်။ ငါသာ ဒီအခွင့်အရေးကို ဆုပ်ကိုင်နိုင်ရင် မြို့တော်အရာရှိတစ်ယောက် ဖြစ်လာနိုင်လောက်ပါတယ်။ " ယန်ပင်းက ကျောက်ဖုန်းကို ကြည့်ပြီး စိတ်လှုပ်ရှားသွားသည်။
" ကျွန်တော်မျိုး ယန်ပင်းက စစ်သေနာပတိချုပ်ကို ဂါရဝပြုပါတယ်။ " ယန်ပင်းက လေးနက်စွာ ဦးညွှတ်လိုက်သည်။ စုဝေးနေကြသော ခရိုင်စစ်သည်များကလည်း တစ်ညီတစ်ညွှတ်တည်း ဦးညွှတ်လိုက်သည်။
" အားလုံးပဲ ဒီလိုအခမ်းအနားတွေမလိုပါဘူး။ " ကျောက်ဖုန်းက လက်မြှောက်ပြီး ပြောလိုက်သည်။
" စစ်သေနာပတိချုပ် ဇာတိကို ပြန်လာတာက ရှချူးခရိုင်အတွင် ကြီးမားတဲ့ ဂုဏ်ယူစရာပါပဲ။ " ယန်ပင်းက ရိုသေစွာ ပြောလိုက်သည်။ " စစ်သေနာပတိချုပ် အိမ်မပြန်တာ နှစ်အတော်ကြာပြီဖြစ်လို့ ကျွန်တော်မျိုးက လမ်းပြပေးဖို့ လာခဲ့တာပါ။ "
" ဒါဆိုရင်တော့ နယ်စားမင်းယန်ကို ဒုက္ခပေးရတော့မှာပဲ။ " ကျောက်ဖုန်းက ပြုံး၍ ခေါင်းညိမ့်လိုက်သည်။
" စစ်သေနာပတိချုပ်ကျောက်က အရမ်းကြင်နာတတ်တာပဲ။ ဒါက ကျွန်တော်မျိုးရဲ့ တာဝန်ပါ။ " ယန်ပင်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ကျောက်ဖုန်းက သူ၏ စေတနာကို လက်ခံခဲ့သည်။ သူက နှစ်ပေါင်းများစွာ ကျောက်မိသားစုကို ဂရုစိုက်ပေးခဲ့သည့်သတင်းများက ကျောက်ဖုန်း၏ နားထဲသို့ ရောက်သွားပုံရသည်။ မဟုတ်လျှင် ကျောက်ဖုန်းက သူ့အပေါ် ယခုလောက် ယဉ်ကျေးနေမည်မဟုတ်ပေ။
" ဒါဆိုလည်း သွားကြစို့။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" စစ်သေနာပတိချုပ် ကြွပါ။ " ယန်ပင်းက သူနှင့်အတူ လိုက်လာသော အရာရှိများကို ကြည့်လိုက်သည်။ " ငါရှကျေးရွာကို တစ်ခေါက်သွားလိုက်ဦးမယ်။ ကျန်တဲ့သူတွေ ပြန်လို့ရပြီ။ ခရိုင်စစ်သည်တွေက ငါနဲ့အတူ လိုက်ခဲ့ကြ။ "
" ဟုတ်ကဲ့ပါ။ " စစ်သည်များက ပြန်ပြောလိုက်သည်။
ရှကျေးရွာ။
ညမှောင်လာပြီဖြစ်ပြီး ရွာထဲရှိ အိမ်တိုင်းက ဖယောင်းတိုင်များ ထွန်းထားကြသည်။ အတိတ်နှင့် နှိုင်းယှဉ်လျှင် ရှကျေးရွာက ယခုအခါ ပို၍ စည်ပင်ဝပြောလာပုံရသည်။ အသစ်ဆောက်ထားသော အိမ်များပင် ရှိနေသည်။
လူအများက ရှကျေးရွာကို စစ်သေနာပတိချုပ်ထွက်ပေါ်လာသောကြောင့် မင်္ဂလာရှိသော မြင့်မြတ်မြေအဖြစ် သတ်မှတ်ခဲ့ကြသည်။ ထို့ကြောင့်ပင် သူတို့က ရှကျေးရွာသို့ ပြောင်းရွေ့လာခြင်းဖြစ်သည်။ ကျောက်ဖုန်းထွက်သွားစဉ်က လူဦးရေ ရာဂဏန်းသာရှိပြီး ယခု လူနှစ်ထောင်ကျော်သွားပြီဖြစ်ရာ မြို့ငယ်လေးတစ်ခုကဲ့သို့ ဖြစ်နေသည်။
" ကျန်းမင် ငါ့အိမ်က အဲ့လောက်မကျယ်ဘူး။ ငါတို့ညီအကိုတွေအားလုံးကို လက်ခံထားဖို့ မလုံလောက်ဘူး။ သူတို့ကို ခေါ်သွားပြီး အပြင်မှာ စခန်းချလိုက်ပါ။ " ကျောက်ဖုန်းက လိုက်ကာကို ဖွင့်ပြီး ပြောလိုက်သည်။
" စစ်သေနာပတိချုပ်ကျောက် အရှင်မင်းကြီးက စစ်သေနာပတိချုပ်အတွက် နန်းတွင်းလက်မှုပညာရှင်တွေကို စံအိမ်တစ်လုံးဆောက်ဖို့ အမိန့်ပေးခဲ့ပါတယ်။ အခု စစ်သေနာပတိချုပ်ရဲ့အိမ်က အရမ်းကျယ်နေပါပြီ။ ဒီကိုယ်ရံတော် ရာချီမပြောနဲ့ ဒီထက်ပိုပြီးတောင် နေနိုင်ပါသေးတယ်။ " ယန်ပင်းက ရယ်ပြီး ပြောလိုက်သည်။
" တကယ် အဲ့လောက်တောင် ကြီးတာလား။ " ကျောက်ဖုန်းက အနည်းငယ် အံ့အားသင့်သွားသည်။
" မှန်ပါတယ်။ ကျွန်တော်မျိုးက ကျောက်စံအိမ်ကို အကြိမ်ကြိမ်ရောက်ဖူးပါတယ်။ " ယန်ပင်းက ပြောလိုက်သည်။
" ဒါဆိုရင် စခန်းချဖို့ မလိုတော့ဘူး။ ငါနဲ့အတူ အိမ်ကို လိုက်ခဲ့ကြ။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" ဟုတ်ကဲ့ပါ အရှင်။ " ကျန်းမင်က ရိုသေစွာ ပြန်ပြောလိုက်သည်။ ထို့နောက် ကိုယ်ရံတော်များက ရထားလုံးကို ဝန်းရံပြီး ရွာထဲသို့ ဝင်သွားကြသည်။
မြင်းခွာသံများနှင့် သံချပ်ကာအင်္ကျီသံများကြောင့် ရွာသားအများအပြားက အပြင်သို့ ထွက်လာကြသည်။ ညအမှောင်အောက်တွင် ကျောက်စံအိမ်သို့ ဦးတည်သွားနေသော စစ်သည်များကို တွေ့လိုက်ရသည်။
" သူတို့က ကျောက်စံအိမ်ကို သွားနေကြတာပဲ။ "
" စစ်သေနာပတိချုပ် ပြန်လာတာလား။ "
" ဖြစ်နိုင်တယ်။ ကျောက်နိုင်ငံကျဆုံးသွားတာ ကြာပြီဆိုတော့ စစ်သေနာပတိချုပ် ပြန်လာလောက်ပြီ။ "
" စစ်သေနာပတိချုပ် ပြန်လာတာဆိုတော့ သွားကြည့်ရအောင်။ "
ချင်စစ်သည်များက ကျောက်စံအိမ်သို့ ဦးတည်သွားနေသည်ကို မြင်သောအခါ ရွာသားများက ကျောက်ဖုန်း ပြန်လာပြီဟု ယူဆလိုက်ကြပြီး ကျောက်စံအိမ်သို့ ထွက်ခွာသွားကြသည်။
ကျောက်စံအိမ်။
" သခင်မကြီး၊ သခင်မလေး။ " အိမ်တော်ထိန်းက အိမ်ထဲသို့ အပြေးအလွှား ဝင်ရောက်လာပြီး အော်ပြောလိုက်သည်။ " စစ်သေနာပတိချုပ် ပြန်ရောက်ပါပြီ။ သခင်မနဲ့ အခြားသူတွေလည်း ပြန်ပါလာကြပါတယ်။ "
ကျောက်ကတော်နှင့် ကျောက်ရင်တို့က စိတ်လှုပ်ရှားသွားကြပြီး စံအိမ်တံခါးပေါက်ဆီသို့ အမြန် ပြေးသွားကြသည်။ စံအိမ်တ့်ခါးဝတွင် အစေခံအားလုံး စုဝေးနေကြသည်။
" စစ်သေနာပတိချုပ် ပြန်လာတာကို ကြိုဆိုပါတယ်။ " အစေခံများအားလုံးက ဒူးထောက်ပြီး အော်ဟစ်လိုက်ကြသည်။
" အင်း လူငါးရာအတွက် အစားအသောက်တွေ ပြင်ဆင်ထားလိုက်။ အားလုံးသွားလို့ရပြီ။ " ကျောက်ဖုန်းက လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။
" အမိန့်အတိုင်းပါ။ " အစေခံများက ချက်ချင်း ထွက်ခွာသွားကြသည်။