← Chapters

အခန်း (၁၇၄၇-၁၇၄၉)

Vol. 117 Ch. 1747-1749

အခန်း (၁၇၄၇-၁၇၄၉)

Vol. 117 Ch. 1747-1749

အခန်း (၁၇၄၇)

နတ်ဘုရင်ခံ ရွှေတောင်ပံ

လျှို့ဝှက်လဝန်း ကျောင်းတော်။

ပင်မတောင်ထိပ်။

ရှုကျင့်ရှူး၏ ခန္ဓာကိုယ်အလှကို သူမ ဝတ်ဆင်ထားသည့် အနီရောင်ဝတ်စုံရှည်က ပေါ်လွင်စေ၏။ အမှန်တရားသိမြင်ခြင်းကရင်ပြင်ထက်တွင် သူမ လျှောက်လှမ်းလာစဉ် ဘေးပတ်ဝန်းကျင်ရှိ လူအများ၏ အကြည့်များကို မလွဲမသွေ ဆွဲဆောင်နေခဲ့သည်။

ထိုခဏ၌ အမှန်တရားသိမြင်ခြင်းရင်ပြင်ရှိ ဆံပင်နီနှင့် အမျိုးသားတစ်ဦးသည် ရှုကျင့်ရှူး၏ သွေးနီရောင် ဆံနွယ်များကို ငေးမောကာ မှင်တက်သွား၏။

ဤအမျိုးသမီးကို မြင်လျှင် နတ်ဘုရင်ခံ ရွှေတောင်ပံ၏ မျက်လုံးများ ဝင်းလက်သွားကာ ဘေးနားရှိ အမျိုးသားကို မေးလိုက်၏။

နတ်ဘုရင်ခံ ရွှေတောင်ပံက

“ဒီအမျိုးသမီးက ဘယ်သူလဲ”

နတ်ဘုရင်ခံ ရွှေတောင်ပံသည် မနေ့ကမှ တံခါးပိတ်ကျင့်စဉ်စခန်းမှ ထွက်လာခြင်းဖြစ်ရာ သူတော်စင်မ၏အကြောင်းကို ကြားဖူးသော်လည်း ရှုကျင့်ရှူးကိုတော့ တစ်ခါမှ မမြင်ဖူးပေ။

ထိုအခိုက်အတန့်တွင် ဘေးမှလူက

“စီနီယာအစ်ကို...သူက သူတော်စင်မရဲ့ မိခင်ပါ။”

ထိုအရာကို ကြားလျှင် နတ်ဘုရင်ခံ ရွှေတောင်ပံ အံ့အားသင့်သွား၏။

အစက ဤအမျိုးသမီးကို ကျင့်စဉ်အ‌ဖော် အဖြစ် သူ၏တောင်ထိပ်သို့ ခေါ်ဆောင်ရန် ကြံရွယ်နေခြင်းဖြစ်သော်လည်း သူမသည် သူတော်စင်မ၏မိခင် ဖြစ်နေလိမည့်ဟု မမျှော်လင့်ထားခဲ့ပေ။

နတ်ဘုရင်ခံ ရွှေတောင်ပံလည်း သူ၏ စိတ်ကို ပြန်လည်ထိန်းချုပ်ကာ မျက်ခုံးအစုံကို အသာအယာ ကျုံ့လိုက်၏။ ဤမျှ လှပသော အမျိုးသမီးတစ်ဦး အဘယ်ကြောင့် သူ၏ ကျင့်စဉ်ဖော် ဖြစ်မလာရသနည်းဟုလည်း တွေးတောနေမိသည်။

ခဏလေး...

နတ်ဘုရင်ခံ ရွှေတောင်ပံ တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွား၏။ အကယ်၍ သူသာ သူမ၏ ကျင့်စဉ်သာ ဖြစ်လာခဲ့လျှင် သူသည် သူတော်စင်မ၏ ဖခင် ဖြစ်လာမည် မဟုတ်ပါလား။

ဤဆက်နွှယ်မှုဖြင့် လျှို့ဝှက်လဝန်းနန်းတော်အတွင်းရှိ သူ၏ ဂုဏ်သိက္ခာကို ဧကန်မုချ မြှင့်တင်နိုင်မည် ဖြစ်သည်။

သူက သူ၏ အစေခံများကို

“သူရဲ့ ကျင့်စဉ်ဖော်က ဘယ်သူလဲဆိုတာ သွားစုံစမ်းပါ။”

ထိုသို့ပြောပြီးသည်နှင့် နတ်ဘုရင်ခံ ရွှေတောင်ပံသည် ရှုကျင့်ရှူးထံသို့ တိုက်ရိုက် လျှောက်လှမ်းသွားကာ ပြုံးလျက် နှုတ်ဆက်လိုက်၏။

နတ်ဘုရင်ခံ ရွှေတောင်ပံက

“ဂျူနီယာညီမလေး ရှု...ကျုပ်တို့ မိတ်ဆက်ကြရအောင်။ ကျုပ်က ကောင်းကင်လင်းယုန်တောင်ထိပ်ရဲ့ တောင်ထိပ်သခင်ငယ် နတ်ဘုရင်ခံ ရွှေတောင်ပံပါ။”

ရုတ်တရက် ပေါ်လာသော ဆံပင်နီနှင့် အမျိုးသားကို ရှုကျင့်ရှူး ခဏခန့် ကြည့်ကာ ဇဝေဇဝါ ဖြစ်သွား၏။ သူမ ပင်မတောင်ထိပ်သို့ ရောက်ရှိလာချိန်မှစ၍ သူမ၏လမ်းကို ပိတ်ဆို့ရဲသူ မရှိသလောက်ပင် ဖြစ်သည်။

သူမ၏ ဝမ်းဗိုက်အတွင်း၌ သူတော်စင်မကို လွယ်ထားရသဖြင့် မည်သည့် အမှားအယွင်းမှ အဖြစ်မခံနိုင်ကြပေ။

ရှုကျင့်ရှူး သတိပြန်ဝင်လာကာ နတ်ဘုရင်ခံ ရွှေတောင်ပံကို

“စီနီယာအစ်ကို ရွှေတောင်ပံက ကျွန်မဆီက ဘာများ လိုချင်လို့လဲ။”

နတ်ဘုရင်ခံ ရွှေတောင်ပံက ပြုံးလျက်

“ဘာမှ မဟုတ်ပါဘူး...ခင်ဗျားနဲ့ ရင်းနှီးချင်ရုံတင်ပါ။”

“ခင်ဗျား လျှို့ဝှက်လဝန်းနန်းတော်ကို ရောက်ခါစဆိုတော့ ဒီနေရာနဲ့ ရင်းနှီးဦးမှာ မဟုတ်ဘူး။ ခင်ဗျားကို ကျုပ် လိုက်ပြရမလား။”

ရှုကျင့်ရှူးက

“ပင်မတောင်ထိပ်ကနေ အပြင်မထွက်ဖို့ နန်းတော်သခင်ရဲ့ အမိန့်ရှိပါတယ်။”

အမှန်စင်စစ်တော့ နတ်သခင် ယွမ်မုန့်သည် ရှုကျင့်ရှူး၏ လုံခြုံရေးကို စိုးရိမ်သဖြင့် အစောပိုင်းတွင် သူမကို ကမ္ဘာငယ်တစ်ခုအတွင်း ထားရှိခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ရှုကျင့်ရှူးသည် တစ်ဦးတည်းနေရ၍ စိတ်မချမ်းနသာ ဖြစ်နေသည်ကို မြင်လျှင် ထိုခံစားချက်များက ကလေးအပေါ် ထိခိုက်မည်ကို ယွမ်မုန့် စိုးရိမ်လာ၏။ ထို့ကြောင့် ရှုကျင့်ရှူးကို ပင်မတောင်ထိပ်တွင် လမ်းလျှောက်ခွင့် ပြုလိုက်ခြင်း ဖြစ်သည်။

သို့သော် သူမကို ပင်မတောင်ထိပ်၌သာ ကန့်သတ်ထားပြီး သူမကို ကာကွယ်ရန် နတ်ဘုရင် တစ်ပါးကိုပါ သီးသန့် တာဝန်ပေးထားခဲ့၏။

ရှုကျင့်ရှူး၏ စကားကို ကြားလျှင် နတ်ဘုရင်ခံ ရွှေတောင်ပံလည်း သူမသည် အထူးစောင့်ရှောက်မှု လိုအပ်သည့် အရေးကြီးပုဂ္ဂိုလ် ဖြစ်ကြောင်း ချက်ချင်း သိလိုက်၏။

နတ်ဘုရင်ခံ ရွှေတောင်ပံက

“ကိစ္စမရှိပါဘူး။ ပင်မတောင်ထိပ်က တော်တော်လေး ကျယ်တာပဲ။ ခင်ဗျားလည်း ရင်းနှီးဦးမှာ မဟုတ်ပါဘူး။”

ရှုကျင့်ရှူးက သူမ၏ မျက်ခုံးအစုံကို အသာအယာ ကျုံ့လိုက်ကာ

“စီနီယာအစ်ကို... ကျွန်မကို လမ်းပြပေးမယ့် စီနီယာအစ်မ နှစ်ယောက် ရှိပါတယ်။ ရှင့်ကို ဒုက္ခမပေးတော့ပါဘူး။”

သူမ လျှို့ဝှက်လဝန်း ကျောင်းတော်သို့ ရောက်ရှိလာချိန်မှစ၍ ဝမ်းဗိုက်ထဲမှ ကလေးအား တစ်စုံတစ်ခု ထိခိုက်မည်ကို စိုးရိမ်သဖြင့် သူမနှင့် ပတ်သက်ရန် ကျောင်းတော်မှလူများ ကြောက်ရွံ့နေကြ၏။ သို့သော် ဤလူက တစ်စုံတစ်ရာသော ရည်ရွယ်ချက်ဖြင့် ဇွတ်အတင်း ပြုမူချင်နေသည်မှာ ထင်ရှားလှသည်။

ရှုကျင့်ရှူး၏ စကားကို ကြားပြီးနောက် သူမ၏ အနောက်ရှိ နတ်ဘုရင် နှစ်ပါးကို နတ်ဘုရင်ခံ ရွှေတောင်ပံ သတိပြုမိသွား၏။

နတ်ဘုရင်ခံ ရွှေတောင်ပံက ပြုံးလျက်

“ဒါဆိုရင်လည်း ကျုပ် မနှောင့်ယှက်တော့ပါဘူး”

ထိုသို့ပြောပြီးနောက် နတ်ဘုရင်ခံ ရွှေတောင်ပံ ဘေးသို့ ဖယ်ပေးလိုက်ရာ ရှုကျင့်ရှူးလည်း အမှန်တရားသိမြင်ခြင်းကွင်းပြင်မှ ထွက်ခွာသွား၏။ လှပစွာ လျှောက်လှမ်းသွားသော ရှုကျင့်ရှူး၏ အလှကို ကြည့်ရင်း သူမကို ပိုင်ဆိုင်လိုသည့် စိတ်ဆန္ဒများ နတ်ဘုရင်ခံ ရွှေတောင်ပံ၏စိတ်ထဲ ပို၍ပြင်းထန်လာ၏။

သို့သော်လည်း ပထမဦးစွာ သူမ၏ လက်ရှိ ကျင့်စဉ်ဖော်ကို သူ ရှင်းလင်းရမည် ဖြစ်သည်။ ကျင့်စဉ်ဖော်သာ ရှိနေပါက သူမ အသစ်တစ်ယောက် ရှာဖွေချင်မှ ရှာဖွေလိမ့်မည်။

ထို့ပြင် သူမနှင့် ထိုကျင့်စဉ်ဖော်၏ ဆက်ဆံရေး မည်သို့ပင်ရှိစေကာမူ ထိုသူ ရှိနေခြင်းက နတ်ဘုရင်ခံ ရွှေတောင်ပံအတွက်တော့ အနှောင့်အယှက် ဖြစ်နေသည်။ သူတော်စင်မ၏ ဖခင် ဖြစ်လာလိုလျှင်တော့ နဂိုဖခင်ဖြစ်သူကို အသက်ရှင်ခွင့် ပေးထား၍ မရနိုင်ပေ။

….

ယဲ့ချူယောင်၏ ဂရုတစိုက် ပြုစုစောင့်ရှောက်မှုကြောင့် လုချန်း၏ ကျန်းမာရေး တဖြည်းဖြည်း ကောင်းမွန်လာ၏။ သို့သော်လည်း သူ၏ သွေးကြောများနှင့် ချက္ကရကတော့ နဂိုအတိုင်း ပြန်မဖြစ်သေးရာ သူ၏ ကောင်းကင်နတ် ကိုယ်ပွားသည် သာမန်လူတစ်ယောက်ကဲ့သို့ပင် ဖြစ်နေခဲ့သည်။

သူ၏ ခန္ဓာကိုယ်အတွင်း စွမ်းအားများ ကင်းမဲ့နေသော်လည်း ချစ်တင်းနှောရန်အတွက်တော့ မည်သည့် အနှောင့်အယှက်မှ မရှိပေ။ လုချန်း ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသည်နှင့်အမျှ ယဲ့ချူယောင်သည် သူ့ကို လျှို့ဝှက်လဝန်းနန်းတော်မှ ခေါ်ထုတ်ကာ အောက်ဘက်ရှိ ပိဟိုင်နတ်မြို့တော်သို့ ဦးတည်လိုက်၏။

ထို့နောက် ပိဟိုင်နတ်မြို့တော်တွင် စံအိမ်တစ်ခုကို ဝယ်ယူကာ လုချန်းကို ထိုနေရာ၌ အခြေချ နေထိုင်စေ၏။

……

ထိုအခိုက်အတန့်တွင်။

ပိဟိုင်နတ်မြို့။

ချန်းစံအိမ်။

ယဲ့ချူယောင်က လုချန်းကို ကြည့်ကာ

“ဂျူနီယာမောင်လေး... ဒီစံအိမ်ကို ဘယ်လို သဘောရလဲ”

“ရှင် သဘောကျတယ်ဆိုရင် နောက်ပိုင်း ဒီမှာပဲ နေလို့ရတယ်။”

လုချန်းက စံအိမ်ကို ဝေ့ဝဲကြည့်လိုက်ပြီး

“အင်း... ကောင်းပါပြီ... ဒီမှာပဲ နေမယ်လေ”

ထိုသို့ပြောရင်း လုချန်း၏ အကြည့်များသည် ယဲ့ချူယောင်ထံသို့ ကျရောက်သွား၏။ သူ၏ စူးရှသော အကြည့်များကို မြင်လျှင် သူမ ချက်ချင်းပင် တုံ့ပြန်မိသွား၏။

သူတို့၏ ဆရာကို ကွယ်ဝှက်ကာ ပြုလုပ်ကြတော့မည့် အပြုအမူများကို တွေးတောမိရင်း ယဲ့ချူယောင်စိတ်ထဲ ထူးခြားသော ခံစားချက်တစ်ခုကို ခံစားလိုက်ရ၏။

သူမ၏ ပါးပြင်များ အနည်းငယ် နီမြန်းသွားကာ စကားပြောရန် ပြင်လိုက်စဉ်မှာပင် သူမ၏ ခါးကို လုချန်းက ဆွဲဖက်လိုက်၏။

လုချန်းက

“စီနီယာအစ်မ...ကျုပ်ဆန္ဒကို ဖြည့်ဆည်းပေးမယ် မဟုတ်လား။”

ထိုသို့ပြောကာ ယဲ့ချူယောင်၏ လှပသော မျက်လုံးများကို လုချန်း စိုက်ကြည့်လိုက်၏။ ထိုသို့ အကြည့်ခံရသဖြင့် ယဲ့ချူယောင် အနည်းငယ် စိတ်လှုပ်ရှားသွားကာ စကားဆိုလိုက်၏။

“ဂျူနီယာမောင်လေး... ဆရာ တံခါးပိတ်ကျင့်စဉ်ကနေ ထွက်လာပြီးရင်တော့ ဒါမျိုးတွေ ရှင်နဲ့ ဆက်လုပ်လို့ မဖြစ်တော့ဘူးနော်။”

ဆရာ တံခါးပိတ်ကျင့်စဉ်မှ မထွက်မီအထိ သူမ လုချန်းနှင့် ဤကဲ့သို့ နေနိုင်သော်လည်း ထိုနောက်ပိုင်းတွင် ဆက်လက်ပြုလုပ်နေပါက တစ်နေ့တွင် ပေါ်ပေါက်သွားပေလိမ့်မည်။

လုချန်းက ယဲ့ချူယောင်ကို

“ကျုပ် နားလည်ပါတယ်...ဆရာ ကျင့်စဉ်က ထွက်လာတာနဲ့ ခင်ဗျားရဲ့ ကျင့်စဉ်တွေကို မနှောင့်ယှက်တော့ဘူးလို့ ကတိပေးပါတယ်။ ကျုပ် ပိဟိုင်နတ်မြို့တော်မှာပဲ နေတော့မှာပါ။ လျှို့ဝှက်လဝန်းနန်းတော်ကို ပြန်မလာတော့ဘူး။”

ထိုအရာကို ကြားလျှင် ယဲ့ချူယောင် စိတ်ထဲ သက်ပြင်းချကာ ထပ်မံ ငြင်းခုံခြင်း မပြုတော့ပေ။ ထို့နောက် အာကာသ ကူးပြောင်းခြင်းကို အသုံးပြုကာ သူတို့ ပျောက်ကွယ်သွားပြီး အခန်းတစ်ခုအတွင်း ပြန်လည် ပေါ်လာ၏။

အခန်းအတွင်း ရောက်ရှိလာချိန်တွင် ယဲ့ချူယောင် စကားပင် မပြောရသေးမီ သူမ၏ နှုတ်ခမ်းများကို လုချန်း နမ်းရှုံ့လိုက်၏။

“အင်း...”

ယဲ့ချူယောင် ခဏခန့် မှင်တက်သွားကာ လုချန်းကို အလိုလို တွန်းထုတ်ရန် ကြိုးစားမိ၏။ သို့သော်လည်း သူနှင့် ရှိခဲ့ဖူးသည့် အတိတ်မှ အတွေ့အကြုံများကို ပြန်လည် သတိရမိကာ ထိုဆန္ဒကို မျိုသိပ်လိုက်သည်။

ထိုခဏ၌ သူမ၏ ပါးလျသော ဝတ်စုံထက်တွင် လုချန်း၏ လက်များ လှုပ်ရှားလာကာ အဝတ်အစားများကြားမှ သူမ၏ အသားကို ထိတွေ့လာ၏။ ထိုနွေးထွေးသော အတွေ့ကြောင့် ယဲ့ချူယောင်၏ နတ်အငွေ့အသက်များ ချက်ချင်းပင် လှုပ်ခတ်သွားကာ သူမ၏ ခန္ဓာကိုယ် ပူနွေးလာ၏။

ယခု လုချန်း၏ ခန္ဓာကိုယ်သည် သာမန်လူနှင့် တူနေသော်လည်း သူ၏ ကျွမ်းကျင်မှုများကတော့ လျှော့ကျသွားခြင်း မရှိပေ။

အချိန်ကြာလာသည်နှင့်အမျှ သူတို့သည် ကြမ်းပြင်မှ ကုတင်ထက်သို့ ရောက်ရှိသွားကာ အဝတ်အစားများကို တစ်လွှာချင်း ဖယ်ရှားရင်း အလုပ်ရှုပ်သွားကြတော့သည်။

နတ်အငွေ့အသက်များ မရှိတော့သော်လည်း လုချန်း၏ ရဲတင်းလှသော အပြုအမူများကြောင့် ယဲ့ချူယောင် အနည်းငယ် အံ့အားသင့်နေမိတော့သည်။

---

အခန်း (၁၇၄၈)

နောက်ဆုတ်သွားသော သွေးလင်းယုန် ခန်းမ

သာမန်လူတစ်ယောက်လို ဖြစ်နေသော်လည်း လုချန်းသည် ယခင်အတိုင်းပင် ရဲတင်းနေဆဲဟု ယဲ့ချူယောင် မြင်လာ၏။ သို့သော် နတ်အငွေ့အသက် မရှိသဖြင့် သူ မည်မျှ အားနည်းနေသည်ကို လုချန်း ဧကန်မုချ ခံစားနေရ၏။

သူ နတ်တစ်ပါး ဖြစ်စဉ်က ကျင့်ကြံဖော်နှင့် နှစ်ပေါင်းများစွာ စုံတွဲကျင့်စဉ် ကျင့်ကြံရန်မှာ ပြဿနာ မဟုတ်ပေ။ သို့သော် ယခု ဝိညာဉ်စွမ်းအားနှင့် နတ်အငွေ့အသက် မရှိသည့်အခါ သူ၏ အကန့်အသတ်က သာမန်လူတစ်ယောက်ထက် သာလွန် နေလျှင်ပင် ကျင့်ကြံသူများအောက်သို့တော့ နိမ့်ကျနေသည်။

လူသားခန္ဓာကိုယ် ဆိုသည်မှာ တကယ် စိတ်ပျက်စရာကောင်းလှကြောင်း လုချန်း တွေးတောမိ၏။ မည်သို့ပင်ဖြစ်စေ လူနတ်ခန္ဓာကိုယ်တစ်ခုကို မဖြစ်မနေ ဖန်တီးရပေမည်။

ထို့ပြင် နတ်အငွေ့အသက် မရှိပါက စစ်မှန်သောနတ် တစ်ပါးဖြစ်သည့် ယဲ့ချူယောင်အတွက် သူ၏ရင်သွေးကို ရရန် ခဲယဉ်းပေလိမ့်မည်။

လူသားခန္ဓာကိုယ်ဖြင့် ကိစ္စအဝဝကို ဆောင်ရွက်ခြင်းမှာ ထိုအာရုံခံစားမှု အနည်းငယ်မှလွဲ၍ မည်သည့် အကျိုးကျေးဇူးမှ မရှိပေ။

မုန်တိုင်းထန်သော အချိန်များ ကုန်ဆုံးသွားပြီးနောက် သူ၏ ရင်ခွင်ထက်တွင် မှီတွယ်နေသည့် ယဲ့ချူယောင်ကို လုချန်း ပွေ့ဖက်ထားလိုက်၏။

တစ်စုံတစ်ခုသော အကြောင်းကြောင့် လုချန်း၏ ရင်ခွင်ထက်တွင် မှီတွယ်နေရခြင်းက သူမအား အလွန်ပြည့်စုံသည့် ငြိမ်းချမ်းမှုကို အမြဲတစေ ပေးစွမ်းနိုင်ပေသည်။

ထိုအခိုက်အတန့်တွင် ယဲ့ချူယောင် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားကာ

“ဂျူနီယာမောင်လေး...ကျွန်မ လျှို့ဝှက်လဝန်းနန်းတော်ကို ပြန်ဖို့ လိုအပ်နေပြီ။ ကျောက်စိမ်းနဂါးဂိုဏ်းနဲ့ တိုက်ပွဲက အောင်မြင်ခဲ့ပေမယ့် မိစ္ဆာနတ်တွေရဲ့ ကျူးကျော်မှုကတော့ ဆက်ရှိနေတုန်းပဲ။ နောက်ရက်အနည်းငယ်အတွင်းမှာ မိစ္ဆာနတ်တွေရဲ့ ကျူးကျော်မှုကို ဘယ်လို တုံ့ပြန်မလဲဆိုတာ ဆွေးနွေးမယ့် အစည်းအ‌ဝေးပွဲ ရှိတယ်။”

နန်းတော်သခင်၏ တပည့်ရင်းဖြစ်ပြီး အနာဂတ် နန်းတော်သခင် ဖြစ်လာနိုင်သူ ဖြစ်သဖြင့် ယဲ့ချူယောင် အ‌နေနှင့် အကြီးအကဲများ၏ အစည်းအဝေးသို့ တက်ရောက်ရန် လိုအပ်နေခြင်း ဖြစ်သည်။

ယဲ့ချူယောင်၏ ရှေ့တွင် သူ၏ ခန္ဓာကိုယ်ကို မည်သို့ ပြောင်းလဲရမည်ကို လုချန်း စဉ်းစားနေခဲ့ခြင်းဖြစ်သည်။

ယခုတော့အခွင့်အရေးက မြန်မြန်ဆန်ဆန်ပင် ရောက်ရှိလာသဖြင့် သူ တိတ်တဆိတ် ဝမ်းမြောက်သွားမိ၏။

ယဲ့ချူယောင် ပိဟိုင်နတ်မြို့မှ ထွက်ခွာသွားသည်နှင့် လူနတ်ခန္ဓာကိုယ်သို့ သူ ချက်ချင်း ပြောင်းလဲပစ်မည် ဖြစ်သည်။ ထိုအခါမှသာ ယဲ့ချူယောင်နှင့် နှစ်ပေါင်းများစွာ စုံတွဲကျင့်စဉ် ကျင့်ကြံရန် ပြဿနာ ရှိတော့မည် မဟုတ်ပေ။

လုချန်းက ယဲ့ချူယောင်ကို

“စီနီယာအစ်မ...နန်းတော်ကို ပြန်သွားပြီးရင် ပိဟိုင်နတ်မြို့ကို ပြန်လာဦးမှာလား။”

ထိုအရာကို ကြားလျှင် ယဲ့ချူယောင် ခဏခန့် တွေးတောကာ ပြောလိုက်၏

“နတ်ဘုရင် လင်ရင် ဘယ်လို စဉ်းစားမလဲဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။ ကျွန်မက နန်းတော်သခင်ရဲ့ တပည့်ရင်း ဖြစ်နေတဲ့အပြင် အခုလို အရေးကြီးတဲ့ အချိန်မျိုးမှာ အထူးတာဝန်တွေ အမြဲတမ်း ရှိနေတတ်လို့ပါ။”

ယဲ့ချူယောင်လည်း ပိဟိုင်နတ်မြို့တွင် အချိန်ပို၍ ကုန်ဆုံးလိုသော်လည်း သူမ၏ အဆင့်အတန်းအရ အခြားရွေးချယ်စရာ မရှိပေ။

လုချန်းက ယဲ့ချူယောင်ကို

“ကျုပ် နားလည်ပါပြီ...ဒါဆိုရင် စီနီယာအစ်မ ပိဟိုင်နတ်မြို့ကို ပြန်လာမယ့်အချိန်ကို ကျုပ် စောင့်နေပါ့မယ်။”

အတူတကွ အချိန်အနည်းငယ် ကုန်ဆုံးပြီးနောက် ယဲ့ချူယောင်လည်း ထရပ်ကာ လျှို့ဝှက်လဝန်းနန်းတော်သို့ ပြန်သွား၏။ ယဲ့ချူယောင် ထွက်ခွာသွားသည်နှင့် လျှို့ဝှက်လဝန်းနန်းတော်ရှိ လုချန်း၏ နတ်အာရုံက လူနတ်ကိုယ်ပွားတစ်ခုကို ဖန်တီးလိုက်ကာ ပိဟိုင်နတ်မြို့ရှိ လူသားခန္ဓာကိုယ်နှင့် ချက်ချင်း အစားထိုးလိုက်၏။

…….

သွေးလင်းယုန်ခန်းမ။

အစည်းအဝေးခန်းမ။

ယနေ့ ခန်းမအတွင်းရှိ အငွေ့အသက်သည် အလွန်တရာပင် လေးလံဖိစီးလျက်ရှိ၏။ သွေးမြူများ ဖုံးလွှမ်းနေသော ခန်းမအတွင်း၌ မည်သူမှ စကားမပြောကြပေ။

အစည်းအဝေးသို့ တက်ရောက်ရမည့်သူအားလုံး ရောက်ရှိနေကြပြီသော်လည်း ထိုနေ့က သူနှင့် နတ်ဘုရင်ခံ လင်ရင်တို့ တိုက်ခိုက်ခဲ့သည့် ပုံရိပ်များကို ဝိညာဉ်ဆိုး နတ်ဘုရင်က အစည်းအဝေးခန်းမ အတွင်း ပြသပြီးနောက် ခန်းမတစ်ခုလုံး အပ်ကျသံပင် ကြားရ‌အောင် တိတ်ဆိတ်သွား၏။

အချိန်မည်မျှကြာသွားသည်မသိ ဝိညာဉ်ဆိုး နတ်ဘုရင်က နောက်ဆုံးတွင် စကားစလိုက်၏။

“လျှပ်စီးစွမ်းအားက မိစ္ဆာစွမ်းအားကို နှိမ်နင်းနိုင်တာ မဆန်းပါဘူး။ ဒါပေမဲ့ နတ်ဘုရင်ခံ လင်ရင်ရဲ့ စွမ်းအားထဲမှာ လျှပ်စီးစွမ်းအား မပါဘူး။ အဲ့ဒါက ကျုပ် တစ်ခါမှ မကြုံဖူးတဲ့ နတ်စွမ်းအား အမျိုးအစားပဲ။”

သွေးမိစ္ဆာ နတ်ဘုရင်က

“ဒါဟာ နတ်နိယာမတစ်မျိုးကို ကျင့်ကြံထားတာကြောင့် နတ်စွမ်းအားတွေ ပြောင်းလဲသွားပြီး မိစ္ဆာစွမ်းအားကို နှိမ်နင်းနိုင်တာ ဖြစ်ရမယ်။”

သွေးမိစ္ဆာ နတ်ဘုရင်၏ စကားကို ကြားလျှင် ခန်းမအတွင်း တစ်ဖန် တိတ်ဆိတ်သွားပြန်၏။ အကြောင်းမှာ ဤသည်က သူတို့အတွက် သတင်းကောင်း မဟုတ်သောကြောင့် ဖြစ်၏။

မိစ္ဆာစွမ်းအားသည် ဖြောင့်မတ်သောနတ်များ၏ နတ်အငွေ့အသက်ကို နှိမ်နင်းနိုင်သောကြောင့်သာ မိစ္ဆာနတ်များသည် အဆင့်နယ်ပယ်တူ နတ်များထက် ပို၍စွမ်းအားကြီးကြခြင်း ဖြစ်သည်။

အကယ်၍ ဖြောင့်မတ်သောနတ်များ၏ နတ်အငွေ့အသက်က မိစ္ဆာစွမ်းအားကို ပြန်လည် နှိမ်နင်းနိုင်မည်ဆိုလျှင်တော့ သူတို့၏ အားသာချက်များ ပျောက်ဆုံးသွားရပေလိမ့်မည်။

ထို့ပြင် ဝိညာဉ်ဆိုး နတ်ဘုရင်၏ ကိုယ်ပွားသည် နတ်ဘုရင် လင်ရင်၏ နတ်ပညာ တစ်ကွက်ကိုပင် မခံနိုင်သည်ကို ကြည့်ခြင်းအားဖြင့် နတ်ဘုရင် လင်ရင်၏ နတ်အငွေ့အသက်က ဝိညာဉ်ဆိုး နတ်ဘုရင်၏ မိစ္ဆာစွမ်းအားကို အစွမ်းကုန် နှိမ်နင်းထားကြောင်း ထင်ရှားလှသည်။

ဝိညာဉ်လောက နတ်ဘုရင်က

“တော်သေးတာပေါ့...နတ်ဘုရင် လင်ရင်က အခုလို လှုပ်ရှားပြခဲ့လို့။ မဟုတ်ရင် လျှို့ဝှက်လဝန်းနန်းတော်မှာ မိစ္ဆာစွမ်းအားကို နှိမ်နင်းနိုင်တဲ့ နတ်နိယာမတွေ ရှိနေတာကို ကျုပ်တို့ သိမှာ မဟုတ်ဘူး။ ကျုပ်တို့ နန်းတော်ကို တိုက်ခိုက်တဲ့အချိန်ကျမှ အဲ့ဒီနတ်ပညာကို သုံးလိုက်မယ်ဆိုရင် ကျုပ်တို့သုံးယောက်လုံး အပြင်းအထန် ဒဏ်ရာရသွားမှာ ကျိန်းသေပဲ။”

ဝိညာဉ်လောက နတ်ဘုရင်၏ စကားကို ကြားလျှင် သွေးမိစ္ဆာ နတ်ဘုရင်နှင့် ဝိညာဉ်ဆိုး နတ်ဘုရင်တို့ နှစ်ဦးလုံး စိတ်သက်သာရာ ရသွားကြ၏။

ဟုတ်ပါသည်။ သူတို့၏ ပင်မကိုယ်များ ရောက်ရှိချိန်မှသာ တစ်ဖက်လူက ထိုနတ်ပညာကို အသုံးပြုခဲ့လျှင် သူတို့ အပြင်းအထန် ဒဏ်ရာရသွားလိမ့်မည်။

လျှို့ဝှက်လဝန်းနန်းတော်တွင် မိစ္ဆာစွမ်းအားကို တားဆီးနိုင်သည့် နည်းလမ်းများ ရှိနေကြောင်း ယခု သိသွားပြီ ဖြစ်သဖြင့် သူတို့ အတင့်မရဲနိုင်တော့ပေ။ ထိုနတ်နိယာမက မည်သည့် အရာမျိုး ဖြစ်ကြောင်း သူတို့ မဖြစ်မနေ စုံစမ်းရမည်။

သွေးမိစ္ဆာ နတ်ဘုရင်က

“သွေးလင်းယုန်ခန်းမရဲ့ တပည့်တွေ အားလုံးကို အခုချက်ချင်း ပုန်းအောင်းထားခိုင်းလိုက်။ နတ်ဘုရင် လင်ရင် သုံးသွားတဲ့ နတ်နိယာမရဲ့အကြောင်းကို ကျုပ်တို့ မသိသေးသရွေ့ ဘယ်သူမှ ခွင့်ပြုချက်မရှိပဲ မလှုပ်ရှားရဘူး။”

သွေးမိစ္ဆာ နတ်ဘုရင်၏ အမိန့်ကို ကြားလျှင် နတ်ဘုရင်ခံ အဆင့်ရှိ အကြီးအကဲ တစ်ဦးက

“ခန်းမသခင်...အခု အားလုံးကို ရပ်လိုက်မယ်ဆိုရင် ခမ်းနားသော ကောင်းကင်ခန်းမရဲ့ အမိန့်တွေကို ဘယ်လို လုပ်ရမလဲ။”

စစ်ပွဲက စတင်နေပြီ ဖြစ်သလို သတ်ဖြတ်ခြင်းက သူတို့၏ စွမ်းအားကို လျင်မြန်စွာ တိုးတက်စေသောကြောင့် ရောက်ရှိနေသည့် မိစ္ဆာနတ် အကြီးအကဲ အများစုသည် ရပ်တန့်ရန် ဆန္ဒမရှိကြပေ။

ထိုအကြီးအကဲ၏ စကားကို ကြားလျှင် သွေးမိစ္ဆာ နတ်ဘုရင် နှာခေါင်းရှုံ့ကာ

“ကျုပ်တို့က ခမ်းနားသော ကောင်းကင်ခန်းမရဲ့ ခွေးတွေ မဟုတ်ဘူး။”

နတ်သခင် အဆင့်သို့ ရောက်ရှိရန် နီးကပ်နေသူ ဖြစ်သဖြင့် သွေးမိစ္ဆာ နတ်ဘုရင်သည် ခမ်းနားသော ကောင်းကင်ခန်းမကို များစွာ ကြောက်ရွံ့ခြင်း မရှိပေ။ ထို့ပြင် တစ်နေ့တွင် ခမ်းနားသော ကောင်းကင်ခန်းမကို ကျော်ဖြတ်ကာ ၎င်း၏ နေရာကို ရယူနိုင်မည်ဟု သူ ယုံကြည်နေသည်။

သွေးမိစ္ဆာ နတ်ဘုရင်က ဆက်လက်၍

“ကျုပ် ခင်ဗျားတို့ကို သတိပေးလိုက်မယ်။ နတ်ဘုရင် လင်ရင် သုံးသွားတဲ့ နတ်နိယာမနဲ့ အဲဒါကို ဘယ်လို တုံ့ပြန်ရမလဲဆိုတာ မသိပဲနဲ့ မိုက်မိုက်ကန်းကန်း သွားတိုက်တာဟာ သေတွင်းထဲ ဆင်းတာနဲ့ အတူတူပဲ။ အကယ်၍ ခင်ဗျားတို့ကြောင့် လျှို့ဝှက်လဝန်းနန်းတော်က သွေးလင်းယုန်ခန်းမရဲ့ ကမ္ဘာငယ်လေးကို ရှာတွေ့သွားမယ်ဆိုရင်တော့ နန်းတော်က မလှုပ်ရှားခင်မှာပဲ ကျုပ်ကိုယ်တိုင်က ခင်ဗျားတို့ကို အာဟာရအဖြစ် ဝါးမြိုပစ်မယ်။”

သွေးမိစ္ဆာ နတ်ဘုရင်က ဤမျှအထိ ပြောဆိုထားလိုက်ပြီ ဖြစ်သဖြင့် ရောက်ရှိနေသော အကြီးအကဲများလည်း နောက်ထပ် စောဒက မတက်ရဲကြတော့ပေ။

…

ပိဟိုင်နတ်မြို့။

ချန်းစံအိမ်။

ယဲ့ချူယောင်သည် အစည်းအဝေး ပြီးဆုံးပြီးနောက် ပိဟိုင်နတ်မြို့သို့ ချက်ချင်း ပြန်လာခဲ့၏။ နတ်ဘုရင် လင်ရင်က သူမကို မည်သည့် အထူးတာဝန်မှ ပေးအပ်ခြင်း မရှိပဲ ခဏခန့် အနားယူရန်သာ ညွှန်ကြားခဲ့၏။

မည်သည့်တာဝန်မျှ မရှိသည်ကို သိရလျှင် လုချန်း၏ ဆန္ဒကို ဖြည့်ဆည်းပေးရန် ယဲ့ချူယောင် တွေးတောလိုက်၏။

ချန်းစံအိမ်အတွင်းသို့ ဝင်လိုက်သည်နှင့် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ယဲ့ချူယောင် ခံစားလိုက်ရ၏။ စံအိမ်ပတ်ဝန်းကျင်ရှိ နတ်အငွေ့အသက်များက အခန်းတစ်ခုဆီသို့ စုစည်းသွားသည်ကို သူမ ထင်ထင်ရှားရှား သတိပြုမိလိုက်၏။ ထို့နောက် သူမ၏ နတ်အာရုံကို အသုံးပြုကာ စစ်ဆေးကြည့်ရာ လုချန်း၏ အခန်းအတွင်း၌ လူနတ် တစ်ပါး ရှိနေသည်ကို တွေ့လိုက်ရ၏။

ယဲ့ချူယောင်၏ မျက်နှာ အနည်းငယ် ပျက်ယွင်းသွား၏။ သူမ၏ အမြင်အရ လုချန်း၏ ကျင့်စဉ်အဆင့် ပြန်လည်ကောင်းမွန်လာရန်မှာ လုံးဝ မဖြစ်နိုင်သလောက် ဖြစ်သဖြင့် အခန်းထဲတွင် ရှိနေသူမှာ လုချန်း မဖြစ်နိုင်ပေ။

သူမ၏ ဂျူနီယာမောင်လေး မဟုတ်ပါက ထိုအခန်းထဲတွင် ရှိနေသူမှာ မည်သူနည်း။

လုချန်း တစ်စုံတစ်ခု ဖြစ်သွားခဲ့ပြီလား။

ထိုသို့ တွေးမိသည်နှင့် လုချန်း၏ အခန်းအတွင်းသို့ ယဲ့ချူယောင် အပြေးအလွှား ဝင်သွားလိုက်သည်။ သို့သော် ကုတင်ထက်တွင် တင်ပျဉ်ခွေကာ ကျင့်ကြံနေသည့် လုချန်းကို မြင်လျှင် သူမ မှင်တက်သွား၏။

ထို့နောက် လေးနက်သော မျက်နှာဖြင့် ယဲ့ချူယောင်က

“ရှင် ဘယ်သူလဲ”

ဤဂျူနီယာမောင်လေးသည် အခြားသူတစ်ဦးက အသွင်ပြောင်းထားခြင်း ဖြစ်မည်ဟု သူမ သံယယဝင်နေမိ၏။ သူမ ထွက်ခွာသွားစဉ်က ဂျူနီယာမောင်လေးသည် သာမန်လူတစ်ယောက်သာ ဖြစ်၏။

သူမ ထွက်သွားခဲ့တာလည်း မကြာသေးပေ။ ထိုအတောအတွင်း သူ လူနတ်တစ်ပါး ဖြစ်သွားတာက အဓိပ္ပာယ် မရှိပေ။

သွေးကြောများ ပျက်စီးပြီး စွမ်းအားချက္ကရ ကွဲအက်နေပါလျက်နှင့် ဤမျှ တိုတောင်းသော အချိန်အတွင်း လူနတ်နယ်ပယ်သို့ မည်သို့ ပြန်လည် ရောက်ရှိနိုင်မည်နည်း။ ထို့ကြောင့် ဤသူသည် လုချန်း၏ အသွင်ကို ယူထားသူသာ ဖြစ်ရမည်။

ယဲ့ချူယောင်၏ အသံကို ကြားလျှင် သူကို သံသယမျက်လုံးများဖြင့် ကြည့်နေသည့် ယဲ့ချူယောင်ကို လုချန်း မျက်လုံးဖွင့်၍ ကြည့်လိုက်၏။

လုချန်းက ပြုံးလျက်

“စီနီယာအစ်မ... အစ်မ ထွက်မသွားခင်လေးတင်အထိ ကျုပ်တို့ အတူတူ ရှိခဲ့ကြတာ‌ လော။ အခု ကျုပ်ကို မေ့သွားပြီလား။”

---

………..

အခန်း( ၁၇၄၉ )

အချိန်မတော် ရောက်လာကြသူများ

လုချန်း၏ စကားများကို ကြားလျှင် ယဲ့ချူယောင် ချက်ချင်းပင် မှင်တက်သွား၏။

သူမ၏ ရှေ့မှောက်တွင် ရှိနေသည့် အမျိုးသားမှာ သူမ၏ တပည့်မောင်လေး အစစ်ပဲလား။

သို့သော် သူ၏ ကိုယ်တွင်း အကြောအခြင်များအားလုံး ပျက်စီးကာ စွမ်းအားသိုလှောင်ရာ ချက္ကရမှာလည်း ကြေမွပြီး လူသာမန်တစ်ဦး ဖြစ်သွားခဲ့ရပြီ မဟုတ်ပါလား။

ယခုတော့ လူနတ်တစ်ဦးအဖြစ်သို့ သူ ရောက်ရှိနေလေပြီ။

သူမ ထွက်ခွာသွားတာ ဘာမှမကြာသေးပေ။

သူသည် လူသာမန်အဆင့်မှသည် လူနတ်အဆင့်သို့ ထိုမျှတိုတောင်းလှသော အချိန်အတွင်း မည်သို့မည်ပုံ တက်လှမ်းသွားနိုင်သနည်း။

သူ၏ ခန္ဓာကိုယ်က သူ့ အလိုအလျောက် ပြန်လည်ကုသနိုင်သည် ဆိုဦးတော့ ဤမျှလောက်အထိတော့ မြန်နိုင်စရာ ‌အကြောင်းမရှိပေ။

ယဲ့ချူယောင်က မယုံကြည်နိုင်စွာဖြင့်

“ရှင်... တကယ်ပဲ ချန်းလုလား”

လုချန်းက ပြုံးလျက်

“ကျုပ်ပါပဲ”

ယဲ့ချူယောင်က ချက်ချင်းပင်

“ရှင့်ရဲ့ ကျင့်စဉ်အဆင့်တွေက ဘယ်လိုလုပ် ပြန်ကောင်းလာတာလဲ။”

လုချန်းက

“ကျုပ်လည်း ဘယ်လိုဖြစ်တယ်ဆိုတာ မသိဘူး။ အစ်မ ထွက်သွားပြီးတာနဲ့ ကျုပ်ရဲ့ အကြောအခြင်တွေက အလိုအလျောက် ပြန်ကောင်းလာပြီး စွမ်းအားသိုလှောင်တဲ့ နေရာလည်း နဂိုအတိုင်း ဖြစ်သွားခဲ့တယ်။ အစ်မတနဲ့ စုံတွဲကျင့်စဉ် ကျင့်ခဲ့လို့များလားပဲ။”

ဒါက...

မည်သည့် ကောင်းကင်အဆင့် ရတနာကိုမှ မသုံးပဲ အကြောအခြင်များနှင့် စွမ်းအားသိုလှောင်ရာ ချက္ကရက ဤမျှလွယ်ကူစွာ မည်သို့ ပြန်ကောင်းလာနိုင်မည်နည်း။

ယဲ့ချူယောင် မယုံကြည်နိုင် ဖြစ် နေသေး၏။

စုံတွဲကျင့်စဉ် ဆိုသည်မှာလည်း ပို၍ပင် မဖြစ်နိုင်ချေ။ ထိုအချိန်များအတွင်း သူတို့သည် နတ်အငွေ့အသက်များကို တစ်ချက်ကလေးမှ မလည်ပတ်ခဲ့ကြသဖြင့် ၎င်းကို စုံတွဲကျင့်စဉ်ဟု မခေါ်ဆိုနိုင်ပေ။ ထိုအရာက အမျိုးသားနှင့် အမျိုးသမီးကြား သာယာမှုသက်သက်သာ ဖြစ်၏။

ယဲ့ချူယောင် တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွား၏။

သူမ၏ ဆရာသည် အမျိုးသားများကို အစဉ်အမြဲ မုန်းတီးခဲ့ပြီး လျှို့ဝှက်လဝန်းနန်းတော်သည်လည်း အမျိုးသားတပည့်များကို တစ်ခါမှ လက်မခံခဲ့ဖူးပေ။ သို့သော် ဤချန်းလုကိုတော့ ခြွင်းချက်အနေနှင့် လက်ခံခဲ့သည်။

ဖြစ်နိုင်သည်က သူမ၏ ဆရာသည် သူ့၌ ထူးခြားသော ကိုယ်ထည်ဖွဲ့စည်းတည်ဆောက်ပုံရှိမှန်း သိသဖြင့် တပည့်ရင်းအဖြစ် လက်ခံခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

ထိုသို့တွေးမိမှသာ ယဲ့ချူယောင် စိတ်သက်သာရာ ရသွားတော့၏။

ယခုအခါ လုချန်း၏ အကြောအခြင်များ ပြန်လည်ကောင်းမွန်လာပြီး စွမ်းအားသိုလှောင်ရာ ချက္ကရမှာလည်း ပုံမှန်အတိုင်း ဖြစ်သွားခဲ့ပြီဖြစ်၏။ လူနတ်အဆင့်မျှသာ ရှိသေးသော်လည်း ကြိုးစားကျင့်ကြံမည်ဆိုပါက ကောင်းကင်နတ် နယ်ပယ်သို့ ပြန်ရောက်ရန် အလွန်ခက်ခဲမည် မဟုတ်ပေ။

သို့သော် လုချန်း ပြန်လည်ကောင်းမွန်လာပြီ ဖြစ်သဖြင့် သူမက သူရဲ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့ လိုအပ်သေးသလား။

ယဲ့ချူယောင်က ရှုပ်ထွေးသော အမူအရာဖြင့် လုချန်းကို ကြည့်ကာ

“မောင်လေး... ရှင် ပြန်ကောင်းလာပြီဆိုတော့ ကျွန်မနဲ့အတူ လျှို့ဝှက်လဝန်းနန်းတော်ကို ပြန်လိုက်ခဲ့ပါ။”

ထိုအရာကို ကြားလျှင် လုချန်းက

“အစ်မက ကျုပ်နဲ့ ဒီလောက်တောင် ခွဲခွာချင်နေတာလား”

“ကျွန်မ...”

ယဲ့ချူယောင် စကားပြောရန် တွန့်ဆုတ်နေ၏။

နောက်တစ်ကိုယ်၌ လုချန်းသည် ကုတင်ပေါ်မှ ဆင်းကာ ယဲ့ချူယောင်ထံသို့ လျှောက်လာ၏။ သူ အနားသို့ တိုးလာသည်နှင့်အမျှ ယဲ့ချူယောင်၏ ရင်ခုန်သံများ မြန်လာပြီး ရုတ်တရက် အလွန် စိတ်လှုပ်ရှားသွားတော့သည်။

ချန်းလု လူသာမန်တစ်ဦး ဖြစ်သွားပြီဟု ထင်မှတ်ထားသဖြင့် သူ၏ဆန္ဒကို ဖြည့်ဆည်းပေးရန် သူမ သဘောတူခဲ့ခြင်း ဖြစ်၏။ သို့သော် ယခုတော့ ချန်းလုက ပြန်ကောင်းနေပြီ ဖြစ်သည်။

မကြာမီပင် လုချန်းသည် ယဲ့ချူယောင်၏ အနားသို့ ရောက်ရှိလာသဖြင့် သူမ၏ မသိစိတ်ဖြင့် နောက်သို့ အလိုလို တစ်လှမ်းဆုတ်လိုက်မိ၏။ သို့သော် သူမ ဆုတ်လိုက်သည်နှင့် တစ်ပြိုင်နက် လုချန်းက ရုတ်တရက် လက်လှမ်းကာ သူမ၏ လက်ကို ဆုပ်ကိုင်ပြီး သူမ၏ ခန္ဓာကိုယ်အား သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်၏။

ယဲ့ချူယောင်၏ ရင်ထဲ တင်းကျပ်သွားပြီး သူမက အမြန်ပင်

“မောင်လေး... တို့တွေ ဒီအမှားမျိုးကို ထပ်မလုပ်သင့်တော့ဘူး။ တကယ်လို့ ဆရာသာ သိသွားရင်...”

လုချန်းက ကြားဖြတ်ကာ

“အရင်နေ့က ကျုပ်နားမှာ ရှိနေတုန်းကတော့ ဆရာ သိသွားမှာကို ခင်ဗျား မစိုးရိမ်ခဲ့ဘူး မဟုတ်လား။”

ယဲ့ချူယောင် ခဏခန့် စကားလုံးမဲ့သွား၏။ လုချန်း၏ လက်များက သူမ၏ ခါးတစ်လျှောက် လျှောကျလာသည်ကို ခံစားမိကာ သူမ ပို၍စိတ်လှုပ်ရှားလာခဲ့သည်။

ထိုအခိုက်အတန့်တွင် လုချန်းက သူမ၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်၏။

“အစ်မက ကျုပ်ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမယ်လို့ ကတိပေးထားတယ်လေ။”

ယဲ့ချူယောင် တစ်ခုခု ထပ်ပြောရန် ကြိုးစားသော်လည်း လုချန်းက သူမ၏ နှုတ်ခမ်းများကို တိုက်ရိုက်ပင် သိမ်းပိုက်လိုက်၏။

“အွန်း...”

ယဲ့ချူယောင် အနည်းငယ် ရုန်းကန်လိုက်သော်လည်း နောက်ဆုံးတွင် အရှုံးပေးရန်သာ ရွေးချယ်လိုက်တော့၏။ သူမ၏ စစ်မှန်သောနတ် စွမ်းအားဖြင့်ဆိုပါက လုချန်းကဲ့သို့ လူနတ်တစ်ဦးကို တွန်းထုတ်ရန် အလွန်လွယ်ကူလှသည်။

သို့သော် သူမကိုယ်တိုင်က ထိုသို့ မလုပ်လိုခြင်း ဖြစ်၏။

သူတို့နှစ်ဦး အတူရှိခဲ့သည်မှာ အကြိမ်ပေါင်း မနည်းတော့သဖြင့် ဆရာသာ မသိပါက နောက်တစ်ကြိမ် ထပ်ရှိခြင်းမှာလည်း ဘာမှ ထူးခြားမည်မဟုတ်ဟု သူမက တွေးလိုက်မိသည်။

ယဲ့ချူယောင်က သူ့အား တွန်းမထုတ်သည်ကို မြင်လျှင် လုချန်းက ပို၍ အခွင့်ကောင်းယူလာ၏။ သူမ၏ ခါးပေါ်ရှိ သူ၏လက်များက ခါးပတ်ကို ညင်သာစွာ ဆွဲဖြုတ်လိုက်၏။

ခါးပတ် ပြုတ်ကျသွားသည်နှင့်အမျှ သူမ၏ ပိုးသားဝတ်ရုံလည်း လျှောကျသွားပြီး အတွင်းမှ ဖြူဖွေးသော အတွင်းခံဝတ်စုံ ပေါ်လာတော့သည်။

လုချန်းသည် သူမအား ဆက်လက်နမ်းရှုပ်နေရင်း ကုတင်ပေါ်သို့ ညင်သာစွာ ခေါ်ဆောင်သွားကာ လှဲသိပ်လိုက်သည်။

ထိုဖြစ်စဉ်တစ်လျှောက်လုံးတွင် ယဲ့ချူယောင်သည် လုချန်းကို တားဆီးခြင်း မပြုခဲ့ပေ။ ထိုအစား သူမ၏ လက်တံများဖြင့် သူ၏ လည်ပင်းကိုသာ သိုင်းဖက်ထားလိုက်လေတော့၏။

……

လျှို့ဝှက်လဝန်း ကျောင်းတော်။

ကောင်းကင်လင်းယုန်တောင်ထိပ်။

ခမ်းနားလှသော နန်းဆောင်တစ်ခုအတွင်း နတ်ဘုရင်ခံ ရွှေတောင်ပံသည် နတ်မိမယ် နှစ်ဦး၏ ပေါင်ပေါ်တွင် ခေါင်းမှီလှဲလျောင်းနေ၏။

ထိုစဉ် တပည့် တစ်ဦး ခန်းမအတွင်းသို့ ဝင်လာကာ

“စီနီယာအစ်ကို... ကျုပ်တို့ သူတို့ကို ရှာတွေ့ပါပြီ။”

ထိုအရာကို ကြားလျှင် နတ်ဘုရင်ခံ ရွှေတောင်ပံသည် နတ်မိမယ်များ၏ ပေါင်ပေါ်မှ ချက်ချင်း ထထိုင်ကာ ခန်းမအတွင်းရှိ တပည့်ကို ကြည့်လိုက်၏။

“အခု သူတို့ ဘယ်မှာလဲ”

တပည့်က

“အခု သူတို့ ကောင်းကင် တောင်ထိပ်မှာ ရှိနေပါတယ်”

ဟု တုံ့ပြန်၏။

ထိုအရာကို ကြားလျှင် နတ်ဘုရင်ခံ ရွှေတောင်ပံ မျက်မှောင်ကြုတ်သွား၏။ အကယ်၍ ကောင်းကင် တောင်ထိပ်တွင် ရှိနေသည်ဆိုပါက ရှုကျင့်ရှူးသည် အမည်ခံအားဖြင့် နတ်သခင် ကောင်းကင်၏ တပည့်ဖြစ်ပြီး ထိုသူသည် နတ်သခင်ကောင်းကင်၏ အကာအကွယ်အောက်တွင် ရှိနေနိုင်သည်။

နတ်သခင် ကောင်းကင်အနေနှင့်လည်း သူမ၏တပည့် ဇနီးမောင်နှံ တစ်စုံတစ်ခု ဖြစ်သွားသည်ကို အလိုရှိမည် မဟုတ်ပေ။ ထို့ပြင် ရှုကျင့်ရှူး၏ အဖော်နှင့် ဆက်ဆံရေး ကောင်းမွန်အောင် ထိန်းသိမ်းထားခြင်းသည် ရှုကျင့်ရှူးနှင့် ဆက်ဆံရေး ကောင်းမွန်စေရန်အတွက်လည်း အထောက်အကူ ဖြစ်စေ၏။

သူတော်စင်မ ပေါ်ထွက်လာသည့်လျှင် ဤပတ်သက်မှုသည် ကောင်းကင်တောင်ထိပ်အတွက် အကျိုးကျေးဇူးများ ရရှိစေရန် အာမခံချက် ပေးနိုင်လိမ့်မည်။

နတ်ဘုရင်ခံ ရွှေတောင်ပံက

“သူ့ရဲ့ စွမ်းအားက ဘယ်လောက်လဲ”

ခန်းမအတွင်းရှိ တပည့်က

“ကောင်းကင်နတ် အဆင့်ပါ”

ထိုစကားကို ကြားလျှင် နတ်ဘုရင်ခံ ရွှေတောင်ပံ လှောင်ပြုံးတစ်ချက် ပြုံးလိုက်၏။

“ကောင်းကင်နတ် အဆင့်ပဲလား”

ကောင်းကင်နတ်တစ်ဦးကို ဖယ်ရှားခြင်းမှာ ပုရွက်ဆိတ်တစ်ကောင်ကို ချေဖျက်ရသည်ထက် ပိုမိုလွယ်ကူလိမ့်မည်ဟု သူတွေးတောကာ

“သူ့ကို ရှင်းပစ်ဖို့ နည်းလမ်းတစ်ခုခု ရှာလိုက်”

ဟု ချက်ချင်းပင် အမိန့်ပေးလိုက်၏။

ခန်းမအတွင်းရှိ တပည့်က

“သူက ကောင်းကင် တောင်ထိပ်မှာပဲ အမြဲနေနေတာ။ ကျုပ်တို့ အတင်းအကျပ် ဝင်ရောက်မယ်ဆိုရင် နတ်သခင် ကောင်းကင်ကို အမျက်ထွက်စေနိုင်ပါတယ်။”

နတ်ဘုရင်ခံ ရွှေတောင်ပံက အေးဆေးစွာပင်

“ကျုပ်တို့ တောင်ထိပ်ကလူ ဖြစ်ရမယ်လို့ ဘယ်သူပြောလဲ။”

ထိုတပည့်လည်း နတ်ဘုရင်ခံ ရွှေတောင်ပံ၏ ရည်ရွယ်ချက်ကို ချက်ချင်းပင် နားလည်သွားကာ

“ကျုပ် အခုချက်ချင်း သွားစီစဉ်လိုက်ပါမယ်”

စကားအဆုံးတွင် ထိုတပည့် လှည့်ထွက်သွားတော့၏။ တပည့်၏ ကျောပြင်ကို ကြည့်ရင်း နတ်ဘုရင်ခံ ရွှေတောင်ပံ၏ နှုတ်ခမ်းများ တွန့်ကွေးသွားကာ

“ခင်ဗျားရဲ့ ယောက်ျား သေသွားပြီးရင်တော့ ခင်ဗျားလည်း အထီးကျန်မှုကို ခံနိုင်ရည်ရှိဖို့ ခက်ခဲသွားလိမ့်မယ်”

ဟု တိုးတိုးလေး ရေရွတ်လိုက်၏။

……

ညဉ့်နက်သန်းခေါင်အချိန်။

တိတ်ဆိတ်ငြိမ်သက်နေသော ဝါးတောတစ်ခုအတွင်း။

သစ်ရွက်များ လေထဲတွင် ဝဲပျံနေကြ၏။

ဝါးတော၏ အနက်ရှိုင်းဆုံးနေရာတွင် အဆောင်လေးတစ်ခု ရှိ၏။ ထိုနေရာသည် လုချန်း၏ ကောင်းကင်နတ်ကိုယ်ပွား ယခု နေထိုင်ရာ နေရာ ဖြစ်သည်။

ထိုအခိုက်အတန့်တွင် အခန်းအတွင်း ကျင့်ကြံနေသော လုချန်း၏ မျက်လုံးများ ရုတ်တရက် ပွင့်လာ၏။ သူ၏ အဆောင်ဆီသို့ အငွေ့အသက် အချို့ အလျင်အမြန် ချဉ်းကပ်လာနေသည်ကို ခံစားမိလိုက် သောကြောင့်ဖြစ်၏။

ဤမျှ နောက်ကျသည့်အချိန်တွင် ရောက်လာခြင်းဖြစ်ရာ ရောက်လာသူများသည် မကောင်းသော ရည်ရွယ်ချက်ဖြင့် လာကြခြင်းဖြစ်ကြောင်း တွေးစရာပင် မလိုပေ။

လုချန်းလည်း တွန့်ဆုတ်မနေပဲ စနစ်ထဲမှ နတ်သတ်ဓားကို ထုတ်ယူလိုက်၏။

ထိုအခိုက်အတန့်တွင် ကောင်းကင်ပေါ်မှ စွမ်းအားတစ်ခု ကျဆင်းလာပြီး သူရှိရာ အဆောင်ကို တိုက်ရိုက်ပင် ထိမှန်သွား၏။

ပြိုင်ဘက်က အစကတည်းက တစ်ခါတည်း သတ်ဖြတ်ရန် ရည်ရွယ်ထားသည်ကို မြင်လျှင် လုချန်း ခနဲ့ပြုံးတစ်ချက် ပြုံးလိုက်၏။

နတ်သခင် ကောင်းကင်ကို သိသွားမှာကို သူတို့ စိုးရိမ်ခြင်း မရှိပေ။ ဤလုပ်ကြံသတ်ဖြတ်သူများကို နတ်သခင် ကောင်းကင်ကပဲ စေလွှတ်လိုက်ခြင်း ဖြစ်နိုင်လား။

သူသည် ရှုကျင့်ရှူးနှင့် မထိုက်တန်ဟု နတ်သခင် ကောင်းကင်က ယူဆကာ သူက သူမကို အနှောင့်အယှက် ဖြစ်စေမှာ စိုးရိမ်သဖြင့် သူ့အား ဖယ်ရှားပစ်ချင်နေခြင်းများလား။

ထိုသို့တွေးမိသော်လည်း ထိုအတွေးကို လုချန်း အမြန်ပင် ပယ်ဖျက်လိုက်၏။ နတ်သခင် ကောင်းကင်သည် နတ်သခင်တစ်ဦး ဖြစ်သဖြင့် သူကဲ့သို့ ကောင်းကင်နတ်တစ်ဦးကို ပစ်မှတ်ထားမည် မဟုတ်ပေ။

ဖြစ်နိုင်သည်က တစ်စုံတစ်ဦးက သူ့အား သေစေချင်နေပြီး နတ်သခင် ကောင်းကင်ကလည်း အခြားသူတစ်ဦးမှတစ်ဆင့် ထိုကဲ့သို့ ညစ်ပတ်သောလုပ်ငန်းကို ဆောင်ရွက်စေရန် တိတ်တဆိတ် ခွင့်ပြုထားခြင်းကြောင့် သူတို့ဤနေရာသို့ ရောက်ရှိလာနိုင်ခြင်း ဖြစ်လိမ့်မည်။

ဤသို့တွေးရင်း လုချန်းက သူ၏ဓားကို ဝှေ့ယမ်းလိုက်၏။

“ပိလော့ နဂါးပြာဟိန်းသံ”

သွေးရောင်လွှမ်းသော နဂါးကြီးတစ်ကောင်သည် မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်ကာ အဆောင်ဆီသို့ ဦးတည်လာသော စွမ်းအားကို တိုက်ခိုက်လိုက်၏။

သွေးနဂါးသည် ထိုစွမ်းအားနှင့် ထိတွေ့မိသည်နှင့် ၎င်းအား ချက်ချင်းပင် ချေမှုန်းပစ်လိုက်ပြီး လုပ်ကြံသတ်ဖြတ်သူများထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားလေတော့၏။

---

………….

All Chapters