အတင်းအကျပ်ဖိအားပေးခံတာ
Vol. 105 Ch. 1047
ကိစ္စရပ်များမှာ ပြီးဆုံးရန်အလှမ်းဝေးနေဆဲပင်။
ကျန်းမေ့ထံမှ သတိပေးရန်ပင် မလိုအပ်ဘဲ ဤနေရာသို့လတ်တလောမှ ပြောင်းရွှေ့လာသော ကျောက်ညီအစ်ကိုပင်လျှင် အလျင်အမြန်လှုပ်ရှားလိုက်ကြပြီး ဘုန်းကြီးကျစ်ခုန်းကို အလယ်တွင် ဝန်းရံလိုက်ကြပေသည်။
သူတို့က လှုပ်ရှားမှုကိုပြုလုပ်ခဲ့ပြီးဖြစ်ရာ ဗောဓိဂိုဏ်း၏အာဟတ် တစ်ပါးကိုကျဆုံးစေခဲ့ပြီဖြစ်သဖြင့် နောက်တစ်ယောက်ကို မည်သို့မျှလွှတ်ပေးနိုင်မည် မဟုတ်ချေ။
သူ၏အသက်အန္တရာယ်ကို မထိခိုက်စေလျှင်ပင်မှ အနည်းဆုံးတော့ အင်ပါယာခုံရုံး၏လက်အောက်တွင် သူ့ကို ထိန်းသိမ်းထားရမည်ဖြစ်၏။
"..."
ဘုန်းကြီးကျစ်ခုန်းက တွေဝေမှုထဲမှ သတိလည်လာပြီး ထိုလူစုဆီသို့ ခေါင်းလှည့်ကြည့်လိုက်ပေသည်။
သူသည် တိတ်ဆိတ်သွားခဲ့၏။
ယခင်က မသေမျိုးမိတ်ဆွေရှန်းက သူ့ကို အခွင့်အရေးတစ်ခု ပေးခဲ့ပြီးဖြစ်၏။ ဆရာတော်ဟွေ့ကျန်းကိုယ်တိုင်က သူ၏အာဟတ်အသီးအပွင့်ကို ထုတ်ဖော်ပြသကာ သူ၏ဆုတ်လမ်းကို ကိုယ်တိုင် ဖြတ်တောက်ခဲ့ခြင်းပင်။
အသိဟောင်းတစ်ဦးအနေဖြင့် တစ်ဖက်လူက အလွန်တရာ ငဲ့ညှာပေးခဲ့ပြီးဖြစ်ရာ သူကိုယ်တိုင်က ပြဿနာများကို ထပ်မံဖန်တီးရန် မသင့်တော်တော့ချေ။
ထိုအတွေးနှင့်အတူ ဘုန်းကြီးကျစ်ခုန်းက ခေါင်းကိုငုံ့ကာ လက်အုပ်ချီလိုက်ပြီး မျက်လုံးများကို ဖြည်းညှင်းစွာမှိတ်ထားလိုက်ရာ သူတို့ သဘောကျ စီမံနိုင်ကြောင်း ပြသသည့် ကိုယ်ဟန်မျိုးကို ယူဆောင်ထားလိုက်ပေသည်။
"တောင်းပန်ပါတယ်"
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျန်းမေ့က ငွေရောင်ချိတ်ကို ထုတ်ယူလိုက်ပြီး ဘုန်းကြီးချုပ်နှောင်ရန် အသင့်ပြင်လိုက်ပေ၏။
သို့သော် သူမ ရှေ့သို့ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် တစ်ပြိုင်နက် သူမ၏လက်ကောက်ဝတ်ကို တစ်စုံတစ်ယောက်က ဆုပ်ကိုင်ထားလိုက်ချေ၏။
ကျန်းမေ့ နားလည်ရခက်စွာဖြင့် လှမ်းကြည့်လိုက်ပြီး ဘုန်းကြီးကျစ်ခုန်းကလည်း တွေဝေစွာဖြင့် မျက်လုံးများကို ဖွင့်ကြည့်လိုက်ပေသည်။
"သွားတော့၊ လမ်းမှာ ဂရုစိုက်သွားဦး"
ရှန်းယီက မလိုအပ်သောယဉ်ကျေးမှုများကို မပြုလုပ်ခဲ့သလို သူတို့နှစ်ဦးကြားရှိ ဆက်ဆံရေးကိုလည်း ထုတ်ဖော်မပြသခဲ့ဘဲနူးညံ့စွာ သတိပေးရုံသာ ပြုလုပ်ခဲ့၏။
ကျန်းမေ့ နှင့် အခြားသူများက အမည်ခံစစ်သူကြီး ရှန်းယီ အပေါ် မယုံကြည်သကဲ့သို့ပင် သူကိုယ်တိုင်ကလည်း ယခုလေးတင်မှ တွေ့ဆုံဖူးသော ဤလက်အောက်ငယ်သားများကို အပြည့်အဝ မယုံကြည်ခဲ့ပေ။
"ကျွန်တော်..."
ဘုန်းကြီးကျစ်ခုန်း ရုတ်တရက် တံတွေးကို မျိုချလိုက်ပြီး သူ၏အမူအရာမှာ ထိရှသွားခဲ့ပေ၏။
သူ၏ စီနီယာအစ်ကိုနှစ်ဦး သူ့ကို ချောင်းမြောင်းတိုက်ခိုက်ခဲ့သည့် ယခင်ဖြစ်ရပ်ကို ထည့်သွင်းရေတွက်မည်ဆိုလျှင် ဤသည်မှာ ဗောဓိဂိုဏ်းမှ မသေမျိုးမိတ်ဆွေရှန်း အပေါ် ဒုတိယအကြိမ်မြောက် လှုပ်ရှားမှုပြုလုပ်ခဲ့ခြင်းပင်။
အတိတ်က တိုတောင်းလှသော တွေ့ဆုံမှုလေးတစ်ခုသည် ယခုအခါ သူ၏အသက်ကို နှစ်ကြိမ်တိုင်တိုင် ကယ်တင်ပေးခဲ့လေပြီ။
ဘုန်းကြီးကျစ်ခုန်း အချိန်အတော်ကြာအောင် စဉ်းစားတွေးတောနေခဲ့ပြီး နောက်ဆုံးတွင် ခေါင်းခါပြကာ ပြောလိုက်၏။
"ဒီတစ်ခါက အရင်နဲ့ မတူဘူး။ ဆရာတော်ဟွေ့ကျန်း က ဂိုဏ်းထဲမှာ တော်တော်လေး အဆင့်အတန်းမြင့်တဲ့သူမို့လို့ သူ့ရဲ့သေဆုံးမှုကို ဂိုဏ်းက သေချာပေါက် အသေးစိတ် စုံစမ်းစစ်ဆေးလိမ့်မယ်။ ကျွန်တော် အသက်ရှင်နေသေးတယ်ဆိုတာကို သူတို့ သိသွားရင် သေချာပေါက်..."
ထိုသို့ပြောလိုက်သည်နှင့် နတ်ဆိုးသုတ်သင်သူ သုံးဦးပင်လျှင် တွေဝေသွားသော အမူအရာကို ပြသလိုက်ကြပေသည်။
ကြမ်းကြုတ်ပြတ်သားလှသော နန်ယန်စစ်သူကြီး က ဘုန်းကြီးကို လွှတ်ပေးရန် ယခုလေးတင် အမိန့်ပေးခဲ့ပြီး သူ့ကို ထွက်သွားခွင့်ပြုခဲ့ရာ သူတို့အနေဖြင့် ကန့်ကွက်ခွင့်ပင် မရလိုက်မီမှာပင် ဘုန်းကြီးကိုယ်တိုင်က ထွက်သွားရန် ငြင်းဆန်နေခဲ့ခြင်းပေ၏။
သူတို့ကို ပို၍ အံ့အားသင့်စေသောအရာမှာ ဘုန်းကြီးကျစ်ခုန်းမှ ရှင်းလင်းစွာ ပြောပြခဲ့သော်လည်း ရှန်းယီ၏မျက်နှာပေါ်တွင် အသေးငယ်ဆုံးသောပြောင်းလဲမှုမျှ မရှိခဲ့ဘဲ သူသည် ခေါင်းညိတ်ကာ ပြန်လည်ဖြေကြားလိုက်ခြင်းပင်။
"အဆင်ပြေပါတယ်။ ငါ ထိန်းချုပ်ထားနိုင်ပါတယ်"
ကျားနဂါးကျမ်းစာက နန်ယန်မှ ထွက်ခွာလာပြီးနောက် သူ၏အကြီးမားဆုံးသော ကပ်ဘေးတစ်ခုဖြစ်သည့် ခရမ်းရောင်မုတ်ဆိတ်နဂါးဖြူကို ဖယ်ရှားရာတွင် သူ့ကို ကူညီပေးခဲ့၏။
ထို့ပြင် ယခုအချိန်အထိ ရှန်းယီက ထိုလောကခရီးသည်ကျင့်ကြံသူ နှစ်ဦးကို သတ်ဖြတ်ခဲ့ခြင်းအတွက် မည်သည့် ပြဿနာကိုမျှ မကြုံတွေ့ရသေးရာ ၎င်းမှာ သူ့အတွက် လုံလောက်သော အကြောင်းပြချက်တစ်ခု ဖြစ်နေခဲ့ပေသည်။
"..."
ဘုန်းကြီးကျစ်ခုန်း ထိုနေရာတွင် တိတ်ဆိတ်စွာ ရပ်နေရင်း သူ့ရှေ့ရှိ လူငယ်လေးကို ပြန်လည်ကြည့်ရှုနေခဲ့၏။
ကြမ်းကြုတ်ပြီး ပြင်းထန်လှသော ထိုလုပ်ရပ်များ၏အောက်တွင် ကြင်နာတတ်သော နှလုံးသားတစ်ခု ရှိနေခဲ့သည်။
ဆရာတော်ဟွေ့ကျန်း နှင့် နှိုင်းယှဉ်ပါက ဗောဓိဂိုဏ်းသို့ တစ်ကြိမ်မျှခြေမချဖူးသော ဤလူငယ်လေးသည် အာဟတ်တစ်ပါးနှင့် ပို၍တူနေချေ၏။
ဘုန်းကြီးက သူ၏လက်ဖဝါးများကို ပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး ဘုရားကျောင်းတစ်ခုအတွင်းရှိ ရွှေရောင်ခန္ဓာတစ်ခုကို ကြည်ညိုစွာ ကိုးကွယ်နေသကဲ့သို့ ရှေ့ရှိ လူငယ်လေးဆီသို့ အလွန်နက်ရှိုင်းစွာ ဦးညွှတ်လိုက်ပေသည်။
ဦးညွှတ်ပြီးနောက် ဘုန်းကြီးကျစ်ခုန်း စကားထပ်မပြောတော့ဘဲ တောင်အောက်သို့ ဆင်းရန် လှည့်ထွက်သွားခဲ့ရာ သူ၏ပုံရိပ်မှာ ကြမ်းတမ်းပြီး ကျိုးပဲ့နေသောလမ်းများကြားတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ချေ၏။
ကျန်ရစ်ခဲ့သော ကျန်းမေ့ နှင့် အခြားသူများသည် အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြပြီး တုံ့ဆိုင်းစွာဖြင့် ပြောလိုက်ကြ၏။
"စစ်သူကြီး၊ ပြဿနာတစ်ခုခုဖြစ်လာရင် ကျွန်တော်တို့ကို ကြိုတင်အသိပေးနိုင်အောင် သူ့အပေါ်မှာ အမှတ်အသားတစ်ခုခုလုပ်ထားရမလား"
"..."
ရှန်းယီ သူမကို တစ်ချက်ကြည့်လိုက်ပြီး တိတ်ဆိတ်နေခဲ့၏။
ကျန်းမေ့ ကလည်း ချက်ချင်းပင် သဘောပေါက်သွားခဲ့၏။ အကယ်၍ သံသယတစ်ခုခုသာ အမှန်တကယ်ရှိနေခဲ့မည်ဆိုလျှင် စောစောက ပုဂ္ဂိုလ်ကြီး၏ကြမ်းကြုတ်ပြတ်သားသော ရပ်တည်ချက်အရ ဘုန်းကြီးမှာ တွေဝေခွင့်ပင် ရလိုက်မည်မဟုတ်ဘဲ သူ၏ခေါင်းသည်လည်း ထိုရေနဂါး နှင့်အတူ ပေါက်ကွဲသွားမည်သာဖြစ်ပေသည်။
ပို၍ မကောင်းသောဘက်သို့ တွေးကြည့်ရလျှင်။
ဘုန်းကြီးဟွေ့ကျန်း စောစောက ပစ်လွှတ်လိုက်သော ဗုဒ္ဓတံဆိပ် နှင့် ပတ်သက်၍ နန်ယန်စစ်သူကြီး ကိုယ်တိုင်ဘာမျှလုပ်ရန်ပင် မလိုအပ်ချေ။ သူ ရှောင်တိမ်းလိုက်ရုံဖြင့် ဝင်ရောက်စွက်ဖက်ခြင်းမပြုဘဲ ဤဒုက္ခပေးတတ်သော မိတ်ဆွေဟောင်းကို ရှင်းလင်းရန် အခွင့်အရေးကို ယူလိုက်နိုင်ပေသည်။
"ကျွန်မ နားလည်ပါပြီ"
ကျန်းမေ့က အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး လက်သီးဆုပ်ကာ အလွန်နက်ရှိုင်းစွာ ဦးညွှတ်လိုက်၏။
သူ၏ကြောက်မက်ဖွယ်ကောင်းသော ခွန်အားအပြင် အသစ်ခန့်အပ်ခံရသော အမည်ခံစစ်သူကြီး၏စိတ်နေသဘောထားကို သူမ ပိုမိုနက်ရှိုင်းစွာ နားလည်သွားခဲ့ချေသည်။
"ပြန်ကြစို့"
ရှန်းယီ တိုးညှင်းစွာ သတိပေးလိုက်ပေသည်။ နောက်ဆက်တွဲပြဿနာများနှင့် ပတ်သက်၍မူ အမည်ခံစစ်သူကြီး တစ်ဦးအနေဖြင့် ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းရန် မလိုအပ်သည်မှာ သေချာလှပေ၏။
သူ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အနီးဆုံးမြို့နယ်အစိုးရရုံးဆီသို့ ဦးတည်သွားခဲ့ချေသည်။
ထို့ပြင် ဤခရီးစဉ်မှ ရရှိခဲ့သော အကျိုးအမြတ်များကိုလည်း တွက်ချက်နေခဲ့ပေ၏။
[ပဉ္စမအဆင့် တိမ်တိုက်နွားလားကို သတ်ဖြတ်ခဲ့သည်။ စုစုပေါင်းသက်တမ်း ကပ်ဘေး ကို၉၃ ခု၊ လက်ကျန်သက်တမ်း ကပ်ဘေး ၆၂ ခု၊ စုပ်ယူပြီး။
[ဆဋ္ဌမအဆင့် ပန်းရောင်အတောင်ပံရေနဂါးကို သတ်ဖြတ်ခဲ့သည်။ စုစုပေါင်းသက်တမ်း ကပ်ဘေး ၂၈ ခု၊ လက်ကျန်သက်တမ်း ကပ်ဘေး ၉ ခု၊ စုပ်ယူပြီး။
ရှန်းယီက ဘိဟိုင်တွင် အခြား ပဉ္စမအဆင့် ထိုက်ယင်နတ်ဆိုးမသေမျိုး တစ်ပါးဖြစ်သော အမွေးဖြူရွှေကြိုးကြာကို သတ်ဖြတ်ခဲ့ဖူးရာ ၎င်း၏စုစုပေါင်းအသက်တမ်းမှာ ကပ်ဘေး၅၀ကျော်မျှသာ ရှိခဲ့ပေသည်။
နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ဗောဓိဂိုဏ်းမှ ပေါက်ဖွားလာသော ဤတိမ်တိုက်နွားလားက စုစုပေါင်းအသက်တမ်း၏နှစ်ဆနီးပါး ရှိနေခဲ့ရာ ၎င်းသည် သက်တမ်းရှည်စေသော ရတနာများစွာကို စားသုံးထားခဲ့ကြောင်း ထင်ရှားလှပေ၏။
တစ်ကောင်က နတ်ဆိုး ဟု ခေါ်ဆိုခံရပြီး အခြားတစ်ကောင်က အာဟတ် အဖြစ် ကိုးကွယ်ခံရသည်မှာ အံ့ဩစရာမရှိတော့ချေ။ ကြီးမားသော ကျောထောက်နောက်ခံရှိနေခြင်းက အမှန်တကယ်ပင် ကွာခြားမှုများကိုဖြစ်ပေါ်စေခဲ့၏။
ဤအဓိက သတ္တဝါကြီးနှစ်ကောင်အပြင် တောင်ပေါ်တွင်နှလုံးသားမီးတောက်ကြောင့် သေဆုံးသွားခဲ့သော နတ်ဆိုးစစ်သည်များနှင့် နတ်ဆိုးစစ်သူကြီးများကလည်း ရှန်းယီထံသို့ အသက်တမ်း နှစ်ဆယ်နီးပါးကို ထပ်မံ ပေးအပ်ခဲ့ကြ၏။
[လက်ကျန် နတ်ဆိုးသက်တမ်း - ကပ်ဘေး ကို၉၈ ခု]
တစ်ကြိမ်တည်း ရှင်းလင်းမှုမှ နတ်ဆိုးအသက်တမ်း ကပ်ဘေး ၁၀၀နီးပါး ရရှိခဲ့သော်လည်း တာအိုအသီးအပွင့်အဆင့် မှတစ်ဆင့် စတုတ္ထအဆင့် သို့ ရောက်ရှိရန် လိုအပ်သောကြီးမားလှသည့် အရေအတွက်များနှင့် နှိုင်းယှဉ်ပါက ၎င်းသည် လုံလောက်မှု မရှိသေးချေ။
သို့တိုင်အောင် ဤခရီးစဉ်က ရှန်းယီ၏အမြင်ကျယ်မှုကို တိုးပွားစေခဲ့ပေ၏။
နတ်ဘုရားမင်းဆက်မှ အုပ်ချုပ်သော နယ်မြေများတွင် နတ်ဆိုးများမှာ အမှန်တကယ် ရှားပါးလှသော်လည်း အပြင်ဘက်တွင်မူ ဤကဲ့သို့ ရင့်ကျက်သော နတ်ဆိုးဘုရင်များများစွာ ရှိနေပေမည်။
ဤကျယ်ဝန်းလှသော လောကကြီးတွင် သူတို့ ဘယ်နေရာ၌ ပုန်းအောင်းနေကြသည်ကို မသိရခြင်းသာ ဖြစ်ပေသည်။
သို့သော် နတ်ဆိုးများက အခြားသူများ၏မျက်စိနှင့်နားများကို ရှောင်လွှဲနိုင်လျှင်ပင် သူတို့၏ခေါင်းပေါ်ရှိ ကောင်းကင်ကန့်လန့်ကာထံမှမူ ပုန်းအောင်းရန် မဖြစ်နိုင်ပေ။
ချင်းဟွာက ယခုအခါ စတုတ္ထအဆင့် မသေမျိုးစစ်သူကြီး၏လက်အောက်တွင် အလုပ်လုပ်နေပြီဖြစ်ရာမည်သို့ပင်ဖြစ်စေ သတင်းများနှင့် နည်းလမ်းများရှိနေမည်မှာ သေချာလှပေ၏။
အကယ်၍ အချိန်ရမည်ဆိုလျှင် ရှန်းယီက ဤလမ်းကြောင်းကို စူးစမ်းလေ့လာကောင်း လေ့လာနိုင်ပေသည်။
သို့သော် အပြင်မထွက်မီတွင် သူ၎င်းကို သေချာစွာစဉ်းစားသုံးသပ်ရန်လည်း လိုအပ်ပေ၏။