အခန်း (၂၆၆)
Vol. 27 Ch. 266
အခန်း (၂၆၆)
" သမားတော်ရှက ကျွန်တော်အမေကို တကယ်သိနေတာပဲ။ " ကျောက်ဖုန်းက လမ်းလျှောက်လာရင်း ပြောလိုက်သည်။
" ဟုတ်တယ်။ ငါတို့ တကယ်ပဲ တစ်ယောက်ကို တစ်ယောက် သိကြတယ်။ " ရှဝူချယ်က ပြုံး၍ ပြောလိုက်သည်။
" ဖုန်းအာ သမားတော်ရှက သားရဲ့ ဆရာဘိုးဘိုးလို့ ပြောလို့ရတယ်။ အရင် အမေ ဆေးပညာစသင်တုန်းက သူ့ဆီမှာ ပညာသင်ခဲ့ဖူးတယ်။ " ကျောက်ကတော်က တည်ငြိမ်စွာ ပြောလိုက်သည်။
" ဒါက တကယ် ကံကြမ္မာပဲထင်တယ်။ " ကျောက်ဖုန်းက သက်ပြင်းချပြီး ပြောလိုက်သည်။ " သမားတော်ရှက ယန်အာရဲ့ သွေးခုန်နှုန်းကိုသာ မစစ်ဆေးပေးခဲ့ရင် အမေက သူ့ရဲ့ မိတ်ဆွေဟောင်းဆိုတာလည်း သိမှာမဟုတ်ဘူး။ "
" တကယ်ပဲ ဒါက ကံကြမ္မာပဲ။ " ရှဝူချယ်က လေးနက်စွာ ခေါင်းညိမ့်လိုက်သည်။
" ဒါနဲ့အမေ သမားတော်ရှ နေဖို့ နေရာ စီစဉ်ပြီးပြီလား။ " ကျောက်ဖုန်းက မေးလိုက်သည်။
" စိတ်ချပါ။ အမေအားလုံး စီစဉ်ထားပြီးပြီ။ " ကျောက်ကတော်က ပြောလိုက်သည်။ "သား လုပ်စရာရှိတာ သွားလုပ်တော့။ အမေတို့ကို စိတ်ပူမနေနဲ့။ "
" ဒါဆိုလည်း ကောင်းပါပြီ။ အမေတို့နှစ်ယောက် စကားပြောကြပါဦး။ " ကျောက်ဖုန်းက ပြုံး၍ ထွက်ခွာသွားသည်။
ကျောက်ဖုန်းက အခန်းသို့ ပြန်ရောက်သောအခါ ကလေးများကို မတွေ့သဖြင့် မေးလိုက်သည်။ " ကလေးတွေ ဘယ်မှာလဲ။ "
" သူတို့က သူတို့ရဲ့ ဒေါ်ဒေါ်ကို တစ်နေရာရာကို လိုက်ပို့ဖို့ ပူဆာနေကြတယ်။ " ဝမ်ယန်က ပြုံး၍ ပြောလိုက်သည်။
" ဒါလည်း ကောင်းတာပဲ။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" ယောကျာ်း " ဝမ်ယန်က လေးနက်စွာ ပြောလိုက်သည်။ " ဒီနေ့ သမားတော်ရှက အမေ့ကို မြင်တဲ့အခါ ထူးဆန်းတဲ့ အမူအရာရှိနေတယ်လို့ မထင်ဘူးလား။ "
" ဘာကထူးဆန်းလို့လဲ။ " ကျောက်ဖုန်းက နားမလည်ဘဲ မေးလိုက်သည်။
" ငါလည်း အတိအကျတော့ မပြောတတ်ဘူး။ ဒါပေမယ့် သူတို့ တစ်ခုခုဖုံးကွယ်ထားတယ်လို့ ငါ သေချာခံစားနေရတယ်။ " ဝမ်ယန်က ပြောလိုက်သည်။
" မင်းအတွေးလွန်နေပြီ။ သမားတော်ရှက တကယ် ငါ့အမေကို သိတာပါ။ သူမက သူဆီမှာ ဆေးပညာသင်ခဲ့ဖူးတယ်လို့ အမေက ပြောတယ်။ " ကျောက်ဖုန်းက ရယ်ပြီး ပြောလိုက်သည်။
" ဒါကြောင့်ကိုး။ " ဝမ်ယန်က ခေါင်းညိမ့်လိုက်သော်လည်း စိတ်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခုတော့ ကျန်ရှိနေဆဲ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ရှဝူချယ်နှင့် သူမ၏ ယောက္ခမတို့ အပြန်အလှန် ကြည့်နေခဲ့သော အကြည့်မှာ သာမန်မိတ်ဆွေဟောင်းများထက် ပိုရှုပ်ထွေးသောကြောင့်ဖြစ်သည်။
" ကဲ အဲ့ဒါကို အများကြီး မစဉ်းစားတော့နဲ့။ " ကျောက်ဖုန်းက ရယ်ပြီး ဝမ်ယန်ကို ပွေ့ကာ ကုတင်ပေါ်သို့ တက်လိုက်သည်။ " ငါတို့ ခရီးပန်လာပြီ။ အိပ်ကြစို့။ "
တစ်ညတာ ကုန်ဆုံးသွားခဲ့သည်။ အိမ်သို့ ပြန်ရောက်ပြီးနောက် လေးနှစ်အတွင်း ပထမဆုံးအကြိမ် မိသားစုတစ်ခုလုံးက မနက်စာ စားလိုက်ကြသည်။ ထို့မနက်စာကို ကျောက်ဖုန်းအတွက် သူ၏ မိခင်က ကိုယ်တိုင် ပြင်ဆင်ပေးထားခြင်းဖြစ်သည်။
" အမေရဲ့ မုန့်ကို မစားရတာ လေးနှစ်တောင် ရှိပြီ။ တကယ်သတိရနေတာ။ " ကျောက်ဖုန်းက မုန့်တစ်ခုကို ကိုက်စားရင်း ရယ်ပြီး ပြောလိုက်သည်။
" အဲ့ဒါဆို များများစား။ " ကျောက်ကတော်က ညင်သာစွာ ပြောလိုက်သည်။
" အစ်ကို အရှင်မင်းကြီးက ခွင့်ဘယ်လောက်ပေးလိုက်တာလဲ။ " ကျောက်ရင်က မေးလိုက်သည်။
" တစ်လပါ။ " ကျောက်ဖုန်းက ပြန်ဖြေလိုက်သည်။
" တစ်လတည်းလား။ " ကျောက်ရင်က အနည်းငယ် စိတ်ပျက်သွားသည်။
" တစ်လတည်းဆိုတာ ဘာကိုဆိုလိုတာလဲ။ ဒါက တော်တော်လေးကြာတဲ့ အချိန်ပါပဲ။ အစ်ကိုက အခု စစ်သေနာပတိချုပ်ဖြစ်နေပြီ။ ဒါပေမယ့် စစ်စခန်းတည်ဆောက်ဖို့ ကျန်သေးတယ်။ ဒါကြောင့် ခွင့်ရက်ပြီးရင် စခန်းဖွဲ့စည်းဖို့ အရှင်မင်းကြီးနဲ့ ဆွေးနွေးရဦးမယ်။ စခန်းတည်ဆောက်ဖို့က နိုင်ငံအတွက် အရေးကြီးတယ်။ ဒီကိစ္စကို နှောင့်နှေးလို့မရဘူး။ " ကျောက်ဖုန်းက ရှင်းပြလိုက်သည်။
သူက အိမ်တွင် ကြာကြာနေချင်သော်လည်း ချင်ဘုရင်ကို သူ့ကို အလွန်အလေးထားသည်။ ချင်မင်းဆက် အဆုံးသတ်အတွက် သူ၏ ကိုယ်ပိုင်အစီအစဉ်များ ရှိသော်လည်း ချင်ဘုရင်က အသက်ရှင်နေဆဲ ဖြစ်ပြီး သူ့ကို အလွန်တန်ဖိုးထားသဖြင့် ကျောက်ဖုန်းကလည်း သဘာဝအတိုင်း အစွမ်းကုန် ကြိုးစားသွားမည်ဖြစ်သည်။
ထို့အပြင် စခန်းကို တည်ထောင်ပြီးသည်နှင့် စစ်သေနာပတိချုပ်က ကံကြမ္မာအရာရှိတံဆိပ်ကို အဆင့်မြင့်စေမည်ဖြစ်ရာ ၎င်းက သူ့ကို ပိုမိုသန်မာစေပေလိမ့်မည်။
" ညီမလေးမသိဘူး။ အစ်ကို ထွက်သွားတာ လေးနှစ်တောင်ရှိပြီ။ အခုမှပြန်ရောက်တာကို တစ်လပဲ နားရမယ်ဆိုတာပဲ သိတယ်။ " ကျောက်ရင်က နှုတ်ခမ်းဆူပြီး ပြောလိုက်သည်။ " အရှင်မင်းကြီးက တကယ် ကပ်စေးနှဲတာပဲ။ "
" အဲ့ဒါကို အိမ်မှာပဲ ပြောလို့ရမယ်။ အပြင်မှာ သွားပြောရင် အဖမ်းခံရပြီး အရိုက်ခံရလိမ့်မယ်။ " ကျောက်ဖုန်းက သူ၏ ညီမလေးကို စနောက်လိုက်သည်။
ပြင်ပလူများရှေ့တွင် ကျောက်ရင်က ယဉ်ကျေးသိမ်မွေ့သော မိန်းကလေးတစ်ယောက်ဖြစ်သော်လည်း သူမ၏ အစ်ကိုနှင့် မိခင်ရှေ့တွင် သူမက ကလေးဆိုးလေးတစ်ယောက်သာ ဖြစ်သည်။
" ငါ မကြောပါဘူး။ အရှင်မင်းကြီးက အဲ့လောက်ထိ စိတ်ပုပ်နေရင်တော့ တစ်မျိုးပေါ့။ " ကျောက်ရင်က နှာခေါင်းရှုံ့လိုက်သည်။
" ဒါနဲ့ ညီမလေးကို ပြောရဦးမယ်။ " ကျောက်ဖုန်းက ပြုံးဖြီးလျက် ကျောက်ရင်ကို ကြည့်လိုက်သည်။
" ဘာလဲ။ " ကျောက်ရင်က သူမ၏ အစ်ကို မကောင်းတာ တစ်ခုခုလုပ်တော့မည်ကို ရိပ်မိသဖြင့် သံသယနှင့် ကြည့်လိုက်သည်။
" မင်း အသက်နှစ်ဆယ်တောင် ရှိနေပြီ။ အခုဆို တော်တော်လေး အရွယ်ရောက်နေပြီ။ မင်းရဲ့ အစ်ကိုက မင်းအတွက် ယောကျာ်းတစ်ယောက် ရှာပေးပြီး အိမ်ထောင်ချပေးသင့်တယ်လို့ မထင်ဘူးလား။ " ကျောက်ဖုန်းက စနောက်လိုက်သည်။
" အစ်ကို လုပ်ရဲလား။ ငါယောကျာ်းမယူဘူး။ " ကျောက်ရင်၏ မျက်နှာက တင်းမာသွားသည်။
ကျောက်ဖုန်းက သူမအတွက် အိမ်ထောင်ရေးတစ်ခုကို အမှန်တကယ် စီစဉ်ပေးနိုင်သည်။ သူတို့က အဖေမရှိတော့ဘဲ ကျောက်ဖုန်းက မိသားစုခေါင်းဆောင်ဖြစ်နေသောကြောင့် သူမအတွက် ဆုံးဖြတ်ချက် ချပိုင်ခွင့်ရှိသည်။
" မင်းအသက်နှစ်ဆယ်ရှိနေပြီ။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။ " မင်း အိမ်ထောင်မပြုရင် တကယ်ပဲ အပျိုကြီးဖြစ်ချင်နေတာလား။ "
သူက ထိုကိစ္စကို အမှန်တကယ်ပင် စိုးရိမ်နေသည်။ ဤခေတ်ကာလတွင် မိန်းကလေးများက ဆယ့်သုံး၊ ဆယ့်လေးနှစ်အရွယ်ကတည်းက အိမ်ထောင်ပြုကြသည်။ သူက ပွင့်လင်းသော အတွေးအခေါ် ရှိသော်လည်း ဤခေတ်ကာလက ထိုသို့မဟုတ်ပေ။ သူ၏ ညီမက အမှန်တကယ် အိမ်ထောင်မပြုဘဲ နေသွားမည်ကို သူ စိုးရိမ်မိသည်။
" ဘယ်လိုပဲဖြစ်ဖြစ် ငါ အခု အိမ်ထောင်မပြုနိုင်သေးဘူး။ " ကျောက်ရင်က ပြတ်သားစွာ ပြောလိုက်သည်။ " ငါနဲ့ သင့်တော်တဲ့သူ မတွေ့သေးဘူး။ တွေ့တဲ့အခါမှပဲ ဆက်ပြောကြတာပေါ့။ "
" တစ်နေ့လုံး အိမ်ထဲမှာ အောင်းနေရင် ဘယ်သူ့ကိုမှ တွေ့မှာမဟုတ်ဘူး။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" ကံကြမ္မာက ဘယ်လိုဖြစ်လာမလဲဆိုတာ ဘယ်သူပြောနိုင်မလဲ။ " ကျောက်ရင်က ပြန်လည်ငြင်းဆိုလိုက်သည်။ " အစ်ကိုနဲ့ ယောက်မတို့တောင် မတော်တဆ ဆုံခဲ့တာမဟုတ်လား။ "
" ဒါဆို မင်းက စစ်တပ်ထဲဝင်ပြီး အဲ့ဒီမှာတစ်ယောက်ယောက်ကို ရှာဖို့ စီစဉ်နေတာလား။ " ကျောက်ဖုန်းက ရယ်မောပြီး ပြောလိုက်သည်။
" ဟွန့်..." ကျောက်ရင်က နှာခေါင်းရှုံ့လိုက်သည်။
" ယောကျာ်း ရင်အာရဲ့ အိမ်ထောင်ရေးကိစ္စကို သူမဘာသာ ဆုံးဖြတ်ပါစေ။ " ဝမ်ယန်က သူမဘက်မှ ဝင်ပြောပေးလိုက်သည်။ " ရှန်းယန်ကို ရောက်သွားရင် သူမအတွက် ထူးချွန်တဲ့ ယောကျာ်းလေးတွေ အများကြီးထဲက ရွေးချယ်လို့ ရနိုင်ပါတယ်။ "
" ယောက်မက အကောင်းဆုံးပဲ။ " ကျောက်ရင်က ဝမ်ယန်၏ လက်မောင်းကို ဖက်ပြီး ပြောလိုက်သည်။
" ဖုန်းအာ သားက မင်္ဂလာပွဲကျင်းပချင်တယ်ဆိုတော့ အားလုံးပြင်ဆင်ပြီးပြီလား။ " ကျောက်ကတော်က စိုးရိမ်တကြီး ပြောလိုက်သည်။
" ဒါနဲ့ ရှန်းယန်မှာတုန်းက အရှင်မင်းကြီးကတောင် ကျွန်မတို့အတွက် မိဘနေရာကနေ ဆောင်ရွက်ပေးခဲ့သေးတယ်။ " ဝမ်ယန်က ပြောလိုက်သည်။
" အရှင်မင်းကြီးက မိဘနေရာကနေ နေခဲ့တာလား။ " ကျောက်ကတော်၏ မျက်လုံးများထဲတွင် ခံစားချက်အချို့ ပေါ်လာခဲ့သည်။
" ဟုတ်တယ် အမေ။ ဒါက အကိုအပေါ် အရှင်မင်းကြီးက ဘယ်လောက်မျက်နှာသာပေးလဲဆိုတာ ပြနေတာပဲ။ " ဝမ်ယန်က ပြုံး၍ ပြန်ဖြေလိုက်သည်။
လက်ရှိနန်းတွင်းတွင် ကျောက်ဖုန်းက တက်သစ်စ ကြယ်ပွင့်တစ်ယောက်ဖြစ်ပြီး အနာဂတ်တွင် စစ်ဦးစီးချုပ်ဖြစ်လာနိုင်သည်ဟု ချီးကျူးခံနေရသည်။
" ဒါက တကယ် ကံကြမ္မာပဲ။ အကိုကျန့် ရှင်က နေရာမှန်မှာ ထိုင်ခဲ့တာပဲ။ ဒါက ကျွန်မရင်ထဲက နောင်တတွေကိုလည်း ပြေလျော့စေပါတယ်။ " ကျောက်ကတော်က တွေးလိုက်သည်။
ယနေ့ ကျောက်စံအိမ်တွင် လူများဖြင့် စည်ကားနေသည်။ ရွာလုံးကျွတ် စံအိမ်သို့ လာကြသဖြင့် အတွင်းခန်းမက လူမဆံ့တော့သောကြောင့် စားပွဲဝိုင်းများကို အပြင်ဘက်တွင်လည်း ပြင်ဆင်ထားရသည်။ ယနေ့တွင် ကျောက်ဖုန်က ရွာတွင် သူ၏ မင်္ဂလာပွဲကို ကျင်းပသည့်နေ့ဖြစ်သည်။
ဤမင်္ဂလာပွဲက ရှန်းယန်တွင် ကျင်းပသကဲ့သို့ ဩဇာအာဏာရှိသူများ မတက်ရောက်ကြသော်လည်း အလွန်စည်းကားလှသည်။ ရွာသားဟောင်းရော၊ ရွာသားသစ်တွေပါ အားလုံး ပါဝင်ဆင်နွှဲခွင့်ရကြသည်။
ကျောက်ဖုန်းအတွက် ကုန်ကျစရိတ်က အရေးမကြီးပေ။ သူက ဤအိမ်ပြန်ခရီးအတွက် မင်္ဂလာပွဲကို အထူးစီစဉ်ထားခြင်းဖြစ်သည်။ လူအင်အားက အလုံအလောက်ရှိနေသောကြောင့်သာ သူတို့ လက်လည်ကြခြင်းဖြစ်သည်။ စားပွဲအများစုက ရွာသားများကိုယ်တိုင် အိမ်မှ ယူဆောင်လာကြခြင်း ဖြစ်သည်။
ကျောက်ဖုန်း သူမိခင်၏ အိပ်မက်ကို ဖြည့်ဆည်းပေးရန်အတွက် အနက်ရောင်မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားပြီး ဝမ်ယန်ကလည်း အလားတူဝတ်ဆင်သွားသည်။ အတွင်းခန်းမတွင် ကျောက်ကတော်က လးကြီးမိဘနေရာတွင် ထိုက်နေသည်။ ရွာလူကြီးဝူကလည်း သူတို့ကြားတွင် ရှိနေပြီး ကျောက်ကတော်၏ တိုက်တွန်းမှုကြောင့် ရှဝူချယ်ကလည်း သူတို့ဘေးတွင် ထိုင်နေသည်။
အကယ်၍ ရှန်းယန်မှ မင်္ဂလာပွဲက ဝမ်ယန်ကို တရားဝင်ထုတ်ဖော်ကြေညာသည့် အခမ်းအနားတစ်ခုဖြစ်လျှင် ဤပွဲကို ကျောက်ဖုန်းက သူ၏ မိခင်ကို ပေးသည့် လက်ဆောင်တစ်ခု ဖြစ်သည်။
အချိန်များက ကုန်ဆုံးသွားခဲ့သည်။ ကျောက်ဖုန်းပ အိမ်တွင် ရှိနေရသည့် ခံစားချက်ကို သဘောကျနေပြီး အေးချမ်းမှုကို ခံစားနေရသည်။ သူက သူ၏ ဇနီးများ၊ သားသမီးများနှင့် လမ်းလျှောက်ပြီး သူ၏ မိခင်နှင့်အတူ အချိန်ဖြုန်းခဲ့သည်။
ကျောက်ဖုန်းအတွက်မူ ၎င်းက ဘဝ၏ အနှစ်သာရပင်ဖြစ်သည်။ သို့သော် သူက ပိုမိုသန်မာလာစေရန် လိုအပ်နေဆဲ ဖြစ်သည်။