အခန်း (၂၆၇)
Vol. 27 Ch. 267
အခန်း (၂၆၇)
မျက်စိတစ်မှိတ်အတွင်း တစ်လတာ ကုန်ဆုံးသွားခဲ့သည်။ ကျောက်ဖုတ်းတို့က ရွာအဝင်ဝတွင် ရှိနေသည်။
" အမေ တကယ်ပဲ ကျွန်တော်တို့ ရှန်းယန်ကို မလိုက်ဘူးလား။ ရင်အာလည်း ကျွန်တော်တို့နဲ့အတူ လိုက်မှာကို။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" မင်းတို့ပဲ သွားကြပါ။ အမေ အိမ်မှာ အေးအေးဆေးဆေးပဲ နေချင်ပါတယ်။ " ကျောက်ကတော်က ပြုံး၍ ပြောလိုက်သည်။
" ပြီးတော့ အဘိုးရှလည်း ရှန်းယန်ကို မပြန်ဘူးလား။ " ကျောက်ဖုန်းက ရှဝူချယ်ကို စိုးရိမ်စွာ ကြည့်ပြီး မေးလိုက်သည်။ တစ်လအတူတူနေထိုင်ပြီးနောက် သူတို့၏ အခေါ်အဝေါ်လည်း ပြောင်းလဲသွားခဲ့သည်။
" ဟားဟား ရှန်းယန်က ငါ့အတွက် လှောင်အိမ်တစ်ခုလိုပဲ။ " ရှဝူချယ်က ရယ်မောပြီး ပြောလိုက်သည်။ " အခုက စပြီး ဒီအဘိုးကြီးက နယ်လှည့်ပြီး ဆေးကုတော့မယ်။ မင်းပြန်ရောက်တဲ့အခါ အရှင်မင်းကြီးကို ငါပြန်လာချင်တဲ့အချိန်မှ ပြန်လာခဲ့မယ်လို့ ပြောလိုက်ပါ။ ငါကို လိုက်ရှာစရာမလိုဘူး။ "
" အဘိုးက အရှင်မင်းကြီး အလေးထားတဲ့သူတစ်ယောက်ပဲ။ အဘိုးပြန်မလာရင် သူစိတ်အေးမှာမဟုတ်ဘူး။ " ကျောက်ဖုန်းက သက်ပြင်းချလိုက်သည်။
" ဘာမှမဖြစ်ဘူး။သူ မင်းကို အတင်းအကျပ် မေးလာရင် ငါပေးလိုက်တဲ့ စာကိုပဲ ပြလိုက်ပါ။ ရှန်းယန်မှာ နှစ်ပေါင်းများစွာနေခဲ့ရတာ ဒီအဘိုးကြီး ပင်ပန်းလှပြီ။ " ရှဝူချယ်က စိတ်သက်သာရာရစွာ ပြုံးလိုက်သည်။
သူ၏ သမီးနှင့် အတူနေပြီးနောက် သူက သူမ၏ အတွေးများကို နားလည်သွားခဲ့သည်။ အကယ်၍ သူက ရှန်းယန်ကို ပြန်သွားခဲ့လျှင် သူတို့၏ လျို့ဝှက်ချက်များ ပေါက်ကြားသွားနိုင်သည်။ သူက သူ၏ သမီးကို အဆုံးရှုံးမခံနိုင်သကဲ့သို့ သူ၏ မြေးများကိုလည်း ကာကွယ်ပေးရပေလိမ့်မည်။
" ဒါဆိုလည်း ကောင်းပါပြီ။ " ကျောက်ဖုန်းက မတတ်သာဘဲ ခေါင်းညိမ့်လိုက်သည်။ သူက သူ၏ ညီမကို တစ်ခါပြန်ကြည့်လိုက်သည်။ " ရင်အာ မင်း တကယ် သေချာစဉ်းစားပြီးပြီလား။ ငါနဲ့ တကယ် စစ်ထဲလိုက်မှာလား။ "
" သေချာတာပေါ့။ ငါက ရွာမှာနေပြီး အပြောအဆိုမခံချင်ဘူး။ " ကျောက်ရင်က ပြတ်သားစွာ ပြောလိုက်သည်။
" ကောင်းပြီ။ နောက်မှ နောင်တမရနဲ့။ "
" ချီအာ၊ လင်းအာ ဘွားဘွားကို နှုတ်ဆက်လိုက်ဦး။ " ကျောက်ဖုန်းက ကလေးများကို ပြောလိုက်သည်။
" ဘွားဘွား သားတို့ မကြာခင် ပြန်လာခဲ့မယ်နော်။ "
" သမီးလည်း အတူတူပဲ။ " ကလေးနှစ်ယောက်က ကျောက်ကတော်ကို နှုတ်ဆက်လိုက်ကြသည်။
ထို့နောက် သူတို့က ထွက်ခွာသွားကြပြီး ကျောက်ကတော်နှင့် ရှဝူချယ်က သူတို့ကို ကြည့်နေခဲ့သည်။ ရှဝူချယ်က သူ၏ သမီးဖြစ်သူကို ကြည့်လိုက်သည်။
" တုန်အာ ငါမပြန်တာက ငါတို့ရဲ့ လျို့ဝှက်ချက်ကို မပေါက်ကြားအောင် တားဆီးနိုင်လိမ့်မယ် ထင်ပါတယ်။ ဒါပေမယ့် ငါမပြန်ဘူးဆိုရင် အရှင်မင်းကြီးက သေချာပေါက် စုံစမ်းလိမ့်မယ်။ သမီးက ကျောက်ဖုန်းရဲ့ မိခင်ဖြစ်နေသရွေ့ အရှင်မင်းကြီးနဲ့ တွေ့ဖို့က ရှောင်လွှဲလို့မရတဲ့ ကိစ္စပဲ။ အရှင်မင်းကြီးက အလွန်ပါးနပ်တဲ့သူပဲ။ သူက အမှန်တရားကို ရှာတွေ့သွားလိမ့်မယ်။ "
ရှဝူချယ်က သူ၏ သမီးတောင်းဆိုသည့်အတိုင်း လုပ်ဆောင်ခဲ့သော်လည်း အကျိုးဆက်ကို ကြိုမြင်နေရပြီဖြစ်သည်။ လွန်ခဲ့သော ၂၁နှစ်က ရင်ကျန့်ကို လှည့်စားနိုင်လောက်သော်လည်း ယနေ့ ချင်ဘုရင် ရင်ကျန့်ကိုမူ လှည့်စားနိုင်မည်မဟုတ်ပေ။ သို့သော် ရှဝူချယ်ကတော့ အမှန်တရားကို ဖော်ထုတ်မည်မဟုတ်ပေ။
ရှန်းယန်မြို့၊ ကျန်းထိုင်နန်းဆောင်။
" အရှင်မင်းကြီး စစ်သေနာပတိချုပ်ရဲ့ မိသားစုက မြို့ထဲကို ပြန်ရောက်လာပါပြီ။ " ရန်ရှောင်က ဝင်လာပြီး သတင်းပို့လိုက်သည်။
" သူ့မိသားစုတဈခုလ့ျုး ပြန်လာကြတာလား။ " ရင်ကျန့်က စိတ်ဝင်တစား ပြောလိုက်သည်။
" ကျွန်တော်မျိုး မသေချာပါဘူး။ ဒါပေမယ့် ဖြစ်နိုင်မယ်လို့ ယူဆရပါတယ်။ " ရန်ရှောင်က ခန်းမှန်းပြောလိုက်သည်။ " စစ်သေနာပတိကျောက်က အခုရှန်းယန်မှာ စံအိမ်တစ်လုံးရှိနေပြီပဲ။ သူက သူအမေနဲ့ ညီမကိုတော့ ရှချူးမှာ မထားခဲ့လောက်ပါဘူး။ "
" ငါက ကျောက်ဖုန်းရဲ့ အမေနဲ့ ညီမလေးကို မတွေ့ဖူးသေးဘူး။ ဒီနေ့တော့ သူတို့ကို တွေ့ဖို့ အကောင်းဆုံး အခွင့်အရေးပဲ။ ကျောက်ဖုန်းတို့ မိသားစုကို နန်းတော်ထဲကို တိုက်ရိုက်ဝင်လာခိုင်းလိုက်ပါ။ ဒါက သူရဲ့ မိသားစုကို ဆုလာဘ်တွေလည်း ပေးလို့ရတယ်။ " ရင်ကျန့်က အမိန့်ပေးလိုက်သည်။
အကယ်၍ ကျောက်ဖုန်းသာ သူ၏ မိသားစုကို ရှန်းယန်တွင် ထားခဲ့လျှင် သူက ပို၍ စိတ်ချသွားပြီး တွန့်ဆုတ်မှုမရှိဘဲ ကျောက်ဖုန်းကို ခိုင်းစေနိုင်မည်ဖြစ်သည်။ အုပ်ချုပ်သူတစ်ယောက်အတွက် စစ်မြေပြင်တွင် ဦးဆောင်နေသော စစ်သေနာပတိချုပ်များအပေါ် ထိန်းချုပ်နိုင်သည့် အခွင့်အလမ်းရှိရန်မှာ အလွန်အရေးကြီးသည်။ ၎င်းက ဘုရင်အာဏာကို ထိန်းချုပ်ခြင်း၏ အဓိကကျသော ကဏ္ဍဖြစ်သည်။
" အမိန့်အတိုင်းပါ။ " ရန်ရှောင်က ဦးညွှတ်ပြီး ထွက်ခွာသွားသည်။
ရှန်းယန်မြို့ အဝင်၌။
" အရှင် ရှေ့မှာ နန်းတွင်းကိုယ်ရံတော်တပ်မှူးလာနေပါတယ်။ " ရန်ရှောင်က သူတို့ဆီသို့ မြင်းစီးလာနေသည်ကို မြင်သောအခါ ကျန်းမင်က လှည့်ပြီး ပြောလိုက်သည်။
ကျောက်ဖုန်းက လိုက်ကာကို မပြီး ကြည့်လိုက်သည်။
"စစ်သေနာပတိချုပ် " ရန်ရှောင်က ရှေ့သို့ တိုးလာပြီး ကျောက်ဖုန်းကို အရိုအသေပေးလိုက်သည်။
" တပ်မှူးရန် တစ်ခုခုဖြစ်လို့လား။ " ကျောက်ဖုန်းက ပြုံး၍ မေးလိုက်သည်။
" အရှင်မင်းကြီးက စစ်သေနာပတိချုပ်ကို နန်းတော်ကို တိုက်ရိုက်ဝင်လာဖို့ ပြောလိုက်ပါတယ်။ " ရန်ရှောင်က ရိုသေစွာ ပြောလိုက်သည်။
" ကျုပ် ညီမ၊ ဇနီးနဲ့ ကလေးတွေအားလုံး ရထားလုံးထဲမှာ ပါလာကြတယ်။ ကျုပ်တို့ နန်းတော်ထဲကို တိုက်ရိုက်လာရမှာလား။ " ကျောက်ဖုန်းက အံ့ဩသွားပြီး မေးလိုက်သည်။
" အရှင်မင်းကြီးက စစ်သေနာပတိချုပ်ရဲ့ မိသားစုကို တွေ့ချင်တယ်လို့ မိန့်ကြားလိုက်ပါတယ်။ " ရန်ရှောင်က ပြန်ပြောလိုက်သည်။
" ဒါဆိုလည်း ကောင်းပါပြီ။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။
မကြာမီ သူတို့က နန်းတော်သို့ ရောက်ရှိသွားသည်။ ကျောက်ဖုန်းက ကျောက်ရင်၊ ဝမ်ယန်၊ ကလေးနှစ်ယောက်တို့နှင့် ကျန်းထိုင်နန်းဆောင်၏ အပြင်ဘက်တွင် စောင့်ဆိုင်းနေသည်။
" အစ်ကို အရှင်မင်းကြီးက ဘယ်လိုလူမျိုးလဲ။ သူက ဒေါသထွက်လွယ်တဲ့လူမျိုးလား။ " ကျောက်ရင်က နန်းတော်သို့ ရောက်လာသဖြင့် အနည်းငယ် စိုးရိမ်နေသည်။
" ဒါက ပြောရခက်တယ်။ ခဏနေ မင်းစကားပြောမှားသွားရင် အကျဉ်းချခံရနိုင်တယ်။ " ကျောက်ဖုန်းက ကျောက်ရင်ကို ကြည့်ပြီး စနောက်လိုက်သည်။
" တကယ်လား။ "ကျောက်ရင်က ထိတ်လန့်သွားသည်။
" အကို ရင်အာကို မခြောက်ပါနဲ့။ " ဝမ်ယန်က ဝင်ပြောလိုက်သည်။ " ရင်အာ မင်းအစ်ကိုပြောတာ နားမထောင်နဲ့။ အရှင်မင်းကြီးက အကြောင်းမရှိဘဲ ဒေါသထွက်တတ်တဲ့လူမျိုးမဟုတ်ပါဘူး။ "
" အစ်ကိုက အမြဲတမ်း ညီမလေးကို အနိုင်ကျင့်နေတာပဲ။ " ကျောက်ရင်က နှုတ်ခမ်းဆူပြီး ပြောလိုက်သည်။
" ဟားဟားဟား...." ကျောက်ဖုန်းက ရူ်မောလိုက်သည်။
" အရှင်မင်းကြီးက စစ်သေနာပတိချုပ် ကျောက်ဖုန်းနဲ့ မိသားစုကို ဝင်ခွင့်ပြုလိုက်ပါတယ်။ "
ကျောက်ဖုန်းက ခန်းမထဲသို့ ဖြည်းညင်းစွာ ဝင်ရောက်သွားသည်။ ဝမ်ယန်က ကလေးနှစ်ယောက်ကို လက်ဆွဲကာ လိုက်သွားပြီး ကျောက်ရင်က နောက်မှ လိုက်ပါသွားသည်။
"ကျွန်တော်မျိုး အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ "
" ကျွန်မတို့ အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ " ဝမ်ယန်နှင့် ကျောက်ရင်တို့က ဦးညွှတ်လိုက်ကြပြီး ခေါင်းများမမော့ဝံ့ကြပေ။
" အင်း ထပါ။ " ရင်ကျန့်က လက်ဝှေ့ရမ်းလိုက်သည်။ သို့သော် သူ၏ အကြည့်က သူတို့အပေါ်သို့ ရောက်သောအခါ နားမလည်နိုင်သော အမူအရာတစ်ခု ပေါ်လာသည်။ " သမားတော်ရှ ဘယ်မှာလဲ။ ပြီးတော့ မင်းရဲ့ အမေက ဘာလို့မပါတာလဲ။ "
" အရှင်မင်းကြီး သမားတော်ရှက ဆေးကုသဖို့အတွက် ခရီးထွက်သွားပါတယ်။ ကျွန်တော်မျိုးရဲ့ မိခင်ကတော့ သူမရဲ့ ဇာတိမြေကို မခွဲချင်လို့ ရှန်းယန်ကို လိုက်မလာပါဘူး။ " ကျောက်ဖုန်းက ရှင်းပြလိုက်သည်။
" သမားတော်ရှက ဆေးကုသဖို့ ခရီးထွက်သွားတယ်ဟုတ်လား။ မင်း သူ့ကို ဘာလို့မတားခဲ့တာလဲ။ " ရင်ကျန့်၏ အမူအရာက စိုးရိမ်မှုများ ဖုံးလွှမ်းသွားသည်။
" အရှင်မင်းကြီး ကျွန်တော်မျိုး သူ့ကို မတားနိုင်ခဲ့ပါဘူး။ " ကျောက်ဖုန်းက သူ၏ ဝတ်ရုံအတွင်းမှ စာတစ်စောင် ထုတ်ပေးလိုက်သည်။ " ဒါက သမားတော်ရှကိုယ်တိုင် ရေးခဲ့တဲ့စာပါ။ "
ရင်ကျန့်ပ စာကို ယူ၍ ချက်ချင်း ဖွင့်ဖတ်လိုက်သည်။ စာပါအကြောင်းအရာများကို ဖတ်ရှုပြီးနောက် သူ၏ အမူအရာက အနည်းငယ် ပြေလျော့သွားသည်။
" ဟူး ရှန်းယန်က ယောက္ခမအတွက် တကယ်လှောင်အိမ်တစ်ခုလို ဖြစ်နေပုံရတယ်။ သူက ဝေးဝေးကို သွားချင်နေတာပဲ။ သူ့ဆန္ဒအတိုင်းပဲ ထားလိုက်ပါတော့။ " ရင်ကျန့်က စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီး စာကို ဘေးဖယ်ထားလိုက်သည်။
ထိုအချိန်တွင် သူ၏ အကြည့်က ဝမ်ယန်နှင့် ကျောက်ရင်တို့အပေါ်သို့ ကျရောက်သွားသည်။
" ဘာလို့ခေါင်းငုံ့ထားကြတာလဲ။ ငါက လူသားမစားပါဘူး။ ခေါင်းမော့ကြစမ်း။ ကြောက်စရာမလိုဘူး။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
ဝမ်ယန်နှင့် ကျောက်ရင်တို့က ခေါင်းမော့လိုက်ကြသည်။ ဝမ်ယန်နှင့်မတူဘဲ ကျောက်ရင်က စိုးရိမ်ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။
သို့သော် ရင်ကျန့်၏ အကြည့်များက ကျောက်ရင်အပေါ်သို့ ကျရောက်သွားချိန်တွင် သူက မှင်သက်သွားခဲ့သည်။
" တုန်အာ..."
" အရှင်မင်းကြီး တုန်အာက ဘယ်သူလဲ။ " ကျောက်ဖုန်းက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။ သူကြည့်လိုက်သောအခါ ရင်ကျန့်က သူ၏ ညီမအား စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
" မကောင်းတော့ဘူး။ အရှင်မင်းကြီးက ရင်အာကို သဘောကျသွားတာတော့ မဟုတ်လောက်ပါဘူး။ ငါက ချင်ရှီဟွမ်ရဲ့ ယောက်ဖမဖြစ်ချင်သလို ငါညီမကလည်း အဘိုးကြီးတစ်ယောက်နဲ့ လက်ထပ်နိုင်မှာမဟုတ်ဘူး။ " ကျောက်ဖုန်းက စိတ်ထဲတွင် မသက်မသာဖြစ်သွားသည်။
" အရှင်မင်းကြီး ဒါက ကျွန်တော်မျိုးရဲ့ ညီမ ကျောက်ရင်ပါ။ " ကျောက်ဖုန်းက ရှေ့တိုးပြီး ပြောလိုက်သည်။
" မင်းရဲ့ ညီမလား။ " ရင်ကျန့်က ကျောက်ရင်ကို ကြည့်ပြီး အံ့ဩတုန်လှုပ်နေသည်။
" အရမ်းတူတယ်။သူမက တုန်အာ ငယ်ငယ်ကနဲ့ တစ်ထေရာတည်း တူနေတာပဲ။ ဒီလောက်ထိ တိုက်ဆိုင်နိုင်ပါ့မလား။ " ရင်ကျန့်က စဉ်းစားနေသည်။
တုန်အာနှင့် အလွန်တူနေသော မိန်းကလေးတစ်ယောက်ကို သူက ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ ထို့အပြင် သူမက သူသဘောအကျဆုံး လက်အောက်ငယ်သား၏ ညီမဖြစ်နေသည်။