← Chapters

အခန်း (၁၀၁၉-၁၀၂၀)

Vol. 101 Ch. 1019-1020

အခန်း (၁၀၁၉-၁၀၂၀)

Vol. 101 Ch. 1019-1020

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၁၉)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

ကျောက်ယန်ဖိန်၏ ရင်ထဲမှ မွန်းကြပ်မှုနှင့် နာကျင်မှုများက တဖြည်းဖြည်း သက်သာသွားပြီး တည်ငြိမ်လာ၏။ ထို့နောက် သူ၏ မျက်နှာပေါ်ရှိ လှောင်ပြောင်သရော်မှုများက ပျောက်ကွယ်သွားပြီး ရက်စက်ကြမ်းကြုတ်သည့် အသွင်အပြင်က အစားထိုး ဝင်ရောက်လာတော့သည်။

"တုပိုင်... ငါ့ရဲ့ စစ်တပ်တစ်ခုလုံး ပျက်စီးသွားပြီး တပ်မရှိတဲ့ စစ်သူကြီးတစ်ယောက် ဖြစ်သွားတယ်ဆိုတော့ကော... ဘာဖြစ်လဲ..."

တုပိုင်က ခနဲ့လိုက်သည်။ "မင်းက တပ်မရှိတဲ့ စစ်သူကြီး ဖြစ်သွားရုံတင်မကဘူး... စောက်ရူးကြီးပါ ဖြစ်သွားတာပဲ...။ ဆရာကြီးစတိုင် ဖမ်းပြမယ့်အစား စောက်ရူးတစ်ကောင်လို အကွက်လာပြနေတယ်...။ လုံးဝကို လူရွှင်တော်ပဲ..."

ကျောက်ယန်ဖိန်၏ မျက်နှာကြွက်သားများ တဆတ်ဆတ် တုန်ယင်သွားရ၏။

ကျောက်ယန်ဖိန်က ခပ်တည်တည်ဖြင့် ဆို၏။ "အဲတော့ ဘာဖြစ်လဲ...။ မင်းမေလိုးကွာ။ ချမလားကွာ။ ငါက မိစ္ဆာနယ်စားကြီး ဖြစ်နေတုန်းပဲ...။ ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကလည်း မင်းထက် အဆတစ်ရာ ၊ တစ်ထောင်မက ပိုမြင့်နေတုန်းပဲ...။ မင်းရဲ့ စကြာဝဠာ မိစ္ဆာချေမှုန်းရေး စွမ်းအင်အစီအရင်က တကယ်ကို အစွမ်းထက်ပါတယ်...။ ဒါပေမဲ့ မင်းက အဲဒီအထဲမှာ တစ်သက်လုံး ပုန်းနေလို့ ရမှာတဲ့လား...။ မင်း ငါ့ကို သတ်နိုင်လို့လား..."

အမှန်တကယ်ပင် မသတ်နိုင်ပေ။ ကံကြမ္မာမိစ္ဆာသခင်မှာ အလွန်တရာ အစွမ်းထက်လွန်းလှသည်။

မိစ္ဆာမြို့စားတစ်ပါး၏ ကျင့်ကြံခြင်းအဆင့်ကပင် တုပိုင်အား လုံးဝ ဖိနှိပ်ထားနိုင်ပြီ ဖြစ်လေရာ မိစ္ဆာနယ်စားကြီးဖြစ်သော ကျောက်ယန်ဖိန်အတွက်မူ ဆိုဖွယ်ရာပင် မရှိတော့ချေ။

ကျောက်ယန်ဖိန်က ဆက်၍ ကြုံးဝါးလိုက်သည်။ "ဒါပေမဲ့ မင်း ထိုက်ခန်အင်ပါယာ မြို့တော်ကနေ ထွက်လာတာနဲ့ မင်းကို ငါ အပိုင်းပိုင်းအစစ ဆွဲဖြဲပစ်နိုင်တယ်...။ မင်းရဲ့ မိန်းမနဲ့ သမီး အပါအဝင်ပေါ့...။ မင်း ခြေတစ်လှမ်း ထွက်ရဲတာနဲ့... စကြာဝဠာ မိစ္ဆာချေမှုန်းရေး အစီအရင်ရဲ့ အကာအကွယ်ကနေ ထွက်လာတာနဲ့ သူတို့ကို ငါဖမ်းပြီး အကြိမ်တစ်ထောင် ၊ တစ်သောင်းမက စော်ကားပစ်မယ်...။ အသက်ရှင်လျက်နဲ့ သေချင်စော်နံသွားအောင် လုပ်ပစ်မယ်..."

"ဒီလောက်တင် မကသေးဘူး...။ ဟုတ်တယ်... ငါက တပ်မရှိတဲ့ စစ်သူကြီး ဖြစ်သွားပြီ...။ ဒါပေမဲ့ ထိုက်ခန်အင်ပါယာ မြို့တော်ရဲ့ အပြင်ဘက်မှာ မရေမတွက်နိုင်တဲ့ လူသားတွေ ရှိနေသေးတယ်...။ သူတို့အားလုံးကို ငါ အလွယ်လေး သတ်ပစ်လို့ ရတယ်လေ...။ ငါက အရူးပဲ... ပျော်စရာအဖြစ် သတ်ချင်သတ်မှာပဲ...။ တစ်ရက်ကို လူတစ်သောင်း သတ်ပစ်မယ်...။ ဒီလိုနေ့ရက်တွေကလည်း တော်တော် စိတ်ဝင်စားစရာ ကောင်းမှာပဲ...။ မင်း ငါ့ကို ဘာလုပ်နိုင်မှာလဲ..."

တုပိုင် တိတ်ဆိတ်သွားလေ၏။

ကျောက်ယန်ဖိန်က မဲ့ပြုံးပြုံးလျက် ဆက်ပြောသည်။ "ပိုပြီး အရေးကြီးတာက လီဝမ်ဝမ်က ငါ့လက်ထဲမှာ ရှိနေတယ်...။ မီးနတ်ဘုရားဂိုဏ်းရဲ့ အန်ဂျလာကလည်း ငါ့လက်ထဲမှာ ရှိနေတယ်...။ သူတို့နှစ်ယောက်လုံးက မင်းရဲ့ မိန်းမတွေလေ...။ အခု မင်းက ငါ့ရဲ့ သန်းချီတဲ့ မိစ္ဆာတွေကို သတ်ပစ်လိုက်ပြီဆိုတော့ ငါက ဘယ်လို လက်စားချေမယ်လို့ မင်းထင်လဲ...။ သူတို့ကို ငါ ဘယ်လို နှိပ်စက်မယ်လို့ မင်းထင်လဲ..."

"လီဝမ်ဝမ်နဲ့ အန်ဂျလာတင် မကဘူး... ငါ့ဘေးနားက ဆရာမ ကျန်းယွီဟန်ကောပဲ...။ သူက မင်းနဲ့ မင်းသမီးရဲ့ အသက်ကို ကယ်တင်ခဲ့ရုံတင်မကဘူး... မင်းကိုပါ ဆယ်နှစ်ကျော်ကြာ ပြုစုစောင့်ရှောက်ပေးခဲ့တယ်...။ သူက မင်းအပေါ် ဘယ်လောက်တောင် ကျေးဇူးကြီးမားလိုက်လဲ...။ သူ့ကိုကော ငါ ဘယ်လို နှိပ်စက်မယ်လို့ မင်းထင်လဲ..."

ကျောက်ယန်ဖိန်က ရက်စက်စွာ ပြုံးလိုက်၏။ "လူကြီးတွေစကား ရှိတယ်မလား... ရန်ငြိုးကို ဇနီးနဲ့ သားသမီးတွေဆီ အထိမခံရဘူးတဲ့...။ ဒါပေမဲ့ ငါက အဲတာတွေကို စောက်ဂရုစိုက်မနေဘူး။ မင်းက စကြာဝဠာ မိစ္ဆာချေမှုန်းရေး စွမ်းအင်အစီအရင်ရဲ့ အကာအကွယ်အောက်မှာ ပုန်းနေတော့ ငါ မင်းကို ဘာမှ လုပ်လို့မရဘူးလေ...။ ဒါဆိုရင် မင်းရဲ့ မိန်းမတွေကို ငါ ယူရမှာပေါ့...။ မင်းကို ဂျိုတပ်ပေးပြီး သူတို့ကို သေတဲ့အထိ အသေအလဲ စော်ကားပစ်မယ်...။ ဒါက တကယ်ကို အရသာရှိမှာပဲ... ဟား ဟား ဟား..."

အော်ဟစ်ရယ်မောလိုက်ပြီးနောက် ကံကြမ္မာမိစ္ဆာသခင် ကျောက်ယန်ဖိန်သည် အပြင်းအထန် ချောင်းဆိုးလာကာ သွေးများ ထပ်မံ၍ အန်ချလိုက်ရပြန်၏။

သို့သော် သူက ပို၍ပင် မောက်မာစွာ ရယ်မောလိုက်ပြန်သည်။ "တုပိုင်... မင်းရဲ့ မိန်းမတွေကို ငါ စော်ကားပြီး မင်းကို ဂျိုတပ်ပေးမယ်...။ မင်း ငါ့ကို ဘာလုပ်နိုင်မှာလဲ... ဟမ်... ငါ့ကို ဘာလုပ်နိုင်မှာလဲ..."

တုပိုင်သည်တော့ မည်သည့်စကားမျှ မဆိုတော့ဘဲ ကျောက်ယန်ဖိန်အား မျက်နှာသေဖြင့်သာ တိတ်ဆိတ်စွာ စိုက်ကြည့်နေလေ၏။ သူ၏ မျက်ဝန်းများအတွင်း၌ စက်ဆုပ်ဖွယ်အရာတစ်ခုကို ကြည့်နေသည့် အကြည့်များနှင့် လှောင်ပြောင်သရော်မှုများသာ ပြည့်နှက်နေတော့သည်။

ကျောက်ယန်ဖိန်က မေးလိုက်၏။ "တုပိုင်... မင်းရဲ့ မိန်းမတွေကို ကယ်ချင်လား... လီဝမ်ဝမ် ၊ အန်ဂျလာနဲ့ ကျန်းယွီဟန်တို့ကို မင်း ကယ်ချင်လား..."

တုပိုင်က ခေါင်းညိတိလိုက်သည်။ "သေချာတာပေါ့..."

ကျောက်ယန်ဖိန်က ဆိုသည်။ "ငါ့ရဲ့ ကံကြမ္မာနန်းတော်က အရှေ့ပစိဖိတ်သမုဒ္ဒရာရဲ့ အလယ်ဗဟိုမှာ ရှိတယ်...။ ကောင်းကင်ပေါ်ကနေ ငုံ့ကြည့်လိုက်ရင် ဧရာမ ရေဝဲကြီးတစ်ခု ရှိတယ်...။ အဲဒါက ငါ့ရဲ့ နန်းတော်... ငါ့ရဲ့ ခံတပ်ပဲ...။ ငါ မင်းကို အဲဒီမှာ စောင့်နေမယ်...။ မင်းကို အချိန် ၄၈ နာရီ ပေးမယ်..."

ကျောက်ယန်ဖိန်က ဆက်ပြောသည်။ "တုပိုင်... မင်း ငါ့ကို မသတ်ချင်ဘူးလား...။ မင်းရဲ့ မိန်းမသုံးယောက်ကို မကယ်ချင်ဘူးလား...။ ငါတို့တွေ နောက်ဆုံးအနေနဲ့ တစ်ပွဲတည်း အဆုံးအဖြတ် တိုက်ကြမယ်...။ တစ်ယောက်ပဲ အသက်ရှင်ခွင့်ရမယ်...။ မင်း နိုင်ရင် မင်းရဲ့ မိန်းမတွေကို ခေါ်သွား...။ မင်း ရှုံးရင်တော့ သေလိုက်တော့...။ ပြီးတော့ ဒီမိန်းမသုံးယောက်ပါ မင်းနဲ့အတူ အသေခံရမယ်... ဘယ်လိုလဲ..."

ထိုစကားကို ကြားလိုက်ရချိန်​၌ လူတိုင်းက ကျိန်ဆဲလိုက်ကြတော့သည်။ တုပိုင်၏ ကျင့်ကြံခြင်းအဆင့်က မည်မျှရှိပြီး မိစ္ဆာသခင်အဆင့်က မည်မျှရှိသနည်း။ တုပိုင်ထက် အဆတစ်ထောင်မက ပိုမြင့်နေသည် မဟုတ်ပါလော။

ထိုသို့တိုင်အောင် တုပိုင်အား အဆုံးအဖြတ် တိုက်ပွဲခေါ်နေသည်လား။ ထို့ပြင် သူ၏ ကိုယ်ပိုင်ခံတပ်အတွင်း၌ တိုက်ခိုက်မည်လား။ တုပိုင် အယောက်တစ်ရာ ၊ တစ်ထောင် ရှိနေလျှင်ပင် ကျောက်ယန်ဖိန်၏ ပြိုင်ဘက် ဖြစ်လာနိုင်မည် မဟုတ်ချေ။ ဤသည်မှာ သေချာပေါက် သေလမ်းသွားရမည့် တိုက်ပွဲဖြစ်ရာ မည်သူကများ သဘောတူလောက်အောင် အရူးအနှမ်း ဖြစ်နေမည်နည်း။

ကျောက်ယန်ဖိန်က သတိပေးလိုက်၏။ "တုပိုင်... မှတ်ထား...။ ငါ မင်းကို အခုကစပြီး ၄၈ နာရီပဲ အချိန်ပေးမယ်...။ ၄၈ နာရီအတွင်း မင်း ရောက်မလာဘူးဆိုရင်တော့ မင်းရဲ့ မိန်းမသုံးယောက်လုံး ငါ စော်ကားတာ ခံဖို့သာ ပြင်ထား...။ နေ့ညမပြတ် စော်ကားပြီး မင်းကို ဂျိုတပ်ပေးမယ်...။ ပြီးရင် ဒီမိန်းမသုံးယောက်ရဲ့ အလောင်းတွေကို လာကောက်ဖို့သာ စောင့်နေပေတော့..."

ထို့နောက် အလင်းရောင်တစ်ချက် လက်သွားပြီးနောက် ကံကြမ္မာမိစ္ဆာသခင် ကျောက်ယန်ဖိန် ပျောက်ကွယ်သွားလေတော့၏။

ကျန်းယွီဟန်လည်း သူနှင့်အတူ ပျောက်ကွယ်သွားခဲ့သည်။ သူမသည် အစမှအဆုံးတိုင်အောင် စကားတစ်ခွန်းမျှ မဟနိုင်ခဲ့ချေ။ မျက်ဝန်းများမှတစ်ဆင့်သာ သူမအား လုံးဝ လာမကယ်ရန်နှင့် လွှတ်ထားခဲ့ရန် တုပိုင်အား အသည်းအသန် တောင်းဆိုနေခဲ့​ရုံသာ တတ်နိုင်ခဲ့၏။

"တုပိုင်... မင်းကို ၄၈ နာရီပဲ အချိန်ပေးမယ်...။ ငါတို့ အသေအကျေ တိုက်ပွဲဝင်ကြမယ်...။ နှစ်ယောက်မှာ တစ်ယောက်ပဲ ရှင်ရမယ်..."

ကျောက်ယန်ဖိန်၏ အသံက လေထဲတွင် ပဲ့တင်ထပ်၍ ထွက်ပေါ်နေဆဲ ဖြစ်သော်ငြား သူ၏ ရုပ်သွင်မှာမူ အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားလေပြီ။

မည်သူကမျှ သူ့အား မတားဆီးနိုင်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် သူသည် အလွန်တရာ အစွမ်းထက်လွန်းသောကြောင့် ဖြစ်၏။ တုပိုင်၏ လက်အောက်ငယ်သားများ အားလုံး စုပေါင်း၍ တားဆီးလျှင်ပင် ထိန်းချုပ်နိုင်မည် မဟုတ်ပေ။

ဆန့်ကျင်ဘက်အနေဖြင့် တုပိုင်နှင့် သူ၏လူများသာ စကြာဝဠာ မိစ္ဆာချေမှုန်းရေး အစီအရင်၏ အကာအကွယ် နယ်ပယ်မှ ထွက်သွားခဲ့မည် ဆိုပါက ချက်ချင်းပင် ရက်ရက်စက်စက် အသတ်ခံရမည်သာ ဖြစ်၏။

တုပိုင်က တည်ငြိမ်စွာပင် ဆိုလိုက်သည်။ "ကောင်းပြီလေ... ငါ သေချာပေါက် လာခဲ့မယ်..."

**--**--**--**--**--**--**--**

ကျောက်ယန်ဖိန်သည် တုပိုင်၏ ကျေးဇူးရှင် ကျန်းယွီဟန်အား ခေါ်ဆောင်လျက် ထွက်ခွာသွားလေပြီ။

သို့သော် တုပိုင်၏ ပထမဆုံးအချစ်ဖြစ်သော ကျန်းရှောင်မန်နှင့်အတူ ထိုက်ခန်အင်ပါယာ အရှေ့ဘက်ပြည်နယ် ဘုရင်ခံနှင့် စစ်သည်အင်အား ငါးသောင်းရှိသော စစ်တပ်ကြီးမှာ ကျန်ရစ်နေခဲ့၏။

ကျန်းရှောင်မန်၏ မျက်နှာသည် သွေးဆုတ်သွားသကဲ့သို့ အလွန်တရာ ဖြူရော်နေကာ ကြောက်မက်ဖွယ် ကောင်းလှ၏။

မျက်ဝန်းများအတွင်းရှိ အကြည့်များမှာ အလွန် ရှုပ်ထွေးနေသည်။ အကြောက်တရားများ ပြည့်နှက်နေသော်ငြား တစ်ချိန်တည်းမှာပင် အညံ့ခံမည်မဟုတ်သည့် ခေါင်းမာမှုများဖြင့်လည်း ပြည့်နှက်နေသေးသည်။

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၁၉) ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၂၀)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

"မင်း ငါ့ကို သတ်ချင်ရင် သတ်လိုက်တော့...။ ဒါပေမဲ့ ငါ ကျန်းရှောင်မန်က မင်းကို အသက်ချမ်းသာပေးဖို့ တောင်းပန်မယ်လို့တော့ မမျှော်လင့်နဲ့...။ တုပိုင်... အတင့်မရဲနဲ့..."

သို့သော် တုပိုင်သည် ဒေါသတကြီး ဖြစ်မလာဘဲ အလွန်တရာ နူးညံ့သိမ်မွေ့စွာပင် တုံ့ပြန်လိုက်၏။

တုပိုင်က ပြောလိုက်သည်။ "အထက်တန်းကျောင်းတုန်းက မင်းအပေါ် ကျူးလွန်ခဲ့တဲ့ အမှားတွေအတွက် ငါ တကယ်ကို တောင်းပန်ပါတယ်...။ အဲဒီတုန်းက ငါက တကယ်ကို ငယ်ရွယ်ပြီး ဘာမှနားမလည်ခဲ့ဘူး...။ ငါ တော်တော်လေးကို အမြင်ကတ်စရာ ကောင်းခဲ့တာကို သိပါတယ်..."

ကျန်းရှောင်မန်၏ လှပသော မျက်နှာလေးမှာ တဆတ်ဆတ် တုန်ယင်သွားလေ၏။

တုပိုင်က ဆက်ပြောသည်။ "ဒါပေမဲ့ မင်း ငါ့ကို လှည့်စားခဲ့တာ ငါ့ကို မုန်းလို့မဟုတ်ဘူး... မင်း သေရမှာကို ကြောက်လို့ဆိုတာ ငါသိတယ်...။ မင်းသာ ငါ့ကို လှည့်စားဖို့ ဟန်မဆောင်ခဲ့ရင် ကျောက်ယန်ဖိန်က မင်းကို အသက်ရှင်ခွင့် ပေးမှာမို့လို့လား...။ မင်း ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံဖို့ကျတော့လည်း သတ္တိမရှိဘူးလေ...။ မင်းက သေရမှာကို ကြောက်တဲ့သူပဲ..."

ကျန်းရှောင်မန်က အော်ပြောလိုက်သည်။ "ငါ အသက်ရှင်ချင်တယ် သေရမှာကို ကြောက်တယ်... အဲဒါ မှားနေလို့လား...။ ငါက မင်းလောက် သတ္တိမရှိဘူး... မင်းလောက်လည်း မကြီးမြတ်ဘူး... ငါက သာမန်မိန်းမတစ်ယောက်ပဲ... အဲဒါက မှားနေလို့လား..."

တုပိုင်က ပြန်ပြောသည်။ "မမှားဘူး... မင်း မမှားဘူး..."

ထို့နောက် သူ အဆိပ်ပြွန်တစ်ခုကို ထုတ်ယူကာ သူမထံသို့ ကမ်းပေးလိုက်၏။ "ဒါကို သောက်လိုက်ရင် မင်း ဘာနာကျင်မှုကိုမှ ခံစားရမှာ မဟုတ်ဘူး...။ အိပ်ပျော်သွားသလိုပဲ ဖြစ်နေလိမ့်မယ်...။ ဒါက အသက်သာဆုံး သေဆုံးခြင်းပဲ..."

ကျန်းရှောင်မန် တုန်ယင်နေသော လက်များဖြင့် ထိုအဆိပ်ပြွန်ကို လှမ်းယူလိုက်ပြီးနောက် သူမ၏ အသက်ရှူမဝ ဖြစ်လာသည်ကို ခံစားလိုက်ရ၏။

ခေတ္တမျှ ကြာပြီးနောက် သူမ ပြန်လည်တည်ငြိမ်သွားကာ ယဥ်ကျေးစွာဖြင့် ပြောလိုက်သည်။ "တုပိုင်... ကျွန်မအတွက် အခန်းငယ်လေးတစ်ခန်းလောက် ပြင်ဆင်ပေးလို့ ရမလား..."

တုပိုင်က ဖြေလိုက်၏။ "ရပါတယ်..."

ထိုအခန်းငယ်လေးအတွင်း၌ တုပိုင်နှင့် ကျန်းရှောင်မန် နှစ်ယောက်တည်းသာ ရှိနေ၏။

ရုတ်တရက် ကျန်းရှောင်မန်သည် သူမ၏ အဝတ်အစားများကို ရုတ်တရက် ဆွဲချွတ်လိုက်ရာ ခန္ဓာကိုယ်ပေါ်၌ မည်သည့်အရာမျှ ကျန်ရစ်မနေတော့ချေ။ ထို့နောက် သူမက ကျောခိုင်းလိုက်သည်။ "တုပိုင်... အမည်းစက်တွေ ရှိနေသေးလား..."

တုပိုင်က ပြန်လည်ဖြေကြားလိုက်၏။ "အမည်းစက် တစ်စက်မှ မရှိဘူး... အရမ်းဖြူဖွေးပြီး အရမ်းကို ပြီးပြည့်စုံတယ်..."

"ကျေးဇူးပဲ..."

ထိုသို့ပြောပြီးနောက် ကျန်းရှောင်မန်သည် အဆိပ်များကို တစ်ကျိုက်တည်းဖြင့် မော့သောက်ချလိုက်လေ၏။

တစ်စက္ကန့်အကြာတွင် သူမသည် ချက်ချင်း လဲကျသွားကာ သေဆုံးသွားတော့သည်။ မျှော်လင့်ထားသည့်အတိုင်းပင် သူမသည် မည်သည့်နာကျင်မှုမျှ မရှိဘဲ အိပ်ပျော်သွားသကဲ့သို့ အသက်ထွက်သွားခဲ့၏။

**--**--**--**--**--**--**--**

ထိုက်ခန်အင်ပါယာ နန်းတော်၏ အရှေ့ဘက် ရင်ပြင်ထက်၌ အရှေ့ဘက်ပြည်နယ် ဘုရင်ခံသည် လူငါးသောင်းနှင့်အတူ ညီညာစွာ ဒူးထောက်နေလျက် ရှိနေသည်။

ဘုရင်ခံသည် တုပိုင်၏ အရှေ့၌ ဒူးထောက်လျက် အသည်းအသန် ခေါင်းနှင့် ကြမ်းပြင်အားတိုက်၍ တောင်းပန်နေသည်။ အချိန်ခဏအကြာတွင် သူ၏ နဖူး ပေါက်ပြဲသွားတော့ကာ သွေးများ ရွှဲနစ်လာတော့၏။

"အရှင်မင်းကြီး... ကျွန်တော်မျိုး မှားသွားပါပြီ... ကျွန်တော်မျိုး မှားသွားပါပြီ..."

"ကျွန်တော်မျိုးက သေသင့်တဲ့လူပါ... ကျွန်တော်မျိုး အရမ်းကို ကြောက်လန့်နေပါပြီ..."

"အရှင်မင်းကြီးက ကျွန်တော်မျိုးကို သတ်ပစ်မယ်ဆိုရင်တောင် ကျွန်တော်မျိုးမှာ မကျေနပ်ချက် မရှိဝံ့ပါဘူး...။ ဒါပေမဲ့ ကျွန်တော်မျိုးရဲ့ ဇနီး ၊ သားသမီးတွေနဲ့ ဒီစစ်သည်ငါးသောင်းကိုတော့ အသက်ချမ်းသာပေးဖို့ အရှင်မင်းကြီးကို တောင်းပန်ပါတယ်..."

"အရှင်မင်းကြီး... ကမ္ဘာပျက်ကပ်ကြီး ပြီးဆုံးသွားတာ ဆယ်နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပြီး လူသားမျိုးနွယ်တွေကလည်း အမြောက်အမြား သေဆုံးပြုန်းတီးသွားခဲ့ရပါပြီ...။ လူသားတိုင်းက အရမ်းကို တန်ဖိုးရှိပါတယ်...။ အပြစ်ရှိတဲ့သူအားလုံးအတွက် ကျွန်တော်မျိုး တစ်ယောက်တည်းကပဲ တာဝန်ယူပါ့မယ်...။ ကျွန်တော်မျိုး တစ်ယောက်တည်းကိုသာ သတ်ပစ်ပြီး ကျန်တဲ့ လူငါးသောင်းကိုတော့ လွှတ်ပေးလိုက်ပါ..."

ဘုရင်ခံ၏ စကားများကို ကြားလိုက်ရပြီးနောက် ကျန်ရှိနေသော လူငါးသောင်းမှာ ရှိုက်ကြီးတငင် ငိုကြွေးကာ သနားညှာတာမှု ရရှိရန် မြေပြင်တွင် အသည်းအသန် ခေါင်းဆောင့်၍ တောင်းပန်ကြတော့သည်။

"အရှင်မင်းကြီး... ကျွန်တော်မျိုး တစ်ယောက်တည်းကိုသာ သတ်ပြီး ဒီလူငါးသောင်းကို ချမ်းသာပေးဖို့ အရှင်မင်းကြီးကို တောင်းပန်ပါတယ်..."

အရှေ့ဘက်ပြည်နယ် ဘုရင်ခံသည် အသံကျယ်လောင်စွာဖြင့် ငိုကြွေးနေပြီး သူ၏အသံမှာ အသည်းကွဲနေသကဲ့သို့ ထွက်ပေါ်နေ၏။

သူ၏ အနောက်ဘက်ရှိ စစ်တပ်ကြီး ငါးသောင်းသည်လည်း အသံကျယ်လောင်စွာ ငိုကြွေးလိုက်ကြပြီး အလွန်တရာ စိတ်လှုပ်ရှားစွာဖြင့် အသည်းအသန် ခေါင်းချ၍ တောင်းပန်ကြတော့သည်။ "အရှင်မင်းကြီး... ဘုရင်ခံကို ခွင့်လွှတ်ပေးဖို့ ကျွန်တော်မျိုးတို့ တောင်းပန်ပါတယ်...။ သူကလည်း လူသားမျိုးနွယ်ရဲ့ အနာဂတ်အတွက် အရှက်တကွဲ အကျိုးနည်းဖြစ်တာကို သည်းခံခဲ့ရတာပါ...။"

"အရှင်မင်းကြီးရဲ့ သနားညှာတာမှုကို ကျွန်တော်မျိုးတို့ တောင်းခံပါတယ်... ဘုရင်ခံကို ချမ်းသာပေးပါ..."

လူငါးသောင်းသည် အသက်ချမ်းသာပေးရန် တောင်းပန်နေကြပြီး သူတို့၏ အသံများမှာ တဖြည်းဖြည်း ကျယ်လောင်လာကာ တောင်းဆိုမှုက ပိုမို ခိုင်မာပြင်းပြလာသကဲ့သို့ပင်။

တုပိုင်က ခပ်တည်တည်ဖြင့်ပင် ပြောလိုက်သည်။ "တကယ်ကို ယုတ်မာပြီး ကောက်ကျစ်တဲ့လူပဲ...။ မင်းကိုယ်တိုင် အသက်ရှင်ချင်နေတာ ရှင်းနေတာကို... ဒီလူငါးသောင်းကို အသုံးချပြီး ငါ့ကို ကိုယ်ကျင့်တရားနဲ့ အကျပ်ကိုင်နေတာပဲ...။ လူအများကြီးဖြစ်နေရင် ငါ အပြစ်ပေးရက်မှာ မဟုတ်ဘူးလို့ မင်း ထင်နေတာမလား...။"

"လ​က်ရှိ လူသားမျိုးနွယ်က အရမ်းနည်းပါးပြီး တန်ဖိုးရှိတာမို့လို့ ဒီလူငါးသောင်းလုံးကို ငါ သေချာပေါက် သတ်ပစ်မှာမဟုတ်ဘူးလို့ မင်း တွက်ထားတာပဲ...။ အဲဒါကြောင့်မို့ မင်းက သူတို့အတွက် အသည်းအသန် ဝင်ရောက် တောင်းပန်ပေးပြီး သူတို့ရဲ့ စိတ်ခံစားချက်တွေကို အသုံးချလိုက်တာလေ...။ ဒီအခြေအနေမှာ ငါသာ မင်းကို သတ်လိုက်ရင် ဒီလူငါးသောင်းက ငါ့ကို ရင်ထဲမှာ နာကြည်းသွားကြပြီး ငါ့ကိုတောင် စွန့်ပယ်သွားလိမ့်မယ်...။ အဲဒီတော့ ငါက သူတို့ ငါ့အပေါ် နာကြည်းတာကို မလိုချင်ဘူးဆိုရင် သူတို့ရဲ့ နှလုံးသားကို သိမ်းသွင်းချင်တယ်ဆိုရင် မင်းကို မသတ်ဘဲ အသက်ချမ်းသာပေးရုံပဲ ရှိတော့မှာပေါ့..."

"တော်တော်လေး အကွက်ကျတဲ့ အကြံအစည်ပဲ... အရမ်းကို ကောက်ကျစ်တဲ့ နှလုံးသားပဲ..." တုပိုင်၏ အသံမှာ အလွန်တရာ တည်ငြိမ်နေပေသည်။

အရှေ့ဘက်ပြည်နယ် ဘုရင်ခံမှာမူ တဆတ်ဆတ် တုန်ယင်လာပြီး သူ၏ မျက်နှာမှာလည်း သွေးဆုတ်ဖြူရော်လာတော့၏။

တုပိုင်က ဆက်ပြောသည်။ "ငါက လူ့အသက်တိုင်းကို အရမ်း တန်ဖိုးထားပါတယ်...။ လေလွင့်မဟာမိတ်အဖွဲ့က သန်းချီတဲ့ လူတွေ ငါ့ကို လာတိုက်ခိုက်တော့လည်း ငါ သူတို့ကို မသတ်ခဲ့ဘူး...။ စစ်သေနာပတိ ခြောက်ယောက်နဲ့ ဘုရင်ခံ ငါးယောက်လုံး ငါ့ကို သစ္စာဖောက်ခဲ့ကြတယ်...။ ထိုက်ခန်အင်ပါယာ မြို့တော်က သန်းချီတဲ့လူတွေကလည်း ငါ့ကို စွန့်ပစ်သွားခဲ့ကြပေမဲ့ ငါ သူတို့ကို မသတ်ခဲ့ဘူး..."

"အရှေ့ဘက်ပြည်နယ် ဘုရင်ခံ... မင်း ငါ့ကို ကျောခိုင်းသွားပေမဲ့ ငါ မင်းကို သတ်မှာမဟုတ်ဘူး...။ လေလွင့်မဟာမိတ်အဖွဲ့ရဲ့ စစ်သေနာပတိနဲ့ လျှို့ဝှက်ပူးပေါင်းပြီး သူ့ကို ထိုက်ခန်အင်ပါယာရဲ့ ဧကရာဇ်သစ် ဖြစ်လာအောင် ကြိုးစားခဲ့ရင်တောင် အဲဒီအတွက်နဲ့ ငါ မင်းကို မသတ်ဘူး...။ ကံကြမ္မာမိစ္ဆာသခင် ကျောက်ယန်ဖိန်ဆီကို မင်း အညံ့ခံချင်နေတယ် ဆိုရင်တောင် ငါ မင်းကို မသတ်ဘူး...။ ဘာဖြစ်လို့လဲဆိုတော့ လူဆိုတာ အသက်ရှင်ချင်ပြီး သေရမှာကို ကြောက်တတ်တာ သဘာဝပဲလေ..." တုပိုင်က ပြောလိုက်သည်။ "ဒါပေမဲ့ မင်းက အသက်ရှင်ဖို့နဲ့ အညံ့ခံဖို့သက်သက်အတွက် လူနှစ်သန်းကို မိစ္ဆာတွေဆီ အစာအဖြစ် ပေးအပ်ခဲ့တယ်...။ ဒါကတော့ ခွင့်လွှတ်လို့မရတဲ့ သေဒဏ်ပဲ..."

အရှေ့ဘက်ပြည်နယ် ဘုရင်ခံသည် အရိုးမပါတော့သကဲ့သို့ မြေပြင်ပေါ်သို့ ခွေကျသွားကာ တုန်ယင်စွာဖြင့် ပြောလိုက်၏။ "ဒါပေမဲ့ ကျွန်တော်မျိုးမှာ ရွေးချယ်စရာ မရှိခဲ့ပါဘူး... ရွေးချယ်စရာ မရှိခဲ့ပါဘူး..."

"အသက် နှစ်သန်းနဲ့ အသက် ငါးသောင်းကို လဲလှယ်လိုက်တာပေါ့..." တုပိုင်က ပြောလိုက်သည်။ "အဲဒါကြောင့် မင်းတို့အားလုံး သေသင့်တယ်..."

တုပိုင်က တိုက်ရိုက်ပင် အမိန့်ပေးလိုက်၏။ "လာကြစမ်း... ထိုက်ခန်အင်ပါယာရဲ့ အရှေ့ဘက်ပြည်နယ် ဘုရင်ခံဟောင်းနဲ့ သူ့ရဲ့ စစ်တပ်ငါးသောင်းလုံးကို ကွပ်မျက်လိုက်စမ်း..."

ထိုစကားများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ရှိနေသမျှသော လူငါးသောင်းလုံးမှာ မြေပြင်ပေါ်သို့ ပုံကျသွားကြပြီး သေးထွက်မတတ် ကြောက်လန့်သွားကြလေ၏။

ဆယ့်ငါးမိနစ်ခန့် အကြာ၌ ထိုက်ခန်အင်ပါယာ၏ ပထမ စစ်သေနာပတိ လီစစ်စစ်က သူမ၏ လက်ကို အောက်သို့ ပိုင်းချကာ အမိန့်ပေးလိုက်သည်။ "ခေါင်းဖြတ်စမ်း..."

အရှေ့ဘက်ပြည်နယ် ဘုရင်ခံနှင့် သူ၏ စစ်တပ်ကြီး ငါးသောင်းလုံးမှာ အပြီးတိုင် သတ်ဖြတ်ခြင်း ခံလိုက်ရလေ၏။

တစ်နာရီ အကြာ၌ တုပိုင် သူ၏ မိသားစုအား နှုတ်ဆက်လိုက်ပြီးနောက် ထိုက်ခန်အင်ပါယာ မြို့တော်မှ ထွက်ခွာကာ အရှေ့ပစိဖိတ် သမုဒ္ဒရာသို့ ဦးတည်သွားလိုက်တော့၏။ မိစ္ဆာနယ်စားကြီး ကျောက်ယန်ဖိန်နှင့်အတူ နောက်ဆုံး အဆုံးအဖြတ်တိုက်ပွဲက်ု ဆင်နွှဲရန် သွားခြင်းပင်။.သူတို့ နှစ်ယောက်ထဲမှ တစ်ယောက်သာလျှင် အသက်ရှင်ခွင့် ရပေလိမ့်မည်။

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၂၀) ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

နောက်ကျနေပြီမလို့ လောလောနဲ့ ရေးထားတယ်ဗျ။ အမှား အကြီးကြီးတွေကို တွေ့ရင် ကျွန်တော်ရဲ့ telegram acc - @Moon_Immortal_Yue မှာလာပြောပေးဖို့ အကူအညီတောင်းပါတယ်ဗျ။ မှားနေတဲ့ အပိုင်းရဲ့ comments မှာလည်း ရေးသွားလို့ ရပါတယ်ဗျ။ ကျွန်တော်ဝင်ဖတ်ပါတယ်။ စာလုံးပေါင်းအမှားတွေကိုတော့ သည်းခံပေးပါဗျ။ အားပေးမှုများအတွက် ကျေးဇူးအများကြီး တင်ပါ၏ဗျာ။

All Chapters