← Chapters

အခန်း (၂၆၈)

Vol. 27 Ch. 268

အခန်း (၂၆၈)

Vol. 27 Ch. 268

အခန်း (၂၆၈)

" မင်းရဲ့ ညီမက မင်းနဲ့ သိပ်မတူဘူးပဲ။ " ရင်ကျန့်က အကြည့်လွှဲလိုက်ပြီး ကျောက်ဖုန်းကို စနောက်လိုက်သည်။

" ကျွန်တော်မျိုးက အဖေနဲ့တူပြီး ကျွန်တော်မျိုး ညီမက အမေနဲ့တူတာပါ။ " ကျောက်ဖုန်းက ပြုံး၍ ပြန်ဖြေလိုက်သည်။

" ကျောက်ရင် ဟုတ်တယ်မလား။ " ရင်ကျန့်က ဖြည်းညင်းစွာ ပြောလိုက်သည်။

" ဟုတ်ပါတယ်။ "ကျောက်ရင်က ယဉ်ကျေးစွာ ပြန်ဖြေလိုက်သည်။

" ရှန်းယန်ကို ရောက်ဖူးတာ ဒါပထမဆုံးအကြိမ်လား။ " ရင်ကျန့်က မေးလိုက်သည်။

" ဟုတ်ပါတယ်။ " ကျောက်ရင်က ခေါင်းညိမ့်လိုက်သည်။

" မင်းတို့မိသားစုမှာ မင်းရယ်၊ မင်းအစ်ကိုရယ် မင်းအမေရယ်ပဲ ရှိပြီး တစ်ယောက်ကိုတစ်ယောက် မှီခိုနေကြတယ်လို့ ငါကြားတယ်။ အခု မင်းက ရှန်းယန်ကို လိုက်လာတာဆိုတော့ မင်းရဲ့ အမေက အိမ်မှာ တစ်ယောက်တည်း ကျန်နေခဲ့မှာပေါ့။ "ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" ကျွန်တော်မျိုးမတို့က အမေကို လိုက်ခဲ့ဖို့ ပြောခဲ့ပေမယ့် သူမက ငြင်းဆိုခဲ့တယ်။ သူမက မြို့တော်ရဲ့ ရှုပ်ထွေးမှုတွေကို ကျင့်သားမရသေးဘဲ ရွာက အေးချမ်းမှုကိုပဲ ပိုနှစ်သက်တယ်လို့ ပြောခဲ့ပါတယ်။ "ကျောက်ရင်က ပြောလိုက်သည်။

" နှမြောစရာပဲ။ " ရင်ကျန့်က စိတ်ပျက်စွာ ပြောလိုက်သည်။ " ချင်နိုင်ငံအတွက် အသက်နှစ်ဆယ်အရွယ် စစ်သေနာပတိချုပ်တစ်ယောက် ဖြစ်လာအောင် ပျိုးထောင်ပေးနိုင်တဲ့ အမျိုးသမီးကို ငါတွေ့ချင်နေခဲ့တာ။ "

" စိတ်မပူပါနဲ့ အရှင်မင်းကြီး။ " ကျောက်ဖုန်းက ရယ်ပြီး ပြောလိုက်သည်။ " အရှင်မင်းကြီး ရှချူးကို ရောက်တဲ့အခါ ကျွန်တော်မျိုး အမေကို သေချာပေါက် ခေါ်လာခဲ့ပါမယ်။ "

" မင်းပြောတာနော်။ " ရင်ကျန့်က ရယ်မောလိုက်သည်။ " ကဲ မင်းက ဒီနေ့မှ အိမ်ပြန်ရောက်တာဆိုတော့ မင်းကို အချိန်မဆွဲတော့ပါဘူး။ အခု မင်းရဲ့ စံအိမ်ကို ပြန်လို့ရပြီ။ မနက်ဖြန် ညီလာခံပြီးတဲ့အခါ စခန်းတည်ထောင်ဖို့ ဆွေးနွေးကြတာပေါ့။ "

"အမိန့်အတိုင်းပါ။ "သပူပါနဲ့ အရှင်မင်းကြီး။ " ကျောက်ဖုန်းက ရယ်ပြီး ပြောလိုက်သည်။ " အရှင်မင်းကြီး ရှချူးကို ရောက်တဲ့အခါ ကျွန်တော်မျိုး အမေကို သေချာပေါက် ခေါ်လာခဲ့ပါမယ်။ "

" မင်းပြောတာနော်။ " ရင်ကျန့်က ရယ်မောလိုက်သည်။ " ကဲ မင်းက ဒီနေ့မှ အိမ်ပြန်ရောက်တာဆိုတော့ မင်းကို အချိန်မဆွဲတော့ပါဘူး။ အခု မင်းရဲ့ စံအိမ်ကို ပြန်လို့ရပြီ။ မနက်ဖြန် ညီလာခံပြီးတဲ့အခါ စခန်းတည်ထောင်ဖို့ ဆွေးနွေးကြတာပေါ့။ "

"အမိန့်အတိုင်းပါ။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်ပြီး ဝမ်ယန်နှင့် ကျောက်ရင်တို့ကို ခေါ်ကာ ထွက်ခွာသွားသည်။

ရင်ကျန့်က ထွက်ခွာသွားသော ကျောက်ရင်၏ ကျောပြင်ကို စိုက်ကြည့်နေခဲ့သည်။ " တူတယ် အရမ်းတူလွန်းတယ်။ သူမရဲ့ ကိုယ်ဟန် သူမရဲ့ မျက်နှာ အားလုံး တူနေတယ်။ ဒါက တကယ်တိုက်ဆိုင်မှုဖြစ်နိုင်ပါ့မလား။ "

" သွမ်လော " ရင်ကျန့်က ခေါ်လိုက်သည်။

" အရှင်မင်းကြီး " သွမ်လောက ချက်ချင်း ရောက်လာပြီး ရင်ကျန့်၏ ရှေ့တွင် ရပ်လိုက်သည်။

"ငါ့ဆီကို ကျောက်ဖုန်းရဲ့ အိမ်ထောင်စုစာရင်း ထပ်ယူလာခဲ့စမ်း။ " ရင်ကျန့်က လေးနက်စွာ အမိန့်ပေးလိုက်သည်။

" အမိန့်အတိုင်းပါ။ " သွမ်လောက ထွက်ခွာသွားပြီး မကြာမီ သူ၏ လက်ထဲတွင် မှတ်တမ်းတစ်စု ယူလာခဲ့သည်။

ရင်ကျန့်က မှတ်တမ်းကို ယူပြီး ချက်ချင်း စစ်ဆေးလိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူက ထူးခြားမှုတစ်စုံတစ်ရာကို မတွေ့ခဲ့ပေ။

" ဒီစာရင်းကို မင်းကိုယ်တိုင် အတည်ပြုခဲ့တာလား။ " ရင်ကျန့်က သွမ်လောကို မေးလိုက်သည်။

" ကျွန်တော်မျိုး အသေးစိတ်အချက်တိုင်းကို သေချာ စစ်ဆေးခဲ့တာပါ။ " သွမ်လောက ပြန်ဖြေသည်။ " အစိုးရရုံးက အိမ်ထောင်စုစာရင်းတွေကနေ စပြီး သူ့ရွာကို လူလွှတ်ပြီး စုံစမ်းတဲ့အထိ ဒီစာရင်းက တိကျမှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။ "

" ကျောက်ဖုန်းရဲ့ အဖေက ဟန်တန်မြို့မှာ တိုက်ပွဲဝင်ရင်း သေဆုံးခဲ့တာပါ။ ကျောက်ဖုန်းရဲ့ အမေက ချိုးလင်းရွာမှာ မှတ်ပုံတင်ထားပါတယ်။ သူ့အမေက ဆေးပညာကျွမ်းကျင်ပြီး ကျောက်ဖုန်းကလည်း နည်းနည်းတတ်ကျွမ်းပါတယ်။ "

" ငါမင်းကို ရှာခိုင်းတဲ့သူက ကျောက်ဖုန်းရဲ့ မိခင်ဖြစ်နေတာမျိုး အဲ့လောက်ထိ တိုက်ဆိုင်ပါ့မလား။ " ရင်ကျန့်က မေးလိုက်သည်။

" အရှင်မင်းကြီး ကျွန်တော်မျိုးက တုန်အာနဲ့ အရင်က တွေ့ဖူးသလို သူမရဲ့ ပုံတူပန်းချိကိုတောင် ရေးဆွဲခဲ့ဖူးပါတယ်။ ကျောက်ဖုန်းရဲ့ မိခင်က သူမ မဟုတ်ပါဘူး။ " သွမ်လောက ပြောလိုက်သည်။ " အရှင်မင်းကြီး ကျောက်စံအိမ်ကို လွှတ်လိုက်တဲ့ အိမ်တော်ထိန်းကလည်း ဟေးပင်းထိုင်က လျို့ဝှက်အစောင့်တစ်ယောက်ဖြစ်ပြီး သူကလည်း တုန်အာရဲ့ ပုံတူကို ရင်းနှီးပြီးသားပါ။ မဟုတ်ဘူး ဟေးပင်းထိုင်တစ်ခုလုံးက သူမရဲ့ ပုံတူကို ရင်းနှီးကြပါတယ်။ တကယ်လို့ ကျောက်ဖုန်းရဲ့ မိခင်ကသာ သူမဖြစ်ခဲ့ရင် အခုလောက်ဆို သတင်းပို့ပြီးတာ ကြာပါပြီ။ "

" ထားလိုက်ပါတော့။ ငါအတွေးလွန်တာ ဖြစ်မှာပါ။ " ရင်ကျန့်က စိတ်ပျက်သော အမူအရာဖြင့် သက်ပြင်းချလိုက်သည်။ " ဟေးပင်းထိုင်က လျို့ဝှက်အစောင့်တွေ သမားတော်ရှရဲ့ ဘေးကနေ ထွက်မသွားကြဘူးမဟုတ်လား။ "

" အရှင်မင်းကြီး စိတ်ချပါ။ သမားတော်ရှ ဘယ်သွားသွား လျို့ဝှက်အစောင့်တွေ အမြဲတမ်း ရှိနေပါတယ်။ " သွမ်လောက ပြောလိုက်သည်။

" ဒါဆိုလည်း ကောင်းပြီ။ " ရင်ကျန့်က ခေါင်းညိမ့်လိုက်သည်။

" အခြားညွှန်ကြားစရာမရှိရင် ကျွန်တော်မျိုးကို ခွင့်ပြုပါဦး။ " သွမ်လောက ဦးညွှတ်ပြီး ထွက်သွားရန် ပြင်လိုက်သည်။

" နေဦး " ရင်ကျန့်က တားလိုက်သည်။ " ရှချူးက ကျောက်စံအိမ်က လျို့ဝှက်အစောင့်တွေကို ကျောက်ဖုန်းရဲ့ မိခင် ပုံတူကို ရေးဆွဲခိုင်းလိုက်။ ပြီးရင် ငါ့ဆီကို ချက်ချင်း လာတင်ပြလှည့်။ "

" အမိန့်အတိုင်းပါ။ " သွမ်လောက ဦးညွှတ်ပြီး ထွက်ခွာသွားသည်။

" မျှော်လင့်ချက်က သေးငယ်နိုင်ပေမယ့်လည်း ဖြစ်နိုင်ခြေရှိနေသရွေ့ ငါလက်လျှော့မှာမဟုတ်ဘူး။ ပြီးတော့ ယောက္ခမရဲ့ ရှချူးခရီးစဉ်က ရုတ်တရက် ဆန်လွန်းတယ်။ ဒါကို ငါ သေချာစုံစမ်းရမယ်။ " ရင်ကျန့်က ရေရွတ်လိုက်သည်။

ကျောက်စံအိမ်။

" အစ်ကို အရှင်မင်းကြီးက တကယ်ကို ဩဇာကြီးမားတာပဲ။ " ကျောက်ရင်က ကျောက်ဖုန်းကို ပြောလိုက်သည်။ " သူက ဒေါသထွက်ပြီး ငါ့ကို ကွပ်မျက်ပစ်မှာ ကြောက်လို့ စကားတောင်မပြောရဲဘူး။ "

" အရှင်မင်းကြီးက တကယ်ဩဇာကြီးမားပါတယ်။ ဒါပေမယ့် သူက စိတ်လိုက်မာန်ပါ လုပ်တတ်တဲ့သူမဟုတ်ပါဘူး။ ဒါကြောင့် မင်း စိတ်အေးအေးထားလို့ရပါတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" အကို ရင်အာအတွက် ဘယ်လိုစီစဉ်မှာလဲ။ သူမကို တကယ်ခက်ခဲအောင် လုပ်ဖို့ ရည်ရွယ်နေတာတော့ မဟုတ်ပါဘူးနော်။ " ဝမ်ယန်က မေးလိုက်သည်။

" ယောက်မ စစ်တပ်ထဲမှာဆိုရင်တောင် ငါ သမားတော်လုပ်မှာပဲ။ ဒါက အခက်အခဲလို့ မခေါ်နိုင်ပါဘူး။ " ကျောက်ရင်က ပြုံး၍ ပြောလိုက်သည်။ " ပြီးတော့ စစ်တပ်ထဲမှာ ရှိနေတာက ငါ့ရဲ့ ဆေးပညာကျွမ်းကျင်မှုကို ပိုပြီး တိုးတက်စေနိုင်ပါတယ်။ "

" မင်းက စစ်တပ်ထဲကို သွားချင်နေတုန်းလား။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" အဲ့ဒါ မဖြစ်နိုင်လို့လား။ " ကျောက်ရင်က နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

" စစ်ဘက်ဆိုင်ရာ သမားတော်တစ်ယောက် ဖြစ်ဖို့ဆိုရင် စစ်တပ်ထဲကို တာဝန်မကျခင် ဆေးပညာခန်းမမှာ အရင်ဆုံး နှစ်ဝက်လောက် ပညာသင်ရဦးမယ်။ ပြီးတော့ မင်းအစ်ကိုရဲ့ စခန်းက မတည်ထောင်ရသေးဘူး။ ​စခန်းမှာ သမားတော်တွေ အများကြီး လိုအပ်လိမ့်မယ်။ မင်း ရှန်းယန်မှာ အချိန်တစ်ခုထိ နေဖို့ လိုအပ်လိမ့်မယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ငါ့ရဲ့ စွမ်းရည်နဲ့ ဆေးပညာသင်ဖို့ လိုသေးလို့လား။ " ကျောက်ရင်က ဂုဏ်ယူစွာ ပြောလိုက်သည်။

" မင်းအိမ်မှာ သင်ခဲ့တဲ့ ဆေးပညာက တစ်မျိုး။ စစ်ဘက်ဆေးပညာက တစ်မျိုးပဲ။ ဆေးပညာခန်းမကို ရောက်တဲ့အခါ မင်းနားလည်သွားလိမ့်မယ်။ " ကျောက်ဖုန်းက ခေါင်းခါပြီး ပြောလိုက်သည်။

" ယန်အာ ရင်အာအတွက် အခန်းတစ်ခန်း စီစဉ်ပေးလိုက်ဦး။ " ကျောက်ဖုန်းက ညွှန်ကြားလိုက်သည်။

" ကောင်းပါပြီ။ ရင်အာ ငါနဲ့ လိုက်ခဲ့ပါ။ အခုကစပြီး ဒါက မင်းရဲ့ အိမ်ပဲ။ " ဝမ်ယန်က ကျောက်ရင်ကို ခေါ်ပြီး ထွက်ခွာသွားသည်။

သူတို့ ထွက်သွားပြီးနောက် ကျောက်ဖုန်းက ဘေးအခန်းသို့ သွားလိုက်သည်။

" ငါ အစာခံဆေး အများကြီးကို ဖော်စပ်ပြီးပြီ။ နောက်ထပ် အတွင်းအားဖြည့်ဆေးနဲ့ ငါ့ရဲ့ ကျင့်စဉ်ကို မြှင့်တင်ပေးမယ့် ဆေးလုံးတွေကို ဖော်စပ်ရမယ်။ ဆေးပင်တွေကိုတော့ ဆက်ပြီး စုဆောင်းဖို့ လိုသေးတယ်။ " ကျောက်ဖုန်းက ဆေးမီးဖိုကို ထုတ်ပြီး ဆေးဖော်စပ်ခြင်းကို စတင်လိုက်သည်။

ကျန်းထိုင်နန်းဆောင်။

" ကျွန်တော်မျိုး လီစီက တွေ့ခွင့်တောင်းပါတယ်။ " ခန်းမအပြင်ဘက်တွင် လီစီက အရာရှိဝတ်စုံကို ဝတ်ဆင်ပြီး ကျယ်လောင်စွာ အော်လိုက်သည်။

ကျောက်ကောင်းက ခန်းမထဲသို့ ဝင်ရောက်သွားပြီးနောက် မကြာမီ လီစီကလည်း ဝင်ရောက်သွားသည်။

" အရှင်မင်းကြီးကို ဂါရ​ဝပြုပါတယ်။ " လီစီက ရိုသေစွာ ဦးညွှတ်လိုက်သည်။

" တရားရေးဝန်ကြီးက ဘာကိစ္စနဲ့ ရောက်လာတာလဲ။ " ရင်ကျန့်က အေးစက်စွာ ပြောလိုက်သည်။ သူက ဩဇာကြီးမားသော အမူအရာကို ထိန်းသိမ်းထားဆဲ ဖြစ်ပြီး သူ၏ စိတ်ထဲတွင် ဘာရှိသည်ကို ဘယ်သူမှ မသိနိုင်ပေ။

" ဒီနေ့ အရှင်မင်းကြီးကို တောင်းဆိုစရာတစ်ခုရှိလို့ လာခဲ့တာပါယ " လီစီက နောက်တစ်ကြိမ် ဦးညွှတ်ပြီး ပြောလိုက်သည်။

" တောင်းဆိုစရာတစ်ခုလား။ " ရင်ကျန့်က အံ့ဩသွားပြီး လီစီကို ကြည့်လိုက်သည်။ " မင်းက ဒီလိုမျိုးပြောတာ ရှားတယ်။ ပြောပါဦး။ "

" ကျွန်တော်မျိုးရဲ့ သား လီယောင်က မြောက်ဘက်နယ်စပ်မှာ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အရှင်မင်းကြီအနေနဲ့ သူ့ကို တာဝန်ပြောင်းရွှေ့ပေးဖို့ ကျွန်တော်မျိုး တောင်းဆိုချင်ပါတယ်။ " လီစီက ပြောလိုက်သည်။

" အင်း လီယောင်က မြောက်ဘက်နယ်စပ်မှာ လေးနှစ် တာဝန်ထမ်းဆောင်ခဲ့တာကို ငါသိပါတယ်။ သူက တရားရေးဝန်ကြီးရဲ့ စွမ်းရည်ကို အမွေဆက်ခံပြီး ကြီးကြီးမားမား စွမ်းဆောင်နိုင်ခဲ့တယ်။ ဥပဒေအရဆို သူကို တာဝန်ပြောင်းရွှေ့ပေးလို့ရတာအမှန်ပဲ။ ဒီလိုကိစ္စမျိုးကို မင်း တောင်းပန်နေစရာမလိုပါဘူး။ "

" အရှင်မင်းကြီး ကျွန်တော်မျိုးက လီယောင်ကို မြို့တော်ကို ပြောင်းရွှေ့စေချင်တာ မဟုတ်ပါဘူး။ အဲ့ဒီအစား သူ့ကို စစ်တပ်ထဲကို ပြောင်းရွှေ့ပေးစေချင်ပါတယ်။ " လီစီက ရိုသေစွာ ပြောလိုက်သည်။

All Chapters