← Chapters

အခန်း (၁၀၀၇-၁၀၀၈)

Vol. 101 Ch. 1007-1008

အခန်း (၁၀၀၇-၁၀၀၈)

Vol. 101 Ch. 1007-1008

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၀၇)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

မိစ္ဆာတမန်တော်က ထိုက်ခန်အင်ပါယာ မြို့တော်ကြီးထံသို့ လေပြင်းတစ်ရပ်အား ထပ်မံမှုတ်ထုတ်လိုက်ပြန်၏။

ချက်ချင်းဆိုသလိုပင် အဆင့် ၁၂ လေဆင်နှာမောင်းကြီး ဝင်ရောက်မွှေနှောက်သွားသည့်အလား မြို့တော်တစ်ခုလုံးမှာ ဖရိုဖရဲဖြစ်သွားရသည်။ အဆောက်အအုံများမှာ အောက်ခြေမှ ပြုတ်ထွက်ကာ ကစားစရာသစ်သားတုံးလေးများနှယ် တစ်စစီ ကျိုးပဲ့ပျက်စီးသွားကြ၏။ မရေမတွက်နိုင်သော လူများစွာသည်လည်း ကောင်းကင်ယံသို့ လွင့်စင်သွားကြကာ မြေမြှုပ်သင်္ဂြိုဟ်ရန် အလောင်းအစအနမျှပင် မကျန်ရစ်ခဲ့ကြတော့ချေ။

မိစ္ဆာတမန်တော်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ “လူရွှင်တော်လေး တုပိုင်... ငါ့မှာ စွမ်းအား ဆယ်ပုံတစ်ပုံပဲ ကျန်တော့ရင်တောင် မင်းကို အလွယ်လေး သတ်ပစ်လို့ရတယ်။ မင်းတို့ ပျက်စီးရမယ့် ကံကြမ္မာကို ဘယ်သူကမှ ပြောင်းလဲပစ်နိုင်မှာ မဟုတ်ဘူး။ မင်းရဲ့ မိန်းမနဲ့ ကလေးတွေ အားလုံး မြေမြှုပ်စရာ နေရာတောင် မရှိဘဲ အသေဆိုးနဲ့ သေရလိမ့်မယ်ကွ...”

ထို့နောက် မိစ္ဆာတမန်တော်၏ ဧရာမ ခန္ဓာကိုယ်ကြီးက မြို့တော်ထဲသို့ လှမ်းဝင်ရန် ပြင်လိုက်ချိန်၌ တိုက်ပွဲအခြေအနေမှာ ဆိုးရွားစွာ ပြောင်းလဲသွားခဲ့လေပြီ။

တုပိုင်၏ သိုင်းပညာရှင်တပ်သား ငါးသောင်းနှင့် အိပ်မက်ဆိုး အင်ပါယာ၏ စစ်သည်သုံးသိန်းမှာ မိစ္ဆာတပ်များကို လုံးဝ မယှဉ်နိုင်ခဲ့ချေ။ စစ်သည်များ တစ်ယောက်ပြီးတစ်ယောက် ကျဆုံးသွားကြရကာ ခံစစ်မျဉ်းတစ်ခုလုံး လုံးဝ ပြိုကျသွားလေတော့သည်။ မရေမတွက်နိုင်သည့် မိစ္ဆာတပ်သားများက ထိုက်ခန်အင်ပါယာ မြို့တော်ဆီသို့ အလုအယက် ပြေးဝင်လာကြတော့၏။

ဖန်းချင်းယီက တုပိုင်နှင့် ပခုံးချင်းယှဉ်ကာ မိစ္ဆာစစ်တပ်အား ရူးသွပ်စွာ တိုက်ခိုက်နေရင်း အော်ဟစ်လိုက်သည်။

“တုပိုင်... ရှင့်ရဲ့ လျှို့ဝှက်လက်နက်ကို အခုချက်ချင်း ထုတ်သုံးလိုက်တော့။ မဟုတ်ရင် ကျွန်မတို့ အကုန်သေကုန်လိမ့်မယ်။ ရှင့်မိန်းမတွေရော ရှင့်သားသမီးတွေပါ အကုန် သေလိမ့်မယ်...”

တုပိုင်က အေးစက်တည်ငြိမ်စွာပင် ငြင်းဆန်လိုက်၏။ “မရဘူး။ ငါ့ရဲ့ လျှို့ဝှက်လက်နက်က ကံကြမ္မာမိစ္ဆာအတွက်ပဲ သုံးမှာ...”

ဖန်းချင်းယီက ဒေါသတကြီး အော်လိုက်ပြန်သည်။ “စပပဲအေ။ ရှင်က တကယ်ကို ရူးနေတာပဲ။ ဒါဆိုလည်း ဒီအမကြီး သေတာကိုသာ ထိုင်ကြည့်နေလိုက်တော့...”

ထိုအခိုက်အတန့်၌ပင် အိပ်မက်ဆိုး အင်ပါယာ၏ အစွမ်းထက်စစ်သည် ထောင်ပေါင်းများစွာက ခေါ်ဆောင်သံ တစ်ခုခုအား ကြားလိုက်ရသည့်အလား တိုက်ခိုက်နေခြင်းကို ရုတ်တရက် ရပ်တန့်လိုက်ကြ၏။

ထို့နောက် သူတို့သည် စွမ်းအင်အလင်းတန်းများအဖြစ် ပြောင်းလဲသွားကာ ကြယ်တံခွန်များကဲ့သို့ မိစ္ဆာတမန်တော်ထံသို့ ပြေးဝင်တိုက်ချလိုက်ကြလေတော့သည်။ အဆင့်မြင့် အစွမ်းထက်စစ်သည် ထောင်ပေါင်းများစွာက မည်သည့် စကားတစ်ခွန်းမျှ မဆိုတော့ဘဲ မိစ္ဆာတမန်တော်အား အသေခံတိုက်ခိုက်လိုက်ကြခြင်းပင်။

“ဘုန်းးးး... ဘုန်းးးး... ဘုန်းးးး... ဘုန်းးးး... ဘုန်းးးး”

ထိုစစ်သည်များသည် အိပ်မက်ဆိုးမင်းသားနှင့် ဘုရင်မ မိုဟန်တို့လောက် အစွမ်းမထက်သော်ငြား အရေအတွက်အားဖြင့်မူ အလွန်များပြားလှ၏။

မရေမတွက်နိုင်သည့် အလင်းတန်း ပေါက်ကွဲမှုများအောက်၌ မိစ္ဆာတမန်တော်၏ ဧရာမခန္ဓာကိုယ်ကြီးမှာ ချက်ချင်းဆိုသလိုပင် အပေါက်အပြဲများစွာ ဖြစ်ပေါ်သွားလေတော့သည်။ ထို့နောက် ပိုမိုများပြားလှသော အိပ်မက်ဆိုး အင်ပါယာ စစ်သည်များကပါ အလင်းတန်းများအဖြစ် ပြောင်းလဲကာ မိစ္ဆာတမန်တော်ထံသို့ အရှိန်ပြင်းပြင်းဖြင့် ဝင်တိုက်ချလိုက်ကြပြန်၏။

ပြင်းထန်လှသည့် ပေါက်ကွဲမှုများအပြီးတွင် သူတို့မှာ ပြာအဖြစ်သို့ ပြောင်းလဲသွားကြကာ ဝိညာဉ်များပါ ကြွေလွင့်ပျက်သုဉ်းသွားကြတော့သည်။ ပိုးစုန်းကြူးလေးများကဲ့သို့ မှေးမှိန်သော အလင်းရောင်လေးများသာ ကောင်းကင်ထက်မှ ကျဆင်းလာ၏။

ဖန်းချင်းယီမှာ ထိုမြင်ကွင်းကြောင့် လုံးဝ မှင်သက်သွားရ၏။ အချိန်အတန်ကြာမှ သူမက ရေရွတ်လိုက်သည်။

“အစောက လူအကဲခတ်ညံ့တယ်လို့ ပြောခဲ့တဲ့စကားကို ကျွန်မ ရုပ်သိမ်းပါတယ်။ အိပ်မက်ဆိုး ဧကရာဇ်က... တကယ်ကို အံ့မခန်းပဲ...”

မှန်ပေ၏။ အလွန်ပင် အံ့မခန်း ဖြစ်လှသည်။ ထိုစစ်သည်များမှာ မီးပုံထဲသို့ တိုးဝင်သွားသည့် ပိုးဖလံများကဲ့သို့ တစ်ယောက်ပြီးတစ်ယောက် အသေခံတိုက်ခိုက်သွားခဲ့ကြ၏။ လူသားယဉ်ကျေးမှုကို ကယ်တင်ရန် သူတို့ကိုယ်သူတို့ ရူးသွပ်စွာ စတေးသွားခဲ့ကြခြင်းမှာ အိပ်မက်ဆိုး ဧကရာဇ်၏ သွန်သင်မှုများကြောင့်သာ ဖြစ်ကြသည်။

အိမ်မက်ဆိုး ဧကရာဇ်ကြောင့်သာ သူတို့သည် အရှက်ကွဲခံကာ အယောင်ဆောင် လက်နက်ချပြီး များစွာသော စော်ကားမှုများကို နှစ်နှင့်ချီ သည်းခံခဲ့ကြခြင်း ဖြစ်၏။

အိပ်မက်ဆိုးမင်းသားက မိစ္ဆာတမန်တော်အား အသေခံ ဝင်တိုက်သွားချိန်၌ တုပိုင်ထံသို့ စိတ်လှိုင်းဖြင့် သတင်းစကားတစ်ခုကို အဆက်မပြတ် ပေးပို့သွားခဲ့၏။

“ငါ့ရဲ့ မွေးစားအဖေ အိပ်မက်ဆိုး ဧကရာဇ်က အရမ်းတော်တဲ့ ရှေ့ဖြစ်ဟောဆရာတစ်ယောက်ပဲ။ မင်းက ဒီကမ္ဘာကြီးကို ကယ်တင်နိုင်မယ်လို့ သူဟောခဲ့တယ်။ ကောင်းပြီ။ ဒါဆိုရင်... လူသားတွေရဲ့ အနာဂတ်ကို မင်းဆီမှာပဲ အပ်ခဲ့တော့မယ်... နှုတ်ဆက်လိုက်ပါတယ်။ ဧကရာဇ်တုပိုင်”

အိမ်မက်ဆိုးမင်းသားသည် သူ၏ ခန္ဓာကိုယ်ကြီး တစ်စစီ ပေါက်ကွဲမသွားခင်အချိန်အထိ ထိုစကားများကိုသာ တုပိုင်ထံသို့ အထပ်ထပ်အခါခါ ပေးပို့နေခဲ့၏။ တုပိုင် ထိုမြင်ကွင်းကို တိတ်ဆိတ်စွာ ကြည့်နေရင်း သူ၏ မျက်ဝန်းများပင် ပူနွေးလာရတော့သည်။

ဆယ့်ငါးမိနစ်တိတိ ကြာမြင့်သွားပြီးနောက်၌မူ အလင်းရောင်များအားလုံး ပျောက်ကွယ်သွားလေပြီ။

မိစ္ဆာတမန်တော်၏ ဧရာမ ခန္ဓာကိုယ်ကြီးမှာ ပြိုလဲလုနီးပါး ဖြစ်နေပြီး အပေါက်အပြဲပေါင်း သောင်းနှင့်ချီ၍ ရှိနေသည်။ သူ၏ အသက်စွမ်းအင်များနှင့် စွမ်းအားများမှာလည်း ရူးသွပ်စွာ ယိုစိမ့်ထွက်ကျနေ၏။

“ရူးနေတာပဲ...။ မင်းတို့ လူသားတွေ အကုန်လုံးက အရူးတွေပဲ။ လုံးဝကို ရူးသွပ်နေကြတဲ့ ကောင်တွေ...” မိစ္ဆာတမန်တော်က အားနည်းစွာဖြင့် အော်ဟစ်လိုက်၏။

ထို့နောက် သူက ရူးသွပ်စွာဖြင့် ထပ်မံ၍ ကြုံးဝါးလိုက်ပြန်သည်။ “ပုရွက်ဆိတ်လေး တုပိုင်... ဒီလောက်နဲ့ ငါ့ကို သတ်နိုင်ပြီလို့ ထင်နေတာလား။ မင်းက သိပ်အတွေးတိမ်တာပဲ။ ငါက မိစ္ဆာနယ်စား တစ်ပိုင်းအဆင့်ကွ။ မိစ္ဆာတွေရဲ့ စွမ်းအားကို မင်း လုံးဝ နားမလည်သေးဘူး...”

ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ မရေမတွက်နိုင်သည့် အပေါက်များမှာ ဧရာမ ဝဲကတော့ကြီးများအဖြစ် ပြောင်းလဲသွားကာ အနီးနားရှိ မိစ္ဆာသောင်းပေါင်းများစွာကို စတင်စုပ်ယူလိုက်သည်။ ထိုမိစ္ဆာများမှာ လုံးဝ ထိန်းချုပ်နိုင်စွမ်းမဲ့စွာဖြင့် ကောင်းကင်ထက်သို့ လွင့်တက်သွားကြပြီး သူတို့၏ အသွေးအသားများနှင့် စွမ်းအင်များအားလုံးကို မိစ္ဆာတမန်တော်က ရူးသွပ်စွာ စုပ်ယူကာ ဝါးမျိုပစ်လိုက်တော့၏။

မိနစ်အနည်းငယ်အတွင်းမှာပင် မိစ္ဆာသောင်းပေါင်းများစွာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီး မိစ္ဆာတမန်တော်၏ ခန္ဓာကိုယ်အား အစားထိုး ပြန်လည်ပြုပြင်ပေးသည့် အစိတ်အပိုင်းများ ဖြစ်သွားကြတော့သည်။ မိစ္ဆာတမန်တော်၏ ခန္ဓာကိုယ်ပေါ်ရှိ အပေါက်အပြဲ ဒဏ်ရာများအားလုံးမှာလည်း ချက်ချင်းပင် အပြည့်အဝ သက်သာပျောက်ကင်းသွားလေတော့၏။

သူ၏ ရင်ဘတ်ရှိ ဧရာမ အပေါက်ကြီးနှစ်ခုပင် ပြန်လည် ပိတ်သွားတော့သည်။ အတွင်း၌ စွမ်းအင်နှလုံးသား မရှိဘဲ ဟာလာဟင်းလင်း ဖြစ်နေဆဲဆိုသော်ငြား မိစ္ဆာတမန်တော်မှာ ယခင်ကဲ့သို့ အကောင်းပကတိအတိုင်း ပြန်ဖြစ်သွားလေပြီ။

“ဟားးး ဟားးး ဟားးး ဒါက မိစ္ဆာနယ်စား တစ်ပိုင်းအဆင့်ရဲ့ စွမ်းအားပဲ။ ပုရွက်ဆိတ်လေး တုပိုင်... မင်း မိစ္ဆာတွေရဲ့ စွမ်းအားအကြောင်းကို ဘာမှ မသိသေးပါဘူးကွာ..” မိစ္ဆာတမန်တော်က ရူးသွပ်စွာဖြင့် တဟားဟား ရယ်မောလိုက်တော့သည်။

ဖန်းချင်းယီမှာတော့ ပါးစပ်အဟောင်းသားဖြင့် မယုံနိုင်ဖြစ်နေရသည်။

“လီးပဲ”

မိစ္ဆာတမန်တော်မှာ အနိုင်ယူရန် မဖြစ်နိုင်လောက်အောင်ပင် အစွမ်းထက်လွန်းနေသည်။ မိစ္ဆာမျိုးနွယ်သည် အလွန်အမင်း အစွမ်းကြောင်းကို သူမ သိထားသော်လည်း ဤမျှအထိ အစွမ်းထက်နေလိမ့်မည်ဟု တကယ်ကို မထင်ထားခဲ့ချေ။ သူမ တုပိုင်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“တုပိုင်... ကျွန်မတို့တော့ သေရတော့မယ်။ အများဆုံး အသက်ရှင်ရလှ စက္ကန့်အနည်းငယ်ပဲ ကျန်တော့တာ။ အချိန်ရသလောက်လေး ကျွန်မရဲ့ အပျိုစင်ဘဝကို ယူလိုက်ပါလား။ ပြီးမှ တူတူသေကြတာပေါ့...”

တုပိုင်ကမူ ငြိမ်သက်နေဆဲပင် ဖြစ်လေ၏။

ဖန်းချင်းယီက ထပ်မေးလိုက်သည်။

“အခုဖြစ်နေတဲ့ အခြေအနေက ရှင့်အစီအစဉ်ထဲမှာ ပါသေးတယ်လို့တော့ မပြောနဲ့နော်...”

တုပိုင်က ခေါင်းညိတ်ကာ ပြန်ဖြေလိုက်၏။ “အင်း... အရာအားလုံးက ငါ့အစီအစဉ်ထဲမှာ ရှိနေသေးတယ်...”

ဖန်းချင်းယီမှာ အံ့ဩသွားပြီး တုပိုင်ကို မယုံနိုင်စွာဖြင့် ကြည့်လိုက်ကာ မေးသည်။ “အခုလို အခြေအနေကြီးကိုတောင် ကျွန်မတို့ နိုင်နိုင်သေးတယ်ပေါ့လေ...”

တုပိုင်က ခေါင်းညိတ်လိုက်ပြီး ဆို၏။ “နိုင်တယ်...”

“ရှင်သာ နိုင်အောင်လုပ်နိုင်ရင် ရှင့်ကို သေချာပေါက် ပေးအိပ်မယ်...”

ထိုအချိန်၌ပင် တုပိုင်က သူ၏ လက်ထဲရှိ ရွှေရောင်တောင်ဝှေးကို ရုတ်တရက် အထက်သို့ မြှောက်တင်လိုက်၏။ နဂါးဝိညာဉ် ကျောက်သလင်းထဲသို့ သူ၏ စိတ်စွမ်းအင်များကို ထည့်သွင်းလိုက်ပြီးနောက် ရှေးဟောင်း ဝိညာဉ်ခေါ် အစီအရင်တစ်ခုကို စတင်လိုက်သည်။

“သေဆုံးသွားကြတဲ့ လူသားဝိညာဉ်တွေအားလုံး... မြေကြီးထဲကနေ ထွက်ပေါ်လာခဲ့ကြလော့။ အသက်ရှင်ကျန်ရစ်သူတွေကို ကယ်တင်ဖို့အတွက် မဟုတ်ဘဲ မင်းတို့ သေပွဲဝင်ခဲ့ရမှုအတွက် ကလဲ့စားချေဖို့ ထွက်လာခဲ့ကြလော့...”

တုပိုင်က ထပ်ခါတလဲလဲ ရွတ်ဆိုခေါ်ယူလိုက်၏။

ယခုအခါ၌ ကမ္ဘာကြီးမှာ ပြောင်းလဲသွားခဲ့လေပြီ။ ယခင်က တစ္ဆေဝိညာဉ်များ မရှိခဲ့သည့် ဤကမ္ဘာကြီးသည် ယခုအခါ နေရာတိုင်း၌ ဝိညာဉ်များဖြင့် ပြည့်နှက်နေပြီ ဖြစ်၏။ ကမ္ဘာပျက်ကြီး၏ နောက်ဆုံးအချိန်၌ ဤမြေကြီးအောက်တွင် အချည်းနှီး သေဆုံးသွားရသည့် ဝိညာဉ် မည်မျှပင် ရှိနေမည်နည်း။ မရေမတွက်နိုင်အောင်ပင်။

သေချာသည်မှာ တုပိုင်၏ စိတ်စွမ်းအင်သက်သက်ဖြင့် ထိုမျှများပြားသော ဝိညာဉ်များကို မခေါ်ယူနိုင်ချေ။ သို့သော် သူ၏ လက်ထဲ၌ ရွှေရောင်တောင်ဝှေးနှင့် နဂါးဝိညာဉ်တို့ ရှိနေ၏။

ချက်ချင်းဆိုသလိုပင် သူ၏ ဆင့်ခေါ်မှုနှင့်အတူ မရေမတွက်နိုင်လှသည့် တစ္ဆေဝိညာဉ်များက မြေကြီးထဲမှ ရုတ်တရက် ထွက်ပေါ်လာကြတော့သည်။ ဝိညာဉ်အရေအတွက်မှာ မရေမတွက်နိုင်လောက်အောင်ပင် များပြားလွန်းလှသဖြင့် ခပ်မှိန်မှိန် အစိမ်းရောင် သမုဒ္ဒရာကြီးတစ်စင်းအလားပင် ထင်မှားရလောက်ပေမည်။

ထို့အပြင် ထိုဝိညာဉ်များကို ဦးဆောင်လာသူမှာ သောက်ကျိုးနည်ယ ဘုရင်မ မိုဟန်ပင် ဖြစ်နေလေ၏။ ယခုအချိန်၌ သူမသည် ရက်စက်ကြမ်းကြုတ်လှသည့် လီဝိညာဉ်တစ်ခု ဖြစ်နေပြီး အသိစိတ် မရှိတော့ချေ။သူမ၏ ဝိညာဉ်မျက်လုံးထဲ၌ အငြိုးအာဃာတများဖြင့် ပြည့်နှက်နေပြီး မရေမတွက်နိုင်သော တစ္ဆေဝိညာဉ်များက ကိုယ်ရံတော်များအလား သူမကို ဝန်းရံထားကြသည်။

ထိုသန်းနှင့်ချီသည့် တစ္ဆေဝိညာဉ်များက မိစ္ဆာတမန်တော်ထံသို့ အဟုန်ပြင်းစွာ ပြေးဝင်သွားကြပြီး သူ၏ ဧရာမ ခန္ဓာကိုယ်ကြီးထက်သို့ ပူးကပ်သွားကြလေတော့၏။ ချက်ချင်းဆိုသလိုပင် မိစ္ဆာတမန်တော်၏ ခန္ဓာကိုယ်ကြီးမှာ ဝိညာဉ်ကဲ့သို့ အလင်းဖောက်သဏ္ဍာန် ဖြစ်သွားပြီး ထိတ်လန့်ဖွယ်ရာ တစ္ဆေအလင်းရောင်များ ထွက်ပေါ်နေတော့သည်။

ထိုသည်မှာ ဒဏ္ဍာရီလာ သရဲပူးခြင်းပင် ဖြစ်သော်လည်း တစ္ဆေတစ်ကောင်တည်း မဟုတ်ဘဲ သန်းနှင့်ချီသော တစ္ဆေဝိညာဉ်များ ပူးကပ်နေခြင်းပင်။

မိစ္ဆာတမန်တော်မှာ ဒေါသထွက်သွားရသည်။ မိုက်မဲသည့် ဘုရင်မ မိုဟန် သေသွားပြီ ဖြစ်သော်လည်း သူမ၏ လီဝိညာဉ်က သူ့ကို ရူးသွပ်စွာ ကလဲ့စားချေချင်နေသေးသည်လား။

မိစ္ဆာတမန်တော်က သူ၏ ခန္ဓာကိုယ်၌ ပူးကပ်နေသော သန်းနှင့်ချီသည့် ဝိညာဉ်များကို ရူးသွပ်စွာ နှင်ထုတ်လေတော့သည်။

တုပိုင်က သက်ပြင်းရှည်ကြီးတစ်ခုကို မှုတ်ထုတ်လိုက်၏။ “အခု... အချိန်ကျပြီ...”

ထို့နောက် ယခင်က တစ်ကြိမ်မျှ မထုတ်ဖူးသေးသော အရာတစ်ခုကို သူ ထုတ်ယူလိုက်သည်။ ထိုသည်မှာ အိမ်ငယ်လေးတစ်လုံးအရွယ်ခန့် ရှိသော ကျောက်သလင်းအမြုတေကြီးတစ်ခုပင်။

ဤကျောက်သလင်းအမြုတေ၏ စွမ်းအင်မှာ အာကာသယာဥ်တစ်စီးရှိ စွမ်းအင်အမြုတေများအားလုံး ပေါင်းထားသည်ထက်ပင် အဆပေါင်းများစွာ သာလွန်​လျက် ရှိနေ၏။

အရေးအကြီးဆုံးအချက်မှာ အမြုတေသည် ခရမ်းလွန်ရောင်ခြည် နျူကလီးယားဗုံးအဖြစ်လည်း အသုံးပြု၍ ရနေခြင်းပင်။

သေချာသည်မှာ ခရမ်းလွန်ရောင်ခြည်ဗုံးများက မိစ္ဆာများအပေါ်၌ လုံးဝ အစွမ်းမပြနိုင်ချေ။ မိစ္ဆာတမန်တော်ဆိုလျှင် ပြောနေစရာပင် မလိုတော့ပေ။ တာ့နင်အင်ပါယာ၏ စွမ်းအင်လက်နက်များအားလုံးကပင် မိစ္ဆာတမန်တော်အပေါ်၌ သက်ရောက်မှု မရှိခဲ့ချေ။ သို့သော်... ခရမ်းလွန်ရောင်ခြည် နျူကလီးယားဗုံးက တစ္ဆေဝိညာဉ်များနှင့် ရင်ဆိုင်ရာ၌မူ အလွန် အသုံးဝင်လှ၏။

ယခုအခါ မိစ္ဆာတမန်တော်၏ ခန္ဓာကိုယ်၌ မရေမတွက်နိုင်သော တစ္ဆေဝိညာဉ်များ ပူးကပ်နေလျက် ရှိနေသည်။

ဝိညာဉ်တိုင်းက မိစ္ဆာတမန်တော်၏ ခန္ဓာကိုယ်အနှံ့ရှိ အသားများကို တင်းကျပ်စွာ ဆုပ်ကိုင်ထားကြသည်။ အကယ်၍ ခရမ်းလွန်ရောင်ခြည်ဗုံးကြီးသာ ပေါက်ကွဲသွားပါက ဝိညာဉ်များအားလုံး တစ်စစီ ကြွေလွင့်ပျက်သုဉ်းသွားကြပေလိမ့်မည်။

တစ်ချိန်တည်းမှာပင် သူတို့ ဆုပ်ကိုင်ထားသည့် မိစ္ဆာတမန်တော်၏ အသားနှင့် သွေးများမှာလည်း ဝိညာဉ်များနှင့်အတူ ဆွဲဖြဲခံရမည် ဖြစ်သည်။

ပြောရလျှင် မူလက ခရမ်းလွန်ရောင်ခြည်ဗုံးကြီးသည် မိစ္ဆာများအပေါ် သက်ရောက်မှု မရှိခဲ့သော်လည်း... မရေမတွက်နိုင်သော ဝိညာဉ်များ ပူးကပ်သွားပြီးချိန်၌မူ ခရမ်းလွန်ရောင်ခြည်ဗုံးက သူ့အား သတ်ပစ်နိုင်စွမ်း ရှိလာပြီ ဖြစ်တော့၏။

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၀၇) ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

မှတ်ချက် - လီဝိညာဉ်ဆိုတာက အငြိုးအတေးကြီးတဲ့ ဝိညာဉ်တွေကို ဆိုလိုတာပါဗျ။ အငြိုးကြီးဝိညာဉ်ဆိုပြီး ရေးရင် နည်းနည်းရှည်နေလို့ လီဝိညာဉ်ဆိုပြီးပဲ သုံးထားပါတယ်။

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၀၈)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

အိမ်တစ်လုံးစာခန့် အရွယ်အစားရှိသည့် ခရမ်းလွန်ရောင်ခြည်ဗုံးကြီးအား ဆွဲကိုင်လျက် တုပိုင် တမန်တော်ထံသို့ တဟုန်ထိုးပြေးဝင်လိုက်၏။

“အားးး အားးး အားးး”

တစ်ချိန်တည်းမှာပင် နားကွဲမတတ် အော်ဟစ်ညည်းတွားသံများနှင့်အတူ မရေမတွက်နိုင်သည့် တစ္ဆေဝိညာဉ်များက မိစ္ဆာတမန်တော်၏ ခန္ဓာကိုယ်ထက်၌ သွေးစုပ်ဖုတ်ကောင်များအလား တွယ်ကပ်ထားလျက် ရှိနေကြ၏။

ဘုရင်မ မိုဟန်သည် သေဆုံးသွားပြီဆိုသော်ငြား သူမ၏ ကလဲ့စားချေလိုစိတ်များကမူ နည်းနည်းလေးမှပင် လျော့နည်းသွားခြင်း မရှိချေ။

မိစ္ဆာတမန်တော်က အသည်းအသန် ရုန်းကန်နေသော်လည်း အချည်းနှီးသာ ဖြစ်လေ၏။ သူ၏ စွမ်းအင်တို့ အထွတ်အထိပ်၌ ရှိနေစဉ်က ဤသန်းနှင့်ချီသော မိစ္ဆာဝိညာဉ်များကို စာပင်ဖွဲ့နေမည် မဟုတ်ချေ။ သို့သော် လက်ရှိအချိန်၌မူ သူ၏ စွမ်းအင်နှလုံးသား ပျက်စီးသွားရပြီဖြစ်သောကြောင့် အနှစ်မပါသည့် အခွံကဲ့သို့ ဖြစ်သွားရတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် တုပိုင်ရောက်လာကာ ခရမ်းလွန်ရောင်ခြည်ဗုံးကြီးအား တမန်တော်၏ ပေါက်နေသည့် ရင်ဘတ်ထဲသို့ ပစ်ထည့်လိုက်လေတော့၏။

“မဟုတ်ဘူး… မဟုတ်နဲ့… မဟုတ်ဘူး…” မိစ္ဆာတမန်တော်က အထိတ်အလန့် အော်လိုက်ရ၏။ တစ်ချိန်လုံး မာနကြီးနေခဲ့သည့် သူ၏ မျက်နှာအထက်၌လည်း ကြောက်ရွံ့တုန်လှုပ်မှုတို့ဖြင့် ပြည့်နှက်နေလေပြီ။

“ဘုန်းးးးး”

နားကွဲမတတ် ကျယ်လောင်လှသည့် ပေါက်ကွဲသံကြီးနှင့်အတူ မိစ္ဆာတမန်တော်ကြီး၏ ဧရာမ ခန္ဓာကိုယ်ကြီးမှာ ဖရဲသီးတစ်ခုကဲ့သို့ ပေါက်ကွဲထွက်သွားလေတော့သည်။

တမန်တော်အား ချုပ်နှောင်ထားကြသည့် လီဝိညာဉ်များအားလုံးတို့သည်လည်း မီးတောက်များနှင့်အတူ ပျောက်ကွယ်သွားလေတော့၏။ ဤသို့ဖြင့် နတ်ဘုရားအလား အစွမ်းထက်လှသည့် မိစ္ဆာတမန်တော်ကြီးမှာ အလောင်းပင် မကျန်တော့ဘဲ သေဆုံးသွားလေတော့သည်။

စစ်ပွဲကြီး အဆုံးသတ်လေပြီ။ အောင်နိုင်ဖို့ မဖြစ်နိုင်လောက်ဟု ထင်ရသည့် တိုက်ပွဲကြီးအား တုပိုင် အနိုင်ရသွားလေပြီ။ ဖန်ချင်းယီမှာ တုပိုင်အား ကိုးကွယ်တော့မတတ် မျက်လုံးများဖြင့် ရမ္မက်ပြင်းပြစွာ စိုက်ကြည့်​နေ၏။

သူမက အပြုံးလေးဖြင့် ဆိုလာသည်။ “ဟင်းဟင်း… ကျွန်မရဲ့ ယောက်ျားက အရမ်းကို အရမ်းကို အံ့ဩဖို့ကောင်းတာပဲ။ အခု ရှင့်ရဲ့ အိပ်ရာပေါ်က စွမ်းရည်က ဘယ်လောက်ကောင်းလဲဆိုတာကို ကြည့်ကြတာပေါ့…”

**--**--**--**--**--**--**--**

တစ်ချိန်တည်း၌ပင် အိပ်မက်ဆိုးအင်ပါယာ၏ မြို့တော်၌ ကံကြမ္မာမိစ္ဆာသခင် ကျောက်ယန်ဖိန်က သွေးရောင်ဝိုင်နီကို တစ်ငုံချင်း ဇိမ်ခံသောက်လျက် အပြာဇာတ်ကား တစ်ကားကို စိတ်ဝင်တစားဖြင့် စိုက်ကြည့်နေလျက် ရှိနေသည်။ ထိုဇာတ်ကားမှာ အခြားမဟုတ်လေဘဲ သူကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ရိုက်ကူးနေသည့် ဇာတ်ကားပင်။

ထိုက်ခန်အင်ပါယာရှိ တိုက်ပွဲအကြောင်းကိုမူ သူ လုံးဝ မေ့လျော့နေပြီဖြစ်သည်။‌ အဘယ်ကြောင့်ဆိုသော် တုပိုင် အနိုင်ရသွားရန်မှာ လုံးဝ မဖြစ်နိုင်သောကြောင့်ပင်။

သူ၏ မိစ္ဆာနယ်စားတစ်ပိုင်းအဆင့်သို့ ရောက်နေပြီဖြစ်သည့် တမန်တော်မှာ အလွန်အစွမ်းထက်လှပြီး လက်တစ်ချက်လောက် ရမ်းရုံဖြင့် တုပိုင်အား အမှုန့်ကြိတ်နိုင်စွမ်း ရှိနေသည်။ ထို့အတွက်ကြောင့် တုပိုင် အနိုင်ရမည်မှာ နေမင်းကြီး အနောက်အရပ်မှ ထွက်လာသကဲ့သို့ပင် လုံးဝ ဖြစ်နိုင်ခြေ မရှိချေ။

ကျောက်ယန်ဖိန်က မျက်မှောင်ကြုတ်ကာ အော်ပြောလိုက်၏။ “သောက်ကောင်မ။ သေချာစိတ်နှစ်စမ်းပါကွာ။ မင်းက တုရှောင်ရဲ့ နေရာကနေ သရုပ်ဆောင်နေတာလေ။ သူက စိတ်ဓာတ်ခိုင်မာပြီးတော့ ဖြူစင်တဲ့ မိန်းမကွ။ မင်းရဲ့ အခုလိုမျိုး ဖာသည်မပုံစံ မဟုတ်နေဘူး။ သေချာ စိတ်နှစ်စမ်း”

“သူက အခု အဖမ်းခံရပြီးတော့ စော်ကားခံရတော့မှာ။ အဲဒီလိုအချိန်မှာ ဖြစ်နေတဲ့ ကြောက်နေတဲ့ သူရဲ့ပုံကို သေချာစိတ်နှစ်ပြီးတော့ ပုံဖော်”

“ပြီးတော့ တုပိုင်နေရာကနေ သရုပ်ဆောင်နေတဲ့ကောင်။ အခုချိန်လောက်ဆိုရင် တုပိုင် သေနေလောက်ပြီ။ ဆို‌တော့ကာ မင်းလည်း သေလိုက်တော့။”

ထိုသို့ ပြောပြီးသည်နှင့် လက်ကို တစ်ချက်ရမ်းလိုက်ကာ တုပိုင်နေရာ၌ သရုပ်ဆောင်နေသည့် ယောက်ျားအား အမှန်တကယ် သတ်ပစ်လိုက်၏။

ကျောက်ယန်ဖိန်သည် တုပိုင်အား လူသေတစ်ယောက်အဖြစ် သတ်မှတ်ထားလေပြီး အာရုံရှိမနေတော့ပေ။ ယခုလက်ရှိအချိန်၌ သူ စိတ်ဝင်စားသည်မှာ ယောက်ျားကြီး ငါးယောက်က တုရှောင်အား ဝိုင်း၍ စော်ကားသည့် မြင်ကွင်းကို အရသာခံပြီးတော့ ကြည့်ရှုလိုနေခြင်းပင်။

သို့သော် ထိုအချိန်၌ပင် ဝိညာဉ်မိစ္ဆာမတစ်ကောင်က ကြောက်လန့်တကြားဖြင့် အော်ဟစ်ကာ အခန်းထဲသို့ ပြေးဝင်လာ၏။ “သခင်ကြီး…။ ကျွန်မတို့ ရှုံးသွားပြီ။ သခင်ကြီးရဲ့ တမန်တော် သေသွားပြီ။ မိစ္ဆာစစ်သည် ငါးသောင်းလုံးလည်း သေသွားပါပြီ”

“ဟမ်”

ကျောက်ယန်ဖိန်မှာ ထိုသတင်းကြောင့် မည်သို့တုံ့ပြန်ရမှန်းပင် မသိတော့ဘဲ ကြောင်တောင်တောင် ဖြစ်သွားရတော့သည်။ မည်သည်တို့ ဖြစ်သွားသည်နည်း။ အမှန်တကယ်ပင် နေမင်းကြီး အနောက်အရပ်မှ ထွက်ပေါ်လာပြီ​လော။

ခဏအကြာ၌ သူ၏ အသက်ရှူသံများ ပြင်းထန်လာကာ ဒေါသကြောင့် ရင်ဘတ်မှာလည်း နိမ့်ချည်မြင့်ချည် ဖြစ်လာတော့သည်။

သို့သော် ထူးဆန်းစွာပင် သိပ်မကြာလိုက်ဘဲ စိတ်ငြိမ်သွားလေ၏။ သူက ဝိုင်ခွက်အား အသာချလိုက်ပြီး အမိန့်ပေးလိုက်သည်။ “တုပိုင်ရဲ့ ဖာသည်မ လီဝမ်ဝမ်ကို သွားခေါ်စမ်း။ သူ့ကို စော်ကားမယ်။”

သူ၏ အသံမှာ အလွန်တည်ငြိမ်နေသော်လည်းပဲ ကြားလိုက်သူတိုင်းကို ကြက်သီးထသွားစေသည်အထိ အေးစက်နေ၏။

ထို့နောက် သူက သွေးအေးစွာဖြင့် ဆက်ပြောလိုက်သေးသည်။ “ပြီးတော့ ထိုက်ခန်အင်ပါယာ မြို့တော်ကလွဲပြီးတော့ ကျန်တဲ့နေရာက လူတွေ အကုန်လုံးကို သွားသတ်လိုက်။ မသတ်ခင်မှာ တုပိုင် နိုင်သွားပြီဆိုတာကို ပြောဖြစ်အောင် ပြော။ သူတို့ရဲ့ မျက်နှာပေါ်က ထွက်ပြေးလာမိလို့ နောင်တရနေတဲ့ မျက်နှာပေးတွေကို မှတ်တမ်းတင်ခဲ့ချေ”

“အမိန့်အတိုင်းပါ သခင်ကြီး”

**--**--**--**--**--**--**--**

အချိန်အနည်းငယ် ကြာပြီးနောက် မှိုင်ထိုင်းနေသည့် လီဝမ်ဝမ်အား ကံကြမ္မာမိစ္ဆာသခင် ကျောက်ယန်ဖိန်၏ ရှေ့မှောက်သို့ ဆွဲခေါ်လာကြသည်။ ကျောက်ယန်ဖိန်က မျက်စိပင် ဖွင့်မကြည့်ဘဲ အမိန့်ပေးလိုက်၏။

“မိစ္ဆာဝိညာဉ် ထွက်ခဲ့တော့”

ချက်ချင်းဆိုသလိုပင် မိစ္ဆာဝိညာဉ်က အခိုးအငွေ့များအဖြစ် အသွင်ပြောင်းသွားလေပြီး လီဝမ်ဝမ်၏ ခန္ဓာကိုယ်ထဲမှ ထွက်ခွာလာ၏။ ရလဒ်အနေဖြင့် လီဝမ်ဝမ်က အသိပြန်ဝင်လာသည်။

ချက်ချင်းဆိုသလိုပင် သူမက ဒေါသတကြီးဖြင့် အော်ဟစ်လိုက်ပြီး မိစ္ဆာဖီးနစ်အသွင်သို့ ပြောင်းလိုက်ကာ ကောင်းကင်ယံကိုပင် လောင်ကျွမ်းသွားစေလောက်မည့် မီးတောက်ကြီးတို့ဖြင့် ကျောက်ယန်ဖိန်ထံသို့ မှုတ်ထုတ်လိုက်တော့သည်။

မိစ္ဆာဝိညာဉ်လက်ခံကောင် ၄ ယောက်ထဲမှ တစ်ယောက်ဖြစ်သည်နှင့်အညီ လီဝမ်ဝမ်သည်လည်း အလွန်အစွမ်းထက်လှသည့် မိစ္ဆာဖီးနစ်သွေးကြောကို ပိုင်ဆိုင်ထားသူ တစ်ယောက်ပင်။ သူမ၏ ကျင့်ကြံခြင်းအဆင့်သည်လည်း မိစ္ဆာနယ်စားတစ်ပိုင်းအဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်လေ၏။ ထို့အတွက်ကြောင့် မိစ္ဆာတမန်တော်ပင် သူမ၏ မီးတောက်များအား ကြောက်ရွံ့ရသည်။

အလွန်ပူပြင်းလှသည့် ဖီးနစ်မီးလျှံများက ကျောက်ယန်ဖိန်အား ဝါးမျိုသွားလေ၏။

သို့သော် နောက်စက္ကန့်၌ မီးလျှံများကြားမှပင် ကျောက်ယန်ဖိန်က လက်ကို ဆန့်ထုတ်လျက် လေဟာပြင်ကို ညင်သာစွာ ဖိနှိပ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် အလွန်ပူပြင်းလှသည့် ဖီးနစ်မီးလျှံတို့သည် ရေခဲအဖြစ်သို့ အသွင်ပြောင်းလေပြီး လီဝမ်ဝမ်၏ မိစ္ဆာဖီးနစ်မီးလျှံအဖြစ် အသွင်ပြောင်းထားမှုသည်လည်း အတင်းအဓ္ဓမ ပျက်ပြယ်သွားရလေတော့၏။

ကျောက်ယန်ဖိန်က ထပ်မံပြီး သူ၏ လက်အား ညင်သာစွာဖြင့် ဖိနှိပ်လိုက်ပြန်သည်။ ရလဒ်အနေဖြင့် ချက်ချင်းဆိုသလိုပင် မမြင်ရသည့် ဖိအားကြီးတစ်ခုက လီဝမ်ဝမ်အား ဖိချလာ၏။

“အားးးး”

စက္ကန့်အနည်းငယ်အတွင်းမှာပင် လီဝမ်ဝမ်သည် တိုက်ခိုက်နိုင်စွမ်းအားလုံးတို့အား ဆုံးရှုံးသွားတော့လေပြီး ကျောက်ယန်ဖိန်အား ဒေါသတကြီးဖြင့် စိုက်ကြည့်နေရုံသာ တတ်နိုင်တော့သည်။

“လီဝမ်ဝမ်…”

“မင်းက တုပိုင်ရဲ့ မိန်းမဆိုပေမယ့် ငါ မင်းကို လက်ဖျားနဲ့တောင် မထိခဲ့ဖူးဘူး။”

“အခုတော့ စိတ်မကောင်းဘူးကွယ်။ တုပိုင်ကို လက်စားချေတဲ့အနေနဲ့ မင်းကို ပြန်အနိုင်ကျင့်ရမယ်။”

“ပြောရရင် ငါရိုက်ခဲ့တဲ့ အပြာကားပေါင်းက ရာထောင်ချီနေပြီဆိုပေမယ့် ငါကိုယ်တိုင်ဝင်ပြီးတော့ တစ်ခါမှ မင်းသားအဖြစ် မရိုက်ဖူးသေးဘူးပဲ။ ပထမအကြိမ်ဆိုတော့ နည်းနည်းတော့ စိတ်လှုပ်ရှားနေမိပြီ။ ဟားဟား”

ထို့နောက် ကျောက်ယန်ဖိန်က သူ၏ အရှိန်အဝါသက်သက်ဖြင့် အဝတ်အစားများကို ပြာအဖြစ်ပြောင်းလိုက်ရာ သူ၏ ပြီးပြည့်စုံလှသည့် ကြွက်သားအမြှောင်းမြှောင်းဖြင့် ခန္ဓာကိုယ်ကြီးက ထွက်ပေါ်လာလေ၏။

ထို့နောက် ပြုံးလျက် ဒူးထောက်နေရသည့် လီဝမ်ဝမ်ထံသို့ လျှောက်လာကာ လက်ဖျောက်တစ်ချက် တီးလိုက်၏။ ထိုအခါ လီဝမ်ဝမ်၏ စကတ်မှာ ပြာအဖြစ် ပြောင်းသွားကာ အလွန်လှပသည့် အောက်ပိုင်းအလှလေးက ပေါ်လာတော့သည်။

“မဟုတ်ဘူး… မဟုတ်ဘူး…” စွမ်းအင်ဖိနှိပ်မှုကြောင့် လှုပ်ရှား၍ မရသည့် လီဝမ်ဝမ်မှာတော့ ရူးသွပ်စွာဖြင့် အော်ဟစ်နေရသည်။

လုံးဝ မျှော်လင့်ချက်မရှိတော့ဘူးဟု ထင်ရသည့် အချိန်၌... ရုတ်တရက်ဆိုသလိုပင် တုပိုင်၏ အရိပ်က လီဝမ်ဝမ်နှင့် ကျောက်ယန်ဖိန်တို့၏ အလယ်၌ ထွက်ပေါ်လာ၏။

“ကျောက်ယန်ဖိန်… မင်း ရှုံးသွားပြီ။ သဘောတူညီချက်အတိုင်း ကျုပ်ရဲ့ လီဝမ်ဝမ်ကို ပြန်ပေးစမ်း။ ပြီးရင် ထိုက်ခန်အင်ပါယာမှာ အဆုံးအဖြတ်တိုက်ပွဲ ဆင်နွှဲဖို့ ခင်ဗျားကို ဖိတ်ခေါ်တယ်။ အခုချက်ချင်း ထိုက်ခန်အင်ပါယာကို လာခဲ့စမ်း”

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၀၈) ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

All Chapters