အခန်း (၁၀၁၅-၁၀၁၆)
Vol. 101 Ch. 1015-1016
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၁၅)
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
မျှော်လင့်ထားသည့်အတိုင်းပင်... ထိုက်ခန်အင်ပါယာရှိ မြို့စားမင်းများနှင့် အရှေ့ဘက်စီရင်စုမှ ဘုရင်ခံများအားလုံး တုပိုင်အား သစ္စာဖောက်သွားကြလေပြီ။ စစ်ပွဲမစတင်မီကပင် သူတို့သည် လေလွှင့်မဟာမိတ်အဖွဲ့၏ စစ်သေနာပတိချုပ်နှင့် ရုပ်သေးမျိုးနွယ်စု၏ စစ်သေနာပတိတို့ထံ သွားရောက်ကာ ခိုလှုံခွင့်ရရန်အတွက် ကျွန်ခံခဲ့ကြသည်။
သူတို့၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ ကျောက်ယန်ဖိန်၏ ခြေရင်း၌ ခွေးတစ်ကောင်ပမာ ဒူးထောက်အညံ့ခံရန်သာ။ လက်ရှိအချိန်၌ ထိုက်ခန်အင်ပါယာ အရှေ့ဘက်စီရင်စု ဘုရင်ခံသည် သူ၏ သောင်းချီသော စစ်တပ်အား ဦးဆောင်လျက် ရင်ပြင်ထက်၌ ဒူးထောက်ကာ ကျောက်ယန်ဖိန်၏ သန်းချီသော မိစ္ဆာစစ်တပ်ကြီး ရောက်ရှိလာမည့်အချိန်ကို စောင့်ဆိုင်းလျက် ရှိနေသည်။
ထိုစဉ် ရုတ်တရက်... ကောင်းကင်ယံတစ်ခုလုံး မှောင်အတိ ကျသွား၏။
မူလက သာယာသောနေ့တစ်နေ့ ဖြစ်သော်လည်း ချက်ချင်းပင် ညအချိန်သို့ ကူးပြောင်းသွားသကဲ့သို့ ဖြစ်သွားသည်။ အထက်သို့ မော့ကြည့်လိုက်ပါက... မိုးတိမ်မည်းကြီးတစ်ခုပမာ မရေမတွက်နိုင်သည့် မိစ္ဆာစစ်တပ်ကြီးကို မြင်တွေ့ရပေလိမ့်မည်။
“ထိုက်ခန်အင်ပါယာရဲ့ အရှေ့ဘက်စီရင်စု ဘုရင်ခံက အရှေ့ဘက်တပ်မတော်ကို ဦးဆောင်ပြီး ကြီးမြတ်လှတဲ့ ကံကြမ္မာမိစ္ဆာသခင် အရှင်မင်းမြတ်ကို ကြိုဆိုပါတယ်...”
ထို့နောက် လူသောင်းပေါင်းများစွာက ပြိုင်တူ ဦးညွှတ်လိုက်ကြသည်။ မိစ္ဆာသခင် ကျောက်ယန်ဖိန်မှာ အဖြူရောင် ဝတ်စုံရှည်ကို ဆင်မြန်းထားပြီး ကြည့်ကောင်းသော ရုပ်ရည်ရှိသော်လည်း သူ၏ ကျောပြင်ထက်၌မူ ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာအတောင်ပံတစ်စုံ ရှိနေ၏။
သူက လေဟင်းလင်းပြင်ထက်၌ ခေတ္တရပ်တန့်လိုက်ရာ... မြေပြင်ပေါ်ရှိ စတုရန်းကီလိုမီတာ ထောင်ပေါင်းများစွာကို လွှမ်းခြုံထားသည့် သန်းချီသည့် မိစ္ဆာစစ်တပ်ကြီးမှာလည်း ရပ်တန့်သွားကြတော့သည်။
အရှေ့ဘက်စီရင်စု ဘုရင်ခံက လျှောက်တင်လိုက်သည်။ “ကျွန်တော်မျိုးရဲ့ အစွမ်းက နိမ့်ပါးလှပေမဲ့ ကျွန်တော်မျိုးရဲ့ စစ်တပ်ကို ဦးဆောင်ပြီး ကြီးမြတ်တဲ့ မိစ္ဆာသခင်နောက်ကို လိုက်ပါချင်ပါတယ်... အရှင်နဲ့အတူ ပုန်ကန်သူ တုပိုင်ကို အမြစ်ပြတ်ချေမှုန်းပြီး သူ့ရဲ့ လက်အောက်ငယ်သားတွေကိုလည်း သတ်ဖြတ်ပေးပါ့မယ်...”
ကျောက်ယန်ဖိန်က ဘုရင်ခံအား စိုက်ကြည့်လိုက်သည်။ “မင်းက ငါ့အတွက် ခွေးတစ်ကောင် လုပ်ချင်တာပေါ့... ဟုတ်လား...”
“ဟုတ်ပါတယ်... အရှင့်အတွက် ခွေးတစ်ကောင်ပဲ လုပ်ပါရစေ... တုပိုင်ကို သတ်ဖို့အတွက် အရှင့်နောက်ကို လိုက်ပါဖို့ အသင့်ပါပဲ...”
ကျောက်ယန်ဖိန်က သွေးအေးစွာ ဆို၏။ “ငါ့အတွက် ခွေးလုပ်လို့တော့ ရပါတယ်... ဒါပေမဲ့ ငါ့ရဲ့ မိစ္ဆာစစ်တပ်က အခု ဗိုက်ဆာနေတာ... မင်းရဲ့ အရှေ့ဘက်စီရင်စုမာ လူ ဘယ်လောက်ရှိလဲ...”
“အရပ်သား နှစ်သန်း ရှိပါတယ်...”
ကျောက်ယန်ဖိန်က အေးစက်စွာ အမိန့်ပေးလိုက်သည်။ “အဲဒီလူတွေ အကုန်လုံးကို ထုတ်လိုက်...”
အရှေ့ဘက်စီရင်စု ဘုရင်ခံက ဆိုသည်။ “နားလည်ပါပြီ... ကျုပ် အရပ်သားအားလုံးကို သက်ဆိုင်ရာ မြို့တွေနဲ့ ရွာတွေက ကွင်းပြင်တွေမာ စုဝေးထားဖို့ အမိန့်ပေးထားပြီးသားပါ... အရှင့်ရဲ့ မြင့်မြတ်တဲ့ မိစ္ဆာစစ်တပ်ကြီးက ကြိုက်တဲ့အချိန် သွားစားလို့ရပါတယ်...”
ကျောက်ယန်ဖိန်က လက်ဝှေ့ယမ်းပြလိုက်ရင်း ဆိုလိုက်၏။ “မင်းတို့ရဲ့ မနက်စာကို အရသာခံလိုက်ကြစမ်း...”
“ဂါးးး”
ချက်ချင်းဆိုသလိုပင် သန်းချီသော မိစ္ဆာစစ်တပ်ကြီးမှာ ဖြာထွက်သွားပြီး အရှေ့ဘက်စီရင်စုအတွင်းရှိ မရေမတွက်နိုင်သော လူနေထိုင်ရာ ဒေသများဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားကြတော့သည်။
“အား... အား...”
သေခြင်းတရားနှင့် ရင်ဆိုင်လိုက်ရသဖြင့် မျှော်လင့်ချက်မဲ့နေသော စူးရှလှသည့် အော်ဟစ်ငိုကြွေးသံများမှာ အရပ်မျက်နှာအနှံ့မှ ထွက်ပေါ်လာတော့၏။
စတုရန်းကီလိုမီတာ သောင်းပေါင်းများစွာ ကျယ်ဝန်းသည့် အရှေ့ဘက်စီရင်စု တစ်ခုလုံးမှာ ငရဲခန်းအလား မျိုးသုဉ်းပျက်စီးခြင်းဘေးနှင့် ကြုံတွေ့သွားရလေတော့သည်။
မရေမတွက်နိုင်သော လူသားများမှာ ကျောက်ယန်ဖိန်၏ မိစ္ဆာစစ်တပ်အတွက် အစားအစာများ ဖြစ်သွားရလေပြီ။
သန်းချီသော မိစ္ဆာစစ်တပ်ကြီးက လူသားနှစ်သန်းအား မြိန်ရည်ယှက်ရည် စားသောက်ကာ အပြတ်ရှင်းပစ်လိုက်ကြသည်။
အရှေ့ဘက်စီရင်စု ဘုရင်ခံက ဆိုလာပြန်၏။ “ကျွန်တော်မျိုးဆီမာ မိစ္ဆာသခင်ကြီးအတွက် တခြား လက်ဆောင်တစ်ခုလည်း ရှိပါသေးတယ်...”
ထို့နောက် သူက လက်ကို ဝှေ့ယမ်းပြလိုက်သည်။ စစ်သည်နှစ်ဦးက အလွန်လှပသော အမျိုးသမီးတစ်ဦးအား ဆွဲခေါ်လာကြ၏။
အရှေ့ဘက်စီရင်စု ဘုရင်ခံက ရှင်းပြသည်။ “ဒီမိန်းမနာမည်က ကျန်းယွီဟန်ပါ... တုရှောင်ရဲ့ အရင် သူငယ်တန်းဆရာမပေါ့... သူက တုရှောင်နဲ့ တုပိုင်ရဲ့ အသက်ကို ကယ်ခဲ့ဖူးရုံတင်မကဘူး... တုပိုင် ကိုမာဝင်နေတဲ့ ဆယ်နှစ်ကျော်လုံး ပြုစုစောင့်ရှောက်ခဲ့တဲ့သူပါ... တုပိုင်အပေါ် တောင်လောက်ကြီးမားတဲ့ ကျေးဇူးရှိခဲ့သူပေါ့... ပြီးခဲ့တဲ့ တစ်နှစ်ကျော်က သူ လေလွှင့်မဟာမိတ်အဖွဲ့ဆီ အဖမ်းခံခဲ့ရပြီး အဆင့်ဆင့် လက်ပြောင်းရင်း နောက်ဆုံး ကျုပ်လက်ထဲ ရောက်လာတာပဲ... တုပိုင်က သူ့ကို အရမ်းတန်ဖိုးထားတာ... သူ့ကို ရှာဖို့ လူရာနဲ့ချီ လွှတ်ထားပြီး ရူးမတတ်ကို လိုက်ရှာနေတာ... အခု ဒီမိန်းမကို မိစ္ဆာသခင် အရှင်မင်းမြတ်ထံ ဆက်သပါရစေ... တုပိုင်ရဲ့ ရှေ့မာတင် ဒီမိန်းမကို နှိပ်စက်ညှဉ်းပန်းပြလိုက်ရင်... အဲဒီပုန်ကန်သူတုပိုင် သွေးအန်ပြီး သေသွားမာ သေချာတယ်...”
ကျောက်ယန်ဖိန်က ကျန်းယွီဟန်၏ မျက်နှာကို ကြည့်လိုက်ပြီး ဆိုလိုက်၏။ “အသက် နည်းနည်းကြီးပေမဲ့... ထူးခြားတဲ့ ဆွဲဆောင်မှုတော့ ရှိသားပဲ... ကောင်းတယ်... ငါကြိုက်တဲ့ အမျိုးအစားပဲ... တကယ်ကို ကောင်းတဲ့ လက်ဆောင်ပဲဟေ့...”
ထို့နောက် သူက အမိန့်ပေးလိုက်သည်။ “ဒီမိန်းမကို သန့်သွားအောင် ရေချိုးပေးလိုက်... ပြီးရင် အကောင်းဆုံး အလှကုန်တွေလိမ်း အကောင်းဆုံး အဝတ်အစားတွေ ဝတ်ပေးထား... အလှဆုံး ပုံစံဖြစ်နေပါစေ... ထိုက်ခန်အင်ပါယာရဲ့ မြို့တော်ကို သိမ်းပိုက်ပြီးရင်... သူ့ကို လီဝမ်ဝမ် ၊ တုရှောင်တို့နဲ့အတူ ငါ့ရဲ့ အထူးဇာတ်ကားမာ သရုပ်ဆောင်ခိုင်းရမယ်... သူ့အတွက် မိစ္ဆာအကောင် သောင်းဂဏန်းလောက် ချပေးပြီး ပြပွဲကြီးတစ်ခု လုပ်မယ်...”
ထို့နောက် ကျောက်ယန်ဖိန်က သူ၏ဘေးရှိ လှပဆွဲဆောင်မှုရှိသည့် အမျိုးသမီးအား လှည့်ကြည့်ကာ ပြောလိုက်သည်။ “ကျန်းရှောင်မန်... မင်းက တုပိုင်ရဲ့ အချစ်ဦး မဟုတ်လား... မင်းက သူ့ကို လှည့်စားပြီး ကစားခဲ့ဖူးတယ်လေ... အခု ပြပွဲမာ ပါချင်သေးရင်တော့... မင်းကို သံမှိုတပ်နှင်တံတစ်ချောင်း ပေးမယ်... တုပိုင်ကို ဝက်တစ်ကောင် ခွေးတစ်ကောင်လို သဘောထားပြီး ရိုက်နှက်ရမယ့် ညှဉ်းပန်းသူနေရာကနေ သရုပ်ဆောင်ပေါ့...”
ကျန်းရှောင်မန်က ဆိုသည်။ “ဟုတ်ကဲ့ပါ... မိစ္ဆာသခင်ကြီးကို ကျေးဇူးတင်ပါတယ်...”
ကျောက်ယန်ဖိန်က စိတ်လှုပ်ရှားစွာ ဆိုလိုက်၏။ “ငါ့ဇာတ်ကားနာမည်က ထိုက်ခန်အင်ပါယာ၏ နေဝင်ချိန်ပဲ... စဉ်းစားမိရုံနဲ့တင် စိတ်လှုပ်ရှားလွန်းလို့ တုန်တောင်တုန်လာပြီ...”
“ဟျောင့်တွေ... ဗိုက်ဝကြပြီလား... ဝရင် ဆက်ချီတက်ကြမယ်... စစ်ပွဲပြီးသွားရင် မင်းတို့အားလုံး ငါ့ရဲ့ ဒီဇာတ်ကားကြီးကို အားပေးကြဦး”
**--**--**--**--**--**--**--**
မိနစ်သုံးဆယ်ခန့် ကြာပြီးနောက် တုပိုင်သည် ထိုက်ခန်အင်ပါယာ နန်းတော်၏ အမြင့်ဆုံးနေရာ၌ ရပ်နေသည်။
ရုတ်တရက် ကောင်းကင်တစ်ခုလုံး မှောင်မည်းသွားတော့၏။ အရှေ့ဘက် ကောင်းကင်ယံမှ ဧရာမ မိုးတိမ်မည်းကြီးတစ်ခု လွင့်မျောလာပြီး ကောင်းကင်တစ်ခုလုံး၌ သွေးညှီနံ့များ လွှမ်းခြုံသွားလေတော့သည်။
ကျောက်ယန်ဖိန်၏ သန်းချီသော မိစ္ဆာစစ်တပ်ကြီး ရောက်လာလေပြီ။ သူက တုပိုင်ကို တစ်ရက်လေးပင် အချိန်ပေးတော့မည် မဟုတ်ချေ။ အရှေ့ကမ္ဘာခြမ်း၏ ကံကြမ္မာကို ဆုံးဖြတ်မည့် တိုက်ပွဲကြီး စတင်တော့လေမည်။
သို့သော်လည်း ဤကံကြမ္မာတိုက်ပွဲမှာ တိုက်ပွဲဟုပင် ခေါ်ရန် ခက်ခဲလောက်သည်အထိ တစ်ဖက်သတ်ဆန်လွန်းနေလိမ့်ပေမည်။
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၁၅) ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၁၆)
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
ဖန်းချင်းယီက မေးလိုက်သည်။ "တုပိုင်... ဒီအချိန်တောအတွင်းမာ တခြားမိန်းမတွေနဲ့ မပတ်သက်ခဲ့ဘူးမလား..."
တုပိုင်တစ်ယောက် ခေတ္တမျှ ငြိမ်ကျသွားပြီးနောက် ခေါင်းခါပြလိုက်၏။
ဖန်းချင်းယီက ဆက်မေးသည်။ "ဘာလို့လဲ... ကျီပြောင်ပြောင် ၊ လီတောက်ယွဲ့ နဲ့ နီရှန်တို့က ရှင့်ရဲ့ ဇနီးတွေပဲလေ... သူတို့နဲ့ ဘာလို့ မနှီးနှောရတာလဲ..."
အမှန်တကယ်ပင်... တာ့နင်အင်ပါယာမှနေ၍ ကမ္ဘာပျက်ကပ်ဆိုက်နေသော ကမ္ဘာမြေသို့ ပြန်ရောက်လာပြီးကတည်းက တုပိုင်သည် သူတို့နှင့် မပတ်သက်ခဲ့ချေ။ အစွဲလမ်းဆုံးဖြစ်သည့် လီတောက်ယွဲ့ပင်လျှင် တုပိုင်အား အတင်းအကျပ် မတောင်းဆိုခဲ့ပေ။
ထိုအမျိုးသမီးသုံးဦး၏ အခန်းကဏ္ဍမှာ တုပိုင်၏ ဇနီးများအဖြစ်မှ လက်အောက်ငယ်သားများအဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ ရှိနေလေပြီ။
တုပိုင်က အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ ဆိုသည်။ "ကမ္ဘာမြေရဲ့ ဥပဒေက တစ်လင်တစ်မယားစနစ်ကိုပဲ လက်ခံပြီး မယားသုံးယောက် ၊ ကိုယ်လုပ်တော်လေးယောက် ထားတာကို ခွင့်မပြုလို့များလား..."
ဖန်းချင်းယီကမူ စိတ်လေစွာဖြင့် ဆို၏။ "ရန်ယဲ့ရှောင်ကြောင့်လေ..."
**--**--**--**--**--**--**--**
ထိုအခိုက် အရှေ့ဘက်မှ မိစ္ဆာစစ်တပ်ကြီးမှာ တဖြည်းဖြည်း နီးကပ်လာနေပြီ ဖြစ်သည်။ မုန်တိုင်းမလာမီ လေပြင်းများ တိုက်ခတ်နေသကဲ့သို့ပင်။
ဖန်းချင်းယီက ရှင်းပြလိုက်သည်။ "ကမ္ဘာမြေကို ရောက်ရောက်ချင်း ရှင့်စိတ်ထဲမာ ရန်ယဲ့ရှောင်နဲ့ တုရှောင်တို့အပေါ် အကြွေးတင်နေသလို ခံစားနေရတယ်... ဒါကြောင့် တခြားဘယ်မိန်းမနဲ့မှ ရှေ့မဆက်ရဲတော့ဘူး... တကယ်လို့ လုပ်ခဲ့ရင် ရန်ယဲ့ရှောင်ကို သစ္စာဖောက်သလို ခံစားရမာမလို့ပဲ..."
ရန်ယဲ့ရှောင်ဆိုသည်မှာ အချစ်နှင့်ပတ်သက်လာလျှင် အလွန်တရာ အစွဲအလမ်းကြီးပြီး သစ္စာရှိလွန်းသည့် အမျိုးသမီးပင်။
ယခင်က တုပိုင် တစ်ကြိမ် ဖောက်ပြန်ခဲ့ဖူးစဉ်က သူမသည် ချက်ချင်းပင် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့သည်။ ယခုမူ တုပိုင်သည် ဖောက်ပြန်ရုံတင်မကဘဲ အမျိုးသမီးများစွာဖြင့် ရှိနေသည် မဟုတ်လော။
ဖန်းချင်းယီက ထပ်မေးလိုက်သည်။ "ရှင့်စိတ်ထဲမာ တာ့နင်အင်ပါယာမာတုန်းက မိန်းမတွေအများကြီး ပိုင်ဆိုင်ခဲ့ပေမဲ့... ဒီကမ္ဘာမာတော့ ရန်ယဲ့ရှောင် တစ်ယောက်တည်းကိုပဲ ပိုင်ဆိုင်ချင်နေတာမလား..."
တုပိုင်က ငြင်းဆန်လိုက်သည်။ "ဒါက တော်တော် အရူးကျတဲ့ အတွေးပဲ..."
ဖန်းချင်းယီက ပြန်လည်တုံ့ပြန်၏။ "အရမ်းလည်း မတရားဘူးလေ... ဒါပေမဲ့ ရန်ယဲ့ရှောင်ကို ရှာတွေ့သွားရင်တော့ အရာအားလုံး ပြောင်းလဲသွားနိုင်ပါတယ်..."
မိစ္ဆာစစ်တပ်ကြီးက ပို၍နီးကပ်လာနေလေပြီ။
ဖန်းချင်းယီက နှုတ်ဆက်လိုက်သည်။ "ကဲ... ကျွန်မ သွားတော့မယ်..."
တုပိုင်က မေးလိုက်၏။ "ဘယ်သွားမလို့လဲ..."
"ငရဲမျှော်စင်..."
သူမ၏ ခန္ဓာကိုယ်အတွင်း၌ မိစ္ဆာစွမ်းအင်များ အပြည့်အဝ ရှိနေသောကြောင့် ငရဲမျှော်စင်ရှိ အစွမ်းထက်သော စွမ်းအားများက သူမအား ဖိနှိပ်ထားမည်ဖြစ်သည်။ ငရဲမျှော်စင်နှင့် မိုင်တစ်ရာပတ်လည်အတွင်း ရောက်ရှိသွားပါက သူမ အလွန်တရာ နာကျင်ခံစားရပေလိမ့်မည်။
ဖန်းချင်းယီက ဆက်ပြော၏။ "ငရဲမျှော်စင်မာ အရမ်းနာကျင်ရပေမဲ့ အနည်းဆုံးတော့ အသက်မသေနိုင်ဘူးလေ... ဒီမာ ဆက်နေရင်တော့ ကျွန်မ သေချာပေါက် သေရလိမ့်မယ်... ရှင့်ရဲ့ စကြာဝဠာ မိစ္ဆာချေမှုန်းရေး အစီအရင်က မျက်လုံးမပါဘူးလေ... ကျွန်မက ရှင့်ရဲ့ နာမည်ခံဇနီးဖြစ်နေရင်တောင် မိစ္ဆာစွမ်းအင်တွေ ပြည့်နှက်နေတဲ့ ကျွန်မကို ချမ်းသာပေးမာ မဟုတ်ဘူး..."
"တခြားနေရာတွေကို ထွက်ပြေးလို့ရပေမဲ့... ကျောက်ယန်ဖိန်က ကျွန်မကို ဖမ်းပြီး ရှင့်ကို ဓားစာခံလုပ် ခြိမ်းခြောက်လာရင် ရှင် ဒုက္ခရောက်ရလိမ့်မယ်..."
တုပိုင်က သက်ပြင်းချရင်း ဆိုသည်။ "မင်း တော်တော်လေး နားလည်တတ်လာပါလား..."
"မတတ်နိုင်ဘူးလေ... ကျွန်မက ရှင့်ကိုပဲ တွယ်တာနေမိတာကိုး... ရှင်က ကျွန်မကို လက်မခံရင်လည်း တစ်သက်လုံး တစ်ယောက်တည်း နေသွားရုံပေါ့... သွားပြီနော်..."
ထို့နောက် ဖန်းချင်းယီသည် တုပိုင်အား အနမ်းတစ်ပွင့် ပေးလိုက်ပြီး သူ၏ မျက်စိရှေ့မှ လုံးဝ ပျောက်ကွယ်သွားလေတော့သည်။
သူမ ထိုက်ခန်အင်ပါယာ၏ မြို့တော်မှ ထွက်ခွာကာ စကြာဝဠာ မိစ္ဆာချေမှုန်းရေး အစီအရင်၏ ဖျက်ဆီးနိုင်စွမ်းရှိသည့် နယ်ပယ်ကို ကျော်လွန်၍ ငရဲမျှော်စင်ဆီသို့ ဦးတည်သွားလိုက်၏။
ခဏအကြာ၌မူ ကံကြမ္မာမိစ္ဆာသခင် ကျောက်ယန်ဖိန်၏ သန်းနှင့်ချီသည့် မိစ္ဆာစစ်တပ်ကြီးသည် ထိုက်ခန်အင်ပါယာ မြို့တော်၏ ကောင်းကင်ယံသို့ ရောက်ရှိလာတော့၏။
**--**--**--**--**--**--**--**
"လီရှောင်ထန်... နင် နေရာယူတာ သတိထားဦးလေ... ဂေးလ်ဂျေးဒန်ရဲ့ မီးလုံးက အရမ်းမြန်တယ်ဟ..."
"လီဟိုင်... ငါ့ကို သွေးဖြည့်ပေးမယ်ဆိုတာ ဘယ်ရောက်သွားပြီလဲ..."
"တုမို..."
အိမ်ရှေ့စံမင်းသမီး တုရှောင်သည် သူမ၏ အလုပ်များ ပြီးစီးသွားသဖြင့် ကလေးတစ်စုကို ဦးဆောင်ကာ ဂိမ်းဆော့နေခြင်း ဖြစ်သည်။
ကမ္ဘာပျက်ကပ်ဆိုက်နေပြီ ဖြစ်သော်လည်း ဧကရာဇ် လီရှောင်ချန်မှာ ဤဂိမ်းကို အလွန်အမင်း စွဲလမ်းနေသဖြင့် ကွန်ရက်ချိတ်ဆက်ကစားနိုင်သော ပုံစံတစ်ခုကို ဖန်တီးထားခဲ့၏။
လက်ရှိအချိန်၌ အရှေ့ကမ္ဘာခြမ်း၏ ကံကြမ္မာကို ဆုံးဖြတ်မည့် စစ်ပွဲကြီး စတင်တော့မည် ဖြစ်သော်လည်း တုရှောင်လေးကမူ ကလေးတစ်ဒါဇင်ခန့်ကို ဦးဆောင်ကာ ဂိမ်းကစားနေသည်။
ဤကမ္ဘာကြီးမှာ တကယ်ကို မတရားပေ။ လီဟိုင်နှင့် လီရှောင်ထန်တို့မှာ ဤဂိမ်းကို နှစ်ပေါင်းများစွာ ကစားလာခဲ့သော်လည်း ရက်ပိုင်းမျှသာ ကစားရသေးသည့် တုရှောင်မှာ အံ့မခန်းပါရမီရှင်ပီပီ အကောင်းဆုံး ကစားသမား ဖြစ်လာရုံသာမက စစ်သေနာပတိချုပ်အဖြစ်ပါ တာဝန်ယူထား၏။
လီရှောင်ချန်၏ ဇနီးဖြစ်သူ လင်းလုမှာ ကလေးများအတွက် သစ်သီးများ ခွဲစိတ်ပေးနေရင်း တုရှောင်အား သဘောကျလွန်းလှသဖြင့် ငေးကြည့်နေမိသည်။
သူမသည် သူမ၏ ကလေးနှစ်ယောက်ကို ချစ်ခင်သော်လည်း တုရှောင်လေးမှာမူ အလွန်တရာ ချစ်ဖို့ကောင်းနေ၏။ သူမ ရောက်လာပြီးနောက်ပိုင်း လီဟိုင်နှင့် လီရှောင်ထန်တို့၏ ကမ္ဘာလေးမှာ မှိုင်းညို့နေရာမှ ရောင်စုံခြယ်သထားသကဲ့သို့ ပျော်ရွှင်စရာများဖြင့် ပြည့်နှက်လာသည်။
အကြောင်းမှာ တုရှောင်သည် အမြဲတမ်း ပျော်ရွှင်နေတတ်ပြီး သူမ၏ ခေါင်းထဲ၌ မရေမတွက်နိုင်သော နောက်ပြောင်စရာ အကြံဉာဏ်များ ရှိနေကာ လူတိုင်းကို လွှမ်းမိုးနိုင်စွမ်း ရှိသောကြောင့်ပင်။
တုရှောင်က အကျင့်ပါနေသည့်အတိုင်း လူတိုင်း၏ အမှားများကို ထောက်ပြနေ၏။ "တုမို... နင်ကလည်း..."
တုမိုက အေးစက်စွာ တုံ့ပြန်လိုက်သည်။ "ကျွန်တော်က ဘာဖြစ်လို့လဲ... ကျွန်တော် ဘာမှ မမှားဘူးလေ..."
သူကဲ့သို့ ပါရမီရှင်တစ်ယောက်အနေဖြင့် တိုက်ယန်ကျင်း ကုန်းပြင်မြင့်ကဲ့သို့ သေးငယ်သော ပွဲစဉ်လေးတွင် အမှားလုပ်စရာ အကြောင်းမရှိပေ။
တုရှောင်သည် ဒေါသကို အတော်ကြာအောင် မြိုသိပ်ထားလိုက်ပြီးနောက် တမင်သက်သက် အမှားတစ်ခုလုပ်ကာ ဂေးလ်ဂျေးဒန်အား တုမိုထံသို့ ဆွဲခေါ်သွားပြီး သတ်ပစ်လိုက်လေသည်။
တုရှောင်က ညည်းညူလိုက်သည်။ "ရှောင်ထန်လေးကမှ ချစ်ဖို့ကောင်းသေးတယ်... ငါ့မောင်ကတော့ တကယ် စိတ်ရှုပ်ဖို့ကောင်းတာပဲ..."
တုမိုက တုံ့ပြန်၏။ "ကလေးဆန်လိုက်တာ..."
လင်းလုက သစ်သီးများ ချပေးရင်း မေးလိုက်သည်။ "တုရှောင်... သမီးတို့ လစ်ချ်ဘုရင်ကို သွားမတိုက်ကြဘူးလား... သူက ဂေးလ်ဂျေးဒန်ထက် အဆင့် ပိုမြင့်တယ်လေ..."
တုရှောင်က ဖြေ၏။ "ဦးလေး လီရှောင်ချန်က နန်းတော်ကို ရေခဲသရဖူခံတပ်ကြီးအဖြစ် ပြောင်းထားတာလေ... အခု ကျောက်ယန်ဖိန်က သန်းချီတဲ့ မိစ္ဆာစစ်တပ်ကြီးကို ဦးဆောင်ပြီး နန်းတော်ကို လာတိုက်နေတာဆိုတော့... သမီးတို့က ဂိမ်းထဲမာ ရေခဲသရဖူခံတပ်ကို သွားတိုက်ရင် နိမိတ်မကောင်းမာ စိုးလို့ပါ..."
တကယ်တမ်းတွင် တုရှောင်၌ ပြောရန်စကားများ ကျန်နေသေးသည်။
ဂေးလ်ဂျေးဒန်သည်လည်း မိစ္ဆာဖြစ်ပြီး ကျောက်ယန်ဖိန်သည်လည်း မိစ္ဆာဖြစ်သည်။ ထို့ကြောင့် ဂေးလ်ဂျေးဒန်ကို သတ်ခြင်းက နိမိတ်ကောင်းတစ်ခု ဖြစ်သည်။
ထိုစကားကို ကြားလိုက်ရသောအခါ လင်းလုမှာ ပို၍ပင် သဘောကျသွားတော့၏။ လင်းလုတစ်ယောက် ချစ်စရာကောင်းသော တုရှောင်၏ ပါးမို့မို့လေးကို နမ်းလိုက်ရင်း ဆိုသည်။ "သမီးလေးက ဘာလို့ ဒီလောက်တောင် ချစ်ဖို့ကောင်းနေရတာလဲကွယ်... အန်တီ့သား လီဟိုင်ကို လွှင့်ပစ်ပြီး သမီးကိုပဲ မွေးစားလိုက်ချင်တော့တယ်..."
လီဟိုင်မှာ ကြက်သီးမွှေးညင်းများ ထသွားပြီး အချိန်မီ သွေးမဖြည့်ပေးနိုင်ခဲ့သဖြင့် တစ်ဖွဲ့လုံး သေလုနီးပါး ဖြစ်သွားရလေတော့သည်။
**--**--**--**--**--**--**--**
ထိုက်ခန်အင်ပါယာ မြို့တော်၏ ကောင်းကင်ယံ၌... နှစ်သန်းနီးပါးရှိသော မိစ္ဆာစစ်တပ်ကြီး ရုတ်တရက် ပေါ်ထွက်လာ၏။
တုပိုင်၏ မျက်ဝန်းများမှာ ရုတ်တရက် တုန်ခါသွားရသည်။
တုပိုင်သည် ဤသည်ထက် ကြီးမားသော မြင်ကွင်းများကို မြင်တွေ့ဖူးပြီးဖြစ်သည်။ ဘုရင်မ မိုဟန် ဦးဆောင်သည့် မသေမျိုးစစ်တပ် သန်း ၃၅ သန်း၏ မိုင်ထောင်ချီ ရှည်လျားသော မြင်ကွင်းမှာ တုန်လှုပ်ချောက်ချားဖွယ် ကောင်းခဲ့သည်။
သို့သော် ဘုရင်မ မိုဟန်၏ သန်း ၃၅ သန်းသော မသေမျိုးစစ်တပ်ကြီးမှာ ယခု မျက်မှောက်ရှိ နှစ်သန်းနီးပါးသော မိစ္ဆာစစ်တပ်ကြီးနှင့် နှိုင်းယှဉ်ပါက ဘာမှမဟုတ်တော့ပေ။ မိစ္ဆာတမန်တော်၏ မိစ္ဆာစစ်တပ် ငါးသောင်းဆိုလျှင် ပြောစရာပင် မလိုတော့ချေ။
နှစ်သန်းနီးပါးသော မိစ္ဆာစစ်တပ်ကြီးထံမှ ထွက်ပေါ်လာသည့် စွမ်းအင်ဖိအားမှာ တကယ်ကို ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။
သာမန်လူများအနေဖြင့် ခံစားမိမည် မဟုတ်သော်လည်း အလွန်တရာ အစွမ်းထက်လှသည့် စိတ်ဝိညာဉ်စွမ်းအားရှိသည့် တုပိုင်အတွက်မူ ဤစွမ်းအင်ဖိအားကြီးက သူ့ကို အသက်ရှူရခက်စေပြီး ဂြိုဟ်တစ်လုံးလုံးက သူ့အပေါ် ဖိကျလာသကဲ့သို့ ခံစားရစေသည်။
အရွယ်အစား ကြီးမားတိုင်း အစွမ်းထက်သည်တော့ မဟုတ်ပေ။ မသေမျိုးမျိုးနွယ်စု၏ အရှင်သခင်သည် ချင်းဟိုင်တိဘက် ကုန်းပြင်မြင့်လောက် ကြီးမားသော်လည်း မိစ္ဆာတမန်တော်၏ လက်ချက်ဖြင့် သေဆုံးခဲ့ရ၏။ မိစ္ဆာတမန်တော်ဆိုသည်မှာ ကျောက်ယန်ဖိန်၏ ခွေးတစ်ကောင်မျှသာ ဖြစ်သည်။
အဖြူရောင်ဝတ်စုံကို ဆင်မြန်းထားသော ကံကြမ္မာမိစ္ဆာသခင် ကျောက်ယန်ဖိန်သည် လေထဲ၌ လွင့်နေရင်း သူ၏ ခမ်းနားလှသော အတောင်ပံတစ်စုံကို ဖြန့်ကြက်ကာ ရုတ်တရက် ပေါ်ထွက်လာလေ၏။
ကံကြမ္မာမိစ္ဆာသခင် ကျောက်ယန်ဖိန်က အော်ဟစ်အမိန့်ပေးလိုက်သည်။ "ရုပ်သံဖမ်းစက်တွေ အားလုံး အသင့်ပြင်ထား..."
ချက်ချင်းဆိုသလိုပင် ရာနှင့်ချီသည့် မိစ္ဆာများမှာ ကောင်းကင်ယံသို့ ပျံတက်သွားကြပြီး သူတို့တစ်ဦးစီ၏ လက်ထဲတွင် အဆင့်မြင့်ဆုံး ရုပ်သံဖမ်းစက်တစ်လုံးစီ ကိုင်ဆောင်ထားကြ၏။ သူတို့သည် ထိုက်ခန်အင်ပါယာ၏ မြို့တော်ကို အရပ်မျက်နှာအနှံ့မှ အနီးအဝေး ပုံစံအမျိုးမျိုးဖြင့် ရိုက်ကူးနေကြသည်။ ပြည်သူများ ၊ တုပိုင် ၊ မိစ္ဆာစစ်တပ်ကြီး... မည်သည့် မြင်ကွင်းကိုမျှ လွတ်လပ်ခွင့် မပေးချေ။
ကျောက်ယန်ဖိန်က လက်ယှမ်းလိုက်သည်။
ထိုအခါ မိန်းမပျိုမိစ္ဆာတစ်ဦးက သူငယ်တန်းဆရာမ ကျန်းယွီဟန်အား ဖမ်းဆွဲလျက် ထွက်လာ၏။
ကျန်းယွီဟန်မှာ လှပသည့် ခရမ်းရောင်ဝတ်စုံကို ဆင်မြန်းထားပြီး မိတ်ကပ်များဖြင့် အလွန်ရင့်ကျက်ကာ လှပနေသည်။ ဆွဲဆောင်မှုရှိပြီး အမိုက်စား ခန္ဓာကိုယ်ပိုင်ရှင် ကျန်းရှောင်မန်သည်လည်း ပါလာ၏။ သေချာသည်မှာ သူတို့သည် ကော်ဇောနီပေါ်တွင် လျှောက်လှမ်းနေခြင်း မဟုတ်ဘဲ လေဟင်းလင်းပြင်ထက်၌ လျှောက်လှမ်းနေကြခြင်းပင်။
ကျောက်ယန်ဖိန်က လူကြီးလူကောင်းဆန်ဆန်ဖြင့် ထိုအမျိုးသမီးနှစ်ဦးအား နှုတ်ဆက်လိုက်၏။ "ဆရာမကျန်း... မိန်းကလေးကျန်း... လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက လူအများကြီးက ကျွန်တော့်ကို ဆရာဝန်ကျောက်... ဆရာဝန်ကျောက် လို့ ခေါ်ခဲ့ကြတယ်... အခုတော့ လူတော်တော်များများက ကြီးမြတ်လှတဲ့ မိစ္ဆာသခင် အရှင်မင်းမြတ် လို့ ခေါ်နေကြပြီ... ဒါပေမဲ့ ကျွန်တော်က အဲဒီနာမည်ကို လုံးဝ မကြိုက်ပါဘူး... တကယ်တော့... ကျွန်တော်က ရုပ်ရှင်ဒါရိုက်တာ တစ်ယောက်ပါ..."
ကျောက်ယန်ဖိန်၏ မျက်ဝန်းများထက်၌ အတိတ်ကို လွမ်းဆွတ်နေသည့် အရိပ်အယောင်များ ပေါ်လာကာ ဆက်ပြောသည်။ "အရမ်းကို ကြာခဲ့ပြီဖြစ်တဲ့ အတိတ်တစ်ခုပေါ့... ကျွန်တော် အထက်တန်းကျောင်းသားဘဝတုန်းက ရုပ်ရှင်ပြခန်းသွားပြီး ရုပ်ရှင်ကြည့်ရင်း ကျွန်တော့်ရဲ့ နတ်သမီးလေးကို တိတ်တိတ်လေး သဘောကျခဲ့ဖူးတယ်... အဲဒီအချိန်က ပျမ်းမျှအားဖြင့် ကားသုံးကားမာ တစ်ကားက အပြာကား ဖြစ်နေတတ်တယ်... အစပိုင်းမာတော့ ဟောင်ကောင်က နှစ်အပေါင်းတစ် အဆင့်ရှိတဲ့ ကားလောက်ပဲ... နောက်ပိုင်းတော့ အမေရိကန်နဲ့ ဂျပန်က အပြာတွေ ဖြစ်လာတာပဲ... ဒဏ္ဍာရီလာ အထူးကန့်သတ် ရုပ်ရှင်ကားတွေပေါ့..."
ကျောက်ယန်ဖိန်က ဆက်ပြော၏။ "အဲဒါ တကယ့်ကို စိတ်အားထက်သန်စရာကောင်းတဲ့ အချိန်ကာလတစ်ခုပဲ... ကောင်းမွန်တဲ့ ရုပ်ရှင်တစ်ကားက လူတွေရဲ့ စိတ်ခံစားမှုကို မြှင့်တင်ပေးနိုင်တယ်... ရှယ်ကြုံးကြတဲ့ အချစ်ကားဆိုရင် ပိုတောင် ဆိုးသေး... ကျွန်တော် အဲဒီလိုကားတွေ သိန်းနဲ့ချီ ကြည့်ခဲ့ဖူးတယ်... အစပိုင်းမာ ရုပ်ရှင်ပြခန်းမာ ကြည့်တယ်... နောက်တော့ ခွေငှားပြီး အိမ်မာ ရုပ်သံခွေနဲ့ ကြည့်တယ်... နောက်တော့ ကွန်ပျူတာနဲ့ ကြည့်တယ်... တဖြည်းဖြည်းနဲ့ ကျွန်တော် မကျေနပ်နိုင်တော့ဘူး... စိတ်ပျက်လာတယ်... ဘာလို့ သရုပ်ဆောင်ကောင်းကောင်းနဲ့ အပြာကားကြီးတွေ မရှိရတာလဲ..."
"ဒင်းဒူဘားလပ်စ်ရဲ့ ကားတွေက မဆိုးပေမဲ့ မလုံလောက်သေးဘူး..."
"ကျွန်တော် ကြည့်ချင်တဲ့ ဇာတ်ကားတွေက မြင်ကွင်းကျယ်ကြီးတွေ ဖြစ်ရမယ်... အတိုင်းအတာက အမေရိကန်နဲ့ ဂျပန် အချစ်ကားတွေထက် ကြီးမားရမယ်... အဲဒီကားထဲက မင်းသမီးတွေရဲ့ အလှတရားက ဟောလိဝုဒ် ၊ တရုတ် ၊ ဂျပန် ၊ တောင်ကိုရီးယားက မင်းသမီးတွေ အားလုံးပေါင်းထားတာထက် သာလွန်နေရမယ်..."
"ကျွန်တော်က ဒီလိုမျိုး ကြီးကျယ်ခမ်းနားတဲ့ အချစ်ကားကြီးကို ကြည့်ချင်နေတာ... ဘာလို့ ဘယ်သူမှ မရိုက်ကြတာလဲ... ဒါကြောင့် ကျွန်တော့်မာ ရည်မှန်းချက်တစ်ခု ရှိလာတယ်... ကျွန်တော် ရုပ်ရှင်ဒါရိုက်တာ လုပ်မယ်... ဒီလို ကြီးကျယ်ခမ်းနားတဲ့ ရုပ်ရှင်ကားကြီးကို ဘယ်သူမှ မရိုက်ရင် ကျွန်တော် ကိုယ်တိုင် ရိုက်မယ်..."
"ကျွန်တော့် ဇာတ်ကားနာမည်က တကယ့်ကို ချောက်ချားစရာ ကောင်းတယ်... အကုန်လုံးက အပြင်မာ တကယ်ရိုက်မာ... လူစားထိုး မပါဘူး... အရန်သရုပ်ဆောင် မပါဘူး... အထူးဖန်တီးထားတဲ့ ပြင်ဆင်ချက်တွေလည်း မပါဘူး... မင်းသမီးတွေက တုပိုင်ရဲ့ သမီးတွေ ၊ တုပိုင်ရဲ့ ဇနီးတွေ ဖြစ်ရမယ်... အဲဒီ နာမည်ကြီး မင်းသမီးတွေထက် ဆယ်ဆ ပိုလှစေရမယ်လို့ အာမခံတယ်... မင်းသားတွေကတော့ ကျွန်တော့်လက်အောက်က မိစ္ဆာကောင် တစ်ထောင်ပေါ့..."
ကျောက်ယန်ဖိန်က ရူးသွပ်စွာ အော်ဟစ်လိုက်သည်။ "ဒီရုပ်ရှင်ရဲ့ ပထမအခန်းကတော့ လူသားမျိုးနွယ် မျိုးသုဉ်းပျက်စီးခြင်းပဲ... သန်းချီတဲ့ မိစ္ဆာတွေက လူသားတွေရဲ့ နောက်ဆုံးမျှော်လင့်ချက်ခံတပ်ဖြစ်တဲ့ ထိုက်ခန်အင်ပါယာရဲ့ မြို့တော်ကို တိုက်ခိုက်သိမ်းပိုက်ကြမယ်... ဒီမြင်ကွင်းကြီးက သေချာပေါက် အဲဒီထက် ပိုကြီးကျယ်နေမာပဲ... တုပိုင် မင်း ဘယ်လိုထင်လဲ... ငါ့ရဲ့ ရုပ်ရှင်ကားကြီး ရုံတင်လိုက်ရင် ကမ္ဘာ့လက်မှတ်ရောင်းအား အကောင်းဆုံး စံချိန်ကို ချိုးနိုင်ပါ့မလား..."
"ဒုတိယအခန်းကတော့ တုပိုင် အဖမ်းခံရပြီး ညှဉ်းပန်းနှိပ်စက်ခံရတဲ့ အခန်းပေါ့..."
"တတိယအခန်း... အဲဒါက ဒီရုပ်ရှင်ရဲ့ အထွတ်အထိပ်ပဲ... မိစ္ဆာကောင် တစ်ထောင်နဲ့ တုပိုင်ရဲ့ မိန်းမတွေ ပါဝင်သရုပ်ဆောင်ရမယ့် ရူးသွပ်နေတဲ့ ပြဇာတ်ကြီး တစ်ပုဒ်ပေါ့..."
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၁၆) ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။