← Chapters

ဖော်ထုတ်ခံရပြီ... ငါက အဋ္ဌမ မျိုးဆက်ကနေ ဆင်းသက်လာတဲ့ ချမ်းသာတဲ့ မိသားစုကပဲ

Vol. 11 Ch. 107

ဖော်ထုတ်ခံရပြီ... ငါက အဋ္ဌမ မျိုးဆက်ကနေ ဆင်းသက်လာတဲ့ ချမ်းသာတဲ့ မိသားစုကပဲ

Vol. 11 Ch. 107

ချန်ရွှယ်အန်း၏ ရဲတင်းသော စကားများကြောင့် ဝမ်ရှိုကျဲ့ မှင်တက်သွားလေသည်။

ဝမ်လိချီမှာမူ သဘာဝကျကျပင် သူမ၏ မျက်လုံးများ ပိတ်သွားသည်အထိ ရယ်မောလိုက်ပြီး ချိုသာစွာ ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဦးလေးချန်... ဦးလေးက အရမ်း သဘောကောင်းတာပဲ"

"အဟွတ် အဟွတ်"

ဝမ်ရှိုကျဲ့က အလျင်အမြန် တားလိုက်သည်။

"ညီအစ်ကိုချန်... ခင်ဗျားက အိမ်ရှင် ဖြစ်နေမှတော့ ဧည့်သည်ကို ဘယ်လိုလုပ် မှာခိုင်းလို့ ရမှာလဲ"

"ရပါတယ် ငါတို့က မိသားစုတွေပဲလေ ဒီလို အပေါ်ယံ စည်းကမ်းတွေကို ဂရုစိုက်နေစရာ မလိုပါဘူး ငါ့တူမလေးကို မှာခိုင်းလိုက်ပါ ဒီနေ့ အစားအသောက်က မင်းအတွက် ဂုဏ်ပြုပွဲပါ"

ချန်ရွှယ်အန်းသည် ယခုလေးတင် ဝိညာဉ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီး ချန်နင် အစောင့်တပ်စခန်းရှိ ချန်၏ စီးပွားရေး ဌာနခွဲတွင် ဒု-မန်နေဂျာ ဖြစ်လာခဲ့ကာ အနာဂတ်တွင်လည်း ရာထူး တိုးလာနိုင်သေးလေသည်။ ၎င်းသည် သူ၏ ဘဝတွင် အတက်ကြွဆုံး အချိန်ကာလ ပင်ဖြစ်သည်။

အကယ်၍ သူ ဆက်လက် ငြင်းဆန်နေပါက ချန်ရွှယ်အန်းကို စော်ကားရာ ရောက်သွားမည်ကို ဝမ်ရှိုကျဲ့ သိလေသည်။

ချက်ချင်းပင် သူက ဝမ်လိချီအား ဒီနေ့ သတိထားသင့်ကြောင်း အရိပ်အမြွက် ပေးလိုက်သည်။ မဟုတ်ရင် မနက်ဖြန် စတုတ္ထဦးလေးက နင့်ကို နောက်တစ်ခါ ထပ်ခေါ်သွားမယ်။

ကံကောင်းထောက်မစွာဖြင့် ဝမ်လိချီသည် အစားအသောက်ကို မက်မောသော်လည်း ဝမ်ရှိုကျဲ့၏ အရိပ်အမြွက်ကို ရပြီးနောက် သူမက မဆင်မခြင် မလုပ်သင့်ကြောင်း နားလည်သွားလေသည်။ မဟုတ်ပါက စတုတ္ထဦးလေး အိမ်အပြန်ရောက်လျှင် သူမ အရိုက်ခံရပေလိမ့်မည်။

သူမ တုံ့ဆိုင်းနေပြီးနောက် အရသာရှိသည်ဟု ကြားဖူးသော်လည်း တစ်ခါမှ မမြည်းစမ်းဖူးသော ကြေးပြားကြီး ဒါဇင်ပေါင်းများစွာ တန်သည့် ဟင်းပွဲ နှစ်ပွဲကို မှာလိုက်လေသည်။

"တူမလေး... ဦးလေးချန် ကို အထင်သေးနေတာလား အဲဒါတွေ ဖျက်လိုက် ဖျက်လိုက်... ဒီနေ့ ငါတို့ ဝိညာဉ် အစားအစာတွေချည်းပဲ စားမယ်"

ချန်ရွှယ်အန်းက အမှား လုပ်ရန် အတင်းအကျပ် တောင်းဆိုလေသည်။ ဦးလေးချန် က အကြိမ်ကြိမ် ဖိတ်ခေါ်နေသဖြင့် နောက်ဆုံးတွင် ဝမ်လိချီသည် စိတ်ကို ခိုင်ခိုင်ထားကာ ဝိညာဉ် အစားအစာ ငါးမျိုး သို့မဟုတ် ခြောက်မျိုးခန့်ကို မှာလိုက်လေသည်။ ၎င်းတို့ အားလုံးမှာ သူမ တစ်ခါမှ မစားဖူးသော ဝိညာဉ်ငါးများနှင့် ဝိညာဉ် အသားများ ဖြစ်ပြီး ရွှေတာရာ အနည်းငယ် တန်သော ဝိညာဉ် သစ်သီး ပန်းကန် တစ်ခုလည်း ပါဝင်လေသည်။

ချန်ရွှယ်အန်းက အနည်းငယ် မျက်မှောင်ကြုတ်သွားလေသည်။

ဒါပဲလား။

စုစုပေါင်း ကုန်ကျစရိတ်မှာ ရွှေတာရာ နှစ်ဆယ် သို့မဟုတ် သုံးဆယ်ခန့်သာ ရှိလေသည်။

ချက်ချင်းပင် ချန်ရွှယ်အန်းသည် လှပသော ဟင်းလျာ စာရင်းကို ယူကာ လက်ကို ဝှေ့ယမ်းပြီး (အရသာ တစ်ရာ စံအိမ်) ၏ နာမည်ကြီး ဝိညာဉ် ဟင်းလျာ ငါးမျိုး သို့မဟုတ် ခြောက်မျိုးခန့်ကို ထပ်မှာလိုက်ပြီး ဝိညာဉ်အရက် နှစ်မျိုးကိုလည်း မှာလိုက်လေသည်။

တစ်မျိုးမှာ 'မီးတောက်နီ နှင်းဆီ' ဟု ခေါ်သော မီးဓာတ် ဝိညာဉ်အရက် ဖြစ်ပြီး အနီရောင် သလင်းကျောက် ဝိညာဉ်ဆန်နှင့် ဝိညာဉ် စမ်းရေ တို့ဖြင့် ချက်လုပ်ထားခြင်း ဖြစ်သည်။ လည်ချောင်းထဲသို့ ဝင်သွားသောအခါ လောင်ကျွမ်းနေသော မီးတောက် တစ်ခုကဲ့သို့ ဖြစ်ပြီး အမျိုးသားများ သောက်ရန် အသင့်တော်ဆုံး ဖြစ်သည်။

နောက်တစ်မျိုးမှာ 'ရေခဲ သလင်း နှင်းရည် သစ်သီးအရက်' ဖြစ်ပြီး နာမည်ကြီး ရေဓာတ် သလင်း နှင်းရည် မြက် ဖြင့် ချက်လုပ်ထားခြင်း ဖြစ်သည်။ ဤအရက်သည် အရက်ပါဝင်မှု နည်းပါးပြီး ရေခဲစိမ် အချိုရည်နှင့် ပိုတူကာ အမျိုးသမီးများ သောက်ရန် သင့်တော်လေသည်။

သလင်း နှင်းရည် မြက်... နာမည်တွင် "မြက်" ဟူသော စကားလုံး ပါဝင်သော်လည်း တကယ်တမ်းတွင် ၎င်းသည် ရေဓာတ် ဝိညာဉ် သွေးကြော၏ ဝိညာဉ် လယ်ကွင်းတွင် ပေါက်ရောက်ရန် လိုအပ်သော ရေဓာတ် ဝိညာဉ် သစ်သီး တစ်မျိုး ပင်ဖြစ်သည်။

ဝမ်ရှိုကျဲ့၏ မိခင်ဘက်မှ မျိုးနွယ်စု ဖြစ်သော ယင်းရှို့ လုမျိုးနွယ်စု သည် သလင်း နှင်းရည် မြက် အနည်းငယ်ကို ထုတ်လုပ်ပြီး ငွေကြေး အမြောက်အမြား ရရှိလေသည်။

ဤစားသောက်ပွဲသည် ရွှေတာရာ ခုနစ်ဆယ် သို့မဟုတ် ရှစ်ဆယ်ခန့် ကုန်ကျမည်ဟု ခန့်မှန်းရလေသည်။

ကမ္ဘာမြေပေါ်တွင် ဆိုပါက ၎င်းသည် ဒေါ်လာ တစ်သန်း တန်ဖိုး မနည်းပေ။

၎င်းသည် ချန်ရွှယ်အန်း မည်မျှ တက်ကြွနေကြောင်း ပြသနေလေသည်။

သို့သော် သူ၏ ခံစားချက်ကိုလည်း နားလည်နိုင်လေသည်။ ချန်နင် အစောင့်တပ်စခန်းရှိ ချန်၏ စီးပွားရေး ဌာနခွဲ ဒု-မန်နေဂျာ ရာထူးသည် သာမန် လူတစ်ယောက် မဟုတ်ပေ။

အဆင့်နိမ့် မျိုးနွယ်စုများမှ ခေါင်းဆောင် အချို့ပင်လျှင် သူ၏ ဧည့်ခံမှုကို ခံယူရန် အရည်အချင်း ပြည့်မီဖို့ ခက်ခဲလေသည်။

မိသားစု တစ်ခုစီတိုင်းမှ ဘိုးဘေးများ ထွက်လာမှသာ သူက ထွက်လာပြီး စိတ်မပါဘဲ တွေ့ဆုံလေ့ ရှိသည်။

"ညီအစ်ကို ရှိုကျဲ့၊ တူမလေး လိချီ၊ သခင်မလေး လော်ရီ"

ချန်ရွှယ်အန်းက ခွက်ကို မြှောက်ကာ ပြောလိုက်သည်။

"ရန်သူတွေကို နှိမ်နင်းပြီး ချန်နင် တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့တဲ့ ဝမ်မျိုးနွယ်စုရဲ့ ငြိမ်းချမ်းရေးအတွက် ငါ ဂုဏ်ပြုချင်ပါတယ်"

"ကျေးဇူးတင်ပါတယ် ညီအစ်ကိုချန်"

အားလုံးက အရက်ကို သောက်ပြီး စတင် စားသောက်ကြလေသည်။

အရသာ တစ်ရာ စံအိမ်ရှိ အစားအသောက်များသည် ချန်နင် အစောင့်တပ်စခန်းတွင် ထိပ်တန်း အရသာ ဖြစ်ကြောင်း ဝန်ခံရပေမည်။

ဝမ်ရှိုကျဲ့က ချီးကျူးရုံသာမက တိတ်ဆိတ်နေသော ဘိုးဘေးလုံယန်ပင်လျှင် သူမ၏ တူချောင်းများကို မကြာခဏ လှုပ်ရှားနေပြီး ဤဂရုတစိုက် ချက်ပြုတ်ထားသော ဟင်းလျာများမှာ အတော်လေး ထူးကဲကြောင်း ပြသနေလေသည်။

ဝမ်လိချီ အနေဖြင့်မူ သူမသည် စားသောက်ရင်း မျက်လုံးများပင် ပြူးထွက်လုနီးပါး ဖြစ်နေလေသည်။

သူမသည် မကြာသေးမီက ဝိညာဉ် အစားအစာများကို အများအပြား စားခဲ့ရသော်လည်း ဤကဲ့သို့ သိမ်မွေ့စွာ ချက်ပြုတ်ထားသော ဟင်းလျာ မျိုးစုံကို တစ်ခါမှ မစားခဲ့ဖူးပေ။

ဝမ်မျိုးနွယ်စုမှ စားဖိုမှူးများတွင် ဤချက်ပြုတ်ရေး စွမ်းရည်မျိုး မရှိပေ။

အရသာ ရှိတယ်... အရမ်းကို အရသာ ရှိတာပဲ။

"ညီအစ်ကိုချန်... ကျွန်တော်က ဗုဒ္ဓကို ပန်းကပ်လှူသလိုပဲ ခင်ဗျားရဲ့ အနာဂတ် တောက်ပလာဖို့နဲ့ တစ်ဆင့်ပြီး တစ်ဆင့် ရာထူး တိုးလာဖို့ ကူညီပေးပါ့မယ်"

"မင်းရဲ့ ကောင်းမွန်တဲ့ စကားတွေအတွက် ကျေးဇူးတင်ပါတယ် ရှိုကျဲ့"

သူတို့ နှစ်ယောက်သည် အရက် အကြိမ်ကြိမ် သောက်ပြီးကြပြီ ဖြစ်သည်။

အနည်းငယ် မူးနေသော ချန်ရွှယ်အန်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"ညီအစ်ကို ရှိုကျဲ့... သာမန် တိုက်ရိုက် မျိုးဆက် တစ်ယောက် အနေနဲ့ ငါ ချန်ရွှယ်အန်း ဒီအဆင့်အထိ ရောက်လာဖို့ ဆိုတာ မလွယ်ကူခဲ့ဘူး ဒီတစ်ခါ ငါ ပြန်လာပြီး ဒု-မန်နေဂျာ ရာထူးကို အကျပ်အတည်း ကြားထဲက တာဝန်ယူရတာ လွယ်ကူတဲ့ ကိစ္စ မဟုတ်ဘူး"

"အို... ပိုးသတ်ဆေးမှုန့်ရဲ့ နောက်ဆက်တွဲ ပြဿနာတွေက အခုထိ မပြီးသေးဘူးလား ဆွေကြီးမျိုးကြီး မိသားစုတွေက ပြဿနာ ရှာနေကြတုန်းပဲလား"

တကယ်တမ်းတွင် ဝမ်ရှိုကျဲ့သည် ဤအကြောင်းကို အနည်းငယ် ကြားဖူးလေသည်။

ယနေ့ခေတ် ဝမ်မျိုးနွယ်စုသည် ယခင်ကကဲ့သို့ နားမကြား၊ မျက်မမြင် မဟုတ်တော့ပေ။

"မှန်တယ် အထူးသဖြင့် ဟွမ်ဖူ မျိုးနွယ်စုနဲ့ လဲ့ မျိုးနွယ်စု ဆိုတဲ့ ဆွေကြီးမျိုးကြီး မိသားစု နှစ်ခုက သူတို့ရဲ့ သဘောထား တော်တော်လေး တင်းမာတယ်"

ချန်ရွှယ်အန်းက မျက်မှောင်ကြုတ်လိုက်သည်။

"သူတို့က ပြီးခဲ့တဲ့ ရာသီက ဆုံးရှုံးမှုတွေအတွက် ငါတို့ ချန်မျိုးနွယ်စုကို လျော်ကြေးပေးဖို့ ဦးဆောင် တောင်းဆိုနေကြတယ် မဟုတ်ရင် ပိုးသတ်ဆေးမှုန့်ကို ဆက်မသုံးတော့ဘဲ ဝိညာဉ် ပိုးမွှား သခင် တစ်ယောက်ကိုပဲ ငှားတော့မယ်တဲ့ ဒါကို မြင်တော့ တခြား ဆွေကြီးမျိုးကြီး မိသားစုတွေကလည်း စောင့်ကြည့်နေကြပြီ အရမ်း ရယ်ရတာပဲ... ဒီပိုးသတ်ဆေးမှုန့်က ခရမ်းရောင်နန်းတော် အကယ်ဒမီရဲ့ ထုတ်ကုန်ပဲလေ ငါတို့ ချန်မျိုးနွယ်စုက ကိုယ်စားလှယ် အနေနဲ့ ရောင်းပေးတာ သက်သက်ပဲ"

"ခင်ဗျားတို့ ချန်မျိုးနွယ်စုက ဟွမ်ဖူ မျိုးနွယ်စုနဲ့ လဲ့ မျိုးနွယ်စုကို မကြောက်ဘူး မဟုတ်လား"

ဝမ်ရှိုကျဲ့ အနည်းငယ် တုံ့ဆိုင်းသွားလေသည်။

"သေချာတာပေါ့ ဒါပေမဲ့ စကားပုံ ရှိသလိုပဲ အားကောင်းတဲ့ နဂါးက ဒေသခံ မြွေကို မဖိနှိပ်နိုင်ဘူး လေ ငါတို့ ချန်မျိုးနွယ်စုက ချန်နင် အစောင့်တပ်စခန်းကို စီးပွားရေး လာလုပ်တာ ပြီးတော့ စီးပွားရေး ဆိုတာ ငြိမ်းချမ်းစွာ ငွေရှာတာပဲ ဒီပြဿနာကို မကျော်ဖြတ်နိုင်ရင် မန်နေဂျာ အဖြစ် ရာထူးတိုးဖို့ အခွင့်အရေး ရတော့မှာ မဟုတ်ဘူးလို့ ငါ စိုးရိမ်မိတယ်"

ချန်ရွှယ်အန်းက ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင် ရယ်မောလိုက်သည်။

ဝမ်ရှိုကျဲ့ နားလည်သွားလေသည်။

ဒီတစ်ခါ ချန်ရွှယ်အန်းက သူ့ကို ဖိတ်ခေါ်တာ ဒီရည်ရွယ်ချက် ပါနေတာပဲ၊ ဝမ်ရှိုကျဲ့က သူ့ကို အကြံဉာဏ် တချို့ ပေးနိုင်မယ်လို့ မျှော်လင့်နေတာ။ ဘာပဲဖြစ်ဖြစ် သူ့ရဲ့ စွမ်းဆောင်ရည်က ချန်ရွှယ်အန်းကို အထင်ကြီးစေခဲ့ပြီးပြီလေ။

"ညီအစ်ကိုချန်... ခင်ဗျားက ကစားပွဲထဲ ရောက်နေတော့ ရုပ်လုံးကျယ်ကို မမြင်နိုင်ဘူး ဖြစ်နေတာ"

ဝမ်ရှိုကျဲ့က စဉ်းစားလိုက်သည်။

"အကယ်ဒမီက ဒီတစ်ခါ ပိုးသတ်ဆေးမှုန့် အသစ်ကို ဈေးလျှော့ပြီး ရောင်းရတဲ့ အကြောင်းရင်းက သူ့ရဲ့ ဂုဏ်သိက္ခာကို ပြန်လည် ထူထောင်ဖို့သာမက သာမန် ပြည်သူတွေရဲ့ ဆုံးရှုံးမှုတွေကို လျော်ကြေးပေးဖို့လည်း ဖြစ်တယ် ဘာလို့လဲဆိုတော့ သာမန် ပြည်သူ အများအပြားက ဒီကိစ္စကြောင့် ဒုက္ခရောက်ခဲ့ရပြီး ဆွေကြီးမျိုးကြီး မိသားစုတွေကတော့ ဘာပဲဖြစ်ဖြစ် အသက်ရှင် ကျန်ရစ်နိုင်လို့ပဲ"

"မင်း ဆိုလိုတာက... ဆွေကြီးမျိုးကြီး မိသားစုတွေကို ကျော်သွားဖို့လား"

ချန်ရွှယ်အန်း၏ မျက်လုံးများ အနည်းငယ် လင်းလက်သွားလေသည်။ မှန်ပါသည်။ ဆွေကြီးမျိုးကြီး မိသားစုများသည် အလွန် အစွမ်းထက်ကြသည်။ သို့သော် ပိုးသတ်ဆေးမှုန့် ရောင်းချမှု အများစုမှာ သာမန် ပြည်သူများထံသို့သာ ဖြစ်လေသည်။

"တချို့ကို ကျော်သွားလိုက်ပါ သဘောထား အတင်းမာဆုံး ဖြစ်တဲ့ ဆွေကြီးမျိုးကြီး မိသားစုတွေကိုပဲ ကျော်သွားလိုက်"

ဝမ်ရှိုကျဲ့က အကြံပြုလိုက်သည်။

"ခင်ဗျားရဲ့ စီးပွားရေးက ငြိမ်းချမ်းစွာ ငွေရှာတာ ဆိုတော့ လျှို့ဝှက်စွာနဲ့ အကျိုးခံစားခွင့်တွေ ပေးပြီး ဆွေကြီးမျိုးကြီး မိသားစု အများစုကို စည်းလုံးအောင် လုပ်ရမယ်"

"ညီအစ်ကိုချန်... အချက်အလက် အကြီးကြီးကို သေချာ တွက်ချက်ကြည့်သင့်တယ် ချန်နင် အစောင့်တပ်စခန်းမှာ မြေဆီလွန် လယ်မြေ ဘယ်လောက် ရှိလဲ၊ ပြီးတော့ ပိုးမွှား နှိမ်နင်းဖို့အတွက် ဝိညာဉ် ပိုးမွှား သခင် ဘယ်နှယောက် ရနိုင်လဲ"

ဝမ်ရှိုကျဲ့က ပြုံး၍ ပြောလိုက်သည်။

"ငါတို့ ဝမ်မျိုးနွယ်စုမှာ ဝိညာဉ် ပိုးမွှား သခင် တစ်ယောက် ရှိရင်တောင် ရိတ်သိမ်းရာသီ တစ်ခုမှာ အလွန်ဆုံး ဧက သောင်းနဲ့ချီပြီးပဲ ဖုံးလွှမ်းနိုင်တာ အနာဂတ်မှာ အလွန်ဆုံး ဧက တစ်သိန်းပေါ့ နောက်ဆုံးတော့လည်း ပိုးသတ်ဆေးမှုန့်ကိုပဲ အားကိုးရမှာပဲ"

"မှန်တယ်"

ချန်ရွှယ်အန်း၏ မျက်လုံးများ တောက်ပသွားပြီး သူ၏ ပေါင်ကို ရိုက်လိုက်သည်။

"ငါ တကယ် မျက်စိကန်းသွားတာပဲ ဆွေကြီးမျိုးကြီး မိသားစုတွေက တခြား နေရာတွေကနေ ဝိညာဉ် ပိုးမွှား သခင်တွေကို ဖိတ်ခေါ်ရင်တောင် ဝိညာဉ် ပိုးမွှား သခင်တွေ လိုအပ်သေးတာပဲလေ... အချက်အလက် အကြီးကြီး အရ ဆိုရင်တော့ ပိုးသတ်ဆေးမှုန့်က အစားထိုးလို့ မရသေးပါဘူး ဒါကို သိသွားတော့ ငါ ပိုပြီး ယုံကြည်မှု ရှိသွားပြီ"

"ညီအစ်ကိုချန်... သင်္ချာ အခန်းကိုးခန်း ကို ကျွမ်းကျင်တဲ့ သူတစ်ယောက်ကို ဖိတ်ခေါ်ပြီး အသေးစိတ် အချက်အလက် ဇယား အကြီးကြီး တစ်ခု လုပ်ခိုင်းလို့ ရတယ် ဒါကို ပြလိုက်ရင် မိသားစု ၉၀ ရာခိုင်နှုန်းကျော်က ခေတ်ရေစီးကြောင်းကို မျက်ကန်း လိုက်လုပ်ရဲမှာ မဟုတ်တော့ဘူး"

"အရမ်း ကောင်းတယ်"

ချန်ရွှယ်အန်းက အကြိမ်ကြိမ် ချီးကျူးလိုက်သည်။

"ငါ့ကို အချိန်အကြာကြီး အနှောင့်အယှက် ပေးနေတဲ့ ပြဿနာကို ညီလေးက စကား အနည်းငယ်နဲ့ ဖြေရှင်းပေးလိုက်တာပဲ တကယ်ကို ဝမ်ရှိုကျဲ့ ဖြစ်ဖို့ ထိုက်တန်ပါတယ် ဝမ်မျိုးနွယ်စုကတော့ သေချာပေါက် ကြီးပွားတိုးတက်လာတော့မှာပါ"

"ညီအစ်ကိုချန် က အခြေအနေထဲ အရမ်း နစ်မြုပ်နေပြီး ဆွေကြီးမျိုးကြီး မိသားစုတွေရဲ့ ခြိမ်းခြောက်မှုကို ခံလိုက်ရလို့ ယာယီ မျက်စိကန်းသွားတာပါ"

ဝမ်ရှိုကျဲ့က အကြောင်းအရာကို ပြောင်းလိုက်သည်။

"အစ်ကိုကြီး... ကျွန်တော့်ကို သတင်း အချက်အလက် တချို့ ပေးလို့ ရမလား အခြေအနေ တစ်ခုလုံးမှာ ပိုးသတ်ဆေးမှုန့် ပမာဏက ပိုများနေလား ဒါမှမဟုတ် လျော့နည်းနေလား"

"သေချာတာပေါ့ လျော့နည်းနေတာ"

ချန်ရွှယ်အန်းက ပြောလိုက်သည်။

"ခရမ်းရောင်နန်းတော် အကယ်ဒမီက အစွမ်းထက်ရင်တောင် ပိုးသတ်ဆေးမှုန့် အသစ်ကို အလျင်စလို တိုးတက်အောင် လုပ်ပြီး ပမာဏ အများကြီး ထုတ်လုပ်ဖို့ ဆိုတာ မလွယ်ဘူး ဘယ်လိုလုပ် ပိုလျှံနေမှာလဲ"

"အကယ်ဒမီရဲ့ လျော်ကြေးပေးရေး အစီအစဉ် အရ သူတို့က မူရင်း ဈေးနှုန်းရဲ့ ၃၀ ရာခိုင်နှုန်းနဲ့ ဝယ်မှာ မလား ဒါဆိုရင် ငါ့ ဝမ်မျိုးနွယ်စုရဲ့ မြေဆီလွန် လယ်မြေ ဧက နှစ်သိန်း သုံးစွဲမှုအတွက် မူရင်း ဈေးနှုန်းက ရွှေတာရာ ၂၀၀၀ ဖြစ်ပြီး လျှော့ဈေးက ရွှေတာရာ ၆၀၀ ဆိုတော့ ငါ ဝယ်လိုက်မယ်"

ဧက နှစ်သိန်း ဟုတ်လား။

ဘိုးဘေးလုံယန်က ဝမ်ရှိုကျဲ့အား ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။ ဖင်းအန်းမြို့နယ်ရှိ ငါတို့ ဝမ်မျိုးနွယ်စုမှာ ဘယ်တုန်းက မြေဆီလွန် လယ်မြေ အဲဒီလောက် အများကြီး ရှိသွားတာလဲ။

ဖင်းအန်းမြို့နယ်ရှိ မြေဆီလွန် လယ်မြေ အားလုံး ပေါင်းရင်တောင် ဒီအရေအတွက်ရဲ့ တစ်ဝက်တောင် မရှိလောက်ဘူး မလား။

"ကြောက်သွားလား"

ပျော်ရွှင်စွာ စားသောက်နေသော ဝမ်လိချီ သည်လည်း အနည်းငယ် ဝေဝါးနေသော မျက်လုံးများ ရှိနေလေသည်။ စတုတ္ထဦးလေးရဲ့ သင်္ချာ အခန်းကိုးခန်း က အလကား ဖြစ်သွားတာများလား။ ဒါမှမဟုတ် သခင်မလေး လိချီက ဆင်းရဲတာကနေ ရုတ်တရက် ချမ်းသာသွားတာလား။

"ဟားဟား ညီလေးရဲ့ သင်္ချာ အခန်းကိုးခန်းက အလကား ဖြစ်သွားပြီ မင်း အရက် အများကြီး သောက်ထားတယ် မလား မင်းတို့ ဖင်းအန်းမြို့နယ်က ဝမ်မျိုးနွယ်စုမှာ မြေဆီလွန် လယ်မြေ ဧက နှစ်သိန်း တောင် ရှိတယ်လို့"

ချန်ရွှယ်အန်းက ရယ်မောကာ ခေါင်းယမ်းလိုက်သည်။

ဟုတ်တယ် ဟုတ်တယ်... ဝမ်လိချီက အကြိမ်ကြိမ် ခေါင်းညိတ်လိုက်သည်။ စတုတ္ထဦးလေးက မီးတောက်နီ နှင်းဆီ အရက်ကို အများကြီး သောက်ပြီး သူ့ဦးနှောက် ပျက်သွားပြီ ထင်တယ်... ဖင်းအန်းမြို့နယ်မှာ မြေဆီလွန် လယ်မြေ ဧက ဘယ်လောက် ရှိလဲ ဆိုတာကိုတောင် မသိတော့ဘူး။

"မင်းတို့ ဖင်းအန်းမြို့နယ်က ဝမ်မျိုးနွယ်စုမှာ မြေဆီလွန် လယ်မြေ ဧက သုံးသိန်း ရှိတာ ရှင်းနေတာပဲ"

ချန်ရွှယ်အန်းက လေးလေးနက်နက် ပြင်ဆင်ပေးလိုက်သည်။

"၃၀ ရာခိုင်နှုန်း လျှော့ဈေး အရ ဆိုရင် မင်းတို့ ဝမ်မျိုးနွယ်စုက ရွှေတာရာ ၉၀၀ ပေးရမယ်"

"ဘာ"

ဝမ်လိချီ၏ မျက်လုံးများ အံ့ဩမှုကြောင့် ပြူးကျယ်သွားလေသည်။ ဦးလေးချန် ရဲ့ သင်္ချာ အခန်းကိုးခန်း က ပိုဆိုးနေတာလား။

"ဟုတ်တယ် ဟုတ်တယ်"

ဝမ်ရှိုကျဲ့က ယခုမှ သဘောပေါက်သွားသကဲ့သို့ သူ၏ နဖူးကို ရိုက်လိုက်သည်။

"ညီအစ်ကိုချန်... ကျွန်တော့် မှတ်ဉာဏ်ကို ကြည့်စမ်း... မြေဆီလွန် လယ်မြေ ဧက သုံးသိန်း တောင် ရှိတာ တကယ်ပါပဲ ဒါဆိုရင် ဒီကိစ္စကို အဆုံးသတ်လိုက်ကြတာပေါ့ လာ လာ ညီအစ်ကို... ကျွန်တော် ဂုဏ်ပြုပါတယ်"

သူတို့ နှစ်ယောက်သည် အချင်းချင်း ထပ်မံ ဂုဏ်ပြု စတင်ကြလေသည်။

ထို့နောက် ဝမ်လိချီ မှင်တက်သွားလေသည်။ သုံးသိန်း... မိသားစုမှာ မြေဆီလွန် လယ်မြေ ဧက သုံးသိန်း ပိုင်ဆိုင်တယ်ပေါ့။

ဝူး ဝူး ဝူး လူကြီးတွေ အားလုံးက လိမ်ညာသူတွေပဲ... မိသားစုက အရမ်း ဆင်းရဲတယ်၊ ကောင်းတဲ့ အရာတွေကို ခြိုးခြံချွေတာပြီး စားရမယ် လို့ လိချီ ကို လိမ်ပြောနေခဲ့ကြတာ…..

အခုတော့ အကုန်လုံး ဖော်ထုတ်ခံလိုက်ရပြီ မဟုတ်လား

ဒါဆို မိသားစု လူကြီးတွေက သူမကို လေ့ကျင့်ပေးချင်လို့၊ အောင်မြင်တဲ့သူ တစ်ယောက် ဖြစ်လာစေချင်လို့ သက်သက်ပါပဲ။

အခုတော့ အထောက်အထား ပေါ်သွားပြီ။

ငါ သခင်မလေး လိချီ က တကယ်ကို အလွန် ချမ်းသာတဲ့ မျိုးဆက် တစ်ယောက်ပဲ

အရမ်း ပျော်တာပဲ….

စား စား စား ပိုက်ဆံ မရှိမှာကို စိတ်ပူစရာ မလိုတော့ဘူး…

အားရပါးရ စားလိုက်…

ဘေးတွင် ရှိနေသော ဘိုးဘေးလုံယန်သည်လည်း အနည်းငယ် မှင်တက်နေလေသည်။ သူမ၏ ကိုယ်ပိုင် ရှိုကျဲ့နှင့် ထိုချန်ရွှယ်အန်းတို့သည် ခရမ်းရောင်နန်းတော် အကယ်ဒမီ၏ သိုးမွေးကို ညှပ်နေကြသည်မှာ ရှင်းနေပြီး ၎င်းကို အတုံးကြီး အတုံးကြီး ညှပ်နေကြသည်။

ခရမ်းရောင်နန်းတော် အကယ်ဒမီ၏ ယခင် အဓိက တပည့်ဟောင်း တစ်ဦး အနေဖြင့် ဤအရာကို မည်သို့ သည်းခံနိုင်မည်နည်း။

သို့သော် ဝမ်မျိုးနွယ်စုက အရမ်း ဆင်းရဲနေတော့ နည်းနည်းလောက် ညှပ်လိုက်တာပေါ့။ ငါတို့ မိသားစုက ကောင်မလေး လိချီ ကို ကြည့်စမ်း... သူမ အရမ်း ဗိုက်ဆာနေတာပဲ။

"ဟင်"

ဘိုးဘေးလုံယန်၏ မျက်ခွံများ အနည်းငယ် တွန့်လိမ်သွားလေသည်။

စားပွဲပေါ်ရှိ ပန်းကန်များ အားလုံး ပြောင်သလင်းခါသွားလေပြီ။

ချန်ရွှယ်အန်းသည် အစားအသောက် အချို့ကို ယူရန် ပြင်လိုက်စဉ်မှာပင် အလွတ် ဖြစ်နေသော ပန်းကန်များကို မြင်လိုက်ရပြီး သူလည်း မှင်တက်သွားလေသည်။ ထို့နောက် သူက ဝမ်လိချီအား ကြည့်လိုက်ရာ သူ၏ နှုတ်ခမ်းထောင့် အနည်းငယ် တွန့်လိမ်သွားလေသည်။

"တူမလေး လိချီ... သမီး ဗိုက်ဝပြီလား"

ဝမ်လိချီက သူမ ဗိုက်မဝသေးကြောင်း ပြောရန် ပြင်လိုက်သော်လည်း ဝမ်ရှိုကျဲ့၏ အကြည့်ကို သတိရသွားသောအခါ သူမက တံတွေးကို မြိုချလိုက်ပြီး ခေါင်းညိတ်လိုက်သည်။

"သမီး... သမီး ဗိုက်ဝပါပြီ"

သူမ ထိုသို့ ပြောသော်လည်း သူမ၏ မျက်နှာအမူအရာနှင့် လုပ်ရပ်များ အားလုံးက သူမ ဗိုက်မဝသေးကြောင်း ပြသနေလေသည်။

"ကောင်းတယ် ကောင်းတယ် စားနိုင်တာ ကောင်းချီး တစ်ခုပါပဲ ဒီကလေးက အရမ်း ကံကောင်းတာပဲ"

ချန်ရွှယ်အန်းက အစေခံ တစ်ဦးကို ခေါ်လိုက်ပြီး လက်ကို ဝှေ့ယမ်းကာ နောက်ထပ် ဟင်းပွဲ ခုနစ်ပွဲ သို့မဟုတ် ရှစ်ပွဲ ထပ်မှာလိုက်လေသည်။ ထို့နောက် သူက ဝမ်ရှိုကျဲ့နှင့် ထပ်မံ စကားပြော စတင်လေသည်။

"ညီအစ်ကို ရှိုကျဲ့... မင်း ပြောတဲ့ အနီရောင် သလင်းကျောက် ဝိညာဉ်ဆန် မျိုးစေ့တွေ ဒါမှမဟုတ် မီးတောက် ကြာစေ့တွေက ရှာရ လွယ်ပါတယ်"

ချန်ရွှယ်အန်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

"ဒါပေမဲ့ ငါ ရှာတွေ့နိုင်တာ အများစုက သာမန် မျိုးစိတ်တွေပဲ ပြီးတော့ အထွက်နှုန်း ကောင်းပြီး အရည်အသွေး မြင့်တဲ့ တချို့ မျိုးစိတ်တွေကျတော့ မျိုးဆက် တစ်ဆက်ပြီး တစ်ဆက် တိုးတက်အောင် လုပ်ထားတာ ဆိုတော့ မိသားစုတွေက အပြင်ကို မထုတ်ချင်ကြဘူး ငါ့ရဲ့ ဩဇာလွှမ်းမိုးမှုက အဲဒီလောက် မကြီးမားဘူးလို့ ထင်တယ်"

"သာမန် မျိုးစေ့တွေ ဆိုရင် ရပါပြီ ငါတို့ ဝမ်မျိုးနွယ်စုက ထူးဆန်းတဲ့ မျိုးစိတ်တွေကို မမျှော်လင့်ရဲပါဘူး"

ဝမ်ရှိုကျဲ့က ပြုံး၍ ပြောလိုက်သည်။

"ဒါ့အပြင် ငါတို့ အစီအရင် ဆရာ တစ်ယောက် လိုအပ်တယ် အနည်းဆုံး အစောင့်တပ်စခန်း အတော်များများ ဝေးတဲ့ နေရာကဆို ပိုကောင်းမယ်"

ချန်ရွှယ်အန်းက ဝမ်ရှိုကျဲ့အား ထူးဆန်းသော မျက်လုံးများဖြင့် ကြည့်လိုက်လေသည်။ အချိန်အတော်ကြာပြီးနောက် သူက သက်ပြင်းချလိုက်သည်။

"ညီလေး ရှိုကျဲ့... မင်း ကံကောင်းတာပဲ"

"ဘယ်ကသာ... ညီအစ်ကိုချန်ကို အကူအညီ တောင်းထားမှတော့ ခင်ဗျားကို သဘာဝကျကျပဲ ဖုံးကွယ်ထားမှာ မဟုတ်ပါဘူး"

ဝမ်ရှိုကျဲ့က ပြုံး၍ ပြောလိုက်သည်။

"အဲဒါက အလယ်အလတ်အဆင့် မီးဓာတ် ဝိညာဉ် သွေးကြော သေးသေးလေး တစ်ခု သက်သက်ပါ"

"အဲဒါက တော်တော်လေး ကောင်းနေပါပြီ နဝမအဆင့် မိသားစု အများစုမှာ အလယ်အလတ်အဆင့် ဝိညာဉ် သွေးကြော သေးသေးလေး တစ်ခုတောင် မရှိကြဘူး"

ချန်ရွှယ်အန်းက စဉ်းစားလိုက်သည်။

"ပြီးတော့ မင်းက အဲဒါကို လူအများ သိအောင် မကြေညာချင်ဘူး... ကောင်းပြီ... ဒါဆို ငါ နည်းလမ်း တစ်ခု ရှာကြည့်မယ်၊ တခြား နေရာတွေကနေ အဆက်အသွယ်တွေ ရှာပြီး အစီအရင် ဆရာကြီး တစ်ယောက် ငှားပေးမယ် အနာဂတ်မှာ ပိုလျှံတဲ့ ထုတ်လုပ်မှု ရှိလာရင်လည်း ငါ့ရဲ့ ချန်မျိုးနွယ်စုက ရောင်းပေးဖို့ ကူညီပေးနိုင်ပါတယ်"

"ကျေးဇူးအများကြီး တင်ပါတယ် ညီအစ်ကိုချန်... ကျွန်တော် ခင်ဗျားကို ဂုဏ်ပြုပါတယ်"

"ယဉ်ကျေးနေစရာ မလိုပါဘူး ငါတို့ ညီအစ်ကိုတွေက အချင်းချင်း ပံ့ပိုးကူညီသင့်တာပေါ့"

သူတို့က အချင်းချင်း ထပ်မံ ဂုဏ်ပြုလိုက်ကြသည်။

ထို့နောက် ချန်ရွှယ်အန်းသည် အရက်က သူ၏ ခေါင်းထဲသို့ တက်လာကြောင်း ခံစားလိုက်ရပြီး အရက်မူးခြင်းကို သက်သာစေရန် အစားအသောက် အချို့ကို အလိုအလျောက် ယူရန် ပြင်လိုက်သည်။

"ဟင် မရှိတော့ဘူးလား"

သူ ထပ်ယူဖို့ ကြိုးစားလိုက်တယ်~ ဒါပေမဲ့ ထပ်ပြီး မရှိတော့ပြန်ဘူး။

"အင်း... တူမလေး လိချီ... သမီး ဗိုက်ဝပြီလား"

ချန်ရွှယ်အန်းသည် ရုတ်တရက် မကောင်းသော နိမိတ် တစ်ခုကို ခံစားလိုက်ရသည်။

"သမီး ဗိုက်ဝပါပြီ... သမီး ဗိုက်ဝပါပြီ"

ဝမ်လိချီက သူမ၏ နှုတ်ခမ်းကို သပ်လိုက်ပြီး ထပ်စားနိုင်သေးသည့် ပုံစံမျိုး ဖြစ်နေလေသည်။

"အစေခံတွေ... ဟင်းတွေ လာချ... ငါ ချန်က အိမ်ရှင်ပဲ... ငါ့ဧည့်သည်တွေကို ဘယ်လိုလုပ် အငတ်ထားလို့ ဖြစ်မှာလဲ"

အချိန် အနည်းငယ် ကြာပြီးနောက်။

"အစေခံတွေ... ဟင်းတွေ လာချ"

နောက်ထပ် အချိန် အနည်းငယ် ကြာပြီးနောက်။

"ညီအစ်ကိုချန်... တော်ပြီ... တော်ပြီ"

"ဟင်းတွေ လာချ... အဓိက ဟင်းလျာ လာချ ဒီနေ့ ငါ့တူမလေး ဗိုက်ဝအောင် သေချာ လုပ်ရမယ်"

ဒါက အကြိမ်ကြိမ် ဆက်ဖြစ်နေခဲ့တယ်။

...

ညဘက် ရောက်လာပြီ။

"ညီအစ်ကို ရှိုကျဲ့... ဒီနေ့... ငါ သွားခွင့်ပြုပါဦး မင်းတို့ ဝမ်မျိုးနွယ်စုက ဒီကလေးကို ကျွေးမွေးရတာ လွယ်မှာ မဟုတ်ဘူး..."

ချန်ရွှယ်အန်းက ပြောစရာတွေ အများကြီး ရှိနေသည့် ပုံစံမျိုး ဖြစ်နေလေသည်။

"ဒီစားသောက်ပွဲအတွက် ကျေးဇူးတင်ပါတယ် ညီအစ်ကိုချန်... ဂရုစိုက်ပါဦး..."

ဝမ်ရှိုကျဲ့သည်လည်း ပြောစရာတွေ အများကြီး ရှိနေသည့် ပုံစံမျိုး ဖြစ်နေလေသည်။

...

ချန်ရွှယ်အန်း ထွက်သွားပြီးနောက်…..

ဝမ်ရှိုကျဲ့က ဝမ်လိချီကို မြင်းလှည်းပေါ်သို့ ကူတင်ပေးလိုက်သည်။ ကောင်မလေးမှာ လမ်းပင် မလျှောက်နိုင်တော့ချေ။

"စတုတ္ထ... စတုတ္ထဦးလေး... ဒါ သမီး အပြစ် မဟုတ်ဘူးနော်... သမီးက ဗိုက်ဝပြီလို့ အကြိမ်ကြိမ် ပြောနေတာကို... ဦးလေးချန် က အရမ်း စိတ်အားထက်သန်လွန်းနေတာ"

"ဟဲဟဲ"

ဝမ်ရှိုကျဲ့က သူမကို ဂရုမစိုက်လိုဘဲ အေးစက်စွာ ရယ်မောလိုက်သည်။

"ဝမ်ယုံး... အခြား ခြံဝင်းကို သွား"

"ဟုတ်ကဲ့ပါ သခင်လေး"

ဝမ်ယုံးသည် မြင်းလှည်းကို မောင်းနှင်ကာ အခြား ခြံဝင်းဆီသို့ ဦးတည်သွားလေသည်။

သူတို့ လမ်းတစ်ဝက်ပင် မရောက်သေးမီမှာပင် ဝမ်လိချီက မြင်းလှည်း ကန့်လန့်ကာမှ တစ်ဆင့် အပြင်သို့ လှမ်းကြည့်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"စတုတ္ထဦးလေး... စတုတ္ထဦးလေး... မြို့ထဲက တကယ်ကို စည်ကားတာပဲ ဒီအချိန်တောင် ညလယ်စာ ရှိသေးတယ် ငါတို့ သွားကြည့်ကြရအောင်..."

ဝမ်ရှိုကျဲ့၏ မျက်ခွံများ တွန့်လိမ်သွားလေသည်။ ဒီကလေးက လွန်လွန်းနေပြီ မဟုတ်ဘူးလား။

...

ချန်ရွှယ်အန်းသည် ယိမ်းယိုင်နေသော ခြေလှမ်းများဖြင့် သူ၏ စံအိမ်သို့ ပြန်ရောက်လာပြီး စာကြည့်ခန်းရှိ သစ်သား ကုလားထိုင်ကြီးပေါ်တွင် လေးလံစွာ ထိုင်ချလိုက်ကာ အကြောက်တရား အချို့ ကျန်ရှိနေသေးသည်ကို ခံစားနေရလေသည်။

ရွှေတာရာ သုံးရာကျော်။

အစားအသောက် တစ်နပ်တည်းနဲ့ ရွှေတာရာ သုံးရာကျော်တောင် ကုန်ကျသွားခဲ့တယ်၊ ဒါက သူ အိပ်မက်တောင် မမက်ဖူးတဲ့ ကိစ္စပဲ။ သူ့မိသားစုက သူ့ကို ပေးတဲ့ နှစ်စဉ် ထောက်ပံ့ကြေးက စုစုပေါင်း ရွှေတာရာ ငါးရာပဲ ရှိတာလေ။

သူ့တူမလေး လိချီ ရဲ့ ကျေနပ်နေတဲ့ ပုံစံကို တွေးမိတော့ သူ့နှလုံးသားက တုန်ယင်မသွားဘဲ မနေနိုင်ခဲ့ဘူး။

ထားလိုက်ပါတော့... ထားလိုက်ပါတော့။

သူ အပို ငွေလေး နည်းနည်း ရှာဖို့ နည်းလမ်း တစ်ခု ရှာရမယ်၊ မဟုတ်ရင် သူ အဆင်ပြေမှာ မဟုတ်ဘူး။

ဒါပေမဲ့ ဒုမန်နေဂျာ ဖြစ်တာနဲ့ ချက်ချင်း အလွဲသုံးစား လုပ်ဖို့ စတင်တာက သိပ်တော့ မမှန်ဘူး မဟုတ်လား။

ရုတ်တရက်...

အစ်ကို ရှိုကျဲ့ ထွက်သွားတုန်းက သူ့ကို ပေးခဲ့တဲ့ လေးလံတဲ့ ရာထူးတိုး လက်ဆောင် အိတ်ကို သူ သတိရသွားတယ်။

သူ ဖွင့်ကြည့်လိုက်တော့ တောက်ပနေတဲ့ ဝိညာဉ် ကျောက်တုံး ငါးတုံးကို တွေ့လိုက်ရတယ်။

မျက်စိတစ်မှိတ် အတွင်းမှာပင် ချန်ရွှယ်အန်း၏ မျက်လုံးများမှ မျက်ရည်များပင် ကျလာတော့မတတ် ဖြစ်သွားလေသည်။

အစ်ကို ရှိုကျဲ့ ဖြစ်ဖို့ ထိုက်တန်တာပဲ... တကယ် ရက်ရောတာပဲ။ ငါ ချန်ရွှယ်အန်း က သူ့ကို အစ်ကို လို့ ခေါ်ရတာ ဂုဏ်ယူတယ် တကယ်ကို တန်ပါတယ်။

...

All Chapters