← Chapters

အခန်း (၁၀၀၉-၁၀၁၀)

Vol. 101 Ch. 1009-1010

အခန်း (၁၀၀၉-၁၀၁၀)

Vol. 101 Ch. 1009-1010

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၀၉)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

တုပိုင်ကို မြင်လိုက်ရသည်နှင့် လီဝမ်ဝမ်၏ ခန္ဓာကိုယ်တစ်ခုလုံး အသက်ပြန်ဝင်လာသကဲ့သို့ ဖြစ်သွားရလေ၏။

ထိုအချိန်၌ သူမရင်တွင်း၌ ဖြစ်ပေါ်လာသည့် ခံစားချက်တို့အား မည်သည့်စကားလုံးဖြင့်မျှ ဖော်ပြနိုင်စွမ်း ရှိမည်မဟုတ်ချေ။ ယခုအချိန်၌ သူမ သေသွားရလျှင်ပင် ကျေနပ်နေမည်သာ။

ကံကြမ္မာမိစ္ဆာသခင် ကျောက်ယန်ဖိန်မှာတော့ မယုံကြည်နိုင်စွာဖြင့် တုပိုင်အား အချိန်အတော်ကြာအောင် စိုက်ကြည့်နေမိ၏။ ထို့နောက် သူက စကားစလိုက်သည်။

"မင်းက… အခုထိ ငါ့ကို ရင်ဆိုင်ချင်နေသေးတာ သေချာလို့လား…"

တုပိုင်က တည်ငြိမ်စွာ ဆိုသည်။ "ကျုပ်တို့ရဲ့ သဘောတူညီချက်အရ ဒီတိုက်ပွဲကို ကျုပ်နိုင်တာနဲ့ ခင်ဗျားက လီဝမ်ဝမ် ၊ အိန်ဂျယ် ၊ အန်ဂျလာနဲ့ ဘုရင်မ မိုဟန်တို့ လေးယောက်ကို ကျုပ်ဆီ လွှဲပေးရမယ်လေ…။ မိုဟန်သေသွားပြီဆိုတော့ ကျန်တဲ့သုံးယောက်ကို ပေးရမယ်…။ ခင်ဗျား ကတိတည်မှာလား…"

ကျောက်ယန်ဖိန်က ခနဲ့တဲ့တဲ့ ပြုံးကာ ဆိုလာ၏။ "မဖြစ်နိုင်ဘူး..."

တုပိုင်က ထပ်မံမေးခွန်းထုတ်လိုက်၏။ "တမန်တော်ရှုံးသွားပြီး စစ်တပ်ငါးသောင်းလုံး ပျက်စီးသွားပြီဆိုတဲ့ သတင်းကြားတာနဲ့ ခင်ဗျား ဘာဆက်လုပ်မလဲ…။ ကျုပ်ကို လာမရှင်းခင် တစ်နှစ် ဒါမှမဟုတ် နှစ်ဝက်လောက် အချိန်ပေးထားမလို့လား…"

ကျောက်ယန်ဖိန်က ခေါင်းခါ၏။ "မဖြစ်နိုင်ဘူး။ ဖန်းချန်လို သောက်ရူးပဲ လုပ်တဲ့ အကွက်တွေကို ငါကလုပ်စရာလား...။ ငါ့ခွေးတစ်ကောင်ကိုတောင် မင်းက နိုင်သွားပြီဆိုမှတော့ မင်းကိုရှင်းဖို့ ငါကိုယ်တိုင် အစွမ်းကုန် ကြိုးစားရမှာပေါ့…"

တုပိုင်က ပြုံးလျက် တုံ့ပြန်လိုက်၏။ "ဒါဆိုလည်း ရှင်းနေတာပဲလေ…။ ခင်ဗျား လာတိုက်တာကို ထိုင်စောင့်နေမယ့်အစား အဆုံးအဖြတ်တိုက်ပွဲ ဆင်နွှဲဖို့ ကျုပ်က အရင်ဖိတ်ခေါ်လိုက်တာ ပိုကောင်းတယ်…။ အနည်းဆုံးတော့ ဂုဏ်သိက္ခာရှိရှိ တိုက်ပွဲဝင်ရာကျတာပေါ့…"

ကံကြမ္မာမိစ္ဆာသခင်က တုပိုင်အား ခေတ္တမျှ စိုက်ကြည့်နေပြီးနောက် မေးသည်။ "တမန်တော်က ဘယ်အဆင့်လဲ မင်းသိလား…"

တုပိုင်က ဖြေလိုက်သည်။ "မိစ္ဆာနယ်စားတစ်ပိုင်းအဆင့်လေ…"

"ဒါဆို… ငါ့အဆင့်ကရော ဘယ်လောက်လဲ မင်းသိလား…"

"မိစ္ဆာနယ်စားကြီးအဆင့်…"

ကျောက်ယန်ဖိန်က ဆက်မေးလိုက်၏။ "ငါ့လက်အောက်မှာ မိစ္ဆာနယ်စား ဘယ်နှစ်ယောက်ရှိလဲရော မင်းသိလား…"

"အဲဒါတော့ ကျုပ်တကယ်မသိဘူး…"

"ကိုးယောက်…။ ငါ့လက်အောက်မှာ မိစ္ဆာနယ်စား ကိုးယောက်ရှိတယ်…။ သူတို့ တစ်ယောက်စီတိုင်းက တမန်တော်ထက် ပိုအစွမ်းထက်တယ်…။ ဒါ့အပြင် မိစ္ဆာနယ်စားတစ်ပိုင်းအဆင့် ၁၃ ယောက်လည်း ရှိသေးတယ်…။ သူတို့ကလည်း တမန်တော်နည်းတူ အစွမ်းထက်ကြတယ်…"

မိစ္ဆာတမန်တော် မည်မျှအစွမ်းထက်ကြောင်း ယခုလေးတင် ကြုံတွေ့ခဲ့ရသည့် တိုက်ပွဲမှတစ်ဆင့် တုပိုင် အပြည့်အဝ သိရှိထားပြီး ဖြစ်လေ၏။ သူ၏ အစွမ်းမှာ နတ်ဘုရားတစ်ပါးအလားပင်။

တာ့နင်အင်ပါယာရှိ မိစ္ဆာမြို့စားတစ်ယောက်၏ အစွမ်းသည် နိဗ္ဗာန်အဆင့်၏ အထွတ်အထိပ်၌ ရှိ၏။ လက်ရှိ တုပိုင်မှာ ဆဋ္ဌမအဆင့် သိုင်းသူတော်စင်တစ်ဦးသာ ဖြစ်သည်။ ထိုတမန်တော်မှာ မိစ္ဆာမြို့စားထက် အဆပေါင်းများစွာ ပိုမိုအစွမ်းထက်လှသော်ငြား မိစ္ဆာနယ်စားတစ်ပိုင်းအဆင့်သာ ရှိနေသေး၏။

ကျောက်ယန်ဖိန်က ဆက်ပြောလာ၏။ "တမန်တော်ရဲ့ စစ်တပ်ငါးသောင်းရဲ့ အစွမ်းကို မင်းမြင်တယ်မလား"

တုပိုင် သေချာပေါက် သိ၏။ အိပ်မက်ဆိုးအင်ပါယာမှ စစ်သည်သုံးသိန်းနှင့် သူ၏ လက်အောက်ရှိ စစ်သည်ငါးသောင်းတို့အား ပေါင်းလိုက်လျှင်ပင် တမန်တော်၏ စစ်တပ်အား အပြတ်အသတ် မချေမှုန်းနိုင်ခဲ့ချေ။ ထို့အပြင် ဤသည်မှာ တုပိုင်ထံ၌ ရှိသမျှ စစ်ရေးအင်အား အားလုံးပင် ဖြစ်သည်။ တပ်သားသစ်ဟူ၍ ရှိလာမည် မဟုတ်ပေ။

ကျောက်ယန်ဖိန်က ထပ်မေးလာ၏။ "အဲဒီလို စစ်တပ်မျိုး ငါ့ဆီမှာ ဘယ်လောက်တောင် ရှိနေလဲဆိုတာကိုရော… မင်းသိလား…"

တုပိုင်က ခန့်မှန်းလိုက်၏။ "တစ်သန်းလား…"

"မဟုတ်ဘူး…။ အတိအကျပြောရရင် ၁.၉ သန်းတိတိပဲ…"

တုပိုင် အသက်ရှုမှားသွားရသည်။ မိစ္ဆာစစ်တပ် ငါးသောင်းအား ချေမှုန်းရန်ပင် တုပိုင်တို့ အစွမ်းကုန် ကြိုးစားခဲ့ရသည်။ သို့သော် ကျောက်ယန်ဖိန်ထံ၌ မိစ္ဆာစစ်သည် ၁.၉ သန်းပင် ရှိနေလေ၏။ ထို့ကြောင့် ယခု တုပိုင်၏ အင်အားမှာ ကံကြမ္မာမိစ္ဆာသခင်နှင့် ယှဉ်လိုက်ပါက ဆင်နှင့် ပုရွက်ဆိတ်ကဲ့သို့ပင်။

ကျောက်ယန်ဖိန်က ပြုံးလျက် မေးလိုက်၏။ "ဒီလောက် အင်အားကွာနေတာတောင် မင်းက ငါ့ကို အဆုံးအဖြတ်တိုက်ပွဲ ခေါ်ရဲသေးတယ်ပေါ့လေ…။ အဲဒါလည်း အခုချက်ချင်းဆိုပါလား…"

တုပိုင်က ပြတ်သားစွာ ဆိုလိုက်၏။ "ဟုတ်တယ်…။ အခုချက်ချင်းပဲ…"

ကျောက်ယန်ဖိန်က သဘောတကျ ပြုံးလိုက်၏။ "စိတ်ဝင်စားစရာပဲ…။ တကယ်ကို စိတ်ဝင်စားစရာပဲ…။ တုပိုင်… မင်းအပေါ်ထားတဲ့ ငါ့ရဲ့ စိတ်ဝင်စားမှုတွေ ပျောက်နေခဲ့တာ…။ ဒါပေမဲ့ ရုတ်တရက်ကြီး မင်းက ငါ့ကို ပြန်ပြီး စိတ်လှုပ်ရှားလာအောင် လုပ်နိုင်လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး…။ ငါ့ဘဝကြီး ချက်ချင်းပဲ ပျော်စရာတွေ ပြည့်နှက်သွားသလို ခံစားလိုက်ရတယ်…။ အခုတော့ မင်းက တော်တော် စိတ်ဝင်စားဖို့ကောင်းတဲ့ကောင်ပဲလို့ ငါထင်လာပြီ…"

တုပိုင်ကတော့ ခြောက်ကပ်ကပ်သာ ရယ်မောလိုက်ရသည်။ "ဟား… ဟား…"

ကျောက်ယန်ဖိန်က ဆက်လက်ဿ ဆိုသည်။ "မင်းရဲ့ မိန်းမ လီဝမ်ဝမ်ကို ငါက စော်ကားတော့မလို့ပဲ…။ အစကတော့ သူ့ကို သေတဲ့အထိ ဖျက်ဆီးပစ်ဖို့ ငါစီစဉ်ထားတာ…။ ဒါပေမဲ့ အခု မင်းက အရမ်း စိတ်ဝင်စားဖို့ ကောင်းလာပြီဆိုတော့… သူ့ကို သေလုမျောပါး ဒုက္ခိတဖြစ်သွားအောင် အရင်လုပ်မယ်…။ ပြီးမှ မင်းဆီ ပြန်ပေးမယ်…။ ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့က အချစ်စစ်တွေပဲလေ…။ သူ့ကို ငါ ဖျက်ဆီးပစ်လိုက်လို့ ဒုက္ခိတဖြစ်သွားရင်တောင် မင်းဂရုစိုက်မှာ မဟုတ်ပါဘူး…။ ဟုတ်တယ်မလား…"

ထိုစကားကြောင့် တုပိုင်၏ မျက်နှာမှာ ရှုံ့မဲ့သွားရသည်။

ကျောက်ယန်ဖိန်က ရမ္မက်ပြင်းပြစွာ ဆိုလာ၏။ "အင်း... မင်းသာ ဘေးကနေ ကြည့်နေမယ်ဆိုရင် ပိုကောင်းဦးမာ...။ မရတော့ဘူး ပြောရင်းနဲ့ စိတ်ကြွလာပြီ... ဟီးဟီး..."

ထို့နောက် သူက လီဝမ်ဝမ်ထံသို့ တစ်ဖန် ပြန်လျှောက်သွားကာ ရယ်မောလျက် စကားဆိုလိုက်၏။

"အလှလေး လီဝမ်ဝမ်…။ ငါ မင်းကို ဖျက်ဆီးပစ်နေတာကို မင်းရဲ့ ယောင်္ကျားက ဘေးကနေ ထိုင်ကြည့်နေလိမ့်မယ်…။ ဒါက မင်းကို အရှက်တကွဲဖြစ်စေပြီးတော့ အပြစ်ရှိသလို ခံစားရစေမှာပဲ…။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ မင်းဆီမှာ ရှင်းပြလို့မရတဲ့ စိတ်ကျေနပ်မှုတွေ ပြည့်နှက်လာလိမ့်မယ်…။ ဟုတ်တယ်မလား… ဖုံးကွယ်ထားချင်မနေပါနဲ့…။ လူတိုင်းက သာမန် ယောက်ျား ၊ မိန်းမတွေချည်းပဲလေ…။ ဒီလိုမျိုး တားမြစ်ထားတဲ့ လှုံ့ဆော်မှုမျိုးက မရှိမဖြစ် လိုအပ်သေးတယ်ကွ…"

ကျောက်ယန်ဖိန်ဆိုသည့် အကောင်မှာ ရူးသွပ်နေသူတစ်ယောက်ပင်။ လုံးဝကို ဆင်ခြင်ဉာဏ် ကင်းမဲ့နေသည့် အရူးတစ်ယောက်ပင်။

"အားလုံး အဆင်သင့်ပြင်ထားကြ…။ ကင်မရာတွေ အကုန် အဆင်သင့်ပြင်…။ ကင်မရာတွေ ချိန်ထားကြ…။ ကင်မရာ အနေအထားကို သေချာချိန်ထား…။ လီဝမ်ဝမ်ရဲ့ မီးတောက်လို နီရဲနေတဲ့ အတွင်းခံကို ငါ မီးရှို့ပစ်တော့မယ်…။ ပြိုင်ဘက်ကင်းလောက်အောင် လှပတဲ့ သူ့ရဲ့ ခန္ဓာကိုယ်လေးကို အားလုံးကို ပြချင်တယ်…"

"တုပိုင်… မင်း ငါ့ကို လာတားချင်နေတာမလား…။ သေချာတာပေါ့ကွာ…။ မင်း ငါ့ကို တားနိုင်မှာ မဟုတ်ဘူး… ဟား… ဟား… ဟား…"

"ဒီကမ္ဘာကြီးက သိပ်စိတ်ဝင်စားဖို့ ကောင်းတာပဲ…။ တကယ်ကို ပြန်ပြီး ပျော်စရာကောင်းလာပြန်ပြီ…"

တကယ်တမ်း၌ ဤလောကကြီးတွင် အရူးဖြစ်နေသည့် ကျောက်ယန်ဖိန်အား မည်သူကမျှ တားဆီးနိုင်စွမ်း မရှိချေ။ သူ အထီးကျန်နေခဲ့သည်မှာ အလွန်ကြာမြင့်နေပြီ ဖြစ်၏။ သူ ဤလောက၌ ရှင်သန်နေရခြင်းမှာ ရည်ရွယ်ချက် တစ်ခုတည်းသာ ရှိသည်။ ထိုသည်မှာ စိတ်လှုပ်ရှားမှုများကို ရှာဖွေခံစားရန်ပင်။

တုပိုင်သည်တော့ စကားဆက်မပြောတော့ဘဲ ဓာတ်ပုံတစ်ပုံကို တိုက်ရိုက် ထုတ်ယူလိုက်လေ၏။

ထိုဓာတ်ပုံအား မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် ကျောက်ယန်ဖိန်တစ်ယောက် အရူးအမူးဖြစ်သွားသည့်အလား အမူအရာများ ချက်ချင်း ပြောင်းလဲသွားရ၏။ သူ၏ ပုံရိပ်က ရုတ်တရက် ပျောက်ကွယ်သွားပြီး တုပိုင်၏ လက်ထဲရှိ ဓာတ်ပုံအား လုယူဖျက်ဆီးပစ်ရန် ကြိုးစားလိုက်တော့သည်။ သို့သော် လက်ရှိအချိန်၌ သူ၏ရှေ့၌ ရှိနေသည်မှာ တုပိုင်၏ ပုံရိပ်ယောင်တစ်ခုသာ ဖြစ်နေ၏။

ကျောက်ယန်ဖိန်က စူးရှစွာ အော်ဟစ်လိုက်၏။ "ဖျက်ဆီးပစ်… ဒီဓာတ်ပုံကို အခုချက်ချင်း ဖျက်ဆီးပစ်စမ်း…"

ထိုသည်မှာ ရန်ယဲ့ရှောင်နှင့် ကျောက်ယန်ဖိန်တို့၏ အထက်တန်းကျောင်း ဘွဲ့ယူဓာတ်ပုံတစ်ခုပင်။

ဓာတ်ပုံထဲရှိ ကျောက်ယန်ဖိန်မှာ အရပ်အလွန်ပုနေလေပြီး ဒူးခေါင်းရိုးများမှာလည်း ပုံမှန်မဟုတ်ဘဲ ကွေးကောက်နေ၏။ ထို့အတွက်ကြောင့် ခြေထောက်နှစ်ဖက်မှာ အရှည်မတူဘဲ ဖြစ်နေရသည်။ ထိုမျှမကသေး မျက်လုံးတစ်ဖက်မှာလည်း အနည်းငယ် ပုံပျက်နေလေပြီး သွားများကလည်း ခေါနေသေး၏။

သူ၏ မျက်နှာအချိုးအစားမှာ တကယ်တမ်းတွင် ကြည့်ကောင်းသော်ငြား ထိုအကြောင်းရင်းများကြောင့်ပင် ထိုအချိန်က သူ၏ ရုပ်ရည်မှာ အလွန် ရုပ်ဆိုးနေခဲ့၏။

သို့သော် ထိုအချိန်က သူသည် ရမှတ်များ အလွန်ကောင်းမွန်ခဲ့သောကြောင့် အမေရိကန်ပြည်ထောင်စုရှိ ဟားဗတ်ဆေးတက္ကသိုလ်သို့ ဝင်ခွင့်ရရှိခဲ့သည်။

သူ တရုတ်ပြည်သို့ ပြန်လာချိန်၌မူ အလွန်ကြည့်ကောင်းသည့် အမျိုးသားတစ်ယောက် ဖြစ်နေခဲ့လေပြီ။ အမေရိကန်၏ ဆေးပညာ အဆင့်အတန်းက အဆင့်မြင့်လွန်း၍ သူ၏ ချို့ယွင်းချက်များကို ပြုပြင်ပေးလိုက်နိုင်သည်ဟု လူတိုင်းက ထင်မှတ်ခဲ့ကြ၏။

သို့သော် အမှန်တကယ်၌ ကံကြမ္မာမိစ္ဆာသခင် ရွေးချယ်လိုက်သည့် စနစ်ရှင်တစ်ယောက် ဖြစ်လာခြင်းကြောင့်သာ ဤသို့ ပြောင်းလဲသွားခဲ့ရခြင်းကို မည်သူမျှ မသိရှိခဲ့ကြချေ။

အဘယ်ကြောင့်မှန်း မသိရသော်ငြား အိပ်မက်စနစ်သည် လီရှောင်ချန်ကဲ့သို့ လူမျိုးများကို ရွေးချယ်ခဲ့ပြီး ကံကြမ္မာစနစ်ကမူ ကျောက်ယန်ဖိန်ကဲ့သို့ လူမျိုးကို ရွေးချယ်ခဲ့သည်။ သူတို့အားလုံး၌ ပြင်ဆင်၍ မရနိုင်သော ကိုယ်ပိုင် ချို့ယွင်းချက်များ အသီးသီး ရှိနေကြ၏။

စနစ်ရှင်တစ်ဦး ဖြစ်လာပြီးနောက်တွင် ကျောက်ယန်ဖိန်သည် အရာရာကို ပြီးပြည့်စုံချင်သည့် သူတစ်ယောက် ဖြစ်လာခဲ့၏။ သူ၏ ရုပ်ဆိုးခဲ့သည့် အတိတ်ကို မေ့ပြစ်ချင်သည်။ ထို့အတွက်ကြောင့် သူ ရုပ်ဆိုးခဲ့စဉ်က ပုံရိပ်များနှင့် ဓာတ်ပုံများအားလုံးကို လိုက်လံ ဖျက်ဆီးပစ်ခဲ့သည်။

လူတိုင်း၏ ရှေ့မှောက်၌ သူသည် အပြစ်အနာအဆာကင်းသည့် ပုံရိပ်ဖြင့်သာ ထွက်ပေါ်လာရမည်။ ယခုအခါ၌ တုပိုင်သည် သူ၏ အတိတ်က ရုပ်ဆိုးဆိုး ဓာတ်ပုံအား ထုတ်ပြလိုက်ခြင်းကြောင့် သူ၏ ဒေါသများ အလုံးစုံ ပေါက်ကွဲထွက်လာရတော့၏။

ကျောက်ယန်ဖိန်က ငရဲမှတတ်လာသည့် ငရဲသားအလား အေးစက်စက် အသံဖြင့် မေးလိုက်၏။ "မင်းတို့ထဲက… ဘယ်သူတွေ မြင်လိုက်လဲ…။ ဘယ်သူတွေ မြင်သွားလဲ…"

ထို့နောက် ထပ်မပြောတော့ဘဲ အခန်းထဲရှိ လူအားလုံးကို သတ်ပစ်လိုက်တော့၏။

သူ၏ အစေခံနှင့်တကွ တစ်ချိန်က ဘုရင်မ မိုဟန်၏ ခန္ဓာကိုယ်၌ တွယ်ကပ်နေခဲ့သည့် အလွန်အစွမ်းထက်လှသော မိစ္ဆာစိတ်ဝိညာဉ်ပင်လျှင် မည်သို့မျှ တုံ့ပြန်နိုင်ခြင်း မရှိလိုက်ခင်မှာပင် ကျောက်ယန်ဖိန်၏ လက်ချက်ဖြင့် ပြာဖြစ်သွားလေတော့သည်။

လီဝမ်ဝမ်ကမူ မြေပြင်ပေါ်၌ ပုံကျနေခဲ့ပြီး ထိုဓာတ်ပုံအား မမြင်လိုက်ရသောကြောင့်သာ ဤကပ်ဘေးမှ သီသီလေး လွတ်မြောက်သွား​၏။

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၀၉) ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၁၀)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ

တုပိုင်က ခက်ထန်စွာ ဆို၏။ "ကျောက်ယန်ဖိန်... လီဝမ်ဝမ်ကို အခုချက်ချင်း လွှတ်ပေးလိုက်...။ လွှတ်ပေးရင် ဒီဓာတ်ပုံကို ကျုပ် အပြီးတိုင် ဖျက်ဆီးပစ်မယ်...။ ဒါမှမဟုတ်ရင်တော့ ဒါကို ရုပ်ရှင်ကားတစ်ကားလို ဖန်တီးပြီး လူသားတွေအားလုံးသာမက ခင်ဗျားလက်အောက်က မိစ္ဆာတွေကိုပါ ကြည့်ခိုင်းလိုက်မယ်..."

ကျောက်ယန်ဖိန်ကမူ တုပိုင်အား မျက်ထောင့်နီကြီးဖြင့် စိုက်ကြည့်နေ၏။ "ဒီဓာတ်ပုံကို မင်း ဘယ်ကနေ ရလာတာလဲ...။ ရန်ယဲ့ရှောင် ထားခဲ့တာလား...။ တုရှောင် သိမ်းထားတာလား..."

တုပိုင်က ကျောက်ယန်ဖိန်အား စိုက်ကြည့်လိုက်သည်။ "လီဝမ်ဝမ်ကို အခုချက်ချင်း လွှတ်ပေး..."

"..." ကျောက်ယန်ဖိန်ကမူ ခဏတာ တိတ်ဆိတ်ရ၏။

"ရတာပေါ့... ရတာပေါ့..." ထို့နောက် သူက ပြုံးလျက် ဆိုလိုက်လေ၏။ ထို့နောက် လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် အဝတ်အစားများက သူ၏ ခန္ဓာကိုယ်ထက်၌ ပြန်လည်လွှမ်းခြုံသွားတော့သည်။

ထို့နောက် သူ၏ မျက်နှာထက်၌ ယဉ်ကျေးသိမ်မွေ့ဟန်ရှိသည့် အပြုံးဖျော့ဖျော့တစ်ခု ထွက်ပေါ်လာ၏။ "တုပိုင်... မင်းငါ့ကို စောင့်နေလိုက်...။ ငါမကြာခင် ရောက်လာခဲ့မယ်...။ ပြီးတော့ သန်းနဲ့ချီတဲ့ မိစ္ဆာစစ်တပ်ကြီးကို ခေါ်လာပြီး မင်းလိုမျိုး ပုရွက်ဆိတ်လို သေးသိမ်တဲ့ လူသားတွေအားလုံးကို တစ်ယောက်မကျန် သတ်ဖြတ်ပစ်မယ်..."

"ဟေး..." ကျောက်ယန်ဖိန်က ရက်စက်စွာ ကြုံးဝါးလိုက်သေးသည်။ "အစကတော့ အသစ်မွေးဖွားလာမယ့် မိစ္ဆာတွေအတွက် အစာအဖြစ် လူသားတစ်စုကို ချန်ထားပေးမလို့ စီစဉ်ထားတာ...။ အခုတော့ အားလုံးကို အမြစ်ပြတ် သတ်ပစ်ဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိတော့ဘူး...။ တုပိုင်... မင်းကြောင့် လူသားတွေ အားလုံး မျိုးသုဥ်းပျောက်ကွယ်ရတော့မယ်..."

တုပိုင်ကမူ မျက်လုံးများကို မှေးကျဉ်းလျက် အေးစ​က်စွာ ဆိုလိုက်၏။ "အင်း...ကျုပ် စောင့်နေမယ်..."

ကျောက်ယန်ဖိန်က ဝိုင်ငှဲ့ရင်း ဆို၏။ "ငါ မကြာခင် ရောက်လာမယ်... မင်းကို တစ်ရက်ထက်ပိုပြီး အချိန်ပေးထားမာ မဟုတ်ဘူး..."

ထို့နောက် သူက လက်ဝှေ့ယမ်းပြလိုက်သည်။ "အလှလေး လီဝမ်ဝမ်... လူသားမျိုးနွယ်ကို အမြစ်ပြတ်ချေမှုန်းပြီးသွားရင် တုပိုင်ရဲ့ ရှေ့မာတင် မင်းကို ငါစော်ကားပြမယ်။ မင်းရော သူပါ ဒီလောကကြီးထဲ အသက်ရှင်နေရတာကို နောင်တရသွားအောင် လုပ်ပေးမယ်ကွ..."

"တုပိုင်... မင်းရဲ့ သမီးလေးနဲ့အတူ နောက်ဆုံးအချိန်တွေကို ရသလောက် ဖြတ်သန်းလိုက်ပါဦး...။ ဘာလို့လဲဆိုတော့ မင်းရဲ့ ငရဲက မကြာခင် ရောက်လာတော့မာမလို့ပဲ..." ကျောက်ယန်ဖိန်က ဝိုင်ခွက်အား လှည့်နေရင်း အေးစက်စွာ ဆိုသည်။

တုပိုင်သည်လည်း မျက်နှာသေဖြင့်ပင် အေးစက်စွာ တုန့်ပြန်လိုက်သည်။ "အင်း...။ ကျုပ် စောင့်နေမယ်..."

ထို့နောက် သူ၏ ပုံရိပ်ယောင်မှာ ကျောက်ယန်ဖိန်၏ ရှေ့မှောက်မှ ပျောက်ကွယ်သွားလေတော့၏။

"ဒါနဲ့... မင်းရဲ့ စွမ်းအင်ဆက်သွယ်ရေးစနစ်က တော်တော်ကောင်းတာပဲ...။ ငါခန့်မှန်းတာ မမှားဘူးဆိုရင် နဂါးသွေးတိုက်ကြီးကနေ ရလာတာ ဖြစ်ရမယ်..."

"ကောင်းပြီ။ ဟားဟားဟား..."

"မင်းရဲ့ ထိုက်ခန်အင်ပါယာကို ဖျက်ဆီးပြီးတဲ့နောက်... မင်းရဲ့ မိန်းမနဲ့ သမီးတွေကို ငါစော်ကားတဲ့အချိန်ကျရင် ဒီစွမ်းအင်စနစ်ကိုသုံးပြီး တစ်ကမ္ဘာလုံးကို ထုတ်လွှင့်ပြမယ်ကွ..."

"အဟားဟားဟား အဟွတ် အဟွတ်...။"

**--**--**--**--**--**--**--**

တစ်ချိန်တည်းမှာပင် ထိုက်ခန်အင်ပါယာ မြို့တော်၌ တုပိုင်က ကံကြမ္မာမိစ္ဆာသခင် ကျောက်ယန်ဖိန်နှင့် ချိတ်ဆက်ထားသည့် စွမ်းအင်ဆက်သွယ်မှုကို ဖြတ်တောက်လိုက်သည်။

ဖန်းချင်းယီက သက်ပျင်းချလျက် ဆိုလာ၏။ "တုပိုင်... ရှင် ရူးနေပြီ..."

ဖန်းချင်းယီတစ်ယောက်တည်းသာ မဟုတ်ပေ။ နေရာ၌ ရှိနေကြသည့် လူအားလုံး၏ မျက်ဝန်းများထဲ၌တွင်လည်း မျှော်လင့်ချက် ကင်းမဲ့နေမှုတို့ဖြင့်သာ လွှမ်းမိုးနေလျက် ရှိနေကြသည်။ အထူးသဖြင့် အိပ်မက်ဆိုး၏ လက်ကျန် စစ်သည်များပင်။

လှပပြီး ဆွဲဆောင်မှုရှိသည့် အမျိုးသမီးတစ်ဦးက ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် ဆိုလာ၏။ "အရှင်မင်းကြီး တုပိုင်... ကျွန်မက သေရမာကို မကြောက်ပါဘူး... အခုတောင် သေလိုက်ချင်ပါသေးတယ်...။ အကြောင်းရင်းကို အရှင်မင်းကြီးလည်း သိမာပါ..."

ထိုအမျိုးသမီးမှာ အိပ်မက်ဆိုးမင်းသား၏ ဇနီးပင် ဖြစ်သည်။ သူမသည် အရှက်ကွဲမှုများကို သည်းခံခဲ့ရုံသာမက ကျောက်ယန်ဖိန်၏ အပြာရုပ်ရှင်များစွာ၌လည်း အဓိကဇာတ်ကောင်အဖြစ် လူမဆန်စွာ အသုံးချခံခဲ့ရသူပင်။ သူမ ယခုချက်ချင်းပင် သေပစ်လိုက်ချင်နေပြီ ဖြစ်သည်။ သို့သော် သူမ သေ၍မရချေ။ သူမ၌ သားတစ်ယောက်နှင့် သမီးတစ်ယောက် ရှိနေသေး၏။

"အရှင်မင်းကြီး တုပိုင်... မိစ္ဆာနယ်စားတစ်ပိုင်းအဆင့် တမန်တော်တစ်ယောက်နဲ့ မိစ္ဆာစစ်တပ် ငါးသောင်းကတောင် ကျွန်မတို့ကို အကျပ်အတည်းဖြစ်အောင် လုပ်နိုင်ခဲ့တယ်...။ အိပ်မက်ဆိုးအင်ပါယာက စစ်သည်တွေရဲ့ အသေခံတိုက်ခိုက်မှုတွေသာ မရှိခဲ့ရင်... ဘုရင်မမိုဟန်ရဲ့ အသေခံတိုက်ခိုက်မှုသာ မပါခဲ့ရင်... သူတို့ရဲ့ စစ်တပ်ငါးသောင်းကိုမဆိုထားနဲ့ အဲဒီတမန်တော်ကိုတောင် ကျွန်မတို့ သတ်နိုင်မာ မဟုတ်ဘူး..."

​ဟုတ်ပေသည်။ သူမ ပြောသည်မှာ အမှန်တရားပင်။

​အိပ်မက်ဆိုးမင်းသား၏ ဇနီးက ဆက်ပြောသည်။ "ဒါပေမဲ့ ဒီလို ထပ်လုပ်လို့ မရတော့ဘူးလေ...။ အသေခံတိုက်ခိုက်မှုမျိုး ထပ်မရှိနိုင်တော့ဘူး...။ အသေခံတိုက်ခိုက်ရင်လည်း အသုံးဝင်မာ မဟုတ်ဘူး...။ ကျွန်မတို့ ရင်ဆိုင်ရမာက မိစ္ဆာနယ်စားတစ်ပိုင်း ၁၃ ယောက်... မိစ္ဆာနယ်စား ၉ ယောက်... ပြီးတော့ မိစ္ဆာနယ်စားကြီး ကျောက်ယန်ဖိန်နဲ့ မိစ္ဆာတပ်သား ၁.၉ သန်း...။ ပြောရမှာ စိတ်မကောင်းပေမဲ့ ဆင်နဲ့ ပုရွက်ဆိတ်လိုကို ဖြစ်နေတယ်ရှင့်"

ပြောရလျှင် ဆင်နှင့် ပုရွက်ဆိတ်ထက်ပင် ပို၍ ဆိုးနေ၏။

​"ဒါကြောင့် ဒီတိုက်ပွဲက မျှော်လင့်ချက် မရှိသလောက်ပါပဲ..."

​ထိုစကားများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် လူတိုင်းက တုပိုင်အား လှမ်းကြည့်လိုက်ကြသည်။ နီရှန် ၊ ကျီယင်ယင် ၊ ပထမ စစ်သေနာပတိ လီစစ်စစ်စသည့် သူများအားလုံး ပါဝင်၏။

​ထိုက်ခန်အင်ပါယာမှ စစ်သည်များဖြစ်စေ ၊ တာ့နင်အင်ပါယာမှ စစ်သည်များဖြစ်စေ ၊ အိပ်မက်ဆိုးအင်ပါယာမှ စစ်သည်များဖြစ်စေ မည်သူမဆို ဉာဏ်ကုန်ထုတ် စဉ်းစားကြည့်သော်ငြား ဤတိုက်ပွဲအား နိုင်မည်ကို စိတ်ကူးဖြင့်ပင် မတွေးတတ်ကြချေ။

​မိစ္ဆာတမန်တော်တစ်ယောက်နှင့် မိစ္ဆာစစ်တပ် ငါးသောင်းကိုပင် ဤမျှလောက် အသည်းအသန် တိုက်ခိုက်ခဲ့ရ၏။ ယခု ကံကြမ္မာမိစ္ဆာသခင် ကိုယ်တိုင်လာရောက်မည့် အခြေအနေ ဖြစ်သည်။

​တုပိုင်က လူတိုင်းကို ကြည့်လျက် တည်ငြိမ်စွာ ဆိုလိုက်သည်။ "ကံကြမ္မာမိစ္ဆာသခင်က မိစ္ဆာတမန်တော်ထက် အဆတစ်ရာမက ပိုအစွမ်းထက်တယ်ဆိုတာကို ကျုပ်သိပါတယ်...။ ဒါပေမဲ့... ဒီတိုက်ပွဲမာ ကျုပ်တို့ အပြတ်အသတ်ကို နိုင်လိမ့်မယ်...။ အလွယ်တကူကို နိုင်မာ..."

​"ကျောက်ယန်ဖိန်ရဲ့ သန်းနဲ့ချီတဲ့ မိစ္ဆာစစ်တပ်ကြီးကို ရင်ဆိုင်တဲ့နေရာမာ ဒီတိုက်ပွဲက အလှည့်အပြောင်းတွေ ရှိနေမာ မဟုတ်ဘူး... အနစ်နာခံစွန့်လွှတ်ရတာတွေလည်း ရှိမာ မဟုတ်ဘူး...။ ပုရွက်ဆိတ်ကို ဖိသတ်သလိုက် လွယ်နေလိမ့်မယ်..."

​ထိုသို့ ပြောလိုက်သည့်အချိန်၌ ရှိနေကြသည့် လူတိုင်းမှာ အံ့အားသင့်သွားကြရလေတော့၏။ ​ကံကြမ္မာမိစ္ဆာသခင်၏ သန်းနှင့်ချီသော မိစ္ဆာစစ်တပ်ကြီးသည် မည်မျှအထိ အစွမ်းထက်လှသနည်း။ ထိုက်ခန်အင်ပါယာအား အမှုန့်ကြိတ်နိုင်စွမ်းရှိသည်။ ကျောက်ယန်ဖိန်ပင် ဝင်ပါရန် လိုအပ်လိုက်မည် မဟုတ်ချေ။

​သို့သော် တုပိုင်ကမူ စက္ကန့်ပိုင်းအတွင်း ချေမှုန်းပစ်မည်ဟုပင် ပြောလာ၏။ လုံးဝကို တစ်စက်မှ ယုံကြည်စဖွယ် မကောင်းပေ။ ​သို့သော်လည်း တုပိုင်သည် ယခင်က လိမ်ညာပြောဆိုလေ့ မရှိခဲ့ချေ။ ​သူပြောခဲ့ဖူးသမျှ အရာအားလုံးကို တကယ်လုပ်ပြနိုင်ခဲ့သည်သာ။

သို့သော်လည် တုပိုင်ပြောလိုက်သည်မှာ နေမင်းကြီး အနောက်အရပ်မှ ထွက်လာမည်ဟု ပြောလိုက်သည့်အလားပင် နည်းနည်းလေးမှ ယုံချင်စရာ မရှိနေချေ။ ထို့အတွက်ကြောင့် သူတို့ အားလုံး ကြောင်အသွားကြရလေတော့၏။

​တုပိုင်က တည်ငြိမ်စွာဖြင့် ဆက်ပြောသည်။ "ပြီးခဲ့တဲ့ တိုက်ပွဲမာ ကျုပ်တို့ တော်တော်လေး ခက်ခက်ခဲခဲ တိုက်ခဲ့ရတယ်... အသည်းအသန်ဖြစ်ခဲ့ပြီး အများကြီးလည်း စွန့်လွှတ်ခဲ့ရတယ်...။ ဒါပေမဲ့ အခြေအနေတွေ အဆိုးရွားဆုံး ဖြစ်နေတဲ့အချိန်မှာတောင် ကျုပ်ရဲ့ အဆုံးအဖြတ် လျှို့ဝှက်လက်နက်ကို ထုတ်မသုံးခဲ့ဘူး...။ ဘာဖြစ်လို့လဲဆိုတော့ ကျုပ်က ကျောက်ယန်ဖိန်ရဲ့ သန်းနဲ့ချီတဲ့ မိစ္ဆာတွေကို စောင့်နေခဲ့လို့ပဲ..."

​"ကျုပ်ရဲ့ ရည်ရွယ်ချက်က တစ်ခုတည်းပဲ... ကျောက်ယန်ဖိန် လက်အောက်က မိစ္ဆာစစ်တပ်အားလုံးကို အမြစ်ပြတ် ချေမှုန်းပစ်ပြီး အရှေ့ဘက်ကမ္ဘာခြမ်း တစ်ခုလုံးကို အပြီးတိုင် လွတ်မြောက်စေဖို့ပဲ..."

​ထိုသို့ ပြောလိုက်သည်နှင့်တစ်ပြိုင်နက် ဤနေရာရှိ လူအားလုံးမှာ အလွန်တရာ စိတ်လှုပ်ရှားသွားကြပြီး ပြင်းပြလှသည့် စူးစမ်းလိုစိတ်များ ပြည့်နှက်သွားကြလေတော့သည်။

​တုပိုင်၌ မည်သို့သော အဆုံးအဖြတ် လျှို့ဝှက်လက်နက်မျိုး ရှိနေသနည်း။ ကံကြမ္မာမိစ္ဆာသခင်၏ သန်းနှင့်ချီသော မိစ္ဆာစစ်တပ်ကြီးကို ချက်ချင်း အမြစ်ပြတ် ချေမှုန်းနိုင်မည်လား။

​"ဘာလဲဆိတာ မကြာခင် ခင်ဗျားတို့ မြင်ရတော့မာပါ..." တုပိုင်က အပြုံးဖြင့် ဆိုသည်။ "ဘာလို့လဲဆိုတော့ ကံကြမ္မာမိစ္ဆာသခင်က ကျုပ်တို့ကို တစ်ရက်တောင် အချိန်ပိုပေးမာ မဟုတ်လို့ပဲ...။ သူ့ရဲ့ သန်းနဲ့ချီတဲ့ မိစ္ဆာစစ်တပ်ကြီးက မကြာခင် ရောက်လာတော့မယ်...။ ကျုပ်တို့ရဲ့ ခေါင်းပေါ်ကို... ကျုပ်တို့ မြို့ပေါ်ကို ရောက်လာတော့မာ..."

​"ကျုပ် ကတိပေးတယ်... ဒီတိုက်ပွဲက မကြာခင် ပြီးဆုံးသွားလိမ့်မယ်...။ အဲဒီအချိန်ကျရင် အင်မတန် ခမ်းနားလှတဲ့ မြင်ကွင်းကို ခင်ဗျားတို့ မျက်မြင်ကိုယ်တွေ့ မြင်ရလိမ့်မယ်..."

ဖန်းချင်းယီက မယုံနိုင်ဟန်ဖြင့် ​မေး၏။ "ရှင်... ကတိပေးလား..."

​တုပိုင်က ယုံကြည်ချက်အပြည့်ဖြင့် ခေါင်းညိတ်သည်။ "ကျုပ် ကတိပေးတယ်..."

ထို့နောက် အားလုံး၏ အကြည့်ရှေ့မှာပင် ဖန်းချင်းယီက တုပိုင်အား အခန်းထဲသို့ ဆွဲခေါ်သွားပြီး မြေပြင်ပေါ်သို့ တိုက်ရိုက် တွန်းလှဲချလိုက်သည်။

**--**--**--**--**--**--**--**

​"ရှင်က ကတိပေးရဲမှတော့ ကျွန်မလည်း ပေးစရာရှိတဲ့ ကတိ ပေးရတော့မှာပဲ...။"

"ရှင် သတိလစ်တဲ့အထိ ကောင်းစေရမယ်..." ဖန်းချင်းယီက ရမ္မက်အကြည့်တို့ဖြင့် ဆိုလိုက်သည်။

​ထို့နောက် သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ သံချပ်ကာအပျော့စားများအားလုံး ပျောက်ကွယ်သွားလေပြီး တုပိုင်၏ လည်ပင်းပေါ်သို့ ခွထိုင်လိုက်ကာ ဆိုသည်။ "ကျေးဇူးရှိရင် ကျေးဇူးဆပ်ရမယ်... ရန်ငြိုးရှိရင် ကလဲ့စားချေရမယ်... ရှင့်ကို ကျွန်မ အခုပဲ စီရင်တော့မယ်..."

​သို့သော် ထိုအချိန်၌ပင် ​လေထုထဲမှ အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာ၏။

​"တုပိုင်... ကျောက်ယန်ဖိန်ရဲ့ သန်းနဲ့ချီတဲ့ မိစ္ဆာစစ်တပ်ကြီးကို နင် တကယ် နိုင်မာ သေချာလို့လား...။ နင်သာ အဲဒီလို လုပ်နိုင်ခဲ့ရင် ငါတို့ နှစ်ယောက်ကြားက ရန်ငြိုးတွေအားလုံးကို အဆုံးသတ်ပေးမယ်..."

​ချက်ချင်းဆိုသလိုပင် တုပိုင် မျက်လုံးပြူးသွားရတော့သည်။ "သောက်ကျိုးနည်း...။ မင်း မသေသေးဘူးလား။"

ဖန်းချင်းယီမှာလည်း အလန့်တကြားဖြစ်သွားပြီး သူမ၏ ခန္ဓာကိုယ်ကို အလျင်စလို ဖုံးကွယ်လိုက်ရ၏။

​"မိန်းမချင်းတူတူပဲ... နင့်ခန္ဓာကိုယ်ကို ဘယ်သူက ကြည့်နေမာမို့လို့လဲ..." အေးစက်စက် အသံပိုင်ရှင်က ဆိုလာ၏။ "ငါ့ဝိညာဉ်က ဘယ်လိုလုပ်ပြီး မသေဘဲ ကျန်နေခဲ့လဲဆိုတာ ငါမသိဘူး... ပြီးတော့ ရှုပ်ထွေးနေတဲ့ မှတ်ဉာဏ်တွေ အများကြီးကိုလည်း ငါ ရုတ်တရက် မှတ်မိလာတယ်...။ အဲထဲက တစ်ခုက နင် ငါ့အပေါ်ကို ခွစီးထားတာပဲ..."

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၁၀) ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ

All Chapters