← Chapters

အခန်း (၁၁၃-၁၁၄)

Vol. 12 Ch. 113-114

အခန်း (၁၁၃-၁၁၄)

Vol. 12 Ch. 113-114

အခန်း (၁၁၃) - ရှန်းချင်းယီ၏ ဆုံးဖြတ်ချက် (၂)

ဂူရှင်းယွဲ့အတွက်မူ ထူးထူးခြားခြား ပြောင်းလဲသွားခြင်း မရှိဘဲ ထမင်းဝိုင်းတွင် လူတစ်ယောက် ပိုလာသည်ဟုသာ မှတ်ယူထားသည်။

သို့သော် ဝမ်ကျိယန်မှာမူ အသားမကျနိုင်သေးချေ။ ယခင်က သူမသည် ဤအိမ်တွင်ချီသန့်စင်ခြင်းအဆင့် ၈ ရှိသော ကျွမ်းကျင်သူဖြစ်ပြီး ဇနီးသည်များထဲတွင် အသက်အကြီးဆုံးလည်း ဖြစ်သည်။ ညီမငယ်နှစ်ယောက်ရှေ့တွင် အမြဲတမ်း အိမ်ဦးနတ် ဇနီးသည်ကြီးတစ်ဦးကဲ့သို့ စိတ်နေစိတ်ထား ရှိခဲ့သည်။

ယခုမူ သူမထက် ကျင့်စဉ်အဆင့်ရော အသက်ပါ ကြီးမားသည့် ရှန်းချင်းယီ ရောက်လာခြင်းက သူမ၏ အိမ်တွင်းအာဏာ စိုးမိုးမှု လုံးဝပျောက်ကွယ်သွားသကဲ့သို့ ခံစားနေရရှာသည်။

ချန်အန်မှာမူ ဤတစ်လခွဲအတွင်း ကျင့်စဉ်တိုးတက်အောင် အားထုတ်ခြင်း သို့မဟုတ် အသစ်တတ်ထားသည့် ကျင့်စဉ်များကို သမီးဖြစ်သူအား ပြသကာ ပျော်ရွှင်အောင် လုပ်ပေးရင်း ကျင့်စဉ်ကျွမ်းကျင်မှုတိုးအောင် လုပ်နေခဲ့သည်။

တစ်နေ့တွင် မိုးလင်းစပြုချိန်၌ သမီးဖြစ်သူ ချန်ယုကျန်းသည် စောစောနိုးလာခဲ့သည်။ သူမသည် ကျင့်စဉ်ကျင့်နေသော ချန်အန်ထံ ပြေးသွားကာ "ဖေဖေ... ရှန်းမမ မနိုးသေးဘူး။ သမီးကို ခြံထဲမှာ ဓားပျံစီးပေးမလားဟင်"

ချစ်စဖွယ် အသံလေးဖြင့် ပူဆာသည်။

ချန်အန်လည်း သမီးလေး၏ တောင်းဆိုမှုကို မငြင်းရက်ဘဲ ဓားပျံဖြင့် လိုက်ပို့ပေးသည်။ သူ၏ ဓားပျံစီးခြင်းကျင့်စဉ်မှာလည်း ယခုအခါ "ကျွမ်းကျင်"အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ သမီးလေးကို ချီ၍ ပေါ့ပါးစွာ ပျံသန်းနိုင်နေပြီ ဖြစ်သည်။

"ယုကျန်းလေး... ဖေဖေ့ပေါင်ကို မြဲမြဲဖက်ထားနော်၊ ပျံတော့မယ်"

"မြဲမြဲဖက်ထားပြီ ဖေဖေ... မြန်မြန်ပျံနော်"

သမီးဖြစ်သူကို ခြံထဲတွင် ပျံသန်းပြနေစဉ် ချန်အန်သည် အာရုံခံစားမှုကို ဖွင့်ကာ အပြင်ဘက် လမ်းကြားကို အကဲခတ်ကြည့်သည်။ မိစ္ဆာပိုးကောင်များမှာ လျော့မသွားဘဲ အရာအားလုံးကို ဝါးမြိုဖျက်ဆီးထားသဖြင့် မြေပြင်မှာ ချိုင့်ခွက်များဖြင့် ပြည့်နေသည်။

"သက်ဦးဆံပိုင် လောကကြီးပါလား... ဒီဘေးဒုက္ခ ဘယ်တော့မှ ပြီးပါ့မလဲ" ဟု ချန်အန် စိတ်မကောင်းစွာ တွေးမိသည်။

ဓားပျံစီးပြီးနောက် သမီးဖြစ်သူက ညစာစားပြီးလျှင်လည်း ထပ်စီးချင်ကြောင်း ပူဆာရာ ချန်အန်က ကတိပေးလိုက်သည်။ ထိုအခါ သမီးလေးမှာ အလွန်ဝမ်းသာသွားပြီး ဖခင်အပေါ် ချစ်ခင်မှုမှာ ကြယ်၂လုံးသို့ တိုးတက်သွားကာ ဆုလာဘ်အဖြစ် "ကျင့်စဉ်သက်တမ်း အနှစ် ၅၀" ကို ချန်အန် ရရှိလိုက်သည်။

ရုတ်တရက် ကျင့်စဉ်အဆင့်မှာအဆင့် ၂ သို့ ခုန်တက်သွားသဖြင့် ချန်အန် အလွန်စိတ်လှုပ်ရှားသွားသည်။ သို့သော် အနှစ် ၅၀ ကျင့်ကြံပြီးမှ အဆင့်တစ်ဆင့်တည်း တက်သည်ကို တွေးမိကာ မိမိ၏ ပါရမီညံ့ဖျင်းမှုကိုလည်း သက်ပြင်းချမိသည်။

"ထားလိုက်ပါတော့လေ... ငါ့မှာ ဇနီးသည်တွေနဲ့ သမီးလေး ရှိနေတာပဲ" ဟု သူက ကိုယ့်ကိုယ်ကိုယ် ပြန်အားပေးလိုက်သည်။

တစ်လပြည့်သော ညတွင် ချန်အန်သည် ကိုယ်လက်သန့်စင်ကာ ရှန်းချင်းယီကို အခန်းထဲ၌ စောင့်နေသည်။ ညဉ့်နက်ပိုင်းတွင် တံခါးခေါက်သံနှင့်အတူ ရှန်းချင်းယီ ရောက်လာသည်။

သူမသည် ကိုယ်ကျပ်ဝတ်စုံအစား ပွပွယောင်းယောင်း ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး ပန်းရနံ့ သင်းပျံ့နေသည်။ သူမသည် ချန်အန်၏ ကုတင်ပေါ်တွင် ထိုင်လိုက်သော်လည်း စိတ်လှုပ်ရှားနေသည်မှာ သိသာလှသည်။

"ဆေးဆရာချန်... ကျွန်မ ဘာဆက်လုပ်ရမလဲ"

"ခြေအိတ်အရင်ချွတ်ပြီး ထိုင်ပါဦး... ငါ့ကုတင်က မင်းကို ညစ်ပတ်တယ်လို့ မထင်ပါဘူး" ဟု ချန်အန်က နောက်ပြောင်ကာ သူမ၏ စိုးရိမ်စိတ်ကို လျှော့ချပေးသည်။

ချန်အန်က သူမ၏ ခြေအိတ်များကို ကိုယ်တိုင် ချွတ်ပေးလိုက်သောအခါ ရှန်းချင်းယီ၏ မျက်နှာမှာ ရှက်သွေးဖြာကာ နီမြန်းသွားသည်။

အေးစက်သော ကျင့်ကြံသူတစ်ဦးအဖြစ်သာ မြင်ခဲ့ရသော ရှန်းချင်းယီမှာ ယခုကဲ့သို့ ရှက်ကိုးရှက်ကန်း ဖြစ်နေသည်မှာ ချန်အန်အတွက် ထူးခြားသော ဆွဲဆောင်မှုတစ်ခု ဖြစ်နေသည်။

"ကျင့်ကြံသူရှန်း... မင်းက တကယ် လှတာပဲ။ အမြဲဝတ်နေကျ အဝတ်အမည်းတွေက မင်းနဲ့ မလိုက်ဖက်ဘူး။ နောက်ဆိုရင် ဒီလိုဂါဝန်လေးတွေပဲ ဝတ်ပါလား"

ရှန်းချင်းယီက မျက်နှာလွှဲလျက် "အဝတ်ပွရင် ဓားခုတ်ရတာ အဆင်မပြေလို့ပါ။ ဒါပေမဲ့... အိမ်မှာရှိနေတဲ့ အချိန်တော့ ရှင်မြင်ချင်သလို ဝတ်ပေးပါ့မယ်" ဟု တိုးတိုးလေး ပြောရှာသည်။

ထိုစကားကြောင့် ချန်အန်သည် သူမကို ရင်ခွင်ထဲသို့ ဆွဲပိုက်လိုက်သည်။ ရှန်းချင်းယီ၏ ခန္ဓာကိုယ်လေး တုန်ရင်သွားသည်ကို သူခံစားလိုက်ရသည်။

"ဆေးဆရာချန်... ကျေးဇူးပြုပြီးကျွန်မအပေါ်ကို ညင်သာပေးပါ..."

.........................................................

အခန်း (၁၁၄) - ရှန်းချင်းယီ၏ အရည်အချင်းများ (၁)

[ဓားသိုင်းပညာ +၁၊ သံဓာတ်ဝိညာဉ်အမြစ်ပါရမီ +၁] x၈

[ဓားသိုင်းပညာ: အခြေခံအဆင့် (၁၈/၁၀၀)]

[သံဓာတ်ဝိညာဉ်အမြစ်: အနိမ့်စားအဆင့် (၁၈/၁၀၀)]

နောက်တစ်နေ့ မိုးသောက်ယံတွင် ချန်အန် တစ်နာရီပင် ပြည့်အောင်မအိပ်ဘဲ ကုတင်ပေါ်မှ ထထိုင်လိုက်သည်။ သူနိုးလာချိန်တွင် ကုတင်ဘေး၌ မည်သူမျှမရှိတော့ချေ။ ရှန်းချင်းယီသည် စောင်နှင့်အတူ ပျောက်ကွယ်သွားပြီဖြစ်သည်။

ချန်အန် ထိုအချက်ကို သိပ်ဂရုမစိုက်ဘဲ သူ၏ရှေ့မှ အသိပေးချက်များကိုသာ အာရုံစိုက်လိုက်သည်။

"ဓားသိုင်းပညာလား..."

"သံဓာတ်ဝိညာဉ်အမြစ်လား..."

"အရည်အချင်းအသစ် နှစ်ခုတောင် တစ်ပြိုင်တည်း တိုးလာတာလား"

ချန်အန် အနည်းငယ် စိတ်လှုပ်ရှားသွားသော်လည်း ပို၍ဇဝေဇဝါ ဖြစ်မိသည်။ ရှန်းချင်းယီက သူ၏ဇနီးသည် သုံးယောက်နှင့် ဘာကွာခြားလို့လဲ။ သူက ဘယ်လိုလုပ် အရည်အချင်း နှစ်ခုတောင် ပေးနိုင်ရတာလဲ။

ဓားသိုင်းနှင့် သံဓာတ်ဝိညာဉ်အမြစ်က သူမ၏ အကြီးမားဆုံး အားသာချက်တွေမို့လို့ ဖြစ်မှာပါဟု သူခန့်မှန်းလိုက်သည်။

"ယောက်ျား... နံနက်စာ စားလို့ရပါပြီ"

ဂူရှင်းယွဲ့၏ အသံ တံခါးပြင်မှ ထွက်ပေါ်လာသည်။

ချန်အန်သည် အဝတ်ပင်မဝတ်ဘဲ ကုတင်ပေါ်မှဆင်းကာ တံခါးဖွင့်ပြီး "ရေခဲကိုယ်လုပ်တော်" လေးကို အခန်းထဲသို့ ဆွဲသွင်းလိုက်သည်။ မနေ့ညက ရှန်းချင်းယီမှာ အတွေ့အကြုံမရှိသေးသူ ဖြစ်သဖြင့် သူ အပြည့်အဝ အားမရခဲ့ပေ။ တစ်နာရီခန့်အကြာမှသာ ထိုဇနီးမောင်နှံသည် အခန်းထဲမှ ချစ်ခင်စွာ ထွက်လာကြသည်။

ဧည့်ခန်းဆောင်သို့ ရောက်သောအခါ ဆောင်ဟွာယင်း၊ ဝမ်ကျိယန်နှင့် ချန်ယုကျန်းတို့ ရှိနေကြသော်လည်း ရှန်းချင်းယီကို မတွေ့ရချေ။ ချန်အန်က သူ၏ ဝိညာဉ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်ရာ ရှန်းချင်းယီမှာ သူမ၏အခန်းထဲတွင် စောင်ခြုံလျက် ကွေးကွေးလေး လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။

"ယောက်ျား... မနေ့ညက ရှန်းမမအခန်းမှာ ဘယ်လိုနေလဲ"

ဆောင်ဟွာယင်းက နားနားကပ်ကာ တိုးတိုးလေး မေးသည်။ ချန်အန်က ပြုံးလျက်

"ထွေထွေထူးထူး မရှိပါဘူး၊ မင်းရဲ့ ပထမဆုံးညတုန်းကလိုပါပဲ" ဟု ပြန်ဖြေရာ ဆောင်ဟွာယင်းက ရှက်ကိုးရှက်ကန်းနှင့် ရန်တွေ့လေသည်။

နံနက်စာစားပြီးနောက် ချန်အန်သည် စွပ်ပြုတ်တစ်ခွက်ယူကာ ရှန်းချင်းယီ၏ အခန်းရှေ့သို့ သွားခဲ့သော်လည်း သူမက မဗိုက်ဆာသေးကြောင်း ပြောကာ တံခါးမဖွင့်ပေးသဖြင့် သူ ပြန်ထွက်လာခဲ့သည်။

ထိုသို့ဖြင့် နောက်ထပ် ရက်သတ္တပတ် နှစ်ပတ်ခန့် ကုန်ဆုံးသွားသည်။ ထိုအတောအတွင်း ရှန်းချင်းယီသည် ရှက်နေ၍လားမသိ၊ အခန်းထဲမှ ထွက်မလာခဲ့ချေ။ ချန်အန်လည်း သူမကို အနှောင့်အယှက်မပေးတော့ဘဲ သမီးဖြစ်သူကို ဓားပျံစီးပေးရင်း အချိန်ကုန်လွန်စေသည်။

ညတစ်ညတွင် ဝမ်ကျိယန်က သူမ၏ ဗိုက်ကြီးကို ပွတ်သပ်ရင်း ချန်အန်ကို အရိပ်အမြွက်ပြသဖြင့် သူက သူမကို ပွေ့ချီကာ အခန်းထဲသို့ ခေါ်သွားခဲ့သည်။

"ယောက်ျညး... ကျွန်မနဲ့ မိတ်ဆွေရှန်း ဘယ်သူက ပိုလှလဲ" ဟု ဝမ်ကျိယန်က မေးလာသည်။

ချန်အန်က "မင်းက ပိုလှတာပေါ့" ဟု တွေဝေခြင်းမရှိဘဲ ချက်ချင်းဖြေလိုက်သည်။ သူက ဆက်လက်၍ "မင်းက သူမထက် ပိုလှရုံတင်မကဘူး၊ ကိုယ်လုံးကိုယ်ပေါက်ကလည်း ပိုဆွဲဆောင်မှုရှိတယ်။ မင်းက ငါတွေ့ဖူးသမျှထဲမှာ စွဲမက်စရာ အကောင်းဆုံး နတ်သမီးလေးပဲ" ဟု အချိုသတ်လိုက်ရာ မာနကြီးသော ဝမ်ကျိယန်တစ်ယောက် အပျော်ကြီး ပျော်သွားတော့သည်။

ရက်အနည်းငယ် ကြာပြီးနောက် ချန်အန်သည် မီးဓာတ်ဝိညာဉ်အမြစ်ကို "အထက်တန်းအဆင့်" သို့ အောင်မြင်စွာ တိုးမြှင့်နိုင်ခဲ့သည်။ ယခုအခါ သူသည် ဝိညာဉ်ကျောက်တုံးများကို ပိုမိုမြန်ဆန်စွာ အရည်ကျိုပြီး ကျင့်စဉ်စွမ်းအားအဖြစ် စုပ်ယူနိုင်ပြီဖြစ်သည်။ သူသည် ပိုင်ဆိုင်သမျှ ဝိညာဉ်ကျောက်တုံးများကို အကုန်အသုံးခံကာ ကျင့်ကြံရာ တစ်လမပြည့်မီမှာပင် အခြဃံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ၃ သို့ ရောက်ရှိသွားသည်။

ချန်အန်သည် သူ၏ အရည်အချင်းဇယားကို စစ်ဆေးကြည့်ရာ ရှန်းချင်းယီ၏ အပိုင်းတွင် "လက်မထပ်ရသေး" ဟု ပြနေပြီး ပတ်သက်မှုအဆင့်မှာ "ကြယ် ၀ (အဆင့်မသတ်မှတ်ရသေး)" ဟု ပြနေသည်ကို တွေ့လိုက်ရသည်။

"ဒါက ဘာလဲ... အဆင့်မသတ်မှတ်ရသေးဘူး ဟုတ်လား"

သူမ၏ ခန္ဓာကိုယ်ကို ရရှိခဲ့သော်လည်း နှလုံးသားကို မရရှိသေးဟု ဆိုလိုခြင်းလော။

ချန်အန် အနည်းငယ် အားမလိုအားမရ ဖြစ်သွားသည်။ သူကဲ့သို့ ချောမောခန့်ညားသော ယောကျ်ားတစ်ယောက်ကို ရှန်းချင်းယီက ဘာခံစားချက်မှ မရှိဘူးဆိုသည်မှာ မဖြစ်နိုင်ဟု သူတွေးမိသည်။

"မရဘူး... သူမရဲ့ နှလုံးသားကိုပါ ရအောင် ဖမ်းစားရမယ်"

ချန်အန်သည် ရှန်းချင်းယီ၏ စိတ်ဝင်စားမှုကို ရရှိရန် ပြင်းပြသော ဆန္ဒများ ပေါ်ပေါက်လာတော့သည်။

..........................................

All Chapters