← Chapters

အခန်း (၁၀၁၁-၁၀၁၂)

Vol. 101 Ch. 1011-1012

အခန်း (၁၀၁၁-၁၀၁၂)

Vol. 101 Ch. 1011-1012

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၁၁)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

ထိုအချိန်၌ တုပိုင်တစ်ယောက် အမှန်တကယ်ပင် မှင်သက်သွားရလေတော့၏။

မိုဟန်တစ်ယောက် ပထမတစ်ကြိမ်၌ မသေဆုံးခြင်းမှာ သူ့အတွက် အထူးအဆန်း မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ထိုအရာက သူ၏ အစီအစဉ်ထဲ၌ ပါဝင်နေသောကြောင့်ပင်။

မည်သို့ပင်ဆိုစေကာမူ ထိုစဉ်က သူသည် မိုဟန်ထံသို့ စိတ်ဝိညာဉ်အာရုံမှတစ်ဆင့် အချက်ပြမှု ရာပေါင်းများစွာ ပေးပို့ကာ မိစ္ဆာတမန်တော်က သူမအား သတ်ပစ်လိမ့်မည်ဖြစ်ကြောင်း သတိပေးခဲ့၏။ ထို့ကြောင့် သူမ သေဆုံးမသွားခင် စက္ကန့်ပိုင်းအလို၌ ထပ်နေသော နှလုံးနှစ်ခုကို ခွဲထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။

သူမ၏ နဂိုမူလမွေးရာပါ နှလုံးမှာ ဖောက်ထွင်းခံလိုက်ရသော်ငြား အရောင်ပြောင်းလဲနိုင်သော ရေနဂါးနှလုံးကမူ ကျန်ရစ်နေဆဲပင်။

မိစ္ဆာတမန်တော်အား အသေခံတိုက်ခိုက်ပြီးနောက်တွင်ပင် သူမ လုံးဝ သေဆုံးမသွားပေ။ တုပိုင် မရေမတွက်နိုင်သည့် စိတ်ဝိညာဉ်များကို ဆင့်ခေါ်လိုက်ချိန်၌ပင် သူမ၏ စိတ်ဝိညာဉ်က ထပ်မံပြီးပေါ်လာပြန်ရာ ထိုစဉ်က တုပိုင်တစ်ယောက် အနည်းငယ် အံ့သြသွားခဲ့ရ၏။

သို့သော် သူမ၏ လီဝိညာဉ်က မိစ္ဆာတမန်တော်၏ ခန္ဓာကိုယ်အား ပူးကပ်သွားပြီးနောက် တုပိုင်က ဧရာမ ခရမ်းလွန်ရောင်ခြည်ဗုံးကြီးအား ဖောက်ခွဲခဲ့လေရာ လီဝိညာဉ်များအားလုံးနှင့် မိစ္ဆာတမန်တော်သည်လည်း ပြာကျသွားခဲ့ရသည်။

လက်ရှိအချိန်၌ ဘုရင်မ မိုဟန်မှာ လုံးဝ ပျောက်ကွယ်သွားသင့်ပြီ ဖြစ်၏။ သို့သော်​ သောက်ကျိုးနည်းလှစွာပင် သူမ၏ စိတ်ဝိညာဉ်မှာ ယခုထိတိုင် ရှိနေသေး၏။

ဤသည်မှာ အလွန်တရာ အံ့အားသင့်ဖွယ် ကောင်းလှသည်။

အချိန်အတော်ကြာပြီးနောက် တုပိုင် သူမအား မေးမြန်းလိုက်သည်။ "မင်း မှတ်ဉာဏ်အသစ်တွေကို သတိရလာတယ်လို့ ပြောတာလား..."

ဘုရင်မ မိုဟန်က အေးစက်စက် လေသံဖြင့် ပြန်ဖြေ၏။ "ဟုတ်တယ်..."

တုပိုင်က ဆက်လက်စူးစမ်းသည်။ "အဲထဲကတစ်ခုက မင်းအပေါ်ကို ငါ ခွစီးထားတယ်ပေါ့..."

မိုဟန်၏ လေသံမှာ ပို၍ပင် ရန်လိုလာ၏။ "ဟုတ်တယ်..."

တုပိုင်က ရှင်းပြလိုက်၏။ "အင်း...။ ခွစီးတယ်ဆိုတဲ့ စကားလုံးက အဓိပ္ပာယ် အများကြီးရှိတယ်…။ မင်းမှတ်မိနေတဲ့ ပုံရိပ်ထဲက ခွစီးတာက ဘယ်လိုမျိုး ခွစီးတာလဲ..."

မိုဟန်က အေးစက်စက် တုံ့ပြန်၏။ "အခု နင်တို့ ပုံစံမျိုးလေ..."

ထိုစကားကြောင့် တုပိုင်တစ်ယောက် မှင်သက်သွားရ၏။

ထို့နောက် ချက်ချင်းပင် သဘောပေါက်သွားသည်။ အဘယ်ကြောင့်ဆိုသော် ဖန်းချင်းယီက သူ့လည်ပင်းပေါ်၌ ခွစီးထားသောကြောင့်ပင်။

တုပိုင် ခပ်တည်တည်ဖြင့် ဆိုလိုက်သည်။ "ဟိုလို မဟုတ်ဘူးလား"

ဘုရင်မ မိုဟန်က ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ "နင့်စိတ်က ဘာလို့ ဒီလောက်တောင် ညစ်ပတ်နေရတာလဲ... မြင်းပေါ် ခွစီးသလိုမျိုး ခွစီးတာကို ပြောတာဟဲ့...။ ငါ့ကိုများ နင့်ရဲ့ အသေကောင် မိန်းမလိုများ အောက်မက်နေလား"

ဖန်းချင်းယီကလည်း ဒေါသတကြီးဖြင့် ရန်တွေ့လိုက်၏။ "ဖာသည်မ...ဘယ်သူ့ကို အသေကောင်လို မိန်းမလို့ ခေါ်လိုက်တာလဲ..."

မိုဟန်ကလည်း ပြန်လည် ရန်တွေ့လိုက်သည်။ "ခေါ်မှာပဲ။ အသေကောင် အသေကောင် မသာလောင်း မသာလောင်း"

"ဖာသည်မ ဖာသည်မ ဖာသည်မ ဖာသည်မ"

"အသေကောင် အသေကောင် အသေကောင် အသေကောင်"

တစ်ချိန်တည်းမှာပင် တုပိုင်သည်လည်း ဇဝေဇဝါဖြစ်သွားရသည်။ အကယ်၍ ယောက်ျားနှင့် မိန်းမကြားရှိ ဆက်ဆံရေးမျိုးသာ ဖြစ်လျှင် တုပိုင် အံ့အားသင့်နေမည် မဟုတ်ချေ။ မည်သို့ပင်ဖြစ်စေ လီဝမ်ဝမ်ပင်လျှင် သူမနှင့် တုပိုင်တို့ ဇနီးမောင်နှံဖြစ်ရသည့် အိပ်မက်များကို မရေမတွက်နိုင်အောင် မြင်မက်ခဲ့ဖူးသည် မဟုတ်လား။

ဘုရင်မ မိုဟန်မှာလည်း ထိုကဲ့သို့ပင် ဖြစ်နိုင်၏။ သို့သော် ယခု၌မူ ထိုသို့ ဟုတ်ပုံ မရနေပေ။

မြင်းပေါ်၌ ခွစီးသကဲ့သို့ စီးထားသည်ဆိုသည့် အချက်မှာ တကယ်ကို ထူးဆန်းလွန်းလှ၏။ သူက မိုဟန်ကို မြင်းကဲ့သို့ ခွစီးထားသည်လော။ သောက်ကျိုးနည်းလှ၏။

တုပိုင်က ရှုပ်ထွေးစွာနေဟန်ဖြင့် မေးမြန်းလိုက်၏။ "မင်းက ဘာကောင်လဲ…။ ငါက တကယ်ကြီး မင်းအပေါ်ကို ခွစီးထားတာလား..."

မိုဟန်က ဆိုသည်။ "ငါမသိဘူး... ဒါက ခံစားချက်တစ်ခုပဲ…။ တိကျသေချာတဲ့ ပုံရိပ်တော့ မရှိဘူး..."

တုပိုင်က ဆိုလိုက်သည်။ "ဒါဆိုလည်း အခု ထွက်လာခဲ့လေ..."

မိုဟန်က ငြင်းဆန်၏။ "ငါ့မှာ ခန္ဓာကိုယ်မှ မရှိတာ… ဘယ်လိုလုပ် ထွက်လာလို့ရမှာလဲ..."

တုပိုင်က ပြော၏။ "ဒါဆိုလည်း တစ္ဆေပုံစံနဲ့ ထွက်လာခဲ့..."

မိုဟန်က အော်ဟစ်လိုက်သည်။ "ငါက ဘယ်လိုထွက်လာရမာလဲ။ တမင်ပုန်းနေတာမှ မဟုတ်တာဟ..."

ထိုစကားကြောင့် တုပိုင်တစ်ယောက် လုံးဝ ဆွံ့အသွားရတော့သည်။ ပထမအချက်အနေဖြင့် သူသည် မိုဟန်၏ ပုံရိပ်ကို လုံးဝ မမြင်ရပေ။

ဒုတိယအချက်မှာ သူ၏ စိတ်ဝိညာဉ်အာရုံ စွမ်းအားက အလွန် အစွမ်းထက်နေပြီ ဖြစ်ရာ ပတ်ဝန်းကျင်ရှိ မည်သည့် ဝိညာဉ်ကိုမဆို ထောက်လှမ်းနိုင်စွမ်း ရှိသင့်သည်။ သို့သော် သူ မည်သည့် စွမ်းအင်လှိုင်း လှုပ်ခတ်မှုမျိုးကိုမျှ မခံစားမိနေချေ။

ဤသည်က မည်သည်ကို ဆိုလိုသည်နည်း။ လက်ရှိအချိန်၌ မိုဟန်၏ စိတ်ဝိညာဉ်စွမ်းအင်မှာ အလွန်တရာကို အားကောင်းနေပြီး တုပိုင်၏ စိတ်ဝိညာဉ်စွမ်းအက်ထက်ကို များစွာ သာလွန်နေသည်ဟု ဆိုလိုနေခြင်းပင်။

တုပိုင်က မအီမသာ မျက်နှာဖြင့် မေးမြန်းလိုက်သည်။ "ဒါဆို မင်းက ငါ့အနားမှာနေပြီး ဘာလုပ်မလို့လဲ..."

ဘုရင်မ မိုဟန်က ရန်လိုစွာဖြင့် ဖြေလိုက်၏။ "နင့်ကို ကလဲ့စားချေမလို့လေ..."

တုပိုင်တစ်ယောက် အံ့သြလွန်း၍ ဆွံ့အသွားရတော့သည်။

သေပြီး ဝိညာဉ်သာကျန်တော့သော်လည်း သူမ၏ ကလဲ့စားချေချင်စိတ်က ဤမျှတိုင် ပြင်းထန်နေသေးသည်လော...။ ယခုကဲ့သို့ အခြေအနေသို့ ရောက်နေသည့်တိုင် သူ့ကို ကလဲ့စားချေရန် တွေးနေငသေးသည်လော...။

မိုဟန်က ​ဒေါသတကြီး ဆက်ပြောလာသည်။ "ဒါပေမဲ့ ကျောက်ယန်ဖိန်ကိုတော့ နင့်ထက်ပိုပြီး ငါမုန်းတယ်... အကယ်လို့ နင်သာ ကျောက်ယန်ဖိန်ရဲ့ မိစ္ဆာစစ်တပ်ကို အနိုင်ယူနိုင်မယ်ဆိုရင် နင့်အပေါ်ထားတဲ့ ငါ့ရဲ့ နာကြည်းချက်တွေကို မေ့ပေးမယ်…။ နင် ကျောက်ယန်ဖိန်ကို သတ်ဖို့အတွက်လည်း ငါနင့်ကို ကူညီမယ်…။ နင့်ဘက်မှာ ရပ်တည်ပေးမယ်…။ ဒါပေမဲ့ နင် ငါ့ရဲ့ တောင်းဆိုချက် တစ်ခုကိုတော့ ကတိပေးရမယ်..."

တုပိုင် ခေါင်းညိတ်လိုက်၏။ "ပြောကြည့်လေ..."

မိုဟန်က ဆိုသည်။ "အန်နမ်နိုင်ငံ ၊ ပိုင်ဆယ်စီရင်စု ၊ ဝမ်ရှန်းစီရင်စု နဲ့ ဟုန်ဟယ်စီရင်စု တွေက ငါ့ရဲ့ ပိုင်နက်နယ်မြေတွေချည်းပဲ…။ ငါ အဲဒီမှာ ဘုရင်မ လုပ်မယ်..."

သူမ၏ အပြောကြောင့် တုပိုင်တစ်ယောက် ဆွံ့အသွားရတော့၏။ ဤဖာသည်မလေးသည် အမှန်ပင် ဇွဲကောင်းလှသည်။ ခန္ဓာကိုယ် မရှိတော့ဘဲ စိတ်ဝိညာဉ်သာ ကျန်ရစ်တော့သည်ကိုပင် သူမက ဘုရင်မ လုပ်ချင်နေသေးသည်။ သောက်ကျိုးနည်းလှ၏။

တုပိုင်က စိတ်ပျက်လက်ပျက်ဖြင့် ရှင်းပြလိုက်သည်။ "ဒီကမ္ဘာမှာ အန်နမ်နိုင်ငံဆိုတာ မရှိတော့ဘူး…။ ပြီးတော့ ပိုင်ဆယ်စီရင်စု ၊ ဝမ်ရှန်းစီရင်စု နဲ့ ဟုန်ဟယ်စီရင်စု တွေလည်း မရှိတော့ဘူး…။ ဒါက ၂၁ ရာစု ကမ္ဘာမြေကြီး…။ တခြား ဟင်းလင်းပြင် ကမ္ဘာလောကတစ်ခုပဲ…။ အခု အဲဒီ မြေနေရာတွေပေါ်မှာ ဘာမှ မရှိတော့ဘူး…။ မသေမျိုး ဖုတ်ကောင်တွေနဲ့ တစ္ဆေတွေတောင် မရှိလောက်ဘူး..."

မိုဟန်က ခေါင်းမာစွာဖြင့် ပြော၏။ "ငါဂရုမစိုက်ဘူး..."

ထိုအခိုက် ဖန်းချင်းယီက တုပိုင်အား ဆိတ်လိုက်သည်။ သူ့အား ဆရာလုပ်မနေဘဲ အရင်ဆုံး သဘောတူလိုက်ရန် အချက်ပြလိုက်ခြင်းပင်။

တုပိုင်က မသက်သာဟန်ဖြင့် လက်ခံလိုက်၏။ "ကောင်းပြီ။ ကောင်းပြီ။ ကတိပေးတယ်..."

ဤမိန်းမမှာ တကယ်ကို အံ့ဩဖွယ်ကောင်းလှ၏။ ဘုရင်မနေရာ ပေးမည့်သူ မည်သူနှင့်မဆို သူမက မဟာမိတ် ဖွဲ့ပေလိမ့်မည်။

သူမ၌ စဉ်းစားဆင်ခြင်နိုင်စွမ်းဟူ၍ လုံးဝ မရှိပေ။ အတိတ်၌ သခင်လေး ဖန်းချန် ၊ ထို့နောက် ကံကြမ္မာမိစ္ဆာသခင် ကျောက်ယန်ဖိန် ၊ ယခုအခါ၌ တုပိုင်နှင့် လက်တွဲပြန်၏။ ဘက်ပြောင်းရန်အတွက် တကယ်ကို တစ်ချက်လေးမှ တုံ့ဆိုင်းမနေချေ။

တုပိုင်က ဆိုလိုက်၏။ "မင်း အခု ထွက်သွားလို့ရပြီလား..."

မိုဟန်က ရွဲ့စောင်းလိုက်သည်။ "နင်တို့ ဆက်ပြီး တိုက်ပွဲဝင်ချင်သေးလို့လား…။ ဒါဆိုလည်း ငါသွားတော့မယ်…။ ကြည့်ရတာ ငါနည်းနည်းတောင် ပျို့ချင်လာပြီ…။ အထူးသဖြင့် အသေကောင်နဲ့တူတဲ့ ဒီမိန်းမကိုပဲ..."

"ဒီဖာသည်မကတော့အေ" ချက်ချင်းပင် ဖန်းချင်းယီတစ်ယောက် ဒေါသတကြီး ပေါက်ကွဲထွက်တော့မတတ် ဖြစ်သွားရတော့သည်။

တုပိုင်က ဖန်းချင်းယီအား မျက်စိမှိတ်ပြလျက် နှစ်သိမ့်လိုက်သည်။ "ကျပ်မပြည့်တဲ့သူနဲ့ အပြိုင် ငြင်းမနေနဲ့..."

အချိန်အတော်ကြာပြီးနောက် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားလေ၏။ တုပိုင်က စမ်းကြည့်လိုက်သည်။ "မိုဟန်... မင်း ရှိနေသေးလား..."

အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာ၏။ "မရှိတော့ဘူး..."

ခဏအကြာ၌ တုပိုင်က ထပ်စမ်းလိုက်သည်။ "မိုဟန်… မင်း ရှိနေတုန်းပဲလား..."

မည်သည့် တုံ့ပြန်မှုမှ မရှိချေ။

တုပိုင်က ထပ်မံ အော်ခေါ်လိုက်၏။ "ကျပ်မပြည့်တဲ့ကောင်မလေး... မင်း ရှိနေသေးလား..."

တုံ့ပြန်မှု မရှိဆဲပင်။

တုပိုင် နောက်ဆုံးအကြိမ် ထပ်​ခေါ်လိုက်၏။ "ဖာသည်မလေး။ မင်းရှိ​သေးလား...။"

တုံ့ပြန်မှု မရှိချေ။ ယခုအကြိမ်၌ အမှန်တကယ် ထွက်သွားပြီ ဖြစ်ရလေမည်ဓ

ဖန်းချင်းယီက တုပိုင်၏ နှုတ်ခမ်းအား နမ်းရှိုက်ရန် ပြင်လိုက်၏။ သို့သော် မနမ်းရသေးခင်မှာပင် ရုတ်တရက် လက်လျှော့လိုက်တော့သည်။

"ထားလိုက်တော့…။ ကျွန်မ စိတ်မပါတော့ဘူး…။"

မိုဟန်က သူမအား အသေကောင်ဟု ထပ်ခါတလဲလဲ ပြောဆိုသွားခြင်းကြောင့် အသေကောင်တစ်ကောင် မည်သို့ပုံစံရှိမည်ကို စိတ်ကူးယဉ်ကြည့်မိသွားပြီး ရုတ်တရက်ကြီး စိတ်ဝင်စားမှုများ ပျောက်ဆုံးသွားရခြင်း ဖြစ်တော့၏။

ထို့အပြင် သူမသည်လည်း သူမ၏ ခန္ဓာကိုယ်မှာ သာမန်လူတစ်ယောက်၏ အပူချိန်မျိုး မဟုတ်ဘဲ အေးစက်နေကြောင်းကို သိရှိထားသောကြောင့်ပင်။

တုပိုင်က အခွင့်ကောင်းယူကာ ဆိုလိုက်၏။ "စိတ်မပါတော့ဘူးဆိုမှတော့… ဆင်းတော့လေ..."

ဖန်းချင်းယီက မျက်စောင်းထိုးကာ ရန်ထောင်လိုက်သည်။ "နောက်တစ်ခါ ထပ်ပြောကြည့်လေ… ရှင့်မျက်နှာပေါ်ကို ထိုင်ချပစ်လိုက်မယ်..."

ထိုအခါ တုပိုင် ဆက်မပြောတော့ချေ။ အဘယ်ကြောင့်ဆိုသော် ဤအမျိုးသမီးသည်း တကယ်ကို ဘာမဆို လုပ်ရဲသောကြောင့်ပင်။

ဖန်းချင်းယီက တုပိုင်၏ လည်ပင်းပေါ်၌ တွေဝေစွာဖြင့် ခွစီးထားဆဲပင်။ တုပိုင်သည်လည်း သူမ မည်သည်တို့ကိုတွေ တွေးနေသနည်းဆိုသည်ကို မမေးချေ။

ဖန်းချင်းယီက မကျေမနပ်ဖြင့် ဆို၏။ "​ကျွန်မ ဘာတွေတွေးနေလဲဆိုတာကို ဘာလို့ မမေးတာလဲ..."

ထိုအခါ တုပိုင်က အလိုက်တသိ မေးလိုက်သည်။ "ဘာတွေတွေးနေလို့လဲ..."

ဖန်းချင်းယီက ဆို၏။ "ကျပ်မပြည့်တဲ့ မိန်းမတစ်ယောက်အကြောင်းကို တွေးနေတာ..."

ထို့နောက် သူမက သက်ပြင်းချကာ ဆက်ပြောလာသည်။ "တကယ်တော့… သူက အရမ်း သနားဖို့ကောင်းပါတယ်…။ ကလေးဘဝကတည်းက အထီးကျန်နေခဲ့ရတာ…။ ဘာလို့လဲဆိုတော့ သူ့အတွေးတွေက တခြားသူတွေနဲ့ အမြဲတမ်း ကွဲလွဲနေလို့ပဲ…။ ပြီးတော့ သူ့ရဲ့ ကမ္ဘာလေးကလည်း တခြားသူတွေနဲ့ အမြဲတမ်း ကွာခြားနေခဲ့တယ်လေ..."

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၁၁) ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၁၂)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

မိုဟန်သည် သူမ၏ မိခင်အရင်းအပေါ်၌ပင် မည်သည့် ခံစားချက်မှ မရှိခဲ့ချေ။ မိခင်ဖြစ်သူ သေဆုံးသွားသည်ဆိုသည့် သတင်းကို ကြားလိုက်ရချိန်၌ပင် သူစိမ်းတစ်ယောက် သေဆုံးသွားသည့်အလား မျက်နှာအမူအရာ အပြောင်းအလဲ မရှိခဲ့ချေ။

သို့သော် သူမကို ခံစားချက်ကင်းမဲ့သူဟု ဆိုရမည်လော။ ထိုသို့လည်း မဟုတ်သေးချေ။ သူမ၏ ဖခင်မာ အောက်တန်းကျပြီး အရှက်မရှိ ၊ ရည်မှန်းချက်ကြီးမားသည့် အစိုးရအရာရှိတစ်ဦး ဖြစ်ခဲ့သည့်တိုင် ဖခင်ဖြစ်သူအပေါ်၌ အတိုင်းအဆမဲ့သော သံယောဇဉ်များဖြင့် ပြည့်နှက်နေခဲ့၏။

သူမ၏ ဘဝတစ်လျှောက်လုံး၌ ဖခင်တစ်ယောက်တည်းအပေါ်၌သာ ခံစားချက်ရှိခဲ့ပုံ ရသည်။

ဖန်းချင်းယီက ဆို၏။ “သူ့ဉာဏ်ရည်က လေးငါးနှစ်အရွယ် ကလေးတစ်ယောက်လောက်ပဲ ရှိမယ်ထင်တယ်...။ အရမ်းကို ရိုးရှင်းပြီး ဖြောင့်လွန်းတယ်...။ တစ်ယောက်ယောက်ကို မုန်းပြီဆိုရင် သေတဲ့အထိ မုန်းတော့တာပဲ...။ ရှင့်ကို ကလဲ့စားချေဖို့အတွက် ဖြစ်နိုင်သမျှ အရာအားလုံးကို သူလုပ်လိမ့်မယ်...။ ဒါပေမဲ့ သူ့အမုန်းတရားက အရမ်းကို မတည်ငြိမ်ဘူး...။ ပစ်မှတ် ပြောင်းဖို့ အရမ်းလွယ်တယ်...”

ထိုအခိုက် တုပိုင်က အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသည့် ဖြစ်နိုင်ချေတစ်ခုအား တွေးမိသွားပြီး ရုတ်တရက် ထထိုင်ချင်သွား၏။

သေချာသည်မာ သူ ထထိုင်၍ မရချေ။ အဘယ်ကြောင့်ဆိုသော် ဖန်းချင်းယီက သူ၏ လည်ပင်းပေါ်၌ ခွထိုင်ထားသောကြောင့်ပင်။ အတင်းထထိုင်ရန် အတွက်ကမူ ဖန်းချင်းယီက သူ့ထက် အဆများစွာ ပိုမိုသန်မာနေ​၏။

တုပိုင်က ဆိုလာ၏။ “ဒီကျပ်မပြည့်တဲ့ မိန်းမရဲ့ဉာဏ်ရည်က လေးငါးနှစ်အရွယ် ကလေးတစ်ယောက်လို ဖြစ်နေလို့ မဟုတ်ဘူး...။ သူ့ ဉာဏ်ရည်မာ ပြဿနာ မရှိဘူး... သူ ကျပ်မပြည့်တာက ဆင်ခြင်တွေးခေါ်နိုင်စွမ်း အားနည်းနေလို့ပဲ...။ အဓိက အကြောင်းရင်းက သူက လူသားတစ်ယောက် မဟုတ်နေလို့ပဲ...”

ဖန်းချင်းယီက ဆိုသည်။ “သူက မိစ္ဆာလည်း မဟုတ်ဘူး... တစ္ဆေလည်း မဟုတ်ဘူး...”

တုပိုင်က ပြန်ပြော၏။ “သူက... အင်မတန် အစွမ်းထက်တဲ့ မျိုးစိတ်တစ်ခု ဖြစ်နေနိုင်တယ်...”

ဖန်းချင်းယီက ဆို၏။ “သူက... ကမ္ဘာကြီးကိုတောင် ကယ်တင်ခဲ့တာ ဖြစ်နိုင်တယ်...။ အဓိကက သူ့မှတ်ဉာဏ်ပုံရိပ်တွေထဲမာ ရှင်က သူ့အပေါ်ကို ခွစီးထားတယ်လို့ ပြောနေတယ်...”

ထိုအခါ တုပိုင် မနေနိုင်တော့ဘဲ ကျိန်ဆဲလိုက်လေတော့၏။ “သောက်ကျိုးနည်း...။ မဖြစ်နိုင်တာ...။ သူ့လို ကျပ်မပြည့်တဲ့သူကများ... တာ့နင်အင်ပါယာ ဟင်းလင်းပြင်မာရှိတဲ့ ကမ္ဘာ့အစွမ်းအထက်ဆုံးနဲ့ အမြင့်မြတ်ဆုံး မျိုးနွယ်တွေရဲ့ ဝိညာဉ်များ ဖြစ်နေမလား...”

ဖန်းချင်းယီက ဆိုသည်။ “သူက ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး... ခေါင်းမာတယ်... ပြီးတော့ အင်မတန်ကိုလည်း မောက်မာတယ်...။ ဒီလို စိတ်နေသဘောထားမျိုးက တစ်ပုံစံတည်း မဟုတ်ဘူးလား...”

ထိုအခိုက်၌ တုပိုင် အချက်တစ်ချက်ကို သတိထားမိသွားရ၏။ ထိုအချက်မာ အိပ်မက်ဆိုး မိစ္ဆာဘုရင်က မိုဟန်အပေါ် အထူးအလေးထားခဲ့ခြင်းပင်။

တာ့နင်အင်ပါယာ၌ ရှိစဉ်က မိုဟန်၌ ကြီးမားလှသည့် ကံကြမ္မာကောင်းများ ရှိနေကြောင်း သူက ထပ်တလဲလဲ အလေးပေး ပြောဆိုခဲ့၏။

အကယ်၍ တုပိုင် ခန့်မှန်းထားသည့်အတိုင်းသာ တကယ်ဖြစ်နေမည်ဆိုပါက ထိုအရာသည် ကြီးမားလှသည့် အခွင့်အရေးဆိုသည်ထက် လုံးဝကို တုန်လှုပ်ချောက်ချားဖွယ်ရာပင်။ ထို့အပြင် တကယ့်ကို ကြီးမားလှသည့် ဟာသကြီးတစ်ခုလည်း ဖြစ်လာလိမ့်ပေမည်။

ဖန်းချင်းယီသည်လည်း တုန်လှုပ်သွားပြီး ဆိုလိုက်၏။ “ရှင် ခန့်မှန်းတာသာ တကယ်ဖြစ်ခဲ့ရင်တော့...”

**--**--**--**--**--**--**--**

သိသာလှစွာပင် မိုဟန်၏ စိတ်ဝိညာဉ်ခန္ဓာကိုယ်က အလွန်တရာ အံ့အားသင့်ဖွယ်နှင့် ကြောက်မက်ဖွယ်ကောင်းနေပြီး တစ်ကမ္ဘာလုံးကိုပင် ပြောင်းလဲပစ်နိုင်စွမ်း ရှိနေလျှင်တောင် ထိုအရာမာ အနာဂတ်၌သာ ဖြစ်ပေလိမ့်မည်။.အနည်းဆုံးတော့ ယခုအချိန်၌ သူမ ထပ်မံ ပျောက်ကွယ်သွားလေပြီ။ ထိုကောင်မလေးမှာ ထာဝစဉ် အထီးကျန်နေသည့် တိရစ္ဆာန်ငယ်လေးတစ်ကောင်နှင့် တူနေတော့၏။

လူအုပ်ကြီးက သူမအား ဝိုင်းကြည့်နေသည့် အချိန်၌ပင် အထီးကျန် တိရစ္ဆာန်လေးတစ်ကောင် ဖြစ်နေဆဲဖြစ်ကာ မည်သူနှင့်မျှ အဆက်အသွယ် မလုပ်ခဲ့ချေ။ သူမ၏ မွေးစားအစ်ကိုနှင့်ပင် စကားမပြောခဲ့ပေ။

တုပိုင် သူမအား ရွှေဒင်္ဂါး ထောင်သောင်းချီ၍ ပေးခဲ့စဥ်က သူမသည် ထိုရွှေဒင်္ဂါးများအားလုံးကို အရည်ကျိုကာ မြေပြင်ပေါ်၌ ရွှေများခင်းကျင်းလိုက်ပြီး ရွှေပလ္လင်တစ်ခုကို ဆောက်ခဲ့၏။

ထိုအချိန်တုန်းက တုပိုင် လုံးဝ နားမလည်နိုင်ခဲ့ဘဲ ထိုလုပ်ရပ်မာ သူမ၏ ကျပ်မပြည့်သည့် အပြုအမူတစ်ခုဟုသာ ထင်မှတ်ခဲ့သည်။ ယခုကြည့်ရသည်မာ ထိုအရာက သူမ၏ မွေးရာပါ အလိုဆန္ဒသက်သက်သာ ဖြစ်နေပုံရ၏။

သူမသည် ဘုရင်မတစ်ပါးသာ ဖြစ်ချင်နေပြီး အရာအားလုံးကို ရွှေဖြင့် အလှဆင်ရသည်ကိုသာ နှစ်သက်နေခြင်းပင်။ (ငန်းထင်တယ်။ အပိုင်းအများကြီး ကြိုမဖတ်ထားတော့ ကျုပ်လည်း မသိသေးဘူး။ - ဘာသာပြန်အချောကြီး)

**--**--**--**--**--**--**--**

ကံကြမ္မာမိစ္ဆာသခင်အား ချေမှုန်းရန်အတွက် တုပိုင်၏ အဆုံးအဖြတ် လျှို့ဝှက်လက်နက်က မည်သည့်အရာ ဖြစ်သည်နည်း။ ထိုအရာသည်ကား ဟင်းလင်းပြင်အဆင့်နီးပါး ဖျက်ဆီးပစ်နိုင်စွမ်းရှိသည့် လူသတ်လက်နက်ကြီးတစ်ခုပင်။

လက်ရှိအချိန်၌ ထိုက်ခန်အင်ပါယာ မြို့တော်၏ မြို့ရိုးအများစုမာ မိစ္ဆာတမန်တော်ကြောင့် ပျက်စီးပြိုကျနေလျက် ရှိ၏။ ထို့ကြောင့် ခမ်းနားထည်ဝါဟန်ရှိသည့် မြို့ရိုးကြီးမာ အသုံးမဝင်တော့ချေ။ အကောင်းတိုင်းရှိနေလျှင်လည်း အချည်းနှီးသာ။

မိစ္ဆာတမန်တော်ကိုပင် မတားဆီးနိုင်ခဲ့သည်ဖြစ်ရာ မိစ္ဆာသခင် ကျောက်ယန်ဖိန်နှင့် သူ၏ သန်းနှင့်ချီသော မိစ္ဆာစစ်တပ်ကြီးတို့ဆိုလျှင် ထိုက်ခန်မြို့ရိုးအား စကားထဲပင် ထည့်ပြောမည် မဟုတ်ချေ။

အမှန်တကယ် အသုံးဝင်မည့်အရာက မည်သည့်အရာ ဖြစ်သည်နည်း။ စွမ်းအင်အစီအရင်ပင်။

တာ့နင်အင်ပါယာ တည်ရှိရာ ဟင်းလင်းပြင်ကမ္ဘာ၌ သိုင်းလောက၏ အထွတ်အမြတ်နေရာ သုံးခု ရှိ၏။ ထိုနေရာများမာ ပေမင်ဓားဂိုဏ်း ၊ မီးနတ်ဘုရားဂိုဏ်း နှင့် ကပ်ဘေးလက်ဝါးကပ်တိုင်ဂိုဏ်းတို့ပင်။

ထိုအင်အားစု သုံးခုစလုံး၌ နျူကလီးယားအကာအကွယ်ကြီး တစ်ခုပမာ အစွမ်းထက်လှသည့် ဧရာမ စွမ်းအင်အစီအရင်များ ကိုယ်စီ ရှိကြသည်။

ထိုအချိန်က ဖန်းချန်နှင့် နင်တောက်ရွှမ်တို့သည် ကပ်ဘေးလက်ဝါးကပ်တိုင်ဂိုဏ်း ၊ မီးနတ်ဘုရားဂိုဏ်းတို့အား အကောက်ကြံခဲ့ကြသည်။

သူတို့၏ စွမ်းအင်အကာအကွယ်များ ဖျက်ဆီးခံလိုက်ရသည်ဟု လှည့်စားကာ အင်အားစုနှစ်ခုမှ မဟာဆရာသခင် တစ်ထောင်ခန့်ကို ပေမင်ဓားဂိုဏ်းအား လာရောက်တိုက်ခိုက်စေခဲ့၏။

ရလဒ်အနေဖြင့် ကြယ်ငါးပွင့် စွမ်းအင်အစီအရင်ကို ဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် ရေတွက်၍မရနိုင်သော မဟာဆရာသခင်များမာ ချက်ချင်းဆိုသလိုပင် သေဆုံးသွားခဲ့ကြရသည်။ ကုန်းပေါ်မှ ငါးများအလားပင် ခုခံနိုင်စွမ်း လုံးဝ မရှိခဲ့ကြချေ။

တုပိုင် အလွန်တရာ ရူးသွပ်ဖွယ်ကောင်းသည့် အရာတစ်ခုကို စီစဥ်ခဲ့၏။ တာ့နင်အင်ပါယာ ဟင်းလင်းပြင်ရှိ သိုင်းလောက အထွတ်အမြတ်နေရာ သုံးခု၏ စွမ်းအင်အစီအရင်များမှ စွမ်းအင်ဥက္ကာခဲ ၃၃ ခုစလုံးကို သူ သယ်ဆောင်လာခဲ့သည်။

ထိုစွမ်းအင်ဥက္ကာခဲများမာ အလွန်တရာ ဧရာမကြီးမားကြသည်။ အသေးဆုံးများပင်လျှင် တောင်များလောက် ကြီးမားပြီး အကြီးများမာမူ ကျွန်းကြီးများပမာ လုံးဝကို ကြီးမားလှရာ ဤကမ္ဘာသို့ ရိုးရိုးနည်းဖြင့် သယ်ဆောင်ရန်မှာ လုံးဝ မဖြစ်နိုင်ချေ။

သို့သော် စွမ်းအင်ဥက္ကာခဲများ၏ ကိုးဆယ့်ကိုးရာခိုင်နှုန်းသော စွမ်းအင်များမာ အလယ်ဗဟို အနှစ်သာရထဲ၌သာ ရှိနေကြခြင်း ဖြစ်လေ၏။ ထိုစွမ်းအင်ဥက္ကာခဲ၏ အလယ်ဗဟိုမာ အလေးချိန် ကျင်း သိန်းဂဏန်း အနည်းငယ်ခန့်သာ ရှိသည်။

တုပိုင်က ရှေးဟောင်းနဂါးများ၏ မှတ်ဉာဏ်များနှင့် မိစ္ဆာဖီးနစ်၏ မီးတောက်များကို အသုံးပြုကာ ထိုစွမ်းအင်ဥက္ကာခဲ အနှစ်သာရများကို ထုတ်ယူခဲ့ပြီးနောက် အာကာသယာဉ်ပေါ်၌ တပ်ဆင်ကာ ကမ္ဘာမြေသို့ သယ်ဆောင်လာခဲ့ခြင်းပင်။

ကမ္ဘာပျက်ကပ်ကာလ၌ ကမ္ဘာမြေပေါ်သို့ အခြားကမ္ဘာများမှ စွမ်းအင်များနှင့် အရာဝတ္ထုများစွာ လွှမ်းမိုးဝင်ရောက်လာခဲ့သည်ဖြစ်ရာ စွမ်းအင်ဥက္ကာခဲများကို ကမ္ဘာမြေပေါ်၌ အဘယ်ကြောင့် မတူးဖော်ရသနည်းဟု တစ်စုံတစ်ယောက်က မေးခွန်းထုတ်ကောင်း ထုတ်နိုင်သည်။ ထိုအကြောင်းရင်းမှာ ရိုးရှင်းလှ၏။

တာ့နင်အင်ပါယာရှိ စွမ်းအင်ဥက္ကာခဲ ၃၃ ခုမာ လွန်ခဲ့သော နှစ်ပေါင်း ၁၆၀၀ ကတည်းက ရှိနေခဲ့ခြင်း ဖြစ်သည်။ အရေအတွက် နည်းပါးသော်ငြား စွမ်းအင်အဆင့်နှင့် စွမ်းအင်သန့်စင်မှုမာမူ များစွာ ပို၍ မြင့်မားလှ၏။

နှစ်ပေါင်း တစ်ထောင့်ခြောက်ရာ ကြာမြင့်ပြီးနောက် နဂါးသွေးတိုက်ကြီးပေါ်ရှိ စွမ်းအင်များကို မိစ္ဆာများက အကုန်အစင်နီးပါး မျိုချသွားခဲ့ကြပြီး စွမ်းအင် အကြွင်းအကျန်များသာ ကျန်ရစ်နေခဲ့တော့သည်။

ထို့ကြောင့် တာ့နင်အင်ပါယာ ဟင်းလင်းပြင်ရှိ စွမ်းအင်ဥက္ကာခဲ ၃၃ ခု၌ ပါဝင်သည့် စွမ်းအင်များမာ ပို၍ အဆင့်မြင့်နေခြင်းပင်။

ပေမင်ဓားဂိုဏ်း၏ ကြယ်ငါးပွင့် စွမ်းအင်အစီအရင်မာ စွမ်းအင်ဥက္ကာခဲ ဆယ့်တစ်လုံးတည်းဖြင့်ပင် အလွန် အစွမ်းထက်နေခဲ့၏။

ထိုသို့ဆိုလျှင် တုပိုင်၏ စွမ်းအင်ဥက္ကာခဲ ၃၃ ခုနှင့် ဖွဲ့စည်းထားသည့် စွမ်းအင်အစီအရင်က မည်မျှအထိ အစွမ်းထက်မည်နည်း။

သုံးဆ မကနိုင်ချေ။ အဘယ်ကြောင့်ဆိုသော် တုပိုင် တည်ဆောက်ထားသည်မာ လုံးဝ အသစ်စက်စက် စွမ်းအင်အစီအရင်တစ်ခု ဖြစ်သောကြောင့်ပင်။

ရှေးဟောင်းနဂါးဘုရင်၏ ဝိညာဉ်မှတ်ဉာဏ်ကို အခြေခံ၍ တည်ဆောက်ထားသည့် စွမ်းအင်အစီအရင်သည် အဆပေါင်း မည်မျှအထိ ပိုမိုအားကောင်းမည်နည်းကို တုပိုင် မခန့်မှန်းတတ်တော့ချေ။

ထို့အပြင် စွမ်းအင်အစီအရင်မာ မိစ္ဆာများကို နှိမ်နင်းရန်အတွက် သီးသန့်ရည်ရွယ်ထားခြင်း ဖြစ်၏။ မည်သို့ပင်ဆိုစေ မိစ္ဆာများ၏ အစစ်အမှန် ရန်သူတော်ကြီးမာ နဂါးများပင် မဟုတ်ပါလား။

ရှေးဟောင်းနဂါးဘုရင်၏ မှတ်ဉာဏ်ထဲ၌ ဝိညာဉ်စွမ်းအင်ဆိုင်ရာ ရတနာသိုက်မြောက်မြားစွာ ရှိနေခဲ့၏။ တုပိုင်၏ ဝိညာဉ်စွမ်းအား အဆင့်တက်သွားခဲ့သည့် ပြီးခဲ့သည့်အကြိမ်က မှတ်ဉာဏ်အသစ် ပွင့်လာခဲ့သည်မာ စကြာဝဠာ မိစ္ဆာချေမှုန်းရေး စွမ်းအင်အစီအရင်ကြီးပင်။

သို့သော် စွမ်းအင်ဥက္ကာခဲ ၃၃ ခုတည်းနှင့် မလုံလောက်သေးချေ။

စကြာဝဠာ မိစ္ဆာချေမှုန်းရေး စွမ်းအင်အစီအရင်ကြီးကို အသက်သွင်းရန်အတွက် အသန့်စင်ဆုံးနှင့် အစွမ်းအထက်ဆုံးသော စွမ်းအင်အနှစ်သာရတစ်ခုကို လိုအပ်နေသေးသေည်။

တုပိုင်က ရွှေရောင်တောင်ဝှေးကို ထုတ်ယူလိုက်ရာ နဂါး၏ ဝိညာဉ်များက စွမ်းအင်ကျောက်သလင်းတစ်ခုအဖြစ် ပေါင်းစပ်ဖွဲ့စည်းသွားတော့၏။

စွမ်းအင်အနှစ်သာရက လုံလောက်အောင် သန့်စင်ပါသလား။ လုံလောက်အောင် အစွမ်းထက်ပါသလား။

လုံလောက်သည်ထက်ကို ပိုနေပြီး ကောင်းကင်ဘုံကိုပင် ဆန့်ကျင်နိုင်စွမ်း ရှိနေသည်။ နဂါးဝိညာဉ်နှင့် စွမ်းအင်ဥက္ကာခဲ ၃၃ ခုတို့ ပေါင်းစပ်ဖွဲ့စည်းထားသည့် စကြာဝဠာ မိစ္ဆာချေမှုန်းရေး အစီအရင်ကြီးက မည်မျှအထိ အစွမ်းထက်မည်နည်းဆိုသည်ကို မှန်းဆ၍ပင် မရနိုင်တော့ချေ။

ထို့ကြောင့်ပင် တုပိုင်က ကျောက်ယန်ဖိန်၏ သန်းနှင့်ချီသော မိစ္ဆာစစ်တပ်ကြီးကို စက္ကန့်ပိုင်းအတွင်း ချေမှုန်းပစ်မည်ဟု ကြုံးဝါးခဲ့ခြင်းပင်။

မိစ္ဆာတမန်တော်နှင့် တိုက်ခိုက်ခဲ့ရသည့် ပြီးခဲ့သည့် တိုက်ပွဲ၌ အခက်ခဲဆုံးနှင့် အသည်းအသန် ဖြစ်ခဲ့ရသည့် အခြေအနေမာပင် ဤကောင်းကင်ဘုံကို ဆန့်ကျင်နိုင်သည့် စွမ်းအင်အစီအရင်ကို သူ အသုံးမပြုခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် မိစ္ဆာတမန်တော်သည် ဤအစီအရင်နှင့် မထိုက်တန်သောကြောင့်ပင်။

မိစ္ဆာတမန်တော်မာ အက်တမ်ဗုံးတစ်လုံးနှင့် တူ၏။ ကံကြမ္မာမိစ္ဆာသခင်၏ သန်းနှင့်ချီသော မိစ္ဆာစစ်တပ်ကြီးမာမူ ဟိုက်ဒရိုဂျင်ဗုံးတစ်လုံးနှင့် တူနေသည်။ ဟိုက်ဒရိုဂျင်ဗုံးတစ်လုံးကို ဖောက်ခွဲရန်အတွက် အက်တမ်ကို မီးမွှေးစရာအဖြစ် အသုံးပြုရသည် မဟုတ်ပါလား။

တုပိုင် ပြုလုပ်လိုသည်မှာ အရှေ့ဘက်ကမ္ဘာခြမ်းရှိ မိစ္ဆာစစ်တပ်အားလုံးကို အမြစ်ပြတ် သတ်ဖြတ်ရန်ပင် ဖြစ်တော့၏။

**--**--**--**--**--**--**--**

“တုရှောင်... စကြာဝဠာ မိစ္ဆာချေမှုန်းရေး စွမ်းအင်အစီအရင်ရဲ့ တိုးတက်မှု အခြေအနေ ဘယ်လိုရှိပြီလဲ...”

“အဖေ... ၉၅ ရာခိုင်နှုန်း ပြီးသွားပြီ...” တုရှောင်က ပြန်ဖြေသည်။

ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်သည့် စကြာဝဠာ မိစ္ဆာချေမှုန်းရေး စွမ်းအင်အစီအရင်ကို တည်ဆောက်ရန်အတွက် တုပိုင် အာကာသယာဉ် ဆယ့်ခြောက်စင်းကို အသုံးပြုခဲ့၏။

ချစ်စရာကောင်းလှသည့် ကောင်မလေး တုရှောင်မာ စွမ်းအင်ပိုင်းဆိုင်ရာ ဉာဏ်ကြီးရှင်တစ်ဦးဖြစ်ရာ တုပိုင်က သူ၏ စိတ်ထဲရှိ မိစ္ဆာချေမှုန်းရေး စွမ်းအင်အစီအရင်၏ သုံးဖက်မြင်ပုံရိပ် ပုံကြမ်းကို သူမအား ပေးအပ်ခဲ့၏။

ထို့နောက် အာကာသယာဉ် ဆယ့်ခြောက်စင်းနှင့် စစ်သည်သိန်းချီတို့က မိစ္ဆာချေမှုန်းရေး စွမ်းအင်အစီအရင်ကြီး တည်ဆောက်မှု၌ စိတ်အားထက်သန်စွာဖြင့် ပါဝင်ဆောင်ရွက်ခဲ့ကြသည်။

တိုးတက်မှုမာ အလွန်တရာ မြန်ဆန်လှသည်။ ကောင်းကင်ဘုံကိုပင် ဆန့်ကျင်နိုင်မည့် စွမ်းအင်အစီအရင်ကြီး တည်ဆောက်မှု ပြီးစီးရန် အများဆုံး နှစ်နာရီခန့်သာ လိုအပ်ပေလိမ့်မည်။

ထိုအချိန်၌ပင် အရှေ့ပစိဖိတ်သမုဒ္ဒရာ၏ ရေနက်ပိုင်း၌ မရေမတွက်နိုင်သော အက်ကွဲကြောင်းကြီးများ ရုတ်တရက် ပွင့်လာကြ၏။ ထို့နောက် မရေမတွက်နိုင်သော မိစ္ဆာများက အက်ကွဲကြောင်းထဲမှ အလုအယက် ထွက်ပေါ်လာကြသည်။

အစွမ်းထက်လှသည့် မိစ္ဆာစစ်တပ်ကြီးပင်။ မိစ္ဆာတိုင်း၏ အသွင်အပြင်က အလွန်တရာ လှပနေသော်ငြား တစ်ချိန်တည်းမာပင် ထူးဆန်းကာ ရုပ်ဆိုးအကျည်းတန်သည့် အငွေ့အသက်များ ရှိနေပြီး ကြောက်မက်ဖွယ်ကောင်းလှသည်။

မိစ္ဆာများသည် ရေမတွက်နိုင်အောင် များပြားလှပြီး ကောင်းကင်နှင့် နေမင်းကြီးကိုပင် ဖုံးကွယ်သွားစေတော့၏။

စုစုပေါင် ၁.၉ သန်းပင် ဖြစ်၏။ ဤအရေအတွက်သည် တုပိုင်၏ ထိုက်ခန်အင်ပါယာနှင့် တာ့နင်အင်ပါယာကို အကြိမ်တစ်သန်းခန့် ဖျက်ဆီးပစ်ရန်အတွက် လုံလောက်သည်ထက် ပိုနေသည်။။

သို့သော် ရှေးဟောင်းနဂါးမျိုးနွယ်၏ စကြာဝဠာ မိစ္ဆာချေမှုန်းရေး အစီအရင်ကြီး ရှေ့မှောက်၌မူ သူတို့သည် ပုရွက်ဆိတ်များနှင့် ကွာခြားခြင်း မရှိတော့ပေ။

ကံကြမ္မာမိစ္ဆာသခင် ကျောက်ယန်ဖိန်က ကျယ်လောငစွာ အမိန့်ပေးလိုက်၏။ “မိစ္ဆာစစ်တပ် အားလုံး တိုက်ခိုက်ကြ...။ လူသားတွေအားလုံးကို အမြစ်ပြတ် ချေမှုန်းပစ်...။ ထိုက်ခန်အင်ပါယာကို အမြစ်ပြတ် ချေမှုန်းပစ်...။ အဲဒီ လူပြက်ကောင်ရဲ့ ဘေးနားမာရှိတဲ့ သူတိုင်းကို တစ်ယောက်မကျန် မျိုးဖြုတ် သတ်ပစ်ကြစမ်း...”

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၁၂) ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

All Chapters