← Chapters

အခန်း (၂၆၄)

Vol. 27 Ch. 264

အခန်း (၂၆၄)

Vol. 27 Ch. 264

အခန်း (၂၆၄)

ကျောက်ကတော်နနှင့် ကျောက်ရင်တို့က လျင်မြန်စွာ ထွက်လာကြသည်။ သူတို့က မတွေ့တာကြာပြီဖြစ်သော ကျောက်ဖုန်းကို မြင်လိုက်ရသောအခါ သူတို့နှစ်ယောက်လုံးက စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်သွားကြသည်။

" ဖုန်းအာ " ကျောက်ကတော်က တုန်ရီနေသော အသံဖြင့် ခေါ်လိုက်သည်။

" အစ်ကို "

သူတို့၏ အသံကို ကြားလိုက်ရသောအခါ ကျောက်ဖုန်းက ချက်ချင်း လှည့်ကြည့်လိုက်သည်။

" အမေ ညီမလေး " ကျောက်ဖုန်းက ရှေ့သို့ တိုးသွားပြီး သူတို့နှစ်ယောက်လုံးကို ပွေ့ဖက်လိုက်သည်။

"သားပြန်လာတာကောင်းတယ်။ လေးနှစ်တောင်ရှိပြီ။ သား နောက်ဆုံးတော့ ပြန်လာပြီပေါ့။ သား ပိုပြီး ရင်ကျက်လာတယ်။ အရပ်လည်း ပိုရှည်လာတယ်။ ဒါက တကယ်ကို ဝမ်းသာစရာပဲ။ " ကျောက်ကတော်က သူမ၏ သားကု ခေါင်းအစခြေအဆုံး ကြည့်လိုက်သည်။ သူ အထိအခိုက်မရှိ ပြန်လာခြင်းကပင် သူမအတွက် အလွန်စိတ်သက်သာရာရစေသည်။

" အမေ ညီမလေး " ဝမ်ယန်ကလည်း ရှေ့တိုးပြီး ခေါ်လိုက်သည်။

" ယန်အာ သမီးလည်း ပြန်ပါတာပဲ။ " ကျောက်ကတော်က ဝမ်းသာအားရ ပြောလိုက်သည်။

"ဖွားဖွား ဒေါ်ဒေါ် " ကလေးနှစ်ယောက်ကလည်း ခေါ်လိုက်သည်။

" ကောင်းတယ်။ မင်းတို့ပြန်လာတာကောင်းတယ်။ ငါ့ရဲ့ ရတနာလေးတွေ။ " ကျောက်ကတော်က သူမ၏ မြေးလေးနှစ်ယောက်ကို ကြည့်ပြီး ပြောလိုက်သည်။

" အမေ အကိုက သူတို့နှစ်ယောက်ကို နာမည်ပေးပြီးပါပြီ။ " ဝမ်ယန်က ကလေးနှစ်ယောက်ကို ကြည့်ပြီး ပြောလိုက်သည်။ " သားလေးက ကျောက်ချီ၊ သမီးလေးက ကျောက်လင်းပါ။ "

" ကျောက်ချီနဲ့ ကျောက်လင်း နာမည်ကောင်းတွေပဲ။ " ကျောက်ကတော်က ကလေးနှစ်ယောက်ကို ဖက်ပြီး ပြောလိုက်သည်။ " ချီအာ၊ လင်းအာ ဖွားဖွားကို ခေါ်ပါဦး။ "

" ဖွားဖွား " ကလေးနှစ်ယောက်က ချိုသာစွာ ခေါ်လိုက်ကြသည်။

" ဒေါ်ဒေါ်ကိုလည်း ခေါ်ပါဦး။ " ကျောက်ရင်ကလည်း ဒူးထောက်ပြီး ပြောလိုက်သည်။

" ဒေါ်ဒေါ် "

ကျောက်ရင်က ထိုသို့ခေါ်ခံရသည်ကို ပြန်ထူးရင်း ပျှော်ရွှင်နေခဲ့သည်။

ကျောက်ဖုန်းက ထိုနွေးထွေးသော မြင်ကွင်းကို ကြည့်ပြီး အလွန်ဝမ်းသာနေခဲ့သည်။ ၎င်းက သူ အမြဲတမ်း လိုချင်တောင့်တခဲ့သောအရာ ဖြစ်သည်။ မိသားစုတစ်ခုနှင့် ပျော်ပျော်ရွှင်ရွှင် ရှိနေရန် ဖြစ်သည်။ ထို့အပြင် သူက ကြီးမားသော အာဏာကိုလည်း ရရှိထားသည်။ အာဏာသာမဟုတ်ဘဲ ယခုအခါ သူ၏ လက်အောက်တွင် လျို့ဝှက်အင်အားစုတစ်ခုလည်း ရှိနေပြီဖြစ်သည်။ အနာဂတ်တွင် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။

" အစ်ကို ငါ အခုထိ မယုံနိုင်သေးဘူး။ " ကျောက်ရင်က အနားတိုးလာပြီး သူ၏ ပါးကို ဆွဲညှစ်ကာ ပြောလိုက်သည်။

" အစ်ကိုက တကယ်ပဲ စစ်သေနာပတိချုပ်ဖြစ်လာတာလား။ အခြားတစ်ယောက်ယောက်နဲ့များ အစားထိုးထားတာလား။ "

ချင်နိုင်ငံတစ်ခုလုံးတွင် ကျောက်ရင်တစ်ယောက်တည်းသာ ထိုကဲ့သို့ ပြုမူဝံ့ပေလိမ့်မည်။

" ကောင်မလေး မင်းအစ်ကိုက ဘယ်လိုလုပ်အစားထိုးခံရမှာလဲ။ " ကျောက်ဖုန်းက သူမ၏ လက်ကို ပုတ်ထုတ်လိုက်သည်။

" တွေ့လား အမေ။ သူအရင်အတိုင်းပဲ သမီးကို အနိုင်ကျင့်နေတုန်းပဲ။ " ကျောက်ရင်က ကျောက်ကတော်ကို တိုင်လိုက်သည်။

" နင်က သွားစတာကိုး။ " ကျောက်ကတော်က ရယ်မောလျက် ပြန်ပြောလိုက်သည်။

သို့သော် သူတို့မိသားစုပြန်လည်စုံစည်းနေချိန်တွင် သူမကို စိုက်ကြည့်နေသော မျက်လုံးတစ်စုံကို ကျောက်ကတော် သတိမထားမိခဲ့ပေ။ ထိုအကြည့်ပိုင်ရှင်၏ ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်နေခဲ့သည်။

" ဒါ ဒါက တုန်အာပဲ။ ငါ့သမီးလေး သူမ အသက်ရှင်နေတယ်။ တုန်အာအသက်ရှင်နေသေးတယ်။ " ရှဝူချယ်က တစ်ကိုယ်လုံး တုန်ယင်နေပြီး သူ၏ နှလုံးသားက ပြင်းထန်စွာ ခုန်ပေါက်နေသည်။ သူ့အတွက် ဘဝ၏ အကြီးမားဆုံးသော ဆန္ဒပြည့်ဝသွားခဲ့ပြီဖြစ်သည်။ သူက နောက်ဆုံးတွင် သူ၏ သမီးကို ရှာတွေ့သွားခဲ့ပြီဖြစ်သည်။

" မင်းက အိမ်တော်ထိန်းလား။ " ကျောက်ဖုန်း၏ အကြည့်က ဘေးတွင် စောင့်ကြည့်နေသော လူဆီသို့ ရောက်သွားသည်။

" ဟုတ်ပါတယ် စစ်သေနာပတိချုပ်။ " အိမ်တော်ထိန်းက ပြန်ဖြေလိုက်သည်။

" ငါ့ရဲ့ ကိုယ်ရံတော်တွေ အနားယူဖို့ ပြင်ဆင်ပေးလိုက်ပါ။ ပြီးတော့ အစားအသောက်တွေကိုလည်း မြန်မြန်ပြင်ဖို့ ပြောလိုက်ဦး။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" စစ်သေနာပတိချုပ်လည်း မစားရသေးဘူးမဟုတ်လား။ ကျွန်တော်မျိုး စစ်သေနာပတိချုပ်တို့အတွက် အစားအသောက်တွေ ပြင်ဆင်ဖို့ စီစဉ်ပြီးပါပြီ။ "

" ကောင်းပြီ။ သွားတော့။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။

အိမ်တော်ထိန်းက လျင်မြန်စွာ ထွက်ခွာသွားသည်။ အခြားအစေခံများကလည်း အလိုက်တသိဖြင့် ဆုတ်ခွာသွားကြပြီး ကျောက်ဖုန်း၏ မိသားစုကိုသာ ချန်ထားခဲ့သည်။ ကျန်းမင်ကလည်း ကိုယ်ရံတော်များနှင့်အတူ အိမ်တော်ထိန်းနောက်သို့ လိုက်ပါသွားခဲ့သည်။

ထိုအခါမှသာ ကျောက်ကတော်က တံခါးဝတွင် ရပ်နေသော အခြားတစ်ယောက်ကို သတိပြုမိလိုက်ပြီး သူမ၏ အကြည့်က ထိုလူဆီသို့ ရောက်သွားသည်။ ထိုသူကို မြင်လိုက်ရသောအခါ သူမ၏ အမူအရာက ပြောင်းလဲသွားသည်။ ထိတ်လန့်မှု၊ အံ့အားသင့်မှု၊ အံ့ဩတုန်လှုပ်မှုနှင့် အပြစ်ရှိစိတ်တို့က သူမ၏ မျက်လုံးထဲတွင် ပြည့်နှက်သွားသည်။

ကျောက်ဖုန်းက သူ၏ မိခင်ကို ကြည့်မနေခဲ့ပေ။ သူက သူ၏ ညီမလေးနှင့် ကလေးများ ဆော့ကစားနေသည်ကိုသာ ကြည့်နေသည်။

ကျောက်ရင်က ရပ်တန့်လိုက်ပြီး သူတို့နောက်တွင် ရပ်နေသော ရှဝူချယ်ကို မြင်တွေ့လိုက်ရသည်။ " အစ်ကို ဒါက ဘယ်သူလဲ။ "

" အော် ဟုတ်သားပဲ။ ငါမေ့နေတာ။ " ကျောက်ဖုန်းက နောက်လှည့်ပြီး ရှဝူချယ်ကို ညွှန်ပြလိုက်သည်။ " အမေ ညီမလေး ဒါက ချင်တစ်နိုင်ငံလုံးမှာ အတော်ဆုံးဖြစ်တဲ့ သမားတော် ရှဝူချယ်ပါ။ ကျွန်တော် ကျောက်နိုင်ငံက သမားတော်ရှနဲ့ ဆုံခဲ့တာပဲ။ ပြီးတော့ သူ့ရဲ့ တပည့်နဲ့လည်း ရင်းနှီးတယ်။ "

" ရှန်းယန်မှာ ရှိတုန်းက သူက ယန်အာရဲ့ သွေးခုန်နှုန်းကို စစ်ဆေးပေးရင်း အမေပေးတဲ့ ကျောက်စိမ်းလက်ကောက်ကို မြင်ပြီး သူ့ရဲ့ အသိဟောင်းတစ်ယောက် ပိုင်ဆိုင်ခဲ့တဲ့အရာနဲ့ အရမ်းတူတယ်လို့ ပြောခဲ့တယ်။ ဒါကြောင့် အမေကများ အဲ့ဒီလူနဲ့ သိနေမလားလို့ ကျွန်တော်နဲ့အတူ အိမ်ကို လိုက်လာခဲ့တာပဲ။ " ကျောက်ဖုန်းက ပြုံး၍ ရှင်းပြလိုက်သည်။

ထိုခဏတွင် ရှဝူချယ်၏ မျက်လုံးများနှင့် ကျောက်ကတော်၏ မျက်လုံးများ ဆုံမိသွားခဲ့သည်။

" သမားတော်ရှ ဘာဖြစ်လို့လဲ။ " ကျောက်ဖုန်းက ရပ်တန့်နေသော ရှဝူချယ်ကို ကြည့်ပြီး မေးလိုက်သည်။ " ခင်​ဗျား ကျုပ်အမေကို တကယ်သိနေတာတော့ မဟုတ်ပါဘူးနော်။ "

၎င်းကို ကြားသောအခါ ရှဝူချယ်က အသိဝင်လာပြီး အတင်းပြုံးလိုက်သည်။ " ဟုတ်တယ်။ သူက ငါ့ရဲ့ မိတ်ဆွေတစ်ယောက်နဲ့ တကယ်တူတာပဲ။ "

" အမေ သမားတော်ရှကို သိနေတာလား။ " ကျောက်ဖုန်းက ကျောက်ကတော်ကို ကြည့်ပြီး မေးလိုက်သည်။

" သိတာပေါ့။ " ကျောက်ကတော်က ခေါင်းညိမ့်လိုက်ပြီး သူမ၏ မျက်လုံးများထဲတွင် ခံစားချက်များ ရှုပ်ထွေးနေသည်။

" သမားတော်ရှက သမားတော်တွေထဲမှာထိပ်သီးတစ်ယောက်ပဲ။ အမေကလည်း သူ့ရဲ့ တပည့်လို့ သတ်မှတ်လို့ရပါတယ်။ " ကျောက်ကတော်က သူမ၏ ခံစားချက်များကို ဖိနှိပ်ပြီး ဟန်ဆောင်ကာ ပြောလိုက်သည်။

" ဒါကြောင့် အမေ့ဆေးပညာက ဒီလောက်ထူးချွန်နေတာကိုး။ ဒါဆိုရင်တော့ သမားတော်ရှ လိုက်လာခဲ့တာ တကယ်မှန်သွားပြီ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ဖုန်းအာ မြေးလေး။ " ထိုအချိန်တွင် လူတစ်ယောက်က လျင်မြန်စွာ ရောက်လာပြီး ကျောက်ဖုန်းကို မြင်သောအခါ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

" အဘိုးဝူ " ကျောက်ဖုန်းက ဝမ်းသာသွားသည်။ " လေးနှစ်တောင်ရှိသွားပြီ။ ကျွန်တော်အခုမှ ပြန်ရောက်တာဆိုတော့ အဘိုးဆီ လာမလည်နိုင်သေးတာ။ "

ကျောက်ဖုန်းက ရွာလူကြီးဝူကို အလွန်လေးစားသည်။ သူ၏ မိသားစုက ရွာလူကြီးဝူ၏ စောင့်ရှောက်မှုအောက််တွင် အမြဲရှိခဲ့သည်။

" မင်း ပြန်ရောက်လာရင် တော်ပါပြီ။ " ရွာလူကြီးဝူက ပြုံး၍ ပြောလိုက်သည်။ " မင်းက အခု စစ်သေနာပတိချုပ်တောင် ဖြစ်နေပြီ။ ငါမင်းအတွက် တကယ်ဝမ်းသာပါတယ်။ "

" အဘိုးဝူ ကျွန်တော်တို့ မိသားစုအပေါ် ထားခဲ့တဲ့ အဘိုးရဲ့ ကျေးဇူးကို ကျွန်တော်ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။ " ကျောက်ဖုန်က ခိုင်မာစွာ ပြောလိုက်သည်။

" မင်းပြန်ရောက်လာပြီလို့ကြားတော့ စံအိမ်အပြင်ဘက်က လူတွေက မင်းကို တွေ့ပြီး ကျေးဇူးတင်စကား ပြောချင်နေကြတယ်။ " ရွာလူကြီးဝူက ပြုံး၍ ပြောလိုက်သည်။

" ဘာအတွက်ကျေးဇူးတင်တာလဲ။ " ​ကျောက်ဖုန်းက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

"အစ်ကိုရထားတဲ့ မြေတွေကို ရွာသားတွေ စိုက်ပျိုးဖို့ ငါတို့က ဝေပေးထားတာပါ။ " ကျောက်ရင်က ပြုံး၍ ပြောလိုက်သည်။ " ငါတို့က မြေငှားခ နည်းနည်းပဲ ယူတာလေ။ အစ်ကိုကြောင့် ရွာသားအားလုံး အဆင်ပြေနေကြပြီ။ "

" ဒီလိုကိုး။ ဒါက အသေးအ​မွှားကိစ္စလေးပါ။ ဒီလောက်ထိ လုပ်ဖို့ မလိုပါဘူး။ " ကျောက်ဖုန်းက ပြုံး၍ မေးလိုက်သည်။

" မင်းအတွက် ကိစ္စသေးသေးလေးဆိုပေမယ့် ရွာသားတွေအတွက်တော့ ကြီးမားတဲ့ ကျေးဇူးပဲ။ သူတို့ကို သွားတွေ့လိုက်ပါဦး။ " ရွာလူကြီးဝူက ပြောလိုက်သည်။

"ကောင်းပါပြီ။ "​ ကျောက်ဖုန်းက ခေါင်းညိမ့်ပြီး ရှဝူချယ်ဘက်သို့ လှည့်လိုက်သည်။ " အမေ သမားတော်ရှအတွက် အနားယူဖို့ စီစဉ်ပေးလိုက်ပါဦး။ ကျွန်တော် ရွာသားတွေကို သွားတွေ့လိုက်ဦးမယ်။ "

ကျောက်ကတော်က ခေါင်းညိမ့်လိုက်သည်။

" ယန်အာ ငါတို့ အရင်ဆုံး အခန်းထဲ ပြန်ရအောင်။ " ဝမ်ယန်က ပြုံး၍ ကျောက်ရင်ကို ပြောလိုက်သည်။ " အမေက သမားတော်ရှနဲ့ ဆွေးနွေးစရာရှိတဲ့ပုံပဲ။ "

ဝမ်ယန်က ထက်မြက်သော လေ့လာစောင့်ကြည့်နိုင်စွမ်းရှိသည်။ ကျောက်ကတော်က ရှဝူချယ်ကို မြင်လိုက်ရချိန်တွင် ထူးဆန်းသော အမူအရာ ပေါ်လာသည်ကို သူမက သတိပြုမိခဲ့သည်။ သူတို့ကြားတွင် လျို့ဝှက်ချက်တစ်ခုခု ရှိပုံရသည်။ ထို့ကြောင့် သူမက ကျောက်ရင်ကို ခေါ်လိုက်ခြင်းဖြစ်သည်။

" အမ ငါနဲ့ လိုက်ခဲ့ပါ။ " ကျောက်ရင်က ပြုံး၍ ပြောလိုက်သည်။

ယခုအခါ ကျောက်ကတော်နှင့် ရှဝူချယ်တို့ နှစ်ယောက်သာ ကျန်နေခဲ့သည်။ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ကျောက်ကတော်က သက်ပြင်းချလိုက်သည်။

" ကျွန်မနောက်ကို လိုက်ခဲ့ပါ။ "

ရှဝူချယ်ပ ဘာမှမပြောဘဲ သူမနောက်သို့ တိတ်ဆိတ်စွာ လိုက်သွားခဲ့သည်။ မကြာမီ သူတို့နှစ်ယောက် ကျောက်စံအိမ်ထဲမှ ယခင်အိမ်လေးသို့ ရောက်သွားခဲ့သည်။ ကြီးကျယ်ခမ်းနားသော စံအိမ်ကြီး ဆောက်ထားသော်လည်း ကျောက်ကတော်က ထိုအိမ်လေးတွင်သာ နေထိုင်ခဲ့သည်။ သူတို့နှစ်ယောက်တည်း ရှိသောအခါ ကျောက်ကတော်က ရှဝူချယ်ရှေ့တွင် ဒူးထောက်လိုက်သည်။

" အဖေ "

All Chapters