← Chapters

အခန်း (၁၁၇-၁၁၈)

Vol. 12 Ch. 117-118

အခန်း (၁၁၇-၁၁၈)

Vol. 12 Ch. 117-118

အခန်း (၁၁၇) - ဝမ်ကျိယန်၏ ရင်သွေး (၂)

"ကျင့်ကြံသူရှန်း... မင်းက တကယ်ကို တင့်တယ်လှပတာပဲ။ ဒီအတိုင်း နေနေရတာ နှမြောဖို့ကောင်းတယ်"

"အဲဒါကို စိတ်တောင်မကူးနဲ့"

ရှန်းချင်းယီ၏ လေသံမှာ ပြတ်သားလှသည်။ သူမသည် ညဉ့်နက်ပိုင်းတွင် နှစ်ယောက်တည်း ရှိနေရုံဖြင့် ချန်အန်၏ စကားနောက်သို့ ဝေဝေဝါးဝါး ပါသွားမည့်သူမဟုတ်ချေ။ သူမ၏ စိတ်မှာ အမြဲတမ်း ကြည်လင်ပြတ်သားနေတတ်သည်။

ချန်အန် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် အလေးအနက် ပြောလိုက်သည်။

"ကျင့်ကြံသူရှန်း... ငါတို့ လက်ထပ်ကြရအောင်"

ခေတ္တအကြာတွင် သူမက ရန်တွေ့သံလေးဖြင့် ပြောလာသည်။

"အဂ္ဂိရတ်ဆရာချန်... ကျွန်မ တကယ် လူမှားခဲ့တာပဲ။ ရှင်က အမျိုးသမီးတစ်ယောက်ရဲ့ ဆန္ဒကို လေးစားတတ်တဲ့ လူကြီးလူကောင်းတစ်ယောက်လို့ အမြဲထင်ခဲ့တာ။ အခုတော့ ရှင်က ဟန်ဆောင်ကောင်းတဲ့ လူလိမ်တစ်ယောက်ပဲ"

"ငါက လူကြီးလူကောင်းပါလို့ တစ်ခါမှ မပြောခဲ့ဘူးလေ"

ချန်အန်က ရှန်းချင်းယီကို ပို၍ တင်းတင်းကြပ်ကြပ် ဖက်လိုက်ပြီး အရှက်မရှိ ပြုံးလျက် ဆိုသည်။

"ကျင့်ကြံသူရှန်း... ယောကျ်ားဆိုတာ အတူတူပါပဲ။ အရသာလေး မြည်းစမ်းကြည့်ပြီးပြီဆိုရင် နောက်ထပ် လိုချင်လာကြတာပဲ။ ငါက ငါ့ရင်ထဲကအတိုင်း ရိုးရိုးသားသား ပြောတာပါ"

"ရှင့်ရင်ထဲကအတိုင်း နေတာက ရှင့်ကိစ္စပါ။ အချုပ်ပြောရရင် ကျွန်မ ရှင့်ရဲ့ ကိုယ်လုပ်တော် မလုပ်နိုင်သလို ရှင့်အတွက် ကလေးလည်း မမွေးပေးနိုင်ဘူး"

"ကောင်းပါပြီ... ကောင်းပါပြီ။ ကလေးမယူလည်း ရပါတယ်"

ချန်အန်က ရှန်းချင်းယီ၏ ဆံနွယ်များကို အသာအယာ ပွတ်သပ်ပေးရင်း စကားကို ရပ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် ဒါက အချိန်တစ်ခု လိုအပ်တာမို့ ပါးစပ်ကနေ အရင်ကတိပေးထားပြီး နောက်ပိုင်းကျမှ ဆက်စဉ်းစားမည်ဟု သူတွေးလိုက်သည်။ သူမ၏ ခန္ဓာကိုယ်ကို ရထားပြီးပြီမို့ နောက်ပိုင်းတွင် သူမ၏ နှလုံးသားကို ရအောင်ယူရန်သာ ကျန်တော့သည်။

ထိုအချိန်ကျလျှင် သူက မပြောရင်တောင် ရှန်းချင်းယီကိုယ်တိုင်က လက်ထပ်ဖို့နဲ့ ကလေးယူဖို့ ပြောလာလိမ့်မည်ဟု ချန်အန်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်အပြည့်ရှိနေသည်။

ညဉ့်နက်ပိုင်းတွင် သူတို့နှစ်ဦး ရိုမန်းတစ်ဆန်နေခြင်းကို ရပ်တန့်ကာ "ကြက်သွေးရောင်မီးဂိုဏ်း" အကြောင်းကို ဆွေးနွေးဖြစ်ကြသည်။

ဆေးပင်လမ်းကြား၏ အခြေအနေနှင့် ဤဂိုဏ်းက နောက်ထပ် ဝါးရွက်ဂိုဏ်းတစ်ခု ဖြစ်လာမလားဆိုသည်ကို ချန်အန်က အေးအေးဆေးဆေး သုံးသပ်နေသည်။

ရှန်းချင်းယီမှာမူ ဒေါသထွက်နေပြီး ကြက်သွေးရောင်မီးဂိုဏ်းကို သတ်ပစ်ချင်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောလာသည်။ လွန်ခဲ့သည့် ရက်သတ္တပတ် နှစ်ပတ်အတွင်း ထိုဂိုဏ်းသားများက နေထိုင်သူများကို နှိပ်စက်နေသည်ကို သူမ တွေ့ခဲ့ရသောကြောင့် ဖြစ်သည်။ သူတို့သည် စားချင်တာကို အလကားယူကြသည်၊ ဆိုင်ရှင်များကို ငွေညှစ်ကြသည်၊ လှပသော အမျိုးသမီးကျင့်ကြံသူများကို မြင်လျှင်လည်း လိုက်လံနှောင့်ယှက်တတ်ကြသည်။

ချန်အန်က ရှန်းချင်းယီကို ဖက်ထားရင်း သူမ၏ ဒေါသကို အသာအယာ ချော့မော့ပေးရသည်။ မဟုတ်လျှင် သူမသည် မတရားမှုကို နှိမ်နင်းရန် အပြင်သို့ ထွက်သွားပြီး ဒုက္ခရောက်နိုင်သောကြောင့် ဖြစ်သည်။ ယခု "သစ်သားနီတောအုပ်" မှာ အရင်က "ဝါးရွက်တော" နှင့် မတူဘဲ ရွှေအမြူတေအဆင့်ပညာရှင်များ ရှိနေသဖြင့် ရှန်းချင်းယီ၏ အခြေခံတည်ဆောက်ခြင်းအဆင့် ၄ နှင့် သွားရောက် တိုက်ခိုက်ရန်မှာ မလွယ်ကူချေ။

အချိန်များ ကုန်လွန်သွားပြန်ရာ...

မျက်တောင်တစ်ခတ်အတွင်း နောက်ထပ် ရက်သတ္တပတ် နှစ်ပတ်ခန့် ကုန်ဆုံးသွားသည်။

ထိုအတောအတွင်း ချန်အန်သည် ကြိုးစားကျင့်ကြံခဲ့သဖြင့် အခြေခံတည်ဆောက်ခြင်းအဆင့် ၃ မှာ ပို၍ ခိုင်မာလာခဲ့သည်။

တစ်ချိန်တည်းမှာပင် သူသည် ရှန်းချင်းယီထံမှ ကျင့်စဉ်များကို နေ့တိုင်း သင်ယူခဲ့သည်။ သူသင်ယူခဲ့သမျှထဲတွင် အသုံးအဝင်ဆုံးမှာ "မိုးမြေကာကွယ်မှု"ဟု ခေါ်သော ကျင့်စဉ်ဖြစ်သည်။ ဤကျင့်စဉ်မှာ သံဓာတ်ဝိညာဉ်အမြစ် ရှိသူများသာ သင်ယူနိုင်ပြီး ယခင်ဘဝက "ရွှေခေါင်းလောင်းတံတိုင်း" သို့မဟုတ် "သံမဏိကိုယ်ထည်" ကျင့်စဉ်တို့ထက် ပို၍ အစွမ်းထက်သည်။

တစ်နေ့တွင် ချန်အန်သည် ထိုကျင့်စဉ်ကို စမ်းသပ်ရန် ရှန်းချင်းယီကို ခြံထဲတွင် အကူအညီတောင်းသည်။ သူသည် သမီးဖြစ်သူထံမှ ရရှိသော အတွေ့အကြုံများကြောင့် ဤကျင့်စဉ်ကို "ကျွမ်းကျင်" အဆင့်အထိ တတ်မြောက်နေပြီဖြစ်သည်။

"ဆေးဆရာချန်... ကျွန်မ စတိုက်တော့မယ်နော်"

"လာပါ ကျင့်ကြံသူရှန်း... အားမနာနဲ့၊ မင်းရဲ့ အစွမ်းကုန်နဲ့ တိုက်စမ်းပါ"

ရှန်းချင်းယီသည် အစပိုင်းတွင် ချန်အန် ထိခိုက်မည်စိုးသဖြင့် စွမ်းအား ၅၀ ရာခိုင်နှုန်းခန့်ဖြင့်သာ တိုက်ခိုက်သော်လည်း ချန်အန်မှာ ဘာမှမဖြစ်ချေ။ ၆၀ ရာခိုင်နှုန်း၊ ၈၀ ရာခိုင်နှုန်းမှသည် နောက်ဆုံးတွင် အစွမ်းကုန် ၁၀၀ ရာခိုင်နှုန်းဖြင့် တိုက်ခိုက်သော်လည်း ချန်အန်မှာ ဒဏ်ရာတစ်စက်ပင် မရဘဲ ကြံ့ကြံ့ခံနိုင်နေသည်။

ရှန်းချင်းယီမှာ အံ့အားသင့်သွားပြီး

"ရှင်က ဆေးဆရာတစ်ယောက်ပဲ၊ ဘာလို့ ခန္ဓာကိုယ်က ဒီလောက်တောင့်တင်းသန်မာနေရတာလဲ"

ဟု မေးသည်။

"ငါ့ခန္ဓာကိုယ်က သာမန်ပါပဲ၊ ငါ့ရဲ့ 'မိုးမြေကာကွယ်မှု' ကျင့်စဉ်က အစွမ်းထက်နေလို့ပါ"

ဟု ချန်အန်က ဖြေသည်။

"ဒါပေမဲ့ ရှင် ဒါကို သင်တာ မကြာသေးဘူးလေ"

"ဟုတ်တယ်... ဒါပေမဲ့ ငါက ဒါကို ဒုတိယအဆင့် ကျွမ်းကျင်မှုအထိ ရောက်အောင် လေ့ကျင့်ပြီးပြီလေ"

ရှန်းချင်းယီမှာ နားကြားမှားသည်ဟုပင် ထင်မှတ်သွားသည်။ သူမ သင်ပေးခဲ့သည်မှာ ဆယ်ရက်ပင် မပြည့်သေးဘဲ ဒုတိယအဆင့်သို့ ရောက်သည်ဆိုသည်မှာ မဖြစ်နိုင်သလောက်ပင်။ သူမကိုယ်တိုင်ပင် ထိုအဆင့်ရောက်ရန် အနှစ် ၂၀ ကျော် ကြိုးစားခဲ့ရခြင်း ဖြစ်သည်။

ချန်အန်က သူမ၏ အံ့အားသင့်နေသော မျက်နှာကို ကြည့်ကာ စနောက်လိုက်သည်။

"ကျင့်ကြံသူရှန်း... ငါ့ကိုကြည့်စမ်း၊ ငါက ဒီလောက် ပါရမီထူးတဲ့သူပဲ။ မင်း ငါ့ကို လက်ထပ်ပြီး ကိုယ်လုပ်တော် လုပ်မယ်ဆိုရင်လည်း ဘာမှ မရှုံးပါဘူး"

"ရှင်... လူရှုပ်"

ရှန်းချင်းယီက ရှားရှားပါးပါး ဆဲဆိုကာ ရှက်ရှက်နှင့် သူမ၏ အခန်းထဲသို့ ပြန်ဝင်သွားတော့သည်။ ချန်အန်ကမူ ခဏစဉ်းစားပြီး သူမ၏ နောက်သို့ လိုက်ဝင်သွားလေသည်။

...................................................

အခန်း (၁၁၈) - ဝမ်ကျိယန်၏ ရင်သွေး (၃)

မျက်တောင်တစ်ခတ်အတွင်း နေဝင်ရီတရော အချိန်သို့ ရောက်ရှိလာသည်။

[ဓားသိုင်းပညာ +၁၊ သံဓာတ်ဝိညာဉ်အမြစ်ပါရမီ +၁] x၆၉

ချန်အန်သည် ရှန်းချင်းယီ၏ အခန်းထဲမှ ထွက်လာစဉ် ထိုအသိပေးချက်ကို မြင်လိုက်ရသော်လည်း သူ၏စိတ်မှာ လှုပ်ရှားခြင်း မရှိတော့ချေ။ သူသည် ဤမြင်ကွင်းများကို မြင်ရလွန်းသဖြင့် အသားကျနေပြီ ဖြစ်သည်။ ယခုအခါ သူ၏စိတ်ကို လှုပ်ရှားစေနိုင်သည်မှာ ဇနီးသည်များနှင့် ပတ်သက်မှုအဆင့် ကြယ် ၅ ပွင့်သို့ တိုးတက်သွားခြင်း သို့မဟုတ် သမီးဖြစ်သူနှင့် ပတ်သက်မှုအဆင့် မြင့်တက်လာခြင်းတို့ကြောင့် ရရှိမည့် စနစ်၏ ဆုလာဘ်များသာ ဖြစ်သည်။

ညစာစားပြီးနောက်...

ဆောင်ဟွာယင်းသည် ချန်အန်ကို ရေချိုးခန်းသို့ အတင်းဆွဲခေါ်သွားကာ ရေအတူချိုးစေသည်။ ရေချိုးပြီးနောက် သူတို့နှစ်ဦးသည် ချစ်ခင်မှုကို ပိုမိုတိုးတက်စေရန် အခန်းထဲသို့ ဝင်ခဲ့ကြသည်။

အခန်းထဲ၌ ဆောင်ဟွာယင်းမှာ အလွန်မောပန်းနေသဖြင့် ချန်အန်၏ ရင်ခွင်ထဲ၌ မှီတွယ်ရင်း

"အမျိုးသား... မမဝမ်ရဲ့ ကလေးမွေးတော့မယ်။ ကလေးအတွက် နာမည်စဉ်းစားထားပြီးပြီလား" တီးတိုးသည့် အသံလေးဖြင့် မေးရှာသည်။

"နာမည်ပေးဖို့က မင်းရဲ့မမဝမ်ကိုပဲ လွှဲပေးထားတယ်။ မင်းသိချင်ရင် မနက်ဖြန်ကျမှ သူ့ကို မေးကြည့်လိုက်လေ"

ချန်အန်က မျက်လုံးမှိတ်လျက် ဖြေသည်။

ထိုစကားကို ကြားသောအခါ ဆောင်ဟွာယင်းမှာ ချက်ချင်းပင် မနာလိုဖြစ်သွားကာ နှုတ်ခမ်းလေးစူလျက်

"ယောက်ျားက ဘက်လိုက်တာပဲ။ မမဝမ်ကို ကျွန်မထက် ပိုချစ်တာ မဟုတ်လား"

ဟု ရန်တွေ့တော့သည်။

"ငါက မင်းတို့အားလုံးကို အညီအမျှ ဆက်ဆံတာပါ"

"မဟုတ်ပါဘူး"

"ဟုတ်ပါတယ်"

"ဒါဆိုရင် နောက်ပိုင်းကျရင် ကျွန်မရဲ့ ဒုတိယမြောက်ကလေးကိုလည်း ကျွန်မပဲ နာမည်ပေးမယ်နော်"

"ပြဿနာမရှိပါဘူး"

ချန်အန်က ချက်ချင်းပင် သဘောတူလိုက်သည်။ ကလေးနာမည်က ဘာပဲဖြစ်ဖြစ် သူ၏မျိုးရိုးအမည် ဖြစ်နေလျှင် ရပြီဟု သူတွေးထားသည်။

ဆောင်ဟွာယင်းမှာ ချန်အန် ဤမျှလွယ်လွယ်နှင့် သဘောတူလိမ့်မည်ဟု မထင်ထားသဖြင့် အံ့အားသင့်သွားသည်။ သူမသည် သတိပြန်ဝင်လာသည်နှင့် ချန်အန်ကို အတင်းတိုက်တွန်းတော့သည်။

"ယောက်ျား... ငြိမ်မနေနဲ့ဦး။ မြန်မြန်ထပြီး အလုပ်လုပ်တော့။ ကျွန်မ ရှင့်အတွက် နောက်ထပ်ကလေးတစ်ယောက် ထပ်ယူချင်သေးတယ်"

"ကောင်းပါပြီ... ကောင်းပါပြီ။ ကလေးတွေ အများကြီး ယူကြတာပေါ့"

ချန်အန်သည် မတတ်သာသည့်အဆုံး ပြုံးလျက် ပြန်ထလိုက်ရသည်။

စကားအရ ဘက်လိုက်သည်ဟု ထင်ရသော်လည်း အခန်းထဲရှိ အမျိုးသမီး လေးယောက်ထဲတွင် သူသည် ဇနီးသည် ဆောင်ဟွာယင်းကို အချစ်ဆုံး ဖြစ်သည်။ သူမ တောင်းဆိုသမျှကို သူသည် များသောအားဖြင့် ငြင်းပယ်လေ့မရှိဘဲ သဘောတူတတ်သည်။

အချိန်များ ကုန်လွန်သွားရာ နံနက်မိုးလင်းခဲ့ပြီ ဖြစ်သည်။

[အဂ္ဂိရတ်အတွေ့အကြုံ +၄] x၂၈

[မင်းရဲ့ဇနီး ဆောင်ဟွာယင်းကို နောက်ကလေးအတွက် နာမည်ပေးဖို့ ကတိပေးလိုက်တဲ့အတွက် သူမက အလွန်ဝမ်းသာသွားပါတယ်။ ဇနီးမောင်နှံ ချစ်ခင်မှု +၁+၃+၁+၄+၅+၂+၀...]

[အမည်: ဆောင်ဟွာယင်း]

[ကျင့်စဉ်အဆင့်: မရှိပါ]

[အရည်အချင်း: ရေတစ်စက်အကူအညီကို စမ်းရေတွင်းဖြင့် ပြန်ဆပ်သူ]

"ချစ်ခင်မှုအမှတ် ၂,၉၀၅ ပဲ ရှိသေးတာလား။ ကြယ် ၅ ပွင့်ဖြစ်ဖို့ လိုပါသေးတယ်"

ချန်အန်က တွေးမိသည်။ သူသည် အိပ်ပျော်နေသော ဇနီးသည်ကို စောင်သေချာခြုံပေးကာ အခန်းထဲမှ တိတ်တဆိတ် ထွက်လာခဲ့သည်။

သူသည် မျက်နှာသစ် သန့်စင်ပြီးနောက် မီးဖိုချောင်သို့ သွားခဲ့ရာ ထင်ထားသည့်အတိုင်း ဂူရှင်းယွဲ့သည် နံနက်စာ ပြင်ဆင်နေသည်ကို တွေ့ရသည်။ ချန်အန်က သူမကို နောက်မှနေ၍ သိုင်းဖက်ကာ မေးလိုက်သည်။

"ယုအာ... ဘာဆန်ပြုတ် ချက်နေတာလဲ"

"အမျိုးသား... ကျွန်မ ဝိညာဉ်ငါးဆန်ပြုတ် ချက်နေတာပါ။ ဝိညာဉ်ဂျင်ဆင်း၊ နဂါးရိုးမြက်နဲ့ ဖီးနစ်အမွေးရွက်တွေပါ ထည့်ထားတယ်။ ခန္ဓာကိုယ်အတွက် အရမ်းအားရှိစေမှာပါ"

ဂူရှင်းယွဲ့က ပြုံးလျက် ဖြေသည်။

ချန်အန်က သူမကို စနောက်လိုက်သည်။

"နေ့လယ်စာကလည်း အားရှိစေတယ်၊ ညစာကလည်း အားရှိစေတယ်၊ အခု နံနက်စာကလည်း အားရှိစေတယ်ဆိုတော့ မင်းက ငါ့ကို အင်အားတွေ လျှံထွက်နေစေချင်တာလား"

"မဟုတ်ပါဘူး... ကျွန်မတို့ဘဝက အခု ချမ်းသာလာပြီဆိုတော့ တစ်နပ်ချင်းစီကို အကောင်းဆုံး စားစေချင်ရုံပါ"

ဂူရှင်းယွဲ့က အပြစ်မရှိသလို ပြန်ဖြေသည်။ ချန်အန်က ရယ်မောလျက် သူမကို ပွေ့ချီလိုက်ကာ

"အားတွေ လျှံနေပြီဆိုတော့ အင်အားနည်းနည်း ထုတ်သုံးရမှာပေါ့"

ဟု ဆိုလိုက်လေသည်။

[ဝိညာဉ်အာရုံ စွမ်းအား +၄] x ၃၃

မကြာမီ အိမ်ရှိလူကုန် နိုးလာကြပြီး အားလုံး နံနက်စာ အတူစားကြသည်။ သမီးဖြစ်သူ ချန်ယုကျန်းက သူမကို အစာခွံ့ကျွေးရန် ပူဆာသော်လည်း ဆောင်ဟွာယင်းက

"ယုကျန်းလေး... မင်း အသက်ဘယ်လောက်ရှိပြီလဲ။ ဘာလို့ ဖေဖေ့ကို အစာခွံ့ခိုင်းနေတာလဲ၊ ကိုယ့်ဘာသာကိုယ် စားစမ်း"

ဟု ငေါက်လိုက်သည်။

ချန်အန်လည်း ဇနီးသည်၏ စကားကို နားထောင်ကာ သမီးကို အလိုမလိုက်တော့ဘဲ ငြိမ်နေလိုက်သည်။ ချန်ယုကျန်းမှာ သူမ၏ ဖခင်က မိခင်ကို ပိုချစ်မှန်း သိသွားသဖြင့် စိတ်ကောက်ကာ ကိုယ့်ဘာသာကိုယ် ဇွန်းဖြင့် ခပ်စားတော့သည်။

ထိုအချိန်တွင်ပင်..

ကြက်သွေးရောင်မီးဂိုဏ်း ခေါင်းဆောင်၏ အသံကြီးက ဆေးပင်လမ်းကြား တစ်ခုလုံးသို့ ပျံ့နှံ့လာခဲ့သည်။

"ဆေးပင်လမ်းကြားက နေထိုင်သူအားလုံး... တစ်လပြည့်သွားပြီ ဖြစ်တဲ့အတွက် ကာကွယ်ခတွေကို အဆင်သင့် ပြင်ထားကြပါ။ မကြာခင်မှာ ဂိုဏ်းရဲ့ တာဝန်ခံတွေက အိမ်တိုင်ရာရောက် လာသိမ်းပါလိမ့်မယ်"

............................................................

All Chapters