← Chapters

အခန်း (၁၃၉-၁၄၁)

Vol. 10 Ch. 139-141

အခန်း (၁၃၉-၁၄၁)

Vol. 10 Ch. 139-141

အပိုင်း ( 139 )

အလုပ်များ စတင်ခြင်း

အားလုံး၏ အကြည့်များအောက်မှာပင်၊ လုချန်ရှန်းသည် အဝေးသို့ ထွက်ခွာသွားခဲ့သည်။

သူ၏ မောက်မာကာ၊ ကြီးစိုးသည့် အမူအရာသည်၊ လူတော်တော်များများကို အမုန်းတရားတို့ဖြင့် အံတကြိတ်ကြိတ် ဖြစ်သွားစေခဲ့၏။

မည်သူကမှ သူက မဟာတောရိုင်း ခန်းမနှင့် ပတ်သက်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

၎င်းကြောင့်ပင်၊ လူအများအပြားက စတင်၍ မေးမြန်းစုံစမ်းနေကြတော့သည်၊ သူတို့အတွက် အဆိုပါ သတင်းအချက်အလက်က အလွန်တရာ အရေးကြီးနေခဲ့သည်။

အကယ်၍ သူကသာ မဟာတောရိုင်း ခန်းမ၏ အဖွဲ့ဝင်တစ်ဦးဖြစ်နေမည်ဆိုပါက၊ လက်စားချေမည့် ကိစ္စကို မေ့လိုက်ရဖို့သာ များပေသည်။

ကျီရှုမှာလည်း ဘာပြောရမှန်းမသိ ဖြစ်သောကြောင့်၊ လုချန်ရှန်းအား ထိုနေရာဆီသို့၊ ဦးဆောင်သွားခဲ့သည်။ လုချန်ရှန်းကမူ ဘေးတစ်ဖက်တွင် အေးအေးလူလူ လမ်းလျှောက်ကာ၊ အဝေးသို့ ငေးကြည့်နေခဲ့၏။

ကျီရှုကမူ သူ၏အဖွဲ့ဝင်များဆီသို့ ချဥ်းကပ်သွားခဲ့သည်။

သူ၏သဘောထားကို မြင်လိုက်ရသောအချိန်၌၊ တစ်ခြားလူများ ဇဝေဇဝါ ဖြစ်သွားကြသည်။

ကိစ္စများအကြောင်းကို သိရှိခဲ့ရပြီးသည့်နောက်တွင်၊ သူတို့အားလုံးသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြကာ၊ ထိုလူ့အား မည်ကဲ့သို့ အကဲဖြတ်ရမှန်းမသိ ဖြစ်သွား၏။

အချိန်အတော်ကြာခဲ့ပြီးသည့်နောက်မှ၊ တစ်စုံတစ်ဦးသည် မအောင့်ထားနိုင်တော့ဘဲ၊ စကားစပြောလာခဲ့သည် “ အဲ့တာဆို သူက ပြဿနာကောင် မဟုတ်ဘူးလား “

“ အမ် ….. “

“ အင်း၊ အဲ့လိုပဲပေါ့ “

“ အဲ့လိုဆိုရင်ကော၊ ကျုပ်တို့က သူ့ကို စုဆောင်းဖို့ ကြိုးစားသင့်သေးလား “ ဟု ကျီရှုမှ မေးမြန်းလိုက်၏။

“ သူ့ရဲ့ ဓားတာအို စွမ်းရည်က တော်တော်ကြီးကို ထူးခြားတယ်လေ။ ဓားနှလုံးသား သန့်စင်မှုနယ်ပယ်ကို၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ပိုင်ဆိုင်ထားဖို့ဆိုတာက၊ ရှေးခေတ်တုန်းကတောင် ကြားကို မကြားဖူးခဲ့တဲ့ ကိစ္စတစ်ခုပဲ။ အဲ့တာ နှစ်တစ်ထောင်အတွင်းမှာ တစ်ကြိမ်လောက်ပဲ တွေ့ရလောက်တဲ့အထိ ရှားတယ် “

တစ်ခြားလူများ အတွေးနက်သွားကြသည်။

သူ၏ စွမ်းရည်က အံ့ဖွယ်ကောင်းနေခဲ့သော်လည်း၊ သူသည် ပြဿနာကောင်ပါ ဖြစ်နေခဲ့သည်။ သူတို့နားလည်ထားသလောက်အရဆိုပါက၊ အဆိုပါ အစိမ်းဝတ်လူ ပေါ်ထွက်လာသည်က လပိုင်းမျှသာ ရှိသေးသော်လည်း၊ သူသည် တောင်ပိုင်းပြည်နယ်၏ အင်အားစု အများစုကို၊ ပြဿနာရှာခဲ့ပြီးပြီ ဖြစ်သည်။

စွမ်းရည်နှင့် ပါရမီနှစ်ခုစလုံး ရှိနေခဲ့သော်လည်း၊ သူတို့ကသာ သူ့ကို ခေါ်ယူစုဆောင်းလိုက်မည်ဆိုပါက၊ မည်သည့်အရာများ ဖြစ်ပျက်လာမလဲဆိုသည်ကို မည်သူမှ မသိကြပေ။ ၎င်းကို တွေးတောစဥ်းစားခြင်းကပင်၊ သူတို့ကို ခေါင်းကိုက်သွားစေခဲ့၏။

သူ၏ စိတ်သဘောထားနှင့် ယခုလက်ရှိ အခြေအနေတို့ကို ထောက်ရှုစဥ်းစားလိုက်မည်ဆိုပါက၊ သူက တောင်ပိုင်းပြည်နယ်တစ်ခုလုံးနှင့်၊ ရန်သူလုပ်မည့် လမ်းကြောင်းထံသို့ ဦးတည်နေလျက်ရှိ၏။ အကယ်၍ သူ၏ကျင့်ကြံရေးကသာ၊ အနည်းငယ် ပိုမြင့်နေမည်ဆိုပါက၊ အခြေအနေများက မည်ကဲ့သို့ ဖြစ်နေမလဲဆိုသည်ကို တွေးဝံ့စရာပင် မရှိပေ။

အကြီးအကဲတစ်ဦးမှ စကားထပ်ပြောလာခဲ့၏ “ အဲ့ကိစ္စကို နောက်မှပြောကြတာပေါ့၊ အခုလက်ရှိ ကိစ္စကိုပဲ အရင်ရှင်းကြမယ်။ ငါတို့ကသာ လိုအပ်တဲ့ဟာကို မရှာနိုင်ဘူးဆိုရင်၊ နန်းတော်သခင်ဟောင်းကို မကူညီနိုင်တော့မှာကို ငါကြောက်မိတယ် “

“ ဟုတ်တယ် “

ခဏခန့် ဆွေးနွေးပြောဆိုခဲ့ပြီးသည့်နောက်တွင်၊ လူနည်းစုမှာ သဘောတူညီချက် ရရှိခဲ့ကြသည်။

သူ့ကို ခေါ်၊ မခေါ်ဆိုသည်အား၊ ဆိုင်းငံ့ထားဦးမည် ဖြစ်သည်။ သူတို့သည် သူ့ကို တစ်ခဏခန့် စုံစမ်းစစ်ဆေးကြမည် ဖြစ်ပြီး၊ အလုပ်ဖြစ်သွားမည်ဆိုပါက၊ ဆွေးနွေးပြောဆိုကြမည် ဖြစ်၏။ အကယ်၍ အလုပ်မဖြစ်ဘူးဆိုပါက၊ ထိုကိစ္စကို မေ့ထားလိုက်ကြမည် ဖြစ်သည်။

လုချန်ရှန်းမှာလည်း၊ ယခုလေးတင် ဖြစ်ပျက်ခဲ့သည့် အရာများကို တွေးတောစဥ်းစားနေခဲ့သည်၊ မဟာတောရိုင်း ခန်းမ၏ အင်အားက၊ နတ်ဘုရား သန့်စင်ခြင်း နန်းတော်နှင့် နတ်ကောင်းကင်ဂိုဏ်းတို့၏ အထက်တွင်၊ ရှိနေမည်ဆိုသည်မှာ သိသာလွန်းနေခဲ့သည်၊ လူတိုင်းက ၎င်းကို အတော်လေး ကြောက်လန့်နေပုံရသည်။

ရှောင်ဟေးသာ ဤနေရာတွင် ရှိနေမည်ဆိုပါက၊ သူသည် သူတို့၏ နောက်ခံဇစ်မြစ်များကို မေးမြန်းလိုက်မည် ဖြစ်သည်။

သို့ရာတွင်၊ သူတို့နှင့် ပူးပေါင်းလုပ်ဆောင်ခြင်းက၊ ပြဿနာ တော်တော်များများကို လျော့ပါးသွားစေခဲ့၏။ သူသည် ရန်သူများ၏ ပစ်မှတ်ထားခံရခြင်းကို စိုးရိမ်ပူပန်နေစရာ မလိုတော့သည့်အပြင်၊ ဆောင့်ကြွားဆောင့်ကြွားဖြင့် လမ်းလျှောက်နေနိုင်ပြီ ဖြစ်သည်။ ယခုလက်ရှိ အချိန်တွင်မူ၊ ၎င်းတို့ထပ် ပိုကောင်းသောအရာ မရှိပေ။

ထို့အပြင်၊ ထိုလူများ၏ အစွမ်းထက် ကျင့်ကြံသူများက၊ မနှောင့်ယှက်စေရဘူးဟူသည့် အာမခံချက်ကြောင့်၊ သူသည် အခွင့်အလမ်းတစ်ချို့ကို၊ ကြိုးစား သိမ်းပိုက်နိုင်မည် ဖြစ်သည်။

လုချန်ရှန်းသည် တွေးတောစဥ်းစားနေရင်းဖြင့်၊ သူ၏ ရုပ်ဖျက်နည်းစနစ်ကို ဆင်ခြင်သုံးသပ်နေခဲ့၏။ အချိန်အတိုင်းအတာတစ်ခုအထိ၊ ကျင့်ကြံခဲ့ပြီးသည့်နောက်တွင်၊ ကြာချိန်တိုးမြင့်လာခဲ့ပြီဖြစ်ပြီး၊ ၎င်းကို သုံးရက်မှ ငါးရက်အထိ ထိန်းသိမ်းထားခြင်းမှာ၊ ပြဿနာတစ်ရပ် ဟုတ်မနေတော့ပေ။

ထိုအချိန်တွင် အဝေးရှိ မဟာတောရိုင်း ခန်းမ၏ အဖွဲ့ဝင်တစ်ဦးမှ၊ စကားလှမ်းပြောလာခဲ့သည် “ မိတ်ဆွေလေး၊ စကားပြောကြမလား “

“ ကောင်းပြီလေ “

လုချန်ရှန်းမှ ခုန်ကျော်သွားခဲ့သည်။

သူသည် မွေးရာပါ ဝိညာဥ်အဆင့် ပညာရှင်နှင့် ရင်ဆိုင်ရမည်ကို၊ မည်သို့မျှ မစိုးရိမ်ပေ။

အကြီးအကဲတစ်ဦးသည် သူ့ကို ကြည့်ကာ၊ မအောင့်ထားနိုင်တော့ဘဲ၊ မေးမြန်းလာခဲ့သည် “ မိတ်ဆွေလေး၊ ငါတစ်ခုလောက် မေးလို့ရမလား “

“ ငါ့ရဲ့ အမွေအနှစ်က ဘယ်မှာလဲ၊ ဒါမှမဟုတ်၊ ငါ့ရဲ့ ဂိုဏ်းက ဘယ်မှာလဲဆိုတဲ့ ကိစ္စတွေကို လာမမေးနဲ့။ လိမ်ရမှာ ပျင်းတယ် “

“ အဲ့တာက …… “

လူတိုင်း မှင်သက်သွားကြသည်။ သူ၏ စကားလုံးများက အလွန်ပင် တည့်တိုးဆန်လွန်းနေခဲ့သည်။ သူတို့သည် ထိုကဲ့သို့သော အခြေအနေကို၊ ပထမဦးဆုံး အကြိမ်အဖြစ် ကြုံတွေ့လိုက်ရခြင်း ဖြစ်သည်။

တစ်ခြားလူများကမူ လိမ်ညာကြမည်(သို့) တိတ်ဆိတ်နေကြမည် ဖြစ်သည်။ သူ၏အဖြေကမူ မထင်မှတ်ထားသော အရာဖြစ်နေခဲ့ပြီး၊ ထိုကဲ့သို့ ရိုးသားသော လူမျိုးက အမှန်ပင် ရှားပါးလွန်းနေခဲ့၏။

အကြီးအကဲမှာလည်း အတွေးနက်သွားကာ၊ တုံ့ပြန်လာခဲ့၏ “ ငါက မဟာတောရိုင်း ခန်းမရဲ့ အကြီးအကဲ၊ ဝူယန်ပါ။ မင်းက မပြောပြချင်ဘူးဆိုတော့၊ အဓိက ကိစ္စကိုပဲ ပြောလိုက်ကြတာပေါ့ “

“ အိုကေလေ၊ ပြောပါ “ ဟု လုချန်ရှန်းမှ သဘောတူလိုက်သည်။

အကြီးအကဲမှ ပြန်ပြောလာခဲ့၏ “ နတ်ဘုရား မြှုပ်နှံခြင်းတောင်တန်းမှာ အခွင့်အလမ်း အများကြီးရှိပြီးတော့၊ အများစုက ဓားတာအိုနဲ့ ပတ်သက်နေတယ်။ တစ်ချို့အရာတွေက အလိုအလျောက် ပေါ်လာလိမ့်မယ်၊ တစ်ချို့အရာတွေကိုတော့ ဓားဆန္ဒက ဖုံးလွှမ်းထားလေ့ရှိတယ်။ ဓားကျင့်ကြံသူတစ်ယောက်က အဲ့တာကို ချိုးဖျက်ပြီးမှ၊ ပစ္စည်းကို ရလိမ့်မယ်။ အဲ့တာကြောင့်ပဲ ငါတို့က မင်းနဲ့ ပူးပေါင်းချင်နေတာ “

“ ဘာကိုဆိုလိုတာလဲ။ ခင်ဗျားတို့ ထိလို့မရလို့၊ ကျုပ်ကို သွားလုခိုင်းနေတာလား “ လုချန်ရှန်း မျက်မှောင်ကြုတ်သွားခဲ့၏။

အကယ်၍ ထိုကဲ့သို့သာ ဖြစ်နေမည်ဆိုပါက၊ သူတစ်ဦးတည်း သွားခြင်းကသာလျှင် ပိုကောင်းမည် ဖြစ်သည်။

အကြီးအကဲ ဝူယန်မှ ပြန်ပြောလာခဲ့သည် “ မိတ်ဆွေလေး လှုပ်ရှားဖို့ မလိုပါဘူး။ ငါတို့က လှုပ်ရှားမှာပါ။ တကယ်လို့ အခွင့်အလမ်း ပေါ်လာပြီဆိုရင်၊ ငါတို့က မင်းကို အဲ့တာရဲ့ အနီးအနားကို ပို့ပေးဖို့ နည်းလမ်းရှာပေးမယ်။ မင်းက ဓားဆန္ဒကို ရိုက်ချိုးပြီးတော့၊ အတွင်းက ပစ္စည်းကို ယူလိုက်၊ ပြီးကျရင် ငါတို့က ဝေစုပြန်ခွဲကြမယ် “

“ ဪ၊ အဲ့လိုကိုး “

လုချန်ရှန်းသည် အကြမ်းဖျင်း နားလည်သွားကာ၊ ခေါင်းငြိမ့်ပြလိုက်၏။ သူတို့က လှုပ်ရှားနေသည့် အချိန်၌၊ သူသည် နောက်တန်းတွင် နေ၍၊ ပစ္စည်းများကို စုဆောင်းနေရမည် ဖြစ်သည်။

၎င်းက သူ့အတွက် အလွန်တရာ သင့်တော်နေလျက်ရှိ၏။

သို့ရာ၌ သူ့ထံတွင် မေးခွန်းတစ်ခု ရှိနေသေးသည် “ ကြည့်ရတာတော့၊ ခင်ဗျားတို့ရဲ့ အင်အားစုက တော်တော်လေးကို စွမ်းမဲ့ပုံပဲ။ ဒီလိုအင်အားစုကြီးက ဓားတာအို ကျင့်ကြံသူတစ်ယောက်လေးတောင် မမွေးထုတ်ပေးနိုင်ဘူးလား “

ထိုလူများသည် ကူရာကယ်ရာမဲ့စွာဖြင့်၊ တစ်ဦးကိုတစ်ဦး ကြည့်နေကြတော့သည်။

“ ရိုးရိုးသားသား ပြောရမယ်ဆိုရင်၊ ငါတို့ဆီမှာ ဓားတာအို ကျင့်ကြံသူတွေ ရှိတယ်၊ ဒါပင်မဲ့ သူတို့ရဲ့ နယ်ပယ်တွေက မင်းလောက်မမြင့်ကြဘူး၊ အဲ့တာကြောင့် သူတို့ရဲ့ အသုံးဝင်မှုက မင်းလောက် ထိရောက်နေမှာ မဟုတ်ဘူး။ ဓားနှလုံးသား သန့်စင်မှုနယ်ပယ်ကို ပိုင်ဆိုင်ထားတဲ့ လူတွေ မရှိတာလည်း မဟုတ်ဘူး။ သူတို့က တံခါးပိတ်ကျင့်ကြံနေကြတော့၊ မလာနိုင်ကြဘူး “

ကျီရှုသည် စကားပြောနေရင်းဖြင့်၊ ကူရာကယ်ရာမဲ့သကဲ့သို့ ခံစားသွားခဲ့ရသည်။ အကယ်၍ ထိုလူများသာ လာနိုင်မည်ဆိုပါက၊ သူတို့က လုချန်ရှန်းကို သွားရှာခဲ့မည် မဟုတ်ပေ။

လုချန်ရှန်းသည် ခေါင်းတငြိမ့်ငြိမ့် ဖြစ်သွားခဲ့သည်။ သူသည် ထိုကဲ့သို့သော ကိစ္စမျိုးကို ကောင်းစွာနားလည်နေခဲ့သည်။

သူဓားတာအိုကို ကျင့်ကြံခဲ့သည့် အချိန်တိုင်းတွင်၊ တံခါးပိတ်ကျင့်ကြံရန် လိုအပ်ခဲ့သည်။ တစ်ခါတစ်ရံတွင် အဆင့်ထိုးဖောက်ရန်အတွက်၊ သုံးရက်မှ ငါးရက်အထိ အချိန်ယူရလေ့ရှိ၏။ ၎င်းမှန် အမှန်ပင် မလွယ်ကူလှပေ၊ ထိုလူများ မထွက်လာခြင်းက ပုံမှန်ပင် ဖြစ်သည်။

“ ကောင်းပြီလေ၊ ဒါဆိုရင်လည်း ဆက်ပြီးတော့ ဆွေးနွေးကြတာပေါ့။ ပစ္စည်းတွေကိုတော့ ၅၀-၅၀စီ ခွဲကြမယ်၊ အမွေအနှစ် ကျမ်းစာတွေနဲ့ အဲ့လိုဟာတွေကိုတော့ ပူးတွဲလေ့လာကြမယ် “

“ မိတ်ဆွေလေး စိတ်ချလက်ချ နေလို့ရတယ် “ ဟု အကြီးအကဲ ဝူယန်မှ တုံ့ပြန်လာခဲ့၏။

လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ ဒါပင်မဲ့၊ ကျွန်တော် ကြိုပြောထားချင်တဲ့ ကိစ္စတစ်ခု ရှိတယ် “

“ ပြောပါ “

“ ကျွန်တော်က လောကကြီးထဲ ခြေဆန့်နေတာ၊ နှစ်ဝက်တောင် မပြည့်သေးဘူး၊ အဲ့တာကြောင့် ကျွန်တော့ဆီမှာ အတွေ့အကြုံ များများစားစား မရှိဘူး။ လှည့်စားဖို့ မစဥ်းစားနဲ့နော် “

ထိုစကားကို ကြားလိုက်ရသောအခါတွင်၊ လူတိုင်း တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

သူတို့သည် လုချန်ရှန်းကို ငေးကြည့်နေခဲ့ကာ၊ ပါးစပ်အဟောင်းသားဖြင့်၊ ဘာပြောရမှန်းမသိ ဖြစ်သွားကြသည်။

တော်သေးတာပေါ့၊ အဲ့လောက်ပဲကြာသေးလို့၊ အဲ့ထပ်သာပိုနေလို့ကတော့၊ တောင်ပိုင်းပြည်နယ်တစ်ခုလုံး ဇောက်ထိုးမိုးမျှော် ဖြစ်သွားလောက်ပြီ။ မင်းကိုသာ အတွေ့အကြုံ မရှိဘူးလို့ သတ်မှတ်လိုက်မယ်ဆိုရင်၊ အင်မော်တယ်နယ်မြေမှာ လူကောင်းတွေနဲ့ပဲ ပြည့်နှက်နေသင့်တယ်။

သူကဲ့သို့ ဒုက္ခပေးနိုင်စွမ်း ရှိသည့်လူက၊ အမှန်ပင် ရှားပါးလွန်းနေခဲ့ပြီး၊ နှစ်ပေါင်းများကြာသည့်တိုင်အောင်၊ တစ်ဦးတစ်လေပင် မမြင်တွေ့ခဲ့ရချေ။

သို့ရာ၌၊ သူတို့က စိတ်ထဲတွင် မည်မျှပင် စောဒတက်၊ ပြစ်တင်ဝေဖန်နေကြပါစေ၊ ၎င်းကို ထုတ်မပြနိုင်ကြပေ။

“ မိတ်ဆွေလေးက ငါတို့ မဟာတောရိုင်း ခန်းမအကြောင်းကို မသိသေးတဲ့ပုံပဲ၊ ဒါပင်မဲ့ မင်းစိတ်ချထားလိုက်လို့ ရတယ်၊ ငါ့ရဲ့ မဟာတောရိုင်း ခန်းမမှာ ထူးခြားတဲ့ ကျော်ကြားမှုရှိတယ်၊ ငါတို့က စာချုပ်ကို ချိုးဖောက်ကြမှာ မဟုတ်ဘူး “

လုချန်ရှန်းက စကားထပ်ပြောရန် ပြင်လိုက်သည့် အချိန်မှာပင်၊ အဝေးတစ်နေရာတွင် အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့၏။

ကောင်းကင်ယံတွင် လျှပ်စီးများလက်လာခဲ့ကာ၊ မိုးကြိုးများ ဟိန်းဟောက်လာခဲ့သည်။ တိမ်တိုက်များသည် တောင်တန်းဒေသကို ဖိချလာပုံရကာ၊ လေပြင်းများ တိုက်ခတ်လာပြီး၊ လေထုအတွင်းတွင် ပျံသန်းနေသော ကျောက်တုံးကျောက်ခဲများနှင့်၊ သဲတို့ဖြင့် ပြည့်နှက်သွား၏။

တစ်ချိန်တည်းမှာပင်၊ အရှိန်အဝါတစ်ခု ပေါက်ထွက်လာခဲ့ပြီး၊ ရွှေရောင်အလင်းတန်းတစ်ခု လင်းလက်လာခဲ့ကာ၊ အလင်းလုံးတစ်လုံး ပေါ်ထွက်လာခဲ့သည်။

ဓားချီက ၎င်းကို လှည့်ပတ်၊ ဝိုင်းရံနေပြီး၊ ဓားဆန္ဒက ၎င်းကို ဖုံးလွှမ်းနေလျက်ရှိ၏။

အနီးကပ် ကြည့်ရှုစစ်ဆေးလိုက်မည်ဆိုပါက၊ ၎င်းက အပြာရင့်ရောင် ဝိညာဥ်အပင်ငယ်တစ်ခုကို ဖုံးအုပ်နေသည့်အလားဖြစ်နေသည်ကို၊ မြင်တွေ့ရမည် ဖြစ်သည်။

ဝိညာဥ်အပင်ကို မြင်လိုက်ရသော အချိန်တွင်၊ လူတိုင်း၏မျက်လုံးများ တောက်ပသွားခဲ့သည်။

“ အဲ့တာ …….. အဲ့တာက အရွက်ကိုးရွက် ဓားမြက်ပဲ “

အံ့ဩတကြီး အော်ပြောလိုက်သည့် အာမေဋိတ်သံတစ်သံ ပေါ်ထွက်လာခဲ့ပြီး၊ လူတိုင်း၏ မျက်လုံးများအတွင်းတွင် လောဘများ ပြည့်နှက်လာတော့၏။

ဒဏ္ဍာရီများအရ၊ အရွက်ကိုးရွက် ဓားမြက်က ဓားတာအိုမှ မွေးဖွားလာခဲ့ခြင်းဖြစ်ပြီး၊ အရွက်တစ်ခုချင်းစီတိုင်းက၊ ဓားတစ်လက်ကို ကိုယ်စားပြုနေခဲ့ကာ၊ ဓားတာအိုကို မတတ်ကျွမ်းသည့် လူများကပင်၊ ၎င်းကို စားသုံး/သုံးစွဲလိုက်မည်ဆိုပါက၊ မဟာတာအိုကို နားလည်ကာ၊ ဓားနှလုံးသား သန့်စင်မှုနယ်ပယ်သို့ ချက်ချင်းရောက်ရှိသွားလိမ့်မည်ဟု ဆိုကြ၏။

သူတို့အရှေ့တွင် ရှိနေသည့် မြက်ထံတွင်၊ အရွက်ခြောက်ရွက်သာ ရှိနေခဲ့သော်လည်း၊ ၎င်းကပင် လူအမြောက်အများကို စိတ်လွတ်သွားစေရန် လုံလောက်နေခဲ့သည်။

ဝူယန်နှင့် တစ်ခြားလူများကပင် စိတ်လှုပ်ရှားသွားကြသည်။

အားလုံးသည် အရှေ့သို့ စုပြုံ၍ တိုးဝင်သွားကြပြီး၊ အဆိုပါ ဓားမြက်အတွက်၊ ယှဥ်ပြိုင်နေကြတော့သည်။

သို့ရာတွင် လုချန်ရှန်းကမူ ၎င်းကို အေးအေးလူလူ စောင့်ကြည့်နေခဲ့ပြီး၊ သူ၏ မျက်လုံးများအတွင်းတွင် ရှိနေသည့် အလင်းတန်းက၊ ဓားမြက်ကို ဝိုင်းရံနေသည့် ရောင်ခြည်ထပ်ပင်၊ ပိုမိုတောက်ပနေခဲ့၏။

သူ၏ဓားတာအို ကျင့်ကြံရေးနှင့်ဆိုပါက၊ ၎င်းက သူ့အတွက် များများစားစား အသုံးဝင်နေလိမ့်မည် မဟုတ်ပေ၊ သို့သော် ထိုလူများ၏ စွဲလန်းမှု ကြည့်ရခြင်းအားဖြင့်၊ ၎င်းက ဈေးကောင်းရမည့်ပုံပင်။

အကယ်၍ သူက ၎င်းကို မရောင်းချဘူးဆိုလျှင်တောင်မှ၊ သူ၏စီနီယာအစ်ကိုထံ ပေးလိုက်နိုင်ပေသည်။

၎င်းကို တွေးမိသွားသောအခါတွင်၊ လုချန်ရှန်းသည် ဝူယန်နှင့် တစ်ခြားလူများကို ကြည့်ကာ၊ ချက်ချင်းအော်ပြောလိုက်သည်။

“ အဲ့တာကို ဒီဘက်ကို ပစ်လိုက် “

---

…………………………………………………………………………………………………………………………………..

အပိုင်း ( 140 )

မိုးကြိုးငှက်

မြင်ကွင်းသည် ချက်ချင်း ကသောင်းကနင်း ဖြစ်သွားခဲ့သည်။

(အရင်အပိုင်းတွေမှာ လျှပ်စီးငှက်လို့ ပြောထားပါတယ်၊ အခုမှ မိုးကြိုးငှက်ဆိုပြီး၊ ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်၊ အဆင်မပြေဖြစ်သွားရင်၊ နားလည်ပေးကြပါဦးဗျ )

အရွက်ကိုးရွက် ဓားမြက်သာလျှင် မဟုတ်ဘဲ၊ တစ်ခြားသော ပစ္စည်းများကပါ၊ တစ်ပြိုင်နက် ပေါ်ထွက်လာခဲ့သည်။

အလင်းတန်းများ လိမ်ယှက်နေပြီး၊ အရာအားလုံးက ထူးခြားသော စွမ်းအားကို ထုတ်လွှတ်ကာ၊ သူတို့၏ မျက်လုံးများအရှေ့တွင်၊ လင်းထိန်နေခဲ့ပြီး၊ ဓားဆန္ဒက ၎င်းတို့အားလုံးကို ဖုံးလွှမ်းနေလျက်ရှိ၏။

လုချန်ရှန်း၏ စကားကို ကြားလိုက်ရသောအခါတွင်၊ အကြီးအကဲ ဝူယန်နှင့် တစ်ခြားလူများက အနည်းငယ် မျက်မှောင်ကြုတ်သွားကြသည်၊ သို့သော် ပစ္စည်းများကို လုယက်ရန်အတွက် တိုက်ခိုက်နေကြသေး၏။

ကောင်းကင်ယံတွင် အဆုံးမဲ့ မှော်စွမ်းအား ပြည့်နှက်နေလျက်ရှိပြီး၊ အဆက်မပြတ် ထိတွေ့မှုများအကြားတွင်၊ တလက်လက် တောက်ပနေခဲ့ကာ၊ နေရာတိုင်းကို လင်းထိန်သွားစေခဲ့၏။

ပုံရိပ် အများအပြား ထိတွေ့တိုက်ခိုက်နေကြပြီး၊ သူတို့အားလုံးသည် တစ်စုံတစ်ခုအတွက်၊ ယှဥ်ပြိုင်တိုက်ခိုက်နေလျက်ရှိ၏။

သူတို့သည် မှော်ပစ္စည်းတစ်ခုကို ခွာယူနိုင်ခဲ့ကြသည်၊ သို့သော် တစ်စုံတစ်ဦး၏ ကြားဝင်စွက်ဖက်မှုကြောင့်၊ အခြေအနေများက ပို၍ဝရုန်းသုန်းကား ဖြစ်သွားခဲ့သည်။

လူတိုင်း တိုက်ခိုက်နေကြပြီး၊ ကောင်းကင်ထက်တွင် ပုံရိပ်များဖြင့် ပြည့်နှက်နေခဲ့သည်။

လုချန်ရှန်းကမူ မှော်ပစ္စည်းများနှင့်အတူ၊ ဘယ်ညာယိမ်းနွဲ့နေခဲ့ကာ၊ စိုးရိမ်းတကြီး စောင့်ကြည့်နေခဲ့သည်၊ သူ၏မျက်လုံးများ ကန်းလုမတတ်ဖြစ်နေခဲ့ကာ၊ ပစ္စည်းတစ်ခုခု ပြုတ်ကျလာမည်ကို၊ စောင့်ဆိုင်းနေခဲ့သည်။

ထို့အပြင်၊ သူ့ကို ကာကွယ်ပေးနေသည့်ဟု ယူဆရသည့်၊ မွေးရာပါ ဝိညာဥ်အဆင့်၄ ပညာရှင်တစ်ဦးပါ၊ သူနှင့်အတူ ရှိနေခဲ့၏။

ကာကွယ်ခြင်းလား(သို့) စောင့်ကြည့်ခြင်းလားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

သို့ရာတွင် ရန်ပွဲတစ်ခု အမှန်တကယ် ဖြစ်ပေါ်လာခဲ့မည်ဆိုပါက၊ ထိုလူရှိခြင်း၊ မရှိခြင်းက မည်သို့မျှ ကွာခြားနေလိမ့်မည် မဟုတ်ပေ။

ထိုစဥ် လုချန်ရှန်းသည် ရွှေရောင်အလင်းတန်းတစ်ခုက သူ့ဆီသို့ ကျဆင်းလာနေသည်ကို မြင်တွေ့သွားခဲ့သည်။

တစ်စုံတစ်ဦးသည် ၎င်းကို ကြားဖြတ်ယူရန်၊ ကြံရွယ်ရင်းဖြင့်၊ ပြေးဝင်လာခဲ့သည်။

လုချန်ရှန်းက အဆိုပါ အလင်းလုံးထံသို့ ပြေးဝင်သွားသော်လည်း၊ တစ်ဖက်လူက မည်သို့မျှ ဂရုမစိုက်ခဲ့ပေ၊ တစ်ဖက်လူက လက်မလျော့ခဲ့ပေ၊ ဓားဆန္ဒ ဝိုင်းရံမှု ရှိနေသောကြောင့်၊ ၎င်းကို အချိန်တိုအတွင်းတွင် ချိုးဖျက်နိုင်လိမ့်မည် မဟုတ်သည့်အတွက်၊ သူတို့ထံတွင် အခွင့်အရေး ရှိနေစဲပင်။

အကြီးအကဲ ဝူယန်နှင့် တစ်ခြားလူများ မျက်မှောင်ကြုတ်သွားခဲ့သည်၊ သူတို့လှုပ်ရှားခဲ့ကာ၊ အလင်းတန်းကို ရိုက်ချနိုင်ခဲ့သော်လည်း၊ ရှေ့ဆက်၍ မည်သည့်အရာများ ဖြစ်ပျက်လာမလဲဆိုသည်မှာ၊ မရေရာ မသေချာဖြစ်နေခဲ့၏။

သို့ရာတွင် အလင်းတန်းတစ်ခုက လုချန်ရှန်းအနားသို့ ချဥ်းကပ်သွားပြီး၊ သူက ၎င်းကို တိုက်ရိုက်ဆုပ်ကိုင်လိုက်ရာ၊ အလင်းတန်းကို လွှမ်းခြုံထားသည့် ဓားဆန္ဒမှာ ချက်ချင်းပြိုကွဲသွားခဲ့သည်၊ ထို့ကြောင့် လူတိုင်း အံ့ဩမှင်သက်သွားကြသည်။

အနက်ရောင် သစ်သားအပိုင်းအစတစ်ခု ပေါ်လာခဲ့ပြီး၊ ၎င်းသည် သူ၏ ဟင်းလင်းပြင် သိုလှောင်မှုအတွင်းသို့ ချက်ချင်းရောက်ရှိသွားခဲ့သည်။

( မူရင်းထဲမှာ သိုလှောင်ပစ္စည်းလို့ပဲ ပြောထားပြီး၊ အိတ်လား၊ လက်စွပ်လားဆိုတာကို ရှင်းရှင်းလင်းလင်း မပြောထားပါဘူး )

“ အဲ့တာက ….. “

“ ဘာတွေ ဖြစ်နေတာလဲ “

“ ချင်းယီက ဘယ်လိုလုပ် ဒီလောက်တောင် မြန်နေရတာလဲ “

“ အဲ့တာက သူ့ကို မစူးသွားစေဘူးလားဟ “

( ဓားဆန္ဒက ဝိုင်းရံထားတော့၊ ကိုင်လိုက်ရင် အဆူးစူးသွားသလိုမျိုး ခံစားရတာပါ၊ နှင်းဆီလိုမျိုးပေါ့ )

“ … “

အရပ်မျက်နှာရှစ်ခုစလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။ လူတစ်ချို့သည် အစောပိုင်း အချိန်များအတွင်းက၊ ကြိုးပမ်းခဲ့ဖူးသော်လည်း၊ ၎င်းတို့က အတော်လေး စူးရှနေခဲ့ကာ၊ ကိုင်ဆောင်၍ မရခဲ့ပေ၊ မွေးရာပါ ဝိညာဥ်အဆင့် ကျင့်ကြံသူများကပင်၊ စူးလွန်းသဖြင့် မျက်ရည်များ ကျသွားခဲ့ရ၏။

သို့သော် ထိုလူကမူ လက်ကို ပေါ့ပေါ့ပါးပါး ဝေ့ရမ်းကာ၊ ဆုပ်ကိုင်ခဲ့လေ၏။

အကြီးအကဲ ဝူယန်၊ ကျီရှုနှင့် တစ်ခြားလူများ မှင်သက်သွား၏၊ ထိုအခြေအနေမှာ မထင်မှတ်ထားသော အရာတစ်ခု ဖြစ်သည်။

သို့ရာတွင် လုချန်ရှန်းကမူ မျက်မှောင်ကြုတ်ကာ၊ ကျယ်လောင်စွာ အော်ပြောလာခဲ့၏ “ မင်းတို့က ဘာတွေလုပ်နေကြတာလဲ။ အရွက်ကိုးရွက် ဓားမြက်ကို သွားယူကြလေ။ အဲ့တာက တန်ဖိုးရှိတယ်ဟ “

ယခုလေးတင်း ရရှိခဲ့သည့် သစ်သားအပိုင်းအစက၊ အတော်လေး တန်ဖိုးရှိပုံရသော်လည်း၊ ၎င်းက ဓားမြက်လောက် အဖိုးတန်နေလိမ့်မည် မဟုတ်ပေ။

အကြီးအကဲ ဝူယန်နှင့် တစ်ခြားလူများ ဆွံ့အသွားခဲ့သည်။

လူအုပ်ကြီးကမူ သူ့ကို လျစ်လျူရှုကာ၊ ဆက်လက်၍ တိုက်ခိုက်နေကြတော့သည်။

လုချန်ရှန်းသည် စောင့်ကြည့်နေရင်းဖြင့်၊ ပိုပို၍ စိုးရိမ်နေလျက်ရှိကာ၊ မလှမ်းမကမ်းတွင် ရှိနေသည့် အလင်းလုံးကို ညွှန်ပြလိုက်သည်။

“ အဘိုးကြီးဝူ၊ ဘယ်ဘက်မှာ “

“ ဟုတ်ပြီ၊ ထိပြီ။ အစူးခံရမှာကို မကြောက်နဲ့ “

“ အဘိုးကြီးကျီ၊ ခင်ဗျား ဘာတွေ လုပ်နေတာလဲ။ အဲ့တာကို ယူဖို့အတွက် မှော်ပစ္စည်းကို သုံးလိုက်လို့ မရဘူးလား “

“ တကယ်လို့ သူတို့က ခင်ဗျားကို တားနေတယ်ဆိုရင်၊ ဖင်ကို ပိတ်ကန်ပေးလိုက်။ အဲ့တာဆိုရင်၊ အဲ့တာတွေက ခင်ဗျားဟာ ဖြစ်သွားပြီ မဟုတ်ဘူးလား “

“ ဘာလို့ အဲ့ဒီအဘိုးကြီးကို ကြောက်နေရတာလဲ။ ဆံပင်ကိုသာ ဆောင့်ဆွဲလိုက် “

“ … “

လုချန်ရှန်းသည် မြေပြင်ပေါ်တွင် မတ်တပ်ရပ်နေကာ၊ လက်ဟန်ခြေဟန်ပြ၍၊ လှုပ်ရှားနေခဲ့ပြီး၊ ထိုလူများက လုံလုံလောက်လောက် မကြိုးစားမအားထုတ်ကြဘူးဟု၊ ခံစားနေခဲ့ရ၏။

ဒီလိုမျိုးသာဆိုရင်၊ သူတို့က ဘယ်အချိန်ကျမှ လုံလုံလောက်လောက် ဆွဲယူနိုင်မှာလဲဟ

ထိုစကားများကို ကြားလိုက်ရသောအခါတွင်၊ လူတိုင်း ခေါင်းကိုက်သွားကြသည်။ သဘောကောင်းကာ၊ ကြင်နာတတ်သည့် အကြီးအကဲ ဝူယန်ကပင်၊ သည်းမခံနိုင်တော့ဘဲ၊ ဒေါသတကြီး ဖြစ်သွားခဲ့သည်၊ အဲ့လောက် လွယ်နေတယ် ထင်နေတာလားဟ

သူတို့သည် ဆွဲယူခြင်းသာလျှင် မဟုတ်ဘဲ၊ ဓားဆန္ဒကိုပါ ရှောင်တိမ်းနေခဲ့ရသည်၊ ၎င်းက သူတို့၏ ခန္ဓာကိုယ်များအတွင်းသို့ ထိုးဖောက်ဝင်ရောက်လာမည်ကိုပါ၊ တားဆီးနေခဲ့ရသည်။ ၎င်းက မည်သူမဆို လုပ်နိုင်သော အရာမဟုတ်ပေ။

ထိုအချိန်တွင် လုချန်ရှန်းမှ ထပ်မံ၍ သည်းမခံနိုင်တော့ပေ၊ အစပိုင်းတွင် သူသည် ပစ္စည်းများ သူ့ဆီသို့ ပို့လာသည်ကို၊ ဤနေရာတွင် စောင့်ဆိုင်းရန်သာ ဖြစ်သည်၊ သို့သော် ယခုတွင်ကား၊ သူသည် မြေပြင်ပေါ်တွင် လှည့်ပတ်သွားလာနေပြီး၊ တစ်ခုခု ကျဆင်းလာသည်ဟု မြင်လိုက်ရသည့် အချိန်တိုင်းတွင်၊ ထိုနေရာသို့ တဟုန်ထိုး ပြေးသွားနေတော့၏။

သူပြေးသွားသည့် တစ်ပြိုင်နက်၊ တစ်ခြားလူတစ်ဦးက ၎င်းကို ကောင်းကင်ထက်သို့ လွင့်စင်သွားစေခဲ့သည်။

ထိုပစ္စည်းများက အလွန်တရာ အဖိုးတန်ကာ၊ ပြင်ပကမ္ဘာတွင် မမြင်ရလောက်သည်အထိ ရှားပါးနေခဲ့သည်၊ ပစ္စည်းတစ်ခုကို ရရှိခြင်းကပင်၊ လူတစ်ဦးအား ကြီးမားသော အကျိုးအမြတ်ကို ရရှိသွားစေမည် ဖြစ်သည်။

အကြီးအကဲ ဝူယန်နှင့် တစ်ခြားလူများမှာလည်း၊ စိုးရိမ်တကြီး ဖြစ်သွားကြသည်၊ သို့သော် လုချန်ရှန်း၏ တိုက်တွန်းပြောဆိုမှုက သူတို့ကို ပို၍စိတ်ရှုပ်ထွေးသွားစေခဲ့သည်။

၎င်းကို မြင်လိုက်ရသော အချိန်၌၊ လုချန်ရှန်းသည် ခြေတစ်လှမ်းလှမ်းကာ၊ ကောင်းကင်ထက်သို့ ခုန်တက်သွားပြီး၊ အကြီးအကဲ ဝူယန်၏ အနားသို့ ရောက်ရှိသွားခဲ့သည်။

“ မင်းက ဘာလုပ်မလို့လဲ “ ဝူယန်မှ မျက်မှောင်ကြုတ်ကာ၊ မေးမြန်းလာခဲ့၏။

ကျီရှုကပါ သူ့ကို ကြည့်လာခဲ့သည်။

လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ ကျုပ် တကယ်ကို သည်းမခံနိုင်တော့ဘူး “

“ အဲ့တော့ “

“ ခင်ဗျားကို မေးခွန်းတစ်ခုမေးမယ် “

“ ဘာလဲ “

လုချန်ရှန်းမှ တုံ့ပြန်လိုက်၏ “ တကယ်လို့ ဆွဲလုတာများသွားမယ်ဆိုရင်၊ ခင်ဗျားတို့ မဟာတောရိုင်း ခန်မးက အဲ့ဒီအင်အားစုတွေဆီက ဖိအားကို တောင့်ခံနိုင်လား “

ထိုစကားသည် အနီးအနားတွင် ရှိနေသည့် လူနည်းစုကို မှင်သက်သွားစေခဲ့၏။

အကြီးအကဲ ဝူယန် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

ကျီရှုသည် အရင်ဦး တုံ့ပြန်ကာ၊ စကားပြန်ပြောလာခဲ့သည် “ ရတယ် “

“ မင်းတတ်နိုင်သလောက်ပေါ့ “

“ နေပါဦး၊ မင်းက ဘာလုပ်ချင်နေတာလဲ “

“ ဘာကြီး။ သွားလုမှာလေဟ။ မင်းတို့က လှုပ်ရှားမှာကို ငါက ဘယ်လောက်ကြာအောင် စောင့်နေရမှာလဲ။ ငါ့အနားမှာပဲနေကြ၊ ငါဦးဆောင်မယ် “

လူတိုင်း : “ … “

လုချန်ရှန်းသည် များများစားစား တွေးတောစဥ်းစားမနေဘဲ၊ စကားဆက်ပြောလိုက်သည် “ ငါ့ဘေးနားမှာ ရပ်ပြီးတော့၊ သင်ယူလိုက်ကြ။ မင်းတို့လုပ်ပုံမျိုးနဲ့ဆိုရင်၊ ဘယ်အချိန်ကျမှ လုံလုံလောက်လောက် ဆွဲယူနိုင်မှာလဲ “

သူတဟုန်ထိုး ပြေးထွက်သွားသည်ကို မြင်လိုက်ရသောအချိန်၌၊ သူ့အနားတွင် လူတိုင်းက တစ်ခဏခန် မိန်းမောသွားကြသည်၊ သို့သော် သူတို့သည် သူ့အနောက်သို့ လိုက်သွားကာ၊ သူ့ကို ကာကွယ်ပေးနေကြတော့၏။

နှစ်ဖက်စလုံး ဆုံတွေ့ကာ၊ စတင်၍ တိုက်ခိုက်နေကြတော့သည်။

သက်လတ်ပိုင်း လူတစ်ဦးသည် အလင်းလုံးဘေးနားတွင်၊ မတ်တပ်ရပ်နေလျက်ရှိပြီး၊ သူ၏ပတ်ပတ်လည်တွင် ဓားချီများ မြင့်တက်နေကာ၊ အလင်းလုံး၏ ခံစစ်ကို ရိုက်ချိုးကာ၊ အတွင်းတွင် ရှိနေသည့် ပစ္စည်းကို ဆွဲထုတ်ရန်၊ ကြိုးပမ်းနေခဲ့သည်။

လုချန်ရှန်း ရောက်ရှိလာခဲ့ပြီး၊ ကျီရှုထံမှ ဒယ်စောက်ငယ်တစ်ခုကို ယူကာ၊ စကားတစ်ခွန်းမှ မပြောဘဲ၊ ထိုလူ့အနောက်သို့ တိုက်ရိုက်ပတ်သွားလိုက်သည်။

သက်လတ်ပိုင်းလူသည် ၎င်းကို အာရုံခံမိသွားကာ၊ အမူအရာ မည်းမှောင်သွားပြီး၊ သူ၏ဦးခေါင်းကို ရုတ်တရက် လှည့်လာခဲ့ရာ၊ အရိပ်တစ်ခုက သူ့အနားသို့ ရောက်ရှိနေသည်ကို၊ မြင်တွေ့လိုက်ရသည်။ တစ်စုံတစ်ခုက သူ၏မျက်နှာပေါ်သို့၊ တိုက်ရိုက်ကျဆင်းလာခဲ့သည်။

၎င်းက အလွန်တရာ မြန်ဆန်လွန်းနေသောကြောင့်၊ သူသည် သူ၏အမြင်အာရုံ မည်းမှောင်းသွားသည်ကိုသာ၊ ခံစားလိုက်ရပြီး၊ သူ၏ စိတ်စွမ်းအားဖြင့်သာ တောင့်ခံနေခဲ့ရ၏။ သူရုန်းကန်ရန် ပြင်လိုက်သည့် အချိန်မှာပင်၊ ခြေထောက်တစ်ဖက်က၊ သူ၏မျက်နှာပေါ်သို့ တိုက်ရိုက်ကျဆင်းလာခဲ့သည်။

မည်သူမှ မတုံ့ပြန်နိုင်ခင် အချိန်မှာပင်၊ ထိုလူသည် ကောင်းကင်ထက်မှ ပြုတ်ကျလာခဲ့ပြီး၊ တောင်တန်းများနှင့် တိုက်မိသွားခဲ့သည်၊ အလင်းလုံးမှာလည်း လက်တစ်ဖက်၏ လုယူခြင်းကို ခံလိုက်ရသည်။

ပြိုင်ဘက်ဖြစ်သူက ၎င်းကို မမျှောလင့်ထားသကဲ့သို့၊ မဟာတောရိုင်း ခန်းမမှ လူများကပါ၊ ထိုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သူက ဓားတာအို အဆင့်၉ ကျင့်ကြံရေးကို ပိုင်ဆိုင်ထားပြီး၊ မွေးရာပါ ဝိညာဥ်နယ်ပယ်သို့၊ ရောက်ရှိလုနီးပါး ဖြစ်နေခဲ့သော်လည်း၊ ချုံခိုတိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။

“ သွား “ ပစ်မှတ်တစ်ခုကို အနိုင်ယူခဲ့ပြီးသည့်နောက်တွင်၊ လုချန်ရှန်းသည် လူများကို အချက်ပြကာ၊ တစ်ခြားတစ်ဖက်သို့၊ တိုက်ရိုက်ပျံသန်းသွားတော့၏။

သူတို့လှမ်းကြည့်လိုက်သည့် အချိန်တွင်၊ မွေးရာပါ ဝိညာဥ်အဆင့် ကျင့်ကြံသူတစ်ဦးက၊ အလင်းလုံးတစ်ခုကို ယူရန်၊ ကြိုးပမ်းနေသည်ကို မြင်တွေ့သွားခဲ့သည်။

လုချန်ရှန်းသည် သူ့ဘေးနားတွင် ရှိနေသည့်၊ အကြီးအကဲ ဝူယန်ကို တွန်းထုတ်လိုက်သည်။

“ သွား၊ သူတို့ကို ဖမ်း “

အကြီးအကဲ ဝူယန်မှင်သက်သွားခဲ့သည်၊ သို့သော် သူသည် လှုပ်ရှားနေစဲဖြစ်ပြီး၊ သူ့ဘေးနားတွင် ရှိနေသည့် လူများကို၊ တစ်ကိုယ်တော် ကိုင်တွယ်နေတော့၏။

ကျီရှုမှာလည်း အကြမ်းဖျင်း နားလည်သွားပြီး၊ စကားတစ်ခွန်းမှ မပြောဘဲ၊ မွေးရာပါ ဝိညာဥ်အဆင့် ကျင့်ကြံသူထံသို့ တဟုန်ထိုး ပြေးသွားကာ၊ လုချန်ရှန်းအတွက်၊ လမ်းရှင်းပေးလာခဲ့၏။

လူနှစ်ဦး ထိပ်တိုက်တွေ့ဆုံသွားကာ၊ ရုန်းရင်းဆံခတ်ဖြစ်နေတော့သည်။

သူက လုချန်ရှန်းအတွက်၊ အခွင့်အလမ်းတစ်ခုကို မည်ကဲ့သို့ ဖန်တီးပေးရမလဲဆိုသည်ကို၊ တွေးတောစဥ်းစားနေစဥ် အချိန်မှာပင်၊ သူသည် လုချန်ရှန်းက သူတို့အနောက်သို့ ရောက်လာခဲ့ကာ၊ ပြိုင်ဘက်၏ ဆံပင်ကို ဆောင့်ဆွဲ၍၊ ကန်ချလိုက်သည်ကို မြင်တွေ့လိုက်ရသည်။

ကျီရှု၏ အံ့ဩတကြီး ဖြစ်နေသော အကြည့်များ အောက်မှာပင်၊ အလင်းလုံးသည် အသက်ရှူကြိမ်တစ်ကြိမ်စာ အတွင်း၊ ပျောက်ကွယ်သွားခဲ့သည်။

အရာအားလုံးက ချောချောမွေ့မွေ့ဖြစ်နေခဲ့ပြီး၊ မည်သည့်တွေဝေတုံ့ဆိုင်းမှုမှ မရှိပေ၊ လှုပ်ရှားမှုများမှာ အလွန်တရာ ကျွမ်းကျင်ပိုင်နိုင်နေလျက်ရှိ၏။ နှစ်ပေါင်းရာနှင့်ချီ(သို့) ထောင်နှင့်ချီ၍ ရှင်သန်နေထိုင်ခဲ့ရသော လူတစ်စုက ဤကဲ့သို့ ပြုလုပ်နေရလိမ့်မည်ဟု၊ တစ်ကြိမ်တစ်ခါမှ မတွေးထားခဲ့ဖူးချေ။

အထူးသဖြင့် ဂုဏ်သိက္ခာကို ဂရုစိုက်လေ့ရှိသည့်၊ မဟာတောရိုင်း ခန်းမကဲ့သို့သော အင်အားစုတစ်ခုဖြစ်ပြီး၊ သူတို့သည် ဤမျှ နိမ့်ကျသော တိုက်ခိုက်ရေး နည်းစနစ်တစ်ခုကို၊ ပြုလုပ်ရလိမ့်မည်ဟု မည်သို့မျှ မတွေးထားခဲ့ဖူးချေ။

၎င်းက သိုင်းလောက၏ ကျင့်ဝတ်များကို ဖောက်ဖျက်နေခြင်းပင် ဖြစ်သည်၊ သူတို့ကိုယ်တိုင်ကပင် အံ့ဩတကြီး ဖြစ်နေလျက်ရှိ၏။ ဤကဲ့သို့သော လူမျိုးနှင့် ဆုံတွေ့ခဲ့ရလိမ့်မည်ဟု၊ မည်သူက ထင်မှတ်ထားမည်နည်း။

လုချန်ရှန်းကမူ ရပ်တန့်မည့် အရိပ်အယောင်မရှိဘဲ၊ မဟာတောရိုင်း ခန်းမ၏ လူများကို ဦးဆောင်ကာ၊ ရှေ့တိုးနောက်ငင်ပြေးလွှား၍၊ အလင်းလုံးများကို လုယက်နေခဲ့သည်။ တစ်ခဏအတွင်းမှာပင်၊ ထိုနေရာတစ်ခုလုံး ဖရိုဖရဲ ဖြစ်သွားခဲ့သည်။

အစပိုင်းတွင် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေခဲ့သည့်၊ နှစ်ဖွဲ့စလုံး၊ ထိုအုပ်စု ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက်၊ ချက်ချင်းထွက်ပြေးသွားကြ၏။

လုချန်ရှန်းကမူ အဆက်မပြတ် ဆက်တိုက်ရှာဖွေနေလျက်ရှိသည်၊ ဖရိုဖရဲဖြစ်မှုက အလွန်တရာ ကြီးမားလွန်းနေသဖြင့်၊ အရွက်ကိုးရွက် ဓားမြက်က မည်သည့်နေရာသို့ ရောက်ရှိသွားလဲဆိုသည်ကို၊ သူမသိပေ။

အစွန်းတစ်ဖက်သို့ ရောက်သည့် အချိန်မှသာလျှင်၊ ဓားမြက်ကို ထပ်မံ၍ မြင်တွေ့လာခဲ့ရ၏။ သူ၏ အမြင်အာရုံ အတွင်း၌၊ ငွေရောင်ငှက်ကြီးတစ်ကောင်က ၎င်း၏ တောင်ပံများကို ခတ်ကာ၊ လေပြင်းများအတွင်းတွင် ပျံသန်းနေလျက်ရှိပြီး၊ ငွေရောင် လျှပ်စီးတန်းများ လင်းလက်နေခဲ့သည်။

၎င်းက လျှပ်စီးမှ မွေးဖွားလာသည့် သတ္တဝါအလား ဖြစ်နေခဲ့ပြီး၊ သက်ရှိသတ္တဝါအားလုံးက လျှပ်စီးကို ကြောက်ရွံ့ကြသော်လည်း၊ ၎င်းကမူ အလွယ်တကူ ရွေ့လျားနေလျက်ရှိ၏။

“ မိုးကြိုးငှက် “

ငွေရောင်ငှက်အုပ်ကို မြင်လိုက်ရသောအခါတွင်၊ အကြီးအကဲ ဝူယန် မျက်မှောင်ကြုတ်သွားခဲ့သည်။

ပတ်ပတ်လည်တွင် ရှိနေသည့် လူတို့၏ အမူအရာများပါ၊ ချက်ချင်းမည်းမှောင်သွား၏။

---

…………………………………………………………………………………………………………………………………

အပိုင်း ( 141 )

အင်မော်တယ် ဓားဆန္ဒ

မျက်စိတစ်ဆုံးမြင်နိုင်သမျှတွင်၊ လျှပ်စီးများ အဆက်မပြတ် ကျဆင်းနေခဲ့၏။

ရွှေရောင်အလင်းလုံး ဆက်တိုက်တောက်ပနေခဲ့ပြီး၊ ဓားဆန္ဒ လိမ်ယှက်နေကာ၊ မိုးကြိုးကိုပင် လှုပ်ခါသွားစေခဲ့၏။

၎င်းတို့အားလုံး၏ တည်ရှိမှုက အလွန်တရာ ထူးခြားနေခဲ့သည်၊ ၎င်းက နှစ်ပေါင်းများစွာ ကြာရှည်သည်အထိ ရှင်သန်နေခဲ့၏၊ ယခင်က ပြောခဲ့သည့်အတိုင်းပင်၊ ဓားတာအိုက ဒဏ္ဍာရီလာ အင်မော်တယ်နယ်ပယ်သို့ ရောက်ရှိသွားသည်နှင့်တစ်ပြိုင်နက်၊ အသုံးပြုသူက သေဆုံးသွားကာ၊ သူ၏တာအိုက ပျောက်ကွယ်သွားမည်ဆိုလျှင်တောင်မှ၊ သူ၏ဓားဆန္ဒက တောင့်ခံနေနိုင်ဦးမည် ဖြစ်သည်။

၎င်းကို စွမ်းအားသပ်သပ်ဖြင့်၊ ရိုက်ချိုးရန် အလို့ငှာ၊ ကြီးမားသော စွမ်းအားကို လိုအပ်ပေသည်၊ မွေးရာ ဝိညာဥ်အဆင့်၉ ပညာရှင်ကပင် အတော်လေး ကြိုးစားအားထုတ်ရမည် ဖြစ်၏။

မိုးကြိုးစွမ်းအားကို အသုံးပြုခြင်းက ၎င်းကို ပိုမိုလွယ်ကူသွားစေမည် ဖြစ်သည်၊ သို့သော် အချိန်တစ်ချို့ ယူရစဲပင် ဖြစ်၏။

နှစ်ဖက်စလုံးက သတိတကြီး ဖြစ်သွားခဲ့ပြီး၊ လုချန်ရှန်းမှာလည်း တစ်ခုခုမှားယွင်းနေသည်ကို အာရုံခံမိသွားပြီး၊ မဟာတောရိုင်း ခန်းမတို့၏ အမူအရာများ လေးနက်သွား၏။

“ ဘာလဲ၊ ရန်ငြိုးလား “ ဟု လုချန်ရှန်းမှ မေးမြန်းလိုက်၏။

အကြီးအကဲ ဝူယန်မှ ပြန်ပြောလာခဲ့သည် “ ငါတို့က အဲ့မျိုးနွယ်စုနဲ့ အမြဲလိုလို သဘောထားကွဲလွဲနေခဲ့တာ “

“ အဲ့လိုလား။ ဒါဆိုရင် ကျုပ်တို့က ပိုတောင်လုသင့်တာပေါ့ “ လုချန်ရှန်းမှ လှုံ့ဆော်ပေးလာခဲ့၏။

ကျီရှု စကားဝင်ပြောလာခဲ့သည် “ မိတ်ဆွေလေး၊ မင်းမသိလို့ပါ၊ အဲ့မျိုးနွယ်စုက တော်တော်လေးကို ထူးခြားတယ်။ ဒဏ္ဍာရီတွေအရတော့၊ သူတို့ဘိုးဘေးတွေက မိုးကြိုးဆီက‌နေ မွေးဖွားလာခဲ့ပြီးတော့၊ မိုးကြိုးတာအို နိယာမကို၊ အလိုအလျောက် နားလည်ကြတယ်လို့ သိရတယ်။ သူတို့တွေက ဘဘ်လောက်တောင် မြန်ပြီးတော့၊ မာနကြီးလိုက်လဲ၊ ငှက်မျိုးနွယ်စု တစ်ခုလုံးမှာ သူတို့ကို ယှဥ်နိုင်တဲ့လူက နည်းနည်းလေးပဲ ရှိတယ် “

“ အမှန်ပဲ၊ ကျင့်ကြံသူတွေပဲဖြစ်ဖြစ်၊ တစ်ခြားသက်ရှိတွေပဲဖြစ်ဖြစ်၊ သူတို့အားလုံးက မိုးကြိုးတာအိုကို ရိုသေလေးစားကြတယ်။ သူတို့ရဲ့ မိုးကြိုးလျှပ်စီးကြောင်းကတင် တစ်ခြားသူတွေကို အခက်တွေ့သွားစေပြီးတော့၊ သူတို့ကို အသာစီးရသွားစေတယ် “

“ ခင်ဗျားတို့က လျှပ်စီးကို ကြောက်ကြတာလား “ လုချန်ရှန်း မျက်မှောင်ကြုတ်သွား၏။

လူတိုင်း မျက်မှောင်ကြုတ်သွားကာ၊ တုံ့ပြန်လာကြ၏ “ မင်းက မကြောက်ဘူးလား “

“ ဘာကြောက်စရာရှိလို့လဲ။ မိုးကြိုးပစ်တဲ့အချိန်ကျရင်၊ ရုပ်ခန္ဓာကိုတောင် ပြုပြင်နိုင်တယ်လေ။ အဲ့လောက်ကြီးလည်း ဆိုးရွားမနေပါဘူး “

လုချန်ရှန်းသည် ရိုးရိုးသားသား ပြောပြနေခဲ့၏၊ သူသည် ၎င်းကို ထိတွေ့ခြင်းက အနည်းငယ် နာကျင်ရုံမှအပ၊ အဆင်ပြေပုံရသည်ဟု ခံစားနေခဲ့ရပြီး၊ ရုပ်ခန္ဓာကို ပြုပြင်သန့်စင်နိုင်ခြင်းက မဆိုးလှပေ။

ထိုစကားကို ကြားလိုက်ရသောအခါတွင်၊ လူတိုင်း ရယ်မောနေကြတော့သည်။

“ မိတ်ဆွေလေး၊ မင်းက ကောင်းကင်ဘုံ မိုးကြိုးကပ်ဘေးကို မကျော်ဖြတ်ရသေးဘူး၊ အဲ့တာကြောင့် မိုးကြိုးတာအို နိယာမက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလဲဆိုတာကို မင်းမသိဘူး။ ငါမွေးရာပါ ဝိညာဥ်နယ်ပယ်ဆီ အဆင့်တက်ခဲ့တုန်းက၊ ငါသေလုမျောပါးဖြစ်ခဲ့ပြီး၊ တာအိုပါ ပျောက်သွားတော့မဲ့အထိ ဖြစ်ခဲ့တယ်။ မင်းက အဲ့ဒီခံစားချက်ကို နားလည်မှာ မဟုတ်ဘူး “

ကျီရှုသည် ခါးသက်စွာ ပြုံးနေခဲ့ပြီး၊ အဆိုပါ အတွေ့အကြုံကို၊ ပြန်လည်မြင်ယောင်ကြည့်သည့် အချိန်တွင်၊ အကြောက်တရားကို ခံစားနေရသေး၏။

အကြီးအကဲ ဝူယန်သည် အသာအယာ သက်ပြင်းချနေခဲ့ပြီး၊ ထိုလူငယ်က မိုးကြိုးတာအို၏ စွမ်းအားကို မသိသောကြောင့်၊ ပေါ့ဆနေသည်ဟုသာ ခံစားသွားခဲ့ရ၏။ ၎င်းကို မကြုံတွေ့ဖူးသည့် လူများထံတွင်သာ၊ ထိုကဲ့သို့ ရိုးရှင်းသော အတွေးများ ရှိနေလိမ့်မည် ဖြစ်သည်။

သို့ရာတွင် လုချန်ရှန်းကမူ အရွက်ကိုးရွက် ဓားမြက်ကို ကြည့်ကာ၊ စကားထပ်ပြောလာခဲ့၏ “ အဲ့ဒီဓားမြက်ကို လိုချင်သေးလား “

အကယ်၍ သူတို့သာ မလိုချင်ဘူးဆိုပါက၊ သူပြေးထွက်သွားမည် ဖြစ်သည်။

အဆိုပါ ပစ္စည်းအား၊ ရောင်းချလိုက်သည်ဖြစ်စေ၊ သူ၏စီနီယာအစ်ကိုကို ပေးလိုက်သည်ဖြစ်စေ၊ ၎င်းက အကျိုးရှိနေမည် ဖြစ်သည်။ အကယ်၍ သူတို့က မလှုပ်ရှားဘူးဆိုပါက၊ သူက ၎င်းတို့ အားလုံးကို ယူဆောင်သွားမည် ဖြစ်သည်။

ထိုစကားကို ကြားလိုက်ရသောအခါတွင်၊ အကြီးအကဲ ဝူယန်ကပါ၊ မျက်မှောင်ကြုတ်သွားခဲ့သည်။

သူက အဲ့ပစ္စည်းကို တော်တော်လေး အလေးထားနေတဲ့ပုံပဲ

“ လိုချင်တယ် “

“ ဒါဆိုရင်လည်း သွားကြစို့။ ငါဦးဆောင်ပြီးတော့ သတ်လမ်းဖွင့်ပေးမယ် “

လုချန်ရှန်းသည် ထိုကဲ့သို့ ပြောလိုက်ကာ၊ ရှေ့တက်သွားရန် ပြင်လိုက်သည်၊ သို့သော် အကြီးအကဲ ဝူယန်က သူ့ကို ဆွဲလာခဲ့သည်။

“ မိုးကြိုးက တော်တော်ကြီးကို ကြောက်ဖို့ကောင်းတယ်၊ မင်းက အဲ့တာကို တောင့်ခံနိုင်မှာ မဟုတ်ဘူး။ မင်းဒီမှာ စောင့်နေလိုက်၊ ငါတို့က အဲ့ပစ္စည်းကို ယူဖို့အတွက် အခွင့်အလမ်းတစ်ခု ရှာပေးမယ် “

အကြီးအကဲ ဝူယန်သည် လုချန်ရှန်းကို သွားခွင့်ပေးရန် မရည်ရွယ်ထားခဲ့ပေ။ မွေးကင်းစ နွားပေါက်လေးက ကျားကို မကြောက်သော်လည်း၊ မိုးကြိုးအပစ်မခံရဘူးဆိုပါက၊ ၎င်းက မည်မျှကြောက်မက်ဖွယ်ကောင်းလဲဆိုသည်ကို မည်သူက သိနိုင်လိမ့်မည်နည်း။

“ ကျုပ်သွားစရာ မလိုဘူးဆိုတာ သေချာရဲ့လား “

“ မလိုဘူး “

လူတစ်စုသည် ပြတ်ပြတ်သားသား တုံ့ပြန်လာကြသည်။

“ ဒါဆိုရင်လည်း ကောင်းပြီလေ “

လုချန်ရှန်းသည် ဘာမှ ထပ်မပြောတော့ဘဲ၊ သူတို့ကို သွားခိုင်းလိုက်ကာ၊ အခွင့်အလမ်းကို စောင့်ဆိုင်း၍၊ စောင့်ကြည့်နေတော့သည်။

နှစ်ဖက်စလုံး တွေ့ဆုံသွားကာ၊ တစ်ဖက်လူများသည် အကြီးအကဲ ဝူယန်နှင့် တစ်ခြားလူများကို ကြည့်လာကြသည်။ ရုတ်တရက်ဆိုသလိုပင် မိုးကြိုးပေါက်ထွက်လာခဲ့ပြီး၊ ထိုလူများသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ၊ ငွေရောင်ငှက်ကြီးများအဖြစ် ချက်ချင်းအသွင်ပြောင်းသွားခဲ့သည်။

သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံးကို၊ တောက်ပသော ငွေရောင်ငှက်မွှေးများ ဖုံးလွှမ်းနေလျက်ရှိပြီး၊ လျှပ်စီးများက သူတို့၏ အမွှေးအတောင်တစ်ခုချင်းစီတိုင်းထံတွင်၊ လိမ်ယှက်လှည့်ပတ်နေကာ၊ သူတို့၏ မျက်လုံးများ စူးရှထက်မြက်နေပြီး၊ မဟာတောရိုင်း ခန်းမ၏ အဖွဲ့ဝင်များကို၊ စိုက်ကြည့်နေလျက်ရှိ၏။

“ မဟာတောရိုင်း ခန်းမကလည်း ငါတို့မျိုးနွယ်စုရဲ့ ပစ္စည်းတွေကို ဝင်လုမလို့ ကြံနေတာလား “ မိုးကြိုးငှက်တစ်ကောင်မှ စကားစပြောလာခဲ့၏၊ သူ၏လေသံထဲတွင် ခြိမ်းခြောက်မှု အရိပ်အငွေ့များ ပါရှိနေခဲ့သည်။

ယခုလက်ရှိ အချိန်အထိ၊ သူတို့သည် ပြိုင်ဘက်များကို ဟန့်တားခဲ့ပြီးဖြစ်ကာ၊ ကျူးကျော်သူများကို တစ်ဖွဲ့ပြီးတစ်ဖွဲ့ မောင်းထုတ်ခဲ့ကြသည်။

အကြီးအကဲ ဝူယန်မှ တုံ့ပြန်လိုက်၏ “ အဲ့တာက ပိုင်ရှင်မဲ့ အခွင့်အလမ်းတစ်ခုလေ၊ အစွမ်းအစရှိတဲ့လူက အဲ့တာကို ရလိမ့်မယ် “

“ ဟက်၊ အဲ့တာဆိုရင်လည်း၊ လာစမ်းကြည့်လိုက်ပေါ့ “

ဝှစ်

ချက်ချင်းဆိုသလိုပင်၊ လျှပ်စီးအလင်းတန်းများ ပေါက်ထွက်လာခဲ့ပြီး၊ ကောင်းကင်ယံတွင် မိုးကြိုးပစ်သံများ ပဲ့တင်ထပ်လာခဲ့ကာ၊ အဆက်မပြတ် တုန်ခါမြည်ဟီးနေလျက်ရှိ၏။

မိုးကြိုးလျှပ်စီးများ စုစည်းလာခဲ့ပြီး၊ ထိုနေရာတစ်ခုလုံးက ငွေရောင်ပိုက်ကွန်အတွင်းသို့၊ ကျရောက်သွားသည့်အလား ဖြစ်နေခဲ့ကာ၊ လမ်းကြောင်းအားလုံးကို ပိတ်ဆို့သွားခဲ့သည်။

အကြီးအကဲ ဝူယန်နှင့် တစ်ခြားလူများ မျက်မှောင်ကြုတ်သွားကြသည်။ သူတို့က မိုးကြိုးကို ကြောက်ကြသော်လည်း၊ သူတို့သည် ဓားမြက်ကို ယူရန်၊ စိတ်ပိုင်းဖြတ်ထားခဲ့ပြီးပြီ ဖြစ်သည်။

ချက်ချင်းဆိုသလိုပင်၊ ကြီးမားသော မှော်စွမ်းအားများ အပေါ်ဘက်သို့ မြင့်တက်လာခဲ့ပြီး၊ သူတို့ကိုယ်သူတို့ ကာကွယ်ကာ၊ အရှေ့သို့ တိုက်ခိုက်နေကြ၏။

လုချန်ရှန်းကမူ မြေပြင်ပေါ်တွင် မတ်တပ်ရပ်နေခဲ့ပြီး၊ အဖွဲ့နှစ်ခုက အပြင်းအထန် ရင်ဆိုင်တိုက်ခိုက်နေသည်ကို စောင့်ကြည့်နေခဲ့၏၊ တဖျောက်ဖျောက် အော်မြည်သံများနှင့်၊ နာကျင်စွာ အော်ဟစ်ညီးတွားနေသည့် အသံများ အဆက်မပြတ် ပေါ်ထွက်နေခဲ့သည်။

၎င်းက နာကျင်ဖွယ်ကောင်းလွန်းနေခဲ့၏၊ သို့သော် သူတို့သည် မျက်နှာများ နီရဲသွားကာ၊ အံကြိတ်၍၊ တောင့်ခံနေခဲ့ကြသည်။

သို့ရာတွင် သူသည် အဆိုပါ အသေးစိတ် အချက်အလက်လေးများကို ဂရုစိုက်မနေဘဲ၊ မိုးကြိုးငှက်များကိုသာ စိုက်ကြည့်နေခဲ့သည်။

“ အဲ့ဒီငှက်ကြီးတွေက တော်တော်ကြမ်းတာပဲ။ သူတို့က တောင့်မခံနိုင်လောက်တော့ဘူး “

ထိုကဲ့သို့ ပြောနေခဲ့သော်လည်း၊ လုချန်ရှန်းမှာ အလွန်တရာ အံ့အားသင့်နေလျက်ရှိ၏။ မိုးကြိုးငှက်များသည် မိုးကြိုးတာအိုနှင့်၊ အမှန်ပင် သဟဇာတဖြစ်နေပုံရပြီး၊ သူသည် မိုးကြိုးတာအို နိယာမကို ဝေဝေဝါးဝါး အာရုံခံမိနေခဲ့သည်။

၎င်းက မွေးရာပါ မိုးကြိုးစွမ်းရည်ဖြစ်သည့်၊ သွေးမျိုးဆက် အမွေအနှစ်၏ စွမ်းအား ဖြစ်သည်။

တစ်ခဏအတွင်းမှာပင်၊ နှစ်ဖက်စလုံး၏ တိုက်ခိုက်မှုများက ပိုပို၍ ပြင်းထန်လာခဲ့ပြီး၊ နေရာအနှံ့တွင် အလင်းတန်းများ တောက်ပနေလျက်ရှိ၏။ ထိုမြင်ကွင်းကို မိုင်တစ်ရာ အကွာမှပင် မြင်တွေ့နိုင်ပေသည်၊ ကောင်းကင်ပြင်တစ်ခုလုံးတွင် မိုးကြိုးများ အဆက်မပြတ် ပေါ်ထွက်နေခဲ့၏။

လုချန်ရှန်းသည် စောင့်ကြည့်နေရင်းဖြင့်၊ အနည်းငယ် စိုးရိမ်ပူပန်သွားခဲ့သည်။ အခြေအနေက ရှေ့မတိုးသာနောက်မဆုတ်သာ ဖြစ်သည်ဟု သူထင်နေသည့် အချိန်မှာပင်၊ အကြီးအကဲ ဝူယန်က ရုတ်တရက် လှုပ်ရှားလာခဲ့ပြီး၊ သူ၏လက်အတွင်းတွင် ရှေးဟောင်းမီးအိမ်တစ်လုံး ပေါ်ထွက်လာခဲ့၏။

အနားတွင် ရှိနေသည့် မိုးကြိုးများ ချက်ချင်းပျောက်ကွယ်သွားကာ၊ သူ၏လက်အတွင်းတွင် ကြီးမားသော မှော်စွမ်းအားများ စုစည်းလာခဲ့ပြီး၊ ရှေးဟောင်းမီးအိမ်သည် ဓားမြက်ကို မြေပြင်ပေါ်သို့၊ အားပါပြင်းထန်စွာ ရိုက်ချလိုက်သည်။

အားလုံး၏ အကြည့်များအောက်မှာပင်၊ ဓားမြက်သည် အလျားလိုက်ပျံသန်းလာခဲ့ကာ၊ မိုးကြိုးများကို ကျော်ဖြတ်သွားတော့၏။

“ ချီးပဲ “

မိုးကြိုးငှက်၏ အကြည့်များ မည်းမှောင်သွားခဲ့သည်။

လုချန်ရှန်း၏ မျက်လုံးများ တောက်ပသွားသည်။ ၎င်းကို ဖမ်းယူရန်အတွက်၊ သူ၏မှော်စွမ်းအားကို အသုံးပြုရန် ပြင်လိုက်သည့် အချိန်မှာပင်၊ သူသည် မှုန်ဝါးဝါး အလင်းတန်းတစ်ခုကို မြင်လိုက်ရသည်။

၎င်းက ဓားမြက်ဆီသို့ တဟုန်ထိုး ပြေးဝင်လာနေသည့်၊ မိုးကြိုးငှက်တစ်ကောင်ဖြစ်ပြီး၊ ၎င်း၏ တောင်ပံများက အလျားလိုက် ရွေ့လျားနေကာ၊ အလင်းလုံးကို ရိုက်ချလာခဲ့သည်။ ငွေရောင်အတောင်ပံ တစ်စုံ ထိုးဖောက်ခံလိုက်ရပြီး၊ ကောင်းကင်ထက်တွင် သွေးများစီးကျလာခဲ့သည်။

အလင်းလုံးသည် အားပါပြင်းထန်စွာ ရိုက်ချခံလိုက်ရပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားခဲ့သည်။

“ ဒီလောက်တောင် အသည်းအသန်ဖြစ်နေတာလားဟ “

လုချန်ရှန်းမှာလည်း ထိုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူသည် ဓားမြက်ကို ဖုံးလွှမ်းထားသည့်၊ ဓားဆန္ဒက ပိုမိုသန်မာအားကောင်းသည်ဆိုသည်ကို၊ သတိပြုမိနေခဲ့သည်။

မွေးရာပါ ဝိညာဥ်အဆင့် မိုးကြိုးငှက်သည်၊ ၎င်းကို တားဆီးရန်အတွက်၊ ၎င်း၏အသက်ကိုပင် စွန့်စား၍၊ တိုက်ခိုက်ခဲ့၏၊ တစ်ကွက်တည်းဖြင့် ဒဏ်ရာအပြင်းအထန် ရရှိသွားပြီး၊ ကောင်းကင်ထက်မှ ပြုတ်ကျလာခဲ့ကာ၊ တောင်တစ်လုံးနှင့် တိုက်မိသွား၏။

“ အဲ့လိုဆိုမှတော့၊ အဲ့တာကို ဘယ်သူမှ မရစေရဘူး “

မိုးကြိုးငှက်မှ ပြောဆိုလာခဲ့သည်၊ ၎င်းကသာ ဓားမြက်ကို မရနိုင်ဘူးဆိုပါက၊ ၎င်းသည် မဟာတောရိုင်း ခန်းမကိုပါ၊ အောင်မြင်ခွင့်ပြုမည် မဟုတ်ပေ။

အကြီးအကဲ ဝူယန်နှင့် တစ်ခြားလူများ၏ အမူအရာများ မည်းမှောင်သွားခဲ့သည်။ သူတို့သည် အောက်ဘက်သို့ ငုံ့ကြည့်လိုက်ပြီး၊ လုချန်ရှန်း ပျောက်ကွယ်နေသည်ကို၊ ရုတ်တရက် သတိပြုမိသွားကြသည်။

ထို့အပြင်၊ ဓားမြက် ပျောက်ကွယ်သွားခဲ့ပြီးသည့်နောက်မှာပင်၊ သူတို့၏ ထိပ်တိုက်ရင်ဆိုင်မှုက မည်သို့မျှ မရပ်တန့်သွားခဲ့ပေ။ ယခင်က ဓားမြက်ကို လုယူရန်အတွက်သာ ဖြစ်ခဲ့သော်လည်း၊ ယခုတွင်မူ ပုဂ္ဂိုလ်ရေး ရန်ငြိုးပါ ပေါက်ဖွားလာခဲ့ပြီ ဖြစ်၏။

အနီးအနားရှိ လူများကပါ ၎င်းကို သတိပြုမိသွား၏။ ဤနေရာရှိ လှုပ်ခတ်မှုက အလွန်တရာ ကြီးမားနေသောကြောင့်၊ အဖွဲ့နှစ်ဖွဲ့စလုံးက ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသည်ကို၊ မြင်လိုက်ရသောအခါတွင်၊ လူတိုင်း ငေးငိုင်သွားကြသည်။

တစ်ချိန်တည်းမှာပင်၊ လုချန်ရှန်းသည် ဓားမြက် ကျဆင်းသွားသည့်နောက်သို့၊ လိုက်သွားခဲ့ပြီး ဖြစ်သည်။

သူ၏ဓားဆန္ဒ အာရုံခံမှုကို အားကိုးရင်းဖြင့်၊ သူသည် ဓားမြက်က တောအုပ်အတွင်းသို့ ကျဆင်းသွားသည်ကို၊ ရှာဖွေတွေ့ရှိခဲ့၏။

အလင်းလုံးက သူ့လက်အတွင်းသို့၊ ရောက်လာခဲ့သည့် အချိန်တွင်၊ သူသည် တအံ့တဩဖြင့်၊ စကားပြောမိနေတော့သည် “ ဒါက အင်မော်တယ် နယ်ပယ်ကို တကယ်ကြီး ရောက်နေတာပဲ “

လုချန်ရှန်းသည် ဓားမြက်ကို ဝိုင်းရံထားသည့်၊ ဓားဆန္ဒနှင့် ယခင်က ကြုံတွေ့ခဲ့ရသည့် အရာများကြားတွင် ရှိနေသည့်၊ ကွာခြားချက်ကို ခံစားမိနေခဲ့သည်။ ထို့နောက်တွင် သူသည် ၎င်းကို နည်းနည်းချင်းစီ ခွာချလိုက်ပြီး၊ အင်မော်တယ်နယ်ပယ်၏ ဓားဆန္ဒကို၊ ခံစားကြည့်နေတော့၏။

ဓားဆန္ဒ အားလုံး အပြည့်အဝ ပျောက်ကွယ်သွားသည့် အချိန်မှသာလျှင်၊ သူသည် စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချနေခဲ့သည်။ အနည်းငယ် ပိုရှိခဲ့မည်ဆိုပါက၊ အတွေးအမြင်တစ်ချို့ ရရှိလာနိုင်ပေသည်။

၎င်းကို တွေးမိသွားသောအခါတွင်၊ သူသည် ဓားမြက်ကို သိမ်းဆည်းလိုက်၏။ သူထွက်သွားတော့မည့် အချိန်မှာပင်၊ သူသည် အနောက်ဘက်မှ အသံတစ်သံ ပေါ်ထွက်လာသည်ကို ကြားလိုက်ရသည်။

“ ချင်းယီ၊ မင်းဆီမှာ စွမ်းရည်တစ်ချို့ ရှိနေလိမ့်မယ်လို့၊ ငါမထင်ထားခဲ့မိဘူး။ ငါတို့ မျိုးနွယ်စုအတွက် ရိုက်ချိုးဖို့ ခက်ခဲနေခဲ့တဲ့ ဓားဆန္ဒကို၊ မင်းက လွယ်လွယ်ကူကူ ရိုက်ချိုးလိုက်တယ်။ မင်းက ရွှေတောင်ပံ ပန်ဘုရင်လေးကို အနိုင်ယူနိုင်ခဲ့ပြီးတော့၊ တောင်ပိုင်းပြည်နယ်တစ်ခုလုံးကို မွှေနှောက်နိုင်ခဲ့တာက၊ အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ “

ဟမ်

ထိုစကားကို ကြားလိုက်ရသောအခါတွင်၊ လုချန်ရှန်းသည် ရုတ်တရက် ခေါင်းလှည့်လိုက်ပြီး၊ အဝေးရှိ တောင်ထိပ်ပေါ်တွင်၊ လူသားပုံစံအဖြစ် အသွင်ပြောင်းထားသည့်၊ ငွေရောင်မိုးကြိုးငှက်တစ်ကောင် ရှိနေသည်ကို မြင်တွေ့သွားခဲ့သည်၊ ထိုလူသည် လက်နှစ်ဖက်နောက်ပစ်ထားသော ဟန်အမူအရာဖြင့်၊ သူ့ကို တိတ်တဆိတ် စောင့်ကြည့်နေလျက်ရှိ၏။

၎င်းက သူ့ကို အံ့အားသင့်သွားစေခဲ့သည်။ ၎င်းက အူတိုင်ဖွဲ့စည်းခြင်း အဆင့်၇ ကျင့်ကြံရေးကို ပိုင်ဆိုင်ထားသည့်၊ အသက်နှစ်ဆယ့်ငါး(သို့) နှစ်ဆယ့်ခြောက်အရွယ် လူငယ်တစ်ဦး ဖြစ်သည်၊ သို့သော် သူသည် တစ်ဖက်လူ၏ တည်ရှိမှုကို၊ မည်သို့မျှ မထောက်လှမ်းနိုင်ခဲ့ပေ။

---

…………………………………………………………………………………………………………………………………….

All Chapters