အခန်း (၂၆၉)
Vol. 27 Ch. 269
အခန်း (၂၆၉)
" အရှင်မင်းကြီးက ကျောက်ဖုန်းကို စစ်သေနာပတိချုပ် ခန့်အပ်ပြီးပေမယ့် စခန်းအသစ်တစ်ခုတော့ မဖွဲ့သည်းရသေးပါဘူး။ ဒ ကြောင့် ကျွန်တော်မျိုးက လီယောင်ကို စစ်သေနာပတိချုပ် ကျောက်ဖုန်းရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်ခွင့်ပေးဖို့ တောင်းဆိုချင်ပါတယ်။ " လီစီက ဦးညွှတ်ပြီး လေးနက်စွာ ပြောလိုက်သည်။
" မင်းက လီယောင်အတွက် ပင်မစစ်သူကြီး ရာထူး ရယူပေးချင်တာလား။ " ရင်ကျန့်က တည်ငြိမ်စွာ မေးလိုက်သည်။
" ကျွန်တော်မျိုး ရဲတင်းစွာနဲ့ပဲ တောင်းဆိုပါတယ်။ " လီစီက ပြောလိုက်သည်။
" အရင်တုန်းကဆိုရင် မင်းက ဒီလိုမျိုး တောင်းဆိုမှာမဟုတ်ပါဘူး။ အခုကျမှ ဘာဖြစ်လို့လဲ။ " ရင်ကျန့်က လီစီကို စိုက်ကြည့်ပြီး မေးလိုက်သည်။
" ကျွန်တော်မျိုးရဲ့ လီမိသားစုမျိုးဆက်ကို ဆက်လက်ရှင်သန်ခွင့်ရဖို့ အာမခံချက်ရယူချင်လို့ပါ။ " လီစီက ကြောက်ရွံ့ခြင်းမရှိဘဲ ပြောလိုက်သည်။
" ဟမ် ငါ ဒီမှာရှိနေတာပဲ။ မင်းရဲ့ လီမိသားစုကို ဘယ်သူက ဒုက္ခပေးရဲမှာလဲ။ " ရင်ကျန့်က မျက်မှောင်ကြုတ်သွားသည်။
" အရှင်မင်းကြီး ရှိနေသရွေ့တော့ ကျွန်တော်မျိုးရဲ့ မိသားစုအတွက် စိုးရိမ်စရာမရှိပါဘူး။ ဒါပေမယ့် အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး။ " လီစီက ပြောလိုက်သည်။ " ကျွန်တော်မျိုးက သေဆုံးသွားလို့ရပေမယ့် ကျွန်တော်မျိုးရဲ့ မျိုးဆက်ကတော့ မပျောက်ကွယ်သွားစေချင်ပါဘူး။ ဒါကြောင့် အရှင်မင်းကြီးကို တောင်းဆိုရတာပါ။ "
လီစီက အလွန်ထက်မြက်သော လူတစ်ယောက်ဖြစ်သည်။ မဟုတ်လျှင် သမိုင်းတွင် သူ၏ နာမည်က ဤမျှထင်ရှားစွာ ကျန်နေခဲ့မည်မဟုတ်ပေ။
လွန်ခဲ့သော တစ်လအတွင်း ရင်ကျန့်ထုတ်ပြန်ခဲ့သော အမိန့်ကြောင့် နန်းတွင်းအခြေအနေက ပြောင်းလဲသွားခဲ့သည်။ ညီလာခံကို မင်းသားဖုစုတစ်ယောက်တည်းသာ တက်ရောက်ခွင့်ရမည်မဟုတ်ဘဲ ဆယ့်ရှစ်ယောက်မြောက်မင်းသားဟူဟိုက်လည်း ပါဝင်လာပြီဖြစ်သည်။
လူအများအတွက်မူ ထိုလုပ်ရပ်မှာ ရင်ကျန့်က ဖုစုအပေါ် မကျေနပ်မှုနှင့် အိမ်ရှေ့စံမင်းသားအသစ်ကို ပျိုးထောင်လိုသော လက္ခဏာတစ်ရပ်ဖြစ်သည်။ အကျိုးဆက်အနေဖြင့် မူလက ဖုစုကို ထောက်ခံခဲ့ကြသော ဝန်ကြီးအများစုက ဟူဟိုက်ဘက်သို့ ပြောင်းလဲသွားကြသည်။ ဘယ်ဘက်မှမပါဘဲ စောင့်ကြည့်နေသူများကလည်း ဟူဟိုက်ကို ထောက်ခံရန် ရွေးချယ်ခဲ့ကြသည်။
သို့သော် လီစီက အရာအားလုံးက ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ ဟူဟိုက်ကို ညီလာခံတက်ရောက်ခွင့်ပြုသည့် အမိန့်တော်က ဖုစုကို ဖိနှိပ်ရန်သက်သက်မဟုတ်ဘဲ သူ့ကို လေ့ကျင့်ပေးရန် နည်းလမ်းတစ်ခုလည်း ဖြစ်သည်။ ဖုစုက အမည်ခံအားဖြင့် သူ၏ သက်ဖြစ်သော်ဘည်း သူတို့က မီးနှင့်ရေကဲ့သို့ ဖြစ်နေကြသည်။ ဖုစုသာ နန်းတက်ခဲ့လျှင် သူက လီစီကို အသက်ချမ်းသာပေးမည်ဖြစ်သော်လည်း ဝမ်ဝမ်နှင့်အခြားသူများက သူ့ကို လွှတ်ပေးမည်မဟုတ်ပေ။
လီစီကို ကြည့်ပြီး ရင်ကျန့်က စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။ ထိုလူ၏ စိတ်ထဲတွင် ဘာရှိနေသည်ကို သူ နားလည်သည်။ သူက ယခုအချိန်တွင် ငယ်ရွယ်ပြီး အရာအားလုံးကို ထိန်းချုပ်နိုင်သော်လည်း အိုမင်းပြီး ကွယ်လွန်သွားသောအခါ အားလုံးက သူ၏ ဆန္ဒအတိုင်း ဖြစ်လာမည်မဟုတ်ပေ။
ထို့အပြင် ဖုစုက မျှော်လင့်ထားသကဲ့သို့ ဖြစ်မလာသေးသော်လည်း သူ၏ သားတော်များထဲတွင် အထူးချွန်ဆုံးဖြစ်သည်ကို ရင်ကျန့်က သိထားသည်။
" ကောင်းပြီ။ မင်းရဲ့ ဆန္ဒအတိုင်း ဖြစ်စေရမယ်။ " ရင်ကျန့်က ဖြည်းညင်းစွာ ပြောလိုက်သည်။ " မနက်ဖြန် ညီလာခံမှာ စစ်စခန်းအသစ်ဖွဲ့စည်းဖို့ ဆွေးနွေးပြီးရင် လီယောင်ကို ကျောက်ဖုန်းရဲ့ စခန်းထဲ ဝင်ခွင့်ပြုပေးမယ်။ "
ထိုစကားများကို ကြားသောအခါ လီစီက စိတ်လှုပ်ရှားသွားပြီး ချက်ချင်း ဦးညွှတ်လိုက်သည်။ " အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်မျိုး လီစီက အရှင်မင်းကြီးအပေါ် သေတဲ့အထိ အမှုထမ်းဖို့ ကျိန်ဆိုပါတယ်။ "
ရင်ကျန့်က ဘာမှမပြောဘဲ ခေါင်းညိမ့်လိုက်ပြီး လက်ဝှေ့ရမ်းလိုက်သည်။
" ယွီလျောင်နဲ့ ယှဉ်ရင် လီစီက သူ့ရဲ့ မိသားစုအပေါ် အရမ်းတွယ်တာပြီး ကိစ္စတွေကို အများကြီး တွေးနေတာပဲ။ " ရင်ကျန့်က လီစီထွက်သွားသည်ကို ကြည့်ပြီး တွေးလိုက်သည်။
နောက်တစ်နေ့ ညီလာခံတွင် အရပ်ဘက်နှင့် စစ်ဘက်အရာရှိများက ဘေးနှစ်ဖက်ရှိ သက်ဆိုင်ရာထိုင်ခုံများတွင် ထိုင်နေကြသည်။ ညီလာခံကျင်းပရာတွင် မတ်တပ်ရပ်လျက်မဟုတ်ဘဲ ထိုင်၍ ကျင်းပခြင်းဖြစ်သည်။ အရပ်ဘက်နှင့် စစ်ဘက်အရာရှိများ၏ ကြားတွင် ဖုစုနှင့် ဟူဟိုက်တို့ရှိနေသည်။ သူတို့နှစ်ယောက်လုံးက မင်းသားဝတ်စုံများကို ဝတ်ဆင်ပြီး ညီလာခံတွင် ရပ်နေကြသည်။
" ငါ ချင်ဘုရင်ရှေ့မှ ကြဲချခဲ့တဲ့ မျိုးစေ့တွေက တကယ် အပင်ပေါက်လာပြီထင်တယ်။ ဟူဟိုက်တောင် ညီလာခံကို တက်ရောက်နေပြီ။ ဝမ်ဝမ်နဲ့ အခြားသူတွေကတော့ အခုဆို ပိုပြီးတော့တောင် စိုးရိမ်ပူပန်ရတော့မယ်။ " ကျောက်ဖုန်းက ဖုစုနှင့် ဟူဟိုက်ကို ကြည့်ပြီး ကျေနပ်စွာ ပြုံးလိုက်သည်။
" အရှင်မင်းကြီး ညီလာခံကို ကြွလာပါပြီ။ " ကျောက်ကောင်းက ကျယ်လောင်စွာ ကြေညာလိုက်သည်။
" အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ။ ချင်နိုင်ငံကြီး နှစ်တစ်သောင်း တည်တံ့ပါစေ။ " ဝန်ကြီးများက သူတို့ ကိုင်ဆောင်ထားသော မှတ်တမ်းများကို မြှောက်ပြီး အော်ဟစ်လိုက်ကြသည်။
ရင်ကျန့်က ဖြည်းညင်းစွာ လျှောက်လာပြီး ပလ္လင်ပေါ်တွင် ထိုင်လိုက်သည်။
" အားလုံး ထနိုင်ပြီ။ " ရင်ကျန့်က လက်မြှောက်ပြီး ပြောလိုက်သည်။
" အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။ " ဝန်ကြီးများက တစ်ညီတစ်ညွှတ်တာ်း အော်ဟစ်လိုက်ကြသည်။
" လျှောက်တင်စရာရှိတာကို လျှောက်တင်နိုင်ပါပြီ။ " ကျောက်ကောင်းက ကြေညာလိုက်သည်။
" အရှင်မင်းကြီးကို အစီရင်ခံစရာတစ်ခုရှိပါတယ်။ " ယွီလျောင်က ရှေ့တိုးလာပြီး ပြောလိုက်သည်။
" ယွီချင်း (အမတ်မင်းယွီ) ဘာအစီရင်ခံစရာရှိလို့လဲ။ " ရင်ကျန့်က အောက်သို့ ကြည့်လိုက်သည်။
" အရှင်မင်းကြီး ကျောက်နိုင်ငံကို သိမ်းပိုက်ခဲ့တာ အခုဆို ခြောက်လလောက်ရှိပါပြီ။ ကိစ္စအများစုကို ဖြေရှင်းခဲ့ပေမယ့် ကျောက်အရာရှိတွေ ပိုင်ဆိုင်ထားတဲ့ မြေယာတွေနဲ့ စည်းစိမ်ဥစ္စာတွေကို သိမ်းယူရာမှာ ကြီးမားတဲ့ ခုခံမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ "
" ချင်မှာတော့ မြေယာကို ဘွဲ့ထူးရအရာရှိတွေကိုပဲ ပေးအပ်တာဖြစ်ပြီး ဘွဲထူးတွေကိုလည်း ငါတို့ ချင်အရာရှိတွေကိုပဲ အပ်နှင်းတာပါ။ " ရင်ကျန့်က အေးစက်စွာ ပြန်ဖြေလိုက်သည်။ " သူတို့က ငါတို့နိုင်ငံရဲ့ ဥပဒေတွေကို လိုက်နာဖို့ ငြင်းဆန်နေရင် သူတို့ကို အသက်ရှင်ခွင့်ပေးစရာ အကြောင်းရင်းမရှိဘူး။ "
" ငါ့အမိန့်ကို ဟန်ဖေးဆီပို့လိုက်။ " ရင်ကျန့်က အမိန့်ပေးလိုက်သည်။တကယ်လို့ ကျောက်အရာရှိတစ်ယောက်ယောက်က နိုင်ငံတော်ရဲ့ မြေယာသိမ်းယူမှုကို တားဆီးနှောက်ယှက်မယ်ဆိုရင် သူတို့ကို ကွပ်မျက်ခွင့် ငါပေးလိုက်တယ်။ "
" အမိန့်တော်အတိုင်းပါ။ " ယွီလျောင်က အမိန့်ကို လက်ခံပြီး နောက်ဆုတ်သွားသည်။
" ခမည်းတော် ကျောက်အရာရှိတွေရဲ့ ဩဇာလွှမ်းမိုးမှုက အတော်လေးကြီးမားပါတယ်။ " ဖုစုက စကားပြောလိုက်သည်။ " သူတို့ကို အမြစ်ဖြတ်သုတ်သင်ဖို့ မလုပ်သင့်ဘူးလို့ သားတော်ထင်ပါတယ်။ တကယ်လို့ သားတော်တို့ ဖိအားပေးရင် ချင်စစ်သည်တွေ ဆုံးရှုံးမှုတွေ ရှိလာနိုင်ပါတယ်။ ဖြစ်နိုင်ရင် သားတော်တို့ ဖိအားတွေကို ခဏလျှော့ချပြီး သူတို့ရဲ့ စိတ်နှလုံးကို ရယူသင့်ပါတယ်။ "
" အကိုတော် မှားနေပြီ။ " ဟူဟိုက်က ရှေ့တိုးလာပြီး ဦးညွှတ်လိုက်သည်။ " ချင်ရဲ့ အရာရှိတွေက စစ်ရေးစွမ်းဆောင်မှုတွေနဲ့ အုပ်ချုပ်ရေးဆိုင်ရာ အောင်မြင်မှုတွေကနေတစ်ဆင့် သူတို့ရဲ့ အဆင့်အတန်းကို ရယူခဲ့တာပါ။ ကျောက်အရာရှိတွေက ပျက်စီးသွားတဲ့ နိုင်ငံတစ်ခုရဲ့ အကြွင်းအကျန်တွေသက်သက်ပါ။ သူတို့က ချင်ကို အညံ့မခံဘူးဆိုရင် သူတို့က နှိမ်နင်းရပါလိမ့်မယ်။ ခမည်းတော် ပြောသလို သစ္စာမခံတဲ့သူတွေကို ကွပ်မျက်သင့်ပါတယ်။ "
" သူတို့ရဲ့ မြေယာတွေနဲ့ စည်းစိမ်ဥစ္စာတွေကို သိမ်းယူတာက ချင်ရဲ့ နိုင်ငံတော် ဘဏ္ဍာတိုက်ကို အားကောင်းစေပြီး ချင်ရဲ့ စစ်သည်တစ်သန်းကို ထောက်ပံ့နိုင်ပါလိမ့်မယ်။ "
" ညီတော်၁၈ ကျောက်အရာရှိ ဘယ်လောက်တောင်များလဲဆိုတာ မင်းသိရဲ့လား။ ဒါမှမဟုတ် သူတို့က ကိုယ်ပိုင်စစ်သည်ဘယ်လောက်ကို အမိန့်ပေးနိုင်လဲဆိုတာရော သိလား။ " ဖုစုက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။ " ချင်က ကျောက်နိုင်ငံကို သိမ်းပိုက်ပြီးပြီဆိုပေမယ့် သူတို့ရဲ့ အရာရှိတွေက အမြစ်တွယ်နေတုန်းပဲ။ "
" ဒါဆို ကျွန်တော်တို့ရ သူတို့ကို ကြင်နာမှုနဲ့ ဆက်ဆံပြီး မြေယာတွေကို မသိမ်းရတော့ဘူးလား။ ချင်ရဲ့ ဥပဒေတွေကို လျစ်ချူရှုလိုက်ရမှာလား။ " ဟူဟိုက်က အလျှော့မပေးဘဲ ပြောလိုက်သည်။ " ကျွန်တော်တို့က စစ်ရေးစွမ်းဆောင်မှုစနစ်အရ မြေယာတွေကို အဆင့်အတန်းအလိုက် ခွဲဝေပေးတာပဲ။ ကျောက်အရာရှိတွေကို အလျှော့ပေးလိုက်တာက ချင်စစ်သည်တစ်သန်းကို သစ္စာဖောက်လိုက်တာပဲ။ "
၎င်းကို ကြားသောအခါ ဝန်ကြီးအများအပြားက ဟူဟိုက်ကို အံ့ဩစွာ ကြည့်လိုက်ကြသည်။ ထိုစကားများက သူ၏ ပါးစပ်မှ ထွက်လာသည်ကို သူတို့က မယုံကြည်နိုင်လောက်အောင်ပင် ဖြစ်နေကြသည်။
ရင်ကျန့်၏ ဘေးတွင် အမှုထမ်းနေသော ကျောက်ကောင်းက ပြုံးလိုက်သည်။ သူက ကျောက်အရာရှိများနှင့် ပက်သက်သော အစီရင်ခံစာကို အချိန်အတော်ကြာကတည်းက သိပြီးသားဖြစ်သည်။ သူက ဟူဟိုက်ကို ဘာပြောရမလဲ သင်ပေးလိုက်ရုံသာဖြစ်သည်။ သူ၏ ရည်ရွယ်ချက်အတိုင်းပင် ထိုစကားများက ဝန်ကြီးအများအပြားကို အံ့ဩသွားစေခဲ့သည်။
ကျောက်ဖုန်းက ပြုံးပြီး ထိုပြပွဲကို ကြည့်နေသည်။ " ဟူဟိုက်က အရင်က ဒီလောက်ထိ စကားမတတ်ပါဘူး။ ကျောက်ကောင်းက သူ့ကို သင်ပေးနေတာထင်တယ်။ ချင်ဘုရင်အနားမှာနေတော့ သူက ယွီလျောင်ရဲ့ အစီရင်ခံစာကို ကြိုသိနေတာပေါ့။ စိတ်ဝင်စားစရာပဲ။ "
ရင်ကျန့်က သူ၏ သားတော်နှစ်ယောက် ငြင်းခုံနေသည်ကို တည်ငြိမ်စွာ ကြည့်နေခဲ့သည်။ အချိန်အတော်ကြာပြီးနောက် သူက ကျောက်ဖုန်းကို လှည့်ကြည့်လိုက်ရာ ကျောက်ဖုန်း၏ အမူအရာကို ချက်ချင်း သတိထားမိသွားသည်။
" ဒီကောင်လေးကတော့ ငါ့သားတွေကို တကယ်ပဲ ပြပွဲတစ်ခုလို ကြည့်နေတာပဲ။ "
ဖုစုနှင့် ဟူဟိုက်တို့ ဆက်လက်ငြင်းခုံနေကြစဉ် ရင်ကျန့်က သူ၏ လက်ကို မြှောက်လိုက်ရာ ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။