← Chapters

အခန်း (၂၆၅)

Vol. 27 Ch. 265

အခန်း (၂၆၅)

Vol. 27 Ch. 265

အခန်း (၂၆၅)

" အဖေ " ကျောက်ကတော်က မျက်ရည်များ ဝိုင်းလျက် ပြောလိုက်သည်။ " သမီးက မိဘအပေါ် တာဝန်မ​ကျေတဲ့ သမီးမိုက်ပါ။ "

၎ကို မြင်သောအခါ ရွဝူချယ်က ရှေ့သို့ တိုးလာပြီး သူမကို ထူပေးလိုက်သည်။

" တုန်အာ ဘာတွေပြောနေတာလဲ။ သမီးက တာဝန်မကျေတာမဟုတ်ပါဘူး။ အဖေကသာ သမီးကို မကာကွယ်နိုင်ခဲ့တာပါ။ အားလုံးက အဖေ့အပြစ်တွေပါ။ အဲ့ဒီတုန်းက အဖေသာ သမီးကို ကာကွယ်ပေးနိုင်ခဲ့ရင် ဒါတွေဖြစ်လာမှာမဟုတ်ဘူး။ ဒီနှစ်တွေတစ်လျှောက် သမီး အများကြီး ဒုက္ခရောက်ခဲ့မှာပဲ။ အဖေ တကယ်တောင်းပန်ပါတယ်။ " ရှဝူချယ်ကလည်း သူ၏ သမီးကို ကြည့်ရင်း မျက်ရည်များ ကျလာပြီး သူမကို ချက်ချင်းပင် တင်းကျပ်စွာ ပွေ့ဖက်လိုက်သည်။

" အဖေ " ကျောက်ကတော်က ရှိုက်ကြီးတငင် ငိုကြွေးလိုက်သည်။ " ၂၁နှစ်လုံး သမီး အဖေအနားမှာ မရှိဘဲ ပြုစုခွင့်မရခဲ့ဘူး။ သမီးက တာဝန်မကျေတဲ့ သမီးပါ။ အဖေ ရှန်းယန်မှာ ရှိနေတာတောင် သမီး လာမတွေ့ရဲခဲ့ဘူး။ ဒါက ပိုပြီးတော့တောင် အပြစ်ရှိပါတယ်။ သမီးကတော့..."

ကျောက်ကတော်က ဆက်မပြောနိုင်တော့ဘဲ မျက်ရည်များ စီးကျလာသည်။ သားအဖနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ပြောစရာစကားလုံးပေါင်းများစွာ ရှိနေသည်။

သို့သော် ရွဝူချယ်က အရာအားလုံး၏ နောက်ကွယ်မှ အကြောင်းရင်းများကို နားလည်ပြီးသားဖြစ်သည်။ သူက နန်းတွင်း၏ အမှောင်ထုများကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်။ အကယ်၍ သူ၏ သမီးက ဤနေရာတွင် ပုန်းမနေခဲ့လျှင် သူမက အသက်ရှင်နိုင်မည်မဟုတ်သကဲ့သို့ သူ၏ မြေးများမှာလည်း ယခုအရွယ်အထိ ကြီးပြင်းလာမည်မဟုတ်ပေ။

" ကျောက်ဖုန်းနဲ့ ကျောက်ရင်က အရှင်မင်းကြီးရဲ့ ရင်သွေးတွေမဟုတ်လား။ " ရှဝူချယ်က မေးလိုက်သည်။

နှစ်ပေါင်းများစွာ ကြာပြီဖြစ်ပြီး ရှဝူချယ်က အတည်ပြုလိုသည်။ အသက်အရွယ်များက ကိုက်ညီနေသော်လည်း ကျောက်ဖုန်း စစ်သူကြီးဖြစ်လာချိန်တွင် ဟေးပင်းထိုင်က စုံစမ်းခဲ့သော်လည်း ဘာအမှားအယွင်းမှ ရှာမတွေ့ခဲ့သည်ကို သူသိထားသည်။

" ဟုတ်တယ်။ သမီး ရှချူးကို ထွက်ပြေးလာတော့ သမီးမှာ ကိုယ်ဝန်ရှိနေပြီ။ " ကျောက်ကတော်က ခေါင်းညိမ့်လိုက်သည်။

" ဒါဆိုရင် ကျောက်ဖုန်းရဲ့ မှတ်တမ်းတွေမှာ သမီးရဲ့ သဲလွန်စတွေ ဘာလို့မကျန်ခဲ့တာလဲ။ သူ့အဖေက ဟန်တန်မှာ အသတ်ခံခဲ့ရတယ်။ အရှင်မင်းကြီး ဒါတွေအားလုံး သိထားတာတောင် ဘာသံသယမှ မရှိခဲ့ဘူး။ သတင်းအချက်အလက်တွေမှာ အသေးအမွှားလေးတစ်ခုလောက် မကိုက်ညီရင်တောင် အရှင်မင်းကြီးက သတိထားမိမှာပဲ။ " ရှဝူချယ်က အံ့ဩစွာ ပြောလိုက်သည်။

" ဒါတွေအားလုံးက ရှရွာက ရွာလူကြီးဝူကြောင့်ပါ။ သမီးဒီကို ထွက်ပြေးလာတော့ သူကပဲ သမီးကို ခေါ်ယူစောင့်ရှောက်ခဲ့တယ်။ ဟန်တန်တိုက်ပွဲမှာ ကျဆုံးသွားတယ်လို့ မှတ်တမ်းတင်ထားတဲ့လူက သူ့တပည့်တစ်ယောက်ရဲ့ သားပါ။ " ကျောက်ကတော်က ရှင်းပြလိုက်သည်။

" ဒါပေမယ့် ရွာထဲကလူတွေက ဒါကို သတိမထားမိကြဘူးလား။ ဒါက မဖြစ်နိုင်တာပဲ။ " ရှဝူချယ်က နားမလည်နိုင်ဖြစ်သွားသည်။

" ဖြစ်နိုင်တာကတော့ အဲ့ဒီတုန်းက ဖြစ်ခဲ့တာတွေဟာ ကောင်းကင်ဘုံက သမီးတို့ သားအမိသုံးယောက်ကို အသက်ရှင်ဖို့ အခွင့်အရေး ပေးခဲ့တာ ဖြစ်မှာပါ။ " ကျောက်ကတော်က ပြန်ဖြေလိုက်သည်။

" ရွာလူကြီးဝူ တပည့်ရဲ့ သား စစ်မြေပြင်ကို သွားပြီးတဲ့နောက်မှာ သူ့ဇနီးက ရွာကနေ ထွက်သွားပြီး ဘာသတင်းမှ မရခဲ့ဘူး။ သမီးက သူမရဲ့ နေရာကို အစားထိုးဝင်ယူခဲ့ရုံပဲ။ ကျောက်ဖုန်းရဲ့ အဖေအဖြစ် မှတ်တမ်းတင်ထားတဲ့သုပ အဲ့ဒီလူပါ။ ပြီးတော့ တိုက်ဆိုင်တာက မျိုးရိုးနာမည်ကလည်း ကျောက်ဖြစ်နေခဲ့တယ်။ "

" ဒါကြောင့်ကိုး။ " ရှဝူချယ်က ရုတ်တရက် နားလည်သွားသည်။

သူ၏ သမီးအကြောင်းကို သူသိထားသည်။ သူမက အခြားယောကျာ်းတစ်ယောက်ကို ဘယ်တော့မှ လက်ထပ်မည်မဟုတ်ပေ။ သို့သော် နှစ်ပေါင်းများစွာတစ်လျှောက် သူမခံစားခဲ့​ရသော ဆင်းရဲဒုက္ခများကို သူစိတ်ကူးကြည့်နိုင်သည်။

" တုန်အာ " ရှဝူချယ်က မေးလိုက်သည်။ " တကယ်လို့ အဖေသာ ရှာမတွေ့ခဲ့ရင် မင်း ရှန်းယန်ကို ဘယ်တော့မှပြန်သွားမှာမဟုတ်ဘူးလား။ "

" အဖေ အခြေအနေကို အဖေလည်း သိနေတာပဲ။ " ကျောက်ကတော်က တိုးညှင်းစွာ ပြောလိုက်သည်။ " သမီးအဲ့ဒီကို သွားလိုက်တာနဲ့ ဖုန်းအာနဲ့ ရင်အာတို့က အန္တရာယ်ထဲ ကျရောက်သွားလိမ့်မယ်။ အဲ့ဒီလူတွေက အာဏာအတွက်ဆိုရင် ဘာမဆို လုပ်ကြမှာပဲ။ သူတို့ကို အန္တရာယ်ထဲ တွန်းမပို့ချင်ဘူး။ "

" အခု ဖုန်းအာက ဒီလောက်မြင့်မားတဲ့ ရာထူးကို ရထားရင်တောင် သူဒါကို ရှောင်လွှဲလို့မရနိုင်ဘူး။ တကယ်လို့သာ အဲ့ဒီအခြေအနေကို ရောက်သွားရင် အဲ့ဒီလူတွေက သူ့အသက်ကို ယူဖို့ ဘာမဆိုလုပ်ကြလိမ့်မယ်။ ဖုန်းအာနဲ့ ရင်အာတို့ အေးအေးချမ်းချမ်းနဲ့ နေထိုင်နိုင်သရွေ့ သမီး ဘာမှမလိုချင်တော့ပါဘူး။ အခု ဖုန်းအာက အာဏာရနေပြီဆိုတော့ အဆင်ပြေပါတယ်။ ဒါက လုံလောက်ပါပြီ။ "

" မင်း ကျန့်အာကို သတိမရဘူးလား။ သူကို တကယ်ပဲ မတွေ့ချင်ဘူးလား။ " ရှဝူချယ်က စိတ်မသက်မသာဖြစ်ပြီး မေးလိုက်သည်။ " ဒီနှစ်တွေတစ်လျှောက် အဖေက သမီးကို လိုက်ရှာနေသလိုပဲ ကျန့်အာကလည်း မင်းကို အသည်းအသန် လိုက်ရှာနေခဲ့တာပဲ။ ကျောက်နိုင်ငံကျဆုံးပြီးတဲ့နောက်မှာ သူက သမီးအဲ့ဒီမှာ ရှိနေမလားလို့ သမီးကို တွေ့ဖို့ ကျောက်နိုင်ငံကိုတောင် သွားခဲ့သေးတယ်။ သမီးကြောင့်ပဲ သူက အခုထိ မိဖုရားခေါင်ကြီးနေရာကို ချန်လှပ်ထားခဲ့တယ်။ "

သူက သူ၏ သမီးကို ရင်ကျန့်နှင့် တွေ့စေချင်သည်မှာ ထင်ရှားသည်။ အနည်းဆုံးတော့ ရင်ကျန့်၏ ဆန္ဒကို ဖြည့်ဆည်းပေးချင်သည်။

" အဖေတောင် သူ့ကို နားလည်ရင် သမီးက ပိုပြီးတော့တောင် နားလည်ပါသေးတယ်။ " ကျောက်ကတော်က ခိုင်မာစွာ ပြောလိုက်သည်။ " သမီး ဒီမှာ ရှိနေမှန်းသိရင် ဘယ်လိုပဲဖြစ်ဖြစ် သူက သေချာပေါက် ရောက်လာမှာပဲ။ သူက ဖုန်းအာတို့ကိုလည်း အသိအမှတ်ပြုလိမ့်မယ်။ အဲ့ဒီလိုဖြစ်လာရင် ဖုန်းအာက လူတိုင်းရဲ့ ပစ်မှတ်ဖြစ်လာလိမ့်မယ်။ "

" ဖုန်းအာက အခု ရာထူးကြီးတဲ့ အာဏာကို ဆုပ်ကိုင်ထားပြီး အကိုကျန့်က ချင်ကို ထိန်းချုပ်ထားတယ်ဆိုပေမယ့် အဲ့ဒီမိသားစုကြီးတွေနဲ့ တော်ဝင်မိသားစုတွေက အဲ့ဒီနေရာအတွက် ဘာမဆို လုပ်ကြလိမ့်မယ်။ ဖုန်းအာတစ်ခုခုဖြစ်သွားမှာကို သမီးမလိုချင်ဘူး။ သူနဲ့ ရင်အာတို့ ဘဝကို အေးအေးချမ်းချမ်းနဲ့ ဖြတ်သန်းနိုင်ရင် ကျွန်မ သေပျော်ပါပြီ။ "

သူ၏ သမီးက အလွန်ပြတ်သားနေသည်ကို မြင်သောအခါ ရှဝူချယ်က ခေါင်းညိမ့်ရုံသာ တတ်နိုင်တော့သည်။

ထိုအချိန်တွင် စံအိမ်အပြင်ဘက်၌ လူအချို့ စုဝေးနေကြသည်။ သူတို့အားလုံးက ရှကျေးရွာမှ လူများဖြစ်ပြီး အများစုက စပ်စုရန်အတွက် လာရောက်ကြခြင်းဖြစ်သည်။

" စစ်သေနာပတိချုပ် ထွက်လာပြီ။ "

" အရှင်ကျောက် အခုမှပဲ ထွက်လာတော့တယ်။ "

" အရှင်ကျောက် ကျွန်တော်က ဘေးအိမ်က ဦးလေးကျိုးလေ။ ကျွန်တော်ကို မှတ်မိလား။ "

ကျောက်ဖုန်းနှင့် တစ်ချိန်က ရင်းနှီးခဲ့သော ရွာသားများက တစ်ယောက်ပြီးတစ်ယောက် လှမ်းအော်လိုက်ကြသည်။ သူတို့က ကျောက်မိသားစုကို ကူညီပေးခဲ့သော လူကြီးများ ဖြစ်ကြသည်။

" ရွာသူရွာသားအပေါင်းတို့..." ကျောက်ဖုန်းက အားလုံးကြားအောင် အော်ပြောလိုက်သည်။ " ကျုပ် အိမ်ပြန်မရောက်တာ လေးနှစ်ရှိပါပြီ။ ဒီနေ့ အားလုံး ဒီကို ရောက်နေကြတဲ့အတွက် ကျုပ် ကြေညာစရာတစ်ခု ရှိပါတယ်။ နောက်သုံးရက်နေရင် ကျုပ်စံအိမ်မှာ ကျုပ်နဲ့ ကျုပ်ဇနီးရဲ့ မင်္ဂလာပွဲ ကျင်းပပါ့မယ်။ ဒါက ပထမအချက်အနေနဲ့ ကျုပ်အမေကို ဂါရဝပြုချင်လို့ပါ။ ဒုတိယအချက်အနေနဲ့ ဒီနှစ်တွေအတွင်း ကျောက်မိသားစုကို ကူညီစောင့်ရှောက်ပေးတဲ့ လူအားလုံးကို ကျေးဇူးတင်ဖို့ပါ။ နောက်သုံးရက်နေရင် ရှရွာက လူတိုင်း တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်။ "

" စစ်သေနာပတိချုပ်က တကယ် ရက်ရောတာပဲ။ "

" ကျွန်တော်တို့ အားလုံး လာခဲ့ပါမယ်။ "

လူအုပ်ကြီးထဲမှ ကျေးဇူးတင်စကားများ မြှောက်ပင့်ပြောဆိုသံများ ဆူညံသွားခဲ့သည်။ လူတစ်ယောက်အာဏာရလာလျှင် ပတ်ဝန်းကျင်ရှိ လူတိုင်းက လူကောင်းဖြစ်သွားကြသည်။ ယခုအချိန်တွင် ကျောက်ဖုန်း၏ ပတ်ဝန်းကျင်မှ လူတိုင်းက လူကောင်းများဖြစ်နေကြသည်။ အကြောင်းမှာ ကျောက်ဖုန်းကို မည်သူမျှ မစော်ကားဝံ့သောကြောင့် ဖြစ်သည်။

" အဘိုးဝူ " ကျောက်ဖုန်းက ရွာလူကြီးဝူဘ​က်သို့ လှည့်လိုက်သည်။ " စားသောက်ပွဲအတွက် လိုအပ်တာတွေ ဝယ်ယူဖို့ ကျွန်တော်ကိုယ်ရံတော်တွေနဲ့အတူ အဘိုးဝူကို ဒုက္ခပေးရပါဦးမယ်။ "

" စိတ်မပူနဲ့။ "ရွာလူကြီးဝူက ပြုံး၍ ပြောလိုက်သည်။ " အားလုံးကို အကောင်းဆုံးဖြစ်အောင် စီစဉ်ပေးပါ့မယ်။ "

" စစ်သေနာပတိချုပ် ကျွန်တော်လည်း ကူညီနိုင်ပါတယ်။ " ယန်ပင်းက ရိုသေစွာ ပြောလိုက်သည်။ " စားသောက်ပွဲအတွက် လိုအပ်တာတွေကို ခရိုင်မြို့တော်က မှာယူလို့ရပါတယ်။ "

" နယ်စားမင်းယန်ကို ကျေးဇူးတင်ပါတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" စစ်သေနာပတိချုပ်က အားနာနေပြန်ပါပြီ။ ဒါက ကျွန်တော်အတွက် ဂုဏ်ယူစရာပါ။ " ယန်ပင်းက ပြောလိုက်သည်။ " ကျွန်တော်သိချင်တာက နောက်သုံးရက်နေရင် ကျင်းပမယ့် မင်္ဂလာပွဲကို ကျွန်တော်လည်း တက်ရောက်ခွင့်ရှိမလား။ "

" နယ်စားမင်းယန် ခင်​ဗျားက ဒီနှစ်တွေမှာ ကျုပ်အမေနဲ့ ညီမလေးကို အများကြီး ဂရုစိုက်ပေးခဲ့တာပါ။ ကျုပ်က ဒါကို ကျေးဇူးတင်ရမှာပါ။ ဒီစားသောက်ပွဲကို ခင်​ဗျားလည်း သေချာပေါက် တက်ရောက်နိုင်ပါတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ကျေးဇူးတင်ပါတယ် စစ်သေနာပတိချုပ်။ " ယန်ပင်းက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

အားလုံးကို နှုတ်ဆက်ပြီးနောက် ကျောက်ဖုန်းက စံအိမ်သို့ ပြန်လာခဲ့သည်။

" ငါ့အမေနဲ့ သမားတော်ရှ ဘယ်မှာလဲ။ " ကျောက်ဖုန်းက မေးလိုက်သည်။

" စစ်သေနာပတိချုပ် " အစေခံမလေးတစ်ယောက်က ရိုသေစွာ ပြန်ဖြေလိုက်သည်။ " သခင်မကြီးနဲ့ သမားတော်ရှတို့ အိမ်လေးဆီကို သွားကြပါတယ်။ "

ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်ပြီး အိမ်လေးဆီသို့ လျှောက်သွားလိုက်သည်။ လေးနှစ်ကြာသွားသော်လည်း သူ ၁၆နှစ်တိုင်အောင် နေခဲ့သော အိမ်လေး မေ့ရမည်မဟုတ်ပေ။

မကြာမီ သူက အိမ်လေးသုံးလုံးကို တွေ့လိုက်ရပြီး ၎င်းတို့ကို မြင်လိုက်ရခြင်းက ကျောက်ဖုန်းကို စိတ်လှုပ်ရှားသွားစေသည်။ သို့သော် အိမ်လေးပတ်ပတ်လည်မှ အဆောင်များစွာကို မြင်လိုက်ရသောအခါ သူ၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။

" မြင်ကွင်းက တူပေမယ့် လူတွေက ပြောင်းလဲသွားပြီ။ လေးနှစ်တောင်ရှိပြီ။ ဒီလောက်ကြီးမားတဲ့ အပြောင်းအလဲတွေ ရှိလာလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။ "

ကျောက်ဖုန်းက ခြံဝင်းအတွင်း ထိုင်နေသော ရှဝူချယ်နှင့် ကျောက်ကတော်တို့ကို မြင်လိုက်ရသည်။ အချိန်အတော်ကြာပြီးနောက် သူတို့နှစ်ယောက်လုံးက ပြန်လည်တည်ငြိမ်သွားကြပြီဖြစ်သည်။ ကျောက်ကတော်က ရှဝူချယ်အတွက် လက်ဖက်ရည်ဖျော်ပေးနေသည်။

All Chapters