← Chapters

သူတို့တံခါးလာခေါက်ရင် ဖြေရှင်းပေးဖို့ငါရှိတယ်

Vol. 105 Ch. 1049

သူတို့တံခါးလာခေါက်ရင် ဖြေရှင်းပေးဖို့ငါရှိတယ်

Vol. 105 Ch. 1049

"ဟင့်အင်း"

ဒီအတင်းအကျပ်ခိုင်းစေခံရတာတွေက ဘယ်ကနေများရောက်လာတာလဲ။ ဘာလို့ ဒီကောင်လေး အပြင်ထွက်သွားတာနဲ့ အရာရာကိုအတင်းအကျပ် လုပ်ခိုင်းခံနေရသလို ဖြစ်နေရတာလဲ။

သူ့ကို သတ်ဖြတ်ဖို့ အတင်းအကျပ်တွန်းအားပေးနေတဲ့အရူးတွေက ဒီလောကကြီးထဲမှာ ဒီလောက်တောင်များပြားနေတာလား။

"ဟူး"

စစ်သူကြီးဝူရှန်းက သူ၏နဖူးကို ရုတ်တရက် ရိုက်လိုက်၏။ ယခင်က ဤလူငယ်နှစ်ဦးက သူ့ကို သူတို့၏ဘဝတစ်သက်တာတွင် မည်သည့်အခါမျှ မဆက်သွယ်ရန် သူ ဆန္ဒရှိခဲ့သော်လည်း ယခုအခါ သူတို့ဘာသာ သူတို့ကိုင်တွယ်ဖြေရှင်းကြသောအခါ သူ၏ခေါင်းတစ်ခုလုံး ကွဲထွက်မတတ် ကိုက်ခဲလာသကဲ့သို့ ခံစားလိုက်ရပေသည်။

သူက သူ၏မြန်ဆန်နေသော အသက်ရှူသံများကို ငြိမ်သက်သွားစေပြီးနောက် နောက်တစ်ကြိမ် မော့ကြည့်လိုက်သောအခါ သူ၏မျက်လုံးများထဲတွင် အေးစက်မှုတစ်ခု တလက်လက်တောက်လောင်နေပြီး သူ၏ပုံမှန် ပါးနပ်လည်ဝယ်သော အသွင်အပြင်မှာ လုံးဝ ကင်းမဲ့နေခဲ့ချေ၏။

"အသက်ရှင်ကျန်ရစ်သူ မရှိဘူးမလား"

ကျန်းမေ့က လည်ချောင်းဟန့်လိုက်၏။

"တစ်ယောက်ရှိပါတယ်။ ဘုန်းကြီးဟွေ့ကျန်းရဲ့တပည့်တူလေးပါ"

"ဒါက ဘယ်လိုသောက်ခွက်ပြောင်မှုမျိုးလဲ။ ဒီလိုကိစ္စမျိုးတွေလုပ်တဲ့အခါမှာ တစ်ယောက်ယောက်ကိုဘယ်လိုများ လွတ်မြောက်သွားခွင့်ပြုနိုင်ရတာလဲ"

ဝူရှန်းက မျက်လုံးများကိုကျဉ်းလိုက်ပြီး အံများကို ကြိတ်ကာ သူတို့အပေါ် လုံးဝစိတ်ပျက်နေပုံရပေသည်။

သူတို့ကို အပြစ်တင်ရန်အချိန်မရှိတော့ဘဲ သူက ရုတ်တရက်ရှေ့သို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွားလိုက်၏။

"သူတို့ ဘယ်ဘက်ကို ထွက်ပြေးသွားကြတာလဲ"

အမြဲတမ်း တိတ်ဆိတ်နေလေ့ရှိသော ကျောက် ညီအစ်ကိုက သူ့ကို တားဆီးရန်အလျင်အမြန် ရှေ့သို့ တိုးလာခဲ့ကြပေသည်။

"သူတို့ ထွက်ပြေးသွားတာမဟုတ်ပါဘူး... နန်ယန်စစ်သူကြီး က သူတို့ကိုသွားခွင့်ပြုလိုက်တာပါ"

"..."

စစ်သူကြီးဝူရှန်းက လုံးဝအံ့အားသင့်စွန့်အသွားပြီး ရှန်းယီ ထွက်ခွာသွားသောလမ်းကြောင်းဆီသို့ ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်၏။

အချိန်အတော်ကြာတိတ်ဆိတ်သွားပြီးနောက် သူက သူတို့၏လက်များကို ပြင်းထန်စွာခါချလိုက်ပြီးသူ၏တစ်ကိုယ်လုံးမှာ ဒေါသကြောင့်တဆတ်ဆတ် ခါနေကာ ကျန်းမေ့ကို စူးရဲစွာ ကြည့်လိုက်သည်။

"ဒါက စီရင်စုသုံးခုကို သူအုပ်ချုပ်တဲ့ နည်းလမ်းလား။သူက ငယ်သေးတယ်၊ နတ်ဆိုးသုတ်သင်ရေးဌာနကို အခုလေးတင်မှ ဝင်လာတာ။ ဒါပေမယ့် မင်းကကော၊ မင်းကလည်း ငယ်ပြီး နတ်ဆိုးသုတ်သင်ရေးဌာနကို အခုလေးတင်မှ ဝင်လာတာပဲလား၊ မင်းမှာ ဦးနှောက်မရှိဘူးလား"

"ကျွန်မ"

ကျန်းမေ့က စစ်သူကြီးဝူရှန်းဤမျှ ဒေါသထွက်နေသည်ကို ယခင်က တစ်ကြိမ်မျှမမြင်ဖူးခဲ့ချေ။ အဆက်မပြတ် မေးခွန်းထုတ်မှုများအောက်တွင် သူမက တစ်ခဏမျှခေါင်းငုံ့ထားပြီး စကားမပြောရဲခဲ့ပေ။

ဝူရှန်းက အမျိုးသမီး၏နှာခေါင်းဆီသို့ လက်ညိုးထိုးကာ သူမကိုနောက်တစ်ကြိမ် ဆူပူကြိမ်းမောင်းရန် ပြင်ဆင်လိုက်၏။

သို့သော် သူ စကားမပြောနိုင်မီမှာပင် သူခေါင်းကို ရုတ်တရက် လှည့်ကြည့်လိုက်၏။

သစ်ပင်များ၏အရိပ်အောက်တွင် အနက်ရောင်ဝတ်ရုံနှင့်လူငယ်လေးတစ်ဦးက သူ၏လက်များကို အောက်သို့ချကာရပ်နေပြီး သူ၏ဖြူဖျော့သော မျက်နှာအမူအရာမှာ တည်ငြိမ်နေ၏။

သူသည် ထိုလူစုကိုပေါ့ပေါ့ပါးပါး တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏အကြည့်ကို ရုပ်သိမ်းကာ ခံစားချက်ကင်းမဲ့စွာဖြင့် ပြောလိုက်ချေသည်။

"လွှဲပြောင်းတဲ့ကိစ္စပြီးသွားပြီဆိုတော့ မင်းတို့စောစောသွားနားသင့်ပြီ။ မင်းတို့အားလုံး တော်တော် ပင်ပန်းနေကြပြီပဲ"

"ဟုတ်ကဲ့ပါ အရှင်၊ ကျေးဇူးတင်ပါတယ်"

သူမ၏အထက်လူကြီးက သူ၏လူများကို ရှင်းလင်းစွာ ကာကွယ်ပေးနေကြောင်း ကျန်းမေ့ မြင်တွေ့နိုင်ပြီး သိမ်မွေ့သောစိတ်လှုပ်ရှားမှုတစ်ခုက သူမကို လှုပ်ခတ်သွားစေ၏။

သူမသည် ကျေးဇူးတင်စွာဖြင့် ဦးညွှတ်လိုက်ပြီးနောက် ထိတ်လန့်နေသော ကျောက်ညီအစ်ကိုကို ခြံဝင်းထဲမှအလျင်အမြန်ဦးဆောင်ခေါ်ထုတ်သွားခဲ့ပေသည်။

"ဟက်..မှန်တာပေါ့။ မင်းလူတွေဆိုတော့ ငါက ဝင်ပြောရအောင်ဘယ်သူမို့လို့လဲ"

စစ်သူကြီးဝူရှန်းက လက်သီးကိုဆုပ်လိုက်ပြီး နောက်ဆုံးတွင်သရော်သကဲ့သို့ ရယ်မောသံတစ်ခုကိုထုတ်လွှတ်လိုက်ကာ သူ၏လက်ကို လျင်မြန်စွာ ယမ်းပြလိုက်ချေ၏။

"နန်ယန်စစ်သူကြီးက ကိစ္စတွေကို ဒီလောက်ကောင်းကောင်းစီမံခန့်ခွဲနိုင်မှတော့ နောက်တစ်ခါငါ့ကို လာအကြောင်းကြားပြီး အလုပ်ရှုပ်မနေနဲ့တော့။ ငါက ကြားဖို့တောင် မထိုက်တန်ပါဘူး"

ဤကဲ့သို့သော ကိစ္စရပ်များအတွက် အကြီးအကဲယန်ကိုသာ ဖြည်းဖြည်းချင်း ခေါင်းကိုက်ခံရှင်းခိုင်းလိုက်တော့မည်။ နန်ယန်၏လုပ်ရပ်များအကြောင်းကြားသိပြီးနောက် တောင်ပိုင်းကာကွယ်ရေးစစ်သူကြီး အနေဖြင့် ပြီးခဲ့သည့်အကြိမ်ကကဲ့သို့ တစ်ဖက်လူကို ကာကွယ်ပေးနိုင်သေးသလားဆိုသည်ကို သူ မြင်တွေ့ချင်ပေသည်။

"ငါ စစ်သူကြီးဝူရှန်း သွားလိုက်ပါဦးမယ်"

ထိုသို့ပြောပြီးနောက် ဝူရှန်းက ခြံဝင်းထဲမှခြေလှမ်းကျဲကျဲဖြင့် ထွက်ခွာသွားခဲ့သည်။

"..."

ရှန်းယီ သူ၏စီနီယာ ထွက်ခွာသွားသည်ကို တိတ်ဆိတ်စွာ ကြည့်နေခဲ့ပြီး အချိန်အတော်ကြာပြီးနောက်ခေါင်းကို အသာအယာခါယမ်းလိုက်ချေ၏။

နှုတ်အားဖြင့် သဘောထားကွဲလွဲကောင်း ကွဲလွဲနိုင်သော်လည်း သူ၏စိတ်ခံစားချက်များကို မျက်နှာပေါ်တွင်ပေါ်လွင်အောင်ပြသတတ်သော ဤကဲ့သို့သောလုပ်ဖော်ကိုင်ဖက်မျိုးက အနည်းဆုံးတော့ နောက်ကွယ်မှညစ်ပတ်သော လှည့်ကွက်များကို ကစားတတ်သူများထက် ပို၍ဆက်ဆံရလွယ်ကူချေသည်။

တစ်ဖက်လူတွင် အမှန်တကယ်အပြစ်မရှိခဲ့ပေ။ တစ်ခုတည်းသောအမှားမှာ စစ်သူကြီးယန်က စီရင်စုကိုးခုကို အဘယ်ကြောင့်လွှဲပြောင်းရယူခဲ့သနည်းဆိုသည်ကို သူ နားမလည်သေးခြင်းသာ ဖြစ်ကောင်းဖြစ်ချေမည်။

နတ်ဆိုးများကိုသတ်ဖြတ်ခြင်းမှလွဲ၍ ရှန်းယီ ဤရှုပ်ထွေးနေသောကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ရန် စိတ်ဝင်စားမှုမရှိခဲ့ချေ။ သူကလည်း လှည့်ကာ သူ၏အခန်းထဲသို့ ပြန်ဝင်သွားပြီး သူ၏ခရီးစဉ်မှ ရရှိခဲ့သော အကျိုးအမြတ်များကို စတင် ချေဖျက်နေခဲ့၏။

"သူလုပ်ခဲ့တဲ့ ကောင်းတဲ့အရာတွေကို ကြည့်လိုက်ပါဦး"

ထို့အပြင်မြို့နယ်အစိုးရရုံး မှ ထွက်ခွာလာပြီးနောက် စစ်သူကြီးဝူရှန်းက ကျောက်စိမ်းပြားကို ပေါ့ပေါ့ပါးပါးထုတ်ယူလိုက်ပြီး လူအိုကြီးယန်ထံသို့ ဆက်သွယ်ပြီးနောက် ယခုလေးတင်ဖြစ်ပျက်ခဲ့သမျှကို အဆက်မပြတ်ပြောပြလိုက်သည်။

ပြစ်တင်ကြိမ်းမောင်းမှုတစ်ခု သို့မဟုတ် အနည်းဆုံးတော့ သက်ပြင်းချသံတစ်ခုကို သူ မျှော်လင့်ထားခဲ့၏။

ဝူရှန်း မျှော်လင့်မထားခဲ့သောအရာမှာ လူအိုကြီး၏ အသံက အံ့ဩဖွယ်ကောင်းလောက်အောင် တည်ငြိမ်နေခြင်းပင်။

"အဲဒါက ကောင်းတဲ့လုပ်ရပ်တစ်ခုမှန်း မင်းသိနေရင်ဒီမှာ ဘာလို့အချိန်ဖြုန်းနေတာလဲ"

"သူက ရာထူးအသစ်တိုးထားတာဆိုတော့ ဒီလို အသေးအဖွဲ ကိစ္စတွေနဲ့ သိပ်မရင်းနှီးသေးဘူး။မင်းက အနောက်တောင်စီရင်စု မှာ ရှိနေတာဆိုတော့ ကျန်နေတဲ့ အပိုင်းအစလေးတွေကို သူနဲ့ကူပြီး ရှင်းလင်းပေးလိုက်ပါ။လုပ်ထုံးလုပ်နည်းတွေမှာ ဘယ်အရာကိုမှ ဖြတ်လမ်းမလိုက်နဲ့"

"ဟင်"

ဝူရှန်းက သူ၏နားများကိုပင် မယုံကြည်နိုင်ဘဲ ဒေါသတကြီး ပြောလိုက်၏။

"အကြီးအကဲ၊ အဲဒါက ဗောဓိဂိုဏ်းရဲ့အာဟတ် တစ်ပါးနော်။ အဲဒါကို တစ်လောကလုံး သိအောင် ကြေညာပေးရမှာလား"

"အဲဒီတော့ ဘာဖြစ်လဲ"

အကြီးအကဲယန်၏အသံက ကျောက်စိမ်းပြား ထဲမှ လွင့်ပျံလာခဲ့ပေသည်။

"သူတို့ တံခါးလာခေါက်တဲ့အခါဖြေရှင်းပေးဖို့ ငါရှိနေတာပဲ၊ မင်းက ဘာကို ကြောက်နေတာလဲ"

"ကျွန်တော်..."

ဝူရှန်း၏မျက်လုံးများပြူးကျယ်သွားပြီး ထိုနေရာတွင် ဆွံ့အကာရပ်နေခဲ့ချေ၏။

All Chapters