ကျားနဂါးအာဟတ်၊ မင်းရဲ့ ကျားနဂါးက ဘယ်မှာလဲ ၂
Vol. 105 Ch. 1046
ထိုအခိုက်အတန့်တွင် သူ၏ရိုးရှင်းသော သင်္ကန်းက လင်းထိန်သွားပြီး သူ၏တစ်ကိုယ်လုံးသည် မျက်စိကျိန်းမတတ် တောက်ပသော ရွှေရောင်အဖြစ်သို့ ပြောင်းလဲသွားချေ၏။
ရွှေရောင်အလင်းတန်းများက တောင်တန်းများနှင့် မြစ်များကိုရောင်ပြန်ဟပ်ကာ မှောင်မိုက်နေသော ညဉ့်ယံကို ဆည်းဆာအချိန်နှင့်တူသော အသွင်အပြင်သို့ ပြောင်းလဲသွားစေသည်။
ဤခမ်းနားလှသော အသွင်ပြောင်းမှုကြားတွင်၊
သူ၏ ကြမ်းတမ်းသော လက်များသည် တုတ်ကို ရုတ်တရက် တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး ဆွဲထုတ်ရန် ပြင်ဆင်လိုက်၏။
ပတ်ဝန်းကျင်ရှိ ဧရိယာက ရုတ်တရက် တိတ်ဆိတ်သွားခဲ့ပေသည်။
ကျန်ရှိနေသော လူသုံးဦးမှာ အာဟတ်တစ်ပါး၏ နတ်ဘုရားစွမ်းအားကြောင့် အံ့အားသင့်နေဆဲပင်။
အထူးသဖြင့် ဤအာဟတ်က အဆင့်သုံးဆယ့်တစ်ရှိ ကျားနဂါးအသီးအပွင့်ကို ရရှိထားသောကြောင့်ပင်။
နောက်တစ်ခဏတွင် သူတို့အားလုံး နေရာတွင် အေးခဲသွားကြပေသည်။
အဘယ်ကြောင့်ဆိုသော် သံတုတ်က တစ်လက်မမျှပင် မရွေ့လျားဘဲ ရှန်းယီ၏လက်ဖဝါးပေါ်တွင် တိတ်ဆိတ်စွာ တည်ရှိနေသောကြောင့်ပင်။
သူ၏အနက်ရောင်ဝတ်ရုံ လွင့်ခါနေမှုကြားတွင် ပိုမိုစူးရှသော ရွှေရောင်အလင်းတန်းတစ်ခု ပြန့်ထွက်လာခဲ့၏။ သူ၏ခန္ဓာကိုယ် ပြောင်းလဲမှုများအပြင် ရွှေရောင်သွေးများစီးဆင်းလာပြီး သူ၏အနောက်တွင်ကြီးမားမြင့်မားလှသော နဂါးနှင့် ကျား ပုံရိပ်ယောင်များအဖြစ် ပြောင်းလဲသွားကာ ရှေးခေတ်အစဦးမှမွေးဖွားလာသော ရှေးဟောင်းသားရဲများကို သူ၏ သွယ်လျသော ခန္ဓာကိုယ်နှင့် ချည်နှောင်ထားသကဲ့သို့ပင်။
"ဂါး"
နဂါး၏မြည်ဟီးသံနှင့် ကျား၏ဟိန်းဟောက်သံတို့က မိုးကြိုးသံများကဲ့သို့ ပေါက်ကွဲထွက်လာပြီး ကောင်းကင်ကန့်လန့်ကာကို တုန်ခါသွားစေပေသည်။
"မင်းရဲ့ ကျားနဂါးက ဘယ်မှာလဲ"
ရှန်းယီ ရှေ့သို့တည်ငြိမ်စွာ ကြည့်လိုက်ရာ သူ၏ လက်ထဲရှိတုတ်က ရုတ်တရက် ရူးသွပ်စွာ တုန်ခါလာပြီး အကြောများဖောင်းကြွနေသော ဘုန်းကြီးဟွေ့ကျန်း၏လက်များနှင့်အတူ တုန်ခါသွား၏။
"ဟ"
ဘုန်းကြီးဟွေ့ကျန်း၏မျက်နှာက တင်းမာနေပြီး သွားများကိုစေ့ထားကာ သိပ်သည်းသော ရွှေရောင်အလင်းတန်းများကြားတွင်ပင် သူ၏ မျက်လုံးများထဲရှိ အံ့အားသင့်မှုကို ဖုံးကွယ်မထားနိုင်ချေ။
ဤလူငယ်လေး၏စကားများ၏အဓိပ္ပါယ်ကို သူ နားမလည်နိုင်ခဲ့ဘဲ သူ၏ပြိုင်ဘက်ထံမှ ရင်းနှီးကျွမ်းဝင်သော်လည်း ထူးဆန်းပြီး နားလည်ရခက်သော အပြောင်းအလဲတစ်ခုကိုသာ ခံစားနေရ၏။
သေချာသည်မှာ သူ နားလည်သည်ဖြစ်စေ နားမလည်သည်ဖြစ်စေ ၎င်းက သံတုတ်ကို ဟွေ့ကျန်း ၏ ထိန်းချုပ်မှုအောက်မှ တဖြည်းဖြည်း လွတ်ထွက်သွားခြင်းကို မတားဆီးနိုင်ခဲ့ပေ။
ဗောဓိဂိုဏ်း၏အာဟတ် တစ်ပါးအနေဖြင့် ဤကဲ့သို့သော ခွန်အားဖိနှိပ်ခံရမှုကို သူ ပထမဆုံးအကြိမ် ခံစားဖူးခြင်းဖြစ်ပြီး တောင်များကို ပြိုကျစေကာ ပင်လယ်များကို ဖုံးလွှမ်းနိုင်သော သူ၏လက်ဖဝါးများကယခုအခါ လက်ထဲရှိ အရာဝတ္ထုကို မဆုပ်ကိုင်နိုင်တော့ချေ။
သူ၏လက်ဖဝါးများ ဗလာဖြစ်သွားချိန်မှသာလျှင် ဟွေ့ကျန်းက အလိုအလျောက် ခပ်တိုးတိုး ဟိန်းဟောက်လိုက်ပေသည်။
"ဂါး"
သူက ဒေါသတကြီးဖြင့်ပြိုင်ဘက်ဆီသို့ လက်သီးဖြင့် ထိုးလိုက်သော်လည်း သူ့ကို နှစ်ပေါင်းများစွာ အဖော်ပြုလာခဲ့သော တုတ်ကကောင်းကင်ယံကို ဖြတ်သန်းသွားပြီး မိုးကြိုးကြာပွတ်အဖြစ်ပြောင်းလဲသွားကဲ့သို့ သူ၏ပခုံးကို ပြင်းထန်စွာ ရိုက်ခတ်သွားချေ၏။
"ခွပ်"
အာဟတ်ရွှေရောင်ခန္ဓာပေါ်တွင် သေးငယ်သော အက်ကြောင်းများ ပေါ်လာပြီး ထိုကြီးမားလှသော အင်အားအောက်တွင် ဟွေ့ကျန်း သည် ရှေ့သို့ လိမ့်ထွက်သွား၏။
သူ ခေါင်းငုံ့လိုက်သည်နှင့် တစ်ပြိုင်နက် တုတ်က အောက်ဘက်မှနေ၍ ရက်စက်စွာ တက်လာပြီး သူ၏မေးရိုးကို တည့်တည့်ထုချလိုက်ပေသည်။
"ဖူး.."
ရွှေရောင်ခန္ဓာ၏ကြမ်းကြုတ်မှုမှာ သာမန်ကျင့်ကြံသူများနှင့် နှိုင်းယှဉ်ပါက သာလွန်ပေလိမ့်မည်။
သို့သော် နှစ်ဦးစလုံး အာဟတ်များဖြစ်နေပါက နှိုင်းယှဉ်ရမည့်အရာမှာ သူတို့၏ခွန်အားအတိမ်အနက်သာဖြစ်တော့သည်။
ရိုက်ချက်နှစ်ချက်တည်းဖြင့် သူ၏အကာအကွယ်များကို ဖောက်ထွင်းသွားခဲ့ရာ ရလဒ်မှာ ရှင်းလင်းလှပေသည်။
"..."
ဘုန်းကြီးကျစ်ခုန်း၏မျက်လုံးများမှာ ပြူးကျယ်သွားပြီး သူ၏ဆရာက နောက်သို့ လိမ့်ကျကာ သူ၏နောက်တွင် လဲကျသွားသည်ကို ကြည့်နေခဲ့၏။
သူ၏မျက်နှာပေါ်တွင် ထုံကျင်မှုတစ်ခုကို ခံစားလိုက်ရပြီး သူ၏စိတ်ထဲတွင် ပြင်းထန်စွာလှုပ်ခတ်ခံလိုက်ရပေသည်။
မသေမျိုးမိတ်ဆွေရှန်းပြသနေသော အသီးအပွင့်၏စွမ်းအားက ပြီးခဲ့သည့်အကြိမ်က သူတို့ ရရှိခဲ့သော နဂါးကျားကျမ်းစာမှလာဖွယ်ရှိကြောင်း သူ ခန့်မှန်းနိုင်သော်လည်း ၎င်းက အဘယ်ကြောင့် ဤမျှ နားလည်ရခက်သော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်သွားသည်ကိုမူ သူ နားမလည်နိုင်ခဲ့ချေ။
သို့သော် ၎င်းက အနည်းငယ်တော့မြန်လွန်းနေ၏။
ဤမျှတိုတောင်းသော အချိန်အတွင်း တစ်ဖက်လူက အသီးအပွင့်အဆင့်ကို အောင်မြင်စွာ ရရှိခဲ့ရုံသာမက ဆရာတော်ဟွေ့ကျန်းကိုပင် အနိုင်ယူနိုင်ခဲ့ပေသည်။
ဘုန်းကြီးကျစ်ခုန်း တွေဝေနေစဉ်အတွင်းဝယ်..
ရှန်းယီ နောက်တစ်ကြိမ် လက်ဆန့်ထုတ်လိုက်ရာ သူ၏လက်က ဘုန်းကြီးကျစ်ခုန်း၏ပခုံးပေါ်သို့ ကျရောက်သွားပြီး သူ့ကိုကိုက်တစ်ရာကျော် အကွာအဝေးသို့ တိုက်ရိုက်ပို့လွှတ်လိုက်၏။ ကျစ်ခုန်း၏နောက်ကွယ်တွင် ဗုဒ္ဓတံဆိပ်ကိုသယ်ဆောင်လာသောရွှေရောင်လက်တစ်စုံက မိုးကြိုးသံများဖြင့် ထွက်ပေါ်လာချေသည်။
ကျားနဂါးတောင်ဖြိုတံဆိပ်တော်..
ဟွေ့ကျန်း၏သွေးများဖြင့် စွန်းထင်းနေသော မျက်နှာက ကြမ်းကြုတ်နေပြီးရွှေရောင်အလင်းကာကွယ်မှုရှိနေသော်လည်း အာဟတ်တစ်ပါး၏ အမူအရာကို အနည်းငယ်မျှပင်ရှိတော့ပေ။
သူသည် ရှန်းယီကို ချောင်းမြောင်းတိုက်ခိုက်ရန် ရည်ရွယ်ချက်ဖြင့် ကျစ်ခုန်း၏ခန္ဓာကိုယ်ကို ဒိုင်းအဖြစ် အသုံးပြုကာ သူ့ဂျူနီယာ၏ကျောကို ထိုးဖောက်ရန် ကြိုးစားခဲ့ခြင်းပင်။
ရှန်းယီ လိုက်လျောညီထွေစွာ တုံ့ပြန်ခဲ့သော်လည်း ကျစ်ခုန်းကို အရင် ကယ်တင်ရန်ရွေးချယ်လိုက်သည်ကို မြင်တွေ့လိုက်ရသောအခါ သူက လှောင်ပြုံးပြုံးလိုက်ပေသည်။
"ဘယ်လောက်တောင် သနားညှာတာတတ်လိုက်သလဲ"
ဗုဒ္ဓတံဆိပ်တော်နှစ်ခုအတွင်းတွင် နဂါးနှင့် ကျား၏ အသံများ ပဲ့တင်ထပ်နေခဲ့၏။
သူ၏အသီးအပွင့်အဆင့်က ကပ်ဘေးသုံးရာ၏စွမ်းအားကိုသာဆုံးစုစည်းထားနိုင်ပြီး ဧကရာဇ်ချီ၏ဖိနှိပ်မှုအောက်တွင် သူ၏ခွန်အား သုံးလေးဆယ်ရာခိုင်နှုန်းကိုပင် ထုတ်ဖော်နိုင်ခြင်းက ကောင်းမွန်နေပြီဖြစ်သော်လည်း ထိုအခိုက်အတန့်တွင် သူ၏အရှိန်အဟုန်က သူ့ရှေ့ရှိ လူငယ်လေးကို ယာယီ ဖုံးကွယ်သွားသကဲ့သို့ ဖြစ်နေပေသည်။
"ဘယ်လောက်တောင် ယုတ်မာလိုက်တဲ့သူလဲ"
သတ္တမအဆင့် ကျင့်ကြံသူများဖြစ်သော ကျောက် ညီအစ်ကိုပင်လျှင် ဟွေ့ကျန်း၏ရည်ရွယ်ချက်များကို မြင်နိုင်ပြီး ရွံရှာဖွယ်ကောင်းလောက်အောင် ကျယ်လောင်စွာ မကျိန်ဆဲဘဲမနေနိုင်အောင် ဖြစ်သွားခဲ့ကြ၏။
ထိုအချိန်တွင် ရှန်းယီအတွက် ရှောင်တိမ်းရန် နောက်ကျသွားပြီဖြစ်ကြောင်း ရှင်းလင်းလှပေသည်။
ဗုဒ္ဓတံဆိပ်တော်နှစ်ခုက သူ၏ပခုံးများပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားချေ၏။
ဘုန်းကြီးဟွေ့ကျန်းက သူ၏လက်ဖဝါးထဲရှိ အစိုင်အခဲကို စတင်ခံစားမိလိုက်ချိန်တွင် သူ၏ မျက်နှာပေါ်၌ ဝမ်းမြောက်မှုအရိပ်အယောင်များ မပေါ်လာမီမှာပင် လူငယ်လေးက သူ၏မျက်စိရှေ့တွင် ပျောက်ကွယ်သွားသည်ကို မျက်လုံးပြူးကာ မြင်တွေ့လိုက်ရပေသည်။
ဗုဒ္ဓတံဆိပ်တော်ကျရောက်လာပြီး မိုးကြိုးသံများကဲ့သို့ ဟိန်းဟောက်သံများကြားတွင် တောင်တန်းတစ်ခုလုံးကို ကြေမွသွားစေကာ ကောင်းကင်ပြိုကျပြီးမြေကြီးများအက်ကွဲသွားချိန်တွင် အနက်ရောင်ဝတ်ရုံနှင့်ပုံရိပ်က လက်များကို အောက်သို့ချကာ ရပ်နေပြီး ဟွေ့ကျန်း၏နောက်တွင် ပေါ်လာခဲ့သည်။
ရှန်းယီ သူ၏ခြေများဖြင့်ပြင်းထန်စွာ ဖိနင်းလိုက်ရာ ရွှေရောင်အလင်းတန်းများလျင်မြန်စွာ စီးဆင်းနေသော မြစ်တစ်စင်းကဲ့သို့ ခြေအောက်တွင် ဆူပွက်လာခဲ့၏။ အက်ကွဲကြေမွသွားသော တောင်ပေါ်တွင် ရပ်နေသည့် နဂါးနှင့်ကျားတို့၏ပုံရိပ်ယောင်များနှင့် အထက်ရှိ မိုးပြာရောင်ကောင်းကင်တို့နှင့်အတူ နားကန်းမတတ်ဟိန်းဟောက်သံများကို ထုတ်လွှတ်လိုက်ကြပေသည်။
ထိန်းချုပ်မှုမဲ့နေသော ရွှေရောင်မြစ်က ဟွေ့ကျန်း ၏ခါးအောက်ပိုင်းကို ဝင်တိုက်သွားပြီး အရိုးများ ကျိုးကြေသွားသည့်အသံများကြားတွင် သူ၏ခန္ဓာကိုယ်က ကျိုးပဲ့လွယ်သောသစ်ဆွေးတစ်ပင်ကဲ့သို့ ထက်ပိုင်းကျိုးသွားချေ၏။
သန့်ရှင်းပြီးစုတ်ပြဲနေသော သူ၏သင်္ကန်းများနှင့် သူ၏ပြောင်လက်နေသောခေါင်းများမှ အမွေးများ ထွက်လာပြီးကြီးမားသော ဦးချိုနှစ်ခု ထွက်ပေါ်လာကာ ကြမ်းကြုတ်သော နွားလားကဲ့သို့ ခေါင်းတစ်ခုအဖြစ်သို့ လျင်မြန်စွာပြောင်းလဲသွားသည်။
ဗောဓိဂိုဏ်းမှ ဤကျားနဂါးအာဟတ်က နတ်ဆိုးမျိုးနွယ် မှ ဖြစ်နေခဲ့ပေသည်။
"..."
ရှန်းယီ၏မျက်လုံးများ အနည်းငယ် ကျဉ်းသွားပြီး သူ၏ညာဘက်ခြေထောက်ကို ယမ်းလိုက်ရာ အသက်တစ်ရှူစာ အချိန်အတွင်းမှာပင် ကြီးမားသောဦးချိုနှစ်ခုကို လွယ်ကူစွာ ချိုးဖဲ့လိုက်၏။
သူက သွေးမြူခိုးများကြားမှ ရှေ့သို့ လျှောက်သွားပြီး နွားနတ်ဆိုး၏နက်ရှိုင်းသော ငိုကြွေးသံများကြားတွင် သူ၏လက်သီးကို ဖြည်းညှင်းစွာ ဆုပ်လိုက်၏။
တောင်များကို ခွဲဖြာနိုင်သော အရှိန်အဟုန်ကို သယ်ဆောင်လာသည့် သူ၏လက်သီးက ပြိုင်ဘက်၏ နောက်စေ့ဆီသို့ ရက်စက်စွာ ထိုးနှက်လိုက်ပြီး ကပ်ဘေး၁၆၀ကျော်ရှိသော ကြောက်မက်ဖွယ်ကျင့်ကြံခြင်းကို ထုတ်လွှတ်လိုက်ပေသည်။
"ရပ်လိုက်စမ်း"
ဟွေ့ကျန်းက ပြင်းထန်သောနာကျင်မှုကြောင့် အနည်းငယ်မိန်းမောနေခဲ့၏။
ယနေ့ဖြစ်ရပ်များက ထူးဆန်းမှုများစွာကို သယ်ဆောင်လာခဲ့သည်။ ဥပမာအားဖြင့် အစိုးရအရာရှိတစ်ဦးက အာဟတ်အသီးအပွင့်အဆင့် ကို မည်သို့ ပိုင်ဆိုင်နိုင်သနည်းဆိုသည်နှင့် အခြားတစ်ဖက်လူ စောစောက သူ၏ဗုဒ္ဓတံဆိပ်တော်ကို ရှောင်ရှားရန်အသုံးပြုခဲ့သော နည်းလမ်းမှာ မသေမျိုးသုံးပါးဂိုဏ်း၏ထိုက်ရွှီတာအိုအသီးအပွင့်နည်းလမ်းနှင့် အလွန်တူနေခဲ့၏။
သို့သော် ထိုအခိုက်အတန့်တွင် စဉ်းစားတွေးတောရန် အချိန်မရှိတော့ချေ။
သူ၏နောက်ကွယ်မှ လာနေသော ကြောက်မက်ဖွယ် အရှိန်အဝါကို ခံစားလိုက်ရသဖြင့် သူက ခေါင်းကို အလျင်အမြန်နောက်သို့ လှည့်ကြည့်လိုက်ရာ သူ၏ ဘဝတွင် ကျောချမ်းစရာအကောင်းဆုံး မြင်ကွင်းကို မြင်တွေ့လိုက်ရသည်။
"ဘုန်း.."
ရွှေရောင်အလင်းတန်းများ လွှမ်းခြုံထားသော ညဉ့်ယံတွင် အာဟတ်တစ်ပါး၏ခေါင်းက ထိုအတိုင်းပင် ပေါက်ကွဲထွက်သွားခဲ့ချေ၏။
သွေးများပန်းထွက်လာပြီး လူငယ်လေး၏ခြေအောက်ရှိ ရွှံ့စေးမြေကို ဆိုးရည်ချယ်လိုက်သည်နှင့် တစ်ပြိုင်နက် ဘုန်းကြီးဟွေ့ကျန်း၏အမွေးပွပြီးကျိုးပဲ့နေသော ခန္ဓာကိုယ်က ဘုန်းခနဲမြည်သံနှင့်အတူ မြေပြင်ပေါ်သို့ ပြိုကျသွားပေသည်။
ဘေးမှ ကြည့်နေသူများက အေးစိမ့်ကာတုန်ရီလျက် တိတ်ဆိတ်စွာကြည့်နေကြပြီး ဤအခိုက်အတန့်တွင်မှ သတိပြန်လည်လာကြပေသည်။
ဘုန်းကြီးကျစ်ခုန်းက သူ့ဆရာ၏အလောင်းကို တွေဝေစွာစိုက်ကြည့်နေပြီး သူ၏ခံစားချက်များကို ဖော်ပြ၍မရနိုင်အောင် ဖြစ်နေခဲ့၏။
သူတို့၏ခံယူချက်များ ကွဲပြားနေသော်လည်း တစ်ဖက်လူက သူ၏အကြီးအကဲဖြစ်ပြီး ဗောဓိသတ္တမှ သူ့ကို အတွေ့အကြုံများသင်ယူရန် အပြင်သို့ ခေါ်ဆောင်သွားစေရန် ရည်ရွယ်ခဲ့သူလည်း ဖြစ်သည်။
သို့သော်...
သို့သော် ဆရာတော်ဟွေ့ကျန်း သူ့ကို အမှန်တကယ်ပင် သတ်ဖြတ်လိုခဲ့ပေသည်။
ဆန့်ကျင်ဘက်အားဖြင့် သူနှင့် အပြန်အလှန် ဆက်သွယ်မှု အနည်းငယ်သာရှိခဲ့သော မသေမျိုးမိတ်ဆွေရှန်းကသာ ဗုဒ္ဓတံဆိပ်တော်မှ တိုက်ရိုက်ခံယူရမည့်အန္တရာယ်ကို စွန့်စားကာ သူ့ကို ကယ်တင်ရန် ရွေးချယ်ခဲ့၏။
၎င်းက ငယ်စဉ်ကတည်းက ဂိုဏ်းအတွင်း၌ကြီးပြင်းလာခဲ့သော ကျစ်ခုန်းကို တစ်ခဏမျှ လက်မခံနိုင်အောင် ဖြစ်သွားစေခဲ့ပေသည်။
သေချာသည်မှာ ၎င်းနှင့် နှိုင်းယှဉ်ပါက သူ့ကို ပို၍ အံ့အားသင့်စေသောအရာမှာ... မသေမျိုးမိတ်ဆွေရှန်းက ဆရာတော်ဟွေ့ကျန်းကို ဤမျှပေါ့ပေါ့ပါးပါး သတ်ဖြတ်လိုက်ခြင်းပင်။
ခွန်အားဖြစ်စေ သို့မဟုတ် ဗောဓိဂိုဏ်းကို လုံးဝ ဂရုမစိုက်ခြင်းဖြစ်စေ ဤအရာများထဲမှ မည်သည့်အရာမျှ သူ မူလကထင်မှတ်ထားသကဲ့သို့ သာမန် လေလွင့်ကျင့်ကြံသူ တစ်ဦး၏စွမ်းဆောင်နိုင်မှုများအတွင်း၌ မရှိချေ။
ကျန်းမေ့ နှင့် အခြားနှစ်ဦးအတွက်မူ သူတို့မှာ လုံးဝ စကားမပြောနိုင်အောင် ဖြစ်နေကြလေ၏။
ဘုန်းကြီးဟွေ့ကျန်း စတင်လှုပ်ရှားသည့် အချိန်မှစ၍ သူသေဆုံးသွားသည်အထိ ဖြစ်ရပ်တစ်ခုလုံးသည် အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းသည့် အချိန်ထက်ပင် ပိုမကြာခဲ့ပေ။
ဤလူက အမည်ခံစစ်သူကြီး တစ်ဦးဖြစ်လာခြင်းမှာ အသက်အရွယ် သို့မဟုတ် ပါရမီနှင့် မည်သို့မျှ မသက်ဆိုင်ဘဲ အစစ်အမှန်ခိုင်မာသော စွမ်းအားကြောင့်သာဖြစ်ပေသည်။
သူတို့က မူလက သူက စကားပြောရာတွင် အသာစီးရလိုရုံသာဖြစ်မည်ဟု ထင်မှတ်ထားခဲ့ကြ၏။
သို့သော် ယခုကြည့်ရသည်မှာ သူ့ရှေ့တွင် ကျားနဂါးအာဟတ် တစ်ပါးက အမှန်တကယ်ပင် မည်သည့် မျက်နှာရစရာမှမရှိကြောင်း ထင်ရှားလှပေသည်။
"ဒါ... ဒီအတိုင်း အသတ်ခံလိုက်ရတာလား"
ကျန်းမေ့ သူမ၏အံ့အားသင့်မှုများကြားတွင် ရှေ့ရှိ ရှန်းယီကို အပြင်းအထန် စိုက်ကြည့်နေမိ၏။
၎င်းမှာ ဘုန်းကြီးဟွေ့ကျန်း အပေါ် သနားစိတ်ကြောင့် မဟုတ်ပေ။
နတ်ဆိုးသုတ်သင်ရေးဌာနတွင် နှစ်ပေါင်းများစွာ အလုပ်လုပ်လာခဲ့သော်လည်း အာဟတ်တစ်ပါး ကျဆုံးသွားသည်ကို ဤသည်မှာ သူမ ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရခြင်းပင်။
ထို့ပြင် ဤမျှပေါ့ပေါ့ပါးပါး ကျဆုံးသွားခြင်းဖြစ်ပေ၏။
"ဝူး.."
ရှန်းယီက အဝေးရှိ ရေနဂါးအိုတစ်ကောင်၏ခေါင်းကို ရှည်လျားသောတုတ်ကို ပေါ့ပေါ့ပါးပါး ပစ်လွှတ်လိုက်ပြီး ထိုးဖောက်လိုက်၏။ ထို့နောက်တွင် နတ်ဆိုးခန္ဓာနှစ်ခုကို လက်စွပ်ထဲသို့ သိမ်းဆည်းလိုက်ပေသည်။
ဤမျှော်လင့်မထားသော အကျိုးအမြတ်မျိုးကို သူကိုယ်တိုင်ပင်ထင်မထားခဲ့ပေ။
နတ်ဆိုးသက်တမ်းများကို ရေတွက်ရန် အချိန်မရှိတော့ချေ။
ရှန်းယီက ပခုံးကိုကျော်ကာ နောက်သို့ လှည့်ကြည့်လိုက်ရာ သူ၏အနက်ရောင်ဝတ်ရုံအောက်တွင် ဖုံးကွယ်ထားသော လက်မောင်းနှစ်ဖက်မှာ ယခုအချိန်အထိ အနည်းငယ် တုန်ရီနေဆဲပင်။
ထိုက်ရွှီတာအိုအသီးအပွင့်၊ အထူးသဖြင့် အပြည့်အဝမသိပ်သည်းရသေးသော အရာတစ်ခုက ပြိုင်ဘက်ကင်းနေသောတည်ရှိမှုတစ်ခု မဟုတ်ပေ။
ယခုလေးတင် သူက ထိုဗုဒ္ဓတံဆိပ်တော် နှင့် အနည်းငယ်ထိမိရုံမျှဖြင့် သူ၏ရွှေရောင်ခန္ဓာ ပျက်စီးလုနီးပါးဖြစ်သွားခဲ့ရ၏။
၎င်းသည် အနှစ်သာရအဆင့် မဟာကျမ်းစာ နှင့် ထိုက်တန်သော နည်းစနစ်တစ်ခု ဖြစ်ပေသည်။
အမှန်တကယ်တော့ ယနေ့ အနိုင်ရရှိခြင်းမှာ နဂါးကျားအသီးအပွင့် နှင့် ထိုက်ရွှီတာအိုအသီးအပွင့်တို့ကို အားကိုးခြင်းထက်ပိုမိုကြီးမားသော အားထားရာမှာ အမှန်တကယ်တွင် သူ၏ကိုယ်ပိုင်တံဆိပ်နှင့် ပျံ့နှံ့နေသော ဧကရာဇ်ချီအပေါ်တွင်သာ ဖြစ်ပေသည်။
ကံကောင်းထောက်မစွာဖြင့် ဤနည်းစနစ်က ယခုအခါ သူ၏ကိုယ်ပိုင်ဖြစ်လာခဲ့ပြီဖြစ်၏။